အပိုင်း ၁၄၅
Viewers 29k

Chapter 145


သာယာငြိမ့်ညောင်းသော တေးဂီတသံနှင့် ကလေးများအကြိုက် 3Dကာတွန်းသံလေးများနှင့်အတူ ရှအန်းနှင့် အကောင်ပေါက်လေးနှစ်ယောက် တီဗွီဖန်သားပြင်တွင် ပေါ်လာသည်။


ရှိုးပွဲ၏အစတွင် ရှအန်းက ရှရှင်းချန်နှင့်အတူ လေယာဉ်ပေါ်မှဆင်းလာကာ အထူးဘက်စ်ကားဖြင့် ဟိုတယ်‌သို့ ခေါ်သွားသည်။


ထိုနေရာတွင် သူနှင့် သူ၏နတ်သမီးမေမေ နှစ်ယောက်တည်းသာရှိသဖြင့် ရှရှင်းချန် ပျော်ရွှင်နေသည်။


သို့ရာတွင် ရှိုးတွင် ကုရှုမော့ပေါ်လာချိန်၌ သူ၏မျက်နှာပေါ်မှအပြုံး ပျောက်ကွယ်သွားသည်။


ကုရှုမော့က  သူ့ကိုယ်သူကြည့်ပြီး ပျော်ရွှင်စွာရေရွတ်လိုက်သည်။

" ဟားသား သားလည်းပါလာပြီ ... ဝိုး တီဗွီမှာပါရင် ဒီလိုခံစားရတာကိုး ..."


ရှရှင်းချန်က သူ၏နတ်သမီးမေမေဘေးတွင် ထိုင်နေသည့် ကုရှုမော့ကိုကြည့်ကာ နှာမှုတ်လိုက်သည်။

" နားညီးလိုက်တာ ... တိတ်တိ‌တ်လေးကြည့်စမ်းပါ ..."


" ဟမ့် ငါသိတယ် ..."


ရှရှင်းချန်ကို ပြောင်ပြပြီးနောက် ကူးရှုမော့က ရှအန်းဘေးနားတွင် တိတ်တဆိတ်ထိုင်ပြီး ဆက်ကြည့်နေသည်။


ရှအန်းက သူမ၏ ဒုတိယမြောက် ရသစုံရှိုးထဲတွင် စိတ်နှစ်နေသည်။


Reality showများကို သူမနားမလည်သော်လည်း ဒုတိယမြောက်ရှိုးကို ကြည့်ပြီးသည့်အခါ ဟန်ယွဲ့၏ ဒုတိယမြောက်ရှိုးက ပထမတစ်ခုထက်ပို၍ကောင်းကြောင်း ရှင်းရှင်းလင်းလင်း နားလည်သွားသည်။


ဇာတ်ညွှန်း၏အမြင် သို့မဟုတ် အရောင် သို့မဟုတ် အထူးပြင်ဆင်ချက် ရှု့ထောင့်များဘက်မှဖြစ်စေ ဟန်ယွဲ့က ရှိုးတစ်ခုလုံးကို ကောင်းမွန်စွာ ကွပ်ကဲထားသည်။


ဤရှိုးအသစ်ကို သူမအလွန်နှစ်သက်သည်။



ရှအန်းက အကောင်ပေါက်လေးနှစ်ယောက်နှင့်အတူ တီဗွီကြည့်နေချိန်၌ မြောက်များစွာသောအမေရိကန်မိသားစုများလည်း ဤ ရသစုံရှိုးကို ကြည့်နေကြသည်။


ထို့အပြင် ကြည့်ရှု့သူအရေအတွက်မလည်း မနည်းလှပေ။


လူအများစုက သိချင်စိတ်ကြောင့်သာ ကြည့်ကြသော်လည်း ဤရှိုးက အလွန်ကောင်းမွန်နေလိမ့်မည်ဟု ထင်မထားကြပေ။


ရှိုး၏အး ပထမပိုင်းပြီးသွားသည့်အခါ သိချင်စိတ်ကြောင့် ကြည့်ကြသည့်ပရိသတ်များကို ရှအန်းနှင့် ကလေးလေးနှစ်ယောက်က အောင်နိုင်သွားသည်။


အနုပညာရှင်များ၏ ဘဝကိုပြသသော ရသစုံရှိုးကို မကြည့်ခဲ့ကြဖူးပေ။ 


အနုပညာရှင်တွေ ဘာစားသလဲ ... အလုပ်မှာဘာလုပ်လဲ ... ဘယ်လိုနေရာမှာနေလဲ ... ကလေးတွေကို ဘယ်လို စာသင်ပေးလဲ ...


ထိုအရာများကြောင့် အမေရိကန်လူမျိုးများပင် ကြည့်ချင်စိတ်ပေါ်လာသည်။


ဤရှိုး၏အဓိကဇာတ်ကောင်က တရုတ်လူမျိုးဖြစ်သော်လည်း အင်္ဂလိပ်စကားကိုသာ ပြောကြသည်။ ထို့ကြောင့် သူတို့၏နိုင်ငံတွင် ရိုက်ကူးသည့် ရသစုံရှိုးများနှင့် မကွာခြားပေ။


ဤရှိုးကိုကြည့်ခြင်းဖြင့် ဇိမ်ခံအိမ်တစ်လုံးကို အသေးစိတ်ကြည့်နိုင်ခြင်း၊ Michelin စားသောက်ဆိုင်များမှ အစားအစာဈေးနှုန်းများနှင့် ၎င်းတို့က အရသာရှိမရှိ အစရှိသည်ကို သိနိုင်သဖြင့် အလွန်ဆွဲဆောင်မှုရှိသည်။


" ရှအန်း၏စတားဘဝ " ပထမပိုင်းကို ပြသပြီးချိန်တွင် အချိန်အလွန်နောက်ကျနေပြီဖြစ်သည်။


သို့သော် ပရိသတ်များက အိပ်မငိုက်ကြပေ။


ဘာလို့လဲဆိုတော့ ...


ဒီအစီအစဉ်က မိုက်တယ်လေ ...


အစီအစဉ်ကိုကြည့်ပြီးချိန်၌ ကြည့်ရှုသူအများအပြားက ချက်ချင်းမအိပ်ကြသေးပဲ အင်တာနက်သုံးနေကြပြီး အစီအစဉ်‌အကြောင်းကို သူငယ်ချင်းများနှင့် ဆွေးနွေးနေကြသည်။


ဤညနေခင်းတွင် ရှအန်းက သူမစွမ်းရည်ကိုမှီခိုကာ အင်တာနက်ပေါ်တွင် ရှုပ်ထွေးမှုများဖြစ်ပေါ်လာစေသည်။


ဤတစ်ကြိမ်တွင်တော့ ယောကျာ်းတစ်ယောက်ကြောင့်မဟုတ်ပေ။


သူမကိုယ်တိုင်ကြောင့်သာဖြစ်သည်။


[ ရှအန်း၏ ကြယ်ပွင့်ဘဝက အရမ်းလှတာပဲ ... အနုပညာရှင်တွရဲ့ ဘဝကိုကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းတယ် ... ငါတို့နိုင်ငံက အနုပညာရှင်တွေကရော တရုတ်ကကြယ်ပွင့်တွေနဲ့ တူတူပဲလားမသိဘူး ]


[ ဒီလိုအဆင့်မြင့်ဇိမ်ခံအိမ်ကြီးကို ပထမဆုံးမြင်ဖူးတာပဲ ... အရမ်းမိုက်တယ် ... ငါကိုယ်တိုင်က ပိုက်ဆံမတတ်နိုင်ပေမယ့် တီဗွီမှာအသေးစိတ်ကြည့်ရတာကိုက အရမ်းမိုက်နေပြီ ]


[ ကလေးလေးက နတ်သမီးလေးရဲ့သားထင်တယ် ... သူ့ကိုကြည့်ရတာလည်း နတ်သားလေးကျနေတာပဲ ချစ်ဖို့ကောင်းလိုက်တာ ] 


[ ကံဆိုးစွာနဲ့ ပထမပိုင်းမှာ နတ်သမီးလေး အလုပ်လုပ်နေတဲ့အချိန် မပါလာဘူး ... နတ်သမီးလေးက အလုပ်မှာရော ဘယ်လိုလဲ သိချင်လိုက်တာ ]


[ တစ်ပိတ်ကိုတစ်ပိုင်းပဲလွှင့်မယ်ဆိုတော့ အရမ်းနှေးတာပဲ ... ငါအခုပဲ ဒုတိယပိုင်းကို ကြည့်ချင်နေပြီ ] 


[ ဒုတိယပိုင်းက နတ်သမီးလေး အလုပ်လုပ်နေပုံကို ‌ကြည့်ချင်နေပြီ ]



အာရှရှိုးပွဲများ၏ စံချိန်စံနှုန်းအရ ရှအန်း၏ရှိုးများ လုံးဝပေါက်သွားသည်ဟု ပြောနိုင်သည်။


အင်တာနက်ပေါ်မှ ဆွေးနွေးမှုပမာဏက အချို့နာမည်ကြီးအနုပညာရှင်များ၏ စကားပြောရှိုးနှင့် reality show များထက် ကျော်လွန်နေသည်။


သို့ရာတွင် ရှအန်းက တရုတ်လူမျိုးဖြစ်သော်လည်း ထုတ်လွှင့်လိုက်သည့် ပထမဆုံးနေ့မှာပင် ထိုအကြောင်းကိုသာ နေရာအနှံ့အပြားတွင် ဆွေးနွေးနေသည့်အတွက် အံ့ဩစရာဖြစ်လာသည်။


ထို့ကြောင့် လက်တွေ့တွင် ဤအစီအစဉ်က ကောင်းမွန်သောဂုဏ်သတင်းကို ရရှိထားသည်။


ရှိုး၏အဆင့်သတ်မှတ်ချက်များက ဆက်လက်မြင့်တက်နေမည်ကို တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။


ဒုတိယမြောက်နေ့တွင်လည်း အင်တာနက်အသုံးပြုသူများက FXတီ‌‌ဗွီတွင် ပြန်လည်ထုတ်လွှင့်မှုကို ထပ်မံကြည့်ရှု့ကြသည်။


တီဗီရုပ်သံလိုင်းက မကြော်ညာရသေးသော်လည်း အစီအစဉ်က အောင်မြင်ပြီးနေပြီဖြစ်သည်။


အမေရိကန်မှကြည့်ရှု့သူများက ပရိုဂရမ်ကို Twitter၊ Instagram မှသူငယ်ချင်းများထံဝေမျှကြသည်။


အခြားအနုပညာရှင်များကလည်း ရှိုးအပေါ်ထင်မြင်ချက်များကို ပေးပို့ကြသည်။


အချိန်ကြာသောအခါ "ရှအန်း၏စတားဘဝ" ကို စိတ်မဝင်စားခဲ့သူများပင် သိချင်စိတ်ကြောင့် ဤရှိုးကို ကြည့်မိကြသည်။


" ရှအန်း၏စတားဘဝ"က အလွန်နာမည်ကျော်ကြားလာသည်။


ဤရှိုးက နိုင်ငံခြားမှစ၍ နာမည်ကြီးလာခြင်းဖြစ်သောကြောင့် ပြည်တွင်းထက်ပို၍ ပေါက်မြောက်သည်။