အပိုင်း ၁၆၁
Viewers 29k

Chapter 161


ရှအန်းက တရုတ်လူမျိုးများ၏ အနူးအညွတ်မေတ္တာရပ်ခံမှုများစွာ ရရှိထားသော်လည်း အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။


ရှအန်းက ယခုအခါ ယူအက်စ်တွင် ကုမ္ပဏီတစ်ခု ဖွင့်လှစ်ထားသည်။


ထို့အပြင် သူမ၏ သားလိမ္မာလေးကလည်း ယူအက်စ်တွင် ပညာသင်ကြားနေသည်ဖြစ်၍ လတ်တလောတွင် တရုတ်နိုင်ငံသို့ ပြန်မသွားနိုင်တော့ပေ။


" ဘာ...  ရှအန်း ... Return to Earth ရိုက်ပြီးရင်လည်းတရုတ်ကိုမပြန်တော့ဘူးလား ..."


ဟန်ယွဲ့ မယုံကြည်နိုင်ပေ။ ရှအန်းက နိုင်ငံခြား‌ဖျော်ဖြေရေးလောက ဈေးကွက်ကို ထိုးဖောက်နိုင်သူဖြစ်သော်လည်း သူမက တရုတ်လူမျိုးသာဖြစ်သည်။  သူမ၏ အဓိကစစ်မြေပြင်က သူမ၏နိုင်ငံသာဖြစ်သည်။


" ရှအန်း ငါတို့က တရုတ်လူမျိုးတွေလေ ... ငါတို့ တစ်ခါတစ်ရံ အမေရိကဈေးကွကို ရောက်လာဖို့ပဲလိုတာ ... မင်းဒီမှာ ‌အခြေကျချင်တယ်ဆိုတာ ငါသိပ်ပြီး အားမပေးဘူး ..."


ရှအန်းကို ကြည့်ရသည်မှာ မတုန်မလှုပ်ပင်။ ဟန်ယွဲ့က သူတို့အနားသို့ ရှုထျန်းထျန်းကို ဆွဲခေါ်လာသည်။


" ထျန်းထျန်း မင်းကသူ့ရဲ့ အေးဂျင့်လေ နည်းနည်းပါးပါး ဖျောင်းဖျဦး ..."


သို့ရာတွင် ရှုထျန်းထျန်းက သူနှင့်ဆန့်ကျင်ဘက်ဖြစ်နေမည်ဟု ဟန်ယွဲ့မထင်ထားပေ။


" ကျွန်မမှာ တခြားထင်မြင်ချက်တွေ မရှိပါဘူး ... သူမသွားသမျှနေရာတိုင်းကို ကျွန်မလိုက်မယ် ..."


" မင်း ... မင်း ... မင်းကတကယ့်ကို သူ့ပရိသတ်ပဲ ... ပရိသတ်တွေက အနုပညာရှင်တွေရဲ့အေးဂျင့် ဘာလို့မဖြစ်သင့်တာလဲဆိုတာ ငါအခု နားလည်သွားပြီ ..."


ဟန်ယွဲ့၏ပူပန်နေသော မျက်နှာကိုကြည့်ပြီး ရှအန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

" ကျွန်မက ပြည်တွင်းဈေးကွက်ကို ပြန်မသွားဘူးလို့မပြောမိပါဘူး ... ဆိုလိုတာက ယူအက်စ်မှာပဲနေမယ်ဆိုပေမယ့် ပြည်တွင်းရှိုးတွေကို လက်မခံဘူးလို့ မပြောမိဘူးလေ ..."


ရှအန်းက သူမ၏အတွေးများကို ရှင်းပြနေသည်။ သူမက သရုပ်ဆောင်ခြင်းကို စိတ်မဝင်စားသော်လည်း variety show များကို ယခုအခါ၌ အနည်းငယ်စိတ်ဝင်စားလာပုံရသည်။ 


ပြီးတော့ ...


" ဘာ ... မင်းက ကြော်ငြာရိုက်တာနဲ့ ပြောရေးဆိုခွင့်ရှိသူပဲ လုပ်မယ်ပေါ့ ..."


ယခုရက်ပိုင်းအတွင်း ရှအန်းက variety show များနှင့် ရုပ်ရှင်ကားများကို အလွန်အာရုံစိုက်လာသဖြင့် သူမ၏တိုးတက်မှုအတွက် အပြည့်စုံဆုံးဖြစ်သည်။


ရှအန်းက variety showနှစ်ခု ရိုက်ကူးပြီးသွားပြီဖြစ်၍ variety show များနှင့် ပရိသတ်များအပေါ် အာရုံခံစားတတ်ပြီဖြစ်သည်။


သရုပ်ဆောင်ဖို့လား ...

သူက ရှအန်း၏ အတန်းကို လေ့လာစူးစမ်းခဲ့သည်။ နိုင်ငံတကာ ဒါရိုက်တာများနှင့် နိုင်ငံခြားရုပ်ရှင်သရုပ်ဆောင်များ၏ လမ်းညွှန်မှုအောက်တွင် သူမ၏ သရုပ်ဆောင်မှုစွမ်းရည်က ကောင်းမွန်နေပြီဖြစ်သည်။


ထို့ကြောင့် ရှအန်း၏ လက်ရှိအင်အားဖြင့်ဆိုလျှင် သူမ၏နိုင်ငံသို့ ပြန်လာပြီး ဒါရိုက်တာကြီးများ၏ အကြီးစားထုတ်လုပ်ရေးရုပ်ရှင်များကို လက်ခံနိုင်နေပြီဖြစ်သည်။ သူမက Box office ၏ ကျော်ကြားမှုကို မြှင့်တင်ပေးကာ ပြည်တွင်းတွင်ရေပန်းစားသော ထိပ်တန်းကြယ်ပွင့် တရားဝင်ဖြစ်လာနိုင်မည်ဖြစ်သည်။


အခုတော့ ... 


" မင်းက ကျော်ကြားမှုကို ဖြုန်းတီးပစ်နေတာပဲ ... ရှအန်း မင်းက အနုပညာရှင်နော် ပြီးတော့ အမျိုးသမီးအနုပညာရှင် ... ငယ်ရွယ်တဲ့နေ့ရက်တွေက အရေးကြီးဆုံးပဲ ... ဒီလိုအချိန်မှာ စိတ်ရှုပ်ထွေးမနေသင့်ဘူး ..."


ဟန်ယွဲ့က “Return to Earth”ရိုက်ကူးပြီးချိန်တွင် နိုင်ငံတွင်းသို့ပြန်လာရန် ရှအန်းကို နားချနေသည်။ ယူအက်စ်တွင် နေထိုင်ပါက လူမျိုးရေးခွဲခြားမှုများ ရှိလာနိုင်သည်။ အမေရိကန်ကဲ့သို့နေရာမျိုးတွင် မင်းသမီးတစ်ယောက်အဖြစ်ရပ်တည်ရန်က ခက်ခဲလွန်းသည်။


ထိုစကားများက ရှအန်းအတွက် အသုံးမဝင်ပေ။ 


" ဟန် ... ရှင် ကျွန်မအတွက်ပြောနေတယ်ဆိုတာ သိပါတယ် ... ဒါပေမဲ့ ကျွန်မခုချိန် အိမ်မပြန်နိုင်သေးဘူး ... ရှောင်ရှင်းနဲ့ရှောင်ချန်က ဒီမှာပဲ ကျောင်းတက်နေတာလေ သူတို့က အရမ်းငယ်သေးတယ် ..."


ထို့အပြင် သူမကုမ္ပဏီကလည်း ဤနေရာတွင်သာရှိသည်။


သူမကုမ္ပဏီ အောင်မြင်လာပါက အိမ်ပြန်ရန် ဆုံးဖြတ်ထားပြီးပြီဖြစ်သည်။


မဟုတ်ရင် ဟိုခွေးစုံတွဲကို တိုက်ခိုက်ဖို့ ဘာကိုသုံးရမှာလဲ ...


ဖျော်ဖြေရေးနယ်ပယ်မှာ ထိပ်တန်းကြယ်ပွင့်ဖြစ်နေရုံနဲ့ မရသေးဘူး ဒီအဆင့်လောက်နဲ့ ဘာမှမလုပ်နိုင်ဘူး ...


ချမ်းသာတဲ့လူတွေက စွမ်းအားကြီးတယ် ...


" ကလေးနှစ်ယောက်ကို ဒီမှာပဲ ကျောင်းထားလိုက်လေ ... သူတို့ကို စိတ်ပူရင် မကြာခဏပြန်လာကြည့်လို့ရတာပဲ ..."


ရှအန်း၏မိခင်စိတ်ကို ဟန်ယွဲ့နားလည်သော်လည်း ရှအန်း၏ကိုယ်ပိုင်အနာဂတ်ကိုလည်း မပျက်စီးသွားစေချင်ပေ။


" မစ္စတာဟန် အဲ့လိုမပြောပါနဲ့ ... ရှအန်းကျဲကျဲ ယူအက်စ်မှာနေတာလည်း မဆိုးဘူးလို့ ကျွန်မထင်တယ် ... ရှင်ပဲ အမေရိကန်ဈေးကွက်က သိပ်မကောင်းဘူး ပြောတယ်မလား အဲ့ဒါသူများတွေအတွက်ပါ ... ကျွန်မကတော့ ရှအန်းကျဲကျဲ ဒီမှာအောင်မြင်နိုင်တယ်လို့ထင်တယ် ..."


ရှုထျန်းထျန်းက ယူအက်စ်တွင် ရှအန်း၏ တိုးတက်မှုကို ဆန်းစစ်ကြည့်ထားသည့်အတွက် ဟန်ယွဲ့နှင့် ကျိုးကြောင်းဆီလျော်စွာ ငြင်းခုန်နိုင်သည်။


" ကျွန်မက ရှအန်းကျဲကျဲနောက်ကို မျက်စိစုံမှိတ်ပြီးလိုက်တာ မဟုတ်ဖူး ...ကျွန်မလည်း ကျဲကျဲရဲ့ အနာဂတ်ကို စဉ်းစားထားတယ် ... အခုလက်ရှိတော့ ဒီမှာနေတာကလည်း ကောင်းပါတယ် ... ပြည်တွင်းကနေ စီးပွားရေးအရပူးပေါင်းချင်သူတွေလည်း ဒီမှာကြော်ငြာလာရိုက်လို့ရတာပဲ ... ဒါက ကျိုးကြောင်းဆီလျော်တဲ့ ရွေးချယ်မှုလို့လည်းထင်တယ် ..."


" အခုခေတ်မှာ variety showတွေက နာမည်ကြီးမှုရအောင်လုပ်ဖို့ အကောင်းဆုံးဆိုပေမယ့် ရှအန်းကျဲကျဲက variety showနှစ်ခုတောင် ရိုက်ပြီးပြီလေ ... အဲ့အပြင် "ရှအန်း၏စတားဘဝ"ကို အမေရိကန်မှာပင် ရုပ်သံလွှင့်ရသေးတာလေ  တရုတ်မှာတောင် မလွှင့်ရသေးဘူး ... ဒါကြောင့် ရှအန်းကျဲကျဲ တရုတ်ကို မပြန်သေးလည်း ပြဿနာရှာမရှိဘူးလို့ထင်တယ် ..."


ရှုထျန်းထျန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။


" မစ္စတာဟန် ပြီးတော့ ရှင်အခုတလော အလုပ်များနေလို့ ပြည်တွင်းက တီဗွီရုပ်သံလိုင်းတွေနဲ့ ဗီဒီယိုwebsiteတွေက ကျွန်မတို့ကို ပူးပေါင်းဖို့ပြောထားတာကို မသိတာဖြစ်မယ် ...သူတို့က "ရှအန်း၏စတားဘဝ" တရုတ်ဗားရှင်းကို ရုပ်သံလွှင့်ခွင့် လိုချင်နေတယ် ..."


ထိုစကားများကိုကြားပြီးနောက် ရှုထျန်းထျန်း၏ ဆိုလိုရင်းကို ဟန်ယွဲ့ချက်ချင်းသဘောပေါက်သွားသည်။ 


" မင်းဆိုလိုတာက တကယ်လို့ရှအန်း အိမ်မပြန်ရင် "ရှအန်း၏စတားဘဝ" တရုတ်ဗားရှင်းကို တရုတ်မှာ ထုတ်လွှင့်လို့ရမယ်ပေါ့ ..."


" ဟုတ်တယ် အစ်ကိုကြီးဟန် ... ရှအန်းကျဲကျဲက ကျွန်မကို မနေ့ညကပြောတယ် ... သူမက လုံးဝမပြန်တော့တာမဟုတ်ပဲ အချိန်တစ်ခုထိပဲ ဒီမှာနေမယ်ပြောတာပါ ... အဲ့ဒါမှ သူမ ယူအက်စ်မှာ နေနေတဲ့အချိန် "ရှအန်း၏စတားဘဝ" တရုတ်ဗားရှင်းကို တရုတ်မှာပြလို့ရမယ်လေ ... ဒီပရိုဂရမ်ကို စရိုက်ကူးတည်းက တရုတ်မှာ ရုပ်သံလွှင့်ဖို့ပဲလေ ဟုတ်တယ်မလား ..."


" မင်းတို့နှစ်ယောက် အဲ့လိုစီစဉ်ထားရင် ဘာလို့ ငါ့ကိုစောစောမပြောတာလဲ ..."


ဟန်ယွဲ့ ဂရုတစိုက်တွေးကြည့်သည့်အခါ ထိုသို့လုပ်ခြင်းက တရုတ်နိုင်ငံတွင် ရှအန်း၏နာမည်ကြီးမှုကို မနှောင့်နှေးစေကြောင်း သိသွားသည်။


ဤရှိုး၏ Season 1တွင် ၁၈ပိုင်းရှိပြီး နိုင်ငံခြားတွင်ပင် ထုတ်လွှင့်၍ မပြီးသေးပေ။


၎င်းကို တရုတ်တွင် ထုတ်လွှင့်သည့်အခါ ရှအန်းက တရုတ်နိုင်ငံပြည်တွင်းဖျော်ဖြေရေးနယ်ပယ်၌ ခြေကုပ်ရရန် အချိန်လုံလောက်မည်ဖြစ်သည်။


" ဟန် ကျွန်မတို့ပြောချင်ပေမယ့် ရှင်က တစ်စက်မှ နားမထောင်ဘူးလေ ..."


ရှအန်းက ဟန်ယွဲ့ကို ရွှင်မြူးစွာ ကြည့်နေသည်။ ဟန်ယွဲ့ သူမအတွက် တွေးပေးနေသည့်အကြောင်း သူမ သဘောပေါက်သည်။


ဤကမ္ဘာသို့ကူပြောင်းလာပြီးသည့်နောက်ပိုင်း သူမကျေးဇူးအတင်ဆုံးလူမှာ ဟန်ယွဲ့ဖြစ်သည်။


သူမ ဤနေရာရောက်တည်းက သူများစွာကူညီခဲ့သည်။


သူမလည်း ဤလူကို များစွာကူညီခဲ့သည်ပင်။


တစ်နည်းအားဖြင့် ၎င်းတို့နှစ်ဦးက နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုတစ်ခုအဖြစ် မှတ်ယူနိုင်သည်။


" အင်း ... ငါမင်းတို့နှစ်ယောက်ကို စကားမပြောတော့ဘူး ..."


ဟန်ယွဲ့ လက်ကိုယမ်းပြလိုက်သည်။ ရှအန်းနှင့် ရှုထျန်းထျန်းကို သူ စကားမပြောချင်တော့ပေ။



" ဟန် စိတ်ဆိုးသွားတာလား ..."

ရှအန်းကပြုံးပြပြီူ ခေါင်းခါလိုက်သည်။


" အိုကေ စိတ်မဆိုးပါနဲ့ ..."


" မင်းက အေးဂျင့်ရှိပြီဆိုတော့ ငါ့ကိုဘာမှမပြောပြတော့ပဲ နောက်ကွယ်မှာလုပ်ချင်တာလုပ်တော့မယ်ပေါ့ ..."


" ကျွန်မက ရှင့်ကို မလုပ်မရှုပ်စေချင်လို့ပါ ..."

ဟန်ယွဲ့၏ ဝမ်းနည်းနေသောပုံစံကြောင့် ရှအန်းနှင့် ရှုထျန်းထျန်း ရယ်နေကြသည်။


" ဟုတ်တယ် အန်ကယ်ဟန်က လူကြီးလေ ပြီးတော့ ရွှေလိုမျိုးတန်ဖိုးထားရတဲ့ ဇာတ်ညွှန်းရေးဆရာကြီးဆိုတော့ ကျွန်မတို့က အချိန်မဖြုန်းချင်လို့ပါ ..."


" ဟေး ကောင်မလေးနှစ်ယောက် ... မင်းတို့ရဲ့ ပြဿနာကဘာလဲ ...ငါ့ကိုဟာသလုပ်တာလား ... ငါကဘယ်လောက်များ အသက်ကြီးသေးလို့လဲ ..."


ဟန်ယွဲ၏စကားများက စိတ်ဆိုးနေပုံရသော်လည်း သူ၏မျက်နှာမှ အပြုံးကို မဖုံးကွယ်ထားနိုင်ပေ။


ဟန်ယွဲ့သည်လည်း ရှအန်းကဲ့သို့ ဂုဏ်ယူနေသည်။


သူက ဇာတ်ညွှန်းရေးဆရာနှင့် အစီအစဉ်ကို စီမံရသူသူဖြစ်၍ နောက်ကွယ်မှသာ လုပ်ကိုင်ရသူဖြစ်သော်လည်း သူ၏ variety showနှစ်ခုလုံးက အောင်မြင်ခဲ့သည်။


ယခုလက်ရှိ ‌ပြည်တွင်းဖျော်ဖြေရေးနယ်ပယ်တွင်  နာမည်ကြီးနေသည့် အနုပညာရှင်ရှအန်းကို လက်တွဲခေါ်လာသူသည်လည်း သူသာလျှင်ဖြစ်သည်။


သူ၏သူငယ်ချင်းနှင့်အတူ စတင်ခဲ့သည့် မီဒီယာကုမ္ပဏီမှာလည်း အလားအလာအကောင်းဆုံး ကုမ္ပဏီကြီးအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။


ထို့ကြောင့် ‌ဤရက်များတွင် သူ အလုပ်များနေသည်။


နေ့တိုင်း ကုမ္ပဏီသို့ အနုပညာရှင်များစွာနှင့် ပွဲစားကုမ္မဏီများက ပူးပေါင်းဆောင်ရွက်ရန် လာကြသည်။


ငွေကြေးမြှုပ်နှံသူများကလည်း သူ၏နောက်ထပ် variety show များတွင် ငွေကြေးမြှုပ်နှံလိုကြသည်။ 


ထို့ကြောင့် ဤအချိန်က အလုပ်အရှုပ်ဆုံးဖြစ်နေသည်။


" ကောင်းပါပြီ ... ဟန် ရှင် တရုတ်ကို ပြန်နှင့်လိုက်ပါ ... ကျွန်မကိုလိုအပ်တယ်ဆိုရင် ကျွန်မပြန်လာပြီးကူညီပေးပါ့မယ် ..."


ရှအန်းက တစ်ကိုယ်ကောင်းဆန်သော်လည်း သူမကို ကောင်းကောင်းမွန်မွန်ဆက်ဆံသူများနှင့် ကူညီသူများကို ကြင်နာစွာ ဆက်ဆံတတ်သည်။


"တကယ်လား ... အဲ့ဒါ မင်းပဲပြောတာနော် ... အရမ်းမကြင်နာလွန်းနေဘူးလား ..."

ဟန်ယွဲ့၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်သွားပြီး မကြာမီပင် အံ့ဩသွားသည်။


ရှအန်းနှင့်နေလာသည်က ကြာပြီဖြစ်၍ ရှအန်း၏ အကျင့်စရိုက်ကို သူသိသည်။ ထိုသို့ရက်ရောသည့်ရှအန်းက သူ့ကို မသက်မသာ ဖြစ်စေသည်။


" ကျွန်မက အရမ်းကြင်နာနေရင်လည်း မပြောခဲ့ဘူးလို့ သဘောထားလိုက်ပါ ..."


ရှအန်းက ဟန်ယွဲမျက်နှာပေါ်မှ သံသယဝင်နေသော အမူအယာကိုကြည့်ကာ စိတ်ဆိုးစွာဖြင့် မျက်ဆံလှန်လိုက်သည်။


" ဟေး အဲ့လိုမဟုတ်ဖူးလေ ... ငါမှားပါတယ် ငါမှားပါတယ် ..."


ဟန်ယွဲ့၏မျက်နှာတွင် ချက်ချင်းပင် အပြုံးများဖြင့် ပြည့်နှက်သွားသည်။