အပိုင်း ၁၆၂
Viewers 29k

Chapter 162


ရှအန်းက အတိတ်တုန်းက ရှအန်းနဲ့ မတူတော့ဘူးပဲ ...


ရှအန်းရဲ့ စိတ်နေသဘောထားအရဆိုရင် သူ ငွေတွေအများကြီးပေးရင်တောင်မှ သူမကို ရှိုးတစ်ခု တူတူရိုက်ဖို့ဖိတ်ခေါ်ရတာ အရမ်းခက်တယ် ...


အခု သူမမှာ ပိုက်ဆံရှိနေပြီဆိုတော့ အရင်နဲ့မတူတော့ဘူးပဲ ... သူမကို ပိုက်ဆံနဲ့ မျှားလို့မရတော့ဘူးကိုး ...


မကြာမီ ရှအန်း၏ကိုယ်စား ရှုထျန်းထျန်းနှင့် ဟန်ယွဲ့က " ရှအန်း၏စတားဘဝ" ကို ပြည်တွင်းမှ မည်သည့်ရုပ်သံလိုင်းဖြင့် ထုတ်လွှင့်ရန်ကို ဆွေးနွေးခဲ့ကြသည်။


ထိုကိစ္စအကြောင်း ပြောပြီးသည့်အခါ ဟန်ယွဲ့က ရှအန်းနှင့် ရှုထျန်းထျန်းကို နှုတ်ဆက်ပြီးထွက်လာသည်။


ယခုအခါ အမေရိကန်ဗားရှင်းကလည်း လမ်းမှန်ပေါ်တွင် ရှိနေပြီး ရှအန်းတွင်လည်း အားကိုးရသည့်အေးဂျင့်ရှုထျန်းထျန်း ရှိနေပြီဖြစ်၍ အမေရိကန်တွင် တစ်ယောက်တည်း ရပ်တည်နိုင်ပြီဖြစ်သည်။


ထို့ကြောင့် ယခုတစ်ကြိမ်က သူနှင့်ရှအန်း၏ အမေရိကန်တွင် နောက်ဆုံးတွေ့ဆုံမှုဖြစ်သည်။ 


ကိစ္စများပြီးဆုံးသွား၍ တရုတ်သို့ ပြန်ရတော့မည်ဖြစ်သောကြောင့် ရှအန်းနှင့်တွေ့ရန် အချိန်သိပ်မရှိတော့ပေ။


ဤတစ်ကြိမ် တရုတ်သို့ပြန်သွားပြီးနောက် သူ၏အလုပ်အချိန်ဇယားများက နောက်နှစ်အထိ ပြည့်နေတော့မည်ဖြစ်သည်။


" ရှအန်း ငါသွားတော့မယ် ... မင်းနဲ့ ရှုထျန်းထျန်း အမေရိကန်မှာ တစ်ခုခုဖြစ်ရင် တရုတ်ကို ပြန်ရောက်တာနဲ့ ငါ့ကိုအရင်ဆုံးလာရှာရမယ်နော် ..."


" ကောင်းပါပြီဟန် ရှင်အေးဆေးသွားပါ ... ဒီမှာ ထျန်းထျန်းရှိနေရင် ဘာပြဿနာမှ မရှိလောက်ဘူး ..."


" ဟုတ်တယ် အန်ကယ်ဟန် ... ရှအန်းကျဲကျဲကို ကျွန်မဂရုစိုက်မယ် စိတ်မပူပါနဲ့ ..."


" ကောင်းပါပြီ ငါမနက်ဖြန်ပြန်မှာ ငါ့ကို လိုက်မပို့ပါနဲ့ ... တရုတ်ပြန်ရောက်မှတွေ့မယ်လေ ... ဂရုစိုက်ကြပါ ... သွားပြီ ..."


"  ဘိုင့်ဘိုင် ဟန် ..."


" အန်ကယ်ဟန် နှုတ်ဆက်ပါတယ် ..."


ဤသို့ဖြင့် အမေရိကန်နိုင်ငံတွင် လူကြိုက်များသည့် reality showကို ရိုက်ကူးခဲ့သည့်ဟန်ယွဲ့မှာ တရုတ်နိုင်ငံသို့ ပြန်သွားသည်။


အမေရိကန်တွင် ရှအန်းနှင့် သူမမိသားစုသာ ကျန်ခဲ့သည်။


ဟန်ယွဲ့ ထွက်သွားခဲ့သော်လည်း ရှအန်းအပေါ်တွင် သက်ရောက်မှု တစ်စုံတစ်ရာမရှိပဲ နေ့ရက်များ ကုန်ဆုံးသွားသည်။


ရှုထျန်းထျန်း၏ ကူညီမှုဖြင့် "ရှအန်း၏စတားဘဝ"ကို ချောမွေ့စွာ ရိုက်ကူးနိုင်ခဲ့သည်။


ရှအန်းက အဝတ်အစား၊ အစားအသောက်နှင့် သွားလာရေး တစ်ခုကိုမှ ပူပန်စရာမလိုပေ။ အားလုံးကို ရှုထျန်းထျန်းက စီစဉ်ပေးထားသောကြောင့် ရှအန်းက ရိုက်ကူးရေးလုပ်ရန်သာရှိသည်။


ဟန်ယွဲ့ပြန်သွားပြီး ရက်အနည်းငယ်အတွင်း "ရှအန်း၏ကြယ်ပွင့်ဘဝ" အပိုင်း၄ကို ထုတ်လွှင့်ခဲ့သည်။


အပိုင်း၃တွင် ဟယ့်ကျီဟော့ပေါ့ဆိုင်ကို ကျော်ကြားအောင်ပြုလုပ်ခဲ့သည်။ မိသားစုသုံးယောက်လုံးက အပိုင်း၄ကို မီးတောက်စေခဲ့သည်။ သူမက အကောင်ပေါက်လေးနှစ်ယောက်ကို မနက်တိုင်း ကိုယ်ခံပညာသင်ပေးသည့်အပိုင်းက ရှိုးတွင် ပါဝင်လာခဲ့သည်။


အမေရိကန်နိုင်ငံက တရုတ်ကွန်ဖူးကို အလွန်အလေးထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် အပိုင်း၄ လွှင့်ပြီးသွားသည်နှင့် အင်တာနက်တစ်ခွင် ဗုံးပေါက်ကွဲသွားသကဲ့သို့ပင်။


အပိုင်း၄ကို ကြည့်ပြီးသည့်နောက် နိုင်ငံခြားသားမိတ်ဆွေအများစုက ရှအန်းနှင့်အကောင်ပေါက်လေးနှစ်ယောက်၏ "တရုတ်ကွန်ဖူး" ဗီဒီယိုအပြည့်အစုံကို တင်ပေးရန် ပရိုဂရမ်အဖွဲ့ကို တောင်းဆိုလာကြသည်။


ထို့အပြင် "ရှအန်း၏ စတားဘဝ" ၏ ကျော်ကြားမှုကြောင့် ကြည့်ရှု့သူ ပရိသတ်များက အမေရိကန်နှင့် တရုတ်နိုင်ငံတွင်သာ ရှိသည်မဟုတ်ပေ။


နိုင်ငံအသီးသီးတွင် ဘာသာပြန်ဆိုမှုများရှိခဲ့သည်။


အီတလီ၊ ကနေဒါ၊ ရုရှား၊ ဂျာမနီ၊ ဂျပန်၊ တောင်ကိုရီးယား နေရာအနှံ့တွင်ဖြစ်သည်။


"ရှအန်း၏ စတားဘဝ"က တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားသည်ဟုပင် ဆိုနိုင်သည်။


အပိုင်း၄ကြောင့် "တရုတ်ကွန်ဖူး" ကို တစ်ကမ္ဘာလုံးအနှံ့ စိတ်ဝင်စားမှုများ မြင့်တက်လာကြသည်။


အကောင်ပေါက်လေးနှစ်ယောက်ကို ရှအန်းသင်ပေးခဲ့သည့် စွမ်းရည်များက လှပပြီးပြင်းထန်လှသည်။


ဗီဒီယိုကို ကြည့်နေရုံဖြင့် အလှရိုက်ခြင်းမဟုတ်ပဲ အကောင်းသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်ကို မြင်တွေ့နိုင်သည်။


[  အိုးမိုင်ဂေါ့ ...  “Return to Earth”မှာ တိုက်ခိုက်တဲ့အခန်းတွေအများကြီးပါတော့ နတ်သမီးလေးက ဇာတ်လိုက်ဆိုတာ မယုံနိုင်ခဲ့ဘူး ... အပိုင်း၄ကို ကြည့်ပြီးတဲ့နောက်တော့ နတ်သမီးလေးက ဂျုန်းနေရာနဲ့ အသင့်တော်ဆုံးဆိုတာ သိလိုက်ရပြီ ]


[ "ရှအန်း၏စတားဘဝ" ရှိုးအဖွဲ့ရေ ကိုယ်ခံပညာဗီဒီယိုလေးအပြည့် တင်ပေးပါလား ]


[ ပရိုဂရမ်ထဲမှာ သင်ပေး‌တဲ့အကြောင်း နည်းနည်းပဲပါလိုက်တယ် ... ငါလည်း နတ်သမီးလေးနဲ့ တရုတ်ကွန်ဖူးသင်ချင်လိုက်တာ ]


[ ကျွန်တော်က ကိုယ်ခံပညာရပ်သင်ပေးတဲ့ဆရာပါ ... နတ်သမီးလေးက ကလေးနှစ်ယောက်ကိုသင်ပေးတဲ့ ကွန်ဖူးက တော်တော်ကောင်းတယ် ... လှုပ်ရှားမှုတစ်ခုစီတိုင်းက ရိုးရှင်းပြီး စွမ်းအားကြီးတယ် ]


[ နတ်သမီးလေးက ငါမြင်ဖူးသမျှထဲမှာ အံ့ဩစရာအကောင်းဆုံး အမျိုးသမီးအနုပညာရှင်ပဲ ... သူမကို ခန္ဓာကိုယ်သေးကွေးပေမယ့် တိုက်ခိုက်နိုင်တယ် အရမ်းဆွဲဆောင်မှုရှိတာပဲ ]


[‘Return to Earth’ မှာ နတ်သမီးလေးရဲ့ ကိုယ်ခံပညာအကွက်တွေကို မြင်ချင်နေပြီ ]


[ ဘာလို့လဲ မသိဘူး ငါရုတ်တရက် ရှအန်းပါတဲ့ တိုက်ခိုက်ရေး ဒါမှမဟုတ် အားကစားရှိုးတစ်ခုခုကို ကြည့်ချင်လာပြီ ]



အပိုင်း၄ ထုတ်လွှင့်မှုတွင် ရှအန်း၏ တရုတ်ကွန်ဖူးမီးပွားကအမေရိကန်နှင့် တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့သည်။


နိုင်ငံအများအပြားမှ ပရိသတ်များက တရုတ်လူမျိုးအနုပညာရှင်ရှအန်းကြောင့် ထိတ်လန့်သွားခဲ့သည်။ သူမ၏ ဆွဲဆောင်မှုကြောင့် “Return to Earth” ရုပ်ရှင်ကို မစောင့်နိုင်ကြတော့ပေ။


“Return to Earth” အဖွဲ့သားအားလုံးက ရုပ်ရှင်ပရိုမိုးရှင်းများ မလုပ်ဆောင်ရသေးသော်လည်း ကြီးမားသော  အကျိုးသက်ရောက်မှုကို ရရှိထားခဲ့သည်။


ယင်းကြောင့် ဝန်ထမ်းများက ဤရုတ်တရက် ပေါက်ကွဲခြင်းအခွင့်ကောင်းကို အသုံးချကာ  ရုပ်ရှင်အကြောင်းကို လူသိရှင်ကြား ချဲ့ထွင်လာကြသည်။


ထို့ကြောင့်လည်း ရှအန်းနှင့် ရှိုးကပို၍ နာမည်ကြီးလာသည်။


ဒီကမ္ဘာကြီးမှာ အားနည်းပေမယ့် သန်မာတဲ့ ရှအန်းလိုမျိုး အမျိုးသမီးကြယ်ပွင့်လေးတစ်ပွင့်ရှိတယ်ဆိုတာ ကမ္ဘာပေါ်ကလူတွေ ပိုသိလာကြတယ် ..


ရှအန်းက သူမ၏ 'တရုတ်ကွန်ဖူး' ကို အားကိုးခြင်းဖြင့် နိုင်ငံခြားတွင် အောင်မြင်လာခဲ့သည်။


တရုတ်နိုင်ငံတွင်လည်း အလားတူပင်ဖြစ်သည်။


ရှအန်းက ကလေးနှစ်ယောက်ကို ကိုယ်ခံပညာသင်ပေးသည့်ဗီဒီယိုက တရုတ်လူမျိုးအများစုကို ထိတ်လန့်သွားစေခဲ့သည်။


ရှအန်းက စတန့်သုံးခြင်းမသုံးခြင်းကို မည်သူမျှ မေးခွန်းမထုတ်ရဲတေ့ာပေ။


တရုတ်လူမျိုး‌များက နိုင်ငံခြားသားများခန့် မအံ့ဩကြသော်လည်း ရှအန်း၏ လုပ်ဆောင်မှုများက တရုတ်လူမျိုးအများစုကို အံ့အားသင့်စေဆဲပင်။


ကွန်ဖူးကို မသိနားမလည်သူများကလည်း ဗီဒီယိုကြည့်ပြီးနောက် စိတ်ဝင်စားလာကြသည်။


တရုတ်လူမျိုးများသည်လည်း နိုင်ငံခြားသားများကဲ့သို့ တစ်ပုံစံတည်း တောင်းဆိုလာကြသည်။


[ " ရှအန်း၏စတားဘဝ" ကို လေ့ကျင့်နေတဲ့ ဗီဒီယိုအပြည့် ထုတ်ပေးဖို့ ကျေးဇူးပြုပြီး တောင်းဆိုကြပါလား ]


[ ရှအန်း ကျွန်တော်တို့အတွက် ကိုယ်ခံပညာသင်တန်းလေး ဖွင့်ပေးပါ ... ကျွန်တော်တို့လည်း ရှအန်းနဲ့အတူ သင်ချင်တယ် ]


[ ဗီဒီယိုကြည့်ရုံနဲ့ ကိုယ်ခံပညာသင်ရတာ ခက်ခဲမယ်ဆိုတာ ခံစားမိတယ် ... ရှအန်းက အမျိုးသမီးတွေအတွက် ရိုးရှင်းတဲ့ မိမိကိုယ်ကိုကာကွယ်မှုနည်း‌လမ်းတွေ ပြသပေးဖို့ ငါမျှော်လင့်မိတယ် @ရှအန်း ]



ရှအန်းနှင့် ရိုက်ကူးရေးအဖွဲ့က  ဗီဒီယို၏ အကြောင်းအရာက ဤမျှ သတိပြုဖွယ်ဖြစ်လာမည်ဟု မတွေးခဲ့ကြပေ။ 


ဒီလို ဗီဒီယိုကလစ်လေးက နိုင်ငံတကာရဲ့ အာရုံစိုက်မှု ရလာမယ် မထင်ခဲ့မိဘူး ... 


ထို့ကြောင့် ရှအန်းနှင့် ပရိုဂရမ်အဖွဲ့မှ ဝန်ထမ်းများ အံ့ဩနေကြသည်။