အပိုင်း ၁၄၈
Viewers 29k

Chapter 148


" ချီချီ မာမီက ဘာလို့ဆူတာလဲ ..."


" ဘာလို့လဲဆိုတော့ ဖုယွီကောကောပါတဲ့ ဗီဒီယိုကို ကြည့်မိလို့ ..."


ရှအန်းက ပြည်တွင်း၌ ပိတ်ပင်ခံရပြီးသော်လည်း ဤမျှကောင်းကောင်းမွန်မွန်နေနိုင်မည်ဟု သူမထင်ခဲ့မိပေ။


ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ရှအန်း၏ လှပသောမျက်နှာက ပန်းပွင့်သဖွယ် ပွင့်လန်းနေသည်။ သူ၏ရင်ထဲကို တစ်စုံတစ်စုံဖြင့် ဝင်တိုက်သွားသကဲ့သို့ နာကျင်လာသည်။


ဒီလိုလှပတဲ့ မိန်းကလေးက အရင်ကတော့ သူ့အတွက် ဖြစ်ခဲ့တာပဲ ... ခုတော့ ဆုံးရှုံးသွားခဲ့ပြီပဲလေ ...


" ဒယ်ဒီ ဖုယွီကောကောက အခုအရမ်းပျော်နေပုံပဲ ..."


သူ၏သမီးလေး၏ အသံကိုကြားသောအခါမှ ဖုရှန်းခေါင်းငုံ့ပြီး ကလေးမလေးကို ကြည့်လိုက်မိသည်။ ကလေးလေးက သူ၏ရင်ခွင်ထဲတွင်ထိုင်ပြီး တီဗွီတူတူကြည့်နေကြသည်။


" ဟုတ်တယ်နော် ..."


သူ အဘယ့်ကြောင့်မှန်းမသိသော်လည်း ရုတ်တရက် ရယ်ပြီး နူးညံ့စွာရေရွတ်လိုက်သည်။

" ဒါပေမဲ့ သူ့ကို ဖုယွီကောကောလို့ ခေါ်လို့မရတော့ဘူးနော် ... သူကအခု ရှရှင်းချန်ဖြစ်နေပြီ ..."


"ဒယ်ဒီ ကောကောရှောင်ရှင်းက ဘာလို့ သူ့မျိုးရိုးနာမည်ကိုပြောင်းလိုက်တာလဲ ... သူက ဒယ်ဒီ့ရဲ့ကလေး မဟုတ်လို့လား ..."

ဖုအန်းချီက  အရည်လဲ့နေသော မျက်လုံးဝိုင်းကြီးများဖြင့် သံသယမကင်းစွာမေးလိုက်သည်။


" အင်း ... သူက ဒယ်ဒီ့ရဲ့ကလေး မဟုတ်ဘူးလေ ..."

ထိုသို့ပြောလိုက်ချိန်တွင် အကြောင်းမှန်းမသိသော်လည်း ရင်ထဲ ခါးသက်သက်ဖြစ်သွားသည်။


ရှကျင်းနှင့် လက်ထပ်လိုက်ချိန်မှစ၍ ရှအန်းနှင့် မတွေ့ခဲ့တော့ပေ။ သို့ရာတွင် သူ၏ရင်ထဲ၌ ရှအန်းမရှိတော့ဟု မဆိုလိုပေ။ အပေါ်ယံတွင် သူ့သမီးလေးကို ပိုချစ်ပြနေသော်လည်း သူ၏သားကို ပို၍ ဂရုစိုက်နေမိသည်။


ရှောင်ရှင်းက သူနှင့် ရှအန်း၏သားဖြစ်သည်ဟု ထင်ခဲ့မိသည်။


ရှောင်ရှင်းချန်က သူ့သားမဟုတ်ဟု တစ်ကြိမ်မှ မတွေးခဲ့ဖူးပေ။ ဖုရှန်းက ရှအန်းသူ့ကို မည်သည့်ယောက်ျားနှင့် ဦးထုပ်စိမ်းဆောင်းပေးသည်ကို မသိပဲ ထိုကလေးကို ခြောက်နှစ်တာ အချည်းနှီးစောင့်ရှောက်လာခဲ့ရသည်။

(  ဦးထုပ်စိမ်းဆောင်းတယ်ဆိုတာ ဖောက်ပြန်တာကို ပြောတာပါ )


သူကလွဲ၍ သူမတွင် တခြားယောကျာ်းရှိခဲ့သည်။


" ဒါပေမဲ့ ဒယ်ဒီ ... ဖုယွီကလည်း အန်တီ့ရဲ့ကလေးမဟုတ်ဖူးလေ ... ဘာလို့ အန်တီ့ရဲ့မျိုးရိုးနာမည်ပြောင်းလိုက်တာလဲ ..."


နူညံ့သောအသံတစ်ခုက ဖုရှန်း၏ အတွေးများကို နှောင့်ယှက်လိုက်သည်။


နူညံ့သောကလေးသံလေးက အလွန်ချိုသာသော်လည်း  ဖုရှန်း၏နားထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသကဲ့သို့ ဖြစ်သွားသည်။


" ဘုန်း ..."


ခေါင်းထဲတွင် တစ်စုံတစ်ခု ပေါက်ကွဲသွားသည်ဟုပင် ခံစားလိုက်ရသည်။ သူ့သမီးလေး၏ ပခုံးသေးသေးလေးကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်မိသည်။


" ချီချီ ဘာပြောလိုက်တာလဲ ..."


သူ့သမီးလေး၏ စကားများက ထိတ်လန့်သွားစေသော်လည်း ရင်ထဲတွင် အမျိုးအမည်မသိနိုင်သည့် မျှော်လင့်ချက်တစ်ခု ထွက်ပေါ်လာသည်။


ဟုတ်တယ် မျှော်လင့်ချက်တစ်ခု ...


ရှအန်းက သု့ကိုမည်သည့်အခါမျှ သစ္စာမဖောက်ဟု သူမျှော်လင့်ခဲ့မိသည်။ သို့ရာတွင် ရှရှင်းချန်ရှ်ိနေခြင်းက ရှအန်းသူ့ကို သစ္စာဖောက်သွားသည်ဟု အချိန်တိုင်းသတိပေးနေသကဲ့သို့ပင်။ သူက ရှရှင်းချန်၏အဖေ မဟုတ်ပေ။


" နာတယ် ဒယ်ဒီ ... နာနေပြီလို့ ..."

ဖုရှန်းက သူမကိုဖိညှစ်ထားမိသည့်အတွက် ဖုအန်းချီ နာကျင်စွာအော်လိုက်မိသည်။


" ချီချီ တောင်းပန်ပါတယ် ... ဖေဖေမှားတာပါ ... ခုနက ဒယ်ဒီ့ကိုပြောနေတာက ..."


သူလက်လွှတ်လိုက်ပြီး သူ့သမီးလေးကို မေးလိုက်သည်။


သူ အဖြေမရမီမှာပင် ရှကျင်းက ရုတ်တရက်ပေါ်လာပြီး ဖြတ်ပြောလိုက်သည်။


" ဖုရှန်း ကျွန်မသမီးကိုလွှတ်စမ်း ... ရှင်ဒေါသထွက်မယ်ဆို ကျွန်မကိုပဲထွက် ... ကလေးကို အပြစ်ပုံမချနဲ့ ..."


အခန်းထဲမှထွက်သွားသည့်ရှကျင်းက ရုတ်တရက် ပြန်ပေါ်လာပြီး ဖုရှန်းဘေး၏ ပေါင်ပေါ်တွင်ထိုင်နေသည့် ဖုအန်းချီကို သူမရင်ခွင်ထဲထည့်လိုက်သည်။


" ရှကျင်း မင်းဘာတွေပြောနေတာလဲ ..."

ဖုရှန်း သူမကိုမြင်ရသည်ကို ပို၍စက်ဆုပ်လာသည်။


သူ ရှကျင်းနှင့် ဆက်နေနေသည်မှာ သူတို့တွင် သမီးလေးတစ်ယောက် ရှိနေသောကြောင့်ဖြစ်သည်။ သို့သော် ယခုအခါတွင် အနည်းငယ်စိတ်မပါလက်မပါ ဖြစ်လာသည်။


အကယ်၍ အစောပိုင်းက ဖုအန်းချီပြောခဲ့သည်က အမှန်ဖြစ်ပါက ...


" အဓိပ္ပါယ်မရှိတာတွေ လာမပြောနဲ့ ..."

ထို့နောက် ရှကျင်းက ဖုအန်းချီကိုဖက်၍ အလုပ်ခန်းထဲမှထွက်သွားသည်။


သူ၏သမီးကိုချီကာ ထွက်သွားသော ရှကျင်း၏ကျောပြင်ကို ကြည့်နေမိသည်။ ပါးစပ်ဟ၍ တစ်စုံတစ်ခုပြောချင်သော်လည်း သမီးလေးကြားသွားမည်စိုး၍ မပြောတော့ပေ။


အခွင့်ကြုံမှသာ သူ့သမီးလေးကို ထိုကိစ္စအကြောင်း ဂရုတစိုက်မေးမြန်းရမည်။



" ရှအန်း၏စတားဘဝ" က အလွန်ရေပန်းစားနေသည်။


ဤရှိုးကို အမေရိကန်တွင် ထုတ်လွှင့်ခဲ့သည်က အရက်အနည်းငယ်သာရှိသေးသော်လည်း ရှအန်းလာရောက်ခဲ့သည့် ဟိုတယ်နှင့် စားသောက်ဆိုင်က အွန်လိုင်းဆယ်လီရှင်များ၏လည်ပတ်ရာဆိုင် ဖြစ်လာသည်။


ရှအန်း၏ရှိုးတစ်ခုတွင် စားသောက်ဆိုင်တစ်ဆိုင် ပေါ်လာတိုင်း ၎င်းကမည်မျှပင်ဈေးကြီးသောနေရာဖြစ်ပါစေ လူအများအပြား လာရောက်လည်ပတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ရှအန်းက ထိုနေရာတွင် လှလှပပနှင့် စားချင်စဖွယ်ဖြစ်အောင်စားသောက်ပြသွားခဲ့သော‌ကြောင့်ပင်။


ထိုစားသောက်ဆိုင်များ၏ အလှည့်အပြောင်းက သိသိသာသာပင် တိုးတက်လာသည်။ လူအများက ထိုနေရာသို့နေ့တိုင်းလာကြပြီး ရှအန်းစားခဲ့သည်များကိုသာ မှာစားကြသည်။


ရှအန်း ပရ်ိုဂရမ်ရိုက်ကူးနေစဉ်နေထိုင်ခဲ့သည့် ကုမိသားစုပိုင် ကြယ်ငါးပွင့်ဟိုတယ်ကြီးတွင် သူမ၏ပရိသတ်များဖြစ်သည့် ပြည်တွင်းမှလူများနှင့် နိုင်ငံခြားသားများက ဟိုတယ်အခန်းများကိုကြိုတင်ရက်ချိန်းယူပြီး လာရောက်လည်ပတ်ကြသည်။


ရှအန်းက တစ်နေ့လျှင် ဒေါ်လာ‌သိန်းချီတန်သည့် အကောင်းစားဇိမ်ခံအိမ်ကြီးတွင် နေထိုင်ခဲ့သောကြောင့် သာမန်လူများက မတတ်နိုင်ကြပေ။ ပုံမှန်အခန်းများတွင်သာ နေထိုင်နိုင်သည်။


ဤရှိုးတွင် ဟိုတယ်၏ ခမ်းနားကြီးကျယ်ပုံသာမက ဟိုတယ်၏ ဝန်ဆောင်မှုနှင့် အစားအသောက်ကောင်းမွန်မှုများကိုပါ ပြသထားသည်။


ယခုခေတ်တွင် ဟိုတယ်ပေါင်း မြောက်များစွာရှိသော်လည်း ဝန်ဆောင်မှာမကောင်းခြင်း သို့မဟုတ် သန့်ရှင်းမှုမရှိခြင်းနှင့် အစားအသောက်များ မကောင်းမွန်ခြင်းတို့ ရှိတတ်ကြသည်။


ထို့ကြောင့် တည်းခိုနေထိုင်ရန် ဟိုတယ်ရွေးချယ်ခြင်းက အင်တာနက်အသုံးပြုသူများရင်ဆိုင်နေရသည့် ပြဿနာတစ်ခု ဖြစ်လာသည်။ " ရှအန်း၏စတားဘဝ"တွင် သူနေထိုင်ခဲ့သည့်ဟိုတယ်ကို အားလုံးမြင်လိုက်ကြသည်။ ထိုဟိုတယ်က သန့်ရှင်းရုံသာမက ဝန်‌ဆောင်မှုလည်း အလွန်ကောင်းမွန်လှသည်။ အရေးကြီးဆုံးမှာ ရိုက်ကူးရေး‌လုပ်နေစဉ်အတွင်း ရှအန်းက ဟိုတယ်၏ မနက်စာနှင့် အချိုပွဲများကို အလွန်အကြိုက်တွေ့ခဲ့ခြင်းပင်။


ထို့ကြောင့်  ဟိုတယ်၏ မနက်စာနှင့် အချိုပွဲများက အလွန်အရသာရှိမည်ဟု ထင်လိုက်ကြသည်။


ထို့ကြောင့် ရှအန်းကို ဆုံတွေ့လိုပြီး ကြယ်ပွင့်တို့၏ဘဝကို တွေ့ကြုံလိုသူများက အမေရိကန်နိုင်ငံမှ ကုမိသားစု၏ အသစ်ဖွင့်လှစ်ထားသော ကြယ်ငါးပွင့်ဟိုတယ်သို့ လာရောက်ကြသည့်အတွက် ဟိုတယ်အခန်းများအားလုံးတွင် ရက်ချိန်းယူထားသူများဖြင့် ပြည့်နေသည်။ 


၎င်းက ဟိုတယ်၏အကြီးအကဲကို အံ့ဩ၍ ဘာပြောရမည်မသိ ဖြစ်သွားစေသည်။ မည်သည့်နေရာကလာမှန်းမသိသော လူမသိသူမသိ အနုပညာရှင်က သူတို့၏ အသစ်ဖွင့်လှစ်ထားသောဟိုတယ်တွင် ဈေးအကြီးဆုံးနေရာတွင်နေထိုင်သည်ကို အလိုမကျဖြစ်ခဲ့မိသည်။


ယခုအခါ သူမက ချမ်းသာကြွယ်ဝမှုနတ်ဘုရားမဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။


ဘယ်သူကတွေးမိမှာလဲ ...


ဟိုတယ်တာဝန်ခံသာမက မစ္စတာကုလည်း မထင်မှတ်ထားခဲ့ပေ။ သူ၏မြေးလေးကို ဂရုစိုက်ပေးခဲ့သောကြောင့် သူမကို ကျေးဇူးပြန်ဆပ်ခြင်းသာဖြစ်သည်။ အပြန်အလှန်အားဖြင့် အကျိုးကျေးဇူးများ ပြန်လည်ရရှိလာမည်ဟု မထင်ထားသဖြင့် နေရထိုင်ရခက်နေသည်။