Chapter 62
Viewers 5k

👥️Chapter 62



နေရာဒေသ မတူညီတော့သည့်အတွက် ယန်အန်းယုသည် ယီချန်းယန်၏ အလုပ်အား အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် နေ့ခင်းအချိန်များတွင် ဖုန်းဆက်ခြင်းနှင့် စာပို့ခြင်းကို များများစားစား မပြုလုပ်ခဲ့ချေ။ ညပိုင်းတွင်လည်း နှစ်ဦးလုံးမှာ ရိုက်ကူးရေးများဖြင့် ပင်ပန်းနေရသည့်အတွက် ကြာမြင့်စွာ စကား မပြောနိုင်ကြချေ။ 


ထိုသို့ဖြင့် ပရိသတ်များသည် ဤရက်ပိုင်းအတွင်း ယန်အန်းယု၏ selfie ပုံ တင်သည့်နှုန်း တိုးများလာကြောင်း သတိပြုမိလာတော့သည်။ စိတ်လှုပ်ရှားမှု အပြည့်ဖြင့် စခရင်ကို လျာဖြင့် လျက်နေရသောကြောင့် သူတို့သည် ယန်အန်းယုမှာ တစ်စုံတစ်ယောက်သော ရုပ်ရှင်ဧကရာဇ်ကို လွမ်းဆွတ်နေကာ ပျင်းရိအထီးကျန်နေရသည့်အတွက် ရုပ်ရှင်ဧကရာဇ် အွန်လိုင်းပေါ်သို့ တက်လာသည့်အခါ သူ့အခြေအနေနှင့် လက်ရှိ တိုးတက်မှုများကို မြင်နိုင်ရန် တင်ခဲ့ခြင်း ဖြစ်ကြောင်းကို မခန့်မှန်းနိုင်ခဲ့ချေ။ 


[ ယန်အန်းယုV: coco နဲ့ကျွန်တော် စောင့်နေတယ်နော် (づ ̄ 3 ̄)づ]


ထိုနေ့တွင် ယန်အန်းယုသည် coco ကို ပွေ့ဖက်လျက် အိပ်ယာပေါ်တွင် ဓာတ်ပုံများစွာ ရိုက်ကူးကာ ဝေ့ပေါ်တွင် ပို့စ်တင်လိုက်သည်။ 


တင်ထားသည့် ဓာတ်ပုံ ကိုးပုံလုံးမှာ coco ကို ရင်းရင်းနှီးနှီး ပွေ့ဖက်ချီမြှောက်ထားသည်ချည်းသာ ဖြစ်သည်။ သူက coco အား သူ့မျက်နှာကို လျှာဖြင့်လျက်ခွင့် ပေးထားကာ ရင်ဘက်ကိုလည်း ခုန်တက်ခွင့် ပေးထားသည်။ လူတစ်ယောက်နှင့် ခွေးတစ်ကောင်မှာ ချစ်စရာ ကောင်းရုံသာမက ပရိသတ်အားလုံးကို မနာလို အားကျရသည့် ခံစားချက်ကိုပါ ပေးစွမ်းနေပေသည်။ 


သူတို့အားလုံးမှာ စိတ်လှုပ်ရှားမိလာကြသည်။ 


“ဒီခေတ်ကြီးထဲမှာ လူတွေက ခွေးထက် ပိုသာတယ် ဆိုတာမျိုး မရှိတော့ဘူးပဲ”


“Ahhhhhhhhhh!!!!! တကယ်တမ်းတော့ coco ကမှ အချစ်ပြိုင်ဘက် အစစ်ကြီး ဖြစ်နေတာပါ့လား”


“coco ငါ့လောင်ကုန်းကို အခုချက်ခြင်း လွှတ်လိုက်”


“ယန်အန်းယုနဲ့ အတူတူ အိပ်ခွင့် မရဘူးဆို ငါ့ဘဝကြီးက ဘယ်လိုလုပ် အဓိပ္ပါယ် ရှိတော့မှာလဲ”


ယီချန်းယန်သည်လည်း ထိုကိစ္စကို ကျိန်းသေ သိလိုက်ပေသည်။ သူက အရန်ဖွင့်ထားသည့် အကောင့်ထဲသို့ ဝင်ကာပင် like ပေးလိုက်သေးသည်။ ဘေးနားတွင်  ရပ်နေသည့် လီယဲ့မှာလည်း ယီချန်းယန်၏ အမူအယာကို အကဲခတ်ရင်း တစ်ဖက်လူ ကြည့်နေသည့် အကြောင်းအရာကို ချက်ခြင်း ခန့်မှန်းမိနိုင်လိုက်၏။ 


ဖုန်းကို တတောက်တောက်ခေါက်ကာ ရက်စွဲတစ်ခုကို ဖျတ်ခနဲ မြင်လိုက်သည့်အခါ သူ့အမူအယာမှာ ပို၍ပင် အလေးအနက် ဖြစ်လာတော့သည်။


“ချန်းယန် အဲဒီ့နေ့က ရောက်တောင်ရောက်တော့မှာနော် မင်း ခွင့်ယူပြီး သူ့ကို ပြန်သွားတွေ့ချင်လား ...”


“...”


ယီချန်းယန်က ကြောင်အသွားကာ သူ့နှုတ်ခမ်းထက်တွင် တွဲလွဲခိုနေသည့် အပြုံးတို့မှာလည်း တစ်မဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။ အချိန်များစွာ  ကြာမြင့်ပြီးကာမှ သူက တစ်ခွန်းချင်း ပြောလာလိုက်သည်။ 


“မလိုအပ်ဘူး ...”


ယန်အန်းယုနှင့် ယီချန်းယန်တို့ နောက်ထပ်လအနည်းငယ်အကြာခွဲခဲ့ရပြန်သည်။အကြင်လင်လင်နှစ်ယောက်အတွက်'ဖော်ကွာဝေးအချစ်'က သည်းခံရန်ခက်လှသည်။ထိုသို့ဖြစ်ရာ

သူတို့၏ ဖုန်းထဲကနေ PDA(လူ​ရှေ့သူ​ရှေ့မ​ရှောင်ချစ်ပြခြင်း)ကဲ့သို့သော ကိစ္စမျိုးက ဖြစ်နေကျဖြစ်စဥ်နီးနီးဖြစ်လာခဲ့တော့၏။


"ချန်းယန်...လွမ်းတယ်"


သူတို့အနေဖြင့် ကိုယ်ချင်းရင်းနှီးသည့်အပြုအမူများကို အကြိမ်ပေါင်းမြောက်များစွာ ပြုလုပ်ပြီးဖြစ်လေရာ ယန်အန်းယုသည် ယခုအချိန်မှာ ရှက်သလိုလိုကြောက်သလိုနည်းနည်းမှမလုပ်​တော့ပါချေ။သူ၏အသံထဲမှာ သူ၏လိုချင်တော့င်တမှုများကို စိုးစဥ်းမျှပင် ဖုံးကွယ်မထားခဲ့ပေ။


"ဘယ်လောက်ထိလွမ်းလဲ"

ယီချန်းယန်က ခပ်တိုးတိုး ရယ်လိုက်၏။တစ်ယောက်သောရုပ်ရှင်ဧကရာဇ်ကြီးက စိတ်ထဲမှာကျိတ်ပြီးခံစားချက်များကောင်းနေသည်။


"ခင်ဗျားကို ဖက်ထားချင်တယ်... နမ်းချင်တယ်"


"ဒါပေမဲ့ မင်း ကိုယ့်ကိုအခု မဖက်နိုင်မနမ်းနိုင်ဘူးလေ...ဘယ်လို​လုပ်မလဲ"


စိတ်အားထက်သန်မှုကင်းမဲ့သောသ​ဘောသဘာဝရှိသည့် ရုပ်ရှင်ဧကရာဇ်ကြီးက အသားစစားလိုက်သည်နှင့် အိပ်ရာထဲမှာ လူဆိုးတစ်ယောက်လိုပြုမူရုံသာမက ပုံမှန်အချိန်များမှာဆိုလျှင်လည်း ယန်အန်းယုကို စနောက်ကျီစယ်ရသည်အား တိုးတိုး၍နှစ်သက်လာပြီး လွန်လွန်ကဲကဲကို တရင်းတနှီး သဘောရှိကရောဟိ ဆက်ဆံလာပါတော့သည်။


"အမ်း..."

ယန်အန်းယုက ခဏလောက် စဥ်းစားကြည့်ပြီးနောက် ရယ်လိုက်သည်။

"ဟားဟား...ကျွန်တော့်မှာ ခင်ဗျားပုံနဲ့ဖက်လုံးတွေစောင်တွေအများကြီးရှိတယ်လေ...ပြီးခဲ့တဲ့ နှစ်ရက်ကကို ခေါင်းအုံးအရှည်တစ်လုံး အထူးတလည်မှာထားသေးတယ်...ဖက်အိပ်ဖို့"


"..."

ယီချန်းယန် ပထမတော့ စိတ်ပျက်သွားသည်။ပြီးသည့်အခါ သူ့မှာရယ်ရမလားငိုရမလားမသိတော့ပေ။တစ်ယောက်သောသူ၏ megadereသဘာဝက မျှော်လင့်ထားသလိုပဲ အလွန်မြင့်လေသည်။ပြီးလျှင် သူက ၎င်းကိုနည်းမျိုးစုံဖြင့်ဖော်သေးသည်။

(T/N– သူတို့ချစ်ရသူအပေါ်  ​ကြီးစွာ​သောကြင်နာမြတ်နိုးမှုရှိပြီး ချစ်ပြရန် မည်မျှချစ်ကြောင်းပြောပြရန်မကြောက်တတ်သောအမျိုးအစား)


"ရှောင်ယု ကိုယ့်အတွက်သီချင်းတစ်ပုဒ်လောက်ဆိုပါ"

ယီချန်းယန်က နူးညံ့စွာဆိုလိုက်သည်။


"အမ်..."

ယန်အန်းယု အနည်းငယ် အံ့အားသင့်သွားသည်။

"ဒါပေမဲ့ ကျွန်တော့်ရဲ့အဆိုစွမ်းရည်တွေက အတော်လေးဆိုးရွားတယ်...ခင်ဗျားမကြိုက်မ–"


ယီချန်းယန်က မဆိုင်းမတွဖြတ်ပြောလိုက်သည်။

"ကိုယ်မကြိုက်မ​​ဖြစ်ပါဘူး"


"ဒါဆို ချန်းယန် ဘာသီချင်းနားထောင်ချင်လဲ"


"မင်းဆိုချင်တာဆို...ကိုယ်နားထောင််မယ်"


ယန်အန်းယုက ခဏလောက် စဥ်းစားပြီးနောက် သီချင်းတစ်ပုဒ်ညည်းလိုက်သည်။သူ့အသံက ကြွပ်ဆတ်ဆတ်နှင့်​ကြည်လင်နေဆဲ ဖြစ်လေသည်။စာသားများက ပြင်းထန်သိပ်သည်းပြီး ပျက်ပြယ်၍မသွားနိုင်သောချိုမြိန်မှုများပြည့်လျှမ်း၍နေ၏။သူက ယီချန်းယန် သူ့အတွက်ရေးဖွဲ့ပေးထားသော'ချန့်ယန်ဝမ်ယု'ကို သီဆိုနေခြင်းပါပင်။


ဖုန်းထဲကနေဖြတ်၍လာသည့် ယန်အန်းယု၏သီချင်းဆိုသံကိုကြားရသောအခါတွင် ရင်ဘတ်ထဲမှာနွေးထွေးချိုမြိန်၍လာသည့်အတွက် ယီချန်းယန်၏ အထက်ဘက်သို့ကွေးတက်နေသောနှုတ်ခမ်းကွေးက ပို၍ကြီးလာခဲ့လေသည်။ယခုလို ဤမျှကျွမ်းကျင်ပိုင်နိုင်စွာသီဆိုနေပုံထောက် သူဤသီချင်းကို

လေ့ကျင့်ခဲ့သည်မှာကြာပြီဖြစ်လေမှန်း သိသာ၏။


"ချန်းယန်...ကျွန်တော်ဆိုတာကောင်းလား"


"ကောင်းတယ်"

ယီချန်းယန်က ပြုံးကာဖြေသည်။


"ချန်ယန်ကတော့ ကျွန်တော့်ကိုကျေနပ်အောင်ပြောနေပြန်ပါပြီ...အကြိမ်ရေအများကြီးလေ့ကျင့်ခဲ့တာတောင် ကျွန်တော်ဆိုတာက ချန်းယန်ဆိုတာ​လောက်မကောင်းသေးဘူး..."


"​အဆင်ပြေပါတယ်...ကိုယ်ပြန်လာရင် ဖြေးဖြေးချင်း သင်ပေးမှာပေါ့"


၎င်းကိုကြားပြီး ယန်အန်းယု၏နှလုံးသားထဲမှာ ချိုမြိန်မှုတို့ တသိမ့်သိမ့် လျှံလာသည်။'ချန့်ယန်ဝမ်ယု'ကိုဆိုပြီးနောက် သူ အခုတလောခေတ်စားနေသည့် နားဝင်ချိုကာမှတ်မိလွယ်သောသီချင်းတစ်ပုဒ်ကို ဆိုလိုက်၏။


"မင်းဆီကို စာလေးပို့ချင်တယ်...တကယ် တကယ်မင်းကိုလွမ်းတယ်...ချက်ချင်းကိုခေါ်လိုက်ချင်တယ်...တကယ် တကယ်မင်းကိုလွမ်းတယ်...နေ့တိုင်း နိုးလာတာနဲ့ အရင်ဆုံး တကယ် တကယ်မင်းကိုလွမ်းတယ်...နေသာသာ မိုးရွာရွာ အမြဲ တကယ်တကယ် မင်းကိုလွမ်းနေဦးမှာပါပဲ..."


"စကားချိုချိုလေးတွေ ကိုယ်မသိတာမို့...ကိုယ်​ပြောနိုင်သမျှက မင်းကိုတကယ်လွမ်းတယ်ဆိုတာပါပဲ...ဘာပဲဖြစ်ဖြစ် ဒီလိုထပ်ခါထက်ခါပြောနေရတာ မင်းပျော်အောင်ပါအချစ်ရယ်"


တေးသွားက မြူးကြွပြီးပေါ့ပါးကာ စာသားများက ရိုးရှင်းပြီးတည့်တိုးဆန်သည်။ယန်အန်းယု၏အသံနှင့်လည်း လိုက်ပြီး သူ ယီချန်းယန်ကိုဖော်ပြသည့်အချစ်ကလည်း ထက်သန်ပြင်းပြကာ အလှတန်ဆာတို့မပါသော စစ်မှန်ရိုးသားမှုတို့ကို ပေးစွမ်း၍နေသည်။


သုံးဆယ်နားကပ်သည်အထိ ယီချန်းယန်တစ်ယောက် ဘဝကို ဦးတည်ရာမရှိဘဲ အကြာကြီး ဖြတ်သန်းခဲ့ဖူးသည်။အသက်တစ်နှစ်ပြီးတစ်နှစ်ကြီးလာသည်နှင့်အမျှ ထိုသို့သောလူကို သူမစောင့်နိုင်တော့ဟုခံစားလာရသည်။သူ့အိမ်မက်တွေထဲက လူငယ်လေးက အစစ်အမှန်ဖြစ်လာပြီး သူ့ဘေးကိုရောက်လာလိမ့်မယ်လို့ဘယ်သူကထင်ပါ့မလဲ...


သူ့နှုတ်ခမ်းပေါ်ကအပြုံးတို့ နက်ရှိုင်းလာသည်နှင့်အမျှ ယီချန်းယန်၏မျက်ဝန်းတို့က ပိုပိုပြီးတည်ငြိမ်၍လာသည်။သူ့အကြည့်များထဲရှိ ပိုင်ဆိုင်လိုစိတ်ကလည်း ပိုပိုပြီးကြီးမားလာကာ ယခုအချိန်မှာ လုံးဝ လွှတ်ပေးလိုက်၍မဖြစ်တော့ပေ။


"တကယ် လွမ်းတယ်...တကယ်လွမ်းတယ်...I truly truly misss u...not falsely falsely miss u..."


ဒေါက် ဒေါက်...


ရုတ်တရက် အပြင်ဘက်က ထန်းကော်က တံခါးခေါက်ပြီး တံခါးဖွင့်ကာဝင်လာသည်။သူ့မျက်နှာတစ်ခုလုံးပေါ်မှာ အထင်အရှားရေးထားသည်က:'ဘာပြောလိုက်တယ်'


"အာ..."

ယန်အန်းယု တန့်သွားသည်။ခုနက သူ့အပြုအမူများကိုတွေးပြီး သူမရှက်ဘဲမနေနိုင်ပေ။


ယီချန်းယန်၏ရှေ့တွင် သူ ပို၍ပင်ရှက်စရာကောင်းသောအရာများကိုလုပ်ခဲ့ဖူးလေသည်။သို့ပေမဲ့ တခြားတစ်ယောက်ဖြစ်သွားသောအခါ ယင်းက မတူတော့ပေ။


စင်ဂယ်ခွေးတစ်ကောင်အနေဖြင့် မျက်နှာအပြည့်သွေးပက်ဖြန်း၍နှိပ်စက်ခံရသည့် ထန်းကော်လည်း အလွန်ကို ကိုးရိုးကားယားနိုင်သလိုခံစားရသည်။သူက ချောင်းဟန့်လိုက်ပြီး သင့်တင့်လျောက်ပတ်စွာဆို၏။

"သခင်လေး...ချီကောက သခင်လေးဆီဒုန်းဆိုင်းလာနေပြီ...အလုပ်လုပ်ဖို့အချိန်ကျပါပြီခင်ဗျ"


"ဪ"

ထိုသို့ပြောပြီး ယန်အန်းယု မရပ်ချင်ရပ်ချင်ဖြင့် ထရပ်လိုက်သည်။


ညကိုးနာရီလောက်၊ ယနနေ့ရိုက်ကူးရေးပြီး၍ ယန်အန်းယု အနီးနားက ဟိုတယ်ကိုပြန်နားရန် အပြန်လမ်းပေါ်ရောက်နေချိန်မှာ သူ့ဖုန်းကမြည်လာသည်။သို့ပေမဲ့ ဤတစ်ခါက သူ့အစ်ကိုကြီး ယန်ကျွယ့်ဆီကဖြစ်လေသည်။


"ကော ကိစ္စတစ်ခုခုရှိလို့လား"


"ရှောင်ယု ငါတို့ အဖေ့ဆီသွားလည်ရမယ်"

ယန်ကျွယ့်၏လေသံက ပုံမှန်ထက်များစွာမှုန်မှိုင်း၍နေသည်။


မျက်စိတစ်မှိတ်အတွင်းမှာပဲ လာမည့်အင်္ဂါနေ့ကိုရောက်လာသည်။ဤနေ့က အဖေယန် တဖြစ်လဲယန်ဖန်း၏နှစ်ပတ်လည်နေ့ဖြစ်သည်။


ဆောင်းဦးနှောင်းပိုင်းကာလဖြစ်၍ အပြင်ဘက်ကောင်းကင်က မှုန်ရီမှိုင်း​နေသည်။များမကြာမီ ကောင်းကင်ထက်မှ မိုးစက်မိုးပေါက်များကျဆင်းလာပြီး ထိတ်လန့်အားငယ်ဖွယ်ရာ ခြောက်ကပ်ကပ်လေပြင်းတို့က ရေခဲတမျှအေးစက်နေသောမိုးစက်တို့နှင့်အပြိုင် မွဲခြောက်ခြောက်အုတ်ဂူများကိုဖြတ်၍တိုက်ခတ်လာသည်။စိုထိုင်းထိုင်းလေက ဆံပင်များကိုရိုက်ခတ်လာသောအခါ မိုးကသူတို့၏ရင်ဘက်ထဲကိုတိုက်ရိုက်ရွာနေသကဲ့သို့ သူတို့၏ စိတ်အခြေအနေများကို ပို၍ပင်နိမ့်ဆင်းသွားစေသည်။


ယန်အန်းယုက ယန်ကျွယ့်နောက်ကနေလိုက်လာသည်။သဘာဝအတိုင်း သင်္ချိုင်းမှာ မဒန်ယန်နှင့်အတူလာသော 

ယန်မိသားစုမှအရေးပါသည့် ဦးလေးတချို့လည်းရှိလေသည်။


ယန်ကျွယ့်​က ထီးကိုကိုင်ကာ မဒမ်ယန်၏ဘေးတွင်ရပ်နေသည်။မဒမ်ယန်က အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး လက်ထဲမှာ လတ်လတ်ဆတ်ဆတ်ပန်းစည်းတစ်စည်းကိုပိုက်ထားသည်။သူမက သူမရှေ့က အေးစက်စက်အုတ်ဂူကိုပဲ တိတ်ဆိတ်စွာ ကြည့်နေပြီး အချိန်အတော်ကြာသည့်တိုင်စကားတစ်ခွန်းမှဟမလာခဲ့ပေ။


သူ့အမေ၏ အေးဆေးတည်ငြိမ်သောအမူအရာနှင့် ဆက်လက်၍နှုတ်ဆိတ်နေမှုကိူမြင်လျှင် ယန်ကျွယ့် ရွေးချယ်စရာမရှိဘဲ စကားအနည်းငယ် အရင်ပြောလိုက်ရသည်။၎င်းနောက် ယန်မိသားစုမှဦးလေးများက တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်ကာ အတိတ်ကိုအောက်မေ့သတိရရင်း အနာဂတ်အတွက် ၎င်းတို့၏ဆုတောင်းများနှင့်မျှော်လင့်ချက်များကို ဖော်ပြနေကြသည်။


ယန်အန်းယုက နောက်ဆုံးရှေ့တက်ပြီးအရိုအသေပေးသူဖြစ်လေသည်။ယန်ဖန်းက မူလပိုင်ရှင်၏အဖေဖြစ်ပေမဲ့ ယန်အန်းယုက လေးစားမှုနှင့် ကျေးဇူးတင်မှုတို့ကို ပြည့်ပြည့်ဝဝပြသဆဲဖြစ်လေသည်။ထို့အတူ စိတ်မ​ကောင်း​ဖြစ်မှုတို့လည်းပါခဲ့၏။


သူရရှိခဲ့သော မှတ်ဉာဏ်များထဲမှ မူလပိုင်ရှင်က အနှီမွေးဖခင်ကို အတော်လေး စက်ဆုပ်ရွံရှာပြီး ဘယ်တုန်းကမှ ယန်ဖန်းအပေါ်လေးစားမှုပေးရန်ဆန္ဒမရှိခဲ့ပေ။သို့ပေမဲ့ ယန်အန်းယုက မူလပိုင်ရှင်က အလွန်အကျွံ့​တောင့်ခံထားသည်ဟုခံစားရသည်။မည်သို့ပင်ဖြစ်စေ ဤသည်က သားအဖသံယောဇဥ်ဖြစ်၏။ယခုလို ခိုင်မာသောသွေးသားနှောင်ကြိုးများက မည်သို့ ဤမျှဖြတ်ရလွယ်မည်နည်း။ထိုမျှသာမက ​ယန်ဖန်းကလည်း သေသွားသည်မှာကြာပြီဖြစ်​လေသည်။


မဒမ်ယန်က ဖြစ်စဥ်တစ်လျှောက်လုံး ဘာစကားတစ်ခွန်းမှမ​ပြောပေ။သူမက အဆုံးမှာ ပန်းစည်းကိုပဲ ယန်ဖန်း၏အုတ်ဂူရှေ့မှာချလိုက်သည်။ထို့နောက် ဘေးကလူများ၏ကူတွဲမှုနှင့်အတူ ​နောက်ပြန်လှည့်မ​ကြည့်တမ်း ထွက်ခွာသွားခဲ့၏။


လူဆိုသည်က အမြဲရှေ့ကိုကြည့်နေရပေမည်။သူမ ချစ်လည်းချစ်ခဲ့သည်၊မုန်းလည်းမုန်းသည်။အကြာကြီး ဇွဲကောင်းပြီးတင်းခံနေလျှင် အဆုံးတွင် နာကျင်ရမည့်သူက သူမဖြစ်လိမ့်မည်။


မဒမ်ယန်နှင့် အခြားယန်မိသားစုဝင်များက တဖြည်းဖြည်းလျှောက်သွားရင်း ဝေးသထက်ဝေးသွားကြသည်။

ယန်ကျွယ့်က ထိုနေရာမှာပဲ မလှုပ်မယှက်ရပ်နေဆဲဖြစ်သည်ကိုမြင်လျှင် ယန်အန်းယု သူ့အစ်ကိုကို ဆက်၍ပဲအဖော်ပြုပေးနေလိုက်ပြီး သွားမနှောက်ယှက်ခဲ့ပေ။


"တကယ်တော့ ငါသူ့ကို အရမ်းမုန်းတယ်"

အကြာကြီးနှုတ်ဆိတ်နေပြီးနောက် ယန်ကျွယ့်က နောက်ဆုံးမှာ ဖြေးညှင်းစွာ ဆိုလာခဲ့၏။


ယန်အန်းယု လန့်သွားသည်။ယန်ကျွယ့်တွေ့ကြုံခဲ့ရသည်များကိုတွေးကြည့်လျှင် သူ နားလည်​ပေးနိုင်လေသည်။ထို့ကြောင့် သူ့စကားတစ်ခွန်းမှမဟဘဲ ယန်ကျွယ့်ကို ဆက်ပြောခွင့်ပြုထားလိုက်၏။


"ငါ ငယ်ငယ်တုန်းက သူ့ကိုမ​မြင်ရသလောက်နီးပါးပဲ...အဖေဆိုတာ ငါ့အတွက် ဘာမှန်းရေရေရာရာမသိခဲ့ဘူး...နောက်ပိုင်းမှာ ငါကြီးလာတော့ အရာရာတိုင်းမှာ အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့တယ်...သူ ငါ့ကိုပိုပြီး ချီးမွမ်းအောင် ပိုပြီးဂရုစိုက်အောင်ဆိုပြီး...ဒါပေမဲ့ ငါနဲ့ယှဥ်ရင် သူက မင်းကိုပိုပြီးသဘောကျတယ်...ဟိုကောင် ယီချန်းယန်ကိုတောင် ငါ့ထက်ပိုသဘောကျသေးတယ်..."


ထိုစကားကို ပြောရင်း ယန်ကျွယ့် လက်သီးမဆုပ်ဘဲ မနေနိုင်ခဲ့ပါချေ။


ဟိုးယခင်တုန်းက ယန်ဖန်းက သူ့မိဘများ၏စကားကို နားထောင်ပြီး မိသားစုအတွက် မဒမ်ယန်ကိုလက်ထပ်ခဲ့သည်။

သို့ပေမဲ့ သူမကိုနည်းနည်းမှမချစ်ခဲ့ပေ။


အချိန်အကြာကြီး ယန်ဖန်းက အလုပ်နှင့် အချိန်ကုန်နေခဲ့ပြီး ယန်ကျွယ့်နှင့်မဒမ်ယန်ကို နိုင်ငံခြားသို့လွှတ်ခဲ့သည်။နိုင်ငံခြားမှာ ကြီးပျင်းလာခဲ့သည် ယန်ကျွယ့်က ငယ်စဥ်မှာ သူ့အဖေနှင့်တွေ့ရန် အခွင့်အရေးအနည်းငယ်သာရခဲ့သည်။နောက်ပိုင်းမှာ သူ အမိနိုင်ငံကိုပြန်လာပြီး ကုမ္ပဏီမှာ နှစ်နှစ်ခန့်အလုပ်သင်အဖြစ်နှင့် အလုပ်ဆင်းနေချိန်မှာ ယန်ဖန်းက အနှီအပြင်လူ တရားမဝင်သား ယန်အန်းယုကိုပြန်ခေါ်လာခဲ့၏။


ယန်အန်းယုက မျက်လွှာအနည်းငယ်ချလိုက်သည်။ယန့်ကျွယ့်နှင်် မူလပိုင်ရှင်

နှစ်ယောက်စလုံးအတွက် ယန်ဖန်းက ဖခင်ကောင်းတစ်ယောက်ဟုသတ်မှတ်၍မရပါချေ။


"အဖေ အသည်းအသန်ဖြစ်ပြီး ဆေးရုံပို့ရဲ့အချိန်ကို ငါမှတ်မိနေတုန်းပဲ ...ရက်ပိုင်းထက်ပိုမခံတော့ဘူးလို့ ဆရာဝန်က ငါတို့ကိုပြောတယ်...အဲဒီနောက် သူက ငါ၊ငါ့အမေနဲ့ဦးလေးတွေကို တချို့အရာတွေ ညွှန်ကြားခဲ့တယ်...ဒါပေမဲ့ အချိန်သိပ်မရခဲ့ဘူး...ဘယ်သူကထင်ပါ့မလဲ...နောက်ဆုံးမှာ သူကအပြင်လူ ယီချန်းယန်ကို ဆေးရုံခန်းထဲခေါ်သွင်းပြီး....."

ဤနေရာသို့အရောက်တွင် ယန်ကျွယ့်၏အကြည့်များက ပြောင်းလဲသွားပြီး ယန်အန်းယုကိုကြည့်လာသည်။


ယန်အန်းယု ဒိတ်ခနဲဖြစ်သွားသည်။ယန်ကျွယ့်က အရေးကြီးသည့် တစ်စုံတစ်ခုကိုပြောတော့မည်ဟု သူခံစားနေရသည်။


"ကော...ဒါဆို သူတို့ဘာကြောင်းပြောခဲ့ကြလဲသိလား"


ယန်ကျွယ့်က ခေါင်းခါလိုက်၏။

"ငါ ဒီအကြောင်းကိုရှင်းရှင်းလင်းလင်းမသိဘူး...အဖေနဲ့ ယီချန်းယန်က အထဲမှာ အကြာကြီးပြောနေခဲ့တာ...နောက်ပြီး သူရုတ်ချည်းရောဂါဖောက်လာတယ်...သူ အဲဒီတောင်ကိုမကျော်နိုင်ဘဲ ငါတို့ကိုထားသွားခဲ့တယ်"


"ဒါဆို ချန်းယန်က သူ့ကိုအဲဒီလိုဖြစ်အောင်လှုံ့ဆော်ခဲ့တာလို့ကောကထင်တာပေါ့"

ယန်အန်းယုကမေးလိုက်သည်။ယန်ကျွယ့်က ယီချန်းယန်ကိုမုန်းရသည့်အကြောင်းအရင်းကို သူတဖြည်းဖြည်းနားလည်လာပြီဖြစ်၏။


"ငါမသိဘူး...တစ်ခါတလေ အဲဒီကောင်ဘာတွေးနေမှန်း ငါလုံးဝမခန့်မှန်းနိုင်ဘူး..."

ယန်ကျွယ့်၏စိတ်အခြေအနေက အနည်းငယ် လှုံ့ဆော်ခံလိုက်ရသည်။


"အဲဒီနောက်မှာ ငါတို့ယန်မိသားစုက ယီချန်းယန်ကို လွန်လွန်ကဲကဲကိုမကြိုဆိုတော့တာပဲ...ခွင့်ပြုချက်မရဘဲ မင်းသူနဲ့လက်ထပ်မှတ်ပုံတင်တာက အမေနဲ့ငါပဲသိတဲ့ကိစ္စ"


👥️