အပိုင်း၁၅၄
Viewers 14k

Chapter 154



သို့သော် အိမ်ရှေ့စံနှင့် သူမသည် နှစ်ပေါင်းများစွာ လက်ထပ်ထားသောကြောင့် ဤစကားကို မပြောနိုင်ပေ။ အိမ်ရှေ့စံသည် စိတ်သဘောထားပျော့ပျောင်းသူဖြစ်ပြီး သူ့ညီတော် နင်းဝမ်မင်းသားအား အလွန်စိတ်ရှည်ကြောင်း သူမ သိသည်။သူမ အတွေးကိုသာသိလျှင် အိမ်ရှေ့မင်းသား ဒေါသဖြစ်မှာ သေချာသည်။


ထိုသို့တွေးရင်း သူမ ကောကုန်းချမ်အမ် ကို ငုံ့ကြည့်လိုက်ပြီး ကောကုန်းချမ်အမ် က ပိုပြတ်သားလိမ့်မည်ဟု မျှော်လင့်နေမိ၏။


"အရှင့်သား၊ ကျွန်တော်က အရှင့်သားထက်တောင် ပိုမယုံပါသေးတယ်၊ နင်းဝမ်မင်းသားနဲ့ ကျွင်းကျူးက တခါတလေး  မပြေမလည် ဖြစ်တတ်ပေမာ့် သူတို့က ဝမ်းကွဲမောင်နှမပါပဲ၊ ပဋိပက္ခတွေ ရှိနေရင်တောင် အချင်းချင်း သတ်ဖို့အထိ မလိုဘူးလားလို့ "


အိမ်ရှေ့စံ၏ ပြတ်ပြတ်သားသားရှိသော သဘောထားကို မြင်လိုက်ရသော်ငြား ရုံရှား လေသံက မပြောင်းလဲချေ။


"ကျွင်းကျူးလို နုံအတဲ့ မိန်းကလေးတစ်ယောက်ကို နင်းဝမ်မင်းသားက အဆိပ်ခတ်ဖို့ နန်းတော်က အစေခံကို လွှတ်လိုက်တဲ့အထိ ဘယ်လိုမုန်းတီးမှုမျိုး ရှိနေတာပါလဲ"


အိမ်ရှေ့စံ ဘာမှပြန်မပြောနိုင်။  တစ်ဖက်မှာ သူ့ညီလေးဖြစ်ပြီး ကျန်တစ်ဖက်မှာ သူ့ဝမ်းကွဲညီမဖြစ်သည်။နှစ်ဖက်လုံး မကင်းရာမကင်းကြောင်းဖြစ်နေ၏။သူသည် သက်ပြင်းကို အထပ်ထပ်အခါခါ သက်ပြင်းချလိုက်ပြီး ရုံရှားကို ကြည့်လိုက်သည်။


ဘာ ပန်းဟွာက နုံအတယ် ဟုတ်လား....


 အိမ်ရှေ့စံ မင်းသမီး စိတ်ထဲက လှောင်ရယ်မိသည်။ ကောကုန်းချမ်အမ်မို့ ပြောရက်တယ်၊ ပန်းဟွာရဲ့ ဘယ်နားက နုံအ နေတာလဲ...သူမ အမြင်အရတော့ မာနကြီးပြီး ရမ်းကားတာလေ..


အိမ်ရှေ့စံက မေးသည်။ 


“ပန်းဟွာ ဘယ်လိုနေသေးလဲ” 


 "သူမရဲ့အသက်ကို ကယ်တင်နိုင်ပေမယ့် သူမ ခန္ဓာကိုယ်က အချိန်အတိုင်းအတာတစ်ခုအထိ အနားယူဖို့ လိုပါတယ်၊ သမားတော်ကတော့ နှစ်နှစ်ကြာတဲ့အထိ ကလေးမရနိုင်ဘူးလို့ ဆိုပါတယ်၊ ကျွန်တော်  ကလေးမွေးတာ၊ မမွေးတာကို ဂရုမစိုက်ပါဘူး၊ ဒါပေမယ့် သူမ နေမကောင်းဖြစ်နေတာကို ကျွန်တော် စိတ်မကောင်းဘူး"


 “သိပါတယ်၊ ငါ… ငါ…”


အိမ်ရှေ့စံသည် ကလေးမမွေးနိုင်ခြင်းကို ဂရုမစိုက်ဟုဆိုသော ရုံရှား၏စကားကို မယုံကြည်ပေ။ သူသည် အိမ်ရှေ့စံမင်းသမီးနှင့် နှစ်ပေါင်းများစွာ လက်ထပ်ခဲ့သော်လည်း၊ သားသမီးမရေသေးပေ။ယခုထိ သူ့ကိုယ်လုပ်တော်မှ မွေးသော သမီးတစ်ဦးသာ ရှိူည်။ ထို့အတွက်ကြောင့် မရေမတွက်နိုင်သော အရာရှိများက သူ့ကို ကိုယ်လုပ်တော် များများယူစေလိုသည်။ ယခု သူ့မှာ တရားဝင်သား မရှိပေ။ အနည်းဆုံးတော့ သူ့မှာ သားတစ်ယောက်ရှိလျှင် အရာရှိများက သူ့ကို ပံ့ပိုးပေးနိုင်သည်။ထိုသို့တွေးပြီး အိမ်ရှေ့စံ သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားရ၏။


 "ကောကုန်း၊ စဉ်းစားပါရစေ ငါ သေချာရှင်းပြပေးပါ့မယ်"


 "အိမ်ရှေ့စံ ရှင်းပြဖို့ မလိုအပ်ပါဘူး၊ကျွင်းကျူးကို ရှင်းပြဖို့ နင်းဝမ်မင်းသားပဲလိုတယ်" 


ရုံရှား၏ သဘောထားက မပျော့ပျောင်းသေးပေ။


"အရှင့်သား ဒါကို မလုပ်နိုင်ရင်၊ ကျွန်တော် ဧကရာဇ်နဲ့ တွေ့ရပါလိမ့်မယ်"


 " ဘာလို့ဒီလိုလုပ်ရမှာလဲ..."


 “အိမ်ရှေ့စံ” 


အိမ်ရှေ့စံမင်းသမီးက ကောကုန်းချမ်အမ်၏ အမူအရာသည် ပိုအေးစက်လာသည်ကို မြင်လိုက်ရ၍ တားလိုက်သည်။ ဆက်ပြောနေလျှင် အိမ်ရှေ့စံသည် ကောကုန်းချမ်အမ်ကိုသာ ဒေါသထွက်နေမည်ဖြစ်သည်။ထို့ကြောင့် သူမက အိမ်ရှေ့စံကို နှောင့်ယှက်လိုက်သည်။


 “ဒီကိစ္စက ပေါ့သေးသေးမဟုတ်ပါဘူး၊ဒါကြောင့် ဧကရာဇ်ကို တိုင်ကြားသင့်တယ်လို့ ကျွန်မ ထင်ပါတယ်"


 "ဒါက ငါနဲ့ ညီတော် ကြားက ကိစ္စပါ။ မင်း ထပ်​​ပြောစရာ မလိုဘူး"


 အိမ်ရှေ့စံမင်းသမီး မျက်နှာပျက်သွားသော်လည်း သူမ ဆက်ပြောသည်။


 "အိမ်ရှေ့စံက ထီးနန်းဆက်ခံသူပါ၊ နင်းဝမ်မင်းသားက အခု မင်းသားပါပဲ၊ နင်းဝမ်မင်းသားရဲ့ လုပ်ရပ်တွေက သီးသန့်ကိစ္စမဟုတ်ပါဘူး၊ အင်ပါယာတရားရုံးအတွက် အရမ်းအရေးကြီးတယ်"


 ဂုဏ်သိက္ခာရှိသော မင်းသားတစ်ပါးသည် ကျွင်းကျူးကို အဆိပ်ခတ်ခဲ့သည်။ သူမှန်း သေချာလာပြီးနောက်၊ ထောင်ထဲအထိ လိုက်ရှုပ်ခဲ့၏။ကျွင်းကျူးဘက်က ဟန်ဆောင်ကာကွယ်ပေးသည်။ယခုလို ရှက်စရာကောင်းပြီး အရှက်ရစေတဲ့ လုပ်ရပ်မျိုးက သာမန်လူများဆိုလျှင်ပင် မလုပ်သင့်သည့် အရာပင်။


အိမ်ရှေ့စံက နင်းဝမ်မင်းသားကို ဆက်လက်ကာကွယ်လိုလျှင် ကောကုန်းချမ်အမ်ကို စိတ်ပျက်စေရုံသာမက တရားရုံးအရာရှိများအားလုံးကိုလည်း စိတ်ပျက်စေမည်ဖြစ်သည်။သူ့လို ထီးနန်းဆက်ခံသူအနေဖြင့် တိုင်းပြည်ရေးရာနှင့်ပုဂ္ဂလိကကိစ္စများကို မခွဲခြားနိုင်ပါက တရားရုံးအရာရှိများနှင့် အဆက်မပြေနိုင်ပေ။အကယ်၍ သူမသာ အိမ်ရှေ့စံမင်းသမီးမဟုတ်ဘဲ နန်းတွင်းအရာရှိတစ်ဦးဖြစ်ပြီး ၊ ဤရာဇပလ္လင်ကို အမွေဆက်ခံမည့်သူကိစိတ်ပျက်မိလိမ့်မည်။


 အိမ်ရှေ့စံမင်းသမီး၏ ကြိမ်းမောင်းခြင်းကို ခံရပြီးနောက် အိမ်ရှေ့စံ မျက်နှာကမည်းသွားသော်လည်း အခြားဘာမျှ မပြောပေ။ 


  "ကောကုန်း...."


ရုံရှား က ဘာပြောရမှန်းမသိ ဖြစ်နေသော အိမ်ရှေ့စံကို တစ်ချက်ကြည့်လိုက်ပြီး ဝန်ခံချက်ကို သူ့အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။  


"ဒီအရာရှိ သွားပါတော့မယ်"


 "ကောကုန်း" အိမ်ရှေ့စံက ရုံရှား တံခါးဆီသို့ လျှောက်သွားသည်ကိုမြင်ပြီး သူ့ကိုလှမ်းအော်သည်။  "ကျေးဇူးပြုပြီး နင်းဝမ်မင်းသား အတွက် ဂုဏ်သိက္ခာလေး ချန်ထားပေးပါ"


ရုံရှားသည် စိတ်ရှုပ်ထွေးစွာဖြင့် အိမ်ရှေ့စံကို လှည့်ကြည့်လိုက်သည်။


"အိမ်ရှေ့စံ၊ နင်းဝမ်မင်းသား လိုချင်တာက ကျွန်တော့် ဇနီးရဲ့အသက်ပဲ"


ထိုသို့ပြောပြီး ရုံရှား နောက်ပြန်လှည့်မကြည့်ဘဲ အရှေ့နန်းတော်ထဲက ထွက်လာခဲ့သည်။ သူ၏ ပြတ်သားသော အမူအရာက နောက်ကြောင်းပြန်မလှည့်တော့ဟု ထင်ရစေသည်။


 အိမ်ရှေ့စံမင်းသမီး၏ နှလုံးသားမှာ အေးစက်နေပြီး သူမ ခါးသီးစွာ ပြုံးလိုက်သည်။အိမ်ရှေ့စံသည် နောက်ဆုံးတွင် ကောကုန်းချမ်အမ်ကို စော်ကားခဲ့သည်။ သူမ မတ်တပ်ထရပ်ပြီး အိမ်ရှေ့စံကို  တိတ်တဆိတ် ဦးညွှတ်ပြီး ထွက်သွားသည်။သူမသည် နူးညံ့သိမ်မွေ့သော စိတ်နှလုံးကောင်းရှိသူဖြစ်ပြီး အကျိုးကျေးဇူးကို တန်ဖိုးထားသူ အမျိုးသမီးတစ်ဦးဖြစ်သည်။အိမ်ရှေ့စံက သူမကို မနှစ်သက်တာကြောင့်၊သူ့ကိုနားမလည်နိုင်ခဲ့ပေ။


 "အရှင်မင်းကြီး" ဝမ်ကုန်းကုန်းသည် လက်ထဲတွင် မြင်းမြီးတုတ်တံကို ကိုင်လျက် အတွင်းခန်းထဲသို့ လျှောက်သွားသည်။  


"ကောကုန်းချမ်အမ်က တွေ့ခွင့် တောင်းဆိုလာပါတယ်"


 ဧကရာဇ်ယွင်ချင်သည်  ခြေထောက်များကို နှိပ်နယ်နေသော နန်းတော်အစေခံကို ဖယ်ရှားရန် လက်ကိုဝှေ့ယမ်းလိုက်သည်။


 "အဆိပ်သင့်တဲ့ကိစ္စနဲ့ လာတာလား"


ဝမ်ကုန်းကုန်းက ခေါင်းငုံ့ထားလိုက်သည်။ "ကျွန်တော် မသိပါဘူး" 


ဧကရာဇ်သည် သူ၏ ရှုံ့တွနေသော ခြေထောက်များကို ကြည့်လိုက်သည်။ 


"သူ့ကို ဝင်ခွင့်ပြုပါ" 


ဝမ်ကုန်းကုန်းသည် ခန်းမမှ ထွက်သွားပြီး အပြင်တွင် စောင့်နေသော ရုံရှား အား ဦးညွှတ်လိုက်သည်။ 


"ကောကုန်း၊ ဧကရာဇ်က ဆင့်ခေါ်လိုက်ပါတယ်"


ရုံရှား ဝင်လာသလို၊ဝမ်ကုန်းကုန်းလည်း သူ့နောက်မှ လိုက်လာခဲ့သည်။   ရုံရှား ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် နောက်လှည့်ကြည့်ရာ ရှစ်ကျင်းသည် တော်ဝင်အစောင့်တပ်သား များနှင့်အတူ မဟာရွှေလမင်း နန်းတော်အပြင်ဘက်တွင် ကင်းလှည့်နေသည်။ သူရပ်ပြီး လှည့်ကာ ရှစ်ကျင်းကို ဦးညွတ်သည်။တစ်ဖက် ကလည်းပြန်လည်ဦးညွတ်သည်။ 


"လက်ထောက်တပ်မှူး..ဝမ်ကုန်းကုန်းက ကောကုန်းချမ်အမ်က သိပ်ရိုသေလေးစားတယ်နော်"


ရှစ်ကျင်း၏နောက်ကွယ်မှ အဖွဲ့ခေါင်းဆောင်ငယ်လေးက ပြော၏။


ကောကုန်းချမ်အမ်သည် ရုံရှား၏သားတော် ဖြစ်နိုင်သည်ဟု ထိုသူက ပြောချင်နေတာပင်။သို့သော် သူတို့သည် မဟာလနန်းတော်တွင် ရှိနေသောကြောင့် ထုတ်မပြောဝံ့ပေ။


ရှစ်ကျင်းကတော့ ဤကောလဟာလကို ဘယ်တုန်းကမှ မယုံကြည်ခဲ့သူဖြစ်၍  "မဟုတ်တဲ့ စကားမျိုး မပြောနဲ့"


ရုံရှားသည် ဧကရာဇ်၏ တရားမဝင်သားတော်ဖြစ်လျှင် ဧကရီသည် ရုံရှားကို ဤမျှ စိတ်ရင်းမှန်နှင့် မခင်မင်နိုင်ပေ။ လောကမှာ ဘယ်အမျိုးသမီးက ခင်ပွန်းသည်ရဲ့ တခြားမိန်းမနဲ့ရတဲ့ ကလေးကို စေတနာထားမှာလဲ....


ဧကရာဇ် ယွင်ချင်သည် ရုံရှားကို ကြည့်ကာပြောလိုက်သည်။


 "ရုံရှား၊ မင်း ဘယ်လိုခံစားရလဲ ငါနားလည်ပါတယ်၊ ဒါပေမယ့် တော်ဝင်မိသားစုက ဒီလိုရှက်စရာကောင်းတဲ့ကိစ္စမျိုး ဖြစ်အောင် လုပ်လို့မရဘူး၊ မင်းနဲ့ ဟွာဟွာ့ကို ငါ လျော်ကြေးပေးမယ်၊ဒုတိယမင်းသားအတွက် ငါရှင်းပြမယ်၊ ဒါပေမယ့် ဒီကိစ္စကို လုံးဝ အပြင်ကို ဖြေရှင်းမပြနိုင်ပါဘူး"


ရုံရှားသည် ဧကရာဇ် ယွင်ချင်ရှေ့မှာ ဒူးထောက်ထိုင်လိုက်၏။


 "အရှင်မင်းကြီး၊ ကျွင်းကျူးက ဒီကိစ္စကြောင့် အသက်ဆုံးရှုံးလုနီးပါးဖြစ်နေတာပါ"


ဧကရာဇ် ယွင်ချင်က ဝန်ခံချက်ကို မီးဖိုတစ်ခုထဲသို့ ပစ်ချလိုက်သည်။  "ဒါပေမယ့် မင်းနဲ့ မင်းဇနီးကို ငါကိုယ်တော် တရားမျှတမှု မပေးနိုင်ဘူး"


 "ကျွန်တော် နားလည်ပါတယ်" 


ရုံရှားသည် ဧကရာဇ်၏ မွဲခြောက်ခြောက်မျက်နှာအိုကြီးကို မော့ကြည့်လိုက်သည်။  "အရှင်မင်းကြီး စိတ်မပူပါနဲ့၊ ကျေးဇူးပြုပြီး ကျန်းမာရေး ဂရုစိုက်ပါ"


  ဧကရာဇ်က ညင်သာစွာ ခေါင်းညိတ်သည်။  "ဟုတ်ပါပြီ၊ မင်းထွက်သွားလို့ရပါပြီ"


ရုံရှား မတ်တပ်ထရပ်ပြီး အခန်းထဲက အမြန်ထွက်သွားသည်။ ဧကရာဇ်ယွင်ချင်သည် မီးလောင်ပြာကျသွားသော ဝန်ခံချက်ကို ကြည့်လိုက်ရင်း ဝမ်ကုန်းကုန်းကိုပြော၏။


 "တရားရုံးမှာ ငယ်ရွယ်ပြီး အလားအလာရှိတဲ့ ပညာရှင်တွေ အများကြီးရှိတယ်၊ ဒါပေမယ့် ရုံရှားကသာ ငါ့စိတ်ကြိုက် ဖြစ်မှာပါ"


ကိုယ် လုပ်နိုင်တာတွေကို သိတာ၊ မလုပ်နိုင်တာတွေကို သိတာ၊ ဘယ်အချိန်မှာ ရပ်ရမယ်ဆိုတာ သိတာ...ဒီအရည်အချင်းတွေက ရိုးရှင်းပုံပေါက်ပေမယ့် လက်တွေ့လုပ်ဖို့ကျ ခဲယဉ်းတယ်...


ဝမ်ကုန်းကုန်းသည် ပြာများသာကျန်ရှိနေသည့် မီးဖိုကို ကြည့်လိုက်ရင်း ပြုံးပြီး “အကှင်မင်းကြီးပြောတာ မှန်ပါတယ်” 


နင်းဝမ်မင်းသား၏ အိမ်တော်တွင်…


ရှဲ့ဝမ်ယွီသည် သူမ၏လက်ထဲတွင်ကျန်နေသော မျက်နှာချေမှုန့်များနှင့် ကစားနေသည်။ခဏကြာသော် သူမသည် နန်းတော်အစေခံကို ပေးလိုက်သည်။


 "ဒီမိတ်ကပ်ကို ငါမကြိုက်တော့ဘူး၊ ဒီည အကုန်သုံးပစ်လိုက်"


 အနီရောင်သေတ္တာကို ကိုင်ထားရင်း နန်းတော်အစေခံ၏ လက်များ တုန်ရီလာသည်။  " ဒီမိတ်ကပ်ကက အရမ်းလှပါတယ် ကြင်ယာတော်မင်းသမီး....."


 "မီးရှို့လိုက်ပါ၊ ရှင်းပြီး အားလုံးကို အဆုံးသတ်လိုက်ပါ" 


ရှဲ့ဝမ်ယွီ မတ်တပ်ရပ်ပြီး ပြတင်းပေါက်ကိုဖွင့်ကာ ကောင်းကင်ပြာပြာကြီးထက်မှ နေမင်းကို ကြည့်လိုက်သည်။ 


 "ပန်းဟွာ နိုးနေပြီလို့ ကြားတယ်"


 "ဟုတ်ပါတယ် "


ရှဲ့ဝမ်ယွီက အေးစက်စွာ ရယ်မောလိုက်သည်။  " ဟားဟား၊ သူမ ကံကောင်းလိုက်တာ၊ကဲ နင် ထွက်သွားလို့ရတယ်"


 နန်းတော်အစေခံသည် လန့်ဖျပ်ဖျပ်လတ်ကာ ကမန်းကတန်း ထွက်သွားလေသည်။


တယဲ့ဧကရာဇ်နန်းတော်အပြင်ဘက်တွင် ရုံရှား၏ မြင်းရထားလေး ပြေးနေသည်။သကြားမုန့်များအား အရုပ်ပုံလုပ်ရောင်းသည့် ဆိုင်တစ်ဆိုင်က ဖြတ်သွားသောအခါ ပန်းဟွာသည် ထိုမုန့်ကို အလွန်ကြိုက်ကြောင်း သူ ရုတ်တရက် သတိရမိသည်။တနေကုန် အိမ်တော်တွင် အနားယူနေရ၍ အပြင်မထွက်နိုင်ဘဲ သူမ ပျင်းနေပေရော့မည်။


 "တုကျိုး၊ အိမ်တော်ကို ကျွမ်းကျင်တဲ့ မုန့်ဖုတ်ဆရာရှာပြီး ခေါ်လာခဲ့၊ ကျွင်းကျူး ပျင်းနေမှာစိုးလို့ "


 ထိုနေ့မွန်းလွဲပိုင်း ပန်းဟွာ နိုးလာသောအခါတွင် သူမ၏ စားပွဲပေါ်တွင် သူမကြိုက်သော ပစ္စည်းများ အစုံအလင်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမ ရုံရှားကို အံ့ဩစွာ ကြည့်နေမိကာ  "ဆိုင်ငယ်လေးတွေဆီကနေ အကုန်ဝယ်ခဲ့တာလား"


 "ကိုယ် ဘာမှ မဝယ်ခဲ့ပါဘူး ဆိုင်ပိုင်ရှင်ကို ဒီအိမ်တော်ထဲ ဖိတ်လိုက်တာ"  


ရုံရှားသည် သူမအတွက် စွပ်ပြုတ်များထည့်ပေးရင်း ပြုံးလိုက်သည်။ ယခုအချိန်တွင် ပန်းဟွာသည် ပါးပါးလှီးထားသော အသားပါသော ဟင်းရည်ကို သောက်နိုင်သော်လည်း အလွန်အကျွံမစားနိုင်သေး။သူက အစားအသောက် အနေအထိုင်ကို အထူးတင်းကြပ်ထားငည်။သူမ မစားချင်လည်းအတင်းမရမက ကျွေးသည်။   


"သူတို့ကို မင်း ကြိုက်တာလုပ်ခိုင်းပါ"


"ဟိုတစ်ခါ ခေါက်ဆွဲဆိုင် သွားစားတုန်းကလေ ခေါက်ဆွဲ သိပ်စားကောင်းတယ်"


 "ရက်ပိုင်းလောက်ကြာရင် မင်းအတွက် အဲ့ဒီ စာဖိုးမှူးကို လုပ်ခိုင်းလိုက်မယ်"


 "ရက်ပိုင်းအတွင်းလား"


 "နှစ်ရက်သုံးရက်ပေါ့..."


 "ဒါဆို အနည်းဆုံး နာရီလေးဆယ်ကနေ ခြောက်ဆယ်လောက်ကြာလိမ့်မယ်ထင်တယ်"


 "မင်း ပြန်ကောင်းလာတဲ့အခါ မင်းစားချင်သမျှ ကိုယ် ကျွေးမယ်၊ နေကောင်းအောင် နေနော်"


ရုံရှားက ပန်းဟွာကို နောက်ထပ်တစ်ဇွန်းခွံ့လိုက်သည်။ ပြီးလျှင် သူမ နှုတ်ခမ်း‌ေထာင့်မှ ကျွင်းကျန်နေသော ဟင်းရည်ကို လျှာဖြင့်လျက်လိုက်၏။ထိုအခါ ပန်းဟွာက သူ့လက်မောင်းကိုလက်သီးဖြင့် မနာအောင်ထိုးလေသည်။


 "မင်း ကိုယ့်ကို ထိုးဖို့ အားရှိနေပြီပဲ၊ဒါဆို မနက်ဖြန် ဟင်းရွက်ခေါက်ဆွဲ နည်းနည်း စားနိုင်ပုံရတယ်"  ရုံရှား ပြုံးပြီး ပန်းဟွာကို ပွေ့ဖက်လိုက်သည်။  "အရမ်းမလှုပ်နဲ့၊ မဟုတ်ရင် ခေါင်းက ထပ်နာလိမ့်မယ်"


တိဝုတ်ပန်းအဆိပ်ကို သောက်ပြီးနောက် မူးဝေပြီး ခေါင်းကိုက်တတ်သည်ဟု သမားတော်ကပြောထားသည်။ ဆေးပညာစာအုပ်အရ လူတစ်ယောက်သည် ဤအဆိပ်ကို မှားယွင်းစွာသောက်သုံးပြီးနောက်၊ အသက်ရှင်ခဲ့သော်လည်း ရူးသွပ်သွားခဲ့ဟသည်ဟု ဖတ်ဖူးသည်။ ကံကောင်းထောက်မစွာ၊ပန်းဟွာ သည် ဆေးကို အချိန်မီ ထွေးထုတ်လိုက်သည်။သွေးအများကြီးဆုံးရှုံးပြီး ကလေးမွေးဖို့ အားနည်းနေသည်ကလွဲ၍ တခြားဆိုးကျိုးများမရှိ။


 ပန်းဟွာကို နှစ်သိမ့်ပြီးနောက် ရုံရှားသည် လျှို့ဝှက်စာတစ်စောင် ရရှိခဲ့သည်။


 "သခင်၊ကျွန်တော်တို့ ဒါကို ဧကရာဇ်ဆီ တင်ပြရမှာလား"


ရုံရှားသည် လျှို့ဝှက်စာတစ်စောင်ကို ကြေးနီခွက်ထဲသို့ အပြုံးမပျက် လွှင့်ပစ်ကာ မီးထွန်းညှိလိုက်ပြီး ဖြည်းဖြည်းချင်း လောင်ကျွမ်းသွားသည်ကို ကြည့်လိုက်သည်။


 "ဘာကို သတင်းပို့မှာလဲ... ငါ ဘာမှမသိခဲ့ဘူး"  သူက တုကျိုးကို မော့ကြည့်လိုက်သည်။  


  "ကျွန်တော်လည်း ဘာမှမသိပါဘူး"


 နွေဦးရာသီသည်၊ ဆောင်းရာသီကဲ့သို့အေးသည်။ ပြတင်းပေါက်အပြင်ဘက်က လေတိုးသံကြောင့် ဧကရာဇ် ယွင်ချင် နိုးလာသည်။သူသည် ပြတင်းပေါက် အပြင်ဘက်က အရိပ်များကို ကြည့်ပြီး တစ်ယောက်ယောက်ကို ခေါ်လိုက်သည်။  "လာခဲ့စမ်း..."


 ကျယ်ဝန်းသော ခန်းမကြီးသည် တိတ်ဆိတ်နေ၏။ အချိန်အတော်ကြာအောင် စောင့်သော်လည်း မည်သူမျှ ဝင်လာခြင်း မရှိပေ။


"လာကြစမ်းလို့ ပြောနေတယ်လေ"


 ချောက်...


 တံခါးဖွင့်သံကို သူကြားလိုက်သော်လည်း ကန့်လန့်ကာများဖြင့် သူ့မြင်ကွင်းကို ပိတ်ဆို့ထားသောကြောင့် မည်သူဝင်လာမှန်း မသိပေ။


 လေက တံခါးကို ဖြတ်ပြီး ကုလားကာများ ညင်သာစွာ လွင့်နေသည်။ ဧကရာဇ် ရုတ်တရက် ကြောက်လန့်သွားကာ ကုတင်နောက်ဘက်သို့ ကျောကိုမှီချလိုက်သည်။


 "အပြင်က ဘယ်သူလဲ"


ချောက်...ချောက်


 ​ခြေသံက ပြင်းသည်။ နန်းတော်အစေခံများနှင့် မိန်းမစိုးများသည် ညဘက် သူ့အား အမှုထမ်းသောအခါတွင် ဖိနပ်အပျော့စားများကိုသာ ဝတ်ဆင်ကြ၍ ယခုလို ခြေသံမပြင်းပေ။


 အပြင်ကလူက ဘယ်သူလဲ။


 ဧကရာဇ် မျက်လုံးပြူ၍ပင် ကြည့်မိ၏။နောက်ဆုံး ခန်းဆီးကုလားကာက ဘေးသို့ဖယ်သွားကာ တစ်ဖက်လူ၏ လက်ထဲက ဓားထက်ထက်က အေးစက်သည့်အလင်းရောင်ကို သူ မြင်ရလေသည်။



cxxxxx