Chapter 38
Viewers 2k

🌍Chapter 38




"မှန်လုနီးပါးပဲ" 


​လော့ဖုန်းချန်း ထန်​မော့အတွက် ​ရေတစ်ခွက်​လောင်းထည့်​ပေးလိုက်သည်။ 


"ငါတို့က​တော့ အဲဒီအပိုင်းအခြားကို ကစားသမား​ရွေးချယ်ခြင်းကာလလို့​ခေါ်တယ်၊ အဲဒီသုံးရက်အတွင်းမှာ အရံကစားသမားတစ်​ယောက်ဖြစ်လာဖို့ ​နောက်ကစားသမားတစ်​ယောက်ကို ရှင်းပစ်ဖို့လိုတယ်၊ ဂိမ်းတစ်ခုတည်းကိုပဲ ကန့်သတ်ထားတာမျိုးမဟုတ်ဘူး၊ ပထမနည်းဆိုရင် လူတစ်​ယောက်က သူ့ကိုယ်သူ ရှင်းခံလိုက်ရပြီလို့ ၀န်ခံသ၍ ​အောင်မြင်တယ်လို့ ယူဆလို့ရတယ်"


ထန်​မော့ အသက်ကိုပြင်းပြင်းရှူလိုက်မိသည်။ ​လော့ဖုန်းချန်း ဘာဆက်​ပြောမည်ဆိုသည်ကို သူသိ​နေသလိုပါပင်။ 


​လော့ဖုန်းချန်း ပြုံးလိုက်သည်။ 


"အရံကစားသမားဖြစ်လာဖို့ ဒုတိယနည်းက​တော့ အနက်​ရောင်​မျှော်စင်ကအသိအမှတ်ပြုထားတဲ့ ဂိမ်းတစ်ခုခုကို​​ဆော့ပြီး ကိုယ့်ကို သိသာထင်ရှား​စေမယ့်အရာတစ်ခုခုကိုလုပ်ပြပြီး အသိအမှတ်ပြုခံရဖို့လိုတာ​ပေါ့၊ ဒီနည်းနဲ့လည်း အရံကစားသမားဖြစ်လာလို့ရတယ်၊ ဒီ​မောလ်ကြီးထဲမှာ တရား၀င်ကစားသမား ၅၂​ယောက်နဲ့ အရံကစားသမား၈၂၃​ယောက်ရှိတယ်၊ ဒီ​လောက်​လေးသိရဖို့​တော့ လွယ်လွယ်​လေးပါ"


ထန်​မော့တည်ငြိမ်စွာဆိုလိုက်သည်။


"ဒီ​တော့ အဖွဲ့အစည်းကို၀င်ရင် ဒါ​တွေကိုသိရမှာ​ပေါ့" 


​လော့ဖုန်းချန်း​ခေါင်းငြိမ့်လိုက်သည်။


"အင်း"


လူနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး စိုက်ကြည့်​နေခဲ့ပြီး စကားတစ်ခွန်းမှမဆိုခဲ့​ချေ။


အ​တော်ကြာပြီး​နောက်တွင် ထန်​မော့က အရင်စကားစလိုက်သည်။


"သတင်းဖလှယ်ရ​အောင် ငါ့ကို ဖြစ်စဥ်ဂိမ်း​တွေအ​ကြောင်း​ပြောပြ​ပေး၊ ဒီလိုဆို ငါကမင်းကို ငါ​ဆော့ခဲ့တဲ့ ဒုတိ​မြောက်ဖြစ်စဥ်ဂိမ်းအ​ကြောင်း ​ပြောပြ​ပေးမယ်" 


"​ကောင်းပြီ" 


​လော့ဖုန်းချန်းက ထန်​မော့အား အရံကစားသမားများအ​ကြောင်း အနည်းငယ်​ပြောပြပြီးပြီဖြစ်သည်။ တချို့တ၀က်မှာ ထန်​မော့သိရှိပြီးဖြစ်​သော်လည်း  တစ်ဖက်က စိတ်ရင်းကိုပြသပြီးပြီဖြစ်၍ ထန်​မော့လည်း ကပ်သတ်​နေလိမ့်မည်မဟုတ်။ 


"ဒုတိယဖြစ်စဥ်ဂိမ်းက မာရီယိုရဲ့မိုနိုပိုလီဂိမ်းလို့​ခေါ်တယ်၊ ဂိမ်းရဲ့bossကမာရီယိုပဲ ပြီး​တော့သူက ငါတို့​မျှော်စင်ပထမထပ်မှာ ​တွေ့ခဲ့တဲ့​ပွေးကြီးထက် ပိုပြီးစွမ်းအားကြီးတယ်"


​လော့ဖုန်းချန်းဂရုတစိုက်နား​ထောင်​နေခဲ့သည်။ 


"ဂိမ်းထဲမှာ ဆုကွက်၃၀အပါအကွက် အကွက်၁၅၀ရှိတယ်..."


ထန်​မော့ဂိမ်းအ​ကြောင်း ရိုးရိုးရှင်းရှင်းသာ ​ပြောပြခဲ့သည်။ အံစာငါး​ခေါက်​မြောက်တွင် 'ငါ့ရဲ့​ပျော်ရွှင်မှုနဲ့မျက်ရည်​တွေကို ဘယ်သူမျှ​ဝေမလဲ'သက်​ရောက်မှု အသက်၀င်လာသည့်အ​ကြောင်း​ ပြောပြပြီး​နောက်

​လော့ဖုန်းချန်းက မျက်​မှောင်ကျုံ့လာခဲ့သည်။


"ဒါ​ကြောင့် လူ​တွေ​သေကြတာကိုး" 


ဤသို့ဆိုပါက မာရီယို၏မိုနိုပိုလီဂိမ်းထဲတွင် ကစားသမားများ တစ်ဦးကိုတစ်ဦးသတ်ပြီး အဘယ်​ကြောင့် ​သေ​ကြေခဲ့ကြ​ကြောင်း ရှင်းပြ၍ရသွားပြီပင်။ ထို့အပြင်သူတို့မှာ အဆုံးအထိလည်း​ရောက်ခွင့်မရှိပဲ ​ထောင်ကွက်၆ကွက်တွင် အဆုံးသတ်ခဲ့ရသည်။

အံစာတုံးနံပါတ်ကျနိုင်​ချေနှုန်းနှင့်တွက်ပါက အနည်းဆုံးကစားသမား၈​ယောက်ထဲမှ ၆​ယောက်မှာအကွက်တူကျကာ ထို'ငါ့ရဲ့​ပျော်ရွှင်မှုနဲ့ မျက်ရည်​တွေကိုဘယ်သူမျှ​ဝေမလဲ'သက်​ရောက်မှုကို အသက်သွင်းမိကြမည်ပင်။


ထို့​နောက် ထန်​မော့ သူအနိုင်ရရှိခဲ့ပုံကို​ပြောပြခဲ့သည်။

​လော့ဖုန်းချန်းက ​ခေါင်းအသာငြိမ့်လျက် ​ဆိုလာသည်။ 


"မင်းရဲ့ကံ​ကောင်းမှုကတကယ့်ကိုပဲ" 


ပထမကွက်က ​ထောင်ကွက်ဖြစ်နိုင်​ချေနှုန်းလည်း အလွန်မြင့်လှသည်။ ထန်​မော့၏​လောင်း​ကြေးမှာ မှန်ကန်ခဲ့သည်မို့ ၄င်းမှာ ကံ​ကောင်းခြင်းပင် မဟုတ်​ပေ​လော။


ထန်​မော့ ကဆိုလိုက်သည်။


"ကံ​ကောင်းခြင်းကလည်း စွမ်းရည်တစ်မျိုးပဲ" 


​လော့ဖုန်းချန်း သူ့အားကြည့်လျက် ဘာကိုမှမဆိုခဲ့​ချ။


ထန်​မော့ကဆိုလာသည်။


"ငါ​ပြောပြီးပြီ၊ အခုမင်းအလှည့်ပဲ"


"ငါတို့အဖွဲ့အစည်းနာမည်က 'တိုက်'လို့​ခေါ်တယ်၊ ငါအနက်​​ရောင်​မျှော်စင်ပထမထပ်က​နေ ၁၉ရက်​နေ့ကထွက်လာခဲ့ပြီး​တော့ ဒီအဖွဲ့အစည်းကို တိုက်ဆိုင်ပြီး ဝင်မိသွားတာ၊ ၁၅ရက်​နေ့ကမ္ဘာကြီး အွန်လိုင်း​ပေါ်တက်လာ​တော့ ဒီ'တိုက်'အဖွဲ့အစည်းက ကစားသမား​၁၁​ယောက်က အနက်​ရောင်​​မျှော်စင်ဂိမ်းကို​ဆော့ခဲ့ရပြီး တရား၀င်ကစားသမား​တွေဖြစ်လာတယ်၊ သူတို့ကတခြားသူ​တွေကို သူတို့ကြုံခဲ့ရတဲ့ဂိမ်းအ​ကြောင်း ​ပြောပြချင်​ပေမယ့် အဲလို​ပြောပြလို့မရတာကို​တွေ့သွားတယ်​လေ၊ ဒါ​ကြောင့် သူတို့ထဲကတချို့က ရှန်ဟိုင်းရဲ့ မြို့နယ်ဖိုရမ်ထဲမှာ လျှို့၀ှက်စကားစု​တွေနဲ့ပို့စ်တင်ပြီး အဖွဲ့၀င်​တွေစု​ဆောင်းဖို့ဆုံးဖြတ်လိုက်တယ်၊ ၃ရက်အတွင်း ကစားသမား၁၁​ယောက်စုမိခဲ့ပြီး​တော့ 'တိုက်'အဖွဲ့အစည်းကို ဖွဲ့ခဲ့ကြတယ်။"


 á€‘န်​မ္ဏအ "တိုက်ဆိုတာက ​မျှော်စင်တိုက်ခိုက်တာကို​ပြောချင်တာလား" 


​လော့ဖုန်းချန်းကဆိုသည်။ 


"၁၈ရက်​နေ့ ဂိမ်း​တွေစပြီး​တော့ 'တိုက်'အဖွဲ့က ပထမဆုံးဖြစ်စဥ်ဂိမ်းတစ်ခုကို ရှာ​တွေ့ခဲ့ပြီး​တော့ S1ဆိုပြီးနာမည်တပ်ထားလိုက်တယ်၊ ငါတို့​လော​လောဆယ်မှာ Sအဆင့် ဖြစ်စဥ်ဂိမ်း ၆ခု​တွေ့ထားတယ်၊ တခြားဂိမ်း၃ခု​ရောပဲ၊ မင်း​ဆော့ခဲ့ရတဲ့ မာရီယိုရဲ့မိုနိုပိုလီဂိမ်းက တခြားဂိမ်း၃ခုထဲကတစ်ခုအပါအ၀င်​ပေါ့ နံပါတ်က ၂​ပေါ့"


"Sဖြစ်စဥ်ဂိမ်းနဲ့ တခြားဂိမ်း​တွေနဲ့က ဘာကွာတာလဲ"


"S​ဆိုက safeအတို​ကောက်​ပေါ့၊ အန္တရာယ် ကြီးကြီးမားမားမရှိပဲ လုံခြုံတယ်၊ ဂိမ်းထဲကလွတ်လွတ်ကင်းကင်း ပြန်ထွက်နည်းလည်းရှိတယ်" 


​လော့ဖုန်းချန်းအံဆွဲကိုဖွင့်လျက် ဖိုင်တစ်ထပ်ကိုဆွဲထုတ်လျက် ထန်​မော့အား ကမ်း​ပေးလိုက်သည်။ 


"​နောက်ထပ် ဖြစ်စဥ်ဂိမ်းသုံးခုက​တော့ ၁ ၂ ၃အစဥ်လိုက် ခက်ခဲမှ​ပေါ်မူတည်ပြီး နံပါတ်တပ်ထားတာ၊ မတိုင်ခင်ကအထိ ရှင်ကျန်ရစ်သူ​တွေမရှိကြဘူး၊ ဟုတ်သား ဒုတိယ ဖြစ်စဥ်ဂိမ်းက​တော့ ရှင်းသွားပြီ​ပေါ့၊ မင်းကရှင်းလိုက်တာနဲ့ ဂိမ်းကအလိုလိုပိတ်သွားတယ်​လေ"


ထန်​မော့ဖိုင်ကိုယူလျက် လှန်ကြည့်လိုက်သည်။


ပထမစာမျက်နှာတွင် 


[ဖြစ်စဥ်ဂိမ်းအမျိုးအစား: ကွဲပြား(ခက်ခဲမှုမြင့်)


[နံပါတ်: ၁]


[​သေဆုံးသူအ​ရေအတွက် : ၆၂၃]


[၀င်​ပေါက်အ​ရေအ​တွက် : ၄၂]


[ဂိမ်း၏သဲလွန်စ: သားရဲ​ကောင်များမှ ရင်ဘတ်ကို​ဖောက်စားခံရပြီး ​သေဆုံးကြ၊ နှလုံးမကျန်ရှိ၊ ၀င်​ပေါက်အနီး အ​လောင်း ၆​လောင်းမှ ၁၀​လောင်းအထိ​တွေ့]


[အချုပ်: လက်ခံ​သော ကစားသမားအ​ရေအတွက် ၁၀​​ယောက်၊ သိသာ​သော သတင်းအချက်အလက်မရှိ၊ အလွန်အန္တရာယ်ရှိ၊ မ၀င်ပါနှင့်]


ထို့​နောက် ဒုတိယစာမျက်နှာတွင်


[ဖြစ်စဥ်ဂိမ်းအမျိုးအစား : ကွဲပြား(ခက်ခဲမှုမြင့်)]


[နံပါတ်: ၂]


[​သေဆုံးသူအ​ရေအတွက်: ၃၉၁]


[၀င်​ပေါက်အ​ရေအတွက်: ၃၀]


[ဂိမ်း၏သဲလွန်စ: ကစားသမားတစ်ဦးကိုတစ်​ဦး ပြန်သတ်ထားကြ၊ ၀င်​ပေါက်အနီး အ​လောင်း ၅​လောင်းမှ ၇​လောင်းအထိ​တွေ့ရ]


[အချုပ်: လက်ခံသည့် ကစားသမား ၁၀​ယောက်ထက်နည်း၊ တစ်ဦးကိုတစ်ဦး တိုက်ခိုက်ရ​သောဂိမ်းမျိုးဖြစ်နိုင်၊ အထူးအန္တာရယ်မြင့်မား၊ မ၀င်သင့်]


တတိယစာမျက်နှာတွင် 


[ဖြစ်စဥ်ဂိမ်း အမျိုးအစား: ကွဲပြား (ခက်ခဲမှုမြင့်)]


[နံပါတ်: ၃]


[​သေဆုံးသူအ​ရေအတွက်: ၁၅၆]


[၀င်​ပေါက်အ​ရေအတွက် : ၁၉]


[ဂိမ်း၏သဲလွန်စ: ​အသက်မရှူနိုင်ပဲ ​သေဆုံး၊ 

၀င်​ပေါက်အနီး အ​လောင်း ၃​လောင်းမှ ၅​လောင်းအထိ​တွေ့]


[အချုပ်: တင်းကြပ်ခက်ခဲလွန်း​သော ရှင်သန်ရတဲ့ဂိမ်းဖြစ်နိုင်။ အန္တရယ်များ၊ မ၀င်သင့်]


ထိုစာမျက်နှာ သုံးခု​နောက်တွင် ပူ​ဒုန်၏​အ​သေးစိတ်​မြေပုံရှိကာ အနက်​ရောင်​မှင်ဖြင့် အမှတ်အသားများ ပြုလုပ်ထားသည်။ ထန်​မော့၄င်းတို့အား ခြုံကြည့်လျက် ပထမနှင့် တတိယဂိမ်းများ၏ ၀င်ပေါက်ကို မှတ်သားကာ ဖိုင်အုပ်ကိုပြန်​ပေးလိုက်သည်။


ထန်​မော့ကဆိုလိုက်သည်။ 


"ဒုတိယဖြစ်စဥ်ဂိမ်းကပိတ်သွားပြီလို့ မင်း​ပြောခဲ့တယ်၊ ပိတ်သွားပြီဆိုမှ​တော့ ငါ​ပေးတဲ့သတင်းက မင်းအတွက် ဘာအသုံး၀င်မှာမို့လဲ"


​လော့ဖုန်းချန်းက ထိုဖိုင်ကိုပြန်သိမ်းလိုက်သည်။


"ဒုတိယဖြစ်စဥ်ဂိမ်းကို ရှင်းနိုင်ခဲ့တယ်ဆိုမှ​တော့၊ ပထမနဲ့တတိယဂိမ်း​တွေကလည်း မင်းအတွက် ခက်ခဲမယ်မထင်ဘူး" 


ထန်​မော့မှာ အန္တရာယ်များ​သော ဖြစ်စဥ်ဂိမ်းများ၏ ၀င်​ပေါက်များကို သိလိုက်ရပြီဖြစ်၍ ထိုကဲ့သို့သတင်းမျိုးက အလွန်အဖိုးတန်လှသည်။


ထန်​မော့ ​လော့ဖုန်းချန်းအား အ​တော်ကြာစိုက်ကြည့်​နေပြီးမှ​မေးလိုက်သည်။


"ဒီ'တိုက်'အဖွဲ့အစည်းက အ​နက်​ရောင်​မျှော်စင်ကို တိုက်ခိုက်ချင်တာလား"


"ခုခံမှုမြင့်မားတာကလည်း တိုက်ခိုက်တာနဲ့အတူတူပါပဲ"


​လော့ဖုန်းချန်းကပြုံးလိုက်းသည်။ 


"အစက​တော့ ဒီအဖွဲ့အစည်းနာမည်က ရှင်သန်ခြင်းတဲ့၊ သူတို့ကရှင်ပဲရှင်သန်ချင်ကြတာ၊ အဲဒီ​​နောက်  ဖူ၀မ်သော်က အနက်​ရောင်​မျှော်စင် ပထမထပ်ကိုဖွင့်ပြီး တရုတ်ပြည်ရဲ့ကစားသမား​တွေအကုန်လုံးကို ဆွဲ​ခေါ်သွားခံရတဲ့အခါ အဖွဲ့အစည်းရဲ့ ပထမဆုံးအဖွဲ့၀င် ၁၁​ယောက်ထဲက ၂​ယောက်က ​သေသွားတယ်​လေ၊ သူတို့သာခွန်အား လုံလုံ​လောက်​လောက် မမြင့်ခဲ့ရင် သူတို့လည်း မရှင်​လောက်ဘူး" 


တိုက်ခိုက်ခြင်းသည်လည်း အ​ကောင်းဆုံးခုခံမှုတစ်မျိုးပင်။ 


ထန်​မော့ ဤအဆိုကို မငြင်းခဲ့​​ချေ။


ဒုတိယဖြစ်စဥ်ဂိမ်းမှာ ရှင်းခံရပြီး​နောက် ပိတ်သွားခဲ့သည်။ အဖွဲ့အစည်းထဲမှ လူတိုင်း၄င်းကိုသိမည်ပင်။ သို့​သော် ထန်​မော့နှင့်​တွေ့ခဲ့​သော နျဲ့​ဖေးတို့သုံး​ယောက်မှာ ထိုဒုတိယ​မြောက်ဖြစ်စဥ်ဂိမ်း၏ သတင်းကိုလိုချင်​နေတုန်းပင်ဖြစ်ကာ သူတို့၏ကိုယ်ပိုင် သတင်းများနှင့်ပင် ဖလှယ်ခဲ့သည်။


ရည်ရွယ်ချက်၂မျိုးရှိ​လေသည်။ ပထမက​တော့ ရှင်းခဲ့ပြီး​​သော ဂိမ်းထံမှ အသုံး၀င်​သော အချက်များရရှိရန်ဖြစ်သည်။ ဒုတိယအ​နေနှင့်မူ ဒုတိယဖြစ်စဥ်ဂိမ်းမှ ခက်ခဲမှုအဆင့်ကို သိရပြီး ပထမနှင့် တတိယဂိမ်း၏ ခက်ခဲမှုအဆင့်ကို ခန့်မှန်းလို၍ပင်။ အကယ်၍အနာဂါတ်တွင် ထိုကဲ့သို့ ခက်ခဲမှုမြင့်လွန်း​သော ဂိမ်းများနှင့်ကြုံ​တွေ့ရပါက စဥ်းစား​တွေး​ခေါ်နိုင်စွမ်း ရှိလို၍လည်းဖြစ်သည်။


ထန်​မော့မှာ ထိုဂိမ်း​ကြောင့် မာရီယိုထံမှ အနီ​ရောင် ပတ္တမြားနှင့် ဘီယာဗိုက်နှင့်​ယောကျာ်း၏စွမ်းရည်ကိုရရှိခဲ့သည်။ တခြားဖြစ်စဥ်ဂိမ်းများတွင်လည်း ဆုလာဘ်များရှိ​​ပေလိမ့်မည်။ ခွန်အားနှင့် စွမ်းရည်များတိုးတက်လာ​စေရန် ထိုဖြစ်စဥ်ဂိမ်းများကို ရှင်းရန်က အမြန်ဆုံးနည်းလမ်းပင်။


ဒုတိယဂိမ်းကိုနားလည်ခြင်းဖြင့် တခြားဂိမ်းများအတွက် နည်းလမ်းတကျ​​တွေး​ခေါ်နိုင်သွားမည်။


တိုက်အဖွဲ့အစည်းမှာ အချိုးကျသည်ဟု​တော့ဆိုနိုင်​ပေသည်။ သူတို့တွင် သတင်းအချက်အလက် များစွာရှိ​သော်လည်း အန္တရာယ်များကိုလည်း ရင်ဆိုင်ရမည်သာ။ သူတို့၏ကိုယ်ပိုင်ခွန်အားကို တိုးတက်လာ​စေရန်အတွက် အန္တရာယ်များနှင့် ဖြစ်စဥ်ဂိမ်းများကိုလည်း ​ရှောင်ရှားမ​နေပဲ ထိပ်တိုက်​တွေ့လိုကြသည်။


ထန်​မော့မှာ ခတ္တမျှတိတ်ဆိတ်​နေခဲ့မိသည်။ 


"အဖွဲ့၀င်မ၀င်ကို ပြန်စဥ်းစားကြည့်လိုက်ဦးမယ်" 


​လော့ဖုန်းချန်း​ခေါင်းငြိမ့်လိုက်သည်။


"​ကောင်းပြီ"


ထန်​မော့ထိုရုံးခန်းမှထွက်လာပြီး​နောက် အ​ပေါ်ဆုံးထပ်တွင် မည်သူမှမရှိသည့် စတိုးဆိုင်တစ်ခုကို​တွေ့သွားခဲ့သည်။ သူကထိုစတိုးဆိုင် တံခါးကိုပိတ်လျက် ကြမ်းပြင်​ပေါ်တွင် အ၀တ်အစားတချို့ကို ဖြန့်ခင်းကာ အနားယူရန်ပြင်လိုက်သည်။


သူက ​ငွေ​ရှင်း​​​ကောင်တာ၏​နောက်တွင်လှဲ​နေခဲ့ခြင်း ဖြစ်ကာ ကြီးမား​သော သစ်သား​ကောင်တာ​ကြီးက သူ့ကိုအပြည့်အ၀ကွယ်ထားခဲ့သည်။ ထန်​မော့မှာ လှုပ်ရှားမှုမှန်သမျှကိုနားစွင့်​နေခဲ့ပြီး ​ထောင့်တစ်​နေရာတွင် ကင်မရာတစ်ခုကို ​တွေ့လိုက်ရသည်။ ​ကောင်တာထဲမှ အ​ကြွေ​စေ့တစ်ခုကိုနှိုက်ယူလျက် လှမ်းပစ်ကာ ထိုကင်မရာ၏ မှန်ကိုခွဲပစ်လိုက်သည်။ 


ယခုထိုကင်မရာမှာ အသုံးမ၀င်​တော့​သော်လည်း သူကသတိမလွတ်ရဲ​ချေ။ 


ထန်​မော့လှည့်လျက် သူ၏​ခေါင်းကို ​ကျောပိုးအိတ်​ပေါ်တွင် တင်ထားလိုက်သည်။ ထို့​နောက်တွင် ​​ကျောပိုးအိတ်ထဲသို့လက်နှိုက်လိုက်ပြီးမှ လေထဲမှ စွမ်းရည်စာအုပ်ကိုဆွဲထုတ်လိုက်သည်။ သို့ဆိုပါက မည်သည့်ရှူ​ထောင့်ကပင်ကြည့်ကြည့် စာအုပ်မှာ လွယ်အိတ်ထဲမှ ထွက်လာသည်ဟုသာ မြင်ရလိမ့်မည်ပင်။ ထို့​နောက်ထန်​မော့ ​နောက်ဆုံးစာမျက်နှာကို လှန်ကြည့်လိုက်သည်။


[စွမ်းရည်: ကျားတစ်​ကောင်လို အ​​ဝေးမှ စွမ်းအား​တွေကိုစုပ်ယူခြင်း] 


[ပိုင်ရှင်: လျို​ဖေး​ဟောင် ]


[အမျိုးအစား: ​​ပေါက်ကွဲအမျိုးအစား]


[အသုံးပြုပုံ: ပြင်းထန်​သော​လေ​ပွေက၃မိနစ်အထိတိုက်ခိုက်​​နေမည်ဖြစ်ပြီး ​လေတိုက်နှုန်း အဆင့်၁၀ဆင့်အထိရှိသည်]


[အဆင့် : ၂]


[ကန့်သတ်ချက်: ​လေများကိုစုပ်ယူ၍သာ အသုံးပြုနိုင်သည်။ အနားယူချိန် ၁၀မိနစ်]


[မှတ်ချက်: ကျားတစ်​ကောင်လို အ​ဝေးမှ စွမ်းအားကို စုပ်ယူခြင်းဆိုပဲ၊ လျို​ဖေး​​​ဟောင်: ​မြောင်~]


[ထန်​မော့ဗားရှင်းအသုံးပြုရန်အညွှန်း: ပြင်းထန်​သော​လေ​ပွေမုန်တိုင်းကို ၁မိနစ်သာအသုံးပြုနိုင်မည်။ ​လေ​ပွေပြင်းအား အမြင့်ဆုံးမှာ အဆင့် ၈အထိသာရှိမည်။ တစ်​နေ့တွင် ၂ကြိမ်သာအသုံးပြုနိုင်မည်။ ဒီစွမ်းရည်က ပူစပ်​နေတာပဲဟ၊ ပိုင်ရှင်က​တော့ စိတ်ပူစရာပဲ၊ မင်း​ရောထန်​မော့က ဟယ်လိုကစ်တီ​လေးနဲ့ တူတယ်လို့ထင်လား]


ထန်​မော့မှာ စွမ်းရည်စာအုပ်အား ​အေးစက်​သော ဟယ်လိုကစ်တီ အကြည့်တစ်ချက်​ပေးလိုက်သည်။ 


​​အေးစက်​​သော ကြမ်းပြင်​ပေါ်တွင်လဲ​လျောင်း​နေရင်း စာအုပ်၏ပထမစာမျက်နှာကိုလှန်လျက် အစကပြန်ဖတ်လိုက်သည်။


'စားပြီးနားမလည်'စွမ်းရည်အပြင်ကို ထန်​မော့တွင် အခုဆိုလျှင် စွမ်းရည် ၆မျိုးရှိ​နေပြီဖြစ်သည်။ ပထမတစ်ခုက သို​​လှောင်စွမ်းရည်အမျိုးအစားပင်။ ထန်​မော့ ၄င်းကို မီးခြစ်ဆံကြီးကို သို​လှောင်ရန်အသုံးပြုခဲ့သည်။ ဒုတိယတစ်ခုမှာ လီပင်း၏ ကျိန်စာစွမ်းရည်ဖြစ်သည်။ ၄င်းမှာ ထန်​မော့အများဆုံးအသုံးပြုခဲ့​သော စွမ်းရည်ပင်။ ၄င်းမှာ အဓိကအသုံး၀င်​သော စွမ်းရည်မျိုးမဟုတ်​သော်လည်း ရွံစရာ​ကောင်း​သော ရန်သူများကို ရင်ဆိုင်ရန်အတွက်မူ အသုံး၀င်​နေဆဲပင်။


တတိယစွမ်းရည်မှာ ကစားသမားများကို အမျိုးအစားခွဲခြင်းပင်ဖြစ်ကာ သိပ်အသုံးမ၀င်လှ​ချေ။ ထို့​နောက် ချန်ရှန်းရှန်း၏စွမ်းရည်ဖြစ်ကာ ၄င်းအား ​ထွေ​ထွေထူးထူး အသက်သွင်း​နေစရာမလို​ချေ။ ထန်​မော့၄င်း၏လုပ်​ဆောင်မှုကို မမြင်နိုင်​သော်လည်း တချို့အချိန်များတွင် အလိုလိုခံစားမိ​လေသည်။


သူတွင် တိုက်ခိုက်စွမ်းရည်ဟူ၍ 'ငါ့အဘိုးပြန်​ပေး'နှင့်

'ကျားတစ်​ကောင်လို အ​​ဝေးမှ စွမ်းအားကိုစုပ်ယူခြင်း'တို့သာရှိ​လေသည်။


ထန်​မော့မှာ စာမျက်နှာအားလက်ဖြင့်​တောက်​နေရင်း တစ်ခုခုကို​တွေး​တော​နေသည့်ဟန် သူ၏အကြည့်များမှာ နက်ရှိုင်း​နေခဲ့သည်။ ထို့​နောက်စာအုပ်အား ​လွယ်အိတ်ထဲသို့ပြန်ထည့်လိုက်ပြီး ပတ္တမြားကို ထုတ်ယူလိုက်သည်။


ညအချိန်ဖြစ်ကာ ​မောလ်မှာတိတ်ဆိတ်လျက်။ ​မောလ်၏အ​ပေါ်ဆုံးအထပ် မှန်ပြတင်းကြီးမှတဆင့် လ​ရောင်​ဖျော့​ဖျော့ ထွန်းလင်း​နေခဲ့သည်။ ထို​​အ​မှောင်ထဲတွင် ပတ္တမြားမှာ အနီ​ရောင်ရင့်ရင့် ၀ိုင်နှယ် ။


ထန်​မော့ထို ပတ္တမြားကိုလက်ဖြင့်ညစ်လျက် အနည်းငယ်လှုပ်ခါလိုက်သည်။ ထိုပတ္တမြားကိုလှုပ်လိုက်သည်နှင့် အတွင်းမှ အနီ​ရောင်အရည်များမှာလည်း လှုပ်ခါသွားခဲ့သည်။ ထိုအထဲ၌ ​သွေးကဲ့သို့ ခပ်ပျစ်ပျစ် ထူးဆန်း​သောအနီ​ရောင်အရည်တစ်ခုကိုဖြည့်ထားခြင်းပင်။  ထန်​မော့မှာ ကြက်ဆင်ဥကဲ့သို့ ထိုပတ္တမြားကို ၃ချက်​ခေါက်ကြည့်လိုက်သည်။


မည်သည့်တုန့်ပြန်မှုမှမရှိ​ချေ။ 


ထန်​မော့ပတ္တမြားအား လက်တစ်ဖက်ဖြင့် တင်းတင်းဆုပ်ထားလိုက်သည်။


တုန့်ပြန်မှုမဲ့ဆဲပင်။


ထိုပတ္တမြားအား မျက်စိ​ရှေ့သို့ယူလျက် အနီးကပ်စူးစမ်းလိုက်သည်။ ပတ္တမြားမှာ သူ၏ဆံပင်နားသို့ နီးကပ်လာသည်နှင့် အနီ​ရောင်ရင့်ရင့်အလင်းတစ်ခုနှင့်အတူ နံ​စော်​နေ​သော ဦးထုပ်တစ်လုံးက ​ကောင်းကင်​ပေါ်က​နေ ထန်​မော့၏မျက်နှာ​ပေါ်သို့ တည့်တည့် ပြုတ်ကျလာခဲ့​လေသည်။


ထန်​မော့"..."



🪩