Chapter 36
Viewers 2k

🌍Chapter 36




စကားအပို​တွေ အများကြီး​ပြောမိလိုက်၍လား မဆိုနိုင်။ အမှန်တကယ်တွင်လည်း ဤအရာများကို အခြားလူအား ​ပြောပြ​နေ၍လည်း အကျိုးမရှိပါ​ချေ။

မာရီယိုမှာ မည်သည်ကိုမှ နားမ​ထောင်လို​တော့ပဲ သူ့ကိုသာ သတ်ပစ်ချင်​နေသည်။ ဘီယာဗိုက်နှင့်​ယောကျာ်းကလည်း ဦး​နှောက်သိပ်မ​ကောင်းလှ။ လူအိုကြီးတစ်ဦးကသာ နား​ထောင်​နေပြီး ပြန်​မေးလာခဲ့သည်။


"တကယ်လို့ ပထမကွက်ကသာ ​ထောင်ကွက်ဖြစ်​နေခဲ့ရင် မင်း​သေသွားမှာ မ​ကြောက်ဘူးလား" 


ထန်​မော့ကသူတို့အား ဂိမ်းသိမ်းမှတ်အ​ကြောင်း ​ပြောပြမထား​ချေ။ 


သူ၏လက်ထဲမှ ကြက်ဆင်ဥအား အသာငုံ့ကြည့်လိုက်မိသည်။ 


ဂိမ်းမှာ ​အောင်​အောင်မြင်မြင်နှင့် အဆုံးသတ်သွားခဲ့ပြီမို့ ထန်​မော့လည်း ဂိမ်းသိမ်းမှတ်ကို ပိတ်လိုက်​တော့သည်။


မာရီယိုမှာ စင်​ပေါ်တွင် ထိုင်လျက် ရှုံးပွဲချငို​နေ​တော့သည်။ သူ၏မျက်ရည်များက အဖြူ​ရောင်ကမ္ဘာကြီးထဲတွင် မိုး​ရေများနှယ် စီးကျပြည့်လျှံလာလျက် ​အောက်တွင်ရပ်​နေ​သော လူသုံး​ယောက်၏ ​ခြေ​ထောက်များကိုပင် စိုစွတ်​စေ​လေသည်။


ထန်​မော့က ဂိမ်းရှင်းကွက်ကို အသက်သွင်းလိုက်ပြီးဖြစ်​သော်လည်း သူတို့ကမူလကမ္ဘာကို ပြန်မ​ရောက်​သေး​ချေ။ လူအိုကြီးကဆိုလိုက်သည်။ 


"မင်းဂိမ်းကိုရှင်းလိုက်တာနဲ့ ဒီ​ရွှေ​တောင်ကြီးကို လက်ခံရမယ်ဆိုတာတကယ်လား" 


ထန်​မော့လည်း ကြီးမားလှ​​သော ​ရွှေ​တောင်ကြီးကို ကြည့်လိုက်မိသည်။


"ကျွန်​တော့်အထင်​တော့ ဒါ​တွေအားလုံးကို သယ်သွားဖို့အဆင်မ​ပြေ​လောက်ဘူးလားလို့"


"ဒါကဘာလဲ" 


လူအိုကြီးက​မေးလာခဲ့သည်။


ထန်​မော့လည်း သူ၏အကြည့်လားရာအတိုင်း ကြည့်လိုက်လျှင် ​ရွှေဒင်္ဂါးပြားများအလယ်မှ အနီ​ရောင်​တလဲ့လဲ့​တောက်​နေ​သော ပတ္တမြားခဲ​လေးကို​တွေ့လိုက်ရ​လေသည်။ ထန်​မော့လက်လှမ်းလျက် ထိုပတ္တမြားခဲ​လေးကိုယူလိုက်သည်။ မျက်စိတမှိတ်အတွင်းမှာပင် ​​ရွှေ​တောင်ကြီးမှာ ​ပျောက်ကွယ်သွားပြီး မာရီယို၏ငိုသံမှာ ပို၍ ကျယ်​လောင်လာခဲ့သည်။ 


"ငါ့က​လေး​လေး ငါ့က​လေး​လေး..."


ဆို​တော့ ဒီဟာက တကယ့်ဂိမ်းရှင်းတဲ့ဆု မာရီယိုရဲ့ ရတနာလား...


ထိုပတ္တမြားကို ယူပြီးသည်နှင့် ထန်​မော့၏ကိုယ်မှာ အဖြူ​ရောင်ကမ္ဘာကြီးထဲမှ တဖြည်းဖြည်း​ပျောက်ကွယ်သွား​တော့သည်။


မာရီယိုမှာ ၄င်းကိုမြင်လျှင် လူးလှိမ့်ငိုယို​နေခြင်းကို ရပ်တန့်လျက် အလျင်အမြန်ထရပ်ကာ ​အော်ဟစ်လာ​တော့သည်။ 


"မင်း နတ်ဆိုး​ကောင်၊ မင်းက ထန်​မော့လို့​ခေါ်တဲ့ နတ်ဆိုး​ကောင်ပဲ ၊ ငါမင်းကိုမှတ်ထားတယ်၊ ငါ​သေချာ​ပေါက် အား..."


မာရီယို၏မျက်နှာမှာ အနက်​ရောင်မြူများဖုံးအုပ်သွားခဲ့သည်။ သူက​ရှေ့သို့လှမ်းလိုက်​သော်လည်း သူ၏ကိုယ်ပိုင် မျက်ရည်အိုင်ကြီးကို နင်းမိလျက် ​နောက်ပြန်​ချော်လဲကျသွား​တော့သည်။ သူ၏​ခေါင်းမှာ စင်အစွန်းနှင့်​ဆောင့်မိလျက် ​အောက်သို့ပြုတ်ကျသွားခဲ့၏။ ကံ​ကောင်း​ထောက်မစွာပင် ​ရွှေ​တောင်ကြီးထဲမှ သူဆွဲယူခဲ့​သော ရွှေဒင်္ဂါးတစ်ပြားမှာ စင်​ပေါ်သို့ပြုတ်ကျလာပြီး ကြားတွင်ညပ်​နေခဲ့သည်။


မာရီယို၏ အပြင်းအထန်ခုန်​ပေါက်မှု​ကြောင့်စင်မှာ အက်ကွဲ​ကြောင်းများထင်​နေခဲ့​ချေပြီ။ 


သူက​ရွှေဒင်္ဂါးပြားများကို အလွန်ကပ်​စေးနဲပြီး ယခု​တော့ ဒင်္ဂါးတစ်ခုက အက်ကွဲ​ကြောင်းတွင် ညပ်​နေခဲ့သည်။ မာရီယိုမှာ ထန်​မော့အား ကျိန်ဆဲရင်း အလုပ်များ​နေခဲ့သည်မို့ မျက်ရည်ကွက်ကို နင်းမိပြီး ​ချော်လဲကာ ဦး​ခေါင်းကထို​ရွှေဒင်္ဂါးပြားနှင့်သွား​ဆောင့်ခဲ့သည်။ 


ရုတ်ချည်း သူ၏​ခေါင်းမှ ​သွေးများပန်းထွက်လာခဲ့သည်။


ထန်​မော့"..."


လူအိုကြီး"..."


ဘီယာဗိုက်နှင့်​ယောကျာ်း"..."


မာရီယိုမှာ ငတုံးတစ်​ယောက်လို ​ချော်လဲသွားခဲ့ပြီး လူသုံး​ယောက်ကလည်း ထိုမြင်ကွင်းကို အစအဆုံးမြင်​တွေ့သွားခဲ့သည်။


ထန်​မော့ရုတ်ချည်းပဲ ဤပတ္တမြားကို မလိုချင်​တော့​ချေ။ သူက​ရွှေဒင်္ဂါးပြားကိုသာလိုချင်​တော့သည်။ ထို​ရွှေဒင်္ဂါးပြားမှာ မာရီယို၏​ခေါင်းကိုပင်ခွဲနိုင်သည် မည်မျှအဖိုးတန်လိုက်ပါသနည်း။ ထန်​မော့တွင် ထို​ရွှေ​တောင်ကြီးသာရှိပါက သူအ​နေနှင့် တိုက်ခိုက်​နေစရာပင် မလို​တော့​ချေ။ ရန်သူ၏ကိုယ်အား ထို​ရွှေဒင်္ဂါးပြားနှင့် ပစ်​ပေါက်​နေရုံဖြင့်ပင်ရသည်။


သို့​သော်လည်း ​ပျောက်ကွယ်သွားနှင့်ပြီဖြစ်​သော ​ရွှေ​တောင်ကြီးမှာ ပြန်​ရောက်မလာနိုင်​တော့။ 


သူ့အားဤ ရတနာက စိတ်မပျက်​စေဖို့ ​မျှော်လင့်သည်။ 


မျက်စိတမှိတ်အတွင်းမှာပင် လူသုံး​ယောက်မှာ ပန်းခြုံအနီးသို့ပြန်​​ရောက်လာခဲ့​လေသည်။


သူတို့ထိုဖြစ်စဥ်ဂိမ်းအတွင်းသို့ ၀င်သွားချိန်မှာ ည​နေခင်း​​ပေမို့ ယခုပြန်ထွက်လာချိန်တွင် လ​ရောင်ပင်ထွန်းလင်း​နေခဲ့​​ချေပြီ။


​မှောင်မိုက်​သောညတွင် ​လေပြည်က သစ်ပင်များကိုဘတိုး​ဝှေ့တိုက်ခတ်သွားလျက် တရှဲရှဲအသံများကို ဖြစ်​ပေါ်​စေသည်။ ထိုသုံး​ယောက်​ပေါ်လာသည်နှင့် ကျန်အ​လောင်းတို့မှာလည်း ​အပြင်သို့ပစ်ထုတ်ခံလိုက်ရသည်။ မသိလျှင် ​ကောင်းကင်​ပေါ်မှ ပစ်ချလိုက်သည့်အတိုင်းပင်။ အရှိန်ပြင်းလွန်း၍ လမ်း၏တစ်ဖက်ခြမ်းကို လွင့်သွားသည်အထိ။


ပထမဦးဆုံးပစ်ထုတ်ခံလိုက်ရသည်မှာ သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးဖြစ်ကာ သူ၏​နောက်မှ ကတုံးနှင့်လူကြီး ၄င်း၏​နောက်မှာမ လူရွယ်စုံတွဲဖြစ်သည်။ စကားနည်း​သော လူကြီး၏ကိုယ်ကို​တော့ မ​တွေ့​ချေ။ ထိုလူကြီးမှာ မာရီယို၏ ကမ္ဘာထဲတွင် မိုးပျံငါးများထံမှ အရိုးအရင်းပါမကျန်​အောင် စား​သောက်ခံလိုက်ရသည်အား ထန်​မော့မှတ်မိလိုက်သည်။ 


လူတိုင်းမှာ ဂိမ်းတစ်ခူကိုအတူတူ၀င်​ရောက်ခဲ့ကြသည့်တိုင် လူ၈ဦးမှာ တစ်ဦးကိုတစ်ဦး မသိကြ​ချေ။ 


ထန်​မော့ လမ်းတစ်ဖက်ခြမ်းသို့သွားလျက် ထိုလူများမှာ မိမိနှင့်အတူ ဂိမ်းထဲသို့၀င်သွားခဲ့​သော သူများသာဖြစ်​ကြောင်း အတည်ပြုလိုက်​လေသည်။ ထိုသူတို့၏ကိုယ်မှ ကုတ်အင်္ကျီများကို ချွတ်ယူလိုက်ပြီး မျက်နှာများကို ဖုံးအုပ်​ပေးလိုက်သည်။ 


ဘီယာဗိုက်နှင့်​​ယောကျာ်းမှာ စိတ်မ​ကောင်းဖြစ်​နေဟန်ဖြင့် ဆိုလာသည်။


"ကံ​ကောင်းချင်​တော့ ငါကအဲဒီရွံစရာမာရီယိုသတ်တာမခံရပဲ အခုထိ အသက်ရှင်​နေ​သေးလို့"


လူအိုကြီးကလည်းဆိုလာခဲ့သည်။


"ဒီကလူငယ်​လေးကိုပဲ ​ကျေးဇူးတင်ပါတယ်၊ မင်းကိုဂိမ်းထဲအတင်းဆွဲ​ခေါ်ခဲ့မိလို့ ​တောင်းပန်ပါတယ်ကွာ အမ်...မင်းဘာလုပ်​နေတာလဲ"


လူအိုကြီးမှာ ထန်​မော့အား ​ကြောက်ရွံ့စွာကြည့်လာခဲ့သည်။ 


ထန်​မော့ မီးခြစ်ဆံကြီးအား ညာဘက်လက်နှင့် ကိုင်ထားရင်း လူအိုကြီးနှင့် ဘီယာဗိုက်နှင့်​ယောကျာ်းအား ​အေးစက်စွာ ကြည့်လိုက်သည်။ 


သူတို့သည် ထိုမီးခြစ်ဆံကြီး၏စွမ်းအားကို ဂိမ်းထဲတွင် မျက်၀ါးထင်ထင် မြင်ဖူးခဲ့ပြီးသား​ပေမို့ လူအိုကြီးမှာ ​နောက်သို့အသာဆုတ်လိုက်မိသည်။ ဘီယာဗိုက်နှင့်​​ယောကျာ်းမှာလည်း တုန်လှုပ်စွာဆိုလာခဲ့​လေသည်။ 


"မင်း...မင်း ဘာလုပ်ချင်လို့လဲ၊ ငါတို့ကိုသတ်မလို့လား"


ထန်​မော့ အမူအယာကင်းမဲ့လျက်ပင်။


"ကျွန်​တော်ဂိမ်းထဲမှာတုန်းကလည်း ​ပြောခဲ့သားပဲ 

အပြင်​ရောက်တာနဲ့ သတ်မယ်လို့" 


ဘီယာဗိုက်နှင့်​ယောကျာ်း၏ မျက်နှာမှာ ခရမ်း​ရောင်သန်းသွားခဲ့သည်။


"မင်း...မင်း​​နောက်​နေတာမဟုတ်ဘူးလား"


"ကျွန်​တော် ဘယ်​တော့မှမ​နောက်ဘူး" 


ထန်​မော့သူ၏လက်​ကောက်၀တ်အား ​ဖြေ​လျော့လိုက်သည်။ 


"လူအိုကြီးကို​တော့ အခုမတိုက်​သေးဘူး၊ ဒီမီးခြစ်ဆံကြီးနဲ့သူ့ကိုရိုက်လိုက်ရင် ​သေသွားမှာဆို​တော့​လေ၊ ခင်များအတွက်​တော့ စိတ်မ​ကောင်းပါဘူး၊ ခင်များရဲ့စွမ်းရည်က မင်းဗျားအတွက် ​သေတွင်းတူး​ပေးလိုက်တာပဲ" 


သူစကားဆုံးသည်နှင့် မီးခြစ်ဆံကြီးမှာ ​လေထဲ​ဝေ့ယမ်းသွားခဲ့သည်။ သူကဘီယာဗိုက်နှင့်​ယောကျာ်းကို ရိုက်နှက်ရန်တုံ့ဆိုင်းမ​နေခဲ့​ချေ။


ထန်​မော့ ဘယ်တုန်းကမှ စ​နောက်လိုခြင်းမရှိခဲ့​ချေ။ 


မာရီယို၏ မိုနိုပိုလီဂိမ်းမှာ လူ​ပေါင်း၆၀၀၀​ကျော်​သေဆုံးသွားရသည်အထိ  အန္တရာယ်များလှ​သောဂိမ်းပင်။ သူကထိုဂိမ်းထဲအတင်းဆွဲ​ခေါ်ခံလိုက်ရသည်။

အဆုံးတွင် ဘာမှမဖြစ်ပဲ ဂိမ်းထဲမှလွတ်လွတ်ကျွတ်ကျွတ် ထွက်လာနိုင်ခဲ့​သော်လည်း 

သူ၏နံရိုးနှစ်​ချောင်းမှာ ယခုထိကျိုး​နေဆဲဖြစ်ကာ အဆုတ်မှာလည်း မာရီယိုကြီး၏ရိုက်ချက်​ကြောင့် ​သွေးယို​နေဆဲပင်။ 


ထန်​မော့၏ လျင်မြန်ပြီး ပြတ်သား​သော တိုက်ခိုက်မှုမှာ ဘီယာဗိုက်နှင့်​​ယောကျာ်းအား တုံ့ပြန်ခွင့်ပင်မ​ပေးခဲ့​ချေ။ ထန်​မော့၏ တုန့်ပြန်မှုနှုန်း၊ ခွန်အားနှင့် အလျင်တို့မှာ ဘီယာဗိုက်နှင့် ​ယောကျာ်းထက် သာလွန်​လေသည်။ ကြီးမား​သောမီးခြစ်ဆံကြီးက ထိုလူကြီး ညာ​ခြေ​ထောက်ကိုထိမှန်သွားလျက် ထို​ခြေ​ထောက်မှာ မြင်နိုင်သည့်အ​နေအထားအထိ အတွင်းဘက်သို့ယိုင်နဲ့သွားခဲ့သည်။ 


ထိုလူကြီးမှာ နာကျင်စွာ​အော်ဟစ်လာခဲ့သည်။ 


"ဂိမ်းကိုနိုင်သွားတာနဲ့ပဲ ဟုတ်လှပြီထင်​နေလား၊ ငါတို့ကမင်းမပါပဲလည်း နိုင်နိုင်တယ်ကွ၊ ငါမင်းကို အပိုင်းပိုင်းဖြတ်ပစ်မယ်"


ဘီယာဗိုက်နှင့်​ယောကျာ်းမှာ ပါးစပ်ကိုဖွင့်လိုက်ပြီး သူ၏ရင်ဘတ်မှာ​ဖောင်းကားလာခဲ့သည်၊ ခတ္တမျှအကြာတွင် သူကအသက်ကိုပြင်းစွာရှူသွင်းလိုက်လျှင် လမ်းတစ်​လျှောက် သစ်ပင်များပင်လျှင် ​လေပြင်းဒဏ်​ကြောင့်​​ကွေးညွတ်သွားသည်အထိ၊ ထန်​မော့မှာ သစ်ပင်တစ်ပင်ကိုဖမ်းဆုပ်လျက် သူ၏ကိုယ်ကို ထိန်းထားလိုက်သည်။ လူအိုကြီးမှာ​တော့ ထိုမျှကံမ​ကောင်းပဲ ပန်းခြုံအနီးသို့လွင့်ပါသွားခဲ့သည်။ 


ထို​​ယောကျာ်း၏ ​လေပြင်းမှာ ၃မိနစ်အထိတိုက်ခတ်​နေပြီးမှ ရပ်တန့်သွားခဲ့သည်။


ထန်​မော့၏မျက်နှာမှာ ဖြူ​ဖျော့​နေခဲ့​သော်လည်း သူကဒဏ်ရာ​တော့မရလိုက်​ချေ။ တဖက်မှာ​တော့ လူအိုကြီးမှာ အထိနာသွားပုံပင်။ 


ဘီယာဗိုက်နှင့်​ယောကျာ်းမှာ ထန်​မော့အား​ကြောက်ရွံ့စွာ ကြည့်လိုက်မိသည်။ သူကစွမ်းရည်ကိုအသုံးပြုလိုက်သည့်တိုင် ထန်​မော့မှာ ​သေဆုံးမသွားခဲ့​ချေ၊ 


"ငါ​တောင်းပန်ပါတယ်၊ ငါ့ကိုချမ်းသာ​ပေးပါကွာ၊ အခုလုံ​လောက်ပြီမဟုတ်ဘူးလား" 


ထန်​မော့ သူ့အားတည်ငြိမ်စွာ ကြည့်လိုက်သည်။


"ခင်များကအဓိကလူပဲ​လေ၊ တခြားသူ​တွေက အဲ​လောက်မဟုတ်ဘူး၊ ခင်များကသာ ကျွန်​တော့်ကို ဂိမ်းထဲဆွဲ​ခေါ်ခဲ့တဲ့သူဆို​တော့ ခင်များ​သေပြီသာမှတ်လိုက်​တော့"


ဘီယာဗိုက်နှင့်​ယောကျာ်း၏ အသံမှာ တန့်သွားခဲ့သည်။


ထန်​မော့ မီးခြစ်ဆံကြီးအားပြန်ထည့်လိုက်ကာ ငုံ့ကိုင်းလျက် ဘီယာဗိုက်နှင့်​ယောကျာ်း၏ ကုတ်အင်္ကျီကိုဆွဲယူလိုက်သည်။ ထိုလူကြီးမှာ သူ့အား​ကြောက်ရွံ့စွာ ​မော့ကြည့်လာခဲ့ပြီး ထန်​မော့ဘာလုပ်ဖို့ကြိုးစား​နေသည်ကို နားမလည်ခဲ့​ချေ။ ထန်​မော့ကမူ သူ့အား ​အေးစက်စွာ ကြည့်လျက်


"ဒါကျွန်​​တော့်ဟာဖြစ်သွားပြီ၊ ကျွန်​တော်ယူသွားမှာ" 


ထိုလူကြီးမှာ ​အလျင်အမြန်ခေါင်းငြိမ့်လာခဲ့သည်။


ထန်​​မော့မှာ ကုတ်အင်္ကျီကိုယူလျက် လှည့်ထွက်သွားလိုက်​တော့သည်။ ထို့​နောက် ​ချောင်ကျ​သော​နေရာတစ်ခုကိုရှာလျက် စွမ်းရည်စာအုပ်ကိုဖွင့်ကြည့်လိုက်သည်။ မူလကတည်းက တဖက်လူကို သင်ခန်းစာ​ပေးရုံသာမက သူ၏စွမ်းရည်ကိုပါ အရယူရန် စဥ်းစားထားခြင်းပင်၊ 


သူ့တွင် တိုက်ခိုက်စွမ်းရည်အနည်းငယ်သာရှိ​သေးသည်။ ဤလူကြီး၏စွမ်းရည်မှာ သိပ်အသုံး၀င်ပုံမရ​သော်လည်း ၄င်းမှာတိုက်ခိုက်စွမ်းရည်​တော့ဖြစ်​သေးသည်။ ​​နည်းလမ်းတကျအသုံးပြုသ၍ ​ကောင်းမွန်​သော ရလဒ်ရှိမည်ပင်။


ထန်​မော့ထွက်သွားရန်ပြင်လိုက်ချိန်တွင် အနီးအနားမှ ​ခြေသံတချို့ကိုကြားလိုက်ရ​လေသည်။ ထန်​မော့ ချက်ချင်းပင် လမ်း၏အဆုံးသို့လှည့်ကြည့်လိုက်မိသည်။ အရပ်မြင့်မြင့်နှင့် ပိန်ပိန်ပါးပါးလူက သူတို့အား အံ့အားသင့်လျက် စိုက်ကြည့်​နေခဲ့သည်။ ထို့​နောက်တွင် ​ဘေးမှ အ​လောင်း​လေး​လောင်းကိုလည်း ​တွေ့သွားခဲ့ပုံပင်။


လူရွယ်စုံတွဲ၏​သေသွားသည့်ပုံစံကသိပ် မရှင်းလင်းလှ။ သူတို့၏ဓါးများက တစ်​ယောက်ကိုတစ်​ယောက် ထိုးသွင်းထားခဲ့ကြခြင်း​ပေမို့ အချင်းချင်းသတ်ခဲ့ကြသည်မှာ​တော့ ​​သေချာသ​လောက်ပင်။


ထန်​မော့မှာ လူစိမ်းများကို ကြည့်​နေရင်း သတိတချက်မှမလွတ်​စေရ​ချေ။ ထို​ယောကျာ်းမှာ ​လျှောက်လာပြီး ​မြေကြီး​ပေါ်မှ အ​လောင်း​လေး​လောင်းကို စူးစမ်းလာခဲ့သည်။ ထို့​နောက်တွင် သူတို့ထံလှည့်လျက် ထူးဆန်းစွာ ကြည့်လာခဲ့သည်။ ၄င်းမှာ သူတို့အား သရဲလား အမှန်တကယ်လူအစစ်လား ဆိုသည်ကို မ​ရေမရာဖြစ်​နေပုံပင်။ 


"ကျွန်​တော်အတည်ပြုချင်လို့​နော်၊ ခင်များတို့က ဒီဖြစ်စဥ်ဂိမ်းထဲက အသက်ရှင်လျက်နဲ့ ထွက်လာတဲ့သူ​တွေလား"



🪩