အပိုင်း၁၆၄
Viewers 14k

Chapter 164


နင်းဝမ်မင်းသား နန်းတက်ပြီးကတည်းက မင်းသားချန်ချင်ဝမ် သည် စစ်ဌာနချုပ်မင်းသားမှ မင်းသားတစ်ပါးအဖြစ် ရာထူးတိုးမြှင့်ခံရသည်။ သူသည် နင်းဝမ်မင်းသား နှင့် နဂိုကတည်းက မတည့်ရှုခဲ့၍ ယခုလို ဖြစ်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။  ယခုတွင် မင်းသားချန်ချင်ဝမ် သည် မြို့တော်တွင် အာဏာပြလျက်ရှိပြီး မည်သူမျှ သူ့ကို မစော်ကားဝံ့ပေ။ မင်းသားချန်ချင်ဝမ်သည် သူ့ကိုယ်သူ စမတ်ကျသည်ဟု ထင်နေသူဖြစ်သည်။သူသည် မာနအလွန်ကြီးပြီး သူအမုန်းဆုံးအရာမှာ အခြားသူများက သူ့ဆုံးဖြတ်ချက်ကို မေးခွန်းလာထုတ်ခြင်းဖြစ်သည်။


ရှစ်ကျင်း သည် အေးဆေးတည်ငြိမ်သော ကိုယ်ရည်ကိုယ်သွေးရှိသည်။  သူဘာမှ မလုပ်ခင် သေသေချာချာ စဉ်း စားတတ်သည်။ထို့ကြောင့် သူတို့နှစ်ဦးသည် ဆန့်ကျင်ဘက်ပင်။


 စစ်ဗိုလ်ချုပ်ချင်း မပြေလည်လျှင် တပ်ရလည်းစည်းလုံးမှုပျက်ပြားတတ်သည်။သို့ဖြစ်၍ ရှစ်ကျင်း သည် မင်းသားချန်ချင်ဝမ် နှင့် အငြင်းအခုံမလုပ်ချင်ပေ။ကမ္ဘာကြီး ပြိုလဲသွားလျှင်တောင် ဤအခြေအနေထက် ပိုမဆိုးနိုင်လောက်ဟု သူ့စိတ်ထဲမှာ ထူးဆန်းသည့် အတွေးတစ်ခု ရှိနေခဲ့လေသည်။


 တခါတရံတွင်၊ မင်းသားချန်ချင်ဝမ် ချသော ဆုံးဖြတ်ချက်များသည် မှားယွင်းကြောင်း သိသော်လည်း သူက အလိုက်အထိုက်သာနေခဲ့သည်။


 မြစ်တစ်ဖက်ကမ်းတွင် နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက်၊တတိယမြောက်ည၌ ရုံမိသားစု စစ်တပ်သည် တံတားပေါ်တွင် ပျဉ်များခင်းပြီး မြစ်တစ်ဖက်ကမ်းကို တိုက်ခိုက်ရန် ကြံရွယ်ခဲ့သည်။ သို့ရာတွင် သူတို့အား ကောင်းစွာပြင်ဆင်ထားသော အင်ပါယာစစ်တပ်မှ ဦးဆုံး ရှာဖွေတွေ့ရှိခဲ့ပြီး အလျင်အမြန်ဆုတ်ခွာခဲ့ရသည်။


 မင်းသားချန်ချင်ဝမ်သည် ကငးမျှော်စင်ပေါ်တွင် ရပ်ကာ ရုံမိသားစု စစ်တပ်ကို အင်ပါယာတရားရုံးစစ်တပ်က ပြင်းထန်စွာ အနိုင်တိုက်သဖြင့် လက်နက်များ ပစ်ချကာ သနားစရာကောင်းလောက်အောင် ထွက်ပြေးသွားသည်ကို စောင့်ကြည့်နေခဲ့သည်။  သူ့မျက်နှာပေါ်တွင်လည်း ကြည်နူးမှု အရိပ်အယောင်များ ပေါ်လာသည်။ ရုံရှား သည် အငြိမ်မနေဘဲ ဤကဲ့သို့သော အပြုအမူမျိုးကို ပြုလုပ်လေ့ရှိကြောင်း သူ သိသည်။ 


 "ဗိုလ်ကြီး၊ ကျွန်တော်တို့ မြစ်တစ်ဖက်ကမ်းကို တိုက်ရမှာလား"


မင်းသားချန်ချင်ဝမ် က ပြုံးပြီး "မလိုဘူး၊ ရုံရှားက ငါတို့မြစ်ကိုဖြတ်ဖို့စောင့်နေတာ၊သူ့အကြံမအောင်မြင်စေရဘူး"


 နောက်ညအနည်းငယ်တွင် ရုံမိသားစု စစ်တပ်မှ လူများသည် မြစ်ကိုဖြတ်ကူးရန် လုပ်သော်လည်း အကြိမ်တိုင်း မအောင်မြင်ခဲ့ပေ။တဖြည်းဖြည်းချင်း၊ အင်ပါယာစစ်တပ် သည် ရုံမိသားစု စစ်တပ်မှာ ယခင်ကလို သီချင်းဆိုခြင်း၊ ကခုန်ခြင်းများ မလုပ်တော့ကြောင်း တွေ့ရှိခဲ့သည်။ မီးခိုးခေါင်းတိုင်များမှ မီးခိုးများပင် တဖြည်းဖြည်း လျော့နည်းလာသည်။သို့ဖြစ်၍ သူပုန်စစ်တပ်မှာ စားနပ်ရိက္ခာ လုံလုံလောက်လောက် မရှိဘူးဆိုသည်က သေချာသလောက်နီးပါးပင်။


သူပုန်စစ်တပ်က လက်နက်ချဖို့ စောင့်ဆိုင်းနေချိန်မှာပင်၊ ချင်စုန့်နယ်မြေကနေ အရေးပေါ် အစီရင်ခံစာတစ်စောင် ရုတ်တရက် ရောက်လာ၏။ သူပုန်စစ်တပ်သည် မြစ်ကိုဖြတ်ပြီး ချင်စုန့်နယ်မြေ၏ မြို့တံခါးများကိုဖောက်ရန်ရည်ရွယ်ခဲ့သည်။ စစ်ကူတောင်းချင်သည့် သဘောမျိုးပင်။


 "ဘာ....."  မင်းသားချန်ချင်ဝမ်က သတင်းပို့လာသော စစ်သားကို မယုံကြည်နိုင်စွာ ကြည့်ပြီး "ရုံရှားက ချင်စုန့်နယ်မြေကို တိုက်ခိုက်ဖို့ ဘာလို့ တပ်တွေကို ဦးဆောင်ရမှာလဲ"


သွားပြီ၊သူ ရုံရှား ဆီကနေ လှည့်စားခံခဲ့ရပြီ။


 အစကတည်းက ရုံရှား သည် ယုံကျိုးကို တိုက်ခိုက်ရန် အစီအစဉ်မရှိခဲ့ပေ။ သူတို့ဘက်က ယုံကျိုးကို အာရုံစူးစိုက်ထားသည်ဟု ယုံကြည်စေရန် စစ်သားများကို ညပေါင်းများစွာ ဖြည်းဖြည်းချင်း တိုက်ခိုက်စေခြင်းပင်။


 "အရှင့်သား၊ အခု ကျွန်တော်တို့ ဘာလုပ်ရမလဲ"


မင်းသားချန်ချင်ဝမ်သည် ရှစ်ကျင်း ကို ကြည့်လိုက်ပြီး ခဏအကြာတွင်  "ရှစ်ကျင်း၊ မင်းက သူပုန်စစ်တပ်ကို သတ်ဖို့ ချင်စုန့်နယ်မြေကို တပ်ဖွဲ့ဝင်တွေ ပို့၊ရုံရှား က အရမ်းပါးတယ်၊ သူပုန်စစ်တပ်ရဲ့ အစိတ်အပိုင်း တချို့က ချင်စုန့်နယ်မြေကို တိုက်ခိုက်မှာကို စိုးရိမ်တယ်၊သူပုန်တပ်ရဲ့ အဓိက ပစ်မှတ်က ဒီမှာ ရှိနေတာနော်"


 "ဟုတ်ကဲ့" ရှစ်ကျင်းက အမိန့်ကိုနာခံပြီး တဲထဲက ထွက်လာခဲ့၏။


ရှစ်ကျင်းသည် ချင်စုန့်နယ်မြေကို ကာကွယ်ရန် တပ်ဖွဲ့ဝင်များကို ဦးဆောင်ရန် စတင်လုပ်ဆောင်ခဲ့ကြောင်း တဲရှိ စစ်သားများအားလုံး သတိရနေသေးသည်။သို့သော်လည်း မင်းသားချန်ချင်ဝမ်မှ သဘောမတူသောကြောင့် လက်ရှိအခြေအနေသို့ ဦးတည်သွားခဲ့သည်။ သို့သော်လည်း မင်းသားချန်ချင်ဝမ်၏ ဒေါသကို မြင်လိုက်ရသဖြင့် မီးထဲသို့ လောင်စာထည့်ရန် မည်သူမျှ ဝံ့မရဲခဲ့ကြပေ။


ဤတစ်ကြိမ်မှာတော့ မင်းသားချန်ချင်ဝမ် မှန်ကန်စွာ ခန့်မှန်းခဲ့သည်။ ချင်စုန့်နယ်မြေကို တိုက်ခိုက်ခဲ့သော ရုံမိသားစု စစ်တပ်သည် အမှန်တကယ်ပင် သူပုန်တပ်၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ဖြစ်သည်။ သူပုန်တပ်၏ ခေါင်းဆောင်မှာ ပန်းဟွာဖြစ်သည်။ သူမသည် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး မြို့တံခါးရှိ စစ်သည်များ၏ ဆဲဆိုသံများအား နားထောင်ရင်း စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။


 "ရုံရှား ကွပ်ကဲမှုအောက်က ယောက်ျားမရှိတော့ဘူးလား၊ သူက ဘာလို့မင်းလိုမိန်းမကို ဦးဆောင်ခိုင်းတာလဲ"


ပန်းဟွာသည် စစ်သားဆယ်ဦးနှင့် မနားတမ်းရန်ဖြစ်နေခဲ့သည်။  နောက်ဆုံးတွင် မြို့တံခါးရှိ စစ်သူကြီးသည် ဒေါသတကြီးဖြင့် သူ့တပ်သားများနှင့်အတူ ပြေးထွက်လာခဲ့သည်။  ဤလူသည် အရပ်ရှစ်ပေရှိပြီး လက်ထဲတွင် ချွန်နေသော တူတစ်ချောင်းကို ကိုင်ထားသည်။သူမကို အရှုံးမပေးဘဲ သတ်ချင် နေပုံရသည်။


 "ဟိုက်ယား"


ပန်းဟွာသည် မြင်းပေါ်မှနေ၍ လေးကို ထုတ်ကာ မြှားတစ်စင်း ပစ်လိုက်သည်။  အော်ဟစ်ဆဲဆိုနေသည့် အမျိုးသား၏ ရင်ဘတ်မှာ မြှားထိုးစိုက်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။


 သူ​တို့​ ခေါင်း​ဆောင်​သေဆုံး​သွား​သည်​ကို​မြင်​ရ​သော​အ​ခါ စစ်သားများတို့​အံ့​ဩ​သွားကာ လှည့်ပြီး မြို့ကို ပြန်ဖို့ပြင်ကြသည်။သို့သော်လည်း ကောင်းကင်မှာ မြှားတံတို့က အဆုံးမရှိစွာ ပျံဝဲနေကြတော့၏။


ပန်းဟွာက အေးစက်စွာ လှည့်ကြည့်ကာ နောက်မှ စစ်သားများကို   "မှတ်ထားပါ၊ ဒါက သတ္တိကို ပြသလိုက်တာပဲ၊ တိုက်ခိုက်ကြတဲ့အခါ မင်းရဲ့ပြိုင်ဘက်ကို မထီမဲ့မြင်မပြုနဲ့၊ စောစောက သူတို့ မြို့တံခါးမှာ ကျိန်စာတိုက်နေတဲ့အချိန်မှာ ငါတို့ရဲ့ တော်ဝင်အလံကို ပစ်ချဖို့ မြားပစ်တာတော်တဲ့ ချာတိတ်တစ်ယောက်ကို ကြိုတင်အမိန့်ပေးထားသင့်တယ်၊ ဒါပေမယ့် သူက ငါ့ကို နှိမ့်ချပြီး အရှက်ခွဲဖို့လုပ်နေတော့ ငါ့လိုလူရှေ့မှာ အသက်ဆုံးရတာပဲ" 


 "ဟုတ်ကဲ့!"


 စစ်သူကြီးများအားလုံး တညီတညွတ်တည်း တုံ့ပြန်ကြပြီး သူမကို ချစ်ခင်မြတ်နိုးမှုအပြည့်ဖြင့် ကြည့်နေကြသည်။ ပန်းဟွာသည် သူတို့၏ နာခံမှုရှိသော သဘောထားကို အလွန်ကျေနပ်ကာ လက်ကိုဆန့်၍ အမိန့်ပေးလိုက်၏။


"မြို့ကိုတိုက်ခိုက်ကြ"


 မြို့ကို ခုခံခြင်းက တိုက်ခိုက်ခြင်းထက် ပိုလွယ်သော်လည်း ချင်စုန့်နယ်မြေတပ်သားများ၏ ခေါင်းဆောင်က သူပုန်စစ်တပ်၏ မြှားဖြင့် အသတ်ခံလိုက်ရတာကြောင့် စစ်သားများ စိတ်ဓာတ်ပြိုကွဲကုန်ကြသည်။ သူပုန်စစ်တပ်က မြို့တံခါးကို ဖောက်ဝင်တော့မည့်အချိန်မှာ စစ်သားတော်တော်များများက မြို့ကို ကာကွယ်ဖို့ သတ္တိ ဆုံးရှုံးသွားကြသည်။


 "ဗိုလ်ချုပ်" တုကျိုးသည် သူ့မျက်နှာပေါ်တွင် ပေနေသော သွေးများကို သုတ်လိုက်သည်။  “မြို့တံခါးကို ကာကွယ်တဲ့ စစ်သားတွေရဲ့ ခုခံမှု လျော့နည်းသွားပုံရတယ်"


 “မြို့ပျက်ရင် စစ်သားတွေရဲ့ စိတ်ဓာတ် ပျက်သွားလိမ့်မယ်”  ပန်းဟွာက လှံကိုင်ထားသည့် စစ်သားကို လက်ညှိုးညွှန်ပြပြီး တုကျိုးအားပြောသည်။


" ညီအစ်ကိုတွေကို ပိုကြိုးစားပြီး ချင်စုန့်နယ်မြေကို အမြန်ဆုံး ဖြိုခွင်းဖို့ ပြောပါ၊ ကျွန်မ ခန့်မှန်းတာ မမှားရင် နှစ်ရက်အတွင်း အင်ပါယာ တရားရုံးစေလွှတ်လိုက်တဲ့ စစ်ကူတွေ၊   ရောက်လာတော့မယ်"


 "ကျွန်တော် နားလည်ပါတယ်!" တုကျိုးသည် မြင်း၏ ဖင်ကို ပုတ်ကာ စစ်သည်များ၏ စိတ်ဓာတ်ကို စတင် အားပေးသည်။


 စစ်မြေပြင်မှာ ယောက်ျားနှင့်မိန်းမ မခွဲခြားကြပေ။ ရုံမိသားစု စစ်တပ် သည် ပန်းဟွာ တွင် ကျွမ်းကျင်မှုအချို့ရှိသည်ကို သိထားပြီးဖြစ်သော်လည်း၊သူမသည် ယခုလို စစ်ရေးနည်းဗျူဟာများနှင့် ကောင်းစွာလိုက်လျောညီထွေဖြစ်အောင် ကိုင်တွယ်နိုင်ည်ဟု မထင်ထားခဲ့ပေ။သူမသည် စစ်သားများကို ကွပ်ကဲခြင်းနှင့် ရန်သူများကို ရှင်းရှင်းလင်းလင်းနှင့် ထိရောက်စွာ သတ်ဖြတ်ခြင်းတွင်လည်း အလွန်ကောင်းမွန်သည်။ သူမ အတော်လေး လေ့ကျင့်ထားခြင်းမှာ ထင်ရှားသည်။


ချင်စုန့်နယ်မြေကို တိုက်ခိုက်ရန် ပန်းဟွာ နောက်သို့ လိုက်ပါခဲ့သော ဤစစ်သားများသည် နောက်ဆုံးတွင် သူမ၏ စွမ်းရည်ကို ယုံကြည်ခဲ့ကြပြီး သူမအား ကြည်ညိုလေးစားနေကြသည်။


 "ဝုန်း!"


ချင်စုန့်နယ်မြေ၏ မြို့တံခါးကို နောက်ဆုံးတွင် ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ပန်းဟွာသည် စစ်သားများကို တိုက်ခိုက်ရန်ညဦးဆောင်ခဲ့သည်။ မူလက သူမတို့ကို အထဲမှနေ၍ စစ်သားများနှင့် အရပ်သားများက အပြင်းအထန် ကြိုဆိုတိုက်ခိုက်ကြမည်ဟု ထင်ထားသော်လည်း....သူမ တွေ့လိုက်ရတာက  ဆယ်နှစ်အရွယ်ကလေးတစ်ယောက် ငိုယိုပြီး ရပ်နေတာပင်။


"လက်မြှောက်ပါတယ်ဗျာ...."


ကောင်လေးက သူ့ခန္ဓာကိုယ်နှင့် မကိုက်ညီသည့် ချပ်ဝတ်တန်ဆာကို ၀တ်ထားသည်။သူက ပိန်ပိန်သေးသေး ဖြစ်ကာ ဓားကိုင်ထားသည့် လက်ကလည်း တုန်နေ၏။ ပန်းဟွာက သူ့ကို တစ်ချက်  ကြည့်လိုက်ရုံနှင့် သူ့ခမျာ ကြောက်လွန်း၍ သူမ ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။


 တခြားစစ်သားများသည်လည်း ဤကောင်လေးထက် သိပ်မတော်ကြပေ။  သူတို့၏ မျက်နှာများသည် ကြောက်ရွံ့စိတ်သာကြီးစိုးနေကာ ခုခံရန် ရည်ရွယ်ချက် အနည်းငယ်မျှ မရှိခဲ့ပေ။  သို့သော်လည်း ထိုလူများသည် ရှေ့ဆုံးတွင် ရပ်နေကြပြီး သူတို့နောက်တွင် နွမ်းနယ်နေသော လူကြီး၊ ပျော့ညံ့သော အမျိုးသမီးများနှင့် ကလေးများသည် စုတ်ပြဲနေသော အဝတ်အစားများ ဝတ်ထားကာ ရှိနေကြသည်။


 "တုကျိုး၊ လူအရေအတွက်ကို ရေတွက်ကြည့်ရအောင်၊ ခိုးဝင်တိုက်ခိုက်မှုတွေကို သတိထားပါ" 


ပန်းဟွာသည် တုန်လှုပ်နေသော အမျိုးသမီးများနှင့် ကလေးများအား မေးဆတ်ပြရင်း ဆက်ပြော၏။ "ဒီထဲက အမျိုးသမီးတစ်ယောက်ကို စစ်သားတစ်ယောက်ယောက်က မုဒိမ်းကျင့်ဝံ့ရင် သူ့ခေါင်းကို ဖြတ်ပြီး မြို့ရိုးပေါ်မှာ ဆွဲထားမယ်" 


 "ဟုတ်ကဲ့...."


ချင်စုန့်နယ်မြေ၏ မြို့တံခါးကိုဖောက်ဖျက်ပြီးနောက်၊ အရာအားလုံးက သူမ စိတ်ကူးထက်ပိုမိုလွယ်ကူသည်။တစ်နည်းဆိုရသော် ပန်းဟွာသည် သူတို့ကိုသတ်ရန် မရည်ရွယ်ဘဲ  ကူညီပေးခဲ့ကြောင်း အဆိုပါပြည်သူများ သိရှိပြီးနောက်တွင်၊သူမ၏ အစီအစဉ်များကို ဂရုတစိုက်နာခံခဲ့ကြသည်။  


 "စစ်သူကြီး"  


ပန်းဟွာသည် မျှော်စင်ပေါ်မှဆင်းကာ နာမည်စာရင်းကို ကြည့်လိုက်စဉ်တွင် ကလေးလေးတစ်ယောက်က သူမ ရှေ့သို့ ပြေးလာပြီး မေးလိုက်၏


"စစ်သူကြီးက တကယ်သူပုန်လား"


ပန်းဟွာက သူ့ခေါင်းကို ပုတ်ကာ "ငါတို့က သူပုန်မဟုတ်ဘူး၊ လူတိုင်းကို ကယ်တင်ဖို့ ငါတို့ ရောက်နေတာ"


 ကလေးက 'ကယ်တင်ဖို့' ဟူသော အဓိပ္ပါယ်ကို နားမလည်။ သူက ပန်းဟွာကို စိုက်ကြည့်ပြီး ခဏအကြာတွင် "ဦးလေးတို့က ကျွန်တော်တို့ အစားအစာ မခိုးဘူး ဆိုတော့  လူကောင်းပဲ"


 "​ကောင်​မလေး၊ ငါက လူ​ကောင်းမဟုတ်​ဘူး၊ လူပဲ" ပန်းဟွာက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "လူတွေဆီက စားစရာတွေခိုး၊ပစ္စည်းတွေခိုးတဲ့ စစ်သားတွေက တိရစ္ဆာန်တွေပဲ"


"စစ်သူကြီး......"  


အသက် ဆယ်နှစ်ဝန်းကျင် ကလေးမလေးသည် ကမန်းကတန်းပြေးလာပြီး ကောင်လေးကို ကြိမ်ဖန်များစွာ ရိုက်လိုက်သည်။ ထို့နောက် သူမသည် ဘန်ဟန်ကို ထိတ်လန့်စွာကြည့်ကာ " မောင်လေးက အသိဥာဏ်မရှိလို့ သခင်ကို ‌ပြောမိတာပါ၊ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်"


 "မင်းရဲ့ မောင်လေးက အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ။"


 ပန်းဟွာသည် ကလေးမလေးကို အလွန် ပြုံး၍ပြောလိုက်သည်။


 “မကြောက်ပါနဲ့၊ ငါက ကလေးတွေကို အနိုင်မဘူး”


ပြီးလျှင် သူမ ပိုက်ဆံအိတ်ထဲက အဆာပြေ သရေစာအနည်းငယ်ကိုထုတ်ကာ ကလေးမလေး၏ လက်ထဲကို ထည့်ပေးလိုက်၏။ 


"ဒီမှာ မင်း စိတ်တည်ငြိမ်အောင် စားလိုက်ပါ"


 ကလေးမလေးက အဆာပြေကို ကိုင်ပြီး မလှုပ်ရဲပေ။


 "မင်း တော်တော် သတိထားတာပဲ...." ပန်းဟွာက ကလေးမ လက်ထဲက မုန့်အားဖဲ့ပြီး စားပြလိုက်၏။ " စိတ်မပူနဲ့၊ အဆိပ်မရှိဘူး"


မိန်းကလေးသည် သူမကို တိတ်တဆိတ် စိုက်ကြည့်နေသည်။  တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ ရှက်သွားမိသည်။သူမ ခေါင်းငုံ့ပြီး မုန့်များကို ကိုင်လိုက်ရင်း မောင်ဖြစ်သူအား ဆွဲခေါ်လိုက်သည်။သူမတို့  အဝေးကို လျှောက်သွားပြီးနောက် တိတ်တဆိတ် ပြန်ကြည့်မိသည်။ သို့သော် ပန်းဟွာက ထိုနေရာမှာ မရှိတော့။


 "အစ်မ၊ အဲဒီစစ်သားက တကယ်တော်တယ်နော်"  ကောင်လေးက သူ့ပါးစပ်ထဲကို သရေစာမုန့်တစ်ခု ထည့်လိုက်ရင်း  "သူ့အဆာပြေကလည်း အရမ်းအရသာရှိတယ်"


 "စား၊ စား၊နင်လည်း စားဖို့ပဲ သိတယ်"

ကလေးမလေးက ဆူပူကြိမ်းမောင်းလိုက်၏။ "သူက လူဆိုးဖြစ်ရင် ဘယ်လိုလုပ် နင် အသက်ရှင်မလဲ"


 "ဒါပေမယ့် သူက လူကောင်းပါ....."


ကောင်လေးက ခေါင်းလှည့်ပြီး ရေရွတ်လိုက်ရာ၊ ရုတ်တရက် သူတို့ ဖြတ်သွားခဲ့သော လမ်းကြားမှ လူအနည်းငယ် ခိုးဝင်သွားသည်ကို တွေ့လိုက်ရသည်။သူ  နောက်ထပ် လှမ်းကြည့်မိပြန်သည်။


ချင်စုန့်နယ်မြေ သည် သိပ်မကြီးမားပေ။


ဒါဆို စောစောက ဖြတ်သွားတဲ့ သူတွေက ဘယ်သူတွေလဲ....သူတို့လူတွေက ဘယ်လိုအဝတ်အစားမျိုးဝတ်လဲဆိုတာ လူတိုင်း သိကြတယ်လေ။သို့ဖြစ်၍  ထိုအမျိုးသားများ၏ အပြုအမူနှင့် စကားများသည် ချင်စုန့်နယ်မြေမှ ဖြစ်ပုံမပေါ်ပေ။


တုကျိုး သည် ပန်းဟွာ၏ရုံးခန်းသို့ သွားကာ "အခုလေးတင်၊ မြို့ထဲမှာ သံသယဖြစ်ဖွယ် အရွယ်ရောက်ပြီးသူ အများအပြားရှိနေတယ်လို့ ကလေးတစ်ယောက်က သတင်းပို့လာပါတယ်"


 "သူလျှိုလား..." ဤသည်က သူမစိတ်ထဲကို အရင်ဆုံးရောက်လာသောအတွေးပင်။ သူမ အချိန်ကို တွက်ချက်ကြည့်သည်။ နယ်ချဲ့စစ်တပ်က တုံ့ပြန်ဖို့ အချိန်တန်ပြီဖြစ်၏။  


“ညီအစ်ကိုတို့ကို သတိရှိကြဖို့ ပြောပါ၊  အင်ပါယာစစ်တပ် ရောက်လာပြီ"


 " နားလည်ပါပြီ"  တုကျိုး တစ်ချက်တုံ့ဆိုင်းသွားကာ ပြောသည်။ "စစ်သူကြီး စစ်မတိုက်ခင် ဟိုဘက်ကလူတွေကို ဆဲလိုက်တာက......"


 "ဘာလဲ၊ ထူးဆန်းနေတာလား"


 "မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော်အဲဒါကို နားထောင်ပြီး စိတ်သက်သာရာရသွားတာပါ"


 " ကောင်းပါတယ်"  ပန်းဟွာက ဘောပင်ကို ဘေးသို့ ပစ်ချလိုက်သည်။  သူမသည် ဤအရာများကို စိတ်မရှည်နိုင်ဆုံးသူဖြစ်သည်။ 


"ကျွန်မတို့မိသားစုက မသန်စွမ်းတဲ့ စစ်မှုထမ်းဟောင်းတွေကို အများကြီး ထောက်ပံ့ပေးထားတယ်ဖအဲဒီ အဘိုးကြီးတွေက လူတွေကို အရမ်းငေါက်ငမ်းချင်ကြတာလေ၊ ရှင် စိတ်ဝင်စားတယ်ဆိုရင်တော့ မြို့တော်ကို ပြန်လာတဲ့အခါ သူတို့ဆီကို သွားလည်ကြည့်ပါ"


တုကျိုး အံ့သြသွားသည်။  ဒီတော့ ပန်းမိသားစုက အင်ပါယာတရားရုံးရဲ့အမြင်မှာ မသန်စွမ်းသူနဲ့ အသုံးမကျတဲ့ စစ်မှုထမ်းဟောင်းများစွာကို လျှို့ဝှက်ပံ့ပိုးပေးတာလား။


ချက်ချင်း ပန်းမိသားစုသည် သူ့နှလုံးသားထဲမှာ မယှဉ်နိုင်လောက်အောင် အဆင့်အတန်မြင့်မားလာခဲ့တော့သည်။



xxxxxx