Chapter 24
Viewers 7k

🌍Chapter 24




လက်တစ်ဖက်​ယောကျာ်းမှာ ဓါးကိုလွှဲယမ်းလိုက်သည်။ ​ဒေါသထွက်လွန်း၍ စိတ်လွတ်​နေ​သော ​ရှောင်​ဖေး​ဖေးမှာ သူ့အားထန်​မော့မှ ဆွဲလျက် သူ၏​နောက်သို့ပို့လိုက်ချိန်အထိ မတုန့်ပြန်နိုင်ခဲ့၊ ထန်​မော့မှာ ထိုဓါးအား မီးခြစ်ဆံဖြင့် တားဆီးလိုက်သည်။


ခရပ်...


ဓါးမှာ သံသယဖြစ်စရာပင်မလို​ချေ။ နှစ်ပိုင်းကျိုးပဲ့သွားခဲ့သည်။ 


လက်တစ်ဖက်​ယောကျာ်း၏မျက်လုံးထဲတွင် အလင်း​ရောင်တစ်ခု​တောက်ပသွားလျက် သူကထန်​မော့၏ လက်ထဲမှ မီးခြစ်ဆံကြီးအား ကြည့်လိုက်သည်။


"အရမ်းစွမ်းတာပဲ"


​​ရှောင်​ဖေး​ဖေးမှာ ထန်​မော့ထံမှ ကာကွယ်ခံလိုက်ရလျှင် အံ့အားသင့်သွားခဲ့သည်။ ချန်ရှန်းရှန်းက ထို​တော့မှ သက်ပြင်းချလျက် ​​ရှောင်​​ဖေး​ဖေးအား လီ၀မ်၏​ဘေးသို့ဆွဲ​ခေါ်လိုက်သည်။ 


ဖက်တီးက​လေး​ကျောက်ကျန်းမှာ နာရီစင်ထံမှ ​ပြေးလာခဲ့ပြီး သူ၏မျက်နှာမှာ အ​ပျော်များဖြင့်ပြည့်နှက်​နေခဲ့သည်။သို့သော် ​သွေးများနှင့်လဲကျ​နေ​သော ဆရာလီကို မြင်လျှင် သူ၏အပြုံးမှာလည်း ​ပျောက်ကွယ်သွား​တော့သည်။


"ဆရာလီ" 


ဆရာလီကား ​သေဆုံးသွား​ချေပြီ။


ထန်​မော့မှာ ဤလူတစ်စု အလစ်၀င်တိုက်မည်ကို ခန့်မှန်းမိပြီးသားပင်။ သို့သော် သူတို့သည်လည်း ​ကျောင်း၏​နေရာအနှံ့တွင် ​ထောင်​ချောက်များ ဆင်ထားခဲ့သည်သာ။ ထန်​မော့​ပြောခဲ့သလိုပင် ထိုခိုး၀င်သူများက ဖန်ကွဲစများအ​ပေါ်မနင်းမိသည်မှာ ထိုလူများ ကြိုတင်ပြင်ဆင်ထားခဲ့၍ပင်။ သို့​သော်လည်း ထန်​မော့မှာ လမ်းတစ်ခုကို တမင်ချန်ထားခဲ့​သေးသည်။


​နေ့လည်တုန်းက သူနှင့်လီ၀မ်မှာ လမ်းမ​ပေါ်တွင် လမ်းမီးတိုင်မှ ဖန်ကွဲစများကို လိုက်ချထားခဲ့ကာ ​လျှောက်လမ်းတစ်ခုကိုတမင် ဖန်တီး​ပေးထားခဲ့သည်။


အကယ်၍ ခိုး၀င်သူများသာ ၄င်းကိုသတိမူမိပြီး ထိုဖန်ကွဲစများအ​ပေါ်မနင်းမိ​စေရန် သတိထားခဲ့ပါက ​ဘေးလမ်းမှတမင်​​ရှောင်သွားမိမည်ဖြစ်ကာ သူတို့​နေရာကိုသူတို့​ဖော်ပြမိသွားမှာပင်။ သူတို့ကပို၍ထက်မြက်ခဲ့၍ ထိုလမ်းမှမသွားခဲ့လျှင်လည်း ဖန်ကွဲစများ​ပေါ်နင်းမိဦးမည်ဖြစ်ကာ သူတို့ဦးတည်ရာက​ပေါ်သွားဦးမှာပင်။


အဆိုးဆုံးအ​ခြေအ​နေကား သူတို့က ဖန်ကွဲစများအ​ပေါ်မနင်းခဲ့သလို ထန်​မော့စီစဥ်ထား​သော လမ်းအတိုင်းလည်းမ​လျှောက်ခဲ့ခြင်းပင်။ ခိုး၀င်သူများ ရုတ်ချည်း​ရောက်လာချိန်တွင် ထန်​မော့တို့ အုပ်စုမှာ သတိလက်လွတ် ဖြစ်သွားလုနီးပါးပင်။ ကံ​ကောင်းသည်မှာ ထန်​မော့နှင့် ဖက်တီး​လေးတို့မှာ ကြိုတင်၍ တိုက်ခိုက်​ရေး အစီအစဥ်ကို ဆွဲထားခဲ့ကြသည်။ သို့မဟုတ်ပါက ယခုအ​ခြေအ​နေမှာ ​ပြောင်းပြန်ဖြစ်​နေခဲ့​ပေလိမ့်မည်။


ထန်​မော့ မီးခြစ်ဆံကြီးကို ကိုင်ထားလျက်သာ​မေးလိုက်သည်။


"ခင်ဗျား ဘယ်လို၀င်လာတာလဲ"


သူတို့မှာ ဖန်ကွဲစများအ​ပေါ်မနင်းမိခဲ့သလို ဖန်တီးထား​သောလမ်းအတိုင်းလည်းမသွားခဲ့၊ မည်သည့်​ထောင်ချောက်ကိုမှ မနင်းမိပဲ ​ကျောင်းထဲ မည်သို့၀င်လာပါသနည်း။


လက်တစ်ဖက် ​​​ယောကျာ်းမှာ မသာယာ​သော ရယ်သံဆိုးကြီးဖြင့်


"၀င်လာတယ်ဟုတ်လား၊ ငါတို့ကအစတည်းက ထွက်မှထွက်မသွားခဲ့တာ"


ဖက်တီး​လေးမှ တုန်လှုပ်သွားခဲ့သည်။ 


"မဖြစ်နိုင်တာ... ခင်များတို့ ဘယ်လိုလုပ်ထွက်မသွားရတာလဲ၊ ​ကျောင်းထဲမှာ တစ်ချိန်လုံးရှိ​နေခဲ့တာလား"


"​ကျောင်းကဒီ​လောက်ကြီးတာ၊ ငါတို့ ဘယ်မှာ ပုန်း​နေတယ်ဆိုတာ မင်းကဘယ်လိုလုပ်သိမှာလဲ" 


လက်တစ်ဖက်​ယောကျာ်းမှာ လူတိုင်း အထူးသဖြင့် ချန်ရှန်းရှန်းအား ကြည့်လိုက်ကာ


"ဒီနှစ်ရက်အတွင်း မင်းတို့​တွေ အရူး​တွေလို အဲဒီအသုံးမကျတဲ့​ထောင်​ချောက်​တွေ ဆင်​နေတာကို ကြည့်​နေခဲ့တာ​လေ၊ တကယ်​တော့ ငါတို့မ​နေ့ညကတည်းက ၀င်တိုက်ဖို့စီစဥ်ထားတာ၊ ဒါ​ပေမယ့် မင်းက ရုတ်တရက်​​ရောက်လာမယ်မထင်ထား​​တော့ တစ်ရက်​လောက် ​အေး​ဆေး အသက်​ပေးရှင်လိုက်တာ" 


ဤခိုး၀င်သူများမှာ မိမိတို့နှင့် တစ်မိုး​အောက်တွင် တချိန်လုံးအတူတူရှိ​နေခဲ့သည်ဟု သိလိုက်ရလျှင် ထိတ်လန့်သွားခဲ့ကြသည်။


ချန်ရှန်းရှန်းမှာ အံကိုကြိတ်လျက် ဆိုလိုက်မိသည်။


"ကျွန်မ​ပေါ့​လျော့သွားတယ်၊ အဲဒါကိုမ​တွေးခဲ့မိဘူး"


​ရှောင်​ဖေး​ဖေးက​ခေါင်းခါလိုက်လျက်


"နင့်ကိုယ်နင် အပြစ်မတင်ပါနဲ့၊ ဒီမျိုးမစစ်​တွေက ​ကျောင်းထဲမှာ ပုန်း​နေမယ်ဆိုတာ ငါတို့ဘယ်လိုသိခဲ့မှာလဲ၊ ဒါကသူတို့အပြစ်ပဲ"


ထိုလက်တစ်ဖက်​ယောကျာ်းမှာ ချန်ရှန်းရှန်းနှင့် ​ရှောင်​ဖေး​ဖေး၏စကားတို့ကို ထူးဆန်း​သော အပြုံးကြီးနှင့် နား​ထောင်​နေခဲ့သည်။


ထန်​မော့ ထိုက​လေးနှစ်​ယောက်​ရှေ့တွင် ကွယ်ရပ်လိုက်ကာ 


"ခင်များရဲ့အ​ပေါင်းအပါ​တွေ ​သေကုန်ပြီ၊ ခင်ဗျားဘာလို့ ထွက်မ​ပြေး​သေးတာလဲ"


"ငါကဘာလို့​ပြေးရမှာလဲ၊ ​သေရမှာကမင်း​တို့​တွေ​လေ" 


ထိုလူကထန်​မော့ထံ ဓါးဖြင့်ညွှန်လျက်ဆိုလိုက်သည်။

ထိုဓါးမှာ ၂ပိုင်းကျိုး​နေပြီးဖြစ်​သော်လည်း ထန်​မော့ကို ကြည့်​နေ​သော ထိုလူ၏မျက်လုံးများမှာ ​ကြောက်ရွံ့မှုတစ်စုံတရာမှရှိမ​နေ​ချေ။


ထန်​မော့လည်း သူ၏ရင်ထဲမှ အမျိုးအမည်မသိ ​လေးပင်မှုတစ်ခု​ကြောင့် မီးခြစ်ဆံကြီးအား တင်းတင်းဆုပ်လိုက်မိသည်။ သူကထိုပန်း တစ်ဒါဇင်ခန့်ကို ကြည့်လျက် ​အော်လိုက်သည်။


"အဲဒီပန်း​တွေကို ဖျက်ဆီးကြ"


လက်တစ်ဖက်နှင့်လူက​ထေ့​ငေါ့လျက်


"အိပ်မက်မက်​နေလိုက်"


သူကထိုပန်းများကိုဖျက်ဆီးရန် ​ရှေ့တိုးလာ​သော ​ကျောင်းသားများထံ ဓါးကို​ဝေ့ယမ်းလျက် ခြိမ်း​ခြောက်လိုက်သည်။


ထန်​မော့ မီးခြစ်ဆံကြီးကို​​မြောက်လိုက်လျှင် ထိုလူကဓါးကျိုးဖြင့်ပင် ခုခံလာခဲ့သည်။ ထိုမီးခြစ်ဆံကြီးနှင့်ထိခတ်သွားသည်နှင့် ထိုဓါးကျိုးအ​ပေါ်တွင် ပင့်ကူအိမ်သဏ္ဍာန်အကွက်များ​ပေါ်လာခဲ့ပြီး တစ်ပိုင်းတစ်စဆီ ကျိုးပဲ့ကျသွား​တော့သည်။ လုံး၀သုံးမရ​တော့​ချေ။


"မြန်မြန်လုပ် ပန်း​တွေကို ဖျက်ဆီးလိုက်ကြ" 


ထန်​မော့​နောက်တစ်ကြိမ်​အော်လိုက်သည်။ 


ဆရာလီ၏ကိုယ်အားသယ်ထား​သော အရံကစားသမားနှစ်ဦးကလွဲလျှင် ကျန်က​လေးများမှာ ​ရှေ့သို့အမြန်ထွက်လာခဲ့သည်။ ဖက်တီး​လေးမှာ ပန်းပင်အားဆွဲ၍ အမြစ်မှဆွဲနှုတ်ရန်ကြိုးစားလိုက်သည်။ 


"နှုတ်လို့မရဘူး၊ ဒါကြီးက စတီးထက်​တောင်မာ​သေးတယ်"


ဖက်တီး​လေးမှာ ​ကျောင်းသားများထဲ အသန်မာဆုံးတစ်​ယောက်ဖြစ်ကာ ၄င်းကိုမဆွဲနှုတ်နိုင်​ချေ။ သို့ဆိုလျှင် အခြားလူများလည်း မည်သို့လုပ်နိုင်ပါမည်နည်း။ 


ထန်​မော့မှာ သူခံစား​နေရ​သော ​မလွယ်ကူ​သော ခံစားချက်ကို ​နောက်ဆုံး​တော့နားလည်သွား​ချေပြီ။


ထိုလက်တစ်ဖက်​​ယောကျာ်း၏ ခွန်အားမှာ ထန်​မော့ထက်ပင် သန်မာ​သေးသည်။ သူက​ပိန်ပါးကာ​သေးညှက်ပုံ​ပေါ်​​သော်လည်း ကြွက်သားတို့ရှိ​လေသည်။

ထို့အပြင်သူက ခိုး၀င်သူတစ်ဦးဖြစ်သည်။ ကမ္ဘာကြီးအွန်လိုင်း​ပေါ် မတက်လာခင်ကပင် ဤလူမှာ တခြားသာမာန်လူများထက်ပို၍ သန်မာခဲ့လိမ့်မည်။ တုန့်ပြန်မှုနှုန်းမှာ ထန်​မော့နှင့်အတူတူပင်ဖြစ်​သော်လည်း သူ၏တိုက်ခိုက်မှုနှင့် အမြန်နှုန်းသည်ကား သာလွန်​လေသည်။ သူ့တွင် လက်နက်မရှိ​သော်လည်း ထန်​မော့၏မီးခြစ်ဆံကြီးကို တစ်ကြိမ်ပြီးတစ်ကြိမ် ​ရှောင်ရှား​နေခဲ့သည်။ 


"မင်းရဲ့စွမ်းရည်ကိုသုံးပြီး အဲဒီပန်း​တွေကို ဖျက်ဆီးရမှာ"


ဖက်တီးမှာ ​ချွေးများဖြင့်စိုရွှဲကာ မာန်တင်းချက် ​အော်လိုက်လျှင် သူ၏​ရှေ့၌ သံ​ချောင်းတစ်​ချောင်းက​မြောလွင့်လာခဲ့သည်၊ သူကအာရုံစိုက်လျက် ထိုသံ​ချောင်းဖြင့် နှင်းဆီပင်၏အမြစ်ကို ချိန်ရွယ်လိုက်သည်။ 


၀ှစ်ခနဲပင် သံ​ချောင်းမှာ နှင်းဆီပင်၏ အမြစ်ကို ​ဖောက်ထွက်သွားခဲ့သည်။ ထိုသို့​ဖောက်ထွက်သွားချိန်တွင် သံချင်းထိခတ်မိသည့်ဟန် မီးပွား​လေးများပင် ထသွားခဲ့​လေသည်။


"ကျွန်​တော်လုပ်နိုင်တယ်"


ဖက်တီး​လေးမှာ နှင်းဆီပင်များကို သံ​​ချောင်းဖြင့် တစ်ပင်ပြီးတစ်ပင် ဖျက်ဆီး​တော့သည်။ သံ​ချောင်းမှာ ​သေးငယ်ပြီး နှင်းဆီပင်များကို တစ်ပင်ပြီးတစ်ပင်​ဖောက်ထွက်သွားခဲ့သည်။ သို့ တစ်ပင်စီကိုဖျက်ဆီးရန်အတွက်မူ အကြိမ်၂၀ခန့်​ထိုး​ဖောက်ရန်လိုအပ်ကာ နှစ်မိနစ်ခန့်စီကြာ​လေသည်။


ဖက်တီး​လေးက​အော်လိုက်သည်။


"ငါ့မှာ ​သေနတ်ရှိတယ်၊ ဒီအပြင်က စတီးလိုပဲဆို​တော့ ​ကျည်ဆန်နဲ့ဆို ​ဖောက်လို့ရ​လောက်တယ်၊ မင်းဒီ​​သေနတ်နဲ့ဆို နှင်းဆီပင်​တွေကို ဖျက်ဆီးနိုင်​လောက်တယ်၊ အထဲမှာ ကျည်ဆန် ၈ခု​လောက်​တော့ ရှိမှာပဲ၊ တစ်ပင်​လောက်ကို​တော့ဖျက်ဆီးလို့ရမယ်"


ဖက်တီး​လေးမှာ ထို​သေနတ်ကို​နောက်ထပ် တရား၀င်ကစားသမားဖြစ်သူ ​ရှောင်​ဖေး​ဖေးအား ကမ်း​ပေးလိုက်လျှင် ​​ရှောင်​ဖေး​ဖေးမှာ တန့်သွားခဲ့သည်။ 


"ဒါ..ဒါက ​သေနတ်"


"ဟုတ်တယ်၊ ​သေနတ်၊ ​သေချာအာရုံစိုက်ပြီး အမြစ်ကိုချိန်"


​ရှောင်​ဖေး​ဖေးမှာ သတ္တိကိုမွေးလျက် ​သေနတ်ကို ယူရန်ပြင်လိုက်သည်။ သို့​သော်သူမမှာ တွန့်ဆုတ်​နေဆဲမှာပင် ဖက်တီး​လေးလက်ထဲမှ ​သေနတ်အား တစ်စုံတစ်​ယောက်က ယူသွားခဲ့သည်။ ဆံပင်တိုတိုနှင့် က​လေးမ​လေးမှာ တည်ငြိမ်​နေ​သောမျက်၀န်များဖြင့် နှင်းဆီပင်၏အမြစ်ကို ချိန်လျက် ပစ်ထည့်လိုက်သည်။ ​သေနတ်​မောင်းကိုဆွဲ​လိုက်သည်အထိ ချန်ရှန်းရှန်း၏ လက်မှာ တစ်ချက်​လေးမှ တုန်ရီမသွား​ချေ။


ဘန်း...


ကျည်ဆန်တစ်ခုကပျံသန်းသွားကာ နှင်းဆီပင်၏အမြစ်ကို ထိုး​ဖောက်သွားခဲ့သည်။


ပြင်းထန်သည့် တန်ပြန်အားက မိန်းမငယ်​လေးကို ​နောက်သို့တစ်လှမ်းခန့် ဆုတ်သွား​စေသည်။ သူမက ဖက်တီ​လေး၏စကားကို​ စောင့်မ​နေပဲ ​သေနတ်ကို​မြောက်လျက် ​နောက်နှစ်ကြိမ်ခန့် ဆက်တိုက် ပစ်ခတ်လိုက်သည်။


​ရှောင်​ဖေး​ဖေး သက်ပြင်းချလိုက်မိသည်။


"အသုံး၀င်သားပဲ"


အရံကစားသမားနှစ်ဦးသည်လည်း ကူညီရန်​ရောက်လာခဲ့သည်။ ဖက်တီး​လေးမှာ သူ၏စွမ်းရည်ဖြင့် ပန်းပင်များကို ထိုး​ဖောက်​နေချိန်တွင် ချန်ရှန်းရှန်းမှာ သူမ၏​သေနတ်ဖြင့်ပင် နှင်းဆီနှစ်ပင်ခန့်ကို ဖျက်ဆီးနိုင်ခဲ့သည်။ ကျန်​သော ​ကျောင်းသား သုံး​ယောက်နှင့် လီ၀မ်မှာ နှင်းဆီတစ်ပင်အား ဓါးဖြင့်ဖြတ်ရန် အားသွန်ခွန်စိုက်ကြိုးစား​နေခဲ့ကြသည်။

ထိုသို့ကြိုးစားပြီး​နောက် ဆယ်ကြိမ်​မြောက် လှီးဖြတ်မှုတွင် နှစ်ဆီတစ်ပင်အား ဖြတ်​တောက်နိုင်ခဲ့​လေသည်။


ထန်​မော့မှာမူ မီးခြစ်ဆံကြီးကို သုံးလျက် လက်တစ်ဖက်လူအား တိုက်ခိုက်​နေခဲ့သည်။


နှစ်ဦးသားမှာ ​ပြေးလမ်း​ပေါ်တွင် အကြိမ်​ရေတချို့ တိုက်ခိုက်​နေခဲ့ပြီး​လေပြီ။ လက်တစ်ဖက်လူ၏ ပုခုံးမှာ မီးခြစ်ဆံကြီး​ကြောင့် ကျိုးပဲ့နှင့်ပြီးဖြစ်သည်။ သာမာန်လူဆိုလျှင် မတ်တပ်​တောင် မရပ်နိင်​လောက်​သော်လည်း ဤလူမှာ​တော့ ခိုး၀င်သူဖြစ်ကာ အံကိုကြိတ်လျက်ထန်​မော့အား ခုခံ​နေခဲ့သည်။


ထန်​မော့၏အ​ခြေအ​နေလည်း သိပ်မ​ကောင်းလှ​ချေ။ 

ထိုလူမှာ လက်တစ်ဖက်သာရှိ​သော်လည်း ထိုလက်တစ်ဖက်ဖြင့် ထန်​မော့၏ နံရိုးကို ထိုးမိခဲ့သည်။ ထန်​မော့မှာ သူ၏နံရိုးကျိုးသွား​သောအသံကိုပင် ကြားလိုက်ရ​လေသည်။


၎င်းမှာ အစစ်အမှန်တိုက်ခိုက်စွမ်းရည်မျိုးဖြစ်​လေသည်။


အကယ်၍တစ်ဖက်လူ၌သာ လက်နှစ်ဖက်လုံးရှိခဲ့ပါက သို့တည်းမဟုတ် သူ့မှာသာ မီးခြစ်ဆံကြီးမရှိခဲ့ပါက ထန်​မော့အ​နေနှင့် အသာစီးရလိမ့်မည်ဟု ယုံကြည်ချက်မရှိ​ပေ။


သို့​သော် တစ်ဖက်လူသည်ကား လက်တစ်ဖက်ကို ဆုံးရှုံးထားခဲ့သည်။ 


ထန်​မော့မှာ အခွင့်အ​ရေးရှာ​ဖွေလျက် မီးခြစ်ဆံကြီးဖြင့် ထိုလူ၏​ခေါင်းကို ချိန်ရွယ်လိုက်သည်။


လက်တစ်ဖက်​ယောကျာ်းက အလျင်အမြန်​ရှောင်လိုက်သည်။ သူ့အ​နေနှင့် ထိုမီးခြစ်ဆံကြီးဖြင့် ​ခေါင်းကိုထိပါက ​သေမည်မှန်း ​ကောင်း​ကောင်းသိ​နေခဲ့သည်။ သူကဘယ်လက်ကို​မြောက်ပြီး ​ခေါင်းကိုကာလိုက်ရန် တွန့်ဆုတ်မ​နေခဲ့​​ချေ။


ဘန်း...


ထိုလူကဘယ်လက်ကိုသုံးလျက် ထန်​မော့၏မီးခြစ်ဆံကြီး ဦးတည်ရာ​ပြောင်းသွား​စေရန် ပြုလုပ်လိုက်သည်။ ထိုလူက ထန်​မော့အား ​ကြောက်မက်ဖွယ် အမူအယာဖြင့်ကြည့်လာခဲ့သည်။ သူ၏ဘယ်လက်​ပေါ်တွင် ​သွေးများသာကျန်ရစ်​တော့သည်။ ဘယ်လက်မှာ​တော့ မနီးမ​​ဝေးမှ တစ်​နေရာတွင်ပြတ်ကျ​နေရစ်​တော့သည်။


"ငါမင်းကို သတ်ပစ်မယ်"


ထန်​မော့မှာ အပို​တွေ​ပြောမ​နေပဲ မီးခြစ်ဆံကြီးကို ​နောက်တစ်ကြိမ်​မြှောက်လိုက်သည်။ သို့​သော် ထို​လူက​​ကောင်းကင်​ပေါ်ကို ​မော့ကြည့်လျက် အရူးတစ်​ယောက်နှယ် ရယ်​မောလိုက်သည်။ 


"မင်းက​သေရ​တော့မှာ၊ မင်းတို့အားလုံး​သေရ​တော့မှာ၊ ငါတစ်​ယောက်တည်းပဲ ရှင်ကျန်ရစ်မှာ"


ထန်​မော့မှာ ထိုလူ၏အကြည့်လားရာဆီသို့လိုက်ကြည့်လိုက်သည်။


ည​ကောင်းကင်တွင် လ​ရောင်ကမှိန်​ဖျော့လျက် ကြယ်များရှိမ​နေခဲ့​ချေ။ ကြီးမား​သော အမည်း​ရောင်တိမ်တိုက်တစ်ခုကအ​ဝေးတစ်​နေရာဆီမှ ​မြေလွင့်လာလျက် လ​ရောင်အား ဖုံးကွယ်​နေခဲ့သည်။ ​လ၏သေးငယ်​သောအစိတ်အပိုင်း​လေးကိုသာ မြင်နိုင်​တော့သည်အထိပင်။


"ငါ့စွမ်းရည်က ဘာလဲသိလား၊ အဲဒါ​တွေကရိုးရိုးပန်း​တွေများထင်​နေလား၊ ငါ့စွမ်းရည်က အဲဒီမီးမှုတ်တဲ့အရူးနဲ့ ကျည်ဆံ ၁၀၀ပစ်နိုင်တဲ့​ကောင်ထက် အဆတစ်ရာပိုစွမ်းတယ်၊ ငါ့ရဲ့ပန်း​တွေက လ​ရောင်ကိုစုပ်ယူပြီးရင် လကွယ်သွားတာနဲ့ ငါ့ရဲ့ပန်း​တွေပွင့်လာ​တော့မှာ"


ထန်​မော့ပန်းများထံလှည့်ကြည့်လိုက်သည်။ 


ဖက်တီး​လေးမှာ ပန်း၆ပွင့်ခန့်ကို ဖျက်ဆီးခဲ့ပြီးဖြစ်သည်။


ချန်ရှန်းရှန်းက ၂ပွင့်ခန့်ဖျက်ဆီးနိုင်ခဲ့ကာ ကျန်လူများ​​​ပေါင်းလျက် တစ်ပွင့်ကို ဖျက်ဆီးနိုင်ခဲ့​လေသည်။


သို့​သော် သုံးပွင့်ကျန်​နေဆဲပင်။ 


တိမ်မည်းက လ​ရောင်ကို ကွယ်သွားသည်နှင့် ထိုပန်းများမှာ တဖြည်းဖြည်းပွင့်အာလာခဲ့သည်။ ထိုပန်းများမှာ ည​​လေပြည်နှင့်အတူ ညင်သာစွာ ယိမ်းနွဲ့​နေခဲ့​လေသည်။ ပန်းများပိုပွင့်လာ​လေ ရိုးတံကခရမ်း​ရောင်သန်းလာ​လေပင်။ 


"ငါ့ပန်း​တွေပွင့်လာတာနဲ့ မင်းတို့​သေလိမ့်မယ်၊ ဒါကအဆိပ်ပန်းပင်ကွ၊ အဆိပ်​တွေပျံ့သွားပြီး​တော့ ငါကလွဲပြီး ကျန်တဲ့​ကောင်​တွေအကုန်​သေမှာ"


လက်တစ်ဖက်​ယောကျာ်းမှာ သူ၏​နောက်လက်တစ်ဖက်ကိုလည်း ဆုံးရှုံးသွားပြီဖြစ်ရာ သူကလုံး၀ရူးသွပ်သွား​တော့သည်။ ထန်​မော့နှင့် ကျန်လူများကို နီရဲ​နေ​သော မျက်လုံးများနှင့် စိုက်ကြည့်လျက် ​သေသွားရန်အဆက်မပြတ်ကျိန်ဆဲ​နေခဲ့သည်။


ထန်​မော့မှာ ထိုလူကိုလျစ်လျူရှူလျက် ပန်းများဆီ​ပြေးသွားကာ မီးခြစ်ဆံဖြင့်လွှဲရိုက်လိုက်သည်။


ကလန်...


နှင်းဆီပန်းများမှာ ညင်သာစွာ ယိမ်းနွဲ့သွားလျက် အကိုင်းမှာ ၁အဒီဂရီခန့်ကိုင်းညွတ်သွားသည်ကိုသာ မြင်လိုက်ရသည်။ မီးခြစ်ဆံကြီးပင်လျှင် ၄င်းကို မဖျက်ဆီးနိုင်​ချေ။


"မင်းတို့အကုန် ​သေကြ​တော့မှာ ၊ ဟား ဟား ဟား"


ထန်​မော့မှာ မီးခြစ်ဆံကို အကြိမ်ကြိမ်လွှဲယမ်း​နေစဥ်မှာ ပင် တိမ်မည်းများမှာ လ​ရောင်အားဖုံးအုပ်သွား​တော့သည်။ 


သို့​သော် သူကပန်းတစ်ပွင့်ကိုသာ ဖျက်ဆီးနိုင်လိုက်ကာ လ​ရောင်မှာ လုံး၀ဖုံးကွယ်သွားခဲ့​​ချေပြီ။


"မင်း​တို့​တော့ ​သေပြီ"


ထိုအချိန်တွင် ထန်​မော့မှာ အပြည့်အ၀ပွင့်ခါနီး နှင်းဆီတစ်ပွင့်အနီး​​လျှောက်သွားလိုက်သည်။ 

​နောက်ဆုံးပွင့်ဖတ်တစ်လွှာကသာလျှင် ​ခေါင်းမာစွာနှင့် ရိုးတံတွင် ကပ်တွယ်​နေခဲ့သည်။ ထိုပန်းမှာ ခရမ်းနက်​​ရောင်ရှိပြီး ကြည့်​ကောင်းလှသည်။ ကြည့်လိုက်ရုံနှင့် အဆိပ်ပြင်းမည့်ပုံမျိုးပင်။


ထန်​မော့မှာ မီးခြစ်ဆံကြီးကို ​မြောက်ရန်ပြင်လိုက်​သော်လည်း ရုတ်တရက်ပင် ထိုလက်တစ်ဖက်​ယောကျာ်း၏မျက်နှာအား အမည်း​ရောင်မြူခိုးတစ်စုက ၀န်းရံထားသည်ကို​တွေ့လိုက်ရသည်။ ၄င်းမှာ ထို​ယောကျာ်း၏​ခေါင်းကိုဖုံးအုပ်ထားသည့်နှယ်။


ထိုအချိန်၌ပင် ပြင်းထန်​သော ​လေ​ပွေတစ်ခုကတိုက်ခတ်လာပြီး ​ဖျော့​တော့​သောလ​ရောင်မှာ ​မြေပြင်​ပေါ်သို့တဖန်ကျ​ရောက်လာခဲ့သည်။


လက်တစ်ဖက်​ယောကျာ်း၏ မျက်နှာ​ပေါ်မှ အပြုံးမှာ ရုတ်ချည်း​အေးခဲသွားခဲ့သည်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "


ထန်​မော့​နောက်တစ်ကြိမ်ကြည့်လိုက်ချိန်တွင် ထိုလူ၏မျက်နှာ​ပေါ်မှာ မြူခိုးများမှာ ​ပျောက်ကွယ်သွားနှင့်​ချေပြီ။ ​လေ​ပွေသည်လည်း လအားကာရံထား​သော အမည်း​ရောင်တိမ်ထုကို အ​ဝေးသို့မှုတ်ထုတ်သွားခဲ့သည်။ လ​​ရောင်တဖန်ကျဆင်းလာသည်နှင့် ပန်းများ ပွင့်အာ​နေခြင်းက ရပ်တန်ြသွားခဲ့သည်။ ၂မိနစ်ခန့်အတွင်း ထန်​မော့မှာ ကျန်ရှိ​နေ​သော ပန်းနှစ်ပွင့်အား ဖျက်ဆီးပစ်လိုက်လေသည်။


🪩