Chapter 143
"အိမ်ရှေ့စံ"
ရှစ်ရှစ်သည် စာကျက်ခန်းထဲသို့ လျှောက်သွားကာ လက်ထဲက အစားအသောက်ဘူးကြီးကို ချလိုက်သည်။
"ဒါက ကျွန်မချက်ထားတဲ့ ဟင်းရည်ပါ၊ ရှင်ကြိုက်ရင် စားကြည့်ပါ"
"ဒီမှာ ထားခဲ့လိုက်"
အိမ်ရှေ့စံသည် မဖွင့်ရသေးသော စာလွှာကို ယူဆောင်ကာ သူဖတ်နေသည့် စာလွှာများ၏ ထိပ်တွင် တင်ထားလိုက်သည်။
"အရှင့်သား အလုပ်ကြိုးစားနေတာပဲ"
ရှစ်ရှစ်သည် အိမ်ရှေ့စံက သူမကို သတိထားနေပြီး အနည်းငယ် ခါးသီးသည်ကို သတိပြုမိသည်။ အစားအသောက်ဘူးကို ချပြီးနောက် အိမ်ရှေ့စံကို ဦးညွှတ်လိုက်ရင်း
"အရှင့်သား အနားလည်းယူပါဦး၊ ခန္ဓာကိုယ်ကိုလည်း အလုပ်ပိုသိပ်မလုပ်ခိုင်းပါနဲ့"
ထို့နောက် သူမသည် အစားအသောက်ဘူးကိုဖွင့်ကာ ဟင်းများထုတ်၍ အိမ်ရှေ့စံရှေ့မှာ ထားလိုက်သည်။
"ရှင် စားတာကို ကြည့်ဦးမယ်"
အိမ်ရှေ့စံက သူမကို မော့ကြည့်လိုက်သည်။ "မလိုပါဘူး၊ဒီစာကိုဖတ်ပြီးရင် ကိုယ် စားလိုက်မယ်၊ မင်း သွားအနားယူလို့ရတယ်"
အခန်းထဲမှာ အသားဟင်းရည်နံ့ မွှေးပျံ့နေသည်။အိမ်ရှေ့စံမင်းသမီးက ခြေတစ်လှမ်းဆုတ်ကာ မျက်နှာပျက်ယွင်ူလျက် ပြောလိုက်၏။
"ဒါဆို ကျွန်မကို သွားခွင့်ပြုပါ"
အိမ်ရှေ့စံက ခေါင်းငုံ့ထားပြီး သူမကို မကြည့်ချေ။ရှစ်ရှစ်သည် တံခါးဆီသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး အိမ်ရှေ့စံကို ပြန်ကြည့်သည်။ အိမ်ရှေ့စံက သူမကို မကြည့်သေး။ ဟင်းချိုပန်းကန်လုံးဆီက ရေနွေးငွေ့များ ထွက်လာသည်။ ဘယ်အချိန် အေးသွားမလဲ မသိနိုင်ပေ။ အိမ်ရှေ့စံသည် တိုင်းပြည်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ရုံရှားနှင့် ယောင်ဖေးကျီ တို့နေရာမှာ အစားထိုးခဲ့သော အရာရှိများကို ထုတ်ပယ်ခဲ့သည်။ ထို့နောက် ယောင်ဖေးကျီကို တရားရုံးသို့ ဖိတ်ခေါ်ရန် ယောင်မိသားစုထံ ကိုယ်တိုင်သွားရောက်ခဲ့သည်။
ယောင်ဖေးကျီ တရားရုံးသို့ပြန်လာပြီးနောက် ကောကုန်းချမ်အမ် ပြန်လာမည့်အချိန်ကို လူတိုင်းက မှန်းဆနေကြသည်။ အိမ်ရှေ့စံသည် ကောကုန်းချမ်အမ်ကို ကိုယ်တိုင်ကိုယ်ကျ သွားခေါ်ဖို့ ကြိုးစားသော်လည်း၊ရုံရှားက အတွေ့မခံဘဲ ငြင်းဆိုခဲ့လေသည်။
လူတိုင်း ထိုကိစ္စကို ပြန်တွေးကြည့်သည်။ ကောကုန်းချမ်အမ်သည် စေတနာကောင်းပြီး ဉာဏ်ကောင်းသော ပညာရှိပင်ဖြစ်သည်။ သူ တရားရုံးသို့ ဝင်ရောက်ပြီးနောက် တရားရုံးအတွက် များစွာလုပ်ဆောင်ခဲ့သည်။ နောက်ဆုံးတွင် နင်းဝမ်မင်းသားက သူ့ကို မျက်နှာမထောက်ဘဲ ထုတ်ပယ်ခဲ့သည်။ယခုဆို သူသည် အိမ်ထောင်ကျပြီး နတ်သမီးတမျှ လှပသည့် အမျိုးသမီးတစ်ယောက် သူ့ရင်ခွင်ထဲမှာ ရှိနေ၏။ သူဘယ်လိုလုပ် ပြန်လာချင်စိတ်ရှိနိုင်မှာလဲ။ ထို့အပြင် သူသည် တော်ဝင်သွေးသားဖြစ်နိုင်သည်။ အရှက်တစ်ခါ ကွဲပြီးဖြစ်၍ ခွင့်လွှတ်ဖို့ဆိုသည်မှာ သူ့အတွက် မလွယ်ကူပေ။
အိမ်ရှေ့စံ၏ အဖွဲ့မှ အရာရှိများသည် အလွန်ဒေါသထွက်ကြသည်။ ကောကုန်းချမ်အမ်သည် ကျေးဇူးတရားကို မည်ကဲ့သို့ တန်ဖိုးထားရမှန်း မသိသူပင်။အိမ်ရှေ့စံက သူ့ကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားခဲ့တာတောင် သူက ပြန်မလာခဲ့။
ဘာလဲ...အိမ်ရှေ့စံက သူ့ကို ဒူးထောက်တောင်းပန်ရမှာလား...
အရှေ့နန်းတော်ရှိ ဆဋ္ဌမတန်းအဆင့် အသေးစားအရာရှိတစ်ဦးက အိမ်ရှေ့စံကို နှစ်သိမ့်လေသည်။
"ရုံရှား တစ်ယောက်တည်း ကမ္ဘာပေါ်မှာ အရည်အချင်းရှိတာ မဟုတ်ပါဘူး၊ အရှင့်သားရဲ့ အဆင့်အတန်းက မွန်မြတ်ပါတယ်၊ သူ့ကို ထပ်ပြီး ပြန်ခေါ်ဖို့ မလုပ်ပါနဲ့တော့"
"အရည်အချင်းရှိသူတွေ ပေါပေမယ့် သူ့လိုလူက ရှားပါတယ်"
အိမ်ရှေ့စံက သူ့လက်နှစ်ဖက်ကို ဖြန့်ထားပြီး အစေခံမိန်းကလေးအား သူ့ဝတ်ရုံကို ဆွဲဆန့်စေသည်။ ဤအသေးအဖွဲအရာရှိ၏ စကားကို သူ လုံးဝ သဘောမတူပေ။
"သူ့ရဲ့အကူအညီနဲ့ဆို ငါဟာ အတောင်ပံတွေပေါက်နေတဲ့ ကျားတစ်ကောင်လိုပါပဲ"
“ဒါပေမယ့်…”
“ရှေးခေတ်ကတည်းက၊ အရည်အချင်းတွေကြောင့် နာမည်ကြီးတဲ့ အရာရှိကြီးတွေဟာ ဒီလို စိတ်ကြီးကြတာချည်းပဲ၊ဒီတယဲ့မင်းဆက် အနှစ်တစ်ရာ တည်တံ့ဖို့ဆို ငါ သူ့ဆီ အခေါက်ခေါက်အခါခါ သွားရတော့ရော ဘာအရေးလဲ"
"အိမ်ရှေ့စံ ပြောတာ သဘာဝကျပါတယ်၊ ကျွန်တော် ဉာဏ်နည်းမိလို့ ခွင့်လွှတ်ပါ"
အိမ်ရှေ့စံ ခါးသီးစွာ ပြုံးလိုက်သည်။ လောလောဆယ် တရားရုံးက ရှုပ်ထွေးနေသည်။လူတိုင်းလိုလို ဒေါသထွက်ကြပြီး အကျင့်ပျက်အရာရှိများသည် အုတ်မြစ်ကို ဖျက်ဆီးသော လူဆိုးများဖြစ်ကြသည်။တရားရုံးရှိ အရာရှိများသည် အချင်းချင်း ရန်စောင်နေကြ၏။စီမံခန့်ခွဲရန် မလွယ်ကူချေ။ ရုံရှားသည် ငယ်ရွယ်သော်လည်း တရားရုံးတွင် ဂုဏ်သိက္ခာကြီးမားသည်။ဧကရာဇ်၏ အပြစ်ပေးခြင်းကို ခံခဲ့ရပြီး ကမ္ဘာပေါ်ရှိ လူတိုင်းနီးပါးက သူ့ကို စွန့်ပစ်လိုက်ပြီဟု ထင်ကြသည့်တိုင် တရားရုံးတွင် သူ့အတွက် ကာကွယ်ပြောပေးကြသော အရာရှိအချို့လည်း ရှိသေးသည်။ ဤသည်ကိုကြည့်၍ သူ မည်မျှ သြဇာညောင်းသည်ကို တွေ့မြင်နိုင်သည်။ရုံရှားက သူ့အတွက် အများကြီးလုပ်ပေးမည်ဟု မမျှော်လင့်ထားသော်လည်း၊ မရှိမဖြစ်လိုအပ်သော အရာတချို့အား ရုံရှား ဆွဲဆောင်မှသာပါလာနိုင်ပေသည်။
အဝတ်အစား ဝတ်ပြီးနောက် အိမ်ရှေ့စံက သူ့ဘေးနားက အစေခံကိုပြောသည်။
"မြင်းရထားအသင့်ပြင်ထားပြီလား၊ ကောကုန်းချမ်အမ်က မနေ့က ကျင့်ထင်အိမ်တော်ကို ပြန်သွားတယ်လို့ ငါကြားတယ်"
"အရှင့်သားကို အကြောင်းပြန်ပါတယ်၊ ကောကုန်းချမ်အမ်က အခု သူ့အိမ်တော်ကို ပြန်ပြောင်းသွားပါပြီ၊ ပန်းဟွာကျွင်းကျူးက မြို့တော်မှာ နေရတာကိုကြိုက်ပါတယ်၊ဒါပေမယ့် ကောကုန်းချမ်အမ်က သူမ နန်းတော်ထဲမှာ နေရတာ အဆင်မပြေဖြစ်မှာကို စိုးရိမ်ပြီး သူ့အိမ်တော်ကို ပြန်ပြောင်းခဲ့တာပါ"
အစေခံ၏စကားကိုကြားသော် အိမ်ရှေ့စံက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ဟွာဟွာက အိမ်ထောင်ကျသွားတာတောင် ဆိုးနေတုန်းပဲကိုး"
အိမ်ရှေ့စံသည် ကျင့်ထင်အိမ်တော် မှ ပန်းမိသားစုကို နှစ်သက်ကြောင်း အစေခံက သိသောကြောင့် ကောင်းသောစကားကိုသာ ပြောလိုက်သည်။
"ပန်းဟွာကျွင်းကျူးက အရမ်းလှတာဆိုတော့ ကောကုန်းချမ်အမ်က သူမကို အလိုလိုက်ပါတယ်၊ ကောကုန်းချမ်အမ်' နဲ့ အတူ ပန်းဟွာကျွင်းကျူးက ကျင့်ထင်အိမ်တော် မှာ နှစ်သစ်ကူးအကြို ကုန်ဆုံးဖို့ ပြန်သွားတယ်လို့ ကျွန်တော် ကြားပါတယ်၊မြို့တော်က မိန်းကလေးတွေကတော့ ကျွင်းကျူးကို မနာလိုဖြစ်နေကြပါတယ်"
အိမ်ရှေ့စံသည် ရုံရှား အပေါ် ပို၍ပင် အထင်ကြီးသွားသည်။သူ၏အမြင်တွင်၊ ယောက်ျားဆိုသည်မှာ လက်တွဲဖော်အပေါ် အလွန်ချစ်မြတ်နိုးလျှင် စိတ်ထားကအစ နူးညံ့သိမ်မွေ့ရပေမည်။
ချက်ချင်းဆိုသလို နှစ်ပေါင်းများစွာ သူနှင့်လက်ထပ်ခဲ့သော ရှစ်ရှစ်ကို တွေးတောရင်း သူ သက်ပြင်းချမိကာ အနည်းငယ် အထီးကျန်ဆန်မိ၏။
ပန်းဟွာ၏ ခန်းဝင်ပစ္စည်းက များလွန်းသောကြောင့် ကောကုန်းချမ်အမ်၏ အိမ်ကြီးသည် ယခုအခါ အလုပ်များနေသည်။သိုလှောင်ခန်းတစ်ခန်းနှင့် မလုံလောက်သောကြောင့် သိုလှောင်ခန်းကို ပြန်လည်ဖွဲ့စည်းရမည်ဖြစ်သည်။
မရေမတွက်နိုင်သော ရွှေ၊ ငွေ၊ ကျောက်စိမ်း ပစ္စည်းများကြောင့် တာဝန်ခံ အိမ်တော်ထိန်း ချွေးသီးချွေးပေါက်များပင် ထွက်နေသည်။ သူတို့၏ သခင်က အတော်ချမ်းသာသော နတ်ဘုရားမတစ်ပါးနှင့်လက်ထပ်လိုက်တာပင်။တည်ငြိမ်သက်နေသော ပန်းမိသားစု မှ အိမ်တော်ထိန်းကိုကြည့်ရင်း အိမ်တော်ထိန်းက အသက်ပြင်းပြင်းရှူကာ ပစ္စည်းများ ရွှေ့ပြောင်းရာတွင် ပိုမိုသတိထားရန် အစေခံများအား ညွှန်ကြားလိုက်၏။
"အားလုံး ထုပ်ပိုးပြီးပြီလား"
ရုံရှား ခြံဝင်းထဲမှာ သေတ္တာများစွာကို တွေ့လိုက်၍ အိမ်တော်ထိန်းကို လှည့်ကြည့်လိုက်သည်။
"သခင်မလေးက မင်းကို ယုံကြည်လို့ ဒီကိစ္စကို ပုံအပ်ထားတာ၊ မမှားအယွင်းမရှိစေနဲ့"
"ဟုတ်ကဲ့"
ပန်းဟွာသည် ရုံမိသားစုသို့ လက်မထပ်မီပင်၊ သူမ ခေါ်ဆောင်လာသော အစေခံများအား အုပ်ချုပ်စေကာ အိမ်တော်အား အပိုင်စီးမည်ကို အိမ်တော်ထိန်း စိုးရိမ်ခဲ့သည်။ သို့သော် သူမသည် ထိုသို့သော အစီအစဥ်မရှိရုံသာမက သူမ၏ ခန်းဝင်ပစ္စည်းကိုပါ သူ့အား တာဝန်ယူခွင့်ပေးမည်ဟု သူမမျှော်လင့်ထားပေ။
သူလည်း ထိုမှသာ စိတ်သက်သာရာရစေပြီး တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားမိသည်။သခင်မသည် သူတို့မိသားစု၏ ကောကုန်းကို ပြင်ပလူအဖြစ် မဆက်ဆံခဲ့ချေ။
"ကောကုန်း၊ ရွှေ၊ ငွေ၊ ကျောက်စိမ်း ဆောင်းပါးတွေအားလုံးကို စုစည်းထားပေမယ့် ဒီရှေးဟောင်း လက်ရေးလှ ပန်းချီကားတွေက..."
အိမ်တော်ထိန်းက ဒီရှေးဟောင်း လက်ရေးလှနှင့် ပန်းချီကားများ၏ နာမည်ကို မြင်လိုက်သည်နှင့် သူ့မျက်လုံးများကိုပင် မယုံနိုင်တော့။ဤကိစ္စက ကြီးကျယ်သွားမည်စိုး၍ တခြားသူများကို မပြောဝံ့ပေ။
ရုံရှား မျက်ခုံးပင့်လိုက်ပြီး
"လက်ရေးလှနဲ့ ပန်းချီတွေက ဘာတွေဖြစ်နေလို့လဲ၊သတိလက်လွတ်နဲ့ ကျိုးပဲ့သွားလို့လား"
အိမ်တော်ထိန်း ခေါင်းကို အထပ်ထပ်ခါယမ်းသည်။ ဤအရာများသာ အစစ်အမှန်ဖြစ်ပါက အဖိုးမဖြတ်နိုင်ပေ။ ထိခိုက်ပွန်းပဲ့ဖို့ မပြောနှင့်၊ ထိပင်မထိရဲချေ။စကားလုံးများနှင့်ပင် သူ့ရင်ထဲက ထိတ်လန့်မှုကို ဖော်ပြ၍မရတော့ဘဲ စာရင်းကို ရုံရှားသို့သာ ပေးလိုပ်သည်။
လွန်ခဲ့သော နှစ်တစ်ထောင်က လက်ရေးလှရေးဆရာ၏ လက်ရေးလှစာမူများ၊ လွန်ခဲ့သည့် မင်းဆက် နှစ်ဆက်က ဧကရာဇ်တစ်ပါး၏ ပန်းချီကား၊ ထင်ရှားသော တပည့်များ၏ တစ်ခုတည်းသော မိတ္တူ၊ လွန်ခဲ့သော မင်းဆက်နှစ်ဆက်မှ ဧကရာဇ်၏ ပန်းချီ၊ လက်ရေးလှပုံနှင့် ကျော်ကြားသော ပန်းချီကားတစ်ချပ်၊ ပညာရှင် သို့မဟုတ် လက်ရေးဖြင့် ပုံနှိပ်ထားသော မိတ္တူများ။ ဒါတွေက ရှာရခက်တယ်၊ပန်းမိသားစုမှာ ဘာလို့ ရှိနေတာလဲ၊သူတို့ရဲ့ လက်ရေးလှရေးနည်းတွေနဲ့ ပန်းချီစာအုပ်တွေအားလုံးကို အိမ်တော် ဆီကို ရွှေ့ခဲ့သတာလား...
ရုံရှား စာရင်းကို ယူလိုက်သည်။ သူလည်း ကြည့်လေလေ တုန်လှုပ်လေလေဖြစ်သည်။
"ဒါကို တခြားဘယ်သူသိလဲ"
ရုံမိသားစုသည် နှစ်ပေါင်းရာနှင့်ချီ တည်ရှိခဲ့သော မိသားစုကြီးဖြစ်သည်။ သူတို့မှာ ကောင်းမွန်သည့် အရာများစွာရှိသည်။စာအုပ်များ၊ လက်ရေးလှ၊ ပန်းချီကားများ ပေါသည်။သို့ရာတွင် ဤစာရင်းထဲက အရာများလောက်တော့ အံ့သြစရာမကောင်းပေ။ မူလက ပန်းမိသားစု၏ ခန်းဝင်ပစ္စည်းစာရင်းတွင် ဤအရာများ မပါရှိသောကြောင့် သူသည် ကြီးမားသော မိသားစုနှင့် လက်ထပ်ခဲ့ကြောင်း သူကိုယ်တိုင်ပင် မသိခဲ့ပေ။
ဟွာဟွာပေးခဲ့သည့် စာအုပ်များက သူ့ကို အံ့အားသင့်စေခဲ့၏။ ပန်းမိသားစုမှာ ပညာရှင်များ အိပ်မက်မက်ခဲ့သော အရာများရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ဖူးပေ။
"ဒီလက်အောက်ငယ်သားကလွဲရင် ဂိုထောင်ကို စောင့်ရှောက်ဖို့ စေလွှတ်လိုက်တဲ့ အစေခံတွေပဲ သိပါတယ်"
ရုံရှားက "မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ၊ အားလုံးကို လုံခြုံအောင်ထားပါ၊ သတင်းပေါက်ကြားမသွားစေနဲ့"
"ကျွန်တော် နားလည်ပါတယ်"
ရုံရှားသည် အတွင်းဝင်းထဲသို့ စာရင်းယူသွား ပန်းဟွာကို သွားရှာသည်။ သူမသည် အဖြူရောင် စကျင်ကျောက်တံတားပေါ်တွင် ငါးစာကျွေးနေပါသည်။ ရာသီဥတုက အေးနေသေးတာကြောင့် အမွေးပွအဝတ်အစားများ ၀တ်ထားသည်။ အဝေးမှကြည့်ပါက၊သူမပုံစံက လှပပြီး ပျင်းရိသော မြေခွေးတစ်ကောင်လို ဖြစ် နေတော့သည်။
"ဟွာဟွာ" ရုံရှားက သူ့အနားကို လျှောက်လာပြီး အစေခံကောင်မလေးဆီက ဝတ်ရုံကို ယူလိုက်သည်။
"မင်းရဲ့ ခန်းဝင်ပစ္စည်းကို ကိုယ် မြင်လိုက်ပြီ၊ကိုယ်ကတော့ ယောက္ခမတို့ဆီသွားပြီး သူတို့ဆီမှာဘဲ နေချင်တော့တယ်"
ပန်းဟွာသည် သူ့စကားကြောင့် ကြည်နူးသွားသည်။ သူမ လက်ကို ဝှေ့ယမ်းပြီး အနားက အစေခံကို ထွက်သွားခွင့်ပေးလိုက်၏။
"အဲဒီရတနာတွေကို ကြိုက်နေတာလား”
ရုံရှားက ခေါင်းခါလိုက်ပြီး
"ဟင့်အင်း စာအုပ်တွေကိုပဲ ကြိုက်တာ"
“ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ဆိုပြီး အားထုတ်ခဲ့ကြတဲ့ ကျွန်မတို့မိသားစုရဲ့ ဘိုးဘေးတွေက အဲ့ဒီစာအုပ်တွေကို မလိုလားကြဘူး၊အဲဒီအချိန်တုန်းက ကမ္ဘာကြီးတခုလုံး ကမောက်ကမဖြစ်ပြီး လူတွေကလည်း အသက်မွေးဝမ်းကြောင်း လုပ်စရာလမ်းမရှိဘူးလို့ ပြောတယ်၊ ကျွန်မတို့ ဘိုးဘေးက မြို့တစ်မြို့ကို အပိုင်တိုက်နိုင်တဲ့အခါတိုင်း ရလာတဲ့ ပစ္စည်းတွေကို တခြားအဖွဲ့ဝင်တွေနဲ့ ခွဲဝေယူတယ်၊ ကျွန်မတို့ ဘိုးဘေးကတော့ သူများတွေလို ရွှေငွေတွေ မရဘူး၊ အမှိုက်ပဲရတာ"
တယဲ့ မင်းဆက်၏ ပထမဆုံးဧကရာဇ် အုပ်ချုပ်ချိန်သည် လူသိပ်မသိသော တိုင်းပြည်တစ်ပြည်ဖြစ်ခဲ့သည်။ သူသည် နယ်နိမိတ်များကို စတင်သိမ်းပိုက်စဉ်က စကားလုံးအားလုံးကိုပင် မမှတ်မိနိုင်ဟု ဆိုကြသည်။ ထိုသို့သောလူသည် ဧကရာဇ်ဖြစ်လာနိုင်သည်ဟု မည်သူယုံကြည်မည်နည်း။
"အမှိုက်" ဟူသော စကားလုံးကို ကြားလိုက်သောအခါ ရုံရှားကဲ့သို့ တည်ငြိမ်နေသူတစ်ဦးပင် မျက်ခုံးပင့်လိုက်တော့၏။သို့သော် ထိုအချိန်က ဖရိုဖရဲ ဖြစ်နေသော ကမ္ဘာကို တွေးကြည့်လျှင် ဤရှေးဟောင်းပစ္စည်းများနှင့် ပန်းချီကားများသည် ဆန်တစ်တောင်းလောက် တန်ဖိုးရှိမည်မဟုတ်ပေ။ လူတွေက ဗိုက်တောင်မဖြည့်နိုင်တဲ့အခါ ဒီလက်ရေးလှရေးနည်းတွေနဲ့ ပန်းချီကားတွေကို ဘယ်လိုအသုံးချမှာလဲ။
"ရှင်က ဒီလက်ရေးလှရေးနည်းတွေနဲ့ ပန်းချီကားတွေကို ကြိုက်မယ်ထင်တယ်၊ ဒါကြောင့် သူတို့က ယူသွားခိုင်းတာ" ပန်းဟွာက ရုံရှားကို မကြည့်ဘဲ ရေထဲမှ ငါးများကို ငုံ့ကြည့်ရင်း
"မောင်လေးဟမ်မှာ ကလေးတစ်ယောက်မွေးလာရင် ဒီထဲက တစ်ဝက်ကို ပေးရမှာ၊ ဒီနှစ်အနည်းငယ်အတွင်းမှာ ရှင်လည်း စာအုပ်တွေထဲက တစ်ဝက်လောက်ကို ကူးယူဖို့ အချိန်လုံလောက်ပါတယ်"
"သွားကြရအောင်"
ပန်းဟွာရှေ့တွင် အဖြူရောင်လက်တစ်စုံ ဖြန့်လျက်သားရောက်လာလေသည်။
"ဘယ်သွားမှာလဲ"
ပန်းဟွာသည် ရုံရှားကို မော့ကြည့်လိုက်သည်။သူ့မျက်နှာတွင် အပြုံးများ ပြည့်နှက်နေပြီး သူမ နှလုံးသားကိုပါ ပျော့ပျောင်းစေခဲ့သည်။
"ကိုယ့်ရဲ့ ဂိုထောင်ကို သွားကြည့်မယ်"
ပန်းဟွာ ရုံရှား၏လက်ဖဝါးထဲကို လက်တင်လိုက်သည်။ ရုံရှားက သူမကို ဆွဲခေါ်လိုက်ပြီး နှစ်ယောက်သား ရတနာများကြည့်ဖို့သွားကြလေသည်။
ရုံမိသားစု၏ သိုလှောင်ခန်းသည် အလွန်ကျယ်ဝန်းသည်။ ပန်းဟွာသည် အထဲသို့ မဝင်မီ တံခါးများဖွင့်ထားသည်ကို တွေ့လိုက်ရသည်။ရုံရှားသည် အပြင်ဘက်ရှိ အနီရောင် ယွန်းသေတ္တာဒါဇင်ပေါင်းများစွာကိုပင် မပြသေးဘဲ သူမကို အတွင်းထဲသို့ တိုက်ရိုက်ခေါ်သွားခဲ့သည်။အလယ်ခန်းတွင် ရှေးဟောင်းပစ္စည်း၊ လက်ရေးလှ၊ ပန်းချီကားများစွာရှိသည်။ပန်းဟွာသည် ဤအရာများကို စိတ်မဝင်စားဘဲ တစ်ချက်သာကြည့်လိုက်၏။
အတွင်းဆုံးအခန်းသည် အလွန်ကျယ်ဝန်းပြီး သပ်သပ်ရပ်ရပ်ဖြင့် စင်များတန်းစီထားကာ ကြီးမားပြီး လက်ရာမြောက်သော သေတ္တာငယ်များရှိသည်။ သူမသည် ကျောက်စိမ်းဆွဲသီးများ ပြည့်နေသည့် သေတ္တာကို ဖွင့်လိုက်ရာ ကျောက်စရစ်ခဲပုံစံ ရတနာများအား တွေ့ရသည်။
ခေါင်းတွင်ပန်ဆင်ရသော ရွှေအဆင်တန်ဆာပါရှိသည့် မဟော်ဂနီသေတ္တာကြီးကို သူမ ဖွင့်ကြည့်လိုက်သည်။အဆင်တန်ဆာများပေါ်ရှိ ပျိုနီပန်းပွင့်ချပ်များသည် ပုစဉ်းရင်ကွဲတောင်ပံများကဲ့သို့ ပါးလွှာပြီး အနုစိတ်လှသည်။
ရွှေကို ဘာလို့ ဒီလိုအနုစိတ်ဖန်တီးနိုင်ရတာလဲ...ထို့နောက် အခြားသေတ္တာများကို ဖွင့်လိုက်သည်။ ပုလဲများ ကပ်ထားသောဝတ်ရုံ၊ ကျောက်စိမ်းခေါင်းအုံး၊ ကျောက်စိမ်းဖြင့် လုပ်ထားသော အသုံးအဆောင်များနှင့် အဖိုးမဖြတ်နိုင်သော လက်ဝတ်ရတနာ အမျိုးမျိုး ရှိသည်။ အလွန်လှလွန်းတာကြောင့် သူမ မျက်လုံးပင် မခွာနိုင်ချေ။
“ရုံရှား…”
ပန်းဟွာသည် ဖီးနစ်ငှက်တောင်ပံဆံညှပ်ကို ဂရုတစိုက်ထုတ်လိုက်သည်။ ဆံညှပ်လေးက လှပတာကြောင့် သူမ အသက်ရှုဖို့တောင် မေ့သွားခဲ့၏။
"ရှင့်ရဲ့ဘိုးဘေးက သင်္ချိုင်းဖောက်တဲ့လူ မဟုတ်ဘူးလား"
ပန်းမိသားစုကို ထင်ရှားသောမိသားစုအဖြစ် သတ်မှတ်နိုင်ပြီး ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများစွာရှိသည်။သို့သော်လည်း ငွေပေး၍ပင် ဝယ်နိုင်တာမျိုးမဟုတ်ပေ။သူမတို့မိသားစုမှာပင် ယခုလို သိုလှောင်ခန်းတစ်ခန်းလုံး အပြည့်မရှိပေ။
ရုံရှား ရယ်လိုက်ပြီး ပန်းဟွာ၏ဆံပင်ထက်မှာ ဖီးနစ်ဆံညှပ်ကို ပန်လိုက်သည်။
“ဟုတ်တယ်၊ရုံမိသားစုရဲ့ ဘိုးဘေးက အရင်မင်းဆက်ရဲ့ ဝန်ကြီးချုပ်ဖြစ်ပြီး သူတို့ထဲက တစ်ယောက်က အရင်မင်းဆက်ရဲ့ မင်းသမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့တာ၊ မင်း ငယ်ငယ်ကဆိုတော့ သေချာမမှတ်မိလောက်ဘူး"
xxxxx