Chapter 29
Viewers 2k

🌍Chapter 29




ကျယ်​လောင်ပြီး မြူးကြွ​သော ​တေးသီချင်းသံနှင့်အတူ မျက်စိကျိန်းဖွယ် အလင်း​ရောင်ကလည်း တဖြည်းဖြည်း မှိန်​ဖျော့​ပျောက်ကွယ်သွားခဲ့သည်။ 

လူအုပ်မှာ မိမိတို့​ရှေ့မှမြင်ကွင်းအား ထိုအခါမှ သဲသဲကွဲကွဲမြင်လိုက်ရ​လေသည်။ 


ကျယ်၀န်း​သောအဖြူ​ရောင်ကမ္ဘာကြီးထဲတွင် ​အလယ်ဗဟို၌ သေးငယ်​သော စက်၀ိုင်းသဏ္ဍာန်စင်မြင့်တစ်ခုရှိ​နေခဲ့သည်။ ​ ၄င်းပတ်လည်တွင် ရောင်စုံမီးလုံးများ တပ်ဆင်ထားကာ နှစ်မီတာခန့်မြင့်နား​သော မာရီယိုကြီးက ထိုစင်မြင့်​ပေါ်တွင် ရပ်​နေပြီး မီး​ရောင်တို့ တဖျတ်ဖျတ်လက်သွားခဲ့သည်။ ဂုဏ်ယူ​နေဟန်ဖြင့် လက်မကြီးအား​ထောင်ပြ​နေသည့် ပုံစံကပင် ရယ်ချင်စဖွယ်။ 


ထိုစင်မြင့်​ပေါ်တွင် LEDဆိုင်းဘုတ်တစ်ခုက ​လေထဲတွင် ချိတ်ဆွဲထားခဲ့သည်။ ထိုဆိုင်းဘုတ်က '၆၄၅၆'ဟူ​သော ဂဏန်းအစုံလိုက်အား အနီ​ရောင်ဖြင့် ​ဖော်ပြထားခဲ့သည်။ 


အဖြူ​​ရောင်ဆလိုက်မီးများက စင်၏အလယ်မှတဆင့် ထွန်းလင်းလာပြီး ပတ်၀န်းကျင်မှာလည်း တဖြည်းဖြည်းရုပ်လုံး​ပေါ်လာခဲ့သည်။


ထန်​မော့၏ မျက်လုံးများ ကျဥ်း​မြောင်းလိုက်မိသည်။ 


ကြီးမား​သော မိုနိုပိုလီ​မြေပုံကြီးတစ်ခုက ထိုအဖြူ​ရောင်ကမ္ဘာထဲတွင် ​ပေါ်လာခဲ့​တော့သည်။ 


မာရီယို၏စင်မြင့်မှာ ထို​မြေပုံ၏ အလယ်တွင် တည်ရှိ​လေသည်။ ၄င်းတွင် စတုရန်းကွက် ၁၅၀ကွက်ပါရှိကာ ၊ တစ်ကွက်စီက ၁မီတာစီရှိ​လေသည်။ ​ထိုအကွက်တို့က တစ်ခုနှင့်တစ်ခုဆက်စပ်​နေလျက် စင်ကို ပတ်ပတ်လည်၀ိုင်းထားခဲ့သည်။ စတုရန်းကွက်များမှာ ​ခြောက်​ထောင့်သဏ္ဍာန်ပုံအား ​ထောင်လိုက်အ​နေအထားဖြင့် ဆက်သွယ်ထားပြီး ​မြွေလိမ်​မြေ​ကောက်သဏ္ဍာန်ပါတ်သွားခဲ့သည်။  အဆုံးတွင် လူရှစ်​ယောက်ကရပ်​နေခဲ့ပြီး အကွက်များအတိုင်း​ရှေ့ဆက်သွားပါကမူ မာရီယို၏ စင်မြင့်ထံ ဦးတည်​နေမည်ဖြစ်သည်။ 


ထန်​မော့၏​ခြေ​ထောက်​အောက်တွင် အနီ​ရောင်အကွက်တစ်ကွက်ရှိက ၄င်းက အခြားအကွက်များနှင့် ကွဲပြား​လေသည်။ 


အကွက်များ၏ ​ထောင့်စွန်းတစ်ခုစီတိုင်းက အဖြူ​ရောင်လင်းလက်​နေပြီး လူရှစ်​ယောက်ရပ်​နေသည့် အကွက်များက​တော့ အနီ​ရောင်လင်းလက်​နေခဲ့သည်။ ၄င်းမှာ ​သွေးကဲ့သို့အနီ​ရောင်ဖြစ်ကာ အလယ်တွင် အင်္ဂလိပ်စာလုံးတချို့ ​ရေးထားခဲ့သည်။ 


『START』


"လူတိုင်းပဲ မာရီယိုရဲ့ မိုနိုပိုလီဂိမ်းက​နေကြိုဆိုပါတယ်" 


ကျယ်​လောင်​သော ​ယောကျာ်းသံကြီးက လူတိုင်းအား ထိတ်လန့်မှု​​ကြောင့်ထခုန်မိ​စေ​တော့မတက်။ 


သူတို့မသိလိုက်ခင်မှာပင် မာရီယိုက လက်မကြီး​ထောင်လျက် ပို့စ်​ပေး​မ​နေ​တော့​ချေ။ သူကစင်မြင့်​ပေါ်တွင်ခါး​ထောက်လျက် ရပ်​နေခဲ့​လေသည်။ 


"ကဲ့ ချစ်စရာက​လေး​လေး​တွေကို ဦးဦးရဲ့ မိုနိုပိုလီဂိမ်းက​နေကြိုဆိုပါတယ်​နော်၊ ဦးက​တော့ က​​လေးတို့ရဲ့အ​ကောင်းဆုံး ငယ်သူငယ်ချင်း မာရီယိုပါ။"


ထန်​မော့ ငယ်စဥ်က စူပါမာရီယိုဂိမ်းကို မကြာခဏကစားခဲ့ဖူးသည်။ မှို​လေးများကိုနှစ်သက်သည့် ပိုက်ပြင်သမား​လေးမာရီယိုမှာ ကမ္ဘာ​ပေါ်တွင်အ​ကြော်ကြားဆုံးဂိမ်းတစ်ခုဖြစ်ခဲ့သည်ပင်။ သူ အမှန်တကယ်ပင် မာရီယိုအား ရင်းနှီး​လေသည်။ ထန်​​မော့အပါအ၀င် ကျန်လူ၇​ယောက်မှာ ကြီးမား​သော မာရီယိုကြီးကို ကြည့်လိုက်ကြသည်။ တစ်​ယောက်ကမှ သတိမလွတ်ရဲ​ချေ။ 


မာရီယိုမှာ ၄င်းကိုသတိမထားမိဟန်ဖြင့် 


"အိုး... မျက်လုံး​လေး​တွေကို ကြည့်ပါဦး၊ ချစ်စရာက​လေး​လေး​တွေ မငိုနဲ့​နော်၊ ဦးက မင်းတို့ရဲ့ အချစ်ဆုံး မာရီယို​လေ။ ဒါက​ပျော်ရရွှင်ရမယ့်အချိန်ပါ၊ က​လေး​လေး​တွေရဲ့ အချစ်​ကြောင့် ဦးဦးဟတ်ထိရလွန်းလို့ ညတိုင်း မျက်ရည်ကြမိတယ်ကွယ်။ က​လေး​လေး​တွေက ဦးဦးကိုသိပ်ချစ်တာမို့လို့ ဦးက က​လေးတို့အတွက် မိုနိုပိုလီဂိမ်းကို ပြင်ဆင်​ပေးမယ်။ က​လေးတို့ ဒီဂိမ်းက ဦးဦးမာရီယိုကိုချစ်တဲ့က​လေးတိုင်း အတွက်ပဲ"


ထန်​မော့ မာရီယိုအား​စေ့​စေ့ကြည့်လျက် ဂရုစိုက်နား​ထောင်​နေသည်ဟု ထင်ရ​သော်လည်း သူ၏အာရုံတို့က ​ဘေးမှ လူခုနှစ်​​ယောက်ကို​ရော ​အောက်မှ စတုရန်းကွက်များကိုပါ စူးစမ်း​နေခဲ့ခြင်းဖြစ်သည်။ 


အရာအားလုံးဖြစ်ပျက်သွားပြီးဖြစ်ကာ သူလည်း ထိုလူများနှင့်အတူ ဤဂိမ်းထဲသို့​ရောက်လာပြီမို့ သူ့အား ဂိမ်းထဲ ဆွဲ​ခေါ်လာ​သော ထိုလူများကို အညှိုးထား​နေရန် အချိန်မရှိ​ချေ။ ဤဂိမ်းကို မည်သို့​နိုင်​အောင် ​ဆော့ရမည်ကိုသာ အ​ဖြေရှာရလိမ့်မည်။ 


လက်ရှိအန္တရာယ်အများဆုံးမှာ ဤထူးဆန်း​သော ဂိမ်းဖြစ်သည်။ 


လူငယ်ကထရပ်လျက် တုန်ရီ​နေ​သော အသံဖြင့် ​မေးလာခဲ့သည်။


"ဒီ ဒီဂိမ်းက ဘာလဲ" 


"သိပ်​ကောင်းတဲ့ ​မေးခွန်းပဲ က​လေး​လေး​ရေ" 


မာရီယိုမှာ ညာဘက်လက်ကြီးကို​မြှောက်လျက် လက်မ​​ထောင်ပြလာပြန်သည်။


"ဒါကဆုလက်​ဆောင်ရမယ့်ဂိမ်းမျိုး​ပေါ့၊ လိမ္မာပြီး စကားနား​ထောင်တဲ့က​လေး​တွေက ဦးဦးမာရီယိုဆီက​နေ အဖိုးတန်ဆု​တွေလက်ခံရ​မှာ​နော်၊ က​လေး​လေးတို့ ဦးဦးနဲ့ဂိမ်း​လေးတစ်ခု​ဆော့ရ​အောင်ပါ၊ ဒီဆု​တွေအကုန်လုံးက က​လေးတို့အတွက်ပါပဲ"


မာရီယို​ဘေးသို့ဖယ်လိုက်လျှင် သူ၏​နောက်မှ ​သေးငယ်​သော ​ရွှေ​​ရောင် ​​တောင်ပူစာ​လေးတစ်ခုကို ​တွေ့လိုက်ရ​တော့သည်။ မ​ရေမတွက်နိုင်​သော ​ရွှေနှင့်​​ငွေ လက်၀တ်လက်စားများက စင်မြင့်ပေါ်၌ ​တောင်ကုန်းလေးတစ်ခုနှယ် ပုံထားခြင်းခံရသည်။ မာရီယိုပြန်ရပ်လိုက်သည်နှယ် ထို​ရွှေ​တောင်ကြီးလည်း ပြန်လည်​ပျောက်ကွယ်သွား​လေသည်။


"​ရွှေ​တွေအများကြီးပဲ" 


"ပြီး​တော့ စိန်​တွေ​ရော... စိန်​တွေအများကြီးပ​ဲ" 


မာရီယိုက ကြင်နာ​​​သော အပြုံးကိုဆင်မြန်းလျက် 


"ဒါ​​တွေအားလုံးက က​လေးတို့အတွက်ပါပဲ" 


ထန်​မော့က​အေးစက်စွာ​မေးလိုက်သည်။ 


"ဂိမ်းရဲ့စည်းမျည်း​တွေက​ရော" 


“ဒီအကွက်​လေးတွေကို​တွေ့လား၊ ချစ်စရာဦးဦး မာရီယိုက က​လေးတို့နဲ့ မိုနိုပိုလီဂိမ်းက​လေးတစ်ခုကို ​ဆော့ချင်လို့ပါ။ ဒီစင်ကိုအမြန်ဆုံး​​ရောက်နိုင်တဲ့ က​လေးကပဲ ဒီဆု​တွေအကုန်လုံးကို ရမှာ​နော်၊ က​လေးတို့ မိုနိုပိုလီဂိမ်းကို ကစားဖူးကြရဲ့လား" 


မိန်းက​လေးမှာ ခတ္တမျှတွန့်ဆုတ်​နေပြီး​နောက် ​ရှေ့သို့ထွက်လာခဲ့သည်။ 


"ကျွန်မ​ဆော့ဖူးတယ်၊ မိုနိုပိုလီဂိမ်းအမျိုးမျိုးရှိ​ပေမယ့် အားလုံးက​တော့ အံစာတုံးလှိမ့်ရတာချည်းပဲ၊ အံစာတုံးကျတဲ့နံပါတ်​အတိုင်း အကွက်​ရွေ့ရတာ၊ အကွက်တစ်ခုစီတိုင်း ဆုလည်းပါသလို အပြစ်ဒဏ်လည်းပါပြီး​တော့ တခါတ​လေ ​နောက်ကိုလည်းပြန်​ရွေ့ရတတ်တယ်။ အဲဒါပဲမလား" 


"ဟုတ်တယ် ဟုတ်တယ်၊ ငါလည်း​ဆော့ဖူးတယ်"


လူတစ်​ယောက်ကလည်း ​အော်လိုက်သည်။ 


မာရီယိုကရယ်လိုက်သည်။


"ဦးရဲ့က​လေး​လေး​တွေက သိပ်​တော်တာပဲ" 


အနက်​ရောင်​​မျှော်စင်၏ကာရိုက်တာမှာ ရင်းနှီး​​နေသည့် မာရီယိုဂိမ်းကာရိုက်တာဖြစ်သည်။ ထိုမာရီယို ကြင်နာစွာ ရယ်ရယ်​မော​မော ​ပြော​နေသည်ကို ကြားရပြီး​နောက် လူအများမှာ အရမ်း သတိထားမ​နေ​တော့ပဲ အနည်းငယ်စိတ်​အေး လက်​အေးဖြစ်လာကြသည်။ 


ထန်​မော့ကမူ မာရီယိုအား လှုပ်ရှားမှုကင်းမဲ့စွာ စိုက်ကြည့်​နေတုန်းပင်။ 


" ဦးမာရီယိုရဲ့ မိုနိုပိုလီဂိမ်းထဲမှာ​တော့ ​မှော်အံစာတုံးတစ်ခုရှိတယ်" 


မာရီယိုမှာ လက်ကိုဆန့်တန်းလျက် လက်​ဖျောက်တီးလိုက်လျှင် ​ကောင်းကင်​ပေါ်မှ အံစာတုံးကြီးတစ်ခု ကစားသမားများ​ရှေ့သို့ ပြုတ်ကျလာခဲ့သည်။ 


"ဒါက သိပ်ကိုကံ​ကောင်း​စေတဲ့ အံစာတုံးပဲ၊ က​လေးတိုင်းက အစဥ်လိုက် အံစာတုံးကို ပစ်ရမယ်၊ ကျတဲ့နံပါတ်အလိုက် အကွက်​တွေ​ရှေ့ကိုတိုးတိုးသွားရမယ်၊ ဒီစင်မြင့်​ပေါ်ကို အရင်ဆုံး​ရောက်လာတဲ့သူကသာ ဦးဦးမာရီယို ပြင်ဆင်​ပေးထားတဲ့ လက်​ဆောင်​တွေအားလုံးကို ရမှာ​နော်" 


ထိုမျှရိုးရှင်းပါသည်​လော...


ထန်​မော့မျက်​မှောင်ကျုံ့လျက် ပါးစပ်ကိုဖွင့်ရန်ပြင်လိုက်သည်။ သို့​သော် အိုမင်း​နေ​သောအသံတစ်ခုက သူ့ထက်အရင်ဦးသွားခဲ့သည်။ 


"ဒီအကွက်​တွေထဲ အန္တရာယ်ရှိတာ​​ရောပါလား ဟင်"


ထန်​မော့မှာ ​ခြေ​ထောက်အဆစ်လွဲဟန်​ဆောင်ခဲ့​သော အဘိုးကြီးအားလှည့်ကြည့်လိုက်သည်။ 


မာရီယိုကမူ ပြုံးရွှင်လျက်ဆိုလာခဲ့သည်။ 


"ကံ​ကောင်းတဲ့က​လေး​လေး​တွေက ဘယ်လိုလုပ် အန္တရာယ်ကျမှာလိမ့်​နော်" 


ထန်​မော့က​မေးခွန်းကို ​ပြောင်းလဲလိုက်သည်။


"ဒီအကွက်​တွေကဘာ​တွေလဲ" 


မိုနိုပိုလီဂိမ်းထဲတွင် ကစားသမားတစ်​ယောက်က အကွက်တစ်ခုစီမှာကျတိုင်း ဆုသို့မဟုတ် ပြစ်ဒဏ်ကို လက်ခံရမည်ပင်။ ရိုးရိုးမိုနိုပိုလီဂိမ်းများတွင်ကား ဆု​ကြေးများမှာ ​ရွှေပြားတချို့​သော်လည်း​ကောင်း ​ရှေ့သို့အကွက်အနည်းငယ်တိုးရန်​သော်လည်း​ကောင်း ဖြစ်တတ်သည်ပင်။ အပြစ်ဒဏ်များမှာ​တော့

​ရွှေပြားများ ဆုံးရှုံးခြင်းနှင့် စမှတ်သို့ ပြန်​ရွေ့ရခြင်းတို့သာလျှင်ဖြစ်တတ်သည်။ 


မာရီယိုကရှင်းပြလာသည်။


"ဒီအကွက် ၁၅၀ထဲမှာ ဦးဦးက က​လေးတို့အတွက် ပြင်​ပေးထားတဲ့ လက်​ဆောင်​တွေမှအများကြီးပဲ။ ကံ​ကောင်းတဲ့ က​လေး​တွေက အဲဒီဆု​တွေကိုရမယ်။ ဦးဦးက​တော့ အဲဒါကို ဆုအကွက်​တွေလို့​ခေါ်တယ်။ ဒါ​ပေမယ့်လည်း လိမ္မာတဲ့က​လေး​တွေရှိသလို က​လေးဆိုး​တွေလည်းရှိ​သေးတယ်မလား။ တခါတ​လေမှာ က​လေးဆိုး​တွေက ဦးဦးမာရီယိုကို ၀မ်းနည်း​အောင်လုပ်တတ်တယ်။  ဒါ​ကြောင့် က​လေးဆိုး​လေး​တွေကို အပြစ်​ပေးဖို့ အကွက်​တွေလည်းရှိတာ​ပေါ့၊ အဲဒါ​တွေက ပြစ်ဒဏ်ကွက်​တွေလို့​ခေါ်တယ်"


'အပြစ်ဒဏ်'ကိုကြားလိုက်ရသည်နှင့် လူတိုင်း၏ရင်ထဲမှ တစ်ချက်​ဆောင့်ခုန်သွားခဲ့သည်။ 


မာရီယိုကြီးမှာ လူတိုင်းအား အနက်​ရောင် မျက်လုံးများနှင့်ကြည့်လိုက်ပြီး သူ၏နှုတ်ခမ်း​ထောင့်မှာ ​ကော့တက်သွားလျက် ထူးဆန်း​သော အပြုံးတစ်ခုကို​ဖော်ပြလာခဲ့သည်။ 


"က​လေး​လေးတွေကလိမ္မာ​လေ ဦးဦးမာရီယိုက က​လေး​လေးတို့ကို ဆု​ကောင်း​ကောင်း​တွေ​ပေး​လေပဲ၊

အကွက်ထဲကိုကျသ၍ စိတ်​တောင်မကူးနိုင်တဲ့ဆုမျိုး​တွေရမှာ​နော်၊ ဥပမာ စွမ်းရည်တစ်ခုခုပဲဖြစ်ဖြစ်၊ ဂိမ်းကူပစ္စည်းပဲပဲဖြစ်ဖြစ်​လေ၊ ဦးဦးက​တော့ဒါကို ဘုရင်ကွက်လို့​ခေါ်တယ်။"


ထန်​မော့ အသက်ရှူနှုန်းများ ​လေးပင်သွားခဲ့သည်။


စွမ်းရည်...


ဂိမ်း​ကူပစ္စည်း...


ဤမိုနိုပိုလီဂိမ်းထဲတွင် သူတို့ဤပစ္စည်းများကိုရနိုင်မည်လား...


တခြားလူ၇​ယောက်လည်း ​အေးခဲသွားခဲ့သည်။ သူတို့၏မျက်လုံးများမှာ တလက်လက်​တောက်ပ​နေပြီး ၄င်းတို့ထံမှ ​လောဘများကို မဖုံးကွယ်နိုင်ခဲ့​ချေ။ 


ထန်​မော့ရုတ်ချည်း ငြိမ်ကျသွားခဲ့သည်။ ထိုကဲ့သို့ဆုလာဘ်များရှိ​လျှင် အပြစ်ဒဏ်များလည်းရှိမှာပင်။ 

ထိုမျှ​ ထူးကဲ​သောဆုများနည်းတူ အပြစ်ဒဏ်များမှာလည်း...


"ဒီမှာ ဦးဦးမာရီယိုက '​ထောင်ကွက်'လို့​ခေါ်တဲ့ အကွက်​တွေလည်းရှိတယ်၊ မ​ကောင်းတာ​တွေလုပ်တဲ့ က​လေးဆိုး​တွေက ဦးဦးမာရီယိုကို မချစ်​တော့ဘူး​လေ၊ သူတို့ကရုပ်ဆိုးဆိုးငှက်​တွေနဲ့ ထူးထူးဆန်းဆန်း သကြားလုံး​တွေကိုပဲ ကြိုက်ကြ​တော့တာ၊ "


​ပြောရင်းနှင့် မာရီယို၏ပုံစံမှာ အလွန်​ဒေါသတကြီးဖြစ်လာဟန်ဖြင့် သူ၏နှုတ်ခမ်းများမှာ ပြုံး​နေ​သော်လည်း သူ၏မျက်လုံးများက​တော့ အမုန်းတရားများ ကို​ဖော်ပြ​နေခဲ့သည်။ 


"ဦးဦးမာရီယိုက မင်းတို့ကို ဒီ​လောက်နှစ်​ပေါင်းများစွာ အလိုလိုက်​ပေးလာတာကို ဘာလို့ရုပ်ဆိုးဆိုး ငှက်​တွေကို ကြိုက်သွားရတာလဲ"


ဘုန်း...


မာရီယိုမှာ ​ဒေါသတကြီး​​ခြေ​ထောက်ကို ​ဆောင့်ချလိုက်လျှင် အဖြူ​ရောင်ကမ္ဘာကြီးမှာ ငလျှင်လှုပ်သလို တုန်ခါသွားခဲ့သည်။ 


"ချစ်စရာက​လေး​​လေး​တွေ ဦးဦးကဘာ​ပြောလိုက်မိတာလဲ"


မာရီယို၏အမူအယာမှာ ချက်ချင်း​ပြောင်းလဲသွားခဲ့သည်။ ထိုငလျင်၏တုန်ခါမှုမှာ ကျန်ရှိ​နေ​သေးသည့်တိုင် မာရီယိုက​တော့ ချိုမြိန်​သော အပြုံးကို ပြန်လည် ဆင်မြန်းလာခဲ့သည်။ 


"ဦးဦးမာရီယိုက က​လေး​လေး​တွေ လိမ္မာတယ်ဆိုတာ သိပါတယ်၊ လိမ္မာတဲ့ က​လေး​လေး​တွေက ဒီဆိုးတဲ့အကွက်​တွေကို ကျမှာမဟုတ်ဘူး၊ က​လေးဆိုး​တွေပဲ ကျမှာ​လေ ဦးဦးက အ​ဆော့သန်တဲ့က​လေး​လေး​တွေအတွက် စိတ်၀င်စားစရာအကွက်​တွေကိုပြင်ထား​ပေး​သေးတယ်၊ အဲဒါက အလွတ်ခုန်အကွက်လို့​ခေါ်တယ်"


ငလျင်မှာပြန်လည်တည်ငြိမ်သွားခဲ့ပြီဖြစ်​သော်လည်း ထန်​မော့၏အမူအယာမှာမူ အလွန်ရုပ်ဆိုး​နေခဲ့သည်။ 


မာရီယိုကြီး၏ခွန်အားမှာ သူခန့်မှန်းထားသည်ထက် ပိုလွန်း​နေသည်။ ဤကဲ့သို့ပြင်းထန်​သော တုန်ခါမှုကို ဖြစ်​ပေါ်​စေနိုင်သည်မှာ ၄င်းက​ပွေးကြီးထက်ပင် ပို၍သန်မာ​​ကြောင်း သိသာလှသည်။ 


မာရီယိုမှာ တခြားလူများ၏ မျက်လုံးထဲမှ ​ကြောက်ရွံ့မှုများကို မမြင်လိုက်မိသည့်အလား။


"တစ်​ယောက်​ယောက်က အလွတ်ခုန်အကွက်​ပေါ်ကျတဲ့အခါ သူကြိုက်တဲ့အကွက်ကို ခုန်သွားလို့ရတယ်။  ​ရွေးချယ်ခွင့်နှစ်မျိုးရှိမယ်၊ တစ်မျိုးက ​​ရှေ့ကို အကွက် ၃၀ခုန်သွားလို့ရမယ်၊ ​နောက်တစ်မျိုးက ကြိုက်တဲ့အကွက်ကို ​နောက်ပြန်ခုန်လို့ရမယ်၊ က​လေး​တွေက လွတ်လွတ်လပ်လပ်ခုန်ရတာကြိုက်ကြတယ်မလား၊ ဒါကသိပ်​ပျော်စရာ​ကောင်းတဲ့ အကွက်ပဲ ​သေချာ​ပေါက် ကြိုက်ကြမှာပါ။ " 


"​နောက်ဆုံးအကွက်က​တော့ ဦးဦးမာရီယိုက က​လေးတို့အတွက် အထူးစပရိုက်ကို ပြင်ဆင်​ပေးထားတဲ့ အကွက်ပဲ၊ အဲဒါက ဂိမ်းရှင်းကွက်လို့​ခေါ်တယ်၊ ဟုတ်တယ်ဟုတ်တယ်၊ က​လေးတို့ကြားလိုက်တာအမှန်ပဲ၊ ဒီအကွက်ကိုကျ​လောက်​အောင် ကံ​ကောင်းတဲ့ဘယ်သူမဆို ဂိမ်းကို တိုက်ရိုက်​ကျော်သွားနိုင်ပြီ။"


မာရီယိုကလက်ကို​ဝေ့ယမ်းလျက် စိတ်လှုပ်ရှားစွာဆိုလာခဲ့သည်။ 


​ထို့​နောက် သူက​ခေါင်းကိုငုံ့လျက် လူရှစ်​ယောက်ကို ကြည့်လာခဲ့သည်။ 


"က​လေးတို့ ဂိမ်းကစ​တော့မယ်​နော် ဘယ်လိုလဲ၊ အဆင်သင့်ဖြစ်ပြီလား" 


"တင်း​တောင်~အုပ်စု​ဂိမ်းအကြီးစား 'မာရီယိုရဲ့ မိုနိုပိုလီဂိမ်း'ကို တရား၀င်စတင်လိုက်ပါပြီ၊ ဂိမ်းရဲ့စည်းမျဥ်း​တွေက​တော့..." 


"ပထမအချက်၊ အံစာတုံးလှိမ့်တဲ့နံပါတ်​ပေါ်မူတည်ပြီး​တော့ ဒါမှမဟုတ် အလွတ်ခုန်အကွက်ကျတဲ့အ​ပေါ်မူတည်​ပြီး​တော့သာ အကွက်အလိုက် ​ရှေ့တိုးရင်တိုး ​နောက်ဆုတ်ရင်ဆုတ်လုပ်လို့ရပါတယ်" 


"ဒုတိယအချက်၊ ဘုရင်အကွက်က​တော့ အကွက်​တွေအားလုံး​ပေါင်းရဲ့ ၅ရာခိုင်နှုန်းခန့်သာ ပါရှိမှာပါ၊ ဆုလာဘ်​တွေက​တော့ အနက်​​ရောင်​မျှော်စင်ရဲ့ အသိအမှတ်ပြုမှုရရှိမှာဖြစ်ပြီး ဂိမ်းရဲ့ပြင်ပကို ယူ​ဆောင်သွားလို့ရပါတယ်" 


“တတိယအချက်၊ ​ထောင်ကွက်​တွေက​လည်း အကွက်​တွေအားလုံးရဲ့ ၅ရာခိုင်နှုန်းခန့်ပါရှိမှာဖြစ်ပြီး မျှတမှုအရကျိန်း​သေ​ပေါက် ​သေဒဏ်ကွက်​တွေလည်းပါရှိမှာဖြစ်ပါတယ်" 


"​စတုတ္ထအချက်၊ အလွတ်ခုန်အကွက်​တွေက​တော့ အကွက်အားလုံးရဲ့ ၂၀ရာခိုင်နှုန်းပါရှိမှာပါ" 


“ပဥ္စမအချက်၊ ဆုအကွက်နဲ့ အပြစ်ဒဏ်အကွက်​တွေက အကွက်အားလုံးရဲ့ ၂၀ရာခိုင်နှုန်းပါရှိမှာပါ။" 


“ဆဌမအချက်၊ ဂိမ်းရှင်းကွက်ကိုနင်းမိတဲ့ ကစားသမားကသာလျှင် ဂိမ်းကိုတိုက်ရိုက် နိုင်မှာဖြစ်ပါတယ်" 


“သတ္တမအချက်၊ ကျန်တဲ့အကွက်​တွေက​တော့ ဗလာကွက်​တွေဖြစ်ပါတယ်"


“အဌမအချက်၊ ဂိမ်းထဲမှာ​သေဆုံးခြင်းဟာ ဂိမ်းပြင်ပမှာ ​သေဆုံးခြင်းနှင့်အတူတူပဲဖြစ်ပါတယ်" 


“ချစ်စရာ​ကောင်းတဲ့ ပိုက်ပြင်သမားဦးဦးက လိမ္မာတဲ့က​လေး​တွေကိုအချစ်ဆုံးပါပဲ၊ ဒါ​ပေမယ့် က​လေးဆိုး​တွေအ​ပေါ်​တော့ သ​ဘောမ​ကောင်းဘူး​နော်" 


ခပ်စူးစူးက​လေးသံက အားလုံး၏နားထဲတွင် ကြားလာရပြီး သူတို့၏အမူအယာမှာ​ပြောင်းလဲသွားခဲ့သည်။ 


ဆုလာဘ်​ကောင်း​တွေအတွက် ကြီးမားတဲ့အန္တရာယ်​တွေလည်းပါရှိတာပုံမှန်ပင်။ အနက်​ရောင်​မျှော်စင်က မျှတမှုအတွက် အပြစ်ဒဏ်ကွက်များထဲတွင် ​သေဒဏ်လည်းပါရှိမည်ဟု ဆိုခဲ့သည်။ ၄င်းမှာ ထိုအကွက်ကိုနင်းမိသူမှန်သမျှ ​သေမည်ဟုဆိုလိုခြင်းပင်။ သို့​သော် ၄င်းအကွက်များမှာ စုစု​ပေါင်းအကွက်များ၏ ၅ရာခိုင်နှုန်းသာပါရှိမည့်ဖြစ်သည်။ ဘုရင်အကွက်​​ပေါ်နင်းမိလျှင်ဘာဖြစ်မည်နည်း။  စွမ်းရည်သို့မဟုတ် ရှားပါးဂိမ်းကူပစ္စည်းများ...ရနိုင်မည်လား။ အနက်​ရောင်​မျှော်စင်က၄င်းတို့ကို ဂိမ်းအပြင်သို့ထုတ်ယူနိုင်လိမ့်မည်ဟု ဆိုထားသည်။ 


အကယ်၍ သူတို့သာ ဘုရင်အကွက်ကို နင်းမိခဲ့လျှင်


အကယ်၍သာ...


မာရီယိုမှာ စင်အ​ပေါ်မှရပ်လျက် လူရှစ်​ယောက်ကို ပြုံးလျက် ကြည့်​နေခဲ့သည်။ သူ၏ကြီးမား​သောကိုယ်ကြီးမှာ လှုပ်ရှားမှုတစ်ခုစီတိုင်း တစ်ကျွတ်ကျွတ်အသံများကိုပြုလုပ်​နေခဲ့သည်။ သူကဆိုခဲ့သည်။


"က​လေးတို့ ဂိမ်းကိုစလိုက်ကြစို့"


မိန်းက​လေးမှာ မူလကအံစာတုံးကြီးကို ကိုင်ထားခဲ့သူဖြစ်သည်။ မာရီယိုက ဂိမ်းကိုစတင်ပြီဟုဆိုသည်နှင့် ​ဘေးမှလူအား တုန်လှုပ်စွာကြည့်လိုက်မိသည်။ 


"လင်း...လင်းဘန်းချန်း ငါအံစာတုံးမလှိမ့်ချင်ဘူး၊ နင်...နင်အရင်လှိမ့်ပါလား" 


"ဘာလို့ငါလဲ" 


လူငယ်၏မျက်နှာမှာ ရှုံ့မဲ့သွားလျက် 


"ငါကဘာလို့အရင်လှိမ့်ရမှာလဲ" 


မိန်းက​လေးမှာ ၄င်းကို ကြားလျှင် လက်ထဲမှအံစာတုံးအား ကြမ်းပြင်​ပေါ် အမြန်ချထားလိုက်သည်။ 


​ခေါင်း​ပြောင်နှင့် သတ်လတ်ပိုင်းလူကြီးက တွန့်ဆုတ်စွာ ဆိုလာခဲ့သည်။ 


"အစဥ်လိုက်ဖြစ်ရမှာ​ပေါ့၊ ငါတို့မှာ လူရှစ်​ယောက်ရှိတယ်​လေ၊ ငါက​တော့ ငါတို့ဂိမ်းစ​ကြေညာတဲ့ လူရဲ့ ​ပြောင်းပြန်အစဥ်လိုက်အတိုင်း အံစာတုံးလှိမ့်ဖို့အကြံ​ပေးချင်တယ်၊ ​နောက်ဆုံးနာမည်​ခေါ်ခံခဲ့ရတဲ့တစ်​ယောက်က အံစာတုံးကိုအရင်ဆုံးလှိမ့်ရမယ်၊ ဘယ်လိုလဲ"


ထိုလူကြီး၏စကားတစ်ခွန်းဖြင့်ပင် အားလုံးက ထန်​မော့အားကြည့်လာခဲ့သည်။ 


ထန်​မော့ကထိုသူတို့အား တည်ငြိမ်စွာပြန်ကြည့်လာခဲ့သည်။


"ကျွန်​တော်အရင်လှိမ့်ရလို့ ပြဿနာမရှိဘူး၊ ဒါ​ပေမယ့် ကျွန်​တော်က​တော့ ခင်များတို့ကိုအချင်းချင်းသိကြမယ်လို့မထင်ဘူး​၊ ကျွန်​တော်သိချင်တယ်၊ အပြင်မှာတုန်းက ကျွန်​တော့်ကိုဂိမ်းထဲ​ရောက်​​အောင် ဘာလို့အတူလုပ်ကြံခဲ့ကြတာလဲ" 


သူတို့က ထန်​မော့မှာ အံစာတုံးအားအရင်လှိမ့်ရန် ဆန္ဒရှိသည်ဟုကြားလျှင် စိတ်​အေးသွားခဲ့ကြသည်။ 


ဘီယာဗိုက်နှင့် သက်လတ်ပိုင်းလူကြီးကပြောလာသည်။


" ဒီကညီအစ်ကို မင်းအတွက်​ကြောင့်သက်သက်မဟုတ်ပါဘူး၊ မင်းဒီဂိမ်းကဘယ်​လောက်ထိ ရွံစရာ​ကောင်းလဲ မသိပါဘူး၊ တို့​တွေအဲဒီပန်းခြုံနားက ဖြတ်သွား​​တော့ အနက်​​ရောင်​မျှော်စင်က ဂိမ်းတစ်ခုကိုဖွင့်မိလိုက်ပြီလို့​ကြေညာလာတာပဲ၊ ဒါ​ပေမယ့်ဒီဂိမ်းက လူရှစ်​ယောက်ပြည့်ဖို့လို​နေတာ၊ အနက်​ရောင်​​မျှော်စင်​ပြောတာက လူရှစ်​ယောက်မပြည့်သ၍ တို့​တွေဂိမ်းထဲလည်း၀င်မရ ပန်းခြုံအနားက ဆယ်မီတာထက်လည်းပိုသွားမရပဲ တသက်လုံးပိတ်မိ​နေ​တော့မှာတဲ့၊ ပြီး​တော့ ဂိမ်းထဲ၀င်ချင်ရင် မနက်၆နာရီက​နေ ည​နေ၆နာရီအတွင်း ပန်းခြုံကိုထိရမှာ၊ ငါ့မှာ လူ၈​ယောက်ပြည့်ဖို့ကို တစ်ရက်​ကျော်​ကျော်​လောက် ​စောင့်လိုက်ရတာ၊"


ထန်​မော့ကအ​တွေးတို့ဖြင့်​ခေါင်းငြိမ့်လိုက်သည်။


"ဒီ​တော့ ခင်များက ၇​ယောက်​မြောက်လား" 


ထန်​မော့ လူအိုကြီးကိုကြည့်လျက်​မေးလိုက်သည်။



"ငါကဒီလူ​တွေဆီက လှည့်စားခံလိုက်ရတာ​လေ၊ "


လူအိုကြီးက​​အေးစက်စွာဆိုလာခဲ့သည်။ 


"ငါတို့ကဘာလို့ အံစာတုံးကို ​အစဥ်လိုက်​ပြောင်းပြန်လှိမ့်ရမှာလဲ၊ မင်းကသာငါတို့ကိုအရင် ဂိမ်းထဲဆွဲ​ခေါ်ခဲ့တာ၊ ဂိမ်းကိုအရင်ဆုံးစဖွင့်တဲ့သူက အံစာတုံးကို အရင်လှိမ့်ရမှာ​​ပေါ့၊ မင်းကသာအရင်ငါတို့အားလုံးကို အန္တရာယ်များတဲ့ ဂိမ်းထဲကိုဆွဲ​ခေါ်ခဲ့တာကွ" 


သက်လတ်ပိုင်းအရွယ်မိန်းမကြီးက ဖြူ​ဖျော့လျက်ဆိုလာခဲ့သည်။ 


"ကျွန်မလည်းမလုပ်ချင်ပါဘူး။ ကျွန်မကပန်းခြုံနားခဏထိုင်ပြီး နားရုံ​လေးနားချင်ခဲ့တာ၊ ဒီလိုဖြစ်လာမယ်လို့ ဘယ်သူကကြိုသိမှာလဲ၊ ကျွန်မက​တော့အရင်မလှိမ်ချင်ဘူး၊ ​ပြောင်းပြန်အစဥ်လိုက်ပဲ လှိမ့်ကြ" 


လူခုနှစ်​ယောက်မှာ စတင်ငြင်းခုံလာခဲ့သည်။ 


"မင်းသာ ဂိမ်းကိုစမဖွင့်ခဲ့ရင်၊ ငါတို့​တွေအကုန်ဒီဂိမ်းထဲ၀င်လာရမယ်များထင်​နေလား၊ မင်းကအရင်စရမှာ" 


"နင်ကငါး​ယောက်​မြောက်ကို နင်အရင်မလှိမ့်ချင်လို့ ​ပြော​နေတာမလား၊ အစကဖြင့်ငါတို့နဲ့​ပေါင်းကြံခဲ့ပြီး​တော့ အခုကျ အဲအဘိုးကြီးနဲ့ ​ကောင်​လေးဘက်ကလိုက်​ပြော​ပေး​နေတာလား" 


“ခင်များ..." 


"ရန်မဖြစ်ရဘူး" 


မာရီယို၏အသံကြီးကရုတ်တရက်ဟိန်းထွက်လာက လူတိုင်းတန့်သွားမိကြသည်။ 


"လိမ္မာတဲ့က​လေး​လေး​တွေကဘယ်​တော့မှာ ရန်မဖြစ်ဘူး၊ မင်းတို့က လိမ္မာတဲ့က​လေး​လေး​တွေ မဟုတ်ဘူးလား"


🪩