အပိုင်း ၁၅၃
Viewers 29k

Chapter 153


ဤသို့ဖြင့် "ရှအန်း၏ကြယ်ပွင့်ဘဝ" အစီအစဉ်တွင် အကြောင်းအရာအသစ် ရိုက်ကူးရန်ရှိသဖြင့် ကင်မရာမန်းများက နေ့စဉ်အလုပ်ကြိုးစားနေရသည်။


နေ့စဉ်မနက်ခြောက်နာရီတိုင်း ရှအန်းက အကောင်ပေါက်လေးနှစ်ယောက်ကို ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းများ သင်ပေးသည်။


ကြည့်ရှု့နေကြသော ကင်မရာမန်းများက မနာလိုဖြစ်နေကြသည်။


သူတို့ အစောကြီးထရရုံသာမက ကလေးနှစ်ယောက် အရသာရှိသောမနက်စာကို စားသောက်နေကြသည်ကို ကြည့်ရှုနေရသေးသည်။ 


အစ်ကိုကြီးနှင့် ဦးလေးများမှာ အရွယ်ရောက်ပြီးသူများဖြစ်သော်လည်း ကလေးနှစ်ယောက်ကို မနာလိုဖြစ်နေရခြင်းမှာ ရှအန်းက သူတို့၏အမေဖြစ်နေသောကြောင့်ပင်။


အသစ်ထည့်သွင်းထားသော လေ့ကျင့်ခန်းလုပ်ခြင်းတတွင် ရှအန်းနှင့် အကောင်ပေါက်လေးနှစ်ယောက်ကို ပို၍သက်ဝင်လှုပ်ရှားလာစေသည်။ 


တစ်ချိန်တည်းမှာပင် သူတို့အားလုံး ဟိုတယ်အသစ်သို့ ပြောင်းရွှေ့လာကြပြီဖြစ်သည်။ 


ဟိုတယ်အသစ်သည်လည်း ကြယ်ငါးပွင့်ဟိုတယ်သာဖြစ်သည့်အပြင် သူတို့သုံးယောက်စလုံး ဧည့်ခန်းပါဝင်သော အကောင်းဆုံးဟိုတယ်ခန်းတွင်သာ နေရသည်။


ယခုအခန်းက ယခင်တစ်ခုလောက် မကြီးသော်လည်း ရှအန်းနှင့် ကလေးနှစ်ယောက်အတွက် ပို၍သင့်တော်သည်။


ခေါင်မိုးထပ်တွင် ပန်းဥယျာဉ်တစ်ခု ရှိသေကြောင့် မနက်တိုင်း ရှအန်းက ကလေးနှစ်ယောက်ကို ဦးဆောင်ခေါ်သွားပြီး နေရောင်ခြည်နွေးနွေးအောက်တွင် လေ့ကျင့်ခန်းလုပ်ပြီး နေပူဆာလှုံကြသည်။ ထိုသို့ပြုလုပ်ခြင်းက ရှအန်းကို စိတ်ပျော်ရွှင်စေသည်။


သို့ရာတွင် ဤဟိုတယ်တွင် ရှအန်းကို စိတ်အရှုပ်စေဆုံးအရာက ယခင်ဧည့်သည်ထားခဲ့သည့် အမှိုက်များက နေရာအနှံ့တွင် ရှိနေသောကြောင့်ပင်။


[ ချစ်ရတဲ့နတ်သမီးလေး မင်္ဂလာနံနက်ခင်းပါ ... ကိုယ်နဲ့တူတူ မနက်စာလာစားဖို့ မျှော်လင့်ပါတယ် - မင်းရဲ့ တဲလက်စ် ]


[ ချစ်ရတဲ့နတ်သမီး ဒီမရေမတွက်နိုင်တဲ့ ပန်းတွေက မင်းအပေါ်ထားတဲ့ ကိုယ့်အချစ်တွေလိုပဲ  - မင်းရဲ့ တဲလက်စ် ]


[ ချစ်ရတဲ့နတ် ...]



နေရာအနှံ့တွင် တွေ့နေရသော ကတ်ပြားများကြောင်း ရှအန်းစိတ်တိုလာသည်။


သူမ ချက်ပြုတ်စဉ်တွင် ပန်းကန်ခွက်ယောက်များ ထုတ်ယူစဉ်လည်း ကြောင်အိမ်ထဲမှ ကတ်ပြားတစ်ခု ထွက်လာသည်။


အလှဆင်ထားသည်များကို မတော်တဆ ထိမိသောအခါတွင်လည်း ကတ်ပြားအသေးတစ်ခု ထွက်ကျလာသည်။


ခုတင်ပေါ် အိပ်နေစဉ် ခေါင်းအုံးကို မတေယ်တဆ ထိမိလျှင်လည်း ကတ်ပြားတစ်ခု ထွက်လာသည်။


စိတ်မူမမှန်တဲ့ တဲလက်စ်က ဟိုတယ်ခန်းထဲမှာ ကတ်ပြားဘယ်နှခု ထားခဲ့လဲဆိုတာ နတ်ဘုရားတွေပဲ သိတော့မယ်ထင်တယ် ...


ပြီးတော့ အဲ့ကတ်တွေက သူမနောက်ကို အရိပ်လိုလိုက်နေတာ ရွံစရာကြီး ...


“…”


အိမ်သာသုံးစက္ကူပေါ်မှ ကတ်ပြားတစ်ပြား ထွက်ကျလာချိန်တွင် သူမ သည်းမခံနိုင်တော့ပေ။


" ဟန်ယွဲ့ ဟိုတယ်တာဝန်ခံကို အကြောင်းကြားပေးဦး ... ကျွန်မအခန်းထဲက ကတ်ပြားတွေကို မရှင်းပေးရင် သူတို့နဲ့ ပူးပေါင်းထားတာကို အပြီးသတ်တော့မယ်လို့ ..."


ရှအန်းဖုန်းခေါ်လိုက်သည်။ ထိုကတ်ပြားကို အိမ်သာထဲပစ်ချပြီး ရေဆွဲချလိုက်သည်။


တဲလက်စ်ဆိုသည့်လူ ဘာလိုချင်နေမှန်း သူမ နားမလည်နိုင်ပေ။


သူတို့နှစ်ယောက်က မဆုံတွေ့ဖူးသော်လည်း ထိုလူက သူမကို နောက်ယောင်လိုက်နေသည်။


စိတ်ပင်ပန်းစရာကောင်းလိုက်တာ ...


သူမ ဤဟိုတယ်တွင်နေမည်ကိုကြိုသိ၍ ထိုကတ်ပေါင်းများစွာကို ကြိုတင်ပြင်ဆင်ထားခဲ့ပုံရသည်။


တကယ် စိတ်ပျက်ဖို့ကောင်းတယ် ...


ဟော့ပေါ့အဖြစ်အပျက်ကတည်းက သူမ သူ့ကို မုန်းတီးနေခြင်းဖြစ်သည်။ ဤတစ်ကြိမ်တွင်လည်း နေရာအနှံ့ရှိနေသော ကတ်များကြောင့် သူမတစ်ကြိမ်မျှမတွေ့ဖူးသည့် နိုင်ငံခြားသားကို ပို၍မုန်းတီးလာသည်။


ထို့နောက် “Return to Earth” ရိုက်ကူးရေးအဖွဲ့ဆီသို့ သူမသွားခဲ့သည်။


ကံကောင်းသည်မှာ ယနေ့ရိုက်ရသောအခန်းများက အသေးစိတ်သည့် ခံစားချက်များအကြောင်း မပါပေ။


ထို့ကြောင့် စိတ်တိုနေသောရှိအန်းမှာ သူမရင်ထဲမှဒေါသများကို ဒေါသထွက်နေသောအခန်းနှင့်အတူ ပေါက်ကွဲပစ်လိုက်သဖြင့် သူမ၏အော်ရာမှာ လုံးဝပြင်းထန်နေသည်။


" ဟဟ... အန်း ... ငါတို့အကုန် မင်းရဲ့ပရိသတ်တွေဖြစ်ကုန်ပြီ ... ငါတို့ "ရှအန်း၏စတားဘဝ" ကို သဘောကျကြတယ် ... ငါ့ညီမလေးက မင်းရဲ့ လက်မှတ်လိုချင်နေတယ် ..."


" အန်း ... ငါကြားတာတော့ တဲလက်စ်က မင်းကိုလိုက်နေတယ်ဆို ... အဲ့မကောင်းတဲ့ကောင်နဲ့ မတွဲနဲ့နော် ... တကယ်လို့ မင်းတွဲချင်ရင် လီယွန်နယ်(Lionel)နဲ့တွဲလေ..."


" ဟုတ်တယ် လီယွန်နယ်က သူ့ကောင်မလေးနဲ့ လမ်းခွဲထားတာ မကြာသေးဘူး ... မင်းတို့နှစ်ယောက်ဆို လိုက်မှာပဲ ..."


" ဟုတ်တယ် ... မင်းရဲ့ရှိုးက ဘာဆက်ဖြစ်မှာလဲ ... ငါတို့ကို စပွိုင်လာပြောပြလေ ..."


" အန်း ဒီကိုနောက်တစ်ခါလာရင် သားလေးကိုပါ ခေါ်လာလေ ..."



ဒုတိယမြောက်ရှိုးကို ထုတ်လွှင့်ပြီးသည့်နောက် ရှအန်းက ရိုက်ကူးရေးအဖွဲ့သားများကြားတွင် နာမည်ကြီးနေသည်။


ရှအန်းက အလုပ်နှင့် ကိုယ်ရေးကိုယ်တာကို ခွဲခြားထားသူဖြစ်၍ ကောင်းကောင်းမွန်မွန်သာ ပြောဆိုဆက်ဆံသည်။ နိုင်ငံခြားသားများကြားတွင် သူမနာမည်ကြီးသည်မှာ ထူးဆန်းသည့်ဖြစ်ရပ်ဖြစ်သည်။


မည်သို့ပင်ဖြစ်စေ သရုပ်ဆောင်တိုင်းက သူမကို ချစ်ကြသည်။


" အိုကေ ..."


" သိပါပြီ ..."


" ကျေးဇူးတင်ပါတယ် ..."


လူအုပ်ကြီးကို ရှင်းထုတ်ပြီးသောအခါ ရှအန်းအလွန်ပင်ပန်းသွားသောကြောင့် ဘာပြောရမည်မသိ ဖြစ်နေသည်။


သူမကို လူများအာရုံစိုက်ခဲ့ကြသည့် အချိန်ကိုသာ ပြတ်လည်တောင့်တနေမိသည်။


ခုံတွင်ထိုင်နေသောအချိန်၌ ဒါရိုက်တာ ဂရေစ့်က သူမဆီသို့ရောက်လာကာ ရှေ့တွင်ရပ်လိုက်သည်။