Chapter 24
Viewers 5k

💮Chapter 24



ဝမ်ချီ : “…”


သူ အလွန်ထိတ်လန့်နေပြီး မည်သည့်အရာများ ဖြစ်ပျက်နေသည်ပင် မသိချေ။ ရှစ်ယဲ့ လက်ဖဝါး၏ ခပ်တင်းတင်း အထိအတွေ့ကိုသာ သူခံစားမိ၏။ သူ့နှုတ်ခမ်းထောင့်အား လျက်လာသည့် ရှစ်ယဲ့၏လျှာမှ အပူချိန်သည်လည်း အလွန် ပူပြင်းလှ၏။ 


သူ့ခန္ဓာကိုယ် တစ်ခုလုံးတောင့်တင်းသွားကာ မသိစိတ်ဖြင့် အညံ့ခံလိုက်မိသည်။ 


သို့သော် ရှစ်ယဲ့က ရပ်တန့်မသွားခဲ့ဘဲ သူ့နှုတ်ခမ်းထောင့်ရှိ ခရင်မ်များကို ဆက်လက်လျက်နေသည်။ သူ၏ ပူနွေးသော အထိအတွေ့က ပါးပြင်နှင့် နှုတ်ခမ်းထောင့်များမှ တစ်ဆင့် သူ့နှုတ်ခမ်းပေါ်သို့ ကျဆင်းလာ၏။ 


ဝမ်ချီက မသိစိတ်ဖြင့် ပါးစပ်ကိုဟကာ ရှစ်ယဲ့ကျွေးသည့် ခရင်မ်များကို စားသုံးနေမိသည်။ 


ထို့နောက် ရှစ်ယဲ့က ခေါင်းကိုငုံ့မိုးကာ သူ့အားနမ်းလာ၏။ 


ရှစ်ယဲ့၏ အနမ်းမှာ ပေါ့ပါး၍ ညင်သာလှသည်။ သူ၏ ပူနွေးသောလျှာက ဝမ်ချီ၏ ပါးစပ်အတွင်းရှိ ခရင်မ်များကိုပင် ထုတ်ယူသွားခဲ့၏။ ချိုမြသော ခရင်မ်များက သူတို့၏ နှုတ်ခမ်းနှစ်ခုနှင့် သွားများအကြား အရည်ပျော်သွားကြသည်။ ချိုမြိန်လှသည့် အရသာက သူတို့ပါးစပ်ထဲတွင် အတန်ကြာ ပျံ့နှံ့လျက်ရှိလေသည်။ 


ရှစ်ယဲ့ ပြုလုပ်နေသည့် အရာကို ဝမ်ချီ သတိပြုမိလိုက်ချိန်၌ မိုးကြိုးပစ်သကဲ့သို့ ခံစားလိုက်ရသည်။ သူက ပူလောင်မှုနှင့် နူးညံ့မှုတို့ကို တစ်ပြိုင်နက် ခံစားရစေလျက် ရှိ၏။ ဝိုင်အရသာနှင့် ခရင်မ်အရသာတို့က မသက်မသာ မဖြစ်စေရုံသာမက ပါးစပ်ထဲတွင် ဖြည်းဖြည်းချင်း ရောယှက်သွားကြသည်။ 


အဆုံးသတ်တွင် ရှစ်ယဲ့က ခရင်မ်များအားလုံးကို အရည်ပျော်စေခဲ့၏။ 


ထို့နောက် သူက ဝမ်ချီ၏ အနီးသို့ကပ်လာကာ ခါးကိုဖက်လိုက်သည်။ 


ဝမ်ချီ ထိတ်လန့်သွားကာ သူ့အား တွန်းရန် အမြန်လက်ဆန့်ထုတ်လိုက်၏။

“အရှင့်သား …”


သို့သော် သူ၏ သေးငယ်သော တွန်းလှန်မှုက အလုပ်မဖြစ်ခဲ့ချေ။ ရှစ်ယဲ့က ခါးပတ်ကြိုးကိုဖြည်ကာ အင်္ကျီအတွင်းသို့ လက်လျှိုလာခဲ့သည်။ 


ရှစ်ယဲ့၏ လက်ချောင်းထိပ်များမှာ အလွန် အေးစက်နေ၏။ အဆိုပါအေးစက်မှုက ဝမ်ချီ၏ အရေပြားထက်မှတစ်ဆင့် နှလုံးသားသို့ပင် ရောက်ရှိလာခဲ့သည်။ ဝမ်ချီမှာ တုန်ပင် တုန်သွားရ၏။ 


အရမ်းမြန်လွန်းတယ် … 


တကယ့်ကို မြန်လွန်းတယ် … 


ဝမ်ချီက ပြင်ဆင်ချိန်ပင် မရခဲ့ရှာပေ။ 


သို့သော် သူက မည်သည့် ခုခံမှုကိုမှ မပြုလုပ်နိုင်ပဲ သူ့အဝတ်များ အားလုံးနီးပါး အချွတ်ခံလိုက်ရသည်ကိုသာ ခံစားချက်မဲ့စွာ ကြည့်နေရ၏။ 


ရှစ်ယဲ့က ပို၍ပင် ရဲတင်းလာသည်။ သူက ဝမ်ချီ၏ စိတ်ပျံ့လွင့်နေမှုအား မကျေနပ်ဟန်ဖြင့် ဝမ်ချီ၏ နှုတ်ခမ်းများကို ပို၍နက်ရှိုင်းစွာ နမ်းရှိုက်လိုက်လေသည်။ 


သူ၏လက်က တဖြည်းဖြည်း အောက်သို့ဆင်းသွားကာ ဝမ်ချီ၏ ဝမ်းဗိုက်အောက်နားသို့ ရောက်ရှိသွား၏။ 


ဝမ်ချီက သူ၏ ဘောင်းဘီရှည်ပေါ်ရှိ ရှစ်ယဲ့၏ လက်များက အတွင်းသို့ဝင်ရန် ကြံစည်နေကြကြောင်း သတိပြုမိလိုက်သည်။ 


သူ့ခန္ဓာကိုယ်လေးမှာ တုန်ယင်လာ၏။ သို့သော် ခုခံမှုတစ်စုံတစ်ရာ မပြုလုပ်ဝံ့ဘဲ မျက်လုံးများကိုသာ မှိတ်ချလိုက်သည်။ 


သို့သော် သူတွေးထားခဲ့သည့် အရာက ဖြစ်မလာခဲ့ချေ။ ရှစ်ယဲ့၏ လှုပ်ရှားမှုများမှာလည်း ရုတ်တရက် ရပ်တန့်သွား၏။ သူ၏ဝမ်းဗိုက်အောက်နားရှိ လက်သည်လည်း ဆက်လက်လှုပ်ရှားခြင်း မရှိတော့ချေ။ 


ဝမ်ချီ မျက်လုံးပြန်ဖွင့်ကြည့်လိုက်သည်။ ရှစ်ယဲ့၏ ရီဝေနေသော မျက်ဝန်းများက ပြန်လည်ရှင်းလင်းလာပြီး သူ့အနားမှ ဆုတ်ခွာသွားသည်ကို တွေ့လိုက်ရ၏။ 


ရှစ်ယဲ့က မျက်လွှာချလိုက်သည်။ သူ၏ ခံစားချက်ကင်းမဲ့နေသော အကြည့်က ဝမ်ချီ၏ ဝမ်းဗိုက်အောက်နားတွင် ရပ်တန့်နေ၏။ 


ဝမ်ချီက ရှစ်ယဲ့အတိုင်း ခေါင်းငုံ့ကြည့်လိုက်ချိန်တွင် တစ်ဖက်လူ၏ လက်များက သူ့ဝမ်းဗိုက်တစ်လျှောက် စမ်းသပ်ကာ တစ်စုံတစ်ရာအား ရှာဖွေနေသကဲ့သို့ ရှိနေကြောင်း တွေ့လိုက်ရသည်။ 


ထို့နောက် ဝမ်ချီက ရှစ်ယဲ့ ပြောဖူးသည့် အရာတစ်ခုအား အမှတ်ရသွား၏။ ထိုသူ၏ရန်သူမှာ ဝမ်းဗိုက်အောက်နားတွင် သိသာထင်ရှားသော ဓားဒဏ်ရာများ ရှိနေသည်။ 


သူ စိတ်ထင်ခြင်းပေလား မသိသော်လည်း လက်ရှိတွင် ရှစ်ယဲ့က သူ့ကိုယ်ပေါ်၌ ဓားဒဏ်ရာ ရှိမရှိ ရှာနေသည်နှင့် တူ၏။ 


သို့သော် သူက ရှစ်ယဲ့၏ ရန်သူ မဟုတ်ပေ။ ရှစ်ယဲ့ မည်မျှ ရှာဖွေသည်ဖြစ်စေ၊ သူ့ကိုယ်ပေါ်၌ ဓားဒဏ်ရာ ရှာတွေ့မည်မဟုတ်။ 


“အရှင့်သား …”


ဝမ်ချီ ပါးစပ်ဟလိုက်ချိန်၌ ရှစ်ယဲ့က လက်ကိုပြန်ရုတ်ကာ အေးစက်စက် ဆိုလိုက်၏။

“အဝတ်ပြန်ဝတ် …” 


ဝမ်ချီ : “…”


သူက ရှစ်ယဲ့၏ အမိန့်ကို မလွန်ဆန်ဝံ့ဘဲ အဝတ်များကို အမြန် ပြန်ဝတ်လိုက်၏။ 


သူ အဝတ်ဝတ်နေစဉ် တစ်လျှောက်လုံး ရှစ်ယဲ့က သူ့အား အေးစက်စက် စိုက်ကြည့်နေလေသည်။ ရှစ်ယဲ့က ယခုလေးတင် ဝိုင်အရက် အများအပြား သောက်သုံးခဲ့ခြင်း ဖြစ်သော်ငြား တစ်ဖက်လူ၏ မျက်နှာထက်၌ အရက်မူးနေသည့် အရိပ်အယောင် တစ်ခုတစ်လေပင် မရှိပေ။


ဝမ်ချီ အဝတ်ဝတ်ပြီးသည့်နောက် ရှစ်ယဲ့က ပြော၏။ 

“ပြန်သွားတော့ …” 


ထိုသို့ ပြောပြီးသည့်နောက် ဝမ်ချီ၏တုံ့ပြန်မှုကို မစောင့်ဘဲ အိပ်ခန်းအတွင်းသို့ ဝင်ရောက်သွားလေသည်။


ဝမ်ချီက ရှစ်ယဲ့၏ ပုံရိပ် ကုလားကာနောက်သို့ ဝင်ရောက် ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေမိပြီး နေရာ၌ပင် တောင့်တင်းနေ၏။ ထို့နောက် ယခုလေးတင် ဖြစ်သွားခဲ့သည့် အဖြစ်အပျက်များကို ပြန်တွေးရင်း သူ့ပါးပြင်နှစ်ဖက်လုံး မီးထတောက်တော့မတတ် ပူပြင်းလာလေသည်။ 


 သူက မုန့်ဘူးအလွတ်ကို ယူကာ အမြန်ထထွက်ခဲ့၏။ 


အပြင်ဘက်တွင် မိန်းမစိုးကျိုးက စောင့်ဆိုင်းလျက်ရှိ၏။ သူက ဝမ်ချီကို မြင်သည်နှင့် အမြန်လာနှုတ်ဆက်လေသည်။ ဝမ်ချီ၏ လက်တွင်းရှိ မုန့်ဘူးအလွတ်ကို တွေ့သည့်အခိုက် မိန်းမစိုးကျိုး၏ မျက်နှာတစ်ခုလုံး ဝင်းပသွား၏။ 

“သခင်လေးဝမ် … အရှင့်သားရဲ့ စိတ်အခြေအနေ ပိုကောင်းလာပြီလား …” 


ဝမ်ချီက မျောက်ဖင်နီကဲ့သို့ နီရဲနေသော မျက်နှာဖြင့် ခဏရပ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ခေါင်းယမ်းလိုက်ပြန်သည်။ 


မိန်းမစိုးကျိုးက ဝမ်ချီ၏ အမူအရာကိုကြည့်ပြီး တစ်စုံတစ်ခုအား နားလည်သွားသည်။ သူက ပါးစပ်နားရွက် တက်ချိတ်မတတ် ပျော်ရွှင်စွာ ပြုံးလိုက်၏။ ထို့နောက် ဦးညွှတ်ကာ လက်ဟန်ပြလိုက်သည်။

“ဒီအစေခံက သခင်လေးဝမ်ချီကို ပြန်လည်ပို့ဆောင်ပေးပါ့မယ် …” 


ဝမ်ချီက ခဏတွေးလိုက်ပြီးနောက် မငြင်းတော့ချေ။ 


ဝါးပလွေအိမ်တော်သို့ အပြန်လမ်းတစ်လျှောက်၌ ဝမ်ချီက မိဖုရားဟွားအကြောင်း စုံစမ်းရန် ကြိုးစားခဲ့၏။ သူက မူလကိုယ်၏ မှတ်ဉာဏ်များအတိုင်း ထပ်ခါထပ်ခါ စစ်ဆေးခဲ့သော်ငြား မိဖုရားဟွား၏ သေဆုံးမှုက ဆောင်းရာသီ၌ ဖြစ်ပျက်ခဲ့ခြင်းသာ ဖြစ်၏။ 


ဘာလို့ မိန်းမစိုးကျိုးက ဒီနေ့က မိဖုရားဟွား သေဆုံးခဲ့တဲ့ နှစ်ပတ်လည်လို့ ပြောပါလိမ့် … 


မိန်းမစိုးကျိုးက ဖုံးကွယ်ထားခြင်း မပြုဘဲ သူသိသမျှ ပြန်ဖြေခဲ့သည်။

“မိဖုရားဟွား ဆုံးပါးပြီးတော့ မကြာခင်မှာပဲ နှစ်နှစ်ပဲရှိသေးတဲ့ အိမ်ရှေ့မင်းသားလေးက ပြန်ပေးဆွဲခံလိုက်ရပါတယ်… သူက နန်းတော်ကနေ ပျောက်ကွယ်သွားခဲ့ရတာပါ … အရှင့်သား ဆယ့်ခြောက်နှစ်အရွယ် ရောက်မှသာ ဟွားမိသားစုက သူ့ကိုပြန်တွေ့ပြီး နန်းတော်ကို ပို့ပေးခဲ့တာ…”  


ဝမ်ချီ နားထောင်လေလေ၊ ထူးဆန်းမှုအား ခံစားရလေလေပင်။ ဝတ္ထုထဲတွင် ထိုအကြောင်း မပါရှိခဲ့ပေ။ အတိအကျ ပြောရပါက ဝတ္ထုမှာ အဓိကဇာတ်ဆောင်၏ ဘဝအတွေ့အကြုံနှင့် သူတို့ကြားရှိ တွေ့ဆုံမှုများကိုသာ ဖော်ပြထားခြင်း ဖြစ်သည်။ အမြောက်စာဇာတ်ကောင်နှင့် ဗီလိန်၏ ရုန်းကန်မှုများကိုမူ မည်သူမှ ဂရုမစိုက်ကြချေ။ သူတို့က အသုံးချခံများသာ ဖြစ်ကြ၏။ 


သို့သော် ရှစ်ယဲ့၏ ဘဝက ဝတ္ထုနှင့် အလွန်ကွဲပြားနေလိမ့်မည်ဟု ဝမ်ချီ မတွေးခဲ့မိချေ။ 


မိန်းမစိုးကျိုးက ဝမ်ချီ၏ တုံ့ပြန်မှုကို မျှော်လင့်ပြီး ဖြစ်ပုံရ၏။ သူက ဆက်ပြောသည်။

“ဒီနေ့က အရှင့်သား နန်းတော်ကို ဒုတိယအကြိမ် ပြန်ရောက်တဲ့နေ့ပါ … ဒါပေမယ့် ကံဆိုးချင်တော့ ဆယ်စုနှစ်တစ်ခုကျော် ခွဲခွာပြီးတဲ့နောက် အရှင့်သားကို မိဖုရားဟွားရဲ့အထိန်းအမှတ်ကျောက်တိုင်ကပဲ စောင့်မျှော်နေခဲ့တယ်လေ … ဒီတော့ အရှင့်သားက ဒီနေ့ကို မိဖုရားဟွားရဲ့ နှစ်ပတ်လည်လို့ သတ်မှတ်ခဲ့ပါတယ် …” 


ဝမ်ချီက ပြောလိုက်သည်။

“ဒီတော့ ဒီလိုမျိုးပေါ့ …” 


သူ ထိုသို့ပြောလိုက်သော်ငြား တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားမိနေဆဲပင်။ သို့သော် မည်သည့်အရာ မှားယွင်းနေကြောင်းကိုမူ ပြောမပြနိုင်ခဲ့။ 


အဆိုပါ ခံစားချက်က ဝါးပလွေအိမ်တော်သို့ ပြန်ရောက်သည်အထိ ကျန်ရှိနေခဲ့သည်။ 


မိန်းမစိုးကျိုးအား နှုတ်ဖြင့် ပို့ဆောင်ပြီးချိန်၌ ဝမ်ချီ ခြံဝန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ ခြံဝန်းထဲတွင် ကြီးမားသော သေတ္တာများနှင့် လူများ ရောက်နေလေသည်။ 


ဝမ်ချီက မိဖုရားဟွား၏ကိစ္စကို ဘေးပို့ကာ ခြံဝန်းထဲသို့ အမြန်ဝင်လာခဲ့၏။ ယောထောင်နှင့် ယောဖန်းတို့က အံ့အားသင့်၍ ဝမ်းသာသော အမူအရာများဖြင့် သေတ္တာများ၏ နံဘေးတွင် ရပ်နေကြလေသည်။ 


“ယောထောင် ...ဘာတွေဖြစ်နေတာလဲ …”

ဝမ်ချီက လက်တွင်းရှိ မုန့်ဘူးကို ကမ်းပေးကာ မေးလိုက်သည်။ 


ယောထောင်က မုန့်ဘူးအား လက်နှစ်ဖက်ဖြင့်ယူကာ ရှင်းပြလိုက်၏။

“သခင်လေး … မင်းကြီးကို ခစားတဲ့ လူတစ်ယောက် ဒီမှာရှိနေပါတယ် …” 


သူမ စကားဆုံးသည်နှင့် ဝမ်ချီ၏ နံဘေးရှိ မိန်းမစိုးက ခပ်ကျယ်ကျယ် အော်လိုက်သည်။

“တော်ဝင်အမိန့်စာပါတယ်… ဝမ်ချီ … အမိန့်စာကို လက်ခံပါ …” 


ဝမ်ချီ ကြောင်အလျက် ဒူးထောက်လိုက်သည်။

“ဝမ်ချီ အမိန့်စာကို လက်ခံပါတယ် …” 


ယောဖန်းနှင့် ယောထောင်တို့က ဝမ်ချီ၏ ရုတ်တရက်ဆန်လှသောအမူအရာကြောင့် တောင့်တင်းသွားကာ အမြန်ဒူးထောက်လိုက်ကြသည်။ သို့သော် မကြာမီမှာပင် မိန်းမစိုးက ဝမ်လျန် မဟုတ်ပဲ ဝမ်ချီဟု ပြောခဲ့ခြင်းဖြစ်ကြောင်း သူတို့ သတိပြုမိသွားကြ၏။ သူတို့နှစ်ဦးက အံ့အားသင့်မှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ 


မိန်းမစိုးက အမိန့်စာကိုဖွင့်ကာ တည်ကြည်လေးနက်သော အသံနေအသံထားဖြင့် ပြောလိုက်၏။

“ကောင်းကင်ဘုံ၏ အမည်နာမအောက်မှ တော်ဝင်အမိန့်စာအရ ဝမ်မိသားစု၏ ဒုတိယသား ဝမ်ချီသည် ကျိုင်းကောင်ကပ်ဘေးတွင် ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သဖြင့် ဤအရာများကို ချီးမြှင့်လိုက်သည်…”


ထို့နောက် ဝမ်ချီ တစ်ခါမှမကြားခဲ့ဖူးသည့် အရာများ၏ စာရင်းကို ကြားလိုက်ရလေသည်။


ဝမ်ချီက မြေကြီးနှင့် ခေါင်းထိထားကာ နားထောင်နေ၏။ အမိန့်စာဆုံးသည့်နောက် သူက ဂရုတစိုက်ထကာ လက်နှစ်ဖက်ဖြင့် လက်ခံလိုက်သည်။

“ဒီနိမ့်ကျတဲ့ ကျွန်ဝောာ်မျိုးက အမိန့်စာကို လက်ခံပါတယ်… ”


မိန်းမစိုးက တော်ဝင်အမိန့်စာအား ဝမ်ချီ၏ လက်တွင်းသို့ထည့်ကာ အပြုံးဖြင့်ပြောလိုက်သည်။

“သခင်လေးဝမ် အရမ်းထက်မြက်တာ ကြားဖူးပေမယ့် အရှင်မင်းကြီးရဲ့ စိုးရိမ်မှုတွေကို ချက်ချင်းဖြေရှင်းပေးနိုင်မယ်လို့ မမျှော်လင့်ထားခဲ့မိဘူးပဲ … ”


ဝမ်ချီက အဆိုပါ မိန်းမစိုး မည်သည့်နေရာမှ ထိုအကြောင်းကို ကြားခဲ့သည်က်ိုမသိသော်လည်း ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။

“ကုန်းကုန်းက ချီးကျူးလွန်းနေပါပြီ …” 


မိန်းမစိုးက ပြောလိုက်သည်။

“ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချပါနဲ့လေ သခင်လေးဝမ် … ကျွန်တော်တို့ အနာဂတ်မှာ မကြာမကြာ တွေ့ကြတာပေါ့… ဒါမှလည်း တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်နိုင်မယ် မဟုတ်လား … ”


ဝမ်ချီက ဟုတ်ကဲ့ ဟုတ်ကဲ့ ဟူ၍သာ လုပ်နေရ၏။ 


အဆိုပါအုပ်စု ပြန်သွားသည့်နောက် ဝမ်ချီ၏ ခြံဝန်းတစ်ခုလုံး ဆုလာဘ်များအပြည့်ဖြင့် ကျန်ရစ်ခဲ့လေသည်။ အရာအားလုံးက အိပ်မက်ဆန်လှပြီး ယောထောင်နှင့် ယောဖန်းတို့၏ ခေါ်သံကြောင့် မဟုတ်ပါက သူ ငေးငိုင်နေမိမည်ပင်။ 


“သခင်လေးဝမ် ...သခင်လေး ဘယ်တုန်းက နာမည်ပြောင်းလိုက်တာလဲ … ”

ယောဖန်းက မေးလိုက်သည်။


ဝမ်ချီက ပြော၏။

“မပြောင်းပါဘူး … ငါ့နာမည်က ဝမ်ချီပဲလေ ...”


ယောဖန်းက ထပ်မေးလိုက်သည်။ 

“ဒါဆို ဝမ်လျန်က ……”


“ငါ့အစ်ကိုရဲ့ နာမည် ….”


ယောဖန်း နားမလည်နိုင်ဖြစ်သွား၏။ 

“ဒါဆို သခင်လေးဝမ်က အရှေ့နန်းတော်ကို ရောက်ခါစက ဝမ်လျန်ဆိုတဲ့ နာမည်ကို သုံးခဲ့တာလား … ”


ဝမ်ချီက ပြုံးကာ ရှင်းပြလိုက်သည်။

“အရှေ့နန်းတော်ကို လာရမယ့်လူက ဝမ်လျန်ပဲ … ဒါပေမယ့် အဲဒီ့နေ့မှာပဲ သူတို့က ငါနဲ့အစားထိုးလိုက်ကြတာ … ဒီတော့ ငါက ဝမ်လျန်အမည်နဲ့ပဲ လာရတော့တာပဲ ...”


ယောဖန်းက ခဏတိတ်သွား၏။ ထို့နောက် သူမက ကြက်သီးထလာဟန်ဖြင့် မေးလိုက်သည်။

“သခင်လေးဝမ် … အရှင့်သား ဒါကို သိထားပါသလား …”


ဝမ်ချီက ပြော၏။

“မင်းကြီးတောင် သိတဲ့ကိစ္စပဲလေ … အရှင့်သား မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား … ”


ပြောပြောဆိုဆိုဖြင့် သူက အမိန့်စာကိုယူကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။ 


လက်ရှိအချိန်တွင် ကြောင်အနေသည့် ယောဖန်းနှင့် တည်ငြိမ်နေသော ယောထောင်တို့သာ ခြံဝန်းအတွင်း၌ ကျန်ခဲ့ကြလေသည်။ 


ယောထောင်က မည်မျှတွေးသည်ဖြစ်စေ၊ အဖြေမထုတ်နိုင်ခဲ့။ သူမက ယောထောင်အား ထိတ်လန့်နေဟန်ဖြင့် ကြည့်လိုက်၏။

“ယောထောင် … မင်းကြီးကို လှည့်စားတာက ပြစ်ဒဏ်ပေးသင့်တယ် မဟုတ်လား … ဒါပေမယ့် အိမ်ရှေ့စံမင်းသားက သခင်လေးဝမ်ကို အပြစ်မပေးခဲ့ဘူး …” 


ယောထောင်က ယောဖန်း၏ ပခုံးကိုပုတ်ကာ နှစ်သိမ့်လိုက်သည်။

“အိမ်ရှေ့စံက နင်ထင်သလောက် မရက်စက်ပါဘူး …”


ယောဖန်း “…” 


သူမက ယောထောင်အား ယနေ့အထိ အရှေ့နန်းတော်အတွင်း၌ သေဆုံးသွားခဲ့ကြသူများကို ရေတွက်ကြည့်ရန် ပြောချင်ခဲ့သည်။ သို့သော် သူမ ခဏတွေးလိုက်ပြီးနောက် ဘာမှမပြောတော့ချေ။ သူမ အတွေးလွန်နေခြင်း ဟုတ်မဟုတ် သေချာမသိသော်လည်း ယောထောင်နှင့် ဖင်အန်းမှာ အလွန်ထူးဆန်းလှသည်။ သခင်လေးဝမ်သာလျှင် ဝါးပလွေအိမ်တော်၌ ပုံမှန်အဖြစ်ဆုံး ပုဂ္ဂိုလ်ဖြစ်၏။ 


ဝမ်ချီက ပထမဆုံးအကြိမ် တော်ဝင်အမိန့်စာအား ရရှိခဲ့ခြင်းဖြစ်သည်။ သူက အဆိုပါ အမိန့်စာအား အိပ်ရာခေါင်းရင်းရှိ စင်ပေါ်တွင် ချိတ်ဆွဲထားလိုက်၏။ မင်းကြီးချီးမြှင့်သည့် အရာများကမူ ရောင်း၍မရသလို ပေးကမ်းပစ်၍လည်း မရချေ။ ထိုအရာများကို ကြွားဝါပြောဆိုရာ၌ ထည့်သွင်းရန်မှအပ မည်သည့်နေရာတွင်မှ အသုံးမဝင်ပေ။ 


သူ ခဏတွေးကြည့်ပြီးနောက် အဆိုပါ ဆုလာဘ်များကို အခန်းလွတ်တစ်ခုအတွင်းသို့ ရွှေ့ပြောင်းရန် ယောထောင်နှင့် ယောဖန်းတို့အား ခိုင်းစေလိုက်သည်။ 


ယောဖန်းနှင့် ယောထောင်တို့က ပစ္စည်းများကို စတင်ရွှေ့ကြတော့၏။ 


ဝမ်ချီက အခန်းတွင်းသို့ ဝင်နားရန် ကြံစည်လိုက်၏။ ရုတ်တရက် သူက ကျန်းချိုက်ဟွေ့နှင့် လက်ဖက်ရည်ပါတီအကြောင်း သတိရသွားသည်။ ထို့ကြောင့် ပြန်လှည့်ကာ ပြောလိုက်၏။

“ခဏနေဦး … အဲဒီအထဲမှာ ပန်းချီကားတို့ လက်ရေးမူတို့လိုမျိုး ပါလား …” 


ယောထောင်က မေးလိုက်သည်။

“သခင်လေးဝမ်က ဘာအတွက် လက်ရေးမူနဲ့ ပန်းချီကားကို အလိုရှိတာပါလဲ … ”


ဝမ်ချီက ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလိုက်သည်။

“ကြွားမလို့လေ ...”


ယောထောင်: “…”


ကံမကောင်းစွာဖြင့် ယောထောင်နှင့် ယောဖန်းတို့ အတန်ကြာ ရှာဖွေခဲ့သော်လည်း လက်ရေးလှနှင့် ပန်းချီကားချပ်ကဲ့သို့ အရာမျိုးကို မတွေ့ခဲ့ကြချေ။ ထိုအစား စန္ဒကူးသေတ္တာအတွင်း ထည့်ထားသော ရွှေဖရဲသီးစေ့များကိုသာ တွေ့ခဲ့ကြသည်။ 


ရွှေဖရဲသီးစေ့များက လက်သည်းခွံအရွယ်သာ ရှိသော်လည်း သေတ္တာအတွင်းတွင် အများအပြား ရှိနေသည်ဖြစ်ရာ မျက်လုံးကိုပင် စူးစေလောက်၏။ 


ယောထောင်က စန္ဒကူးသေတ္တာအား လက်နှစ်ဖက်ဖြင့်ကိုင်ကာ မေးလိုက်သည်။

“သခင်လေးဝမ် … ဘာလို့ ဒီရွှေဖရဲစေ့တွေကို ထုတ်မကြွားရမှာလဲ …” 


ဝမ်ချီ : “…”


သူက ကျန်းချိုက်ဟွေ့ထံမှ လက်ရေးလှနှင့် ပန်းချီအကြောင်း ထွက်လာ၍သာ ကြွားဝါရန် အကြံရခဲ့ခြင်းဖြစ်သည်။ အကယ်၍ ရွှေဖရဲသီးစေ့များကို ထုတ်ယူလိုက်ပါက ပညာရှိသည့် ကြွားဝါနည်းမျိုး မဖြစ်နိုင်တော့ချေ။ ထိုသူတို့အား ရန်စရာ ကျပေလိမ့်မည်။



💮💮💮