အပိုင်း ၁၅၈
Viewers 29k

Chapter 158


ဘာမှ ထပ်ပြောစရာမလိုတော့ဘူး ... ရှအန်းက တကယ်ကို ‌ကြိုးကြိုးစားစားလေ့လာနေတာပဲ ...


[ ရှအန်းက အရွယ်ရောက်နေသူဆိုပေမယ့် အင်္ဂလိပ်စာကို ကောင်းကောင်းသင်နိုင်သေးတာပဲ ... ငါလည်း အင်္ဂလ်ပ်စာကို လေ့လာမှဖြစ်မယ် ]


[ ငါ့အမြင်မှာ အင်္ဂလိပ်စာလေ့လာတာက သရုပ်ဆောင်တာထက် ပိုခက်သလိုပဲ ... ဒါပေမဲ့ ရှအန်းက ဒါကိုကျော်လွှားနိုင်ခဲ့တယ်ဆိုတော့ သရုပ်ဆောင်ချိန်မှာလည်း ပြဿနာမရှိလောက်ဘူးပေါ့ ]


[ ရှအန်းက ငါတွေ့ဖူးသမျှထဲမှာ အလေးနက်ဆုံး အမျိုးသမီးအနုပညာရှင်ပဲ ]


[ ရိုးရိုးသားသားပြောရမယ်ဆိုရင် ရှအန်း အဘန်းခံရတဲ့ကိစ္စက အစတည်းက ယုတ္တိမရှိတာပဲ သူမသာ တားမြစ်မခံရရင် "ရှအန်း၏စတားဘဝ" လို ရသစုံရှိုးမျိုးကို ယူအက်စ်မှာ ဘာလို့လွှင့်နိုင်မှာလဲ  ]


[ ငါ ရှအန်းနဲ့ ရိုက်ကူးရေးအဖွဲ့အတွက် စိတ်မကောင်းဘူး ... တချို့လူတွေရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဒီလောက်ကောင်းတဲ့ ရသစုံရှိုး က ပျက်စီးခဲ့ရတယ် ]


[ အားလုံးသိတဲ့အတိုင်းပဲ ရှအန်းအကြောင်း သတင်းကောင်းတွေတက်လာရင် ဆိုးဝါးတဲ့အမြင်တွေက ဘယ်ကမှန်းမသိ ထွက်လာပြီ ... ငါထင်တာ ရှအန်းကို နာမည်ဖျက်ဖို့ ဆိုက်ဘာအဖွဲ့တွေကို ငှားထားတာလား မသိဘူး ]


[ ရှအန်း တရုတ်ကိုပြန်လာဖို့မျှော်လင့်မိပေမယ့် ပြည်တွင်းက ဖျော်ဖြေရေးနယ်ပယ်က မှောင်မိုက်လွန်းနေတယ် ... ရှအန်းသာ ပြည်ပက ဖျော်ဖြေရေးနယ်ပယ်မှာ ဆက်လုပ်မယ်ဆိုလည်း သူမပြန်မလာရင်တောင် ငါလက်ခံပေးနိုင်တယ် ]


[ ရှအန်းကို ပြည်တွင်း အနုပညာအသိုင်းအဝိုင်းက ပိတ်ဆို့ထားတာကို ရပ်တန့်စေချင်တယ် ... ရှအန်း တရုတ်ပြည်ကို ပြန်ရောက်လာရင်ကောင်းမှာပဲ ]



ရှအန်း၏ စာလေ့လာနေသည့်ဗီဒီယိုကြောင့် တစ်နိုင်ငွလုံး၏အမြင်က ပြောင်းပြန်ဖြစ်သွားပြီး ဆွေးနွေးမှုများကလည်း အထွဋ်အထိပ်ရောက်နေသည်။


ရှုထျန်းထျန်း၏ တွက်ချက်မှုများကြောင့် ရှအန်းကို သဘောကျနှစ်သက်မှုများက အမြင့်ဆုံးသို့ရောက်နေသည်။


ရှအန်းအကြောင်း မကောင်းပြောသူများပင် မရှိတော့ပေ။


တစ်နိုင်ငံလုံး၏ ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံးက တည်ငြိမ်နေသည်။


ထိုအချိန်၌ တည်ငြိမ်နေသော ရေကန်ထဲသို့ တော်ပီဒိုတစ်ခု ပစ်ချလိုက်သည့် အဖြစ်အပျက် ဖြစ်လာပြန်သည်။


"Return to Earth"၏ တရားဝင် homepageနှင့် ဂရေစ့်၏ တရားဝင် homepageမှ တစ်ကမ္ဘာလုံးကိုအံ့အားသင့်စေသည့် သတင်းများကို ထုတ်လွှင့်လိုက်သည်။


၎င်းမှာ အားလုံးပြောဆိုနေကြသည့် "Return to Earth"၏ အမျိုးသမီးဇာတ်လိုက်ကို နောက်ဆုံးတွင် ကြေညာလိုက်သည်။


အမျိုးသမီးဇာတ်လိုက်ဖြစ်ရန် ခန့်မှန်းထားသော ပထမဦးစားပေးနှင့် ဒုတိယဦးစားပေး မင်းသမီးများတွင် မပါဝင်သည့် ရှအန်းက ဇာတ်လိုက်နေရာကို ရရှိခဲ့သည်။ 


" ရှအန်း၏ကြယ်ပွင့်ဘဝ" ကို ဒုတိယပိုင်းကို ထုတ်လွှင့်ပြီးချိန်မှစ၍ ရှအန်းကို “Return to Earth”၏ ဇာတ်လိုက်ဟု ခန့်မှန်းထားခဲ့ကြသည်။


သို့ရာတွင် တရားဝင်ဝေ့ပေါ်မှ ကြေညာလိုက်သည့်အခါမှသာ အားလုံး ထိတ်လန့်သွားခဲ့ကြငည်။


ရှအန်းက မည်သူမှ မထင်မှတ်ထားသည့် ပါဝင်သူဖြစ်နေခဲ့သည်။


အမေရိကန်မှပရိသတ်များက ရှအန်းက တရုတ်အနုပညာရှင်ဖြစ်ကြောင်း မသိကြပေ။


တရုတ် ပရိသတ်များအတွက် ရှအန်းက ပန်းအိုးသရုပ်ဆောင်သာဖြစ်သည်။ သူမကဲ့သို့လူအတွက် နိုင်ငံတကာတွင် လူသိများသည့် ဒါရိုက်တာတစ်ယောက်၏ရုပ်ရှင်တွင် ဇာတ်ကောင်တစ်ယောက်အဖြစ်ပါဝင်ရန်က ဟာသတစ်ခုနှင့်ပင် တူနေသည်။


သို့ရာတွင် မည်သူက မည်ကဲ့သို့တွေးနေပါစေ ရှအန်းကအမျိုးသမီးဇာတ်လိုက်ဖြစ်နေပြီဖြစ်သည်။


ရှအန်းရဲ့သို့ဇာတ်လိုက်မျိုးကို အမေရိကန်ပရိသဆတ်က မကျေမနပ်ဖြစ်ရမည့်အစား " ရှအန်း၏စတားဘဝ" ကြောင့် သူမကို ပို၍ပင် မျှော်လင့်နေကြသည်။


တရုတ်နိုင်ငံမှ မိန်းမလှလေးက မည်ကဲ့သို့ အံ့အားသင့်ဖွယ်ရာများ ယူဆောင်လာမည်ကို သူမမျှော်လင့်နေမိသည်။


တရုတ်လူမျိုးများက ပါးရိုက်ခံရသကဲ့သို့ ခံစားနေရသည်။


သူတို့တွေ ဒါမျိုးကို အကြိမ်ပေါင်းများစွာ ခံစားဖူးတာပဲ ...


[ အား ... ရှအန်းက ဂရေစ့်ရိုက်မယ့် “Return to Earth”ရဲ့ ဇာတ်လိုက်ပေါ့ ကြောက်စရာကောင်းလိုက်တာ ]


[ ရှအန်းကို ရင်ဆိုင်ရတာ နေ့တိုင်း ပါးရိုက်ခံနေရသလိုပဲ ...  နောက်တစ်ခါဆို ရှအန်းဘက်ပဲ ရပ်တည်တော့မယ် ]


[ ရှအန်း အသက်ရှည်ရှည်နေရပါစေ ]


[ နောက်တစ်ခါဆိုရင် ရှအန်းအကြောင်း မကောင်းပြောတဲ့ ဘယ်သူမဆိုနဲ့ ငါရန်ဖြစ်ရတော့မယ် ]


[ နောက်တစ်ခါဒီလိုဖြစ်လာရင်လည်း ရှအန်းရဲ့ လက်ထဲမှာ ကတ်တွေရှိဦးမယ်လို့ ငါထင်တယ် ]


[ ရှအန်းက တစ်ကြိမ်ပြီးတစ်ကြိမ် အံ့အားသင့်စရာတွေ ယူလာတာပဲ ]


[ ရှအန်း ဒီအခြေအနေထိ ရောက်လာဖို့က မလွယ်ခဲ့လောက်ဘူး... ငါတောင်မှ ဒီနေ့လိုနေရာရောက်လာဖို့ လွယ်ခဲ့တာ မဟုတ်ဘူး ]


[ အင်တာနက် အသုံးပြုသူတွေဆီက အနိုင်ကျင့်ခံရတာ အဆိုးဝါးဆုံးလို့ ငါထင်တယ် ... ရှအန်းကို မကောင်းပြောခဲ့တဲ့လူတွေ စော်ကားခဲ့တဲ့လူတွေဆော့ နောင်တရနေလောက်ပြီ ]


[ ပြီးတော့ ရှအန်းကို  မနာလိုတဲ့ တရုတ်မင်းသမီးတွေ အများကြီးပဲ ]


[ ဖွီး ... ငါရုတ်တရက်ကြီး ပျော်လာပြီ ]



အချို့လူများက မျက်နှာကိုအရိုက်ခံရသည်ဟု ခံစားရသော်လည်း သူတို့မှားယွင်းကြောင်း သိကြသည်။


သို့ရာတွင် ဖျော်ဖြေရေးနယ်ပယ်မှ လူများအတွက်က ကွဲပြားသည်။ ပြည်တွင်းဖျော်ဖြေရေးနယ်ပယ်မှ စိတ်အားထက်သန်သူများက နောင်တရနေကြသည်။


ရှအန်းနှင့် စာချုပ်ချုပ်ရန်ပြင်ဆင်ပြီးမှ စိတ်ပြောင်းခဲ့သူများ သူမကိုငြင်းဆိုခဲ့သော ပရိုဂရမ် တီဗွီရုပ်သံလိုင်းများအားလုံး နောင်တရနေသည်။


ယခုအခါ "ရှအန်း၏ကြယ်ပွင့်ဘဝ"ကို အမေရိကန်မှ FXတီဗွီလိုင်းက လွှင့်နေခြင်းအား နောင်တအရဆုံးဖြစ်သည်။


ယခုအခါတွင် ဂရေစ့်ကလည်း သူမကို ဇာတ်လိုက်နေရာပေးထားသည်။


ထိုအကြောင်းအရာများက ပြည်တွင်းရှိ ဖျော်ဖြေရေးနယ်ပယ်မှသူဌေးများကို နောင်တရမဆုံးဖြစ်စေခြင်းပင်။


သူတို့ ငွေထုပ်ကြီးကို လက်လွှတ်လိုက်ရပြီ ...


ယခုအခါတွင် ရှအန်း၏အောင်မြင်မှုကိုသာ သူတို့ထိုင်ကြည့်နေနိုငိတော့သည်။