Chapter 12
Viewers 2k

🌍Chapter 12



အမှောင်ထုထဲတွင် လျင်မြန်သောအရှိန်ဖြင့် 

ထန်မော့ကပြုတ်ကျနေပြီး ကျဆင်းလာသည့် လမ်းတစ်လျှောက်ဘေးမှနံရံများကိုလည်း တအုန်းအုန်းတိုက်မိလေသည်မို့ ၎င်းက အလျားမညီညာသောတွင်းတစ်တွင်း ဖြစ်ပုံပေါ်သည်၊


ထန်မော့၏ကိုယ်ကပို၍သန်မာလာသည်မို့ ထိုနံရံများကို၀င်တိုက်မိခြင်းကြောင့် မည်သည့်နာကျင်မှုကိုမှမခံစားရ။ သူက ထိုကဲ့သို့ အရှိန်နှင့်ပြုတ်ကျနေခြင်းကို 

မထိန်းချုပ်နိုင်ခြင်းသာ


ထိုသို့ကျဆင်းနေသည်မှာ မိနစ်ပိုင်း သို့မဟုတ် 

နာရီများစွာပင်ကြာသွားခဲ့ပြီလောမသိနိုင်အောင် ရှည်ကြာလွန်းလှသည်။


ဘန်း


နောက်ဆုံးတွင် ထန်မော့ မြေပြင်ပေါ်ကျကာ ရပ်တန့်သွားတော့သည်။


အမှောင်ထုမှာလွန်စွာသိပ်သည်းလှသည်။ ထိုအမှောင်ထုထဲတွင် ထန်မော့မှာမိမိလက်ကိုပင် 

ပြန်မမြင်နိုင်။ အောက်မှမြေသားကိုစမ်းကြည့်လိုက်လျှင် စိုထိုင်းထိုင်းမြေဆီလွှာက သူ့ကိုကမ္ဘာကြီးပေါ်တွင်သာ ရှိနေသေးကြောင်းအတည်ပြုပေးလိုက်သည်။


ပထမဦးစွာ ထန်မော့သည် ဘေးပါတ်၀န်းကျင်မှအသံများကြားရမကြားရ အာရုံစိုက်လိုက်သည်။ အတော်ကြာသည်အထိ ဘာသံမှထွက်မလာလျှင် အမှောင်ထဲတွင် လက်ဖြင့်စမ်းရင်း ဘေးပါတ်ပါတ်လည်ကို စူးစမ်းလိုက်သည်။


ထိုသို့ သုံးမိနစ်ခန့်ကုန်ဆုံးသွားသော်လည်း ထန်မော့ဘာကိုမှရှာမတွေ့ပါ။


ထိုစဉ်ရုတ်တရက် သူ၏ခေါင်းပေါ်မှ ရင်းနှီးပြီးသား နံရံကို၀င်တိုက်သံများအား ကြားလိုက်ရသည်။

ထန်မော့က လက်ဖြင့်စမ်းနေခြင်းကိုချက်ချင်း ရပ်တန့်လိုက်ကာ သူ၏ခေါင်းပေါ်မှ အသံဗလံံများကို အသေအချာနားစွင့်နေလိုက်သည်။


မိနစ်၀က်ခန့်ကြာပြီးနောက် တစ်စုံတစ်ခုမြေပြင်သို့ အရှိန်ဖြင့်ပြုတ်ကျသံနှင့်အတူ နာကျင်နေသော အမျိုးသားတစ်ဦး၏အသံကိုပါ တဆက်တည် ကြားလိုက်ရသည်။


"အောင်း.. နာချက်ပဲ ဒါကဘယ်လိုနေရာကြီးလဲ"


ထန်မော့က ထိုအသံကိုချက်ချင်းမှတ်မိလိုက်ကာ


"လီ၀မ်"


အသံပိုင်ရှင်ကခဏမျှတိတ်ဆိတ်သွားပြီးမှအလျင်စလိုပြန်မေးလာသည်။


"ထန်မော့"


ထန်မော့ကစိတ်သက်သာရာရမည်မကြံသေး။

သူဘာမှတောင်မပြောရသေးခင် နောက်ထပ်ပြုတ်ကျသံတို့က 

ဆက်တိုက်ထွက်လာသည်။ လူလေးယောက်မှာ ဆဲရင်းဆိုရင်း အော်ဟစ်ရင်းနှင့်ပင် တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်ပြုတ်ကြလာကြသည်။


ထန်မော့ကထိုအသံတို့ကိုရေတွက်လိုက်ရာ သူအပါအ၀င် စုစုပေါင်းခုနှစ်ယောက်ရှိသည်ကို သိလိုက်သည်။


တောက်ပသောမီးရောင်တစ်ခုက ပိန်းပိတ်အောင် မှောင်နေသော အမှောင်ထုထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ အားလုံးမှာ တပြိုင်နက်တည်း အလင်းရောင်ထွက်ပေါ်ရာဆီကြည့်လိုက်မိကြသည်။


ဂျူနီယာအထက်တန်းကျောင်းသူ၀တ်စုံနှင့်မိန်းကလေးကမူ သူတို့အားလုံးအား ကြောက်ရွံ့နေပုံဖြင့်ပြန်ကြည့်လာသည်။ သူမမျက်နှာမှာ အလွန်ဖြူဖျော့နေပြီး ခန္ဓာကိုယ်မှာလည်း ပိန်ပါးလွန်းလှသည်။


သူ့လက်ထဲတွင်တော့ ဓာတ်မီးကိုကိုင်ထားလျက် အသံတုန်တုန်ဖြင့်ရှင်းပြလာသည်


"ညီ..ညီမ.. ဓာတ်မီးပါလာတာ၊ ဒီမှာအရမ်းမှောင်နေလို့ ဖွင့်ကြည့်လိုက်တာ"


အနက်ရောင်အ​နောက်တိုင်း၀တ်စုံကို၀တ်ဆင်ထားပြီး ရည်မွန်ဟန်ရှိသောအမျိုးသားမှ ခေါင်းကိုငြိမ့်လိုက်ကာ


"မင်းရဲ့ဓာတ်မီးကိုခဏငှားလို့ရမလား။ ငါတို့ဘယ်ကိုရောက်နေတာလဲ။ နည်းနည်းစူးစမ်းကြည့်ချင်လို့"


ကျောင်းသူလေးက သူမ၏ဓာတ်မီးကိုကမ်းပေးလိုက်သည်။


ထိုအမျိုးသားမှာလည်း ဓာတ်မီး၏အကူအညီဖြင့် ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။


ထန်မော့က တိတ်တဆိတ်ပင်ဓာတ်မီး၏ အလင်းရောင်ရှိရာနေရာတိုင်းကို မိမိနေရာမှသာသေချာစူးစမ်းနေလိုက်သည်။ သိပ်မကြာလိုက်။ ထိုsuitနှင့်အမျိုးသားမှာလည်း နေရာတစ်ခုလုံးအား လှည့်ပတ်ကြည့်ရှုပြီးသွားသည်။ သူကနဂိုနေရာကိုပြန်လာကာ စိုထိုင်းထိုင်းမြေပြင်ပေါ်တွင် ဓာတ်မီးကိုအပေါ်သို့ထောင်လျက် စိုက်ထားလိုက်သည်။ ဤမှုန်ဝါးဝါးမီးရောင်လေးက လူခုနှစ်ယောက်စလုံး တစ်ယောက်၏မျက်နှာကို တစ်ယောက် ကောင်းကောင်းမြင်ရဖို့တော့လုံလောက်သည်။


ထိုအ​နောက်တိုင်း၀တ်စုံနှင့် အမျိုးသားက ဓာတ်မီးအလင်းရောင်အနီး၌ပင် ထိုင်လိုက်ကာ 


"အရင်ဆုံး တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်ရအောင်၊ ငါ့နာမည်က လီပင်း ၂၉နှစ်ရှိပြီ၊ PRကုမ္ပဏီတစ်ခုအတွက်အလုပ်လုပ်တယ်၊ အခုလောလောဆယ်ငါတို့ဘယ်လိုအခြေအနေကိုရောက်နေလဲတော့မပြောတတ်ပေမယ့် အနက်ရောင်မျှော်စင်နဲ့ဆိုင်တာတော့သေချာတယ်။ ဒီတော့ငါတို့လုပ်နိုင်တာက အနက်ရောင်မျှော်စင်က ဘာတွေပဲလုပ်လာလုပ်လာ ငါတို့စည်းစည်းလုံးလုံးနဲ့ အချင်းချင်းကာကွယ်ကြဖို့ပဲ"


ကျောင်းသူလေးမှာ ဓာတ်မီးငှားလိုက်ကတည်းက 

လီပင်းနဲ့စကားအနည်းငယ်ပြောဖူးကာ သူ့အားယုံကြည်ပုံပင်။ သူမသည် ဓာတ်မီးရှေ့တွင်၀င်ထိုင်ကာ ကိုယ့်ကိုယ်ကို မိတ်ဆက်လာသော ဒုတိယမြောက်လူဖြစ်သည်။


"ညီမ.နာမည်ကဖန်းယု၀မ်။အသက်က၁၅နှစ်ရှိပြီ၊

ဂျူနီယာအထက်တန်း ဒုတိယနှစ်တက်နေတာ၊

ညီမကို ယု..ယု၀မ်လို့ခေါ်လို့ရတယ်.."


ကျန်တဲ့သူတွေက တစ်ယောက်ကိုတစ်ယောက်ကြည့် လိုက်ကာမည်သူမှထိုင်ချမလာပေ။


 á€‘န်မ္ဏအကရသ္အသိုအတိုးကဏ ထိုင်ချလိုက်ပြီး လီပင်းနှင့် ယု၀မ်က သူ့အားကြည့်လာခဲ့သည်။


သူကပြုံးလိုက်ကာ 


" ကျွန်တော်က ထန်မော့၊ စာကြည့်တိုက်မှူး။ ပြီးတော့၂၃နှစ်ရှိပြီ။"


လီ၀မ်သည် ထန်မော့က ထိုလူနှစ်ဦးကို ရုတ်တရက်ဘာလို့ယုံကြည်သွားသလဲမပြောတတ်ပေ။ သို့သော်သူလည်း ထန်မော့နောက်ကိုလိုက်၍ မိတ်ဆက်စကားဆိုလိုက်သည်


"ကျွန်တော်က လီ၀မ်၊ အသက်ကတော့၂၅နှစ်ရှိပြီ။

ကျွန်တော်ကအလုပ်မရှိဘူး၊ မိသားစုကိုမှီခိုနေတာ"


လူခုနှစ်ယောက်အုပ်စုတွင် လေးယောက်က ထိုင်ချပြီးမိတ်ဆက်ဖို့ရွေးချယ်ခဲ့လျှင် ကျန်သုံးယောက်လည်း အဘယ်နေနိုင်တော့မည်နည်း။


"လင်းရှောင်ပါ အသက်၂၀၊ တက္ကသိုလ်တက်နေတာ"


"ငါကကျိုးရှန်း အနက်ရောင်မျှော်စင်ကိစ္စတွေမတိုင်ခင်က စားဖိုမှူးလုပ်ခဲ့တာ၊ အဲကိစ္စတွေပေါ်လာတော့ 

ငါ့အလုပ်ရှင်က ကြောက်ပြီး နယ်ကိုထွက်ပြေးသွားတယ်၊ အဲဒီတော့ ငါလည်း အလုပ်လက်မဲ့လို့ပဲပြောရမှာပေါ့"


နောက်ဆုံးတွင် မျက်မှန်ဖြင့် သိမ်မွေ့ပုံပေါ်သော အမျိုးသားက ထိုင်ချရန်ဆုံးဖြတ်လိုက်ပုံပင်၊ 

သူကဘေးပတ်လည်ကို အကဲခတ်နေပြီး 

ထန်မော့နှင့် လီပင်းအား အကြိမ်တော်တော်များများ စိုက်ကြည့်လိုက်ပြီးမှ


"လော့ဖုန်းချန်း၊ ၂၈နှစ်ရှိပြီ၊ ဂိမ်းဒီဇိုင်းဆွဲတဲ့သူပါ"


ထို့နောက်လူခုနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် မျက်မှန်းတန်းမိသွားခဲ့သည်။


အမျိုးသားငါးယောက်နှင့် အမျိုးသမီးကမူနှစ်ယောက်သာဖြစ်သည်။ ဒါကြောင့်အမျိုးသမီးနှစ်ဦးကာ မနေသာတော့ပဲ သူတို့အချင်းချင်းပို၍နီးကပ်သွားသည်မှာပုံမှန်ပင်။


လင်းရှောင်က ဖန်းယု၀မ်အနီးတွင်၀င်ထိုင်လိုက်ကာ 

သူမတို့အချင်းချင်း ပို၍ရင်းနှီးသွားကြသည်။

သူတို့က တစ်ယောက်အနီးသို့တစ်ယောက်ကပ်က လေသံတိုးတိုးဖြင့်ပင်အပြန်အလှန်ဆွေးနွေးနေကြသည်။


လီ၀မ်ကလည်း ထန်မော့ဘေးတွင် ၀င်ထိုင်လိုက်ကာ


"ထန်မော့ အခုဘာတွေဖြစ်နေတာလဲသိလား"


ထန်မော့ကခေါင်းခါလိုက်သည်။


"အနက်ရောင်မျှော်စင်နဲ့ဆိုင်တာပဲပြောနိုင်တယ်"


"အနက်ရောင်မျှော်စင်ဟုတ်လား"


လီ၀မ်က ကြက်သီးထသွားပုံဖြင့်


"ဒီနေရာ က​ရောလဲ၊ ငါတို့အပိတ်ခံထားရတာလား"


"မြေကြီးထဲကအပေါက်တစ်ခုခုပဲ"


အမျိုးသားတစ်ယောက်၏အသံပြောလာပြီးနောက် အကုန်လုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။


လော့ဖုန်းချန်က အမူအယာပင်မပြောင်းပဲ သူ၏မျက်မှန်ကို အသာပင့်တင်လိုက်ကာဆက်ပြောသည်။


"အောက်ကိုပိုရောက်လေ မြေကြီးက စိုလာလေပဲ၊

မြေအောက်ရေတွေနဲ့နီးလေ မြေကြီးကပိုစိုလေ၊ မှန်းကြည့်တာတော့ လောလောဆယ် ကျွန်တော်တို့ ခြေထောက်အောက်မြေကြီးရဲ့ သုံးဘားလောက်အကွာမှာ မြေအောက်ရေရှိလိမ့်မယ်။ ဒါပေမယ့် မြေအောက်ရေကပဲ ဒီမြေကိုဒီလောက် စိုထိုင်းထိုင်းဖြစ်စေတာလား စဉ်းစားစရာပဲ၊ ကျွန်တော်တို့ရှန်ဟိုင်းမှာရှိနေတုန်းသာဆိုရင် ရေထွက်ပင်ရင်းနဲ့ အတော်နီးတဲ့နေရာမှာပဲဖြစ်ရမယ်။ ဒီနေရာက ရေထွက်ပင်ရင်းရဲ့အနီးဆုံးက မြေတွင်းတစ်တွင်းဖြစ်နိုင်တယ်။"


လီပင်းကသူ့အား ထူးဆန်းစွာကြည့်လာသည်။


"မင်းက ဂိမ်းဒီဇိုင်းနာဆို"


လော့ဖုန်းချန်းကပြန်ဖြေလိုက်သည်။


"ကျွန်တော်တက္ကသိုလ်မှာ ရေထုနဲ့သယံဇာတထိန်းသိမ်းစောင့်ရှောက်ရေး မေဂျာယူခဲ့တာ"


သို့သော် တဖက်လူ၏မျက်လုံးများအတွင်းမှ  သံသယများမှာ ပျောက်ကွယ်မသွားခဲ့ပေ။ 

ထန်မော့သည်လည်း ဤလူအပေါ် အတော်လေးစိတ်၀င်စားသွားမိသည်။


ဤနေရာကမြေတွင်းတစ်တွင်းဖြစ်သည်ကိုသိလိုက် ရပြီးနောက် အားလုံးက အခြေအနေကို ပို၍နားလည်လာခဲ့သည်။


"ငါတို့ခေါင်းပေါ်က အပေါက်ခုနှစ်ပေါက်က ငါတို့ဘယ်လိုပြုတ်ကျလာတာလဲဆိုတာနဲ့ ဆိုင်နေမလား"


လီပင်းကအပေါ်ကိုလက်ညှိုးထိုးပြကာဆိုလိုက်သည်။


"ငါတို့ပြုတ်မကျခင် အကုန်လုံးလည်း အနက်ရောင်မျှော်စင်က တစ်ခုခုပြောခဲ့တာကို ကြားလိုက်မယ်ထင်တယ်၊ ဘာပြောခဲ့တာလဲမှတ်မိကြသေးလား"


လင်းရှောင်က ခေါင်းငြိမ့်လိုက်ပြီး ပြန်ပြောပြလာသည်။


"တရုတ်ပြည် ခရိုင် ၁၊ ကစားသမား ဖူ၀မ်သော်က 

အနက်ရောင်မျှော်စင်၏ ပထမထပ်ကို အောင်မြင်စွာ ဖွင့်လိုက်ပါပြီ၊ သုံးမိနစ်အတွင်းမှာ တရုတ်ပြည် ခရိုင်အတွင်းမှ ကစားသမားတွေအကုန်လုံး အနက်ရောင်မျှော်စင်ကို တိုက်ခိုက်ကြပါနော် "


လူခုနှစ်ယောက်ထဲတွင် ဖန်းယု၀မ်ကအလွန်စကားနည်းကာ ကျိုးရှန်းကလည်း နားထောင်ရန်သာအာရုံစိုက်ထားသည်။ တခါတလေမှာတော့ နားမလည်လိုက်သည့်သူများကို သူကတဆင့်ပြန်ရှင်းပြပေးသည်။ လော့ဖုန်းချန်းမှာလည်း စကားအနည်းငယ်ပြောဆိုပြီးကတည်းက တိတ်နေခဲ့သည်။

ကြည့်ရတာ သူပြောတာအရမ်းများနေပြီလို့ 

ထင်နေပုံပင်။


လူခုနှစ်ယောက်အုပ်စုတွင် လီပင်းက ခေါင်းဆောင်လိုပင်။


"အဲဒီစာကြောင်းမှာ ငါနားမလည်လိုက်တာတွေရှိသေးတယ်။ ဒါပေမယ့်လောလောဆယ်တော့ထားလိုက်ကြတာပေါ့၊ တစ်ယောက်ယောက်များ အနက်ရောင်မျှော်စင်ရဲ့ စည်းမျဉ်းတွေကိုမှတ်မိကြလား

မနေ့ကပြောခဲ့တဲ့ဟာလေ၊ သုံးခုမြောက်စည်းမျဉ်းက အနက်ရောင်မျှော်စင်ကို ကြိုးစားပြီးတိုက်ခိုက်ကြပါဆိုလားပဲ၊ ဒီတော့ အခုငါတို့ အနက်ရောင်မျှော်စင်ကို တိုက်ခိုက်နေကြတာလား"


လီ၀မ်ကစိတ်၀င်တစားမေးလာသည်။


"အနက်ရောင်မျှော်စင်ကိုဘယ်လိုတိုက်ရမှာလဲ"


"ဘယ်သိမှာလဲ"


ထန်မော့ကအကြံ၀င်ပေးလိုက်သည်။


"သဲလွန်စ​လေးတစ်ခုခုများ ရှိလောက်လား။ ကျွန်တော်တို့ ဒီထဲကိုနောက်တစ်ကြိမ် ရှာကြည့်သင့်တယ်ထင်တယ်"


လီပင်းကခေါင်းကိုခါလိုက်သည်။


"ငါနေရာတိုင်းကိုသေချာကြည့်ပြီးသွားပြီ၊ ဘာမှမရှိဘူး"


ထိုအချိန်တွင် ကျယ်လောင်စူးရှသော က​လေးသံက လှိုဏ်ခေါင်းအတွင်းတွင်ပဲ့တင်ထပ်လျက် ထွက်ပေါ်လာခဲ့သည်။


"တင်းတောင်~~ အနက်ရောင်မျှော်စင်ပထမထပ်

စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းအဆင့်(ရိုးရိုးအဆင့်) ကိုဖွင့်လိုက်ပါပြီ။ လူခုနှစ်ယောက်ရဲ့ ရှင်သန်ရာဂိမ်းကို

ပြင်ဆင်နေပါပြီ။.."


"အချက်အလက်များစီစစ်နေပါသည်။"


"ဂိမ်းကိုဖွင့်နေပါသည်.."


"ဂိမ်းရဲ့အဓိကတာ၀န်ကတော့: သင်တို့ခုနှစ်ယောက်ကို ဘုရားသခင်ကရွေးချယ်လိုက်ပါပြီ။ ဒီတော့ ကြိုးစားပြီးအသက်ရှင်ကြနော်"


လှိုဏ်ခေါင်းတစ်ခုလုံး တမဟုတ်ချင်း တိတ်ဆိတ်သွားကြတော့သည်။



အချိန်ဘယ်လောက်တောင်ကြာသွားမှန်းမသိ။

နောက်ဆုံးတွင်တော့ လီ၀မ်၏တုန်တုန်ယင်ယင်အသံက တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည်။


"ဂိမ်း ဟုတ်လား။အခုနကအနက်ရောင်မျှော်စင်ပြောသွားတာလေ ဘာအဓိပ္ပာယ်ကြီးလဲ ရှင်သန်ရာဂိမ်းကရော ဘာကြီးလဲ"


ထန်မော့ကသူ့အားလှည့်ကြည့်လိုက်ကာ လီ၀မ်မှာ အနက်ရောင်မျှော်စင်၏ဂိမ်းအား တစ်ခါမှမဆော့ဖူးမှန်းသေချာသွားခဲ့သည်။


စားဖိုမှူးကျိုးရှန်းကတော့ သူ၏စိတ်လှုပ်ရှားမှုကို 

မသိသာအောင် တမင်အသံကိုမြှင့်ပြီးပြောလာသည်။


"မြန်မြန်လေး ငါတို့ဒီကထွက်ရအောင်လုပ်သင့်တယ်"


လီပင်းကမူတည်ငြိမ်စွာပင်


"စိတ်လျှော့ပါ၊ အနက်ရောင်မျှော်စင်က ကျွန်တော်တို့အတွက် ဂိမ်းကိုပြင်ဆင်ပြီးသွားမှတော့ ဘယ်လိုမှထွက်လို့ရမှာမဟုတ်ဘူး။ ထောင်ချောက်တွေရှိနေရင်ရော ဘယ်လိုလုပ်မလဲ"


ဂူအတွင်း၌အရမ်းမှောင်မနေခဲ့လျှင်လီပင်း၏ နှုတ်ခမ်းတို့မှာတုန်ရီနေပြီး သူကတည်ငြိမ်ဟန်ဆောင်နေသည်ကို တွေ့နိုင်လိမ့်မည်။ 


"ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ စဉ်းစားသင့်.."


"ရှူးး"


"အသံမထွက်နဲ့ဦး"


ထန်မော့နှင့် လော့ဖုန်းချန်းက တပြိုင်ထဲ ပြောလိုက်ကြသည်။ လူနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြကာ ထန်မော့ကမျက်ခုံးပင့်လိုက်ပြီး


"ခင်ဗျားရော အသံတစ်ခုခုကြားလို့လား"


ကျန်လူများမှလည်း အသက်တောင်မရှူဝံ့တော့အောင် တိတ်သွားကြသည်။


ထိုစဉ် ရုတ်တရက်တက္ကသိုလ်ကျောင်းသူ လင်းရှောင်က ကျယ်လောင်စွာထအော်လိုက်မိပြီးနောက် သူမ ပါးစပ်ကိုလက်ဖြင့်အလျင်အမြန်ပိတ်လိုက်ပြီး ခပ်တိုးတိုးဆိုလာသည်။


"ကျွန်မလည်းကြားလိုက်တယ် တူးနေတဲ့အသံ တစ်ခုခုကိုတူးနေတဲ့အသံပဲ၊ ကျွန်မက ရှင်သန်ရာဂိမ်းတွေ ဆော့ရတာကြိုက်တော့ ရင်းရင်းနှီးနှီးကိုသိနေတာ။ အဲဒီအသံကဂိမ်းတွေထဲက တစ်ခုခုကိုတူးတဲ့အခါ ထွက်လာတဲ့အသံအတိုင်းပဲ အဲမှာတစ်ခုခုရှိနေတယ်"


လီပင်းလည်းရုတ်ချည်းထရပ်လိုက်ကာ


"အသံကအဲဒီဘက်ကလာတာ"


သူတို့အကုန်လုံးထရပ်လိုက်ကာ ရွံ့စေးနံရံပြင်ကြီးကို တပြိုင်တည်းကြည့်လိုက်မိတော့သည်။


စားဖိုးမှူးကျိုးရှန်း၏မျက်လုံးများမှာနီရဲနေပြီး  လက်သီးကိုထင်းတင်းဆုပ်လိုက်သည်။


"သောက်ပဲ အဲဒါကဘာလိုချင်လို့လဲ 

မျက်ခွက်ကိုသေအောင်ထိုးပစ်ဦးမယ်"


စိုထိုင်းထိုင်းမြေနံရံ၏တဖက်မှ တူးထုတ်နေသံများကို အဆက်မပြက် ကြားနေရပြီးသူတို့အကုန်လုံး ကြက်သီးမွှေးညင်းများထလျက်ပင်။


အသံကတဖြည်းဖြည်းနီးကပ်လာကာ ထန်မော့၏နှလုံးမှာ မိမိနားထဲပြန်ကြားနေရသည်အထိ အလျင်အမြန်ခုန်နေခဲ့သည်။


တူးထုတ်နေသံတို့က နံရံကိုဖောက်မထွက်ခင်အထိ ရပ်တန့်မသွားခဲ့။


ဘန်း...


မြေဆီလွှာကပေါက်ကွဲထွက်သွားသည်။


သွေးလိုနီရဲသော မျက်လုံးကျဉ်းကျဉ်းတစ်စုံက

အမှောင်ထဲကနေ လူခုနှစ်ယောက်အား စိုက်ကြည့်လာသည်။ ကြီးမားပြီးချွန်ထက်သော လက်သည်းတို့က၄င်းရှေ့မှမြေဆီလွှာကို တူးထုတ်ကာဖယ်ရှားလိုက်သည်။


ထိုလူ မဟုတ် ထိုပွေးသည် ၄င်းတူးထုတ်လိုက်သော အခေါင်းပေါက်ကနေတဆင့် လူခုနစ်ယောက်ရှိရာတွင်း ထဲသို့၀င်လာခဲ့သည်။


ဘုန်း...


၄င်းမှာ နှစ်မီတာလောက်မြင့်သောဧရာမပွေးကြီးပင် ဖြစ်ချေသည်။ 


၄င်းကထရပ်လိုက်လျှင် ကောင်းကင်ကိုပင် 

ထိနိုင်လိမ့်မည်ထင်ရအောင်ကြီးမားသည်။

၄င်းက လူတစ်ကိုယ်စာခန့်ကြီးမားသော ကြက်ဆင်ကြီးကို မြေကြီးပေါ် ဘုန်းခနဲပစ်ချလိုက်သည်။


သေးငယ်သော မျက်လုံးနီနီတို့က လူခုနှစ်ယောက်အား မလွတ်တမ်းကြည့်နေပြီး ၄င်း၏ချွန်ထက်သော သွားများကအချင်းချင်းပွတ်တိုက်ကာတကျိကျိ အသံများထွက်နေသည်။


ပွေးကြီးမှာ သွားရည်များစီးကျလျက် ထူးဆန်းသော အသံဖြင့်ရယ်လိုက်သည်။ ထို့နောက် ၄င်းကပြောလာသည်။


"အနက်ရောင်မျှော်စင်ကတော့ ဒီနေ့မှ သဘောတွေစွတ်ကောင်းနေတာပဲ ဟမ်။ ငါ့ဘာငါကြက်ဆင်သားလေးလွေးတော့မယ်တွေးနေတုန်း မီးကင်ဖို့ထင်းစလေးတွေပို့ပေးလိုက်တယ်။ ကြက်ဆင်သားကို လူသားနဲ့မီးရှို့ပြီးကင်၊ ဇီရာစေ့လေးဖြူးပြီး စားလိုက်ရလို့ကတော့ကွာ။ တောက်စ်ဆွေမျိုးကိုမေ့သွားမှာပဲ ကျေးဇူးပဲအနက်ရောင်မျှော်စင်ရေ ၊ သိပ်ကောင်းတဲ့ကျေးဇူးတော်နေ့ပဲကွာ"


ဘာလာလာဆွဲထိုးပစ်ရန်အသင့်ပြင်ထားသော 

စားဖိုမှူးကျိုးရှန်းခမျာ ဧရာမပွေးကြီးကိုမြင်လိုက်ရလျှင် အလိုလိုနောက်သို့သုံးလှမ်းခန့်ဆုတ်သွားခဲ့သည်။ ထို့နောက် ဟန်တောင်မဆောင်နိုင်တော့ပဲ ပြေးတော့သည်။


ထန်မော့က အလျင်စလို အော်၍တားသည်။ 


"ဟိတ်လူ မပြေးနဲ့"


သို့သော် မမှီလိုက်တော့၊ 


ထိုစားဖိုးမှူးကစ၍ပြေးလိုက်ကတည်းက ပွေးကြီးသည်လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် စားဖိုမှူးအားပြေးလိုက်ကာ သူ၏ချွန်ထက်သောလက်သည်းတို့ဖြင့် ရိုက်ထုတ်ပစ်လိုက်သည်။


စားဖိုမှူးမှာနံရံကိုပြင်းထန်စွာ၀င်ဆောင့်ပြီး သွေးများအန်ထွက်ကာ မလှုပ်နိုင်တော့ချေ။


ထို့နောက်ပွေးကြီးက ကျန်သောလူခြောက်ယောက်ကို ကြည့်လိုက်ပြီး သူ၏သေးငယ်သောမျက်လုံးနီနီတို့က ဖန်းယု၀မ်ထံကျရောက်သွားသည်။


"ဒီထင်းက ပိန်ခြောက်ခြောက်နဲ့ အသေးဆုံးဆိုတော့

မင်းကိုအရင်ရှို့ရမယ်၊ ၀တဲ့ကောင်က နောက်ဆုံးမှပေါ့၊ ကြက်ဆင်သားကိုမီးများများနဲ့ကင်တာ

အကောင်းဆုံးပဲ၊ ငါ့ရဲ့ လျှို့၀ှက်နည်းလေးကို

ဘယ်သူ့ကိုမှလျှောက်မပြောကြနဲ့နော်၊ ဒါပေမယ့်ကြက်ဆင်ကိုဒီလိုကင်တာ အရသာအရှိဆုံးပဲ 

ဟား ဟား ဟား" 


"အား" 


ဖန်းယု၀မ်က ကြောက်လန့်တကြားအော်ဟစ်ကာ

နောက်သို့ဆုတ်သွားခဲ့သည်။ သို့သော် ပွေးကြီးက လျက်တပြက်မှာပင် သူမရှေ့ကိုပြေးသွားကာ ဖန်းယု၀မ်အား ခေါင်းကနေတရွတ်တိုက်ဆွဲခေါ်သွားတော့သည်။ ဖန်းယု၀မ်မှာ နာကျင်မှုကြောင့် အဆက်မပြက်အော်ဟစ်နေတော့သည်။


လီပင်းက ဤသည်ကိုကြည့်ရင်း အံကိုတင်းတင်းကြိတ်လျက် ကျောင်းသူဖန်းယု၀မ်၏ခြေထောက်ကို ဖမ်းဆွဲလိုက်ကာ


"ငါတို့ဒီလိုအဖြစ်ခံလို့မရဘူး ဒီကောင်မလေးသာသေသွားရင် ပြီးကျငါတို့အလှည့်ရောက်လာလိမ့်မယ်"


ထန်မော့သည်လည်း မိမိရှေ့တွင် မိန်းမငယ်လေးတစ်ဦးအသတ်ခံရမည်ကို ကြည့်နေနိုင်သည်အထိတော့ ​သွေးမ​အေးပါ။ သူက က​လေးမ​လေး၏ ခြေထောက်နောက်တစ်ဖက်ကို ဆွဲလိုက်လျှင် လီ၀မ်နှင့် တက္ကသိုလ်ကျောင်းသူ လင်းရှောင်တို့မှာလည်း က​လေးမ​လေးအား ၀င်ဆွဲရန် အနည်းငယ် သတ္တိရှိသွားသည်။


လော့ဖုန်းချန်းကမူ ပွေးကြီး၏ခြေထောက်အား တိုက်ရိုက်ပင် ဆောင့်နင်းလိုက်သည်။ ၄င်းမှာပွေးကြီး၏ ခြေသန်းဖြစ်ပြီး သူက ပွေးကြီးအား နာကျင်မှုကြောင့်ညည်းညူသည်အထိကို ကြိုးစားပြီးနင်းပစ်လိုက်ခြင်းပင်။


သို့သော်လည်း ၄င်း၏ခြေသန်းမှာ သံတုံးလိုမာကျောလွန်းလှသည်မို့ သွေးထွက်အောင်လုပ်ဖို့မလွယ်။ သို့သော် ပွေးကြီးက ကလေးမလေး၏ခေါင်းကိုတော့လွှတ်ပေးလိုက်သည်။


သူတို့အကုန်လုံး က​လေးမ​လေး အလျင်အမြန်ပင် နောက်သို့ပြန်ဆွဲလိုက်ကြသည်။


ပွေးကြီးက မာန်ဖီလျက် ဒေါသတကြီးအော်ဟစ်လိုက်သည်။


"ငါမင်းတို့ကောင်တွေအကုန်လုံးကို ကြက်ဆင်ထဲ ထည့်ပြီးကင်ပစ်မယ်"


"တင်းတောင်~~အရံမစ်ရှင်ခွဲလေးကို အောင်မြင်စွာ

ဖွင့်လှစ်လိုက်ပါပြီ : ချစ်စရာကောင်းတဲ့ ဦးပွေးကြီးအတွက် အရသာရှိတဲ့ကြက်ဆင်လေးကင်ပေးလိုက်ရအောင်."


လူခုနှစ်ယောက်၏ခေါင်းထဲ၌ အသံတစ်ခုကို တပြိုင်တည်းကြားလိုက်ကြသည်။


မင်းဘိုးအေကိုပဲ ချစ်စရာကောင်းတဲ့ဦးပွေးကြီး...


လူခုနှစ်ယောက်မှာ အနက်ရောင်မျှော်စင်အား 

တက်ဖြိုပစ်ဖို့မစောင့်နိုင်တော့ချေ၊


ထန်မော့က စကားလုံးများကို အတော်အတန်ရင်းနှီးနေသလို ခံစားရသော်လည်း ယခုချိန်၍ ၎င်းကို စဉ်းစားနေဖို့အချိန်မရှိပေ။


ပွေးကြီးက ၄င်း၏လက်သည်းများဖြင့် လီပင်းအားလှမ်း၍ကုတ်လိုက်သည်။ တက္ကသိုလ်ကျောင်းသူနှင့်အလယ်တန်းကလေးမလေးတို့မှာ ကြောက်လန့်တကြားဖြင့် ထွက်ပြေးတော့သည်။

ထန်မော့က အလျင်အမြန်သတိပေးလိုက်သည်။


"မပြေးကြနဲ့ ငါတို့အကုန်စုနေရမှာ မဟုတ်ရင် တစ်ယောက်ပြီးတစ်ယောက် အလွယ်လေးဖမ်းမိသွားလိမ့်မယ်"


သို့သော် ကျောင်းသူကလေးမလေးကမူ ပြေးနေခြင်းကိုမရပ်တန့်ခဲ့ပေ။ အဆုံးမှာတော့ သူမမှာ ငယ်ရွယ်သော ကျောင်းသူသာဖြစ်ကာ ကြောက်လန့်ပြီးပြေးရုံအပြင် တခြားဘာကိုမှမလုပ်တတ်ပေ။


တက္ကသိုလ်ကျောင်းသူကမူ သတ္တိမွေးလျက် လင်းရှောင်တို့ထံပြန်ပြေးလာခဲ့သည်။


"ဖမ်းလိုက်" 


လော့ဖုန်းချန်းက မြေကြီးပေါ်မှ ကြက်ဆင်၏ ခြေထောက်နှစ်ချောင်းကို ဆွဲဖြုတ်လိုက်ပြီး တစ်ချောင်းအား ထန်မော့ဆီသို့ပစ်ပေးလိုက်သည်။

သို့သော် အရှိန်မထိန်းနိုင်သဖြင့် တက္ကသိုလ်ကျောင်းသူ၏ ခြေထောက်ပေါ်သို့သာ ပြုတ်ကျသွားခဲ့သည်။


ဧရာမပွေးကြီးသယ်လာသော ကြက်ဆင်မှာလည်း အတော်လေးကြီးမားကာ၄င်း၏ ပေါင်တံတို့ကို လက်နက်အဖြစ်သုံးနိုင်သည်။ လော့ဖုန်းချန်းမှာ ကြက်ပေါင်တစ်ဖက်အား ရာဘာတုတ်လို မြဲမြံစွာဆုပ်ကိုင်ထားလိုက်သည်။ 

တက္ကသိုလ်ကျောင်းသူမှာလည်း ခဏမျှတုန့်ဆိုင်းနေပြီးမှ သူမရှေ့မှ ကြက်ပေါင်အားမယူလိုက်တော့သည်။


ပွေးကြီးမှာ လီပင်းအား တချိန်လုံးမဲနေခဲ့ခြင်းဖြစ်ပြီး

အသံတစ်ခုကိုကြားလိုက်သောကြောင့် ချက်ချင်းလှည့်ကြည့်လိုက်သည်။


လီပင်းမှာမူ သွေးများအန်ထွက်နေရင်းမှာပင် ပွေးကြီး၏ခြေထောက်တစ်ဖက်အား မလွတ်တမ်း ဖက်ထားလျက် 


"မြန်မြန်လုပ်"


ထန်မော့နှင့် တက္ကသိုလ်ကျောင်းသူတို့မှာ  ကြက်ပေါင် အသီးသီးကို ဆုပ်ကိုင်လျက် ပွေးကြီးထံသို့ ပြေးထွက်လာကြသည်။


ပွေးကြီးမှာ လီပင်းထံမှ တင်းတင်းကြပ်ကြပ်အချုပ်ခံထားရပြီး မလှုပ်နိုင်ပေ။ သံတုံးကဲ့သို့ ကြက်ပေါင်နှစ်ချောင်းက ပွေးကြီးကို ရိုက်မိခါနီးတွင် ပွေးကြီးက ၄င်း၏လက်သည်းတို့ကို မြှောက်ကာ ကာလိုက်သည်။


ကြက်ပေါင်နှစ်ချောင်းမှာ ပွေးကြီး၏ ချွန်ထက်သော လက်သည်းများအောက်တွင် အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့သည်။


ပွေးကြီးက တဖြည်းဖြည်းရုန်းထွက်နေရင်း ကျယ်လောင်စွာမာန်ဖီလိုက်သည်။


"မင်းတို့ကောင်တွေအကုန်လုံးကို ကြက်ဆင်သားနဲ့ရောပြီး အရည်ထွက်တဲ့ထိကင်ပစ်မယ်"


လီပင်းမှာ မြေပြင်ပေါ်တွင် သနားစဖွယ်လဲကျနေပြီး ပွေးကြီး၏ခြေထောက်အား ဖမ်းချုပ်ရန်ကြိုးစားနေဆဲပင်။ ရုတ်တရက်ပင် ပွေးကြီးနောက်မှ အပြေးလာနေသော ထန်မော့ကိုမြင်လျှင် သူ့မျက်လုံးများတောက်ပသွားသည်။


ဒါပေမယ့် သူကဘာလို့ကြက်ပေါင်တစ်ချောင်းကိုတောင် ကိုင်မထားတာလဲ...


လီပင်းကရုတ်ချည်းအေးခဲသွားကာ အလျင်အမြန်တားလိုက်သည်။


"မင်းသေလိမ့်မယ် "


မျက်တောင်တစ်ခတ်အတွင်းတွင် ကြီးမားသော မီးခြစ်ဆံကြီးတစ်ခု ထန်မော့လက်ထဲတွင် 

ပေါ်လာခဲ့သည်။ ထိုမီးခြစ်ဆံဘယ်ကရောက်လာလဲ ဘယ်သူမှမသိလိုက်ပေ။


စားဖိုမှူးမှာလည်းမြေပြင်ပေါ်လဲလျောင်းလျက် သေသလား ရှင်သလားမသိ။ ကျောင်းသူကလေးမလေးမှာလည်း ထွက်ပြေးသွားပြီဖြစ်ကာ ဘယ်ကိုရောက်နေမှန်းမသိ။


လီပင်း၊ လော့ဖုန်းချန်းနှင့် တက္ကသိုလ်ကျောင်းသူတို့ကမူ ထန်မော့လက်ထဲမှ မီးခြစ်ဆံကြီးအား ပါးစပ်အဟောင်းသားနှင့် ကြည့်နေမိကြသည်။


မီးခြစ်ဆံကြီးကြောင့် လှုပ်ခတ်သွားသောလေထုကို ခံစား၍ ထိုမီးခြစ်ဆံမှာမည်မျှ အံ့ဖွယ်ကောင်းကြောင်း မှန်းကြည့်နိုင်သည်။ 


သူတို့အားလုံး စိတ်လှုပ်ရှားလျက် ထန်မော့လက်ထဲမှ မီးခြစ်ဆံကြီးက ပွေးကြီး၏ခေါင်းကို ရိုက်ခွဲလိုက်မည့်မြင်ကွင်းအား စောင့်မျှော်နေကြသည်။ 


ရုတ်တရက်


ပွေးကြီးက ၄င်း၏လက်သည်းတို့ကိုဆန့်ထုတ်လိုက်ကာ မီးခြစ်ဆံကြီးအားဖမ်းယူလိုက်တော့သည်။


ထန်မော့အပါအ၀င် အကုန်လုံးက အေးခဲသွားကြသည်။ မီးခြစ်ဆံကြီး၏အားက ပွေးကြီးကိုနောက်သို့ နှစ်လှမ်းခန့် ဆုတ်သွားစေခဲ့သော်လည်း ၄င်းမှာဒဏ်ရာပင်မရခဲ့။


ပွေးကြီးမှာ မီးခြစ်ဆံကိုကိုင်ထားလျက် ထန်မော့အားကြည့်လိုက်သည်။


ထန်မော့မှာ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ဦးနှောဏ်ကို အလျင်အမြန်အလုပ်ပေးလိုက်သည်။


သို့သော် မျှော်လင့်ထားသလို ပွေးကြီးကသူ့အား တိုက်ခိုက်မလာခဲ့ပါ။ ၄င်း၏ဘယ်ဘက်လက်က မီးခြစ်ဆံကိုကိုင်ထားပြီး ညာဘက်လက်ကမူ ထန်မော့၏ခေါင်းအား၄င်း၏အိမ်မွေးခွေးတစ်ကောင်လို ပွတ်သပ်လိုက်သည်။ 


"ဟေးး မင်းမှာဘယ်လိုလုပ်ပြီး မျက်နှာပြောင်လေးရဲ့ မီးခြစ်ဆံရှိနေတာတုန်း"


ပြောရင်းဆိုရင်း ၄င်း၏အနီရောင်နှာခေါင်းက လေထဲသို့ တရှုံ့ရှုံ့အနံ့ခံလိုက်သည်။


ထို့နောက်၄င်း၏မျက်လုံးတို့ကပြူးကျယ်သွားပြီး ထူးဆန်းသောလေသံဖြင့်ဆိုလိုက်သည်။


"အိုး.. မင်းရဲ့ကိုယ်ပေါ်မှာလည်း မျက်နှာပြောင် ကောင်မလေးရဲ့အနံ့ရှိနေတာပဲ၊ ဆိုးလိုက်တဲ့အနံ့ ၊ ရွံစရာကြီး "


ထန်မော့"..."


------------------


စာရေးသူမှာ ပြောစရာရှိတယ်။


မျက်နှာပြောင်လေး : 

[ထန်မော့ကိုငါးမျက်လုံးများဖြင့် စောင်းကြည့်လျက်] အခုသမီးကချစ်ဖို့ကောင်းတယ်ဆိုတာ လက်ခံသွားပြီလား


သကြားမှုန်:"..."


--------------------

🪩