အပိုင်း ၁၄၄
Viewers 29k

Chapter 144


ရှအန်း၏ အင်္ဂလိပ်စကားပြဿနာ‌ကြောင့် မကောင်းသည့်ပိုစ့်များ ပေါ်လာသည်။ 


ဆိုက်ဘာအဖွဲ့၏ ထိန်းချုပ်မှုကြောင့်လည်း ဖြစ်နိုင်လိမ့်မည်။ မကြာမီတွင် ရှအန်း၏ အသံသရုပ်ဆောင်မှုကြောင့် သူမအင်္ဂလိပ်စကားမပြောနိုင်ကြောင်း hot search တွင် ရောက်လာသည်။


# အသံသရုပ်ဆောင်ရှအန်း #


# အင်္ဂလိပ်စကားမပြောနိုင်တဲ့ရှအန်း #


အစီအစဉ်ကို ထုတ်လွှင့်ခါနီးမှ ဝေဖန်စာများ ထွက်ပေါ်လာပြန်သည်။


ဝေ့ပေါ်နှင့် သတင်းစာမျက်နှာများတွင် ရသစုံရှိုးတစ်ခု၌ ရှအန်း အင်္ဂလိပ်စကားမပြောနိုင်သည့်ဗီဒီယိုတစ်ခုက လျင်မြန်စွာ ပျံ့နှံ့သွားသည်။


Trailerထဲတွင် ရှအန်းစကားပြောချိန်တွင် ပါးစပ်လှုပ်သည့်ပုံကိုလည်း အသေးစိတ်ကြည့်ရှု့ထားကြသည်။


ဤနယ်ပယ်မှလူများက ရှအန်းကို တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိချောက်ချကြောင်းသိရှိထားသည်။


သို့ရာတွင် ဤမျှနှင့် မလုံလောက်သေးပေ။


သရုပ်ဆောင်တစ်ယောက် အင်္ဂလိပ်လိုမပြောတတ်ခြင်းက ရေးကြီးခွင်ကျယ်ကိစ္စမဟုတ်ပေ။


ဒီရှိုးကို တခြားနိုင်ငံတွေမှာပြမယ်ဆိုမှတော့ ဘယ်လိုလုပ် အင်္ဂလိပ်လို ပြောမှာလဲ ...


လူအားလုံးက စာတန်းထိုးများကို မကြည့်လိုကြတော့ပေ။ လူများစွာကို ကြည့်ရှု့အောင်ပြုလုပ်ရန် အင်္ဂလိပ်အသံသရုပ်ဆောင်ရှာဖွေခြင်းကလည်း ပြဿနာမဟုတ်ပေ။


အချို့လူများက ထိုသို့မတွေးကြသော်လည်း သာမန်အင်တာနက်အသုံးပြုသူများက နားလည်ပေးနိုင်ကြသည်။


အင်တာနက်ပေါ်မှ အချို့လူများက သူမဘက်မှ ကာကွယ်ပေးကြသည်။


မည်သို့ပင်ဖြစ်စေ ရှအန်းအကြောင်းက နေရာတိုင်းတွင်ကြားနေရသည်။


သူမကို ပိတ်ပင်ထားသော်လည်း ဤအကြောင်းအရာသည် ပြည်တွင်းသတင်းများအားလုံးတွင် ထိပ်ဆုံးမှ ရပ်တည်နေဆဲဖြစ်သည်။


ပြည်တွင်းမှ သတင်းကွန်ရက်တွင် ဆိုက်ဘာအဖွဲ့‌ကြောင့် ရှအန်း၏ အင်္ဂလိပ်စကားမပြောတတ်မှုကို ရှုံ့ချခဲ့သော်လည်း ဟန်ယွဲ့လုံးဝမစိုးရိမ်ပေ။


ဆန့်ကျင်ဘက်အနေဖြင့် တရုတ်မှလူများက သူမကို အသရေဖျက်နေသည့်အတွက် သူပျော်ရွှင်နေသည်။


ထို့ကြောင့် သူ့အတွက် ဝါဒဖြန့်စရာတစ်ခုကို စဉ်းစားမိသွားသည်။


အကယ်၍ ယခုခေတ်တွင်တစ်စုံတစ်ယောက်က နာမည်ကျော်ချင်ပါက လူထု၏ကောင်းသည့်အမြင် ဆိုးသည့်အမြင်များက အရေးမကြီးပေ။


ဤကိစ္စ၏နောက်ကွယ်မှ ဆိုက်ဘာအဖွဲ့ကိုပင် ကျေးဇူးတင်နေမိသည်။ သူတို့ကြောင့်သာမဟုတ်ပါက ရှအန်းယခုချိန်ထိ အောင်မြင်လာမည်မဟုတ်ပေ။


အကယ်၍ထိုသို့သော လူမျိုးများမရှိပါက ရှအန်းက ပထမဆုံး ရသစုံရှိုး ရိုက်ပြီးချိန်ကတည်းက ဖျော်ဖြေရေးနယ်ပယ်တွင် ရှိနေလိမ့်မည် မဟုတ်ပေ။ 


ဟန်ယွဲ့ ထိုသို့တွေးနေသည်ကို ရှကျင်းသိပါက ဒေါသထွက်လိမ့်မည်ဖြစ်သည်။


ကံကောင်းစွာဖြင့် သူမ မသိပေ ~


" နည်းနည်းလောက်ကြာရင်  အသံသွင်းတဲ့စတူဒီယိုထဲမှာ ရှအန်းအသံသရုပ်ဆောင်နေတဲ့ ဗီဒီယိုကလစ်ကို ကြော်ငြာခသက်သာအောင် လွှင့်လိုက်ရမယ် ..."


ဟန်ယွဲ့ ရယ်လိုက်သည်။ သူ၏မျက်နှာမှ အမူအရာက အဓိပ္ပါယ်ဖော်၍ မရနိုင်ပေ။ 


ဤဆိုးဝါး‌သောအရသာက ဟန်ယွဲ့ကို သက်တောင့်သက်သာဖြစ်စေသည်။ ရှအန်းအတွက် သူ လက်စားမချေပေးရသေးပေ။


သူ၏ဉာဏ်ရည်က အင်တာနက်ပေါ်မှလူများထက် နှာတစ်ဖျားသာနေသည်။


ဟန်ယွဲ့က မီးစာကို ဆီလောင်းပေးနေသည်။ ပြည်တွင်းသတင်းကွန်ယက်မှလူများ ရူနှမ်းလာကြသည့်အချိန်ထိ စောင့်နေသည်။


အခွင့်အရေးကောင်းရမည့်အချိန်ထိ တည်တည်ငြိမ်ငြိမ်စောင့်နေသည်။


အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသည်။


မကြာမီ "ရှအန်း၏စတားဘဝ" ရှိုးကို ရုပ်သံလွှင့်ချိန် ရောက်လာသည်။


ထိုနေ့တွင် ရှအန်းကရုပ်ရှင်ရိုက်ကူးခြင်းနှင့် ကုမ္ပဏီကိစ္စများဖြင့် အလုပ်များနေသည်။ သူမအိမ်ပြန်ရောက်သည့်အခါ ရေချိုး၍ ညအိပ်ဝတ်စုံဝတ်ပြီး တီဗွီရှေ့ထိုင်ကာ သူမ၏ဒုတိယမြောက် ပရိုဂရမ်ကို စောင့်ကြည့်နေသည်။


သူမကရိုက်ကူးရေးလုပ်ရာတွင်လည်း ပျော်ရွင်ခဲ့သဖြင့် ပြန်ကြည့်ရမည်ကို သဘောကျနေသည်။ အရေးကြီးသည်မှာ "ရှအန်း၏စတားဘဝ" ရသစုံရှိုး ကို သူမ၏သားလေးဖြင့် ရိုက်ကူးခဲ့ရခြင်းပင်။


မိဘနဲ့သားသမီး အစီအစဉ်တွေကို သူမအချစ်ဆုံးသားလေးနဲ့ ရိုက်ကူးရတာထက် ဘယ်ဟာကပိုပြီး အဓိပ္ပါယ်ရှိမှာလဲ ...


သူမ အသက်ကြီးပြီး သူမသားလေးအရွယ်ရောက်လာရင် ဒီရှိုးကိုပြန်ကြည့်ပြီး စိတ်ကြည်နူးနေနိုင်တယ်လေ ...


" မာမား အန်ကယ်ဟန်ပြောတာ ဒီညဆယ်နာရီထိုးရင် FXတီဗွီကနေ သားတို့ရဲ့အစီအစဉ်ပြမယ်တဲ့ ..."


ရှအန်းက ဝိုင်နီတစ်ပုလင်းဖွင့်ပြီး အဆာပြေမုန့်များကို သူမရှေ့တွင်ထားကာ တီဗွီကို အေးအေးဆေးဆေးကြည့်ရန် စီစဉ်ထားသည်။


အိပ်နေရမည့်အကာင်ပေါက်လေးနှစ်ယောက်လည်း သူမဆီသို့ ပြေးဝင်လာသည်။


" တီဗွီက အစီအစဉ်ကိုလွှင့်မယ့်အချိန်နောက်ကျတယ် သားတို့စောစောအိပ်ပြီး မနက်မှကြည့်လေ ..."


အကောင်ပေါက်လေးနှစ်ယောက်က ငယ်ရွယ်လွန်းသည့်အတွက် ည‌ဘက်နောက်ကျသည့်အထိနေရန် မသင့်လျော်သေးပေ။ ထို့ကြောင့် ရှအန်းက သူတို့ကို အိပ်ခိုင်းနေသည်။


သို့ရာတွင် ကလေးနှစ်ယောက်က စိတ်ပိုင်းဖြတ်ပြီး၍ သူမနှင့်တူတူ တစ်ညလုံးတီဗွီကြည့်ရန်ပြင်ထားကြသည်။


" မမနတ်သမီး သားတို့လည်းတီဗွီကြည့်ချင်တယ် ... ဒါ သားတို့သုံးယောက်ရိုက်ထားတဲ့ရှိုးလေ ... ရှောင်ရှင်းနဲ့သားလည်း နတ်သမီးမမနဲ့တူတူကြည့်ချင်တယ် ..."


ကုရှုမော့က  ရှအန်းကိုတိုက်တွန်းရာတွင် အရှက်မဲ့စွာဖြင့် ရှောင်ရှင်းချန်ကိုပါ ဆွဲထည့်လိုက်သည်။

" ရှောင်ရှင်း မင်းလည်းငါတို့နှစ်ယောက်လုံး မမနတ်သမီးနဲ့တူတူ ကြည့်မယ်လို့ပြောတယ်မလား ..."


ရှောင်ရှင်းချန်က ကုရှုမော့ကို သဘောမကျ၍ သူနှင့်တူတူ မကြည့်ချင်ပေ။ ကူး‌ရှုမော့ကို ရိုက်ပစ်ချင်သော်လည်း သူတို့နှစ်ယောက်၏ ရည်မှန်းချက်ကတူနေ၍ ခေါင်းငြိမ့်ပြလိုက်ရသည်။


အရည်လဲ့နေသော မျက်လုံးကြီးတစ်စုံက ရှအန်းကို မျက်တောင်မခတ်ပဲကြည့်နေပီး ပုံမှန်ထက် နူးညံ့စွာပြောလိုက်သည်။

" မာမား သားတို့တူတူရိုက်ခဲ့တဲ့ရှိုးလေးကို ကြည့်ချင်ရုံလေးပါ မရဘူးလားဟင် ..."


အကောင်ပေါက်လေးနှစ်ယောက်က သူမကို မျက်တောင်မခတ်ပဲကြည့်နေသဖြင့် ရှအန်း မငြင်းဆိုနိုင်တော့ပေ။


ချစ်စဖွယ်အရာများကို ခံနိုင်ရည်ရှိသော အသဲမာသည့်ရှအန်းသည်ပင် သူတို့၏ ချစ်စရာကောင်းမှုကြောင့် ချေမှူန်းခံလိုက်ရသည်။


ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်ပြီး သူမဘေးမှဆိုဖာကို ပုတ်ပြလိုက်သည်။


" မနက်ဖြန်အားလပ်ရက်ဆိုတော့  မင်းတို့နှစ်ယောက်ကို ကြည့်ခိုင်းလိုက်မယ် ... ကဲ တို့သုံးယောက်တူတူရိုက်ထားတဲ့ ပရိုဂရမ်ကို ကြည့်ကြမယ် ..."


" ရေး ... မမနတ်သမီး အသက်ရှည်ပါစေ ..."


" ကျေးဇူးတင်ပါတယ် မာမား ..."


သူမသဘောတူလိုက်သဖြင့် အကောင်ပေါက်လေးနှစ်ယောက်၏မျက်နှာက ပြုံးရွှင်သွားသည်။


ထို့ကြောင့် " ရှအန်း၏စတားဘဝ " အစီအစဉ်ကို တစ်ဦးတည်းကြည့်ရန် ပြင်ဆင်ထားသောရှအန်းမှာ ကလေးပိစိနှစ်ယောက်ကိုပါ ခေါ်လိုက်ရသည်။