အပိုင်း၁၆၂
Viewers 14k

Chapter 162



ထိုနှစ်မှာ သူ့အမေက သူ့ညီလေးကို နန်းတော်ထဲ ခေါ်သွားသည်။ထိုစဥ် ဒုတိယမင်းသားက သူ၏ သုံးလေးနှစ် အရွယ်ခန့်ရှိ ညီလေးကို ရေထဲကို တွန်းချလိုက်သည်။ ညီဖြစ်သူခမျာ ကြောက်အားလန့်အားနှင့် အအေးမိကာ ဖျားပါတော့သည်။ ဖျားနေသည်မှာ အချိန်အတော်ကြာသွားကာ နာလန်ပင်မထူနိုင်တော့။နောက်ဆုံးတော့ ဆေးဝါးများ မတိုးတော့ဘဲ အဖျားကြောင့်  သေဆုံးသွားသည်။


 နောက်ပိုင်းတွင် ဧကရာဇ်က ကျောက်မိသားစုအား မမြင့်လွန်း၊မနိမ့်လွန်းသော ဘွဲ့ထူးများ ပေးအပ်ခဲ့ပြီး ယင်းကိစ္စကို နှုတ်ပိတ်ခဲ့သည်။  တော်ဝင်မိသားစု၏အမြင်တွင် သားတစ်ယောက်ဆုံးရှုံးလိုက်ရသော သူတို့မိသားစု၏ နာကျင်မှုသည် ဘာမဟုတ်သော ဘွဲ့လေးတစ်ခုမျှသာဖြစ်သည်။


 သူ့ညီထက် နှစ်လငယ်သော မင်းသမီးဖူလီခမျာ ဘာမှမသိရှာ။ထို့အတွက်ကြောင့် သူမသည် ကံဆိူးစေကြောင်း နာမည်ကြီးလာကာ မြို့တော်တွင် နှစ်ပေါင်းများစွာ ပြောဆိုနေခဲ့သည်။


 သူနှင့် သူ့သခင်သည် ကျုံးကျိုး မှာ  နှစ်ရက်သုံးရက်ကြာ အတူရှိနေကြသည်။ ကံမကောင်းစွာပဲ၊ သူသည် ပန်းဟွာကျွင်းကျူး ကိုတွေ့ခွင့်မရခဲ့ပေ။  ယောက်ျားတစ်ယောက်အနေနှင့်၊သူ့သခင်၏ ဇနီးကိုမေးမြန်းခြင်းက အဆင်မပြေပေ။ထို့ကြောင့် ပန်းဟွာကျွင်းကျူးအား တောင်းပန်ချင်သော်လည်း သင့်တော်သော အခွင့်အရေးကို ရှာမတွေ့ခဲ့ပေ။


ရုံရှားက ကျောက်ကျုံး၏ ပုခုံးကို ပုတ်ပြီးပြောသည်။ "မင်းရဲ့ မိသားစုကို မြို့ပြင် ရွှေ့ထားပြီးပြီမို့ မင်း  ဒီကိစ္စကို စိတ်ပူစရာ မလိုဘူး"


 "ကျေးဇူးအများကြီးတင်ပါတယ်သခင်!"  ကျောက်ကျုံးသည် စိတ်လှုပ်ရှားသွားကာ ရုံရှားကို လေးလေးနက်နက် ဦးညွတ်လိုက်၏။


 "အချင်းချင်းပဲ၊ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး" ရုံရှားက သူ့ကိုယ်သူ လန်းဆန်းစေရန် လက်ဖက်ရည်တစ်ငုံ သောက်လိုက်၏။


" မင်းရဲ့ သားတွေရော စစ်တန်းလျားမှာ ရှိလား"


 "ဟုတ်တယ်၊ ကျွန်တော့်မိန်းမနဲ့ သားနှစ်ယောက်က အတူတူ တန်းလျားမှာနေပါတယ်"


 "မင်းတို့ ပျင်းရင် ပန်းဟွာကျွင်းကျူး နဲ့ စကားပြောဖို့ ငါ့တဲကို လာနိုင်တယ်၊ သူမက ပွင့်ပွင်းလင်းလင်းရှိတော့ သူမကို ခင်သွားမှာပါ"


 "ဟုတ်ကဲ့၊ ဟုတ်ကဲ့"


ကျောက်ကျုံး သည် ပန်းဟွာကျွင်းကျူးကို တွေ့ခွင့်ရပြီဖြစ်၍ ပျော်သွားရသည်။သူသည် ရုံရှားနှင့် ပြောပြီးသည်နှင့် သူ့မိန်းမကို သွားတွေ့ပြီး ခဏလောက် စကားပြောခွင့်ပေးလိုက်၏။


ရုံရှား သည် အခြားသူပုန်စစ်သားများနှင့် တွေ့ဆုံပြီးကတည်းက ပန်းဟွာ စစ်တပ်၏အရေးကိစ္စအတွက် အလွန်အမင်းစိတ်မပူခဲ့ရပေ။ သူမမှာ ဘာမှ လုပ်စရာသိပ်မရှိတော့။စစ်သားများကိုထိန်းနိုင်နေ၍ သူမ စိတ်ပူနေစရာ မလိုတော့။


 ထို့ကြောင့် သူမတွင် ဘာမှလုပ်စရာမရှိသောအခါ၊ရန်သူများနှင့်ယှဉ်ပြိုင်ရန် သူမ၏ကိုယ်ရံတော်များကို ခေါ်ကာ ဓားနှင့်လေးပစ်ခြင်းများ သင်ကြားပေးသည်။ သူမတွင် အင်ပါယာတရားရုံးချုပ်၏ ဘွဲ့ထူးရာထူး မရှိသော်လည်း အနည်းဆုံးတော့ သူမသည် စစ်သားများစွာနှင့် ကောင်းစွာတိုက်နိုင်ခဲ့သည်။ ဤစစ်သားများနှင့် အချိန်အတော်ကြာ ပေါင်းစည်းပြီးနောက် သူမသည် ယောက်ျားတစ်ယောကိလို နေထိုင်ရသည်။အုပ်စုလိုက် မြင်းစီးထွက်ကာ ဟင်းချက်ဖို့ တောငန်းရိုင်းများကို ပစ်သတ်သလို၊ သစ်သီးများရရှိရန် သစ်ပင်ပေါ်သို့တက်ခူးသည်။ငါးစားချင်လျှင်လည်း ရေထဲတွင် ငါးဖမ်းသည်။ ညနေစောင်းသော် သူမသည် ထိုစစ်သားများနှင့်အတူ ကျန်စစ်သားများအတွက် စားနပ်ရိက္ခာများစွာ ပြန်ယူလာနိုင်သည်။


 သူမ၏ ဖြူစင်သော အသားအရေနှင့် လှပသော ရုပ်ရည်အသွင်အပြင်ကြောင့်သာ မဟုတ်ပါက၊ စစ်သားများက သူမအား "အစ်မပန်း" အစား "အစ်ကိုပန်း" ဟု ခေါ်တွင်ပေတော့မည်။


သူမ၏ အပြောအဆိုနှင့် အပြုအမူများသည် သူရဲကောင်းဆန်လွန်းသော်လည်း သူမ မျက်နှာကို မြင်လိုက်ပါက၊ ထင်ရှားကျော်ကြားသော မိန်းမလှလေးဟု သူတို့ ယုံကြည်ကြသည်။ထို့အပြင် သူမသည် အမှန်တကယ်ပင် ကျော်ကြားသော စစ်သူကြီးပန်း၏ မြေးအရင်း ဖြစ်ထိုက်သူဖြစ်သည်။သူမ၏ ရဲစွမ်းသတ္တိနှင့် စွမ်းရည်သည် ယောက်ျားဆယ်ယောက်နှင့် မယှဉ်နိုင်ပေ။


 ထိုနေ့တွင် ပန်းဟွာသည် ကိုယ်ခံပညာပြိုင်ပွဲတွင် ငယ်ရွယ်ပြီး ထက်မြက်သော စစ်သားအချို့ကို အနိုင်ယူခဲ့သည်။  သခင်မကျောက်က သူမကိုတွေ့ချင်သည်ဟု ကိုယ်ရံတော်က ပြောလာလျှင် သူမက ဦးညွတ်ပြီး... "ညီအစ်ကိုတို့၊ ကျွန်မ တောင်းပန်ပါတယ်၊ လုပ်စရာရှိသေးလို့ ကျေးဇူးပြုပြီး အချိန်ပေးပါ"


 "အစ်မပန်း ဂရုစိုက်ပါ!"


စစ်သည်များကလည်း နှုတ်ဆက်ကြသည်။ အသက်နှစ်ဆယ်နှင့် သုံးဆယ်ကျော်ရှိ မုတ်ဆိတ်မွေးရှည်ကြီးနှင့် ယောက်ျားများကပင် ဘန်းဟန်ကို “အစ်မ” ဟု တလေးတစား ခေါ်ကြသည်။ ထိုစစ်သားများသာချပ်ဝတ်တန်ဆာ မ၀တ်ထားလျှင် ဆက်ကြေး ကောက်ခံဖို့ ထွက်လာသည့် ဂိုဏ်းတစ်ခုဟု လူအများက ထင်ကြလိမ့်မည်။


သခင်မကျောက် သည် ကုလားထိုင်ပေါ်တွင် စိတ်အားထက်သန်စွာ ထိုင်ချလိုက်သည်။


 တန်းလျားကိုရောက်ပြီးနောက် ကျွင်းကျူးအကြောင်း ကောလာဟလများစွာကို သူမကြားခဲ့ရသည်။ သူမသည် အလွန်လှပပြီး သခင်ကလည်း သူမကို အတော်ချစ်သည်ဟုဆို၏။ ကျွင်းကျူး ၏ ကိုယ်ခံပညာသည် ထူးချွန်ပြီး သူမအား စစ်တပ်ရှိ စစ်သားများကပင် အလွန်လေးစားကြောင်းလည်း ကောလဟာလများ ထွက်ပေါ်နေသည်။ သူမသည် အချင်းချင်းလေးစားခံရသူဖြစ်တာကြောင့် အပြောအဆိုတစ်ခုခုမှားသွားမှာကိုသခင်မကျောက် စိုးရိမ်နေတော့၏။


သူမ အတွေးများနေခိုက် တံခါးရှိ ကန့်လန့်ကာကို အပြင်မှလူက ရုတ်သိမ်းလိုက်သည်။ထိုအခါ ဘရိုကိတ်အဝတ်အစားနှင့် ကျောက်စိမ်းသရဖူ ၀တ်ဆင်ထားသည့် ငယ်ရွယ်ပြီးချောမောသော လူငယ်တစ်ယောက် ဝင်လာခဲ့သည်။ သခင်မကျောက် ခမျာ သူမထက် အသက်များစွာ ငယ်သော ကောင်လေးကြောင့်  နှလုံးခုန်နှုန်း မြန်လာရသည်။


သူမ အသိပြန်ဝင်လာပြီးနောက် ဤနေရာသည် သခင်နှင့် ကျွင်းကျူး၏တဲဖြစ်ကြောင်း သတိရမိသည်။ ဒါဆို ဒီလူငယ်က ဘယ်သူလဲ။ဒီလိုအဆင့်အတန်းမြင့်မြင့်ဝတ်စားပြီး ဘာလို့လာတာလဲ၊


"ညီမကျောက် ကျေးဇူးပြုပြီး ထိုင်ပါ" 


သခင်မကျောက်က သူမအား ကြောင်တက်တက်ကြည့်နေသည်ကို တွေ့လိုက်ကာ ယောက်ျားအဝတ်အစားများကို လက်ဖြင့်ပွတ်သပ်ရင်း ပန်းဟွာ ပြောလိုက်၏။


 "ကျွန်မက အပြင်မှာနေရင် ပေါ့ပေါ့ပါးပါး ဝတ်တတ်ပါတယ်၊သခင်မရှေ့မှာ ရိုင်းပြသလိုဖြစ်သွားရင် ခွင့်လွှတ်ပါ" 


 "ကျွင်းကျူးကို နှုတ်ခွန်းဆက်ပါတယ်" 


သခင်မကျောက်သည် ဤလှပသောလူငယ်လေးက ပန်းဟွာကျွင်းကျူး ဖြစ်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူမ နှလုံးခုန်သံကို ငြိမ်သက်စေရန် အသက်ပြင်းပြင်းရှူရင်း "ပန်းဟွာကျွင်းကျူးက အရမ်းလှပါတယ်၊ ကျွန်မတောင် အလှမှာနစ်မြောပြီး နှုတ်ဆက်ဖို့ မေ့သွားလို့ ခွင့်လွှတ်ပါ ကျွင်းကျူး"


 "ရပါတယ်၊ ရပါတယ်၊ ထိုင်ပါ" ပန်းဟွာက စားပွဲထိပ်မှာထိုင်ပြီး သခင်မကျောက်ကို ပြုံးပြသည်။ သခင်မကျောက်သည် ဘဲဥပုံသဏ္ဍာန် မျက်နှာရှိပြီး ဖြူနုသော အသားအရေရှိသည်။  သူမ၏ဆံပင်ကို သစ်သားဆံညှပ်အနည်းငယ်ဖြင့် ထုံးဖွဲ့ထားသည်။ စစ်စခန်းမှာ အရာအားလုံးက ရိုးရှင်းတာကြောင့် သူမ၏အဝတ်အစားကလည်း  ပေါ့ပေါ့ပါးပါးပင်။ သို့သော် သူမသည် အလွန်ကျသရေရှိသော မိန်းမမျိုးပင်။   အစောင့်များ လက်ဖက်ရည်ချသည့်အခါ ပန်းဟွာက သခင်မကျောက်ကို သောက်ခိုင်းပြီး "သခင်မမှာ ကလေးနှစ်ယောက်ရှိတယ်လို့ကြားပါတယ်၊သူတို့ကို ဘာလို့ မခေါ်လာတာလဲ"


 "ကျွန်မကလေးတွေက ငယ်သေးတော့ အရိပ်သုံးပါ နားမလည်ဘူးလေ၊ကျွင်းကျူးကို နှောင့်ယှက်မှာစိုးလို့ပါ"


 "အဆင်ပြေပါတယ်၊ ကလေးတွေ ဘယ်လောက်ပဲ ဆူညံနေပါစေ သူတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတွေ ရှိပါတယ်" ပန်းဟွာက လက်ကို ဝှေ့ယမ်းပြီး "စိတ်မဆိုးပါဘူး၊ နောက်တစ်ခါ လိုက်ပို့ပေးလိုက်ပါ"


သခင်မကျောက် သည် လိုက်လျောညီထွေ ပြောဆိုသော်လည်း ယခုအချိန်တွင် သူမ ဘာပြောရမှန်းမသိ ဖြစ်နေသည်။ သို့သော် သူမကို အံ့အားသင့်စေသည့်အရာမှာ ကျွင်းကျူးသည် သူမတွင် ကလေးနှစ်ယောက်ရှိကြောင်းကို သိနေခြင်းဖြစ်သည်။  ဒါက တကယ်ကို ထူးဆန်းလွန်းတယ်...


 "ကျွန်မက မိန်းကလေးကျောက် နဲ့ ခင်တယ်လေ၊ ဒါကြောင့် တစ်ခါတစ်လေ သူမက သခင်မအကြောင်း၊ကလေးတွေအကြောင်း ပြောတတ်တယ်၊ သခင်မ ကျင်းမြို့တော်ကို ပြန်လာတဲ့အခါ အိမ်ကိုလာလည်ပါဦး၊ တွေ့ရတာ အရမ်းဝမ်းသာပါတယ်"


သခင်မကျောက် သည် ပန်းဟွာ ၏ ကြင်နာသော လေသံကြောင့် ကြည်နူးသွားသည်။ သူမက ခေါင်းညိတ်ပြီး "ဟုတ်ကဲ့ ကျွင်းကျူးရဲ့အိမ်တော်ကို သေချာပေါက် လာပါ့မယ်" 


ပန်းဟွာကျွင်းကျူး ၏ လေသံကိုကြားရလျှင် ယခု ပုန်ကန်သည့်အရေးက အောင်မြင်နေပြီဟု ထင်ရသည်။သခင်က ကျွင်းကျူးကို သိပ်ချစ်တာကြိုက် အံ့သြစရာ မရှိပေ။ ကျွင်းကျူးသည် သခင်ကို အယုံအကြည်ဆုံးဖြစ်သည်။


ပန်းဟွာက "တန်းလျားမှာ ယောက်ျားတွေပဲ များတော့ သခင်မ ပျင်းရင် ဒီနေရာကိုလာနိုင်ပါတယ်"


သခင်မကျောက်၏ ပင်ကိုယ်စရိုက်ကြောင့် သူမသည် တန်းလျားထဲမှာ တနေကုန် အလုပ်လိုက်၊စားသောက်လိုက်ဖြင့်သာအချိန်ကုန်နေရသည်။ယခုလို  လမ်းလျှောက်ထွက်လာခြင်းက သူမ၏ ပင်ပန်းမှုကို သက်သာစေသည်။


ပန်းဟွာကျွင်းကျူး ကို နှုတ်ဆက်ပြီးနောက် သခင်မကျောက် သည် သူမ၏တဲသို့ ပြန်သွားခဲ့သည်။ သူမပြန်လာသည့်အခါ သခင်မကျောက်က မေးသည်။


"သခင်မ မင်း ကျွင်းကျူး အနေခက်အောင် လုပ်ခဲ့ဘူးမလား" 


သခင်မကျောက် က ပြုံးပြီး ခေါင်းကို ယမ်းလိုက်သည်။ "ကျွင်းကျူး က နွေးနွေးထွေးထွေးနဲ့ သိပ်လည်းခင်ဖိုကောင်းတယ်၊ သခင်က ကျွင်းကျူး နဲ့ အတူထမင်းစားဖို့ ပြန်လာမယ့်အချိန် ရောက်နေလို့ ကျွန်မ ထမင်းစားဖို့တောင် ငြင်းခဲ့တာ"


ကျောက်ကျုံး စိတ်အေးလက်အေးဖြစ်သွားသည်။ "တော်သေးတာပေါ့၊ ဒီမှာ မင်းဟိုမှာစားနေရင် ကိုယ်လည်း ကလေးတွေနဲ့ စား‌ရတော့မလို့" 


 ခင်ပွန်းဖြစ်သူ၊ သခင်မကျောက် နှင့် ကလေးများသည် ရိုးရိုးစားပွဲဝိုင်းတွင် ထိုင်ကြသည်။ ကလေးနှစ်ယောက် ပျော်ရွှင်စွာ စားသောက်နေသည်ကို မြင်သော် သခင်မကျောက်က နောက်ထပ် အသားနှစ်တုံးကို ကလေးများ၏ ပန်းကန်ထဲ ထည့်လိုက်ရင်း ကျောက်ကျုံးအား "ကျွင်းကျူးက ထူးခြားတဲ့ အမျိုးသမီးပဲ‌၊ လူတွေ အားလုံးက သူမကို လေးစားနေကြတာကို မြင်ခဲ့ရတယ်"


 "အဲဒါကောင်းတယ်" ကျောက်ကျုံးက ခေါင်းညိတ်ပြီး စိတ်သက်သာရာရသွား၏။ 


 "ကျွင်းကျူး ကလည်းပြောတယ်၊ကျွန်မ ပျင်းရင် သူ့ဆီ လာခဲ့ပါတဲ့"


 "ဟုတ်တယ်၊ မင်းလည်း တဲထဲမှာ တနေကုန် အကျဉ်းချထားသလို နေရတာ အဆင်မပြေမှာကို ကိုယ် စိုးရိမ်တယ်၊ ဒါကောင်းတယ်၊ပန်းဟွာကျွင်းကျူးရဲ့ နေရာက သွားလို့ကောင်းတဲ့ နေရာပဲ"


" ပန်းဟွာကျွင်းကျူး က ယောက်ျားလေးလို ၀တ်ထားတာ မဟုတ်လား၊ ကျွန်မ ဆယ်ကျော်သက် အရွယ်တုန်းကသာ  သူမကို ပထမဆုံး မြင်လိုက်ရရင် အရမမးတုန်လှုပ်ချောက်ချားပြီး တခြားယောက်ျားတွေကို ကြည့်တောင်ကြည့်မှာမဟုတ်ဘူး"


ကျောက်ကျုံး စကားမပြောနိုင်အောင် ဆွံ့အနေရသည်။


ရုံရှားသည် စစ်တပ်ကို ကျုံးကျိုး ၏ နယ်မြေတစ်လျှောက် အတားအဆီးမရှိဘဲ ဦးဆောင်ခဲ့သည်။ ရွှင်းကျိုး သည် ကျုံးကျိုး နှင့် ကပ်လျက်ဖြစ်ကာ ရှေ့ပြေးတပ်သည် ရွှင်းကျိူးမြို့တံခါးဝသို့ ယခုမှပင် ရောက်လာသည်။ မြို့ကိုမတိုက်ခိုက်မီ မြို့တံခါးပွင့်လာသည်ကို တွေ့လိုက်ရသည်။ ရွှင်းကျိုး ရှိ စစ်သားများနှင့် အရာရှိများအားလုံးသည် သူတို့ကို မခုခံဘဲ ကြိုဆိုဖို့ပြင်ဆင်ထားလေ၏။ 


 သူတို့သည် ရွှင်းကျိုးတွင် နှစ်ရက်နေခဲ့သည်။ စစ်သားများက ပြည်သူများကို မနှောင့်ယှက်ဘဲ ရိက္ခာ စုဆောင်းကြသည်။ထို့ကြောင့် စိုးရိမ်နေသော ပြည်သူများ စိတ်သက်သာရာရကြ၏။သူတို့ ရွှင်းကျိုးက ပြန်ထွက်သွားသည့်အခါ လူတချို့က သစ်သီးများ၊ ထမင်းနှင့် ခေါက်ဆွဲများပို့ပေးကြသည်။


ရုံရှား သည် ကြက်၊ ဘဲ၊ ငါး၊ သစ်သီးဝလံ၊ ထမင်း၊ ခေါက်ဆွဲများကို လက်မခံသော်လည်း အဘိုးကြီးတစ်ဦးထံမှ ရေကိုသာ လက်ခံခဲ့သည်။


 "အဘိုးရဲ့ကြင်နာမှုကို ကျွန်တော်တန်ဖိုးထားပါတယ်၊ ဒါပေမယ့် လူတိုင်းရဲ့ဘဝက မလွယ်ကူပါဘူး၊လူတိုင်းငတ်နေတာကို ကျွန်တော် မယူရက်ပါဘူး...."  ရုံရှားသည် ရေဘူးကို သူ့ခေါင်းထက်မှာမြှောက်လိုက်သည်။  "ရေက အသက်ရဲ့ အရင်းအမြစ်ပါ၊အဘိုးဆီက ရေအိတ်ကို လက်ခံပြီးပြီ၊ ဆိုလိုတာက အဘိုးးရဲ့ ကြင်နာတဲ့ စိတ်ထားကို ကျွန်တော်လက်ခံပြီးပါပြီ၊ ကျေးဇူးပြုပြီး ဂရုစိုက်ပါ၊ကျွန်တော် သွားပါတော့မယ်"


ရွှင်းကျိုး ပြည်သူများသည် ရုံရှား၏ သဘောထားနှင့် စကားကြောင့် စိတ်လှုပ်ရှားသွားသည်။ 


 "လူကောင်းပဲ၊ လူကောင်းလေးပဲ"

  

အဘိုးအိုသည် သားသမီး မြေးများ၏ အကူအညီဖြင့် မတ်တပ်ထရပ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်၏။  "ဘုရားသခင်မှာ မျက်စိရှိပြီပဲ၊ နောက်ဆုံးတော့ မျှော်လင့်ချက်ကို မြင်ရပြီလေ"


အဘိုးအို၏ စိတ်ခံစားမှုကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများပင် ဝမ်းသာသွားကြ၏။အားလုဲးကလည်း ရုံရှားက ဧကရာဇ် ဖြစ်လာနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။


တော်လှန်ရေးတပ်ဖွဲ့များ ရွှင်းကျိုး ထွက်ခွာပြီးနောက် နောက်ထပ် ဦးတည်ရာမှာ ကျင်းကျိုး ဖြစ်သည်။  ရွှင်းကျိုး ကဲ့သို့ပင် ကျင်းကျိုး သည် သူတို့အား ကြိုဆိုရန် မြို့တံခါးကို ဖွင့်လိုက်သည်။ သို့သော်လည်း ရုံရှား နှင့် သူ့လူများသည် မြို့ထဲသို့ဝင်ပြီးနောက်တွင် ဒေသခံအရာရှိများက အရည်အချင်းမပြည့်မီဘဲ ပြည်သူများအပေါ် အခွင့်ကောင်းယူကြသည်ကို တွေ့ရှိခဲ့ကြသည်။ထို့ကြောင့် အကျင့်ပျက်ခြစားသော အရာရှိများကို ပြည်သူများ၏ ရှေ့မှောက်တွင် ခေါင်းဖြတ်သတ်ခဲ့သည်။


အချိန်အတော်ကြာမှ အရာရှိကောင်းတစ်ယောက် နောက်ဆုံးတော့ ကျင်းကျိုး ကိုရောက်လာသည် ဆိုသော သတင်းက ပြန့်သွားလေတော့၏။


 ထိုအရာရှိက အင်ပါယာတရားရုံးကလား သို့မဟုတ် သူပုန်လားဆိုသည်ကိ ပြည်သူများ ဂရုမစိုက်ချေ။သူတို့အတွက် တရားမျှတမှုကို အခွင့်ကောင်းမယူသရွေ့ ထိုလူက လူကောင်းတစ်ယောက်ပင်။ 


 ဘာရယ်...အဲ့ဒီ အရာရှိချောချောလေးက  ဧကရာဇ်ဖြစ်လာနိုင်တယ် ဟုတ်လား... လက်ရှိဧကရာဇ်က အရည်အချင်းမရှိသူ ဆိုတာ မှန်သလား။ဒါဆို အဲဒီအရာရှိကို ဧကရာဇ်ဖြစ်ခွင့်ပေးရမယ်လေ၊ အရည်အချင်းမပြည့်မီတဲ့ ဧကရာဇ်ကို ထားနေတော့ ဘာထူးမှာလဲ၊သူ့ကို အလကားထားရအောင် သူက နှစ်သစ်မှာစားဖို့ရည်ရွယ်ထားတဲ့ ဝက်မလို့လား...  ပြည်သူကို အခွင့်ကောင်းယူတဲ့ ဧကရာဇ်ကို ဒီအတိုင်းထားထားကာ သိပ်ဆိုးတာပဲ..


ပန်းဟွာသည် ရုံရှား နှင့်အတူ လိုက်လာသည်။ အဂတိလိုက်စားသည့် အရာရှိများအား ကွက်မျက်သည့်အခါ သူမ ကျေနပ်စွာ ပြုံးမိသည်။ဤလူများသည် ဧကရာဇ်အပေါ် သစ္စာစောင့်သိမှု မရှိကြသလို ပြည်သူကိုလည်း သစ္စာမရှိပေ။ လက်ရှိဧကရာဇ်အမည်ကိုပင် မသိကြ။ အသက်မွေးဝမ်းကြောင်းပြုဖိ့အတွက် ပြည်သူကို ချနင်းနေသူများသာ။ ဧကရာဇ်တစ်ယောက်အနေနှင့် ပြည်သူအတွက် အလုပ်ကြိုးစားဖို့ ဆန္ဒမရှိလျှင်တောင် အနည်းဆုံးတော့ အောက်ခြေလူတန်းစားအား နည်းနည်းလောက်  စဉ်းစားသင့်ပေသည်။ အနည်းဆုံး...ပြည်သူများအား အေးအေးချမ်းချမ်း နေထိုင်ခွင့်ပေးရမည်ဖြစ်သည်။


 အကျင့်ပျက်အရာရှိများ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းပြီးနောက်၊ ရုံရှား သည် လူအနည်းငယ်ကို ကျင်းကျိုး တွင် အရေးကိစ္စများဆောင်ရွက်ရန် စီစဉ်ထားခဲ့သည်။ ထိုလူများ၏ စီမံခန့်ခွဲမှုကို ပြည်သူတို့က လက်ခံပြီးနောက် မြို့တော်ကို ဦးတည်ကာ တော်လှန်ရေးတပ်ဖွဲ့ကို ဆက်လက် ဦးဆောင်ခဲ့သည်။


ရုံရှား သည် ကျင်းကျိုး တွင် အကျင့်ပျက်အရာရှိများကို သတ်ခဲ့ခြင်းကြောင့် အခြားပြည်နယ်နှင့် ခရိုင်များရှိ အရာရှိများသည် ကြောက်လန့်နေခဲ့ကြသည်။ ရုံရှား ကို မြို့ထဲသို့ ကြိုဆိုရန် မဝံ့ရဲကြသဖြင့် အချို့လူများက ပြင်းပြင်းထန်ထန် ခုခံလာကြသည်။  ရုံရှား ဦးဆောင်သော တပ်များ မရောက်မီတွင် အရာရှိအချို့သည် ဇနီး၊ သားသမီးများနှင့် ရတနာများကို လုယူကာ အလျင်စလို ထွက်ပြေးခဲ့ကြ၍ စစ်သားများသာ ကျန်ရစ်ခဲ့သည်။


ရုံရှား သည် လူသတ်နတ်ဆိုးဖြစ်ကြောင်း ရည်ရွယ်ချက်ရှိရှိ သတင်းဖြန့်သည့် အရာရှိအချို့လည်း ရှိသည်။ သူသွားလေရာရာ၌ သွေးချောင်းစီးကာ ငိုကြွေးသံများညံနေသည်ဟုဆို၏။  ဒေသခံပြည်သူများအား တွန်းလှန်ရန် တိုက်တွန်းခဲ့ကြသည်။ သို့ရာတွင် ဤနည်းပရိယာယ်သည် အလွန်ထိရောက်မှုမရှိပါ၊ အဘယ်ကြောင့်ဆိုသော် အခြားပြည်နယ်နှင့် ခရိုင်များမှ သတင်းများကို လူအများစု ကြားပြီးပြီဖြစ်သောကြောင့်၊ ကောကုန်းချမ်အမ် မည်မျှကောင်းသည်၊ ပြည်သူများအပေါ် မည်မျှ စေတနာထားသည်၊ အကျင့်ပျက်အရာရှိများကို မည်ကဲ့သို့ အပြစ်ပေးသည်ဆိုသည်ကို လူအများကြားထားပြီးဖြစ်သည်။ 


 အာဏာပိုင်များက သူတို့ကို တမင်တကာ လိမ်ညာခဲ့ကြောင်း သိသောအခါတွင် သူတို့ ဒေါသထွက်နေကြတော့၏။ 


ထို့ကြောင့် ရုံရှား နှင့် အခြားသူများသည် မြို့တော်နှင့် အတော်လေးနီးကပ်သော တုင်ကျိုး သို့ ရောက်သောအခါတွင် တိုင်ကျိုး၏ မြို့တံခါးကို ပြည်သူများကိုယ်တိုင် ဖွင့်ပေးခဲ့သည်။ မြို့တံခါးစောင့်တပ်သားများကလည်း တားဆီးခြင်းမပြုသလို ဓားပင် မထုတ်ဘဲ မြို့တံခါးကို ဖွင့်ပေးသည်။


ပန်းဟွာ မြင်းစီးလာရင်း ရုံရှား ကို ခေါင်းစောင်းပြီး ပြောလိုက်သည်။


" ရုံရှား၊ ကျွန်မတို့ တကယ် ပုန်ကန်နေတာ ဟုတ်ရဲ့လား"



xxxxxx