အပိုင်း ၁၅၉
Viewers 29k

Chapter 159


" ရှအန်း၏စတားဘဝ" ဒုတိယပိုင်းတွင် ပါဝင်ခဲ့သည့် ဒါရိုက်တာက ဂရေစ့်ဖြစ်ပြီး ရှအန်းသည်လည်း “Return to Earth ”၏ အမျိုးသမီးဇာတ်လိုက်ဖြစ်ခဲ့သည်။ 


ဒါရိုက်တာတိုင်းနှင့် ပရိုဂရမ်တိုင်းမှ ငြင်းပယ်ခံရသည့် လူမသိသူမသိ အနုပညာရှင်လေးက ထိုအခြေအနေထိ ရောက်လာမည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။


ယခု ဤကြယ်ပွင့်လေး၏ဘဝက အခြားလူများထက် ထူးခြားနေခဲ့သည်။


ဟောလိ့ဝုဒ်၏ blockbuster  ဒါရိုက်တာဂရေစ့်၏ ရုပ်ရှင်တွင် အမျိုးသမီးဇာတ်လိုက်နေရာလည်း ရရှိထားသည်။


ထိုရုပ်ရှင် ပြသချိန်၌ ရှအန်းက A-listအနုပညာရှင်ဖြစ်လာမည်မှာ ပြောရန်ပင် မလိုပေ။


သူမ၏ သရုပ်ဆောင်မှုက ကောင်းမွန်ပါက အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်များတွင် ဆုရရှိရန်ပင်ဖြစ်နိုင်သည်။


ဂရေစ့်ရိုက်ကူးသည့် ရုပ်ရှင်မှ အမျိုးသား အမျိုးသမီးများ ဆုရရှိခြင်းမှာ သာမန်ဖြစ်ရပ်တစ်ခုသာဖြစ်သည်။


သူမ ဆုမရရှိခဲ့ပါကလည်း နိုင်ငံတကာတွင် ကျော်ကြားနေသည့် မင်းသမီးဖြစ်သောကြောင့် ပြည်တွင်းသို့ ပြန်ရောက်လာပါကလည်း အခြားမင်းသမီးများနှင့် မနှိုင်းယှဉ်နိုင်သည့် နေရာတစ်ခုတွင် ရှိနေမည်ဖြစ်သည်။


မည်ကဲ့သို့အခြေအနေတွင်ဖြစ်စေ ရှအန်း၏ လက်ရှိအလုပ်အကိုင်မှာ ရပ်တန့်၍ မရနိုင်တော့ပေ။ သူမ၏ ပြည်တွင်းအနုပညာရှင်များထဲတွင် ဤအခြေနေခန့်အထိ အောင်မြင်ခဲ့သည့် တစ်ဦးတည်းသောလူဖြစ်သည်။


ထိုအကြောင်းအရာကြောင့် ရုပ်ရှင်မင်းသမီးတိုင်ူက သူမကို မုန်းတီးပြီး မနာလိုဖြစ်စေသည်။


ပထမဦးဆုံးအကြိမ်အနေဖြင့် ရှကျင်းတစ်ယောက်တည်းကသာ ဆိုက်ဘာအဖွဲ့ကို ငှားရမ်းခြင်းမဟုတ်တော့ပေ။


ရှအန်းကိ မနာလိုသော အခြားမင်းသမီးများနှင့် သူတို့အတွက် ခြိမ်းခြောက်စရာဖြစ်လာနိုင်သည်ဟု ထင်ကြသူများက ဆိုက်ဘာအဖွဲ့များငှားရမ်းကာ ရှအန်းကို နာမည်ပျက်အောင် ကြံစည်ကြတော့သည်။


ဒီလိုကြယ်ပွင့်လေးက နောက်ခံအင်အားလည်း မရှိပဲနဲ့ ဘာလို့ ဒီအခြေအနေထိ ရောက်လာရတာလဲ ...


သက်သေမရှိသော်လည်း လူထုအမြင်ကို လွှမ်းမိုးနိုင်သရွေ့ ပြဿနာမရှိပေ။


ရှကျင်း၏ ဆိုက်ဘာအဖွဲ့က ရှအန်းအပေါ်  ရေညစ်ပတ်များ လောင်းချထားပြီး နည်းလမ်းပေါင်းစုံသုံးကာ ရှအန်းကို မဟုတ်မမှန်သတင်းများ လွှင့်ထားသည်။


အင်တာနက်ပေါ်တွင် လိမ်ညာထားသောသတင်းများဖြင့် ပြည့်နှက်နေခဲ့သော်လည်း ယခုအခါ အားလုံးရှင်းလင်းသွားပြီဖြစ်သည်။


ယခုအခါ ရှအန်း၏ပုံရိပ်ကလည်း တိုးတက်လာပြီဖြစ်သည်။ အကယ်၍တစ်စုံတစ်ယောက်က ရှအန်းအပေါ်တွင် ရေညစ်ပတ်များလောင်းချလိုပါကလည်း ထိုသူက သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လျှင်ပင် အင်တာနက်အသုံးပြုသူများ၏ ထိုးနှက်ခြင်းခံရမည်သာဖြစ်သည်။


– အမေရိကန်ပြည်ထောင်စု –


" ဟားဟား တော်လိုက်တဲ့ကောင်မလေး ... ငါက မင်းကိုနူးနူးညံ့ညံ့လေးလို့ထင်ထားခဲ့တာ ... မင်း ဒီတစ်ကြိမ်လုပ်ခဲ့တာက အံ့ဩစရာကောင်းပြီး ရက်စက်လွန်းတယ် ..."


ဟန်ယွဲ့က ရှုထျန်းထျန်းကို ရှအန်းလက်ရှိနေထိုင်သည့် ဟိုတယ်အသစ်သို့ခေါ်လာသည်။ သူ့ရင်ထဲ အလွန်ခံစားနေရသည်။


ရှုထျန်းထျန်းကို မူလက ရှအန်းအတွက် ခေါ်ထားခဲ့သော်လည်း သူမ၏အလုပ်လုပ်မှုစွမ်းရည်က အံ့ဩစရာကောင်းလွန်းသည်။ ရှအန်း၏ တောင်းဆိုချက်အတိုင်း သူမအတွက် အလုံခြုံဆုံး‌လူကို သူရှာတွေ့ခဲ့ခြင်းဖြစ်သည်။


ရှုထျန်းထျန်းက အပြင်ပိုင်းတွင် ရိုးသားပြီး နူးညံ့ပုံရသော်လည်း အမှန်တွင် စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ဖြစ်သည်။ 


တရုတ်နိုင်ငံတွင် ရှအန်းအပေါ် လူထု၏ အဆိုးမြင်မှာများပျောက်ကွယ်သွားသည့်အပြင် တစ်ချိန်တည်းမှာပင် ပရိသတ်အများစုကို ဆွဲဆောင်နိုင်ခဲ့သည်။


" ရှအန်း စာသင်တဲ့အကြောင်းတင်ဖို့ ဘယ်လိုများစဉ်းစားမိသွားတာလဲ ... မင်းက တကယ်တော်တာပဲ ..."


ဟန်ယွဲ့၏စကားများကြောင့် ရှအန်းက ရှုထျန်းထျန်းကို သိလိုစိတ်ဖြင့် ကြည့်လိုက်သည်။ 


အကယ်၍ ဟန်ယွဲ့က သူမကို မပြောပြထားပါက တရုတ်နိုင်ငံတွင် ဖြစ်ပျက်နေသည့်ကိစ္စများကို နောက်ကွယ်မှဆောင်ရွက်သူက ရှုထျန်းထျန်းဖြစ်ကြောင်း ယုံကြည်နိုင်မည်မဟုတ်ပေ။ ရှုထျန်းထျန်းတွင် ထိုသို့စွမ်းဆောင်ရည်ရှိကြောင်းလည်း သိနိုင်မည်မဟုတ်ပေ။


ရှုထျန်းထျန်း၏မျက်နှာလေးက နူးညံ့ရုံမက သူမတွင်ချိုသာသောအသံလေးလည်းရှိသည်။

" ကျွန်မက ရှအန်းရဲ့ ပရိသတ်တစ်ယောက်ဖြစ်တဲ့အတွက် သူမရဲ့ဗီဒီယိုအားလုံးကို ကြည့်တယ်လေ  ... ရှအန်း လေးလေးနက်နက်နဲ့ အလုပ်လုပ်နေတာကိုမြင်ရတာ အရမ်းသဘောကျတယ် ... အဲ့ဒါကြောင့် ဗီဒီယိုကြည့်တဲ့လူတွေလည်း ရှအန်းကျဲကျဲကို ကြည့်ရတာကြိုက်လာမယ်လို့ ထင်ခဲ့တာ ..."

ရှုထျန်းထျန်းက ရှအန်းကို ရှက်ရွံ့စွာကြည့်ပြီး နူးညံ့စွာပြောလိုက်သည်။


" ကြိုးကြိုးစားစား စာလေ့လာတဲ့လူတွေကို ကြည့်ရတာ အားလုံးကိုခံစားလို့ကောင်းစေတယ်လေ ... ရှအန်းကျဲကျဲက ဆက်တိုက်ကို တိုးတက်နေတာဆိုတော့ ဗီဒီယိုအတိုလေးတွေကို ဆက်လိုက်ပြီး ဗီဒီယိုကလစ်တစ်ခု ဖန်တီးလိုက်တာပဲ ..."


ရှုထျန်းထျန်း ထိုအကြောင်းများကိုပြောနေစဉ်တွင် သူမပိုပြီး နူးညံ့ပြီး ချိုသာလာသည့်ပုံပင်။ 


ဤရှုထျန်းထျန်းက တရုတ်နိုင်ငံတွက် ကြီးမားသည့်ကိစ္စများကို ဆောင်ရွက်ခဲ့ပြီး လှပသည့်အလှည့်အပြောင်းတစ်ခုကို ယူဆောင်လာခဲ့ပေးသည်။


" အိုး ~ ချိုမြိန်လိုက်တာ ... ငါ ဒီလိုအကြည့်မျိုးကို အရင်က မတွေ့ခဲ့ဖူးဘူး ..."

ဟန်ယွဲ့က ရယ်လိုက်သည်။


" ကျေးဇူးတင်ပါတယ် တကယ်ကို ကျေးဇူးတင်ပါတယ် ... ဖျော်ဖြေရေးနယ်ပယ်နဲ့ ဆိုင်တာတွေအားလုံး မင်းကိုပဲအပ်ထားမယ်နော် ..."

ရှအန်းက အေးဂျင့်အသစ်လေးကို အပြုံးဖြင့် ပြောလိုက်သည်။


အလွန်ရှက်နေသော ရှုထျန်းထျန်းက ရှအန်း၏စကားများကို ကြားသည့်အခါ လေးလေးနက်နက်ဖြစ်လာသည်။


" ရှအန်းကျဲကျဲ စိတ်အေးအေးထားပါ ...ညီမသေချာပေါက် ကျဲရဲ့အေးဂျင့်လုပ်ပါ့မယ် ... ကညီမကို ဒီလိုအခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ် ... ညီမကိုလုံးဝ စိတ်မပျက်စေရပါဘူး ..."


ရှုထျန်းထျန်း၏ရင်ထဲတွင် မည်သည့်အခြေအနေတွင်ဖြစ်စေ သူမ၏ နတ်ဘုရားမလေးကို ဖျော်ဖြေရေးနယ်ပယ်ပိရမစ်၏ထိပ်ဆုံးသို့ရောက်ရန် ကူညီပေးရမည်ဟု ဆုံးဖြတ်လိုက်သည်။


အနာဂတ်တွင် ရှအန်းကို မည်သူမျှ အနိုင်မကျင့်စေရပေ။ 


သို့ရာတွင် ရှုထျန်းထျန်းမသိလိုက်သည်မှာ သူမ၏နတ်ဘုရားမလေးက ဖျော်ဖြေရေးနယ်ပယ်ပိရမစ်၏ထိပ်ဆုံးသို့ရောက်ရန်စိတ်ဝင်စားပေ။


ရှုထျန်းထျန်းက သူမ၏အေးဂျင့်ဖြစ်လာပြီးနောက်ပိုင်းတွင် ရှအန်းမမျှော်လင့်ထားသည့်အရာများ  ဖြစ်လာခဲ့သည်။



ဒါရိုက်တာဂရေစ့်၏ “Return to Earth”ရုပ်ရှင်အကြောင်း တရားဝင်ကြေညာချက်အပြီးတွင် ရှအန်း၏ ကျော်ကြားမှုက ပို၍တိုးတက်လာခဲ့သည်။


"ရှအန်း၏စတားဘဝ" အပိုင်း၃ကို ထုတ်လွှင့်ပြီးချိန်၌ FXတီဗွီတွင် ကြည့်ရှုသူအရေအတွက်က ပို၍များပြားလာသည်။


ထို့အပြင် ၎င်းက FXတီဗွီ၏ လူကြည့်အများဆုံးပရိုဂရမ် ဖြစ်လာခဲ့သည်။


ထို့အပြင် ၎င်းက အမေရိကန်နိုင်ငံတွင် လူကြည့်အများဆုံး variety show တစ်ခု ဖြစ်လာခဲ့သည်။


"ရှအန်း၏စတားဘဝ" က အမေရိကန်နိုင်ငံတွင် အလွန်အောင်မြင်ခဲ့သည်။


ရှအန်း၏ကြယ်ပွင့်များ ကြယ်ပွင့်အကျိုးသက်ရောက်မှုက ပို၍သန်မာလာသည်။ သူမက တရုတ်လူမျိုးဖြစ်၍ အမေရိကန်နိုင်ငံမှ အနုပညာရှင်မဟုတ်သော်လည်း သူမ၏မျက်ဆံအနက် ဆံပင်အနက်နှင့် ဖြူဝင်းသေယအသားအရည်ကြောင့် ယူအက်စ်တွင် trending ဖြစ်လာခဲ့သည်။


"ရှအန်း၏စတားဘဝ" အပိုင်းသုံးကို ထုတ်လွှင့်ပြီးချိန်မှစ၍ လူသိနည်းသော စားသောက်ဆိုင်နှင့် စတိုးဆိုင်များက ရှအန်း‌ကြောင့် နာမည်ကြီးလာခဲ့သည်။


ရောင်းအားများကလည်း ယခင်ထက်ပိုတိုးလာခဲ့သည်။


အကြီးဆုံးအောင်မြင်မှုက တရုတ်တန်းမှ ဟယ့်ကျီဟော့ပေါ့ဆိုင်ဖြစ်သည်။


ပိတ်လုဆဲဆဲဖြစ်နေသည့် ဟယ့်ကျီဟော့ပေါ့ဆိုင်က ရှအန်း၏ ကြော်ညာပေးမှုကြောင့် ပြန်လည်အသက်ဝင်လာခဲ့သည်။


ယခင်က မည်သူမျှလာမစားကြသည့် ဟော့ပေါ့ဆိုင်ဖြစ်သော်လည်း "ရှအန်း၏စတားဘဝ" အပိုင်း၃ ပြသပြီးနောက် ရုတ်ချည်း နာမည်ကြီးလာခဲ့သည်။


ဟော့ပေါ့လာစားသူများက အဆုံးမရှိဖြစ်လာသည်။


ဆောင်းရာသီဖြစ်သည့်အတွက် ဟော့ပေါ့ဆိုင်တွင် လူများပြည့်ကျပ်နေကာ ဆိုင်အပြင်ဘက်လမ်းမထက်တွင်ပင် ဟော့ပေါ့စားရန် တန်းစီနေသူများရှိသည်။


ထို့ကြောင့် တရုတ်တန်းမှ အခြားဆိုင်များပင် သူတို့ကို မနာလိုဖြစ်နေသည်။


[ အပိုင်းသုံးကြည့်ပြီးတော့ ဟယ့်ကျီဟော့ပေါ့ဆိုင်မှာတောင် ဟော့ပေါ့သွားစားချင်လာပြီ ]


[ တစ်ပတ်တာလုံးအတွက် အမျှော်လင့်ဆုံးအရာက "ရှအန်း၏စတားဘဝ" ကို ကြည့်ရဖို့ပဲ ... ဒီအစီအစဉ်ကို ကြည့်ရတာ နတ်သမီးလေးရဲ့ဘဝကို သိရုံတင်မကဘူး အရသာရှိတဲ့ အစားအစာတွေ ဘယ်မှာရှိလဲဆိုတာပါ သိရတယ် ]


[ ဟယ့်ကျီဟော့ပေါ့ဆိုင်က တကယ်မိုက်တာ နတ်သမီးလေးရဲ့ အကြံပြုချက်ကတော့ အံ့မခမ်းပဲ ... ဟော့ပေါ့က အရသာရှိရုံမကဘူး အရည်အသွေးကောင်းပြီး ဈေးသက်သာတယ် ... မနက်ဖြန်တောင် အဲ့ဆိုင်မှာ ထပ်သွားစားမလို့ ]


[ အပိုင်းသုံးမှာ နတ်သမီးလေး အားရပါးရစားနေတာကိုကြည့်ရတာ တကယ်ပျော်စရာကြီး ... ငါလည်း ကြည့်ပြီးတဲ့နောက်နေ့အဲ့ဆိုင်ကိုသွားခဲ့တယ် ... ရောက်တာစောသွားလို့တော်သေး ... ဒီရက်ပိုင်း ဟယ့်ကျီဆိုင်မှာ bookingတင်ရတာ တော်တော်ခက်တယ် ]


[ အပိုင်းလေးမှာလည်း ဘယ်လိုဆိုင်မျိုးတွေ ပါလာမယ်ဆိုတာ သိချင်နေပြီ ]