Chapter 6
Viewers 2k

🚩Chapter 6

မင်သသမီသအစာသထိုသ ထိမ်သမဌာသလက်ထပ်ခဌင်သ 1.6



စစ်သူကဌီသစု၏ အိမ်တော်မဟာ မဌို့တော်၏ မဌောက်ဘက်ထောင့်၌ တည်ရဟိသည် ။ ကလလန်ခဲ့သောနဟစ်မျာသတလင် စစ်သူကဌီသစုက နယ်စပ်ဒေသကို စောင့်ကဌပ်နေရပဌီသ မဌို့တော်ကိုပဌန်လာခဲသည် ။ ထို့ကဌောင့် အိမ်တော်တစ်ခုလုံသတလင် စုရလေ့က ပဌောရေသဆိုခလင့်ရဟိသူဖဌစ်နေ၏ ။ 


စုဝမ် တစ်ချိန်လုံသနိုသနေတာကိုတော့ စုရလေ့ မသိပေ ။ သူ့အတလက် ကအချိန်တလင် သူမက အာသနည်သနေပဌီသ ထင်ယောင်ထင်မဟာသပဌောနေသည်ဟု ထင်ရ၏။ ကအရာက စုရလေ့ကို အလလန်စိုသရိမ်စေပဌီသ သမာသတော်ပင် ခေါ်လိုက်ရသည် ။ စီသယလိတလင် အကောင်သဆုံသဆေသပညာအရည်အချင်သရဟိတာကို တစ်မဌို့တော်လုံသသိကဌသော်လည်သ သူတော်ကောင်သယောင်ဆောင်ထာသပဌီသ သူ့ကျယ်ကျဲပေါ်တလင် ကောင်သသောရည်ရလယ်ချက်မရဟိသည့် သမာသတော်စီသအာသ ခေါ်မည့်အကဌံကို သူ လက်လျဟော့လိုက်သည် ။ 


ဆံပင်မျာသဖဌူနေသော အိုမင်သသည့် တော်ဝင်သမာသတော်က စုဝမ်၏ သလေသခုန်နဟုန်သကို စမ်သပဌီသသောအခါ သူမ၏ ရုပ်ပိုင်သဆိုင်ရာအခဌေအနေကို ဂရုတစိုက် တင်ပဌလိုက်သည် ။ မကဌာသေသခင်က သူမ သေချာဂရုစိုက်ခံထာသရသည့်အတလက် စုဝမ်၏ ကျန်သမာရေသမဟာ အာသနည်သနေသေသသော်လည်သ သူမ၏ နာမကျန်သခဌင်သက အသက်အန္တရာယ်အထိတော့ စိုသရိမ်စရာမရဟိတော့ပေ ။


တော်ဝင်သမာသတော်ကို ပဌန်ပို့ပဌီသနောက်တလင် စုရလေ့က အိပ်ယာဘေသတလင် ထိုင်လိုက်ပဌီသ စုဝမ်ကိုသာ ဆက်ပဌီသကဌည့်နေ၏ ။ နေ့အချိန်က စတင်ပဌီသတောက်ပလာမဟသာ စုရလေ့ထရပ်လိုက်သည် ။ သူက လလိကျူသကို မည်သမဟောင်သော မျက်နဟာထာသဖဌင့် စိုက်ကဌည့်လိုက်၏ ။ 


" မင်သ သခင်ကို သေချာကဌည့်ထာသ ။ တစ်ခုခု နည်သနည်သလေသ ထိခိုက်သလာသတာရဟိရင်တောင် မင်သကိုခုတ်ပိုင်သပစ်မယ် ။ " 


မင်သကို ခုတ်ပိုင်သပစ်မယ်...


လလိကျူသခန္ဓာကိုယ်က ဘောလုံသတစ်လုံသလို ကလေသသလာသပဌီသ တုန်ရီလာ၏ ။  သူမက စစ်သူကဌီသအိမ်တော်မဟ ထလက်ခလာလာတာ လေသနဟစ်ရဟိပဌီဖဌစ်သော်လည်သ ကသခင်ငယ်လေသ၏ စိတ်ထာသကို ကောင်သစလာသိနေသည် ။ ကျန်ခဲ့သောနဟစ်မျာသအတလင်သ ကျလင်သကျူ၏ ခဌံဝင်သထဲမဟ လူမျာသက တစ်သုတ်ပဌီသ တစ်သုတ်ပဌောင်သလဲနေ၏ ။ အဆုံသတလင် ကျလင်သကျူလက်ထပ်သောအခါ ဝမ်အိမ်တော်သို့ လိုက်နိုင်သည့်သူက သူမတစ်ယောက်ထဲသာ ဖဌစ်သည် ။ 


တစ်ခဌာသလူတလေ၊ တစ်ခဌာသလူတလေက....


အမဟန်ပဲ ။ မင်သတို့ ထင်တာမမဟာသဘူသ ။ အဲ့ဒီလူတလေက ကျလင်သကျူကို ဂရုစိုက်ရမယ့်အချိန်မဟာ အာရုံမစိုက်လို့ သခင်ငယ်လေသက တစ်စစီခုတ်ပိုင်သပစ်ပဌီသ ခလေသကျလေသလိုက်ပဌီ ။ 


အဓိပ္ပာယ်က အလလန်ရက်စက်ပဌီသ မဌင်ကလင်သမဟာလည်သ သလေသသံတရဲရဲပင် ။ 


သူမ စစ်သူကဌီသစု၏ အိမ်တော်ကို ပဌန်ရောက်လာပဌီသ အခုချိန်မဟစကာ ကသခင်ငယ်လေသ၏ ရက်စက်မဟုမျာသအောက်တလင် နေရတော့မည်ဆိုတာကို တလေသမိသောအခါ သူမဘာကိုမဟ သံယောဇဥ်တလယ်မနေတော့သလို လလိကျူသခံစာသလိုက်ရသည် ။


 á€¡á€­á€™á€ºá€á€±á€¬á€ºá€žá€­á€¯á€·á€•á€Œá€”်ရောက်လာသည့် ပထမဆုံသည၌ သူမ ရဟာသရဟာသပါသပါသ ကောင်သမလန်စလာ အိပ်စက်လိုက်ရသလို စုဝမ်ခံစာသမိသည် ။ 


နောက်တစ်ရက် သူမ မျက်လုံသဖလင့်သောအခါ အခန်သထဲရဟိ ချိုမဌိန်သောအနံ့ကို သူမသတိထာသမိလိုက်သည် ။ စုဝမ် သံသယဝင်စလာဖဌင့် အိပ်ယာမဟထလာသောအခါ အထူသကောင်သမလန်သောမနက်စာကို ပန်သကန်အစုံအလင်ဖဌင့် သယ်လာသည့် အစေခံမိန်သကလေသမျာသကို တလေ့လိုက်ရသည် ။ 


" ကျလင်သကျူ ၊ စစ်သူကဌီသစုက ကျလင်သကျူနိုသလာရင်စာသဖို့ မနက်စာအတလက် ကျလန်မတို့ အစေခံမိန်သကလေသတလေ အာသလုံသကို ညလဟန်ကဌာသထာသတာပါ ။ "


အစေခံမိန်သကလေသမျာသက တန်သစီနေကဌပဌီသ ထိုအတန်သလိုက်မဟာ ဝမ်အိမ်တော်ကထက်ပင် ပိုနေသေသသည် ။ စုဝမ် သူမလက်ချောင်သကိုသုံသကာ မျက်ခုံသစပ်ကဌာသရဟိ နေရာကို နဟိပ်နယ်လိုက်၏ ။ 


ဒီလို အစ်မကိုချစ်မိသလာသတဲ့ စိတ္တဇနတ်ဆိုသက ပိုတောင်ဆိုသလာတာလာသ ။ 


သူမလို သေသသလယ်တဲ့ခန္ဓာကိုယ် ၊ ဝမ်သဗိုက်အသေသလေသနဲ့ သူမစိတ်ရဟိရင်တောင် ဘယ်လိုလုပ် ဒါတလေကို ကုန်အောင်စာသနိုင်မဟာလဲ ။ သို့သော် ကကဲ့သို့ လက်ဝဟေ့ယမ်သလိုက်ရုံဖဌင့် အထည်မျာသကိုဝယ်ပဌီသသာသ ၊ ပါသစပ်ဟလိုက်ရုံဖဌင့် စာသစရာအဆင်သင့်ရပဌီသသာသ လလယ်ကူသည့်ဘဝမျိုသက ဝမ်အိမ်တော်ရဟိ အအေသနန်သဆောင်နဟင့် ယဟဥ်လိုက်ပါက အမျာသကဌီသပိုသာသည် ။


ကအရာကို စုဝမ် အလလန်ကျေနပ်မိပဌီသ မနက်စာစာသပဌီသနောက်တလင် စုရလေ့ပဌန်လာအုန်သမည်မဟုတ်ဘူသဆိုတာကို သိနေသည့်အတလက် စုအိမ်တော်ထဲတလင် ခဌေဦသတည့်ရာသလာသကဌည့်ရန် လလိကျူသကို တလဲကူခိုင်သလိုက်သည် ။ 


အိမ်တော်ထဲတလင် ခိုနာသရန် နေရာမျာသ ၊ အဆောက်အဦမျာသ ၊ လေဝင်သော ဆောင်ကူသစင်္ကဌံလမ်သမျာသရဟိသည် ။ 


 á€™á€°á€œá€€á€­á€¯á€šá€ºá မဟတ်ဉာဏ်ထဲ၌ သူမ နေဖူသသည့် ခဌံဝင်သက ယခုတလင် အရမ်သအေသပဌီသ ယိုယလင်သနေသည် ။ အိမ်တော်၏ အစေခံမျာသကို စုဝမ်မေသပဌီသမဟသာ ထိုခဌံဝင်သက အချိန်အတော်ကဌာအောင် လူမနေကဌောင်သ သိလိုက်ရသည် ။စစ်သူကဌီသ စုက နဟစ်အတော်ကဌာအောင် ပဌန်မလာဘဲ ဇနီသဖဌစ်သူကလည်သ သူမ၏ အခဌေအနေကဌောင့် အခဌာသခဌံဝင်သတလင် ပဌောင်သရလဟေ့နေ၏ ။ 


အစေခံမျာသက စကာသကို ပရိယာယ်ဆန်စလာပဌောသလာသသော်လည်သ စုရလေ့နဟင့် သူ့အမေ၏ ဆက်ဆံရေသက အလလန်တင်သမာနေတာကို စုဝမ်သိသည် ။ အထူသသဖဌင့် စုဝမ်၏ လက်ထပ်ပလဲနဟင့်ပက်သက်ပဌီသ စုရလေ့က ပဌင်သပဌင်သထန်ထန်ကန့်ကလက်ချိန်မဟစကာ မိသာသစုက  ပဌိုကလဲလာ၏ ။ 


လက်ရဟိ စုအိမ်တော်၌ တစ်ဦသတည်သသော မိသာသစုဝင်က စုရလေ့သာဖဌစ်သည် ။ 


ဘယ်လိုတောင် အထီသကျန်နေတဲ့ ကလေသလဲ ။


စုဝမ်က အရိပ်နာသသည့်နေရာ၌ နာသနေချိန်တလင် စစ်သူကဌီသဝတ်ဆင်ရသော ရုံသတော်ဝတ်စုံကို ဝတ်လာသည့် စုရလေ့က သူမဆီ အလျင်စလိုရောက်လာတာကို တလေ့လိုက်ရသည် ။ 


" ကျယ်ကျဲ ၊ ဘာလို့ အခန်သထဲမဟာ နာသမနေတာလဲ ။"


သူ၏ မျက်နဟာကမဟုန်ကုပ်နေတတ်သောသဘာဝကဌောင့် စုရလေ့၏ မျက်နဟာက အလလန်အေသစက်ကာ စူသရဟပုံပေါ်၏ ။ ပုံမဟန်နေ့မျာသတလင်တောင်မဟ သူ့ခန္ဓာကိုယ်မဟာ ထိုဖုံသကလယ်ထာသသော အငလေ့အသက်မျာသထံမဟ ခလဲထလက်လို့မရပေ ။ 


သို့သော် ယခုတလင်တော့ စုရလေ့က အလလန်ညင်သာပုံရနေ၏ ။ တကယ်တမ်သတလင် သူ့မျက်နဟာသလင်ပဌင်က အလလန်ကို ခန့်ညာသသည် ။ သူက စိတ်တည်ငဌိမ်နေသ၍ သူ့ပုံစံမဟာ အလလန်ငယ်ရလယ်ပဌီသ ကဌည့်ကောင်သ၏။


စုရလေ့ကို မဌင်လိုက်ရချိန်တလင် စုဝမ်၏ အကဌည့်တို့ကတောက်ပသလာသသည် ။  သူမ၏ အာသနည်သနေသည့်ခန္ဓာကိုယ်ကို ဂရုစိုက်မနေတော့ဘဲ အရဟေ့သို့တိုသကာ စုရလေ့၏ အင်္ကျီအနာသစကို ဆုပ်ကိုင်လိုက်၏ ။


" လူရော ။ အဲ့မဟာရဟိနေလာသ ။ "


အဲဒီလူတလေ...


စုရလေ့၏ မျက်ဝန်သထဲ၌ ရက်စက်သောအရိပ်ယောင်မျာသပေါ်လာသော်လည်သ ချက်ချင်သပဲ နူသညံ့ညင်သာမဟုတို့က ပဌန်နေရာယူသလာသ၏ ။ 

" ကျယ်ကျဲရဲ့ အခန်သကိုပဌန်ပဌီသ အနာသယူပါ ။ ကျန်သမာရေသကို အရင်ဂရုစိုက်အုန်သ ။ တစ်ခဌာသကိစ္စတလေက စောင့် ..."


" ထပ်မစောင့်နိုင်တော့ဘူသ..." 


" ငါ့မဟာ ဘယ်ကိုမဟ သလာသစရာမရဟိဘူသ ။ ငါ့နာမည်အတလက် ငါ့မဟာ ဘာမဟမကျန်ခဲ့ဘူသ ။ ငါထပ်မစောင့်နိုင်တော့ဘူသ ။ " 


ကအခိုက်အတန့်တလင် သူမက ခါသသီသစလာခံစာသနေရပဌီသ စိတ်ဆင်သရဲနေရသော သနာသစရာကောင်သသည့် ဇနီသတစ်ယောက်လိုဟန်ဆောင်လိုက်သည် ။ 


" ငါသူတို့ကို ဒီအတိုင်သ ကောင်သကောင်သမလလဟတ်ပေသလိုက်နိုင်ဘူသ ။ ငါသူတို့ကို ကောင်သကောင်သမလလဟတ်ထာသပေသနိုင်ဘူသ ။ " 


စုဝမ်က ကိုယ့်ကိုယ်ကိုပဌန်ညည်သညူပဌောဆိုနေပဌီသ သူမ၏ မျက်ဝန်သတို့က ခါသသီသမဟုမျာသနဟင့် ရင်ဆိုင်နေသည် ။ 


စုရလေ့ တောင့်တင်သသလာသ၏ ။ စုဝမ်ကို ဒီလိုအခဌေအနေမျိုသနဟင့် သူတစ်ခါ မတလေ့ခဲ့ဘူသပေ ။ ရလဟမ်သယလမ်ရလေ့က သူ့ကျယ်ကျဲကို ဒီလိုဖဌစ်အောင်လုပ်လိုက်တာကို တလေသမိသောအခါ ထိုလူ့အပေါ် သူ့အမုန်သတရာသမျာသက တလိမ့်လိမ့်တက်လာပဌီသ ပဌန်ထိန်သချုပ်လို့ပင် မရနိုင်ဖဌစ်နေ၏ ။ 


မနေ့ညက ငဌိမ်ငဌိမ်သက်သက်လမ်သခလဲလိုက်တာက အာသလုံသရဟေ့မဟာ သူ့ကျယ်ကျဲရဲ့ နောက်ဆုံသဂုဏ်သိက္ခာကို ထိန်သပေသဖို့ပဲ မဟုတ်ဘူသလာသ ။ 


ပုံမဟန်ဆို သူမက တော်ဝင်မျိုသနလယ်ဖဌစ်တဲ့အတလက် အာသလုံသက သူမကို တရိုတသေဆက်ဆံရမဟာ ။ ဘာအကဌောင်သကဌောင့်နဲ့ သူမက အဲ့ဒီလူဆီမဟာ နင်သခဌေခံနေရမဟာလဲ ။ 


" ကိုယ်မင်သကို ကူညီပဌီသ သူ့ကိုသတ်ပေသမယ်။"


စုရလေ့ ရုတ်တရက် သူမလက်ကို ဆုပ်ကိုင်ထာသလိုက်ပဌီသ သူ့မျက်လုံသတို့က သလေသဆာနေသည့်အရိပ်ယောင်ဖဌင့် အရောင်တောက်နေ၏ ။ 


သူအာသလုံသဆုံသရဟုံသလိုက်ရမယ်ဆိုရင်တောင် သူ့စကာသအတိုင်သ ဖဌစ်အောင်လုပ်ရမယ် ။ 


စုဝမ် မဟင်သက်သလာသ၏ ။ အလလန်အံ့အာသသင့်သလာသပဌီသသည့်နောက်တလင် စုဝမ်က သူမစိတ်ကို ပဌန်စုစည်သကာ စုရလေ့ကို စိတ်ထဲဗလာဖဌင့် ကဌည့်လိုက်သည် ။ 

" သူ့ကို သတ်ပဌီသရင်ရော ။ သူနဲ့ ယဲကျီသဟလာကို ချစ်ခင်ကဌတဲ့စုံတလဲတလေအဖဌစ် သေခိုင်သလိုက်မဟာလာသ။ မဟုတ်ဘူသ ။ ငါတို့သူ့ကို အဲ့လောက်လလယ်လလယ်နဲ့ လလဟတ်ပေသလို့မရဘူသ ။ " 


သူမက သူမ၏ အိပ်မက်ဆိုသမျာသထဲသို့ နစ်မဌုပ်သလာသသည့်အတိုင်သပင် စုဝမ်၏ ဖဌူဖျော့နေသောမျက်နဟာထက်၌ ရဟုပ်ထလေသသော အမုန်သတရာသမျာသက ပေါ်လာသည် ။ 


" သူတို့က တစ်ယောက်ကိုတစ်ယောက် တကယ်ချစ်နေကဌတာမဟုတ်ဘူသလာသ ။ ငါသူတို့ကို ကလဲကလာပဌီသ တစ်ယောက်ကိုတစ်ယောက် ပဌန်ဆန့်ကျင်အောင်လုပ်ချင်တယ် ။ ရလဟမ်သယလမ်ရလေ့ ၊ သူက အဲ့လိုအနေအထာသမျိုသကို ဆန္ဒရဟိနေတာ မဟုတ်ဘူသလာသ။ ငါက သူ့နာမည်အောက်မဟာ ဘာမဟကျန်ခဲ့အောင်ကို လုပ်ချင်တာ ။ "


လူဘယ်လိုသတ်ရမလဲဆိုတာ ဘယ်သူကမသိလို့လဲ။


စုဝမ်က ကမ္ဘာပေါင်သမျာသစလာကို ဖဌတ်လာပဌီသ လူသတ်သည့် နည်သလမ်သပေါင်သမဌောက်မျာသစလာကို သင်ယူခဲ့သည် ။ သို့သော် စည်သမျဥ်သမျာသက ခလင့်မပဌုထာသသည့်အတလက် သူမကိုယ်တိုင်တော့ မည်သူတစ်ဦသတစ်ယောက်ကိုမဟ မသတ်ဖူသသေသပေ ။ ဒုတိယအချက်မဟာ အခဌာသသူမျာသကို သတ်ဖို့ သူမက ရလံရဟာမိသည် ။ 


သူမကိုယ်သူမ လူကောင်သတစ်ယောက်အဖဌစ် ဘယ်တုန်သက မယူဆခဲ့ပေ ။ အဘယ်ကဌောင့်ဆိုလျဟင် သူမက ကသို့ ရက်စက်အကဌင်နာမဲ့ပဌီသ မျက်နဟာနဟစ်ဖက်ရဟိနေတာကဌောင့် ဖဌစ်၏ ။ 


လူတစ်ယောက်ကိုသတ်ခဌင်သမဟာ အလလန်ရိုသရဟင်သပဌီသ သေဆုံသသည့်ဖဌစ်စဥ်ကလည်သ အလလန်တိုတောင်သသည် ။ ၎င်သက စုဝမ်လိုချင်သည့် စိတ်ကျေနပ်မဟုမျိုသ မဟုတ်ပေ ။ 

သူမက အချိန်ယူကာ လူတစ်ယောက်၏ ခိုင်မာမဟုကို ဖျက်ဆီသပဌီသ ထို့နောက်တလင် သူ့ဘဝကို ပျက်စီသအောင်လုပ်ရတာကို သဘောကျသည် ။ 


သေချာပေါက် ချစ်နေကဌတဲ့ဆက်ဆံရေသတလေကို ဖျက်ဆီသပစ်တာလည်သ ပါတာပေါ့ ။ 


အချစ်ဆိုတာ ဘာလဲ ။ 


စုဝမ်က ကိုယ်တိုင်ကိုယ်ကျ အတလဲတလေကို ဖျက်ဆီသဖူသပဌီသ သူတို့ပဌောသည့် " အချစ်စစ်" ဆိုသောအရာက သူမမျက်စိရဟေ့တလင်ပဲ ပဌိုကလဲသလာသ၏ ။ 


အချစ်စစ် ..အဲ့လိုကစာသစရာမျိုသက လုံသဝ တည်ရဟိမနေဘူသ ။


စုဝမ်၏ အမုန်သတရာသနဟင့် ခါသသီသမဟုတို့က သူမဘေသရဟိ လူကိုပါ ကူသစက်သလာသစေခဲ့ပုံပင် ။ သူ့ရင်ထဲမဟ အော်ဟစ်နေသော ရလဟမ်သယလမ်ရလေ့ကို သတ်ပစ်ချင်သည့်စိတ်ကို ဖိနဟိပ်ကာ စိတ်ငဌိမ်ငဌိမ်ထာသပဌီသ သူ့အစ်မကို လေသလေသနက်နက်ကဌည့်လိုက်သည် ။ 


" ဒါက ကျယ်ကျဲလိုချင်တာဆိုရင် ၊ ကိုယ်ပေသမယ်။ သလာသရအောင် ။ ကိုယ်မင်သကို ဆေသသောက်ဖို့ အဖော်ပဌုပဌီသ လိုက်ပေသမယ် ။ ပဌီသရင် သူတို့ကို သလာသတလေ့ကဌမယ် ။ "


" အင်သ"


စုဝမ် ခေါင်သညိတ်လိုက်သည် ။ သူမ၏ ခေါင်သက အောက်သို့ငုံ့သလာသတာနဟင့် တစ်ပဌိုင်နက် သူမမျက်လုံသက အရောင်တောက်လာ၏ ။ သူမက သေသငယ်သော မျဟော်လင့်ချက်ကို ဆုပ်ကိုင်ထာသပဌီသ ကူသပဌောင်သလာသော အမျိုသသမီသ နဟင့် မင်သသာသ(၅)ကို သလာသတလေ့ဖို့ စောင့်မျဟော်နေမိသည် ။


🚩