အပိုင်း ၁၄၉
Viewers 29k

Chapter 149


ဤအခြေအနေကို ရှိုးကိုအဓိက ဖန်တီးသူဖြစ်သည့် ဟန်ယွဲ့ပင် မမျှော်လင့်ထားခဲ့ပေ။ 


"ရှအန်း၏စတားဘဝ" ပထမပိုင်းကို သူ အလွန်ပင် ကျေနပ်အားရခဲ့သည်။ သို့ရာတွင် ဤရှိုးက ချက်ချင်းအောင်မြင်သွားမည်ဟု မထင်ခဲ့ပေ။ ရက်အနည်းငယ်သာရှိသေးသော်လည်း ရှိုးကို အလွန်ပင် လူကြိုက်များနေပြီဖြစ်သည်။


ရှအန်းရဲ့ ကြယ်ပွင့်သက်ရောက်မှုကတော့ ချဲ့ကားလွန်းပါတယ် ... သူမက အခုဆိုရင်trendထဲတောင်ရောက်နေပြီ ...


" ရှအန်း မင်းအခု တကယ်နာမည်ကို နာမည်ကြီးလာပြီနော် ... အမေရိကန်မှာတောင် ကျော်ကြားတဲ့အနုပညာရှင် ဖြစ်နေပြီ ..."

အခြေအနေက မယုံကြည်နိုင်ဖွယ်ရာဟု ဟန်ယွဲ့တွေးနေမိသည်။


ရှအန်ူက မျက်မှောင်ကြုတ်ပြီး မပျော်မရွှင်ဖြစ်နေပုံရသည်။

" ဟန် အဲ့တာတွေထားလိုက်ပါဦး ... ကျွန်မရှင့်ကို ပြောစရာရှိတယ် ..."


" ဘာကိစ္စရှိလို့လဲ ..."


" ကျွန်မ ဟိုတယ်ပြောင်းချင်တယ် ... ဝင်ထွက်သွားလာနေရတာ အဆင်မပြေဘူး ..."


ရှိုးကို ရုပ်သံလွှင့်ပြီးချိန်မှစ၍ ပထမရက်နှင့်ဒုတိယရက်များအထိ အဆင်ပြေခဲ့သော်လည်း တတိယနေ့မှစ၍ ဟိုတယ်ကို ဝင်ထွက်သွားလာရသည်မှာ အဆင်မပြေတော့ပေ။ 


နေ့စဉ်နေ့တိုင်း မဆုံးနိုင်သောလူအုပ်ကြီးက သူမကိုဝန်းရံလာသဖြင့် ခေါင်းများပင်‌ပေါက်ကွဲသည်အထိ စိတ်ရှုပ်နေရသည်။


"အာ.... ရှအန်း ... အဲ့ဒါက်ို မင်းမပြောရင်တောင် ငါမင်းကို ဟိုတယ်ပြောင်းခိုင်းမလို့ ... ငါပြောမလို့ကို မင်းက အရင်ဦးသွားတာပဲ ..."

ဟန်ယွဲ့ အားရပါးရရယ်လိုက်သည်။


ယနေ့သူလာရခြင်းမှာ သူမကို တခြားဟိုတယ်တစ်ခု ပြောင်းခိုင်းရန်ဖြစ်သည်။


ဟိုတယ်ပြောင်းရန်တောင်းဆိုရခြင်းမှာ ရှအန်းအတွက်ကြောင့် မဟုတ်ပေ။ 


" ငါတို့ရှိုးရဲ့စပွန်ဆာ FXတီဗွီက ငါတို့ကိုဟိုတယ်နဲ့ စားသောက်ဆိုင် ပြောင်းခိုင်းနေတယ် ..." 


လတ်တလောထုတ်လွှင့်ထားသည့် "ရှအန်း၏စတားဘဝ" ရှိုးကြောင့် ရှအန်း၏ကြော်ငြာတန်ဖိုးက မြင့်တက်နေသည်။ ထို့ကြောင့် အတော်များများက သူမနှင့် ပူးပေါင်းရန် လာရောက်ကမ်းလှမ်းကြသည်။


ရှအန်းက ယခင်ကဲ့သို့ လွယ်လွယ်လက်မခံပဲ ခဏတာတွေးတောနေသည်။


" ဟန် ရှင်ပြောချင်တာကို ကျွန်မသဘောပေါက်တယ် ... ကျွန်မလည်း တခြားဟိုတယ်ပြောင်းဖို့ ကမ်းလှမ်းတာကို သဘောတူတယ် ..."


ဟန်ယွဲ့က ခေါင်းငြိမ့်ကာ ပြုံးပြလိုက်သည်။ သူတစ်စုံတစ်ရာ ထပ်ပြောမည်အပြု ရှအန်းက ထပ်ပြောလိုက်သည်။

" ဒါပေမဲ့ ပြောင်းရမယ့် ဟိုတယ်နဲ့ စားသောက်ဆိုင်ကို ကျွန်မကိုယ်တိုင်စုံစမ်းချင်တယ် ... ကျွန်မရဲ့စံနှုန်းအတိုင်းမဟုတ်ရင် ပူးပေါင်းဆောင်ရွက်ဖို့ကို ငြင်းခွင့်ရှိတယ်လေ ..."


ရှအန်း၏စကားကို ကြားသည့်အခါ ဟန်ယွဲ့နားမလည်နိုင်ဖြစ်သွားသည်။ 

" မင်းရဲ့စံနှုန်းလား ... ဘာစံနှုန်းလဲ ..."


" ဟိုတယ်ရဲ့စံနှုန်းက ကျွန်မအခုနေတဲ့ စံနှုန်းနဲ့ကိုက်ညီရမယ်ပေါ့နော် ... အဆင့်မြင့်ဟိုတယ်ဖြစ်တာ မဖြစ်တာကိုမဟုတ်ပဲ  သန့်ရှင်းမှုနဲ့ ဝန်ဆောင်မှုကောင်းတာကို ပြောချင်တာ ..."


" စားသောက်ဆိုင်ရဲ့စံနှုန်းအတွက်ကတော့ သူတို့ရဲ့အစားအစာတွေက ကျွန်မတို့ရှိုးမှာ ပါလာဖို့အထိ အရသာရှိရမယ် ... တကယ်လို့ အဆင်မပြေဘူးဆိုရင် ရိုက်ကူးထားရင်တော့ နောက်ဆုံးeditတဲ့အထဲ ပါသွားမှာပဲ ..."


ရှအန်း၏တောင်းဆိုချက်ကို ကြားပြီးနောက် ဟန်ယွဲ့ ဝါးလုံးကွဲရယ်တော့သည်။


" အိုကေလေ ရှအန်း ... မင်းရဲ့ ဖျော်ဖြေရေးအလုပ်အပေါ် ဒီလောက်ဂရုစိုက်မယ် မထင်ထားဘူး ... အရင်ကဆို မင်းက ဖျော်ဖြေရေးနယ်ပယ်ကို လုံးဝစိတ်မဝင်စားဘူးလေ ...မင်းက အလုပ်ပါထွက်ချင်ခဲ့တာဆိုတော့  ကိုယ့်ရဲ့ပုံရိပ်ကို ဂရုစိုက်မယ်မထင်ခဲ့တာ ..."


ဟန်ယွဲ့လည်း စိတ်အေးသွားသည်။


ရှအန်း ရင့်ကျက်လာသည့်အတွပ် သူဝမ်းသာမိသည်။ သူမက ဖျော်ဖြေရေးနယ်ပယ်ထဲမှာ မှန်ကန်တဲ့ပုံရိပ်တစ်ခုနဲ့ နေချင်တာပဲ ...


" ရှအန်း မင်းစိတ်ချလို့ရပါတယ် ... ငါ အကောင်းဆုံးကိုပဲ ရွေးထားပါတယ် ... ငါတို့ရှိုးနဲ့ မင်းရဲ့ပုံရိပ်ကို ငွေနည်းနည်းအတွက်နဲ့ အပျက်စီးမခံပါဘူး ... စိတ်ချလက်ချနေပါ ..."

သူက ရှအန်းပခုံးကိုပုတ်ပြီး ပြောလိုက်သည်။


သို့သော် သူ မသိလိုက်သည်မှာ ရှအန်းက ‌ဖျော်ဖြေရေးလောကတွင် ဝင်မဆံ့မည်ကို စိုးရိမ်ခြင်းမဟုတ်ပေ။


သူမ အမှန်တကယ်စိုးရိမ်သည်မှာ ...


သူမရဲ့ပုံရိပ်ပျက်စီးသွားရင် အနာဂတ်မှာသူမရဲ့ ထုတ်ကုန်တွေကို ဘယ်သူက ဝယ်တော့မှာလဲ ...


သူမက အနာဂတ်မှာ စကင်ကဲကုမ္ပဏီတစ်ခု တည်ထောင်ချင်တာလေ ...


သူမက ကြယ်ပွင့်တစ်ယောက်ဖြစ်သည့်အတွက် နိုင်ငံခြားဈေးကွက်များလည်း ဖွင့်လှစ်ပြီးသားဖြစ်သည်။ အကယ်၍ အနာဂတ်တွင် ကုမ္ပဏီထောင်ပါက ပို၍အကျိုးအမြတ်ရရှိမည်ဖြစ်သည်။


ထိုအကြောင်းတွေးရုံနှင့်ပင် သူမပျော်နေသည်။


သို့ရာတွင် သူမရင်ထဲမှ အတွေးများအကြောင်း ဟန်ယွဲ့ကို မပြောပြမိခဲ့ပေ။


သူမကုမ္ပဏီအကြောင်းလည်း ဟန်ယွဲ့ကို မပြောပြခဲ့ပေ။


သူမဟန်ယွဲ့ကို ယုံပေမယ့် လူတွေက တစ်ခါတစ်ရံ သူတို့ဘာသာ ကိုယ်လွတ်ရုန်းတတ်ကြတယ်လေ ဟုတ်တယ်မလား ...


မစ္စတာကုတစ်ယောက်တည်းသိခြင်းက သူမအတွက် ပိုအဆင်ပြေသည်။


သူမပို၍ တက်ကြွလာသည်။ အထူးသဖြင့် ရှကျင်းနှင့် ရင်ဆိုင်ရန်အတွက်တွင်ဖြစ်သည်။


" ရှင် အဲ့လိုပြောတော့ ကျွန်မစိတ်အေးသွားပါပြီ ..."


ရှအန်းနူးညံ့စွာ ပြုံးပြလိုက်သည်။


" မင်းဒီကနေပြောင်းဖို့ တွန့်ဆုတ်နေမယ်ထင်ခဲ့တာ ဒီလိုဆိုမှတော့ မနက်ဖြန်ပြောင်းကြတာပေါ့ ..."