Chapter 32
Viewers 32k

🌍Chapter 32

မာရီယိုရဲ့ မိုနိုပိုလီဂိမ်း 



သက်လတ်ပိုင်းအမျိုးသမီးကြီးမှာအံစာတုံးကို လှိမ့်လိုက်သည်။ သူမကိုယ်သူမ ကံ​ကောင်းခြင်း၏နတ်ဘုရားမဟု ယူဆကာ ထန်​မော့ကဲ့သို့ လွတ်လွတ်ကျွတ်ကျွတ်အကွက်မျိုးကို ကျနိုင်ဖို့ ဆု​တောင်း​နေခဲ့သည်။


အံစာတုံးကြီးက​မြေ​ပေါ်တွင်သုံး​လေးပါတ် လိမ့်သွားပြီး အမျိုးသမီးကြီးမှာ လက်ကိုတင်းတင်းဆုပ်လျက် ပူပန်​နေခဲ့သည်။


အံစာတုံးကြီးလည်​နေသည်က တဖြည်းဖြည်း​နှေးလာရာမှ ရပ်တန့်သွားခဲ့သည်။ နံပါတ် ၄ဟု ​​ဖော်ပြလျက်ပင်။ 


၂၄ကွက်တွင်ရပ်​နေ​သော အဘိုးကြီးမှာ အမျိုးသမီးကြီးအား မှုန်မှိုင်းစွာ ကြည့်လာခဲ့သည်။ 


လူနှစ်​ယောက်၏ မျက်လုံး​တွေကဆုံသွားကြသည်။ 


ထို့​နောက်မာရီယို၏ ​သွေးဆာ​နေ​သော ရယ်သံကြီးကိုလည်း ကြားလိုက်ရ​တော့သည်။ 


"ဂုဏ်ယူပါတယ်၊ မင်းတို့နှစ်​ယောက်က 'ငါ့ရဲ့​ပျော်ရွှင်မှုနဲ့ မျက်ရည်​တွေကို ဘယ်သူမျှ​ဝေမလဲ ' သက်​ရောက်မှုကို အသက်သွင်းလိုက်ပါပြီ၊ ချစ်စရာက​လေး​​လေးတွေက ဒီစည်းမျဥ်းအသစ်ကို ကြိုက်မှာပါ၊ အမြန်လုပ် ဆုကိုလက်ခံ​​တော့​လေ"


သက်လတ်ပိုင်းအမျိုးသမီးကြီးမှာ ခရုတစ်​ကောင်နှယ် ​လေးလံစွာ​လျှောက်သွားလိုက်စဥ် လူအိုကြီးကမူ သူမအား ​အေးစက်စွာ စိုက်ကြည့်​နေခဲ့သည်။


မာရီယိုမှာ ​လေချွန်လိုက်ပြီး သူတို့အား အလျင်စလိုမတိုက်တွန်းခဲ့​ချေ။ ထိုအစား သူကစိတ်၀င်စားစရာရှိုးပွဲတစ်ခုကို အရသာခံကြည့်​နေပုံပင်။


၅မိနစ်ကြာပြီး​နောက်တွင်မူ သူကစိတ်မရှည်​တော့ဟန်ဖြင့် ​ဒေါသတကြီးဆိုလာခဲ့သည်။


"က​လေး မင်းဘာလို့အဲဒီမှာရပ်​နေ​သေးတာလဲ၊ မင်းကဦးဦးကို မချစ်​တော့ဘူးလား၊ ဦးဦးနဲ့အတူ ဂိမ်း မကစားချင်​တော့ဘူးလား"


သက်လတ်ပိုင်းအမျိုးသမီးကြီးမှာ ​ခေါင်းကို​မော့လျက် မီး​ရောင်တို့ထွန်းလင်း​နေ​သော စင်မြင့်​ပေါ်မှာ မာရီယိုအား ကြည့်လိုက်သည်။ 


မာရီယို၏မျက်နှာတွင် ​တောက်ပ​သောအပြုံးတစ်ခုကို ဆင်မြန်းထားလျက်ပင်။ သူက​နောက်ထပ်​ပြောရန်ပြင်လိုက်​သော်လည်း အမျိုးသမီးကြီးမှာ ၂၄ကွက်သို့ ​လျှောက်သွားနှင့်​​ပြီဖြစ်သည်။


၂၂ကွက်နှင့် ၂၁ကွက်တွင် ရပ်​နေကြ​သော လူကြီးနှစ်​ယောက်က သူမကို လမ်းဖယ်​ပေးလာခဲ့သည်။ သူတို့သည်ကား စိတ်မ​ကောင်းစွာ ကိုယ်ချင်းစာ​နေပုံ​ပေါ်​သော်လည်း စိတ်၀င်စားသည်က ပို​နေပုံပင်။


အမျိုးသမီးကြီးက ၂၄ကွက်တွင်ရပ်လိုက်သည်နှင့် ထန်​မော့​ရော ကျန်လူများမှာ သူတို့နှစ်ဦးအား ပြင်းထန်စွာ စိုက်ကြည့်​နေမိခဲ့ကြသည်။ 


ထို့​နောက်တွင် သူတို့ကြားလိုက်ရသည်က


"တင်း​တောင်~ 'ငါ့ရဲ့​ပျော်ရွှင်မှုနဲ့ မျက်ရည်​တွေကို ဘယ်သူမျှ​ဝေမလဲ'ဆိုတဲ့ သက်​ရောက်မှုကို အသက်သွင်းလိုက်ပါပြီ။ အဆင့်၇အပြစ်​ဒဏ်က အသက်၀င်လာပါပြီ၊ တုနှိုင်းမဲ့တဲ့ ဦးဦးမာရီယိုဟာ လိပ်ကြီး​တွေကိုရှင်းပစ်တယ်၊ မှိုဆိုးတွေကိုနင်း​ခြေပစ်တယ်၊ မ​ကောင်းတဲ့ နဂါးဆိုး​တွေကိုနှိမ်နင်းပြီး​တော့ လှပတဲ့မင်းသမီး​လေးကိုကယ်ခဲ့တာ​ပေါ့၊ ဦးဦးမာရီယိုက အသင်း​ဖော် တစ်​​ယောက်မှမလိုခဲ့ဘူး​နော်၊ ဘာလို့ဆို သူ့ရဲ့အသင်း​ဖော်ကသူပဲမို့လို့​လေ၊ အခုသူက သူ့ရဲ့​ပျော်ရွှင်မှုနဲ့ မျက်ရည်​တွေကို မင်းနဲ့မျှ​ဝေချင်ပါတယ်တဲ့"


မာရီယိုကြီးကရယ်လိုက်သည်။ 


"ဒီသက်​ရောက်မှုအသက်၀င်လာတိုင်း အနက်​ရောင်​မျှော်စင်က ဦးကိုချီးကျူးသွားတာကို ဦးသိပ်သ​ဘောကျတာ၊ မြင်တဲ့အတိုင်းပဲ အနက်​ရောင်​မျှောင်စင်ကဦးကိုအရမ်းသ​ဘောကျပြီး​တော့ က​လေး​တွေကလည်း ဦးကို​လေးစားကြတယ်​လေ"


မည်သူမှ၄င်းကိုနား​ထောင်မ​နေကြ​​ချေ။


အမျိုးသမီးကြီးကအကွက်​ပေါ်​ခြေချလိုက်သည်နှင့် ၂၄ကွက်၏အဖြု​ရောင်အလင်းမှာ အနက်​ရောင်အဖြစ်သို့​ပြောင်းလဲသွား​တော့သည်။ 


မာရီယိုက ၄င်းကို ဂရုတစိုက်ကြည့်ရှု​နေခဲ့သည်။


ဗလာကွက်ဆိုလျှင် အ၀ါ​ရောင်အလင်း​တောက်ပလာမည်ပင်။


ဆုသို့မဟုတ် အပြစ်ဒဏ်အကွက်ဆိုလျှင်လည်း အနီ​ရောင်အလင်း​တောက်ပလာမည်ဖြစ်ကာ ဤသက်​ရောက်မှု အသက်၀င်သည့်အ​ရောင်ကမူ အနက်​ရောင်ဖြစ်နိုင်​လေသည်။ 


အမျိုးသမီးကြီးနှင့် လူအိုကြီးမှာ မျက်နှာချင်းဆိုင် ရပ်​နေခဲ့သည်။ နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး စိုက်ကြည့်​နေခဲ့ကြကာ မည်သူကမျှ မစတင်ခဲ့​ချေ။ ထိုစဥ် ​မြေကြီးကတုန်လှုပ်လာပြီး လူတိုင်းက ယိုင်သွားခဲ့ကြသည်။


 á€‘န်​မ္ဏအ အနက်​ရောင်တစ်ခုအားမြင်လိုက်ပြီး သူ၏မျက်လုံးများကပြူးကျယ်သွားခဲ့သည်။


ဘုန်း...


ကြီမား​တော့ အနက်​ရောင်မာရီယိုကြီးက လူတိုင်း၏​ရှေ့သို့ ​ကောင်းကင်​​ပေါ်မှ ကျလာခဲ့သည်။ သူက အနက်​​ယောင်ဦးထုပ်၊ အနက်​ရောင် ဖိနပ် အနက်​ရောင် လက်အိတ် စသဖြင့် တစ်ကိုယ်လုံးအနက်​ရောင်ကိုသာ ၀တ်ဆင်ထားခဲ့သည်။ အနက်​ရောင်များ၀တ်ဆင်ထားသည်က လွဲလျှင် စင်​ပေါ်မှ မာရီယိုနှင့် တစ်ပုံစံထဲပင်။


အဆင့်၄ အပြစ်ဒဏ်ကိုအသက်သွင်းမိ​သော မိန်းက​လေးမှာ ထိုအကွက်ကိုနင်းလိုက်သည်နှင့် ထွက်လို့မရ​တော့​ချေ။ သူမမှာ လိပ်ကြီး​ကြောင့်​သေလုနီးပါပင်။ သို့​သော် အဆင့်၇အပြစ်ဒဏ်တွင်ကား အမျိုးသမီးကြီးနှင့် လူအိုကြီးအား ထိုသို့တားဆီးမထား​ချေ။


ထိုအစား အနက်​ရောင်မာရီယိုကြီးမှာ သူတို့အား လှမ်းမရိုက်ခင် သည်အတိုင်း စိုက်ကြည့်​နေခဲ့​လေသည်။ ထို​ကြောက်မက်ဖွယ် ရိုက်ချက်ကြီး​ကြောင့် လူနှစ်ဦးမှာ ဆယ်မီတာခန့် လွင့်စင်သွားလျက် ကျန်လူများကမူ ​ကြောက်ရွံ့စွာ ​​ဘေးသို့ဖယ်လိုက်ကြသည်။


အနက်​ရောင်မာရီယိုကြီးမှာ ဂိမ်းထဲမှအတိုင်း ​ပြေးလွှားလျက် အမျိုးသမီးကြီးနှင့် လူအိုကြီးထံသွားလိုက်သည်။


အရိုက်ခံလိုက်ရ​သော လူနှစ်​ယောက်မှာ​တော့ ​သွေးများအန်လျက် လဲကျသွား​ကြလေသည်။ 


မာရီယိုကြီးက ကြင်နာစွာ အသိ​ပေးလာခဲ့သည်။ 


"တခြားက​လေး​လေး​တွေက ​ကြောက်စရာမလိုပါဘူးကွယ်၊ မင်းတို့က ဒီသက်​ရောက်မှုကိုမှ အသက်မသွင်းရ​သေးတာ၊ ပြဿနာမရှိပါဘူး"


မာရီယိုကြီးက အနားကို​ရောက်လာသည်နှင့် ကျန်လူများမှာလည်း မိမိကိုထိမိမည်စိုး၍ အလန့်တကြား ​ရှောင်ဖယ်မိကြသည်။


အကွက် ၁၅၀ရှိ​သော မိုနိုပိုလီ​မြေပုံကြီး​ပေါ်တွင် မာရီယိုကြီးက အမျိုးသမီးကြီးနှင့် လူအိုကြီး​​နောက်သို့လိုက်​နေခဲ့သည်။ သူကထို နှစ်ဦးအား အပြုံးဖြင့်ကြည့်လျက် လည်တိုင်များကိုဖမ်းဆွဲလိုက်သည်။


လူအိုကြီးမှာ အသက်လည်းကြီးပြီမို့ သူ၏ခွန်အားတို့တိုးလာသည့်တိုင် အမျိုးသမီးကြီးထက်​တော့ အားနည်း​နေဆဲ​ပေ။ 


ထိုအနက်​ရောင်မာရီယိုကြီးက သူတို့ထံလက်လှမ်းလိုက်ချိန်တွင် အမျိုးသမီးကြီးမှာ ဓါးကိုဆွဲထုတ်လိုက်လျက် မျက်လုံးစုံမှိတ်ကာ ​တောင်းပန်လာခဲ့သည်။ 


"​ကျွန်မ​တောင်းပန်ပါတယ်၊ ကျွန်မ မ​သေချင်လို့ပါ"


ဘန်း...


ကျယ်​လောင်​သော ​သေနတ်သံက အားလုံးကို တိတ်ဆိတ်သွား​စေသည်။ 


ထန်​မော့၏​နေရာမှဆိုလျှင် အနက်​ရောင်မာရီယိုကြီးက မြင်ကွင်းကိုကွယ်ရပ်ထားသည်မို့ ဖြစ်ပျက်သွားသည်အား မမြင်နိုင်​ချေ။ ထို​သေနတ်သံပြီး​နောက်တွင် အနက်​ရောင်မာရီယိုကြီး၏ လှုပ်ရှားမှုက ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။ သူ့လက်မှာ ထိုလူနှစ်ဦးကို ဆံပင်အဖျားကိုသာ ထိလိုက်ရ​သေးတာဖြစ်သည်။ သူက​ရယ်​​မောရင်းဖြင့်ပင် ​ပျောက်ကွယ်သွားခဲ့​လေသည်။


လူအိုကြီးနှင့် အမျိုးသမီးကြီးမှ အစွန်ဆုံးမှ စတင်ခြင်း အကွက်အနီးတွင် ရပ်​နေခဲ့ကြသည်။


သတ်လတ်ပိုင်းအမျိုးသမီးကြီးမှာ လက်ထဲတွင် ဓါးတစ်​ချောင်းကို ကိုင်လျက် လူအိုကြီးအား အရူးအမူး ထိုးစိုက်​နေခဲ့သည်။ သူမ၏မျက်နှာ​ပေါ်မှ ဆိုးယုတ်​သော အပြုံးက မ​ပျောက်ကွယ်သွားမီ သူမ၏မျက်လုံးများက​တော့ ​ကြောက်ရွံ့မှု​ကြောင့် ပြူးကျယ်​နေခဲ့သည်။ သူမ၏ပါးစပ်မှ ​သွေးအန်လျက် မျက်လုံးများကမှု မျက်ရည်တစ်စက်စီးကျလာခဲ့သည်။ ထို့​နောက် ရင်ဘတ်မှ အ​ပေါက်ကြီးနှင့် အတူ သူမမှာ တဖြည်းဖြည်းခြင်း လဲကျသွား​တော့သည်။ သူမ မ​သေခင်တွင် လူအိုကြီးအား တုန်ယင်စွာဖြင့် ​မေး​နေခဲ့သည်။


"ဘာ...ဘာလို့လဲ"


လူအိုကြီးမှာ လက်ထဲတွင် ပစ်စတိုတစ်လက်ကို ကိုင်လျက် ​လဲကျ​နေ​သော အမျိုးသမီးကြီးကို ကြည့်ကာ 


"​တောင်းပန်ပါတယ်၊ ငါမ​သေချင်​သေးလို့"


၄င်းတူညီ​သော စကားပင်ဖြစ်​သော်လည်း ရလဒ်မှာမူ အမျိုးသမီးကြီး​မျှော်မှန်းထားသည်နှင့် ကွဲပြား​နေခဲ့သည်။ သူမ၏ကိုယ်မှာ​တောင့်တင်းလျက် ရင်ဘတ်အ​ပေါက်မှစီးဆင်းလာ​သော ​​သွေးများမှာလည်း ကြမ်းပြင်​ပေါ် စိုရွှဲသွား​လေသည်။


လူကြီးမှာ သူ၏ရင်ဘတ်ကို ဖိရင်း ၂၄ကွက်သို့ ပြန်သွားလိုက်သည်။ အနက်​ရောင်မာရီယိုကြီး၏ ရိုက်ချက်​ကြောင့် သူ၏ နံရိုးတချို့ ကျိုးပဲ့သွားခဲ့​လေသည်။ သူ့တွင်အလွန်​ကောင်းမွန်​သော ကိုယ်ရှိလျှင်​တောင် ချက်ချင်း​တော့ ပြန်မ​ကောင်းနိုင်​ချေ။


လူတိုင်းက လူအိုကြီးအား သတိဖြင့် ကြည့်လိုက်ကြ​လေသည်။ ကစားသမားများအတွက် ​သေနတ်မှာ ​ကြောက်စရာအ​ကောင်းဆုံးအရာဖြစ်​နေဆဲပင်။ ထန်မော့အ​နေနှင့် ခိုး၀င်သူများနှင့် တရား၀င်ကစားသမားများ​ရော ဤဂိမ်းထဲတွင် ပါသလားမ​သေချာ​သော်လည်း အများစုမှာ အရံကစားသမားများသာ ဖြစ်​ပေလိမ့်မည်။ ကြိုတင်ပြင်ဆင်မထားပါက ထန်​မော့က ​သေနတ်ကို​ရှောင်နိုင်လိမ့်မည်မဟုတ်။ ယခု​လေးတင် တိုက်ခိုက််ံရခြင်းမှာ မိမိဖြစ်ပါက ​သူ့အ​နေနှင့်​သေချာ​ပေါက် အပစ်ခံရလိမ့်မည်။ ​သေ​တော့မ​သေနိုင်​​သော်လည်း အ​ခြေအ​နေက ဆိုးရွား​နေဦးမှာပင်။


ထန်​မော့ အမျိုးသမီးကြီး၏ အ​လောင်းကို ကြည့်လျက် ကျန်​ခြောက်​ယောက်ထံ လှည့်ကြည့်လိုက်သည်။


ဤ​ခြောက်​ယောက်ထဲတွင် တစ်​ယောက်က​တော့ တရား၀င်ကစားသမား ဖြစ်လိမ့်မည်။


လွန်ခဲ့​သော ၂နာရီခန့်က သူကလူ၇ဦးထံမှ ဂိမ်းထဲ ဆွဲ​ခေါ်လာခြင်းခံလိုက်ရသည်။ လူအိုကြီးမှာ သာမာန်ပင်ဖြစ်ကာ သူက​ခြေ​ထောက်အဆစ်လွဲမလွဲကိုလည်း

ဂရုမစိုက်ခဲ့​ချေ။ ဤကမ္ဘာကြီးထဲတွင် ထန်​မော့၌ လူအိုကြီးကို ကူညီလိုသည့်နှလုံးသားမရှိခဲ့​ချေ။ ၄င်းမှာလည်း ထိုလူ၃​ယောက် ​ပေါင်းလျက် သရုပ်​ဆောင်​နေ​​သော ပြဇာတ်တစ်ခုသာဖြစ်​ကြောင်း သူရိပ်မိပြီးသားပင်။ 


ထိုလူတို့က လူစိမ်းတစ်​ယောက်ထံ အကူအညီ​တောင်းဖို့ အသည်းအသန်ဖြစ်​နေသည်ကပင် သံသယ၀င်ရန် လုံ​လောက်​လေသည်။


ပြဿနာမှာ ထန်​မော့က၄င်းကိုရိပ်မိ၍ ချက်ချင်း​ရှောင်​ပြေးခဲ့ပါ​သော်လည်း တစ်စုံတစ်ဦးက ​လေစွမ်းအင်ကို အသက်သွင်းလျက် ထန်​မော့အား ဆွဲယူကာ ဤဂိမ်းထဲဆွဲချခဲ့ခြင်းပင်။


ထို့​ကြောင့် ဤလူထဲမှ တစ်​ယောက်က​တော့ စွမ်းရည်ကျိန်း​သေရှိ​နေသည်။ လူ၇ဦး၏ပုံပန်းသဏ္ဍာန်ကို အကဲခတ်ရသ​လောက်​တော့ ခိုး၀င်သူပါရှိနိုင်​ချေများလှသည်။ အရံကစားသမားများတွင်လည်း စွမ်းရည်ပိုင်ဆိုင်နိုင်​ချေနည်းလှကာ ​လော​လောဆယ် ဖြစ်နိုင်​ချေထဲမှဖယ်ထုတ်ထားနိုင်သည်။ 


ထန်​မော့၏ အကြည့်တို့က လူ၇​ယောက်အ​ပေါ် ဂရုတစိုက်နှင့်ဖြတ်သန်းသွားလျက် ကတုံးနှင့်လူနှင့် ဘီယာဗိုက်နှင့်လူထံ ရပ်တန့်သွားခဲ့သည်။


ကတုံးနှင့်လူက သက်လတ်ပိုင်းအမျိုးသမီးကြီး၏ အ​လောင်းကို ရှုပ်​ထွေး​နေ​သော အမူအယာဖြင့် ကြည့်​နေခဲ့သည်။ ဘီယာဗိုက်နဲ့ ​ယောကျာ်းကမူ တိတ်ဆိတ်​နေလျက် သူ၏အထင်အမြင်ကို မ​ဖော်ပြခဲ့​ချေ။ သူတို့က အတူတကွပင် လူအိုကြီးအား လှည့်ကြည့်လိုက်ကြ​သော်လည်း သူတို့မျက်နှာတွင် ပူပန်မှုသိပ်ရှိမ​နေပုံပင်။


စွမ်းရည်ရှိသူက ဤလူနှစ်ဦးထဲမှ တစ်ဦးဖြစ်သင့်​ပေသည်။ 


ကတုံးနှင့်လူမှာ အံစာတုံးကို စတင်လှိမ့်လိုက်သည်။ 


အံစာ​နောက်တစ်ကြိမ်လှိမ့်ရချိန်တွင် မည်သူကမျှ ထိုငရဲကဲ့သို့ သက်​ရောက်မှုကို အသက်မသွင်းမိခဲ့​ချေ။ တိုက်ဆိုင်စွာပင် ကတုံးနှင့်လူကြီးက နံပါတ်၆ကိုကျခဲ့ပြီး အကွက် ၅၉တွင်ရပ်လျက် ​ရှေ့ဆုံးမှ ဦး​ဆောင်​နေခဲ့သည်။  ထန်​မော့သည်လည်း အလွန်ကံ​ကောင်းလှစွာ၅၃ကွက်တွင် လွတ်လွတ်ကျွတ်ကျွတ်ရပ်​နေခဲ့သည်။


ငယ်ရွယ်​သောစုံတွဲ၏ နံပါတ်များမှာတော့ နီးစပ်နေခဲ့ပြီး ၄၅နှင့် ၄၂ကွက်များတွင် အသီးသီးရပ်​နေခဲ့ကြသည်။ 


ဘီယာဗိုက်နှင့် ​ယောကျာ်းမှာ​တော့ ၃၆ကွက်တွင် ရပ်​နေခဲ့​လေသည်။ သူ၏အမူအယာကသိပ်မ​​ကောင်းလှ​ချေ။ သက်လတ်ပိုင်းလူကြီးတစ်ဦးမှာ​တော့ ၄၇ကွက်တွင်ရပ်​နေပြီး လူအိုကြီးက​တော့ ၃၉ကွက်တွင်ရပ်​နေခဲ့သည်။ 


လူအိုကြီး အံစာပစ်ရန် အလှည့်​​​ရောက်သည်နှင့် သူ၏​ရှေ့မှာ လူငယ်စုံတွဲမှာ အလွန်စိတ်လှုပ်ရှားလာခဲ့သည်။ မိန်းက​လေး၏ ခန္ဓာကိုယ်မှာ အလွန်မြန်မြန်သက်သာ​နေခဲ့ပြီး​ချေပြီ။ သူမတွင်ဒဏ်ရာများရှိ​သေး​သော်လည်း သစ်သီးလှီးဓါးကို တင်းတင်းဆုပ်ထားခဲ့သည်။ အကယ်၍ လူအိုကြီးကသူမ၏အကွက်သို့ ​ရောက်လာခဲ့ပါက သူမအ​နေနှင့်တွန့်ဆုတ်​နေလိမ့်မည်မဟုတ်​ချေ။ တဖက်လူက သူမကိုပစ်ချိန်မရလိုက်ခင်မှာပင် သူမညှာတာမ​နေပဲ သတ်လိုက်မှာဖြစ်သည်။ သူမ၏ရည်းစားတွင်လည်း ထိုအ​တွေးရှိ​နေပုံရကာ လူအိုကြီးအား စူးရဲစွာ စိုက်ကြည့်​နေခဲ့​လေသည်။


အံစာတုံးမှာ ​လေထဲနှစ်ကြိမ်ခန့် လည်သွားခဲ့သည်။


ဘုန်း...


၄င်းမှ ၁ပင်။


လူငယ်စုံတွဲမှာ စိတ်သက်သာရရသွားခဲ့သည်။ လူအိုကြီးက​တော့ ​ဇော​ချွေးများပြန်လျက်ပင် အကွက်၄၀သို့ ​​လျှောက်သွားလိုက်သည်။


"တင်း​တောင်~အလွတ်ခုန်အကွက်ကို အသက်သွင်းလိုက်ပါပြီ၊ အ​​ရှေ့အကွက် ၃၀ ထဲက ကြိုက်တဲ့ အကွက်ကိုခုန်လို့ရသလို ​နောက်ကိုလည်း ကြိုက်တဲ့အကွက်ကို ပြန်ခုန်လို့ရပါတယ်။ အရင်ကျဖူးတဲ့ အကွက်​ကို​တော့ပြန်ခုန်လို့မရပါဘူး​နော်" 


လူအိုကြီးမတိုင်ခင်က ကတုံးနှင့်လူကြီးသည်လည်း အလွတ်ခုန်အကွက်ကိုကျဖူးပြီး သူက ၂၉ကွက်ကို ​ခုန်ရန် ရွေးချယ်ခဲ့သည်။ မူလက သူကထန်​မော့၏​နောက်တွင်ရှိ​နေပြီး ယခု ထန်​မော့​ရှေ့​ရောက်​နေခဲ့တာဖြစ်သည်။ သို့​သော် ကတုံးနှင့်​လူကြီးမှာ ထန်​မော့ရပ်ဖူး​သော အကွက်ကို ခုန်ရန်​ရွေးချယ်ခဲ့ပြီး ၆ဂဏန်းကိုလည်း အကြိမ်အနည်းငယ်ပစ်မိခဲ့​ပြီး ​ရှေ့ဆုံးသို့​ရောက်ရှိသွားခဲ့သည်။


ဤတစ်ကြိမ်တွင် လူအိုကြီး​ရွေးချယ်ရမည့်အလှည့်ပင်။ 


လူအိုကြီး၏အသံမှာ ဆုံးဖြတ်ပြီးဟန်ဖြင့် လွန်စွာတည်ငြိမ်​​နေခဲ့သည်။ 


"၂၉ကွက်ကိုပြန်သွားဖို့ ​ရွေးပါမယ်" 


"တင်း​တောင်~သင်က ၂၉ကွက်ကိုပြန်သွားဖို့ ​ရွေးချယ်လိုက်ပါပြီ။ ၂၉ကွက်က အလွတ်ခုန်အကွက်ဖြစ်ပါတယ်၊ ဆက်တိုက်ခုန်ခြင်းကိုတားမြစ်ထားတာ​ကြောင့် အလွတ်ခုန်ခြင်းက အသက်၀င်​တော့မည်မဟုတ်ပါ" 


လူအိုကြီးက ​ခေါင်းငြိတ်လိုက်ပြီး ဘာမှပြန်မ​ပြော​တော့​ချေ။ 


စင်​ပေါ်မှ မာရီယိုမှာ လူအိုကြီးအား ပြုံးလျက် ကြည့်​နေခဲ့သည်။


ထန်​မော့၏​ရှေ့တွင်ရပ်​​နေ​သော ကတုံးနှင့်လူကြီးမှာ အလွန်ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ 


"ဒီလူအိုကြီးကရူး​နေတာပဲ။ သူက​နောက်ဆုံး​​​ရောက်​နေပြီးသားကို၊ ငါတို့ကိုလည်းလိုက်မှီမှာမဟုတ်တာကို ဘာပဲဖြစ်ဖြစ် သူက​တော့ မာရီယိုသတ်လို့ ​သေမှာပါပဲ"


ထန်​မော့ ထိုလူအား ကြည့်လိုက်မိသည်။ 


လူအိုကြီး၏ အကြံမှာ ထိုမျှမရိုးရှင်းနိုင်​ချေ။ 


သူကအ​ရှေ့ကိုတိုးရမည့်အစား ​နောက်ကိုဆုတ်ရန်​ရွေးချယ်ခဲ့သည်။ ပထမဆုံးသိသာသည့် အ​ကြောင်းပြချက်မှာ လူကြပ်ခြင်းကို​​ရှောင်ရှားရန်ဖြစ်သည်။ လူအိုကြီး၏ အစွမ်းအထက်ဆုံးလက်နက်မှာ ​သေနတ်ဖြစ်သည်။ သို့​သော် သူ၏၀ှက်ဖဲကို သူကိုယ်တိုင်ထုတ်ပြလိုက်ပြီးဖြစ်သည်။ အကယ်၍ ထို​သေ​စေနိုင်​သော သတ်မှတ်ချက်ကို အသက်သွင်းမိပါက ထိုပစ်စတို​လေးက အလုပ်ဖြစ်ဦးမည်ဟုလည်း မ​​သေချာ​ချေ။ ထို့​ကြောင့် တခြားလူများနှင့် ​ဝေး​လေ​ကောင်း​လေ​ပင်။


ဒုတိယအ​နေဖြင့် လူအိုကြီးမှာ အလွန်​ကောင်းမွန်​သော ​နေရာကိုရွေးချယ်ထားခြင်းဖြစ်သည်။ ၂၉ကွက်မှာ အလွတ်ခုန်ကွက်ဟု သတ်မှတ်ထားပြီးသားပင်။ ခုန်ရန်လည်း အလွန်အန္တရာယ်ကင်း​လေသည်။ ထို့အပြင် ထိုအကွက်မှာ ဘီယာဗိုက်နှင့်​ယောကျာ်း၏ အရင်​နေရာနှင့် ဂဏန်း၇ခုမျှသာ ကွာခြား​လေသည်။


နံပါတ် ၇မှာလည်း အလွန်လုံခြုံလှသည်။ လူအိုကြီးအ​နေနှင့် အံစာပစ်လျှင် အလွန်ဆုံးကျနိုင်​သော နံပါတ်မှ ၆သာဖြစ်ကာ ဘီယာဗိုက်နှင့် ​ယောကျာ်းကို မှီဦးမည်မဟုတ်​ချေ။ သူ့အ​နေနှင့် အချိန်ကြာကြာ လုံခြုံစွာ​နေနိုင်လိမ့်မည်။ ထို့အပြင် ကွာခြားချက်မှာလည်း သူလိုက်မမှီနိုင်​လောက်သည်အထိ မကြီးလှ​ချေ။ နံပါတ်ကြီးကြီး တစ်ခု​လောက်ပစ်နိုင်လိုက်သည်နှင့် ဘီယာဗိုက်နှင့် ​ယောကျာ်းကို အသာလိုက်မှီနိုင်​လေသည်။


ထန်​မော့မှာ လူအိုကြီးကို တည်ငြိမ်စွာကြည့်လိုက်သည်။ လူအိုကြီးမှာ ထိုအကြည့်ကိုခံစားမိပုံဖြင့် လှည့်ကြည့်လာခဲ့သည်။ 


အံစာတုံးက​လေထဲတွင် လိမ့်လာလျက် ထန်​မော့၏လက်ထဲ ကျ​ရောက်သွားခဲ့သည်။ သူကအံစာတုံးကို ဖမ်းလျက် သာမာန်ကာလျှံကာပင် ပစ်လိုက်သည်။


၄င်းမှာ ၁ပင်။


ထန်​မော့မှာ ​ရှေ့သို့တစ်ကွက်တိုးလျက် ၅အကွက်တွင် ရပ်လိုက်သည်။


ယခုသည် အံစာပစ်သည်က ၈ကြိမ်​မြောက်ရှိပြီဖြစ်ကာ မည်သုကမျှ 'ငါ့ရဲ့​ပျော်ရွှင်မှုနဲ့ မျက်ရည်​တွေကို ဘယ်သူမျှ​ဝေမလဲ'ဟူသည့် သက်​ရောက်မှုကို အသက်မသွင်းမိကြသေး​ချေ။


လူတိုင်းမှာ ​ပေါ့ပါး​နေကြပြီး အံစာပစ်သည့် ​နောက်တစ်လှည့်​ရောက်သည်အထိ ​အေး​အေး​ဆေး​ဆေး ​ရှေ့သို့တိုး​နေကြဆဲပင်။ 


ကတုံးနှင့်လူကြီးမှာ အကွက် ၆၀ တွင်ရပ်​နေခဲ့သည်။ 

ထန်​မော့ အံစာတုံးပစ်ခါနီးတွင် ကတုံးနှင့်လူကြီးက လှည့်ကြည့်လျက် ရုတ်ချည်းဆိုလာခဲ့သည်။


"၆​တော့မကျ​လောက်ပါဘူး​နော်၊ မဖြစ်နိုင်ပါဘူး" 


ကြီးမား​သော အံစာတုံးကြီးက ကြမ်းပြင်​ပေါ်တွင် လိမ့်သွားခဲ့သည်။


ဘုန်း...


နံပါတ် ၆ဂဏန်းက အဟုတ်ပင် ကျသွားခဲ့သည်။ 


ကတုံးနှင့်လူကြီး၏ အပြုံးမှာ ​အေးခဲသွားလျက် ထန်​​မော့က မျက်​မှောင်ကျုံ့လိုက်မိသည်။


လူနှစ်ဦးမှာ ၆ကွက်အကွာစီမှ တစ်ဦးကို တစ်ဦး ကြည့်​နေကြပြီး မည်သူကမျှ အရင် မ​ရွေ့လျားခဲ့ကြ​ချေ။

ကတုံးနှင့် လူကြီးမှာ လက်နက်တစ်ခုကို ထုတ်ယူ​တော့မည့်နှယ် သူ၏အင်္ကျီအိတ်ထဲ စမ်းလိုက်သည်။ သို့​သော် သူကချက်ချင်းထုတ်မလာပဲ သူ၏လက်ကို အင်္ကျီအိတ်ထဲတွင်သာ ထိုးထည့်ထားခဲ့သည်။ ထန်​မော့သည်လည်း သတိမလွတ်၀ံ့ပဲ လူ၏လက်မှာ လက်​ကောင်၀တ်မှ မီးခြစ်ဆံတက်တူးကို အသာဖိထားခဲ့သည်၊ ထို့​နောက်သူက ​ခြေကိုကြွလျက် အကွက် ၆၀သို့​လျှောက်သွားလိုက်​လေသည်။


​နောက်ဘက်မှ လူ၅​​ယောက်မှာ သူတို့၂ဦးအား ကြည့်​နေခဲ့ကြသည်။ 


"တင်း​တောင်~ 'ငါ့ရဲ့​ပျော်ရွှင်မှုနဲ့ မျက်ရည်​တွေကို ဘယ်သူမျှ​ဝေမလဲ'သက်​ရောက်မှုကို အသက်သွင်းလိုက်ပါပြီ"


ထန်​မော့ အကွက်၆၀တွင် ရပ်လိုက်ပြီး ထို​ကြေညာသံမဆုံးခင်မှာပင် ကတုံးနှင့်လူက သူ၏အင်္ကျီထဲမှ ထက်မြ​သောဓါးတစ်​ချောင်းကို ဆွဲထုတ်လိုက်ပြီး ထန်​မော့အား တိုက်ရိုက် ထိုးချလာခဲ့သည်။ ထန်​မော့မှာ ပြင်ဆင်ထားပြီးသားမို့ ဘယ်​ခြေ​ထောက်ကို ဆုတ်လျက် သွက်လက်စွာ​ရှောင်လိုက်သည်။ ထို့​နောက် ဒူးကိုမြှင့်လျက် ထိုလူ၏ တံ​တောင်အား ကန်ထည့်လိုက်လျှင် ကတုံးနှင့်လူမှာ နာကျင်စွာ ​အော်ဟစ်လျက် လက်ထဲမှ ဓါးမှာလည်း လွတ်ကျသွား​တော့သည်။


🪩