အပိုင်း ၁၆၀
Viewers 29k

Chapter 160


"ရှအန်း၏ကြယ်ပွင့်ဘဝ" အပိုင်းသုံး ထုတ်လွှင့်မှုက ဟယ့်ကျီဟော့ပေါ့ဆိုင်ကို နာမည်ကြီးစေခဲ့သဖြင့် စီးပွားရေးသမားများစွာက ရှအန်းနှင့် ပူးပေါင်းလိုလာကြသည်။


ရှအန်း၏ ကြောငြာတန်ဖိုးကို သိမြင်လာသူများက သူတို့၏ ခွန်အားနှင့် ရိုးသားမှုကို သူမအားပြသရန် ရုန်းကန်လာကြသည်။ ၎င်းက ပစ္စည်းတစ်ခုကို လေလံဆွဲနေသကဲ့သို့ပင် ဈေးများက တစ်ကြိမ်ထက်တစ်ကြိမ်ပို၍မြင့်လာသည်။


ကြော်ငြာကြေးက ပထမတန်းစား အမေရိကန်ကြယ်ပွင့်များ၏ စျေးနှုန်းထက် သာလွန်သည်။


ထို့အပြင် သူမထံသို့ နောက်ကွယ်မှ ချဉ်းကပ်လာသူများလည်း များစွာရှိသည်။


ထိုအခွင့်အရေးများကို ရင်ဆိုင်ရန် ရှအန်းက အလွန်ပျင်းသောကြောင့် ပြဿနာအားလုံးကို သူမ၏ အသစ်စက်စက်အေးဂျင့် ရှုထျန်းထျန်းကိုသာ အပ်ထားလိုက်သည်။


ရှုထျန်းထျန်းက ရှအန်း၏"ယုံကြည်မှု" ကြောင့် ရင်ထဲတွင် ခံစားသွားရပြီး ရှအန်း၏လိုအပ်ချက်အရ သူတို့ကိုရွေးချယ်ပေးခဲ့သည်။


ရှအန်း၏ တောင်းဆိုချက်က အလွန်ရိုးရှင်းသည်။ ၎င်းမှာ အစားအစာများက အရသာရှိရန်နှင့် တည်းခိုရာနေရာက သန့်ရှင်း၍ မနက်စာကောင်းကောင်းနှင့် အချိုပွဲကောင်းကောင်းများရှိရန်ဖြစ်သည်။


ရှအန်း၏လိုအပ်ချက်အတိုင်းရွေးချယ်ရသဖြင့် ရှုထျန်းထျန်း အလုပ်ရှုပ်နေသည်။


စီးပွားရေးလုပ်ငန်း အများအပြားက ပူးပေါင်းလုပ်ဆောင်ချင်ကြသဖြင့် ရှိုးကို အပိုင်းအနည်းငယ် ထပ်ရိုက်ရမည်ဟုပင် ရှုထျန်းထျန်း တွေးလိုက်မိသည်။



ပြည်ပနိုင်ငံများကလည်း ရှအန်းကို အာရုံစိုက်နေကြသည့်အတွက် အမေရိကန်နိုင်ငံ၏ အကျော်ကြားဆုံး ကြယ်ပွင့်တစ်ယောက်ဖြစ်လာသည်။


ရှအန်း၏ လက်ရှိတိုးတက်လာမှုက တရုတ်နိုင်ငံတွင် အလွန်မများပြားပေ။ ပြည်တွင်း ဖျော်ဖြေရေးလောကတွင် အလုပ်မလုပ်သော်လည်း ဤနယ်ပယ်တစ်ခုလုံးကို ရှအန်းက ခိုင်မြဲစွာရယူထားသည်။


"ရှအန်း၏စတားဘဝ" ကို ပြည်တွင်းတီဗွီရုပ်သံလိုင်း၌ မထုတ်လွှင့်သော်လည်း ပြည်တွင်းကြည့်ရှု့သူများကို သက်ရောက်မှုမရှိပေ။


နာမည်ကြီးသော နိုင်ငံခြားရသစုံရှိုး များမရှိခြင်း ဝယ်ယူရန် နာမည်ကြီး ဗီဒီယိုဝက်ဘ်ဆိုက် မရှိခြင်းနှင့် ပြည်တွင်း၌ ကြေညာမှုတစ်စုံတစ်ရာ မရှိခဲ့သော်လည်း " ရှအန်း၏စတားဘဝ"ကို ကြည့်ရှု့သူနှင့် downloadဆွဲသူဦးရေက ကြီးမားသောအရေအတွက်တစ်ခုကို ရောက်ရှိနေပြီဖြစ်သည်။


“Mom’s Back”ကဲ့သို့ ကျော်ကြားသောအနုပညာရှင် များစွာပါဝင်ပြီး ပရိုမိုးရှင်းများစွာ ပြုလုပ်ခဲ့သည့် ပရိုဂရမ်ကပင် နိုင်ငံခြား ရသစုံရှိုး တစ်ခုကို မကျော်ဖြတ်နိုင်ခဲ့ပေ။


ပရိုဂရမ်ကို နိုင်ငံခြားတွင် သောကြာနေ့ည၌ထုတ်လွှင့်ပြီး ပြည်တွင်းဘာသာပြန်ကို စနေမနက်မှသာ အင်တာနက်ပေါ်တွင် ကြည့်ရသည်။ ထိုရက်တွင်ပြည်တွင်း၌ နာမည်ကြီး ရသစုံရှိုးများစွာ ထုတ်လွှင့်သော်လည်း ထိုနေ့အတွက် ရေပန်းအစားဆုံးက "ရှအန်း၏စတားဘဝ" သာဖြစ်သည်။


တစ်ရက်တည်း ရုပ်သံလွှင့်ကြသည့် ရသစုံရှိုး များမှာ ဆိုက်ဘာအဖွဲ့များငှားရမ်း၍ hot searchသို့ရောက်ရန် ကြံစည်ရတော့သည်။


သို့ရာတွင် hot search တစ်ခုလုံးကို နိုင်ငံခြားပရိုဂရမ်ကသာ နေရာယူထားသည်။


# ရှအန်း ဟိုတယ်မှာတည်းခြင်း #လရှအန်း ဟော့ပေါ့စားခြင်း # ရှအန်း ဒီနေ့ဘာလုပ်သလဲ ...

ထိုကဲ့သို့ သတင်းများသာတစ်နေ့လုံးတက်နေသည်။


ထို့ကြောင့် တစ်ချိန်တည်းထုတ်လွှင့်သည့် ရသစုံရှိုး များက မနာလိုဖြစ်ကြသည်။


အဆိုးရွားဆုံးမှာ “Mom is Back”၏ ရိုက်ကူးရေးအဖွဲ့ဖြစ်သည်။


အကြီးတန်းအမှုဆောင်အချို့၏အမှားများကြောင့် ရှကျင်းက ၎င်းတို့၏ရှိုးတွင်ပါဝင်ရန် ငွေသား‌များပေးကာ သွေးဆောင်ခဲ့သဖြင့် သူမကို ရှအန်းနှင့် အစားထိုးခဲ့ရသည်။ ထိုဆုံးဖြတ်ချက်ကိုလုပ်ဆောင်ခဲ့သည့် အကြီးတန်းအမှုဆောင်များအားလုံး ထုတ်ပယ်ခံလိုက်ရပြီဖြစ်သည်။


သို့ရာတွင် သူတို့ဤအချိန်မှ နောင်တရနေသော်လည်း အချည်းနှီးသာဖြစ်သည်။


ဤရှိုးမှာ ကြီးကျယ်မြင့်မြတ်သော ပါဝင်သူရှကျင်းကြောင့် ပျက်စီးနေပြီဖြစ်သည်။


အင်တာနက်ပေါ်တွင် ရှကျင်းက ရှအန်း၏ ပါဝင်သူနေရာကို လုယူကာ ရှအန်းကိုပြည်တွင်းတွင် ပိတ်ဆို့ခံရအောင်ကြံစည်ခဲ့သည်ဟူသော ကောလဟာလများ ပြန့်နေသည်။


ယခုအချိန်တွင် ရှအန်း၏တန်ဖိုးက အားကောင်းနေပြီဖြစ်၍ ရှကျင်းက ကွန်ယက်တစ်ခုလုံး၏ ဆန့်ကျင်နိုင်လာသည်။


“Mom is back” ရသစုံရှိုးသည်လည်း ကံမကောင်းပေ။  အဆင့်များလည်း ဆက်တိုက်ကျနေသည့်အတွက် ရှကျင်း၏ပုံရိပ်ကို ပြန်လည်အဖက်မဆည်နိုင်တော့ပေ။


ရှကျင်း ကံဆိုးရသည့်အကြောင်းအရင်းမှာ ရှအန်း၏ နဂါးနက်ကြောင့်ဖြစ်သည်။


သွားတစ်ချောင်းအတွက်သွားတစ်ချောင်း မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးက ရှအန်း၏ နည်းလမ်းဖြစ်သည်။


ယင်းကိစ္စက ဖျော်ဖြေရေးနယ်ပယ်တွင်မရှိသော ရှကျင်းအပေါ် သက်ရောက်မှု မရှိသော်လည်း ၎င်းကို စိတ်ဝင်စားမှု အနည်းငယ် ပြန်လည်ရရှိမှုအဖြစ်လည်း မှတ်ယူနိုင်ခဲ့သည်။


တစ်ချိန်တည်းမှာပင် ရှအန်းက ပြည်တွင်းဖျော်ဖြေရေးနယ်ပယ်ရှိလူများ၏ "အမှတ်ရဖွယ်" တစ်ခုဖြစ်လာသည်။


ရှအန်းအကြောင်းက နေ့တိုင်းအတွက် ပုံသေအကြောင်းအရာတစ်ခု ဖြစ်လာသည်။ 


၎င်းမှာ –


[ ရှအန်း တရုတ်ကိုပြန်လာရင်ကောင်းမယ် ]


[ နတ်ဘုရားမလေး ပြန်လာခဲ့ပါ ... နိုင်ငံခြားမှာ နေတာလည်း ကောင်းပေမယ့် တရုတ်မှာနေရင် ပိုကောင်းမယ် ]


[ နတ်ဘုရားမလေး ပြန်လာခဲ့ပါ ... တရုတ်ဖျော်ဖြေရေးလောကမှာ မင်းကို လိုအပ်တယ် ]


[ ရှအန်း ပြန်ရောက်လာရင် ပြည်တွင်းပိတ်ဆို့မှုတွေ ပြီးဆုံးသွားပြီး သူမကို ပြည်တွင်းဈေးကွက်ထဲ ပြန်ရောက်လာစေချင်တယ် ]


[ "ရှအန်း၏စတားဘဝ" တရုတ်versionကို ကြည့်ချင်လိုက်တာ ... ပြန်မလာဘူးဆိုရင်တောင် "ရှအန်း၏စတားဘဝ" တရုတ်versionကိုရိုက်ပေးနိုင်မလား ]