အပိုင်း ၁၅၄
Viewers 33k

Chapter 154


" အန်း ... ရုပ်ရှင်က ပြီးခါနီးပြီ ... တို့နဲ့ ရိုက်ကူးရေးအဖွဲ့ကလူတွေက မင်းက အမျိုးသမီးဇာတ်ဆောင်ဆိုတာ ကြေညာဖို့ တွေးနေကြသည်။


" ဟမ် ... ရုပ်ရှင်က နောက်နှစ်မှ ထွက်မှာမလား ... ‌တရားဝင်ကြေညာချက်ထုတ်ဖို့ကလည်း အလျင်မလိုသေးပါဘူး ..."

ရှအန်းက ဒါရိုက်တာဂရေစ့်ကို ထူးဆန်းစွာပြောလိုက်မိသည်။


" ရုပ်ရှင်ကို နောက်နှစ်အထိမပြသေးဘူး ဒါပေမဲ့ လူသိရှင်ကြားကြေညာရမယ် ... တခြားသရုပ်ဆောင်တွေကို တရားဝင်ကြေညာပြီးပြီ အမျိုးသမီးဇာတ်လိုက်ပဲ ကျန်တော့တာ ..."


ဂရေစ့်၏စကားများကို ရှအန်းနားလည်သည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


" ကောင်းပါပြီ ဒါရိုက်တာ ... တရားဝင်ကြေညာချက်နဲ့ ပက်သတ်ပြီး ကျွန်မအဆင်ပြေပါတယ် သိပ်ဂရုမစိုက်ဘူး ..."

ရှအန်းက ပြုံး၍ပြောလိုက်သည်။


ရုပ်ရှင်ကို စောစီးစွာကြေညာလိုက်ပါကလည်း သူမအတွက် ပြဿနာမဟုတ်ပေ။


သူမယခုချိန်တွင် အလုပ်ရှုပ်နေသောကြောင့် အခြား ကြေညာချက်များနှင့်ရင်ဆိုင်ရန် စွမ်းအင်မရှိသေးပေ။


ထို့ကြောင့် မကြာမီသူမ၏တန်ဖိုးကို မြှင့်တင်ပေးမည့် တရားဝင်ကြေညာချက်ကို သူမသိပ်ဂရုမစိုက်နိုင်သေးပေ။ 


" ဟားဟား အန်း ... မင်းက ငါတွေ့ခဲ့ဖူးသမျှ အနုပညာရှင်တွေထဲမှ ရည်မှန်းချက်သိပ်မကြီးတဲ့သူပဲ ... ဒါက ကောင်းလားမကောင်းလားတော့မသိဘူး ဒါပေမဲ့ မင်းရဲ့စိတ်နေစိတ်ထားကို ငါအရမ်းသဘောကျတယ် ..."


ဂရေစ့် ရယ်လိုက်သည်။  ရိုးသားစွာပြောရလျှင် ယခုချိန်တွင် အားလုံး၏မျက်လုံးများက “Return to Earth”ရုပ်ရှင်ပေါ်တွင်သာ ရှိသည်။


စိတ်ဝင်စားစရာအကောင်းဆုံးမှာ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးဇာတ်ဆောင်ကို ယခုချိန်ထိ တရားဝင် မကြေညာသေးပေ။


အကယ်၍ ရှအန်းသာ သာမန်အနုပညာရှင်ဖြစ်ပါက သူမစာချုပ်ချုပ်သည့်နေ့တည်းက ကြေညာရန် စောင့်နေမည်မဟုတ်ပေ။


သူမနာမည်ကို ကြေညာလိုက်ချိန်တွင်လည်း ရှအန်းက ဂရုမစိုက်ပေ။ 


"ကျော်ကြားမှုနှင့်ကံကြမ္မာကို လျစ်လျူရှု့ခြင်း" စတိုင်က ဖျော်ဖြေရေးလောက၏ ဈေးကွက်တွင် ထူးခြားလှသည်။


ထို့ကြောင့် ဂရေစ့်သည်လည်း ရှအန်းအတွက်ပို၍ အလုပ်ကြိုးစားပေးသည်။ သူမကဲ့သို့ ဇာတ်ကောင်ကိုချစ်သော မင်းသမီး မရှိပေ။


" ကျွန်မက ရှင်ပြောသလောက်လည်း မကြီးကျယ်ပါဘူး ..."

ရှအန်းက ဖျော့တော့စွာပြောလိုက်သည်။ 


သူမက လူပြိန်းကြိုက် အကျိုးအမြတ်များကို သဘောမကျပဲ လက်တွေ့ဆန်ပြီး လိုချင်တပ်မက်မှုများစွာဖြင့် ပြည့်နေသည်။


" ဟားဟား အန်း ~ မင်းရဲ့အစီအစဉ် ဒုတိယ‌ပိုင်းမှာ ငါ့မျက်နှာကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး ..."


ရိုက်ကွင်းပြီးသည့်နောက် ရှအန်းက အိမ်ပြန်လာခဲ့သည်။ ယခင်တစ်ပတ်ကကဲ့သို့ ရေချိုးပြီးသောအခါ စားစရာသောက်စရာများစွာ ပြင်ဆင်ပြီး အကောင်ပေါက်လေးနှစ်ကောင်ကို ခေါ်လာခဲ့သည်။ သူတို့တီဗွီရှေ့တွင်ထိုင်ကာ ဒုတိယပိုင်းကို စောင့်နေကြသည်။


ရှိုး၏ ဒုတိယပိုင်းက တီ‌‌‌ဗွီရှေ့တွင် ထိုင်နေသူအားလုံးကို အံ့ဩ၍ စကားမပြောနိုင်အောင်ဖြစ်သွားစေခဲ့သည်။ 


ပထမပိုင်းပြီးသွားစဉ်က ရှအန်းက အလုပ်ကို ဆွေးနွေးရန်သွားခဲ့သည်နှင့် အပြီးသတ်သွားသည်။


ယခုတစ်ပိုင်း၏အစတွင် ရှအန်းက စတူဒီယိုသို့သွားကာ သူမသရုတ်ဆောင်ရမည့်‌ဇာတ်ကောင်ကို ဒါရိုက်တာနှင့် ဆွေးနွေးရန် သွားခဲ့သည်။ ဒါရိုက်တာကို တွေ့သည့်အခါ သူ၏မျက်နှာကို မပြသထားပေ။


လျှို့ဝှက် သဘောတူညီချက်ကြောင့် ဒါရိုက်တာနှင့် ညှိနှိုင်းရာတွင် အသံကိုလည်း ပြုပြင်ခဲ့သည်။။


သို့ရာတွင် အမြင်စူးရှသော ကြည့်ရှု့သူများကြောင့် ဒါရိုက်တာက နိုင်ငံတကာတွင် လူသိများသည့် နာမည်ကြီးဒါရိုက်တာဂရေစ့်ဖြစ်ကြောင်း သိရှိသွားကြသည်။


ထို့ကြောင့် ပရိုဂရမ်၏ဒုတိယပိုင်းက အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ပထမတစ်ပိုင်းထက် ပိုကောင်းမွန်သည်။


ဒုတိယပိုင်း၏ အာရုံစိုက်စရာမှာ အစပိုင်းတွင် ပေါ်လာသည့်  ရုပ်လုံးထုတ်ဖော်မပြသွားခဲ့သော ဒါရိုက်တာဖြစ်သည်။


ဤတစ်ကြိမ်တွင် ရှိုးပြီးဆုံးမည့်အချိန်ကိုပင် မစောင့်ကြတော့ပဲ နိုင်ငံခြားမှအင်တာနက်အသုံးပြုသူများက အွန်လိုင်းပေါ်တွင် ဆွေးနွေးနေကြသည်။


[ အစပိုင်းမှာပေါ်လာတာ ဒါရိုက်တာဂရေစ့် ဟုတ်တယ်မလား ]


[ အဲ့လိုထင်တာပဲ ... ဒါဆိုရင် နတ်သမီးလေးက သရုပ်ဆောင်ပေါ့ ... သူမက ဒါရိုက်တာဂရေစ့်နဲ့ ဘယ်လိုသိတာလဲ ]


[ ဒါရိုက်တာဂရေစ့်ရိုက်တဲ့ ရုပ်ရှင်အသစ်မှာ နတ်သမီးလေး ပါမှာလား ]


[“Return to Earth”လား ငါသိသလောက်တော့ အဓိကအမျိုးသမီးဇာတ်ဆောင်က အာရှသူတဲ့ နတ်သမီးလေးပဲထင်တယ် ]


[ ဝိုး ဟုတ်လောက်တယ် ... အား ဘယ်လိုလုပ်ရမလဲ နတ်သမီးလေးရဲ့ သရုပ်ဆောင်ချက်တွေကို မြင်ချင်နေပြီ ]


[ မဟုတ်သေးဘူးနော် နတ်သမီးလေးကအခု နာမည်ကြီးပေမဲ့ အရင်က လူသိမများဘူလေ ဒါရိုက်တာဂရေစ့်နဲ့ ဘယ်လိုသိပြီး သူ့ဇာတ်လမ်းမှာ မင်းသမီးဖြစ်သွားတာလဲ ]


[ ဒါရိုက်တာဂရေစ့်က ခွန်အားကိုပဲတန်ဖိုးထားတာ ကျော်ကြားမှုကိုမှ ဂရုမစိုက်တာ ... ငါထင်တာတော့ အစပိုင်းမှာပေါ်လာတာ တကယ့်ကို ဒါရိုက်တာဂရေစ့်ပဲ ... ဒါဆိုရင် နတ်သမီးလေးက “Return to Earth”ရဲ့ အမျိုးသမီးဇာတ်လိုက်ဖြစ်မှာ သေချာသလောက်ပဲ ]


[ “Return to Earth”ရဲ့ အမျိုးသမီးဇာတ်လိုက်က တိုက်ခိုက်ရေးအခန်းတွေ အများကြီးရိုက်ရတယ်တဲ့ ... နတ်သမီးလေးက ကိုယ်လုံးကိုယ်ပေါက်သေးသေးလေးလေ သူမမှာအဲ့လိုစွမ်းရည်ရှိပါ့မလား ]


[ နတ်သမီးလေးက အမျိုးသမီးဇာတ်လိုက်မဟုတ်ပဲ ဇာတ်ပို့သရုပ်ဆောင်လည်း ဖြစ်နေနိုင်တာပဲ ]



အင်တာနက်ပေါ်မှ ကောလဟာလများ‌ကြောင့် "ရှအန်း၏စတားဘဝ" ဒုတိယပိုင်းမှာ trendingစာရင်းတွင် ထိပ်ဆုံးရောက်လာပြန်သည်။


ယခုအချိန်၌ ဒုတိယပိုင်း၏ ခေါင်းစဉ်က ပထမပိုင်းကိုပင် ကျော်လွန်သွားခဲ့သည်။


ထုတ်လွှင့်ပြီးသည့်နောက်တွင် အများဆုံးရှာဖွေကြသည့် အကြောင်းအရာတစ်ခုဖြစ်လာသည်။


နောက်တစ်နေ့တွင် သတင်းစာများ၏ ခေါင်းစီးပိုင်းတွင်ပင် ပါလာသည်။


အကြောင်းအရာမှာ  "ရှအန်း၏စတားဘဝ" ကြောင့်သာမက ဒုတိယပိုင်းအစတွင်း ရှအန်းနှင့်အတူရှိနေသော ဒါရိုက်တာမှာ ဂရေစ့်ဖြစ်နိုင်သည်ဟူသော ထင်မြင်ချက်များကြောင့်ပင်။


ရှအန်းက အားလုံးမျှော်လင့်နေကြတဲ့ “Return to Earth”ရဲ့ အမျိုးသမီးဇာတ်လိုက် ဖြစ်လာလောက်လား ...


ထိုအကြောင်းများကြောင့် ရှအန်းက hot search ပေါ်သို့ တစ်က်ြမ်ထပ်မံရောက်သွားပြီး နိုင်ငံခြားဖျော်ဖြေရေးနယ်ပယ်တွင် လူပြောအများဆုံး အမျိုးသမီးအနုပညာရှင်တစ်ယောက် ဖြစ်လာသည်။


သူမက နိုင်ငံခြား၏ hot searchစာရင်းတွင်ပါဝင်ဖူးသည့် ထပမဆုံးတရုတ်အမျိုးသမီးကြယ်ပွင့်ဖြစ်သည်။


ဒုတိယပိုင်း ထုတ်လွှင့်ပြီးသည့်အခါ မရေမတွက်နိုင်သော ပရိုဂရမ်နှင့် စကားပြောရှိုးများတွင် ယူအက်စ်မှ တရုတ်လူမျိုးကြယ်ပွင့်ဖြစ်သည့် ရှအန်းအကြောင်း ဆွေးနွေးလာကြသည်။


" ရှအန်း၏စတားဘဝ" တွင် ပေါ်လာသည့် ဒါရိုက်တာက ဂရေစ့်ဟုတ်မဟုတ်ကိုပါ ဆွေးနွေးနေကြသည်။


ရှအန်းက ဂရေစ့်ရဲ့ရုပ်ရှင်အသစ်က လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသမီးဇာတ်လိုက်များလား ...


" ရှအန်း၏စတားဘဝ" ကို နှစ်ပိုင်းသာထုတ်လွှင့်ရသေးသော်လည်း FXတီဗွီရုပ်သံလိုင်းနှင့် ပရိုဂရမ်အဖွဲ့၏ မျှော်မှန်းချက်ထက် ကျော်လွန်သွားကာ အမေရိကန်နိုင်ငံ၌ တောက်ပသော ကြယ်ပွင့်တစ်ယောက် ဖြစ်လာခဲ့သည်။


သူမက ယူအက်စ်၏ ကြောက်မက်ဖွယ်ကောင်းသည့် ဖျော်ဖြေရေးဈေးကွက်ထဲတွင် အောင်မြင်စွာရှင်သန်နိုင်ခဲ့ပြီး မရေမတွက်နိုင်သော ပရ်ိသတ်များ ရရှိခဲ့သည့် အနုပညာရှင်ဖြစ်လာသည်။


ရှအန်းက နိုင်ငံခြားတွင် လူသိများကျော်ကြားကာ hot searchထိပ်ဆုံးနှင့် သတင်းစာခေါင်းစီးပိုင်းများကို လွှမ်းမိုးထားခဲ့သည်။ ၎င်းက တရုတ်နိုင်ငံတွင် သူမ hot search များကိုလွှမ်းမိုးခဲ့စဉ်ကနှင့် အလားတူပင်ဖြစ်သည်။


အင်တာနက်အသုံးပြုသူများက ဗီဒီယိုကို ရှာတွေ့ခဲ့သော်လည်း ဘာသာမပြန်ရသေးပေ။


ထို့ကြောင့် ပြည်တွင်းမှအင်တာနက်အသုံးပြုသူများက ဒါရိုက်တာဂရေစ့်ကို ရက်အနည်းငယ်ကြာမှသိခဲ့ရသည်။ သို့ရာတွင်လွှမ်းမိုးမှာဒီဂရီကလည်း ယူအက်စ်နှင့်မခြား‌ပေ။


ရှအန်းဖြစ်‌နေသည့်အတွက် အမေရိကန်မှ တုံ့ပြန်မှုများက ပို၍ ပို၍ကြီးမားလာသည်။


[ အိုးမိုင်ဂေါ့ ... ဒုတိယပိုင်းမှာပါလာတဲ့ ဒါရိုက်တာက ဂရေစ့်လား ]


[ ရှအန်းက “Return to Earth”ရဲ့ အမျိုးသမီးဇာတ်လိုက်လား ]


[ ငါ အိမ်မက်များမက်နေတာလား ... ရှအန်းက ပိတ်ပင်ခံထားရတာလေ ... ဒီလို အင်အားနဲ့ အဆက်အသွယ်ကောင်းတွေ ဘယ်လိုရတာလဲ ]