Chapter 163
တယဲ့မင်းဆက် ဧကရာဇ်ကြီးက ဘယ်လောက်ထိ ဆိုးရွားလွန်းလို့ပြည်သူတွေက ဧကရာဇ်ကို မုန်းနေကြတာလဲ..
ပန်းဟွာသည် အလွန်ပျင်းရိသူဖြစ်သည်။ သူမသည် တွေးရမှာ ပျင်းလွန်းပြီး အစီအစဥ်များနှင့် ဇာတ်ကွက်များကို စဉ်းစားရန် ပျင်းလွန်းသည်။ သို့သော် ဤခရီးစဥ်သည် ချောမွေ့လွန်းလှသည်။ တစ်စုံတစ်ယောက်က ကြိုတင်စီစဉ်ထားပြီး သူမတို့ရောက်လာမည့်အချိန်ကို စောင့်မျှော်နေသကဲ့သို့ပင်။
"ကိုယ် တိုင်ကျိုးမြို့မှာ လူတွေကို ကြိုတင် စီစဉ်ထားတာလေ"
အခန်းထဲတွင် ရုံရှား သည် ရေချိုးကန်ထဲတွင် လဲလျောင်းနေသော ပန်းဟွာကို ပြုံးပြလိုက်သည်။
"သခင်မ ရေချိုးဖို့ ကျွန်တော် ကူညီဖို့ လိုသေးလား"
"အင်း၊ ပခုံးတွေကို နှိပ်ပေးပါလား"
ပန်းဟွာသည် ရေချိုးကန်အစွန်းကို လက်နှစ်ဖက်ဖြင့် ကိုင်ထားသည်။ သူမ၏ ရှည်လျားသော အနက်ရောင်ဆံပင်ကို ရေချိုးကန်ထဲတွင် စိမ်ထားသည်။ အခန်းထဲမှာ အငွေ့များ ဝေ့တက်ကာ အခန်းတွင်း အပူချိန်က မြင့်တက်လာ၏။ ပန်းဟွာ သည် သူမ၏ ပခုံးကို အသာအယာ ကိုက်ကာ ပန်းရောင်ဖျော့ဖျော့ အမှတ်အသား ချန်ရစ်ခဲ့သည်။
"ရှင်က ခွေးလား" ပန်းဟွာသည် အကိုက်ခံရသည့်နေရာကိုလက်ဖြင့် ဖုံးအုပ်လိုက်သည်။ထို့နောက် သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသော ရုံရှားကို ရေချိုးကန်ထဲသို့ ဆွဲခေါ်လိုက်သည်။ ရေများ စိုစွတ်ပြီး ဆွဲဆောင်မှုရှိသော သူ့ကိုကြည့်ပြီး သူမ လည်ပင်းကို ဖက်ထားလိုက်၏။
"ကျွန်မ ရေချိုးချင်လား"
ရုံရှား သည် သူမ၏ ဖြူစင်ပြီး နူးညံ့သော ရင်ဘတ်ကို ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။
"ဟွာဟွာ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မြင့်မြတ်တဲ့တောင်ပေါ်မှာ နတ်ဆိုးမတစ်ကောင်ရှိနေတယ်လို့ ပြောကြတယ်၊ သူမကို မြင်တဲ့သူတိုင်းက အရူးအမူးဖြစ်ပြီး သူမကို ခေါင်းတွေပါ လှူပစ်ချင်ကြသတဲ့... ဒါဆို မင်းက အဲဒီနတ်ဆိုးမလား"
"ကျွန်မ ဟုတ်လား မဟုတ်ဘူးလား မြည်းစမ်းကြည့်တာ ရှင် မသိဘူးလား"
ပန်းဟွာက တိုးတိုးလေးရယ်သည်။ မကြာမီ ရေချိုးကန်ထဲက လူနှစ်ယောက်၏ အပူချိန်က တငွေ့ငွေတက်လာတော့၏။
"တုကျိုး "
ကျောက်ကျုံး သည် ခြံဝင်းထဲမှ ထွက်လာခဲ့သည်။ ဤအိမ်သည် မူလက အရာရှိတစ်ဦး၏ နေအိမ်ဖြစ်သည်။ သို့သော်လည်း ဤအရာရှိသည် လူများကို နှိပ်စက်ခဲ့ခြင်းကြောင့် ၎င်းအား ကြိုးပေးကာကွက်မျက်ခဲ့သည်။
တုကျိူးသည် ခြံတံခါးအပြင်ဘက်တွင်ရပ်နေသော အစောင့်အကြပ် တစ်ဦး ရပ်နေသည်ကို မြင်လိုက်ရပြီး မေးသည်။
"ဒီတစ်ခါ သခင်ဝမ် မပါဘူးလား"
"သူ လမ်းမလျှောက်နိုင်ဘူး၊ သူ့လက်တွေကလည်း စာမရေးနိုင်သလို၊ မျက်လုံးတွေလည်း မမြင်ရဘူး၊ စစ်တပ်ကို ဘယ်လို လိုက်နိုင်မှာလဲ"
တုကျိူး သည် ဝမ်ချွီ လုပ်ဆောင်ခဲ့သည်များကို ပြောမပြပေ။သူသာပြောလျှင် အဟောင်းက အသစ်ဖြစ်ကာ သူ့သခင် စိတ်ဆင်းကဲနေပေမည်။ကျောက်ကျုံးသည် ဝမ်ချွီ ၏စကားကိုကြားသောအခါ တစ်ခုခု မကောင်းတာဖြစ်ထားမှန်း နားလည်လိုက်၏။ သူသည် ပတ်ပတ်လည်ကို ကြည့်ကာ ကျောက်လှေကားထစ်ပေါ်တွင် ထိုင်လိုက်သည်။
"မင်းက သခင်နဲ့အတူရှိနေတဲ့ လူပဲလေ၊ သခင့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ငါ မေးဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ ပန်းဟွာ နဲ့ ငါတို့မိသားစုမှာ အဆက်အသွယ်ဟောင်းတွေရှိတယ်၊ ဒါကြောင့် သူမ ဘယ်လိုနေထိုင်တယ်ဆိုတာ ငါသိချင်တယ်၊သူမ စိတ်အေးချမ်းသာဖို့ကလွဲလို့ တခြားဘာကိုမှ မလိုချင်ဘူး"
တုကျိူးက သူ့ဘေးနားကို လျှောက်သွားပြီး ထိုင်နေရင်း "ကျွင်းကျူးက သခင်ရဲ့ဇနီး၊ သူမ ကောင်းကောင်း မနေနိုင်ဘူးဆိုတာ မရှိဘူး"
"အို၊ ငါတို့က သူငယ်ချင်းဖြစ်ခဲ့တာ နှစ်အတော်ကြာပြီလေ၊ မင်းငါ့ကို ဒီလိုစကားတွေပြောစရာ မလိုဘူး၊ ငါဒီလိုစကားတွေကြားရတာ မကြိုက်ဘူး" ကျောက်ကျုံးက ခါးသီးစွာ ပြုံးလိုက်သည်။
"ငါတို့ ကျောက်မိသားစုနဲ့ ပန်းဟွာကျွင်းကျူး တို့ရဲ့ ဆက်ဆံရေးက မင်းလည်း သိသားနဲ့"
တုကျိုးက စိတ်တိုတိုနှင့် ပြောသည်။
"ကျွန်တော် သိလို့မို့လို့ ထပ်မပြောချင်တော့တာပါ၊ ကျင်းမြို့တော်မှာ ခင်ဗျားလည်း နေခဲ့တာပဲ၊ အခု သူတို့လက်ထက်ပြီးတော့ ကျွင်းကျူးကို သခင်ဘယ်လောက်တန်ဖိုးထားလဲဆိုတာ ကျွန်တော် မြင်နေကြားနေရတာပါ၊ကျွန်တော်သာ ခင်ဗျားဆိုရင် နောက်ဆို ဒီကိစ္စကို မပြောတော့ဘူး"
"မပြောရင် မပြောနဲ့တော့၊ သခင်နဲ့ ကျွင်းကျူးအကြောင်း ဒီလောက်ဆို ငါလည်း သိရပါပြီ"
ကျောက်ကျုံးက တုကျိုး ပြောသည်ကိုကြားလျှင် သူလုံးဝစိတ်မဆိုးဘဲ ပြုံးပြုံးရွှင်ရွှင်နှင့် ပြော၏။
"ငါတို့မိသားစုရဲ့ ကလေးနှစ်ယောက်က ကျွင်းကျူးနဲ့ စကားပြောပြီးကတည်းက သူမကိုတအားချစ်နေကြတာလေ၊ သူတို့အဖေက ငါဆိုတာတောင် မေ့နေကြတာ"
တုကျိုးက ကိုယ့်ကိုယ်ကိုယ် ကျေနပ်သည့်ပုံစံနှင့် "အဲဒါ ဘာမှမဟုတ်ပါဘူး၊ ကျွန်တော်တို့ ကျွင်းကျူးရှေ့မှာ ဦးညွှတ်ရတဲ့ ယောက်ျားလေးတွေ အများကြီးရှိတယ်၊ ခင်ဗျားရဲ့ ကလေးတွေကလည်း သူမကို သိပ်ချစ်တာ မထူးဆန်းပါဘူး"
တုကျိုး က သူမကိုကျွင်းကျူးဟု ခေါ်ခိုက်၍ ကျောက်ကျုံး ရယ်လိုက်မိသည်။ မသိရင် တုကျိုးက ရုံရှား တပည့်မဟုတ်ဘဲ ကျွင်းကျူး တပည့်လိုလိုပဲ...
သို့သော် အခြားသော ဗျူဟာသမားများအနက်၊ ပန်းဟွာ သည် အလွန်အသုံးဝင်ခဲ့သည်။ ပန်းဟွာကျွင်းကျူးသည် မိသားစုနှင့် လက်ထပ်ပြီးနောက်တွင်ပင် သူနှင့် အလွန်ရင်းနှီးခဲ့သည်။ ရိုးသားသူဆိုသည်မှာ စိတ်ထားရိုးသားကြသူများကို ဆိုလိုခြင်းပင်။ဝမ်ချွီသည် ဉာဏ်ပညာနှင့် ပြည့်စုံသော်ည်း ဆင်ခင်တုံတရားမဲ့သူဖြစ်၏။
"လင်နဲ့မယားဆိုတာ တစ်သားတည်းပဲ၊ ကျွင်းကျူး က ခင်ဗျားရဲ့ သားသမီးတွေကို ချစ်တာဟု သခင်က ချစ်တာပဲပေါ့၊ ကျွင်းကျူးက မြင်းစီးတာ၊လေးပစ်တာ၊ ကိုယ်ခံပညာလည်း ကျွမ်းကျင်တယ်၊ခင်ဗျားရဲ့ကလေးနှစ်ယောက်ကိုလည်း သူမဆီက သိုင်းကွက် တစ်ခု ဒါမှမဟုတ် နှစ်ခုလောက် သင်ယူနိုင်ရင် ကောင်းတာပေါ့"
ကျောက်ကျုံး ရုတ်တရက် နားလည်သွားသည်။ တုကျိုးသည် ကောကုန်း နှင့် ကျွင်းကျူး ကြား ဆက်ဆံရေး မည်မျှ ကောင်းမွန်ကြောင်း သူ့ကို ပြောပြနေခြင်းဖြစ်သည်။ သခင်၏ဗျူဟာမှူးများအားလုံးသည် ပန်းဟွာကျွင်းကျူး ၏ နောက်ကွယ်မှပါဝါကို စဉ်းစားမ်ကြသည်။ တော်ဝင်မင်းသမီးကြောင့် ပန်းမိသားစုဟာ ရုံရှား နန်းတက်တာကို သဘောမတူနိုင်မှာလား။ ထိုသံသယများကို တုကျိုးက စကားတစ်ခွန်းတည်းဖြင့် သခင်တို့ ဇနီးမောင်နှံသည် တစ်သားတည်းဖြစ်ကြောင်း ချေပလိုက်တာပင်။
ဤစကားသည် အခြားသူများနှင့်ဆိုလျှင် သက်ဆိုင်မည်မဟုတ်သော်လည်း သခင်ကတော့ မတူပေ။သူ့မှာ အရေးကြီးသည့် မိသားစုဝင်၊ ဆွေမျိုးများ မရှိပေ။ သူနှင့် အရင်းနှီးဆုံးလူက ပန်းဟွာကျွင်းကျူး ပင်။
ပြိးတော့ အရင်က သိမ်းယူထားခဲ့တဲ့ ကျားတံဆိပ်ကို၊ ကျွင်းကျူးကသာ သူ့ကို မပေးလိုက်ရင် ဘာဖြစ်မလဲ...တကယ်လို့ သူတို့မှာ ကျားသုံးကောင်မရှိခဲ့ရင် အခုအချိန်အထိ ခံနိုင်ရှိမှာမဟုတ်ဘူး။ပန်းဟွာကျွင်းကျူးက ဒီလောက် အရေးကြီးတဲ့ဟာကို ပေးခဲ့တာ၊ဒီချစ်ခင်ရင်းနှီးမှုကို အပြင်လူတွေက ဘယ်လိုမြင်ကြမလဲ...
ရုံမိသားစု စစ်တပ်သည် တိုင်ကျိုးတွင် ခုနှစ်ရက်ကြာ အနားယူခဲ့သည်။ အလုံအလောက်ပြင်ဆင်ပြီးနောက်တွင် အင်ပါယာတရားရုံးက ရုံမိသားစု စစ်တပ်ကို ဖျက်ဆီးရန် စစ်တပ်တစ်ခုစေလွှတ်ခဲ့ကြောင်း ကြားသိရသည်။သူပုန်တပ်အားလုံးကို တစ်ရှိန်ထိုး ဖျက်ဆီးဖို့ ကြံစည်ကြခြင်းဖြစ်၏။
ရုံရှား တွင် စစ်သားစုစုပေါင်း ၁၅၀,၀၀၀ သာရှိသည်။တယဲ့မင်းဆက်၏စစ်တပ်တွင် စစ်သား ၃၅၀,၀၀၀ ရှိသည်ဟုဆိုသည်။ စစ်တပ်မှ စားနက်ရိက္ခာပြတ်လပ်၍ ရေငတ်သေဆုံးသူများကို ဖယ်လိုက်ပါက စစ်သည် စစ်သည် ၂၀၀,၀၀၀ ခန့် ကျန်ခဲ့သည်ဟုခန့်မှန်းရသည်။
ပန်းဟွာ သူမပါးစပ်က စီးနေသလားဟုတောင် ထင်မိသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူမသည် ပုန်ကန်မှုကို ဟာသတစ်ခုလို ပြောခဲ့သည်။ ယခုဆို တယဲ့ စစ်တပ်သည် အရှိန်နှင့် ချဉ်းကပ်လာနေသည်။ သူမ လက်ထောက်ရာထူးတွင် ထိုင်နေကာ စစ်သား၏ အစီရင်ခံစာကို နားထောင်ပြီးနောက် မေးလိုက်၏။
“စစ်တပ်ကို ဦးဆောင်နေသူက ဘယ်သူလဲ”
"မင်းသာချန်ချင်ဝမ်က စစ်တပ်ရဲ့ ဦးစီးချုပ်ပါ၊ရှစ်ကျင်းက ဒုခေါင်းဆောင်ပါ"
"သူတို့လား..." ပန်းဟွာ အံ့သြသွားသည်။ "ရှစ်ကျင်းက အိမ်ရှေ့စံဘက်က မဟုတ်ဘူးလား"
"ရှစ်မိသားစုရဲအသက်တွေက အာဏာရှင်လက်ထဲမှာပဲ ရှိတာ၊ ရှစ်ကျင်းက ကျန်းလောစကားကို နားမထောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
ငွေရောင်သံချပ်ကာဝတ် ဗိုလ်မှူးသည် ရှစ်ကျင်းကို သဘောကျသော်လည်း သူသိထားသမျှ ပြန်ပြော၏။
"ဒါကြောင့် ကျန်းလောက ရှစ်ကျင်းကို စစ်တိုက်ဖို့ သတ္တိရှိရှိ လွှတ်လိုက်တာပဲ"
ပန်းဟွာ ခေါင်းခါလိုက်သည်။ ရှစ်မိသားစုကို စာနာသင့်သလား သူမ မသိတော့။
နှစ်ပေါင်းများစွာ လူချမ်းသာသခင်လေးဖြစ်ခဲ့ရပြီးနောက်၊ နောက်ဆုံးတွင် ကျန်းလော ၏ လှည့်စားခြင်းကိုပင် ခံခဲ့ရသည်။ဂုဏ်သိက္ခာရှိသည့် ဝန်ကြီးချုပ်၏သားတောင်မှ သူ့ဆန္ဒကို ဆန့်ကျင်ပြီး လုပ်ခဲ့ရ၏။
ရုံရှား သည် ပန်းဟွာကို တစ်ချက်ကြည့်လိုက်သည်။ "သွားပြီး အချက်အလက်တွေ ရှာဖွေပါ"
"ဟုတ်ကဲ့"
သုံးရက်အကြာတွင် ရုံရှားသည် ရုံမိသားစု စစ်တပ်ကို ယုံကျိုးသို့ ခရီးနှင်ခဲ့သည်။ ယုံကျိုး၏ မြေမျက်နှာသွင်ပြင်မှာ အန္တရာယ်သိပ်မရှိသော်လည်း ယုံကျိုးကို သိမ်းပိုက်လိုပါက ချင်ရှား မြစ်ကို ဖြတ်ကျော်ရမည်ဖြစ်သည်။ ရုံရှား ၏တပ်များရောက်လာသောအခါ မြစ်ပေါ်ရှိ သံကြိုးတံတား ပျက်ဆီးသွားခဲ့သည်။
ရုံရှားသည် ငြိမ်သက်ပြီး ကျယ်ဝန်းသော မြစ်တစ်ဖက်ကမ်းရှိ တယဲ့စစ်တပ်ကို ကြည့်လိုက်သည်။ သူ စကားတစ်ခွန်းမှ မပြောခဲ့။
နှစ်နာရီကြာသော် လှေတစ်စင်း သည်ဖက်ကို လှော်တက်လာသည်။လှေပေါ်တွင် သံတမန် သုံးဦး လိုက်ပါလာသည်။ သူတို့သည် ရုံရှား ကို လက်နက်ချရန် ဖြားယောင်းသွေးဆောင်ကာ အကျိုးကျေးဇူးများစွာ ပေးမည်ဟု ကတိပေးခဲ့သည်။ကတိများထဲမှတစ်ခုမှာ ပန်းမိသားစု ၏ ရာထူးကို ပြန်လည်အပ်နှင်းမည်ဟုဆိုသည်။
သူ ဒီအဆင့်ကို ရောက်နေပြီဆိုတော့ ရုံရှား ဘယ်လိုလုပ် လက်မြှောက်နိုင်မလဲ။ သူက သံတမန်သုံးဦးကို အေးအေးဆေးဆေးကြည့်ကာ ပြန်မေးသည်။
“ပြည်သူတွေ ဒုက္ခရောက်နေတယ်လို့ ထင်သလား၊မထင်ဘူးလား"
သံတမန်သုံးယောက်က စိတ်မသက်မသာဖြစ်ပုံရသည်။ သူတို့ထဲက တစ်ယောက်က ဦးညွတ်ပြီး "ကောကုန်းချမ်အမ်၊ အရာရှိတစ်ယောက်အနေနဲ့ ကျွန်တော်တို့က ဧကရာဇ်ကို သစ္စာစောင့်သိသင့်တယ်..."
ရုံရှား က သံတမန်သုံးယောက်ကို လေးနက်စွာကြည့်လိုက်သည်။
“အင်ပါယာတရားရုံးရဲ့ အရာရှိတစ်ယောက်အနေနဲ့ တိုင်းပြည်နဲ့လူမျိုးကို ချစ်ရမယ်ဆိုရင် ကျွန်တော်ဟာ အရည်အချင်းမပြည့်မီပါဘူး၊ ကျွန်တော် ဒီလိုလုပ်နေတာဟာ မြင်းရထားကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့ ခြင်တစ်ကောင်လို ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ပြည်သူတွေကိုလည်း ကယ်တင်ချင်ပါတယ်၊ခင်ဗျားတို့ရဲ့သစ္စာစောင့်သိမှုကို လေးစားပါတယ်၊ ဒါပေမယ့် ပြည်သူတွေအတွက်၊ ဧကရာဇ်အပေါ် သစ္စာမဲ့ခြင်းရဲ့ ဒုက္ခတွေကို ကျွန်တော် သည်းခံဖို့ ဆန္ဒရှိတယ်"
သံတမန်များသည် ဤစကားကိုကြားသောအခါ ရှက်သွားကြသည်။ ကောကုန်းချမ်အမ် သည် ကျိုးနွံသော လူကြီးလူကောင်းတစ်ဦးဖြစ်သည်။ ဒီနေ့ သူ ဒီနေရာကို ရောက်လာတာက သစ္စာမရှိလို့ပဲလား။ မဟုတ်နိုင်ဘူး... ဧကရာဇ်ကို မခံမရပ်နိုင်ဖြစ်ပြီး ပြည်သူတွေဒုက္ခရောက်နေတာကို မကြည့်ရက်နိုင်တဲ့ အမျိုးကောင်းသားတစ်ယောက်ဖြစ်လို့ပါ...
သူတို့သည် ရုံရှားလောက် မတော်ကြချေ။ယခုလို ရုံရှားကို ဆွဲဆောင်ဖို့ ရောက်လာခြင်းသည် အမိန့်ကို လိုက်နာရုံသာဖြစ်၏။ ရုံရှား ကို မဆွဲဆောင်နိုင်ဘူးဆိုတာ သူတို့ကောင်းကောင်းသိသည်။
ဆံပင်ဖြူဖြူ မုတ်ဆိတ်မွေးရှိသည့် အဘိုးကြီးတစ်ယောက်က ရုံရှား ကို လေးလေးနက်နက် ဦးညွတ်လိုက်သည်။ "ကောကုန်း ရဲ့ အတွေးအမြင်တွေကို ကျွန်တော်တို့ နားလည်ပါတယ်၊ကျွန်တော်တို့ ပြန်သွားပြီး စစ်ဦးစီးချုပ် ကို သတင်းပို့ပါမယ်"
ရုံရှား ကလည်း သဘောတူလိုက်၏။
သံတမန် သုံးယောက်သည် တဲထဲမှ ထွက်သွားကြသည်။ရုံမိသားစု စစ်တပ်၏ အရှိန်အဟုန်ကိုမြင်ရပြီး တယဲ့စစ်တပ်တွင် တိုက်ခိုက်ရေးစိတ်ဓာတ်မရှိခြင်းအကြောင်း တွေးကာ ခေါင်းကို ခါယမ်းလိုက်သည်။ စစ်သူကြီးပန်း အသက်မရှင်သေးပါက နယ်ချဲ့တရားရုံးစစ်တပ်သည် သူပုန်စစ်တပ်၏တိုးတက်မှုကို ရပ်တန့်နိုင်မည်ဖြစ်သည်။
သို့သော် စစ်သူကြီးပန်း ၏ သားစဉ်မြေးဆက်သည် ရုံရှား နှင့်လက်ထပ်ခဲ့သည်။စစ်တပ်သုံးခု၏အချုပ်အခြာအာဏာပိုင် ကျားတံဆိပ်တောင်မှ သူ့လက်ထဲ အပ်ထားခဲ့၏။ အဆုံးမှာတော့ တိုင်းပြည်ဘယ်လိုဖြစ်လာမယ်ဆိုသည်ကို ဘယ်သူမှ အာမခံ၍မရပေ။
အင်ပါယာနန်းတွင်းစစ်တပ်နှင့် ရုံမိသားစု စစ်တပ်တို့သည် ချင်ရှားမြစ်နှစ်ဘက်စလုံးတွင် သုံးရက်ကြာ ထိပ်တိုက်တွေ့ခဲ့ကြသည်။ နှစ်ဖက်စလုံးက အင်အားသုံးဖို့ ရည်ရွယ်ချက်မရှိကြချေ။ လေးရက်မြောက်နေ့နံနက်တွင် ရှုခင်းကြည့်စင်မြင့်ပေါ်မှနေ၍ကြည့်ရာ ရုံမိသားစု စစ်တပ်သည် ပွဲတော်ကျင်းပနေသကဲ့သို့ သီဆိုကခုန်နေသည်ကို အင်ပါယာနန်းတွင်းစစ်တပ် တွေ့ရှိရသည်။ထိုလက်အောက်ငယ်သားက စိတ်ရှုပ်စွာဖြင့် အထက်လူကြီးကို သတင်းပို့လိုက်၏
မကြာခင်မှာပဲ၊ မင်းသားချန်ချင်ဝမ်နှင့် ရှစ်ကျင်းဆီကို သတင်းရောက်သွားသည်။မင်းသားချန်ချင်ဝမ်က လှောင်ပြောင်လိုက်သည်။
"ဒါက လူတွေကို စိတ်ရှုပ်အောင်လုပ်ဖို့ လှည့်ကွက်တစ်ခုပဲ၊ ရုံရှား က အေးအေးဆေးဆေး ဖြစ်နေတယ်ထင်ရပေမယ့် သူ့ရင်ထဲမှာ ဘယ်လောက်ထိ စိတ်ပူနေမှန်းမသိနိုင်ဘူး၊သူတို့ရဲ့ အစားအစာက အကန့်အသတ်ရှိတယ်၊ငါတို့နဲ့သာအကြာကြီးတိုက်ရင် သူတို့ရှုံးမှာလေ"
ရှစ်ကျင်း သည် စားပွဲပေါ်ရှိ မြေပုံကို ကြည့်လိုက်သည်။ယုံကျိုးဘေးက ချင်စုန့်နယ်မြေကို မျက်လုံးက စိုက်ကြည့်သော်လည်း သူ ဘာမှ မပြောခဲ့ပေ။ ချင်စုန့်နယ်မြေတွင် ချင်ရှား မြစ်ကူးတံတား ရှိသော်လည်း ထိုသံကြိုးတံတားသည် ယုံကျိုး ရှိ တံတားထက် များစွာသေးငယ်ူည်။ မြစ်ကမ်းနှစ်ဘက်ရှိ မြေအနေအထားမှာ ကျဉ်းမြောင်းပြီး လမ်းကလည်း ကွေ့ကောက်၍ သွားလာရခက်ခဲသည်။ လမ်းအခြေအနေနှင့် အကျွမ်းတဝင်မရှိသော ဒေသခံများသည် လှိုင်းလေထန်သော မြစ်ထဲသို့ လွယ်လွယ်နှင့် ပြုတ်ကျသွားနိုင်၏။ ရုံရှားသည် သတိရှိသူဖြစ်တာကြောင့် သူသည် ထိုကဲ့သို့သောလမ်းကိုရွေးချယ်မည်မဟုတ်ပေ။
သူသည် မင်းသားချန်ချင်ဝမ်နှင့် များစွာ ခင်မင်ရင်းနှီးမှု မရှိခဲ့ပေ။ စစ်စခန်းထဲသို့ဝင်ပြီးနောက်၊ မင်းသားချန်ချင်ဝမ် သည် သူ့ကိုခပ်တည်တည်သာဆက်ဆံခဲ့၏။ သူ့မှန်းဆချက်ကို ပြောပြခဲ့လျှင်တောင်၊ မင်းသားချန်ချင်ဝမ် က သူ့ကို မယုံချေ။ မျှော်လင့်ထားသည့်အတိုင်း၊ သူသည် ချင်စုန့်နယ်မြေသို့ တပ်များကို ဦးဆောင်ထွက်ခွာရန် အဆိုပြုသောအခါ မင်းသားချန်ချင်ဝမ်က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။
"မင်းတို့က တပ်ဖွဲ့ဝင်တချို့ ခေါ်သွားမှာလေ ၊တကယ်လို့ ရုံမိသားစု စစ်တပ်က ရုတ်တရက် ဒီကိုလာတိုက်ခိုက်ရင် ငါတို့ ဘာလုပ်ရမလဲ"
'ကျနော် ရုံရှား နဲ့ နှစ်ပေါင်းများစွာ အဆက်အသွယ်ရှိခဲ့ပါတယ်၊ သူဘယ်လိုလူလဲဆိုတာ ကျွန်တော်သိပါတယ်၊ သူ ခိုးဝင်နိုင်အောင် တပ်ဖွဲ့တွေခွဲဖို့ လုပ်နေလောက်ပါပြီ၊ ညဘက်မှာ ကျွန်တော်တို့ကို တိုက်ခိုက်လာနိုင်ပါတယ်'
ရှစ်ကျင်း သူ့အတွေးကို လှောင်ရယ်လိုက်သည်။ပုန်ကန်သူ ရုံရှား သည် စစ်တပ်သုံးတပ်၏ ကျားတံဆိပ်ရှိသော်လည်း ယင်းအကြောင်းကို မည်သူမျှ မသိရှိထားပေ။သူနှင့် နှစ်အတော်ကြာ အဆက်အသွယ် ရှိခဲ့လျှင်တောင်မှ သူ့လို လျှို့ဝှက်တတ်သူထံမှ ဘာမှသိရမှာမဟုတ်ပေ။
xxxx