အပိုင်း ၁၁၁
Viewers 12k

ဝမ်စုက သူတဖြေးဖြေးပိန်ပါးလာပြီး မှုန်မှိုင်းလာသည်ကိုမြင်နေရသည်။ သူက ဝမ်ပေါ်ကိုဘာဖြစ်တာလဲဟု မေးသော်လည်း ဝမ်ပေါ်က အိပ်မက်ဆိုးမက်သည်ဟုသာ ပြန်ဖြေလေသည်။
ဝမ်စု နားမလည်နိုင်တော့ပေ။ ဝမ်ပေါ်က သူ့ကိုကြည့်လိုက်ပြီး လက်တလောတွင် သူရထားသော အကြံတစ်ခုကိုပြောပြလိုက်သည်။
"ကျွန်တော် မွေးရပ်မြို့ကိုပြန်ချင်တယ်..."
"ကျွန်တော်တို့ငယ်ငယ်က အဖေနဲ့အမေက ကျွန်တော်တို့ ဘိုးဘိုးကြီးနေခဲ့တာဆိုပြီး ခေါ်သွားဖူးတယ်လေ... ကျွန်တော် အဲ့ဒီ့ကိုသွားချင်တယ်... မတူညီတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ နေကြည့်ချင်တယ်...."
ဝမ်စုက သူ၏မွေးရပ်မြို့ကို တစ်ခါတစ်ရံမှသွားသော်လည်း သူ့မိဘများက မကြာခဏသွားလေ့ရှိသဖြင့် ထိုအိမ်ကို သန့်ရှင်းရေးလုပ်ပေးရန် လူများငှားထားပေသည်။
ဝမ်စုက ဤမြို့နှင့်ယှဉ်လျှင် ကျေးလက်မြို့လေးမှာ အလွန်အေးချမ်းပြီး လှပ၍ ကောင်းမွန်လှကြောင်း တွေးလိုက်မိသည်။
"ကောင်းပြီလေ... ငါမင်းနဲ့အတူလိုက်ခဲ့ပြီး မင်းကိုဂရုစိုက်ပေးဖို့ လူအချို့လည်း လွှတ်လိုက်မယ်...."
ဝမ်ပေါ်က ခေါင်းငြိမ့်ပြလိုက်သည်။
သူထွက်မသွားခင် သူစစ်ကျွင်းတောက်ကသူ့ကို လာတွေ့ခဲ့သည်။ သူက စစ်ကျွင်းတောက်ကို တွေ့ရမည်ဟု မထင်ခဲ့ပေ။ စစ်ကျွင်းတောက်ကလည်း ဝမ်ပေါ်က ရက်ပိုင်းအတွင်း နှစ်ပေါင်းများစွာ အသက်ကြီးသွားသလို ဖြစ်နေမည်ဟု မထင်ခဲ့ပေ။
"ငါမင်းအတွက် ဘာလုပ်ပေးရမလဲ...."
ဝမ်ပေါ်က သူ့ကိုကြည့်လိုက်ကာ ဘာမှမပြောလိုက်ပေ။
အချိန်အတော်ကြာမှ "ငါတောင်းပန်ပါတယ်..."ဟူသော စကားတစ်ခွန်းကိုပြောလာခဲ့သည်။
စစ်ကျွင်းတောက်မှာ ဂရုပင်မစိုက်ဘဲပြန်ဖြေလိုက်သည်။
"ကိစ္စမရှိပါဘူး..."
သူကဝမ်ပေါ်၏တောင်းပန်မှုမှာ အရင်ကဝမ်မင်ယီအပေါ် လုပ်ခဲ့သည့်အရာများအတွက် တောင်းပန်ခြင်းဟုထင်ခဲ့လေသည်။
"အကုန်လုံး ပြီးဆုံးသွားပါပြီ..."
ဝမ်ပေါ်က ခေါင်းခါလိုက်ကာ သူ့ခေါင်းသူလက်ညှိုးထိုးပြလိုက်သည်။
"ငါကတော့ ရုန်းမထွက်နိုင်သေးဘူး... ဒီနေရာမှာအားလုံးရှိနေသေးတယ်... ညတိုင်းညတိုင်း အိပ်မက်အဖြစ် အကြိမ်ကြိမ်အခါခါပြန်မက်နေခဲ့တာ..."
စစ်ကျွင်းတောက်မှာ အတော်လေးနားမလည်နိုင်ဖြစ်သွားရသည်။
ဝမ်ပေါ်ကလည်း နောက်ထပ်ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်တော့ပေ။
"ငါ ကျေးလက်မှာ အချိန်တစ်ခုလောက်အထိသွားနေမလို့... စစ်ကျွင်းတောက်... မင်းတစ်ဘဝလုံးပျော်ရွှင်ငြိမ်းချမ်းပါစေလို့ ငါဆုတောင်းပေးပါတယ်...."
စစ်ကျွင်းတောက်မှာ သူထိုသို့ပြောလာမည်ဟု မထင်ထားခဲ့၍ ပြုံးပြီးပြန်ပြောလိုက်သည်။
"ဒါဆို ငါကလည်း မင်းမြန်မြန်ပြန်ကောင်းလာပါစေလို့ ဆုတောင်းပေးပါတယ်..."
ဝမ်ပေါ်က ခေါင်းငြိမ့်ပြကာ ဝှီးချဲကိုတွန်း၍ ထွက်သွားခဲ့လေသည်။
စစ်ကျွင်းတောက်မှာ သူထွက်သွားသည်ကိုကကြည့်ရင်း ရုတ်တရက်ကြီး ဝမ်ပေါ်ကသူ့ကိုသတ်ခဲ့သည့် အိပ်မက်ကို အမှတ်ရလိုက်သည်။ သို့သော် အိပ်မက်နှင့်လက်တွေ့မှာ ဆန့်ကျင်ဘက်သာဖြစ်သည်။ ယခုတွင် ဝမ်ပေါ်က ဝှီးချဲပေါ်ထိုင်နေရပြီး မျက်တွင်းတို့ချောင်ကျကာ စိတ်ပင်ပန်းနွမ်းနယ်နေပြီး သူ့တစ်ဘဝလုံး ပျော်ရွှင်ငြိမ်းချမ်းပါစေဟု ဆုတောင်းပေးလာသည်။
စစ်ကျွင်းတောက်မှာ ဘဝဆိုတာခက်မှန်းရခက်လှကြောင်း တွေးလိုက်မိသည်။ သူဝမ်မင်ယီသူ့ကိုပေးထားသော နှင်းဆီများကိုကြည့်လိုက်သည်။ ကံကောင်းစွာဖြင့် သူ၏နှင်းဆီလေးမှာ ခန့်မှန်းရလွယ်နေသေးသည်။
စစ်ကျွင်းတောက်က အိမ်ပြန်ရောက်လာသည်နှင့် ဝမ်မင်ယီကိုထိုအကြောင်းပြောလိုက်သည်။
"သူကိုယ့်ကို တစ်ဘဝလုံးပျော်ရွှင်ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးလိုက်သေးတယ်.. အတော်လေးထူးဆန်းနေတယ်နော်..."
ဝမ်မင်ယီက ဝမ်ပေါ်၏ခံစားချက်များအပေါ် အတော်လေး မူမမှန်သလို ခံစားလိုက်ရပြီး အရင်ဘဝကမှတ်ဉာဏ်များ ရလာမည်လားဟု ထင်ခဲ့သည်။ မဟုတ်ပါက ငြိမ်းချမ်းပါစေဟူသော ဆုတောင်းကိုအေးအေးချမ်းချမ်း ဆုတောင်းပေးနိုင်လောက်မည် မဟုတ်ပေ။
ဝမ်မင်ယီက ဝမ်ပေါ် စစ်ကျွင်းတောက်ကို ဓားနှင့်ထိုးလိုက်သည့်အကြောင်းကို ပြန်တွေးမိလိုက်ပြီး တုန့်ဆိုင်းစွာပြောလိုက်သည်။
"ကျွန်တော်တော့ သူမပျော်ရွှင်စေဖို့ပဲ ဆုတောင်းမိတယ်..."
"သူက ခက်ခဲတဲ့အချိန်တွေရနေပါပြီ... ကိုယ်တော့ သူ့လိုတစ်ဘဝလုံး ဝှီးချဲနဲ့မနေနိုင်သလို တစ်သက်လုံး အိပ်မက်ဆိုးတွေမက်ပြီးလည်း မနေနိုင်ဘူး.... မင်းလေးသူ့ကိုမတွေ့လိုက်လို့... တွေ့လိုက်ရင် အတော်လေးသနားမိသွားမှာ... လုံးဝကိုတက်ကြွမှုဆိုတာမရှိတော့ဘူး..."
"သူနဲ့ထိုက်တန်တာပဲလေ.."
ဝမ်မင်ယီကပြောလိုက်သည်။
"သူက မကောင်းတာတွေအများကြီးလုပ်ခဲ့တော့ အိပ်မက်ဆိုးတွေမက်တယ်ဆိုတာ ပုံမှန်ပဲလေ...."
စစ်ကျွင်းတောက်က သက်ပြင်းသာချလိုက်ပြီး နူးနူးညံ့ညံ့လေးကြည့်လိုက်သည်။
သူဝမ်မင်ယီ၏ ခေါင်းလေးကိုထိပြီး ပြောလိုက်သည်။
"ဒါပေမဲ့ အသက်ရှင်နေသမျှတော့ ကောင်းကောင်းမွန်မွန်နေသင့်တာပဲလေ... အသက်ရှင်သန်နေတာကိုက လေးစားစရာကောင်းတာပဲလေ..."
ဝမ်မင်ယီက ဘာမှပြန်မပြောလိုက်ပေ။ စစ်ကျွင်းတောက်က ဝမ်မင်ယီအရင်ဘဝက ကြုံခဲ့ရသော အရာများကိုမသိပေ။ ထို့ကြောင့်သူက ဝမ်ပေါ်ကိုမမုန်းပဲ ကောင်းကောင်းရှင်သန်နေစေချင်ခဲ့သည်။
သို့သော် သူ့အတွက်မူ ဝမ်ပေါ်သေသွားမှသာ မျှတလိမ့်မည်ဖြစ်သည်။
ဤဘဝတွင် ဝမ်ပေါ်က သူ့ကို အမှန်တကယ်ထိခိုက်အောင်မလုပ်ခဲ့ဘဲ သူကလည်း လက်ဦးမှုရယူပြီး ဥပဒေများချိုးဖောက်ကာ ဝမ်ပေါ်ကိုမသတ်ခဲ့ပေ။ ထို့ကြောင့် သူက ဝမ်ပေါ်၏ဈေးပေါသည့်ဘဝလေးကို ရှင်သန်စေခဲ့ပေသည်။
ဝမ်မင်ယီမှာ သက်ပြင်းသာချလိုက်ပြီး ဝမ်ပေါ်တစ်ဘဝလုံး အိပ်မက်ဆိုးများဖြင့် ခြောက်လှန့်ခံနေရပါစေဟု မျှော်လင့်နေမိသည်။
ဇွန်လအလယ်တွင် ဝမ်မင်ယီသရုပ်ဆောင်ထားသော ကျောက်ဝမ်ယွီ၏ ဇာတ်ကားအသစ် "Flower World"ကို ရိုက်ကူးတော့မည့်အကြောင်း တရားဝင်ကြေငြာချက် ထုတ်လိုက်လေသည်။ ထိုသတင်းထွက်လာသည်နှင့် အင်တာနက်တစ်ခုလုံး ထိတ်လန့်သွားကြသည်။
(လခွမ်း... ဝမ်မင်ယီက ဒာရိုက်တာကျောက်ရိုက်တဲ့ ဇာတ်ကားအသစ်မှာ သရုပ်ဆောင်မှာတဲ့လား...)
(ဝမ်မင်ယီရဲ့ နောက်ခံကဘာလဲ.... ပွဲဦးထွက်တာတောင် သိပ်မကြာသေးပဲနဲ့ ဘာလို့ ဒာရိုက်တာကျောက် ဇာတ်ကားမှာ သရုပ်ဆောင်ခွင့်ရတာလဲ...)
(သူ့ရဲ့မျိုးရိုးနာမည်ကိုက မနာလိုစရာကြီးလေ... ဘယ်သူကရော သူ့ညီလေးကို ဒါရိုက်တာကျောက်ရိုက်တဲ့ ဇာတ်ကားမှာ သရုပ်မဆောင်စေချင်တာ ရှိလို့လဲ...)
(ဩဂုတ်၁၈မှာ ဝမ်မင်ယီကလွဲလို့ ဘယ်သူမှမပါဘူးဆို... သူက မရိုးရှင်းဘူးမှန်း ငါခံစားနေ တယ်...)
(အဲ့တာက ဒါရိုက်တာယွီထောက်ခံပေးလို့များလား... သူကဒါရိုက်တာယွီရဲ့ အလုပ်လုပ်ဖူးလားလို့လေ...)
(ဖက်ခ်.... အဲ့ဒီ့အချိန်က "The day gone" မှာ ကွမ်းရွှမ်က ဝမ်မင်ယီကို မရလိုက်ဘူး... ငါတော့ သူကအတော်လေး သနားဖို့ကောင်းတယ်ထင်တာပဲ... ရလဒ်အနေနဲ့ တောက်ပနေတဲ့ ... ပိုကောင်းတဲ့ အရင်းအမြစ်ရလာတာပဲ...)
(ကံကောင်းစွာနဲ့ အဲ့ဒီ့အချိန်က "the day gone"ကို မရိုက်မိလို့ပေါ့ကွာ... မဟုတ်ရင် ဒါရိုက်ဖို့ အချိန်ရှိမှာတောင် မဟုတ်ဘူး...)
(အာ... ဟုတ်ပါ့...ဒီလိုစဉ်းစားတော့လည်း ဝမ်မင်ယီက အတော်လေးကံကောင်းတာပဲနော်... ငါတော့ ကွာစေ့တွေရော ဖရဲသီးတွေရောပါ ချပြီး ပွဲကြည့်နေပြီဟေ့...)
ခန်းကျယ်က ထိုသတင်းကိုကြားသည်နှင့် အံ့အားသင့်သွားခဲ့သည်။ သူက ဝမ်မင်ယီ "Flower World"၏ လူရွေးပွဲတွင် အောင်မြင်သွားမည်ဟု မထင်ခဲ့သော်လည်း တစ်ဖက်လူမှာ လူရွေးပွဲကိုအောင်သွားပြီး အဓိကဇာတ်ဆောင်နေရာကို ရခဲ့သည်။
ဝမ်မင်ယီရဲ့ သရုပ်ဆောင်အရည်အချင်းက ဒါရိုက်တာကျောက်ဝမ်ယွီကို လှုပ်ရှားသွားစေနိုင်တဲ့အထိ ကောင်းတာလား...
ခန်းကျယ်မှာ အခုထိမယုံနိုင်သေးပေ။ သူကဝမ်မင်ယွီကို ဆုတောင်းစကားအချို့ပို့လိုက်ပြီး စနောက်လိုက်သည်။
(အရှေ့ဘက်မှာမလင်းပဲ အနောက်ဘက်မှာတကယ်လင်းနေတာပဲ...)
ဝမ်မင်ယီက အပြုံးလေးဖြင့်ပြောလိုက်သည်။
(ကျေးဇူးတင်ပါတယ် အစ်ကိုခန်... ကျွန်တော်အလုပ်ကြိုးစားပါ့မယ်...)
ခန်းကျယ်မှာ သူ့အသံကိုနားထောင်ပြီး သူ၏စတားလမ်းကြောင်းမှာ ဝမ်းနည်စရာမလိုဘောက်တော့ဟု ခံစားလိုက်ရသည်။
ဝမ်မင်ယီတွင် အနာဂတ်ကောင်းတစ်ခု ရလာပေလိမ့်မည်ဖြစ်သည်။
......
စုန့်ဟယ်က ကျန်းဖုန်းနှင့်တွေ့သည့်အချိန်တွင် ကျန်းဖုန်းမှာ ခေါင်မိုးပေါ်တွင်ထိုင် ရင်း အဝေးကိုငေးကြည့်နေလေသည်။ သူ့လက်ထဲတွင် ဘီယာဘူးတစ်ဘူးကိုကိုင်ထားပြီး တစ်ငုံချင်းသောက်နေသည်။
စုန့်ဟယ်က သူ့ဘေးနားလျှောက်သွားကာ ထိုင်လိုက်သည်။
"မင်းက တစ်ယောက်တည်းလာသောက်နေတာလား..."
ကျန်းဖုန်းမှာ ဘာမှပြန်မပြောဘဲ သူ့ရှေ့ရှိ အဆောက်အအုံကြီးကိုကြည့်ပြီး အတော်လေးတိတ်ဆိတ်နေသည်။
စုန့်ဟယ်မှာ သူ့ကြည့်နေသည့်နေရာကိုကြည့်ပြီး မေးလိုက်သည်။
"ဝမ်မင်ယီက ကျောက်ဝမ်ယွီရိုက်တဲ့ဇာတ်ကားမှာ သရုပ်ဆောင်မှာတဲ့.. မင်းသိလား..."
ကျန်းဖုန်းမှာ "အင်း..."ဟုပြောလိုက်ပြီး အချိန်အတော်ကြာမှ ဆက်ပြောလိုက်သည်။
"ငါက အမြဲတမ်းလိုလို ငါတို့နှစ်ယောက်က အတူတူပဲလို့တွေးခဲ့တာ... ငါကသူ့လောက် နာမည်မကြီးတော့ ငါသာအလုပ်ကြိုးစားရင် သူ့ကိုဖိနှိပ်လာနိုင်မယ်ထင်ခဲ့တာ... ဒါပေမဲ့ အခုတော့ လူတွေကမွေးကတည်းက တစ်ယောက်နဲ့တစ်ယောက်မတူကြောင်း ငါသိသွားခဲ့ပါပြီလေ..."
သူက သိပ်မဝေးသည့်နေရာမှာ အဆောက်အဦးများကို လက်ညှိုးထိုးပြလိုက်သည်။
"အဲ့ဒီ့အဆောက်အဦးတွေလိုပေါ့... တစ်ချို့မှာ အလွှာပေါင်းများစွာရှိပြီး အရမ်းကိုမြင့်တယ်... တစ်ချို့ကတော့ အလွှာတွေ နည်းနည်းပဲရှိတယ်... မင်းဘယ်လောက်ကြိုးစားကြိုးစား... အလွှာအနည်းငယ်ကလွဲလို့ ပိုမမြင်ရဘူးလေ..."
သူ သက်ပြင်းချလိုက်သည်။
"ငါကလည်း အလွှာတူတူလောက်မှာပဲ.."
စုန့်ဟယ်က ပြုံးလိုက်ပြီး ကျန်းဖုန်းကိုကြည့်လိုက်ပြီး အဆောက်အဦးကိုပြန်ကြည့်ကာ ပြောလိုက်သည်။
"ဒါဆို မင်းက အလွှာတွေအများကြီးရှိတဲ့ အဆောက်အဦးကို ဘာလို့ကြည့်နေတာလဲ.. ငါတို့ ဒီတစ်လျောက်ကိုကြည့်ရင် အလွှာအများကြီးရှိတဲ့ အဆောက်အဦးတစ်ခုနှစ်ခုပဲ ရှိတယ်လေ... အဲ့နှစ်ခုကတော့လူကြိုက်အများဆုံးအဖြစ် ရွေးချယ်ခံထားရတဲ့အရာဆိုပေမဲ့ အဲ့ဒီ့မှာ သာမန်လူအများစုပဲနေကြတာ..."
"အမှန်အတိုင်းပြောရရင် ငါတို့က သာမန်လူတွေထက် ပိုကောင်းတယ်လေ... မင်း မနက်စောစောထ ညဆိုလည်းနောက်ကျမှပြန်လာ အစားအသောက်ရော အဝတ်အထည်ပါ ချို့တဲ့ပြီး တစ်လကိုယွမ်နှစ်ထောင်လောက်ပဲရတဲ့ အလုပ်မျိုးလုပ်ဖူးလား... လူအများစုက အဲ့လိုဘဝနဲ့နေရတာကွ..."
သူကျန်းဖုန်းကိုကြည့်လိုက်ကာ သူနှင့်သိပ်မဝေးသောနေရာမှ အဆောက်အဦးကိုပြလိုက်ပြီး ပြောလိုက်ပြန်သည်။
"ငါသာ အလုပ်ကြိုးကြိုးစားစားလုပ်ပြီး အရှုံးမပေးရင် အဲ့ဒီ့အမြင့်လောက် ရောက်နိုင်လောက်တယ်...."
"မင်းကတော့ ငါနဲ့မတူဘူး... မင်းက ငါ့ထက်တစ်ပန်းသာတယ် ငါ့ထက် အရည်အချင်းရှိတယ်... မင်းက အဲ့လောက်အဆင့်လောက် ရောက်နိုင်တယ်..."
သူက သိပ်မဝေးသည့်နေရာမှ မြင့်မားကာ ကြီးမားလှသည့် အဆောက်အဦးကြီးကို လက်ညှိုးထိုးပြလိုက်သည်။
"ဒါပေမဲ့ ဝမ်မင်ယီက ငါတို့အကုန်လုံးနဲ့ ကွာခြားတယ်... သူက သက်သက်သာသာနဲ့ ချောမွေ့နေတဲ့လမ်းကို လျှောက်လာရတာ... သူ့မှာ အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်ရှိချင်ရှိမယ်... ကောင်းမွန်တဲ့ကံလေးလည်း ရှိချင်ရှိမယ်... ဒါမှမဟုတ် နှစ်ခုလုံးပဲရှိမယ်ထားပါတော့... အဲ့ထဲကတစ်ခုနဲ့တင် အခြားလူတွေကို အေးအေးဆေးဆေး ဖိအားပေးနိုင်တယ်ကွ... ဒီတော့ သူ့ကိုမကြည့်ဘဲ နေကြတာပေါ့..."
စုန့်ဟယ်က ကျန်းဖုန်းကိုကြည့်လိုက်သည်။
"ဘာပဲဖြစ်ဖြစ် မင်း ဇာတ်ညွှန်းမူကြမ်းကို ပထမဆုံးယူလိုက်ကတည်းပ မင်းက ဒါရိုက်တာ ကျောက်ဝမ်ယွီရဲ့ ဇာတ်ကားမှာ တစ်နှစ်အတွင်း သရုပ်မဆောင်ရတော့ဖို့ ဖြစ်သွားတာပဲလေ...."
ကျန်းဖုန်းက ထိုစကားများကိုကြားသည်နှင့် အကြာကြီးတိတ်ကျသွားလေသည်။
သာမန်လူတစ်ယောက်က ထိုသို့ နေ့ခင်းကြောင်တောင်အိပ်မက်မျိုး ရလာမည်မဟုတ်ကြောင်းသိပေသည်။ ဝမ်မင်ယီမှလွဲ၍ အခြားလူများက မရနိုင်ပေ။
"ဒီတော့ လူအများစုနဲ့ယှဉ်ရင်းက ကောင်းကောင်းလုပ်ခဲ့ပါတယ်..."
စုန့်ဟယ်မှာ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။
"ညစာစားဖို့အချိန်ရောက်ပြီ,.. လူတိုင်းက မင်းကိုစောင့်နေကြတာ..."
ကျန်းဖုန်းမှာ ဇဝေဇဝါဖြင့် မတ်တတ်ရပ်လိုက်သည်။ စုန့်ဟယ်က သူ့ကိုကြည့်ပြီး ရယ်ချင်နေသည့်ပုံဖြင့် ပြောလိုက်သည်။
"မင်းကိုသတင်းကောင်းလေး ပြောပြပါဦးမယ်... ဝမ်မင်ယီကပြောလိုက်တယ် သူက မင်းကို ဒါရိုက်တာကျောက်ဆီမှာ ထောက်ခံပေးထားတယ်...ပြီးတော့ ဇာတ်ကားထဲမှာ မင်းကို မိနစ်ပိုင်းဖြစ်ဖြစ် သရုပ်ဆောင်ခိုင်းဖို့ ပြောထားတယ်တဲ့လေ..."
ကျန်းဖုန်းထိတ်လန့်သွားသည်။
"သူက ငါ့ကိုဒါရိုက်တာကျောက်ဆီမှာ ထောက်ခံပေးထားတယ်... သူက ဒါရိုက်တာကျောက်နဲ့ အဲ့လိုတွေပြောဖို့ အရည်အချင်းရှိလို့လား... မင်းငါ့ကိုနောက်နေတာပဲဖြစ်ရမယ်..."
"မင်းဘာသာဖုန်းခေါ်ပြီး သူ့ကိုမေးကြည့်ပေါ့ကွ.."
ကျန်းဖုန်းမှာ အတော်လေးပုံမှန်မဟုတ်သလို ခံစားလိုက်ရသည်။
"ငါ့ကိုပဲလား..."
"ငါရောပါတယ်လေကွာ..."
စုန့်ဟယ်က ပြုံးလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သူနဲ့ငါနဲ့ရဲ့ ဆက်ဆံရေးက မင်းထက်ပိုကောင်းတာကိုး..."
ကျန်းဖုန်းမှာ မျက်မှောင်ကြုံ့ပြီး သူ့ကိုကြည့်လိုက်သည်။ ထို့နောက်တွင် ရုတ်တရက်ကြီး ခေါင်မိုးပေါ်၌ထခုန်ကာ အသိပြန်ဝက်သွားတော့သည်။
"ဖက်ခ်... ဝမ်မင်ယီက မင်းတစ်ယောက်တည်း ဒါရိုက်တာကျောက်ရဲ့ ရုပ်ရှင်မှာပါသွားရင် ငါတို့သုံးယောက်က မနာလိုဖြစ်ပြီး မကောင်းကြံမှာစိုးလို့ ငါ့ကိုပါ ဆွဲသွင်းလိုက်တာလား..."
စုန့်ဟယ်က ဘာမှမပြောလိုက်ဘဲ ကျန်းဖုန်းကိုကြည့်ကာ အရှက်မဲ့သည်ဟု တွေးလိုက်သည်။
ကျန်းဖုန်းက မျက်နှာကြီးရှုံ့မဲ့ကာပြောလိုက်သည်။
"ငါက အဲ့လိုသောက်ကျိုးနည်းလူမျိုးလားလို့... သူက အခြားလူတွေကိုတောင် အထင်သေးရဲတယ်လား... ငါတော့ အဲ့လိုပဲတွေးနိုင်တယ်..."
"မင်းအဲ့တာကလွဲပြီး စဉ်းစားကြည့်လို့မရဘူးလား... ဝမ်မင်ယီဆိုတာနဲ့ ချက်ချင်းအပြစ်တင်စွပ်စွဲတော့တာပဲ..."
ကျန်းဖုန်း "...."
စုန့်ဟယ်မှာ ခေါင်းလေးခါရင်းပြောလိုက်သည်။
"ဝမ်မင်ယီရဲ့ ကြင်နာမှုလေးကတော့ တကယ်နှမျောစရာပဲ..."
ကျန်းဖုန်း "..."
ကျန်းဖုန်းက အတော်လေးရှက်သွားလေသည်။
ဒါပေမဲ့ ဒီအကြောင်းပြချက်မှမဟုတ်ရင် အခြားဘာများဖြစ်နိုင်သေးလို့လဲ... ဝမ်မင်ယီက အရမ်းကြင်နာလွန်ပြီး သူ့ကိုကူညီတယ်ဆိုတာကြီးကတော့.... မဖြစ်နိုင်ဘူးလားလို့လေ...
ဇွန်လအကုန်တွင် "Flower world"၏ အဖွဲ့သားများက စတင်ဖွင့်လှစ်ပြီး လူများ၏ စပ်စုလိုသောသဘာဝကို အခြေခံ၍ ဇာတ်ညွှန်းအကြောင်းနှင့် ပတ်သတ်သော အရာများကို ထုတ်ပြန်လေတော့သည်။
ဝမ်မင်ယီက ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ပြီး ထိုအချိန်မှစ၍ ကျောက်ဝမ်ယွီနှင့်အတူ ဇာတ်ကား စတင်ရိုက်ကူးလေတော့သည်။
ဤသည်က ဝမ်မင်ယီတစ်ယောက် ကျောက်ဝမ်ယွီနှင့်အတူ ရိုက်ကူးဖူးသည့် ပထမဆုံးအကြိမ်ဖြစ်၍ အတော်လေးထူးဆန်းသလို ခံစားနေရသည်။
ကျောက်ဝမ်ယွီမှာ အလွန်ပုံမှန်ဆန်နေပြီး စတင်ရိုက်ကူးသည်နှင့် ဖော်ရွေသောအဖေတစ်ယောက်မှသည် စည်းကမ်းတင်းကြပ်သော ဒါရိုက်တာအဖြစ်ကို ပြောင်းလဲသွားလေသည်။ ဝမ်မင်ယီသရုပ်ဆောင်သည့် ဇာတ်ကွက်တိုင်းကို အသေးစိတ်ကြည့်ပြီး စိတ်တိုင်းမကျမချင်းပြန်ရိုက်ခိုင်းလေသည်။
ဝမ်မင်ယီမှာ ကျောက်ဝမ်ယွီဆီမှ အဆူခံရပြီး ထပ်ကာထပ်ကာ ပြန်ရိုက်ခိုင်းနေသဖြင့် အလွန်ဒေါသထွက်ကာ ကျောက်ဝမ်ယွီကိုတစ်နေ့လုံး လျစ်လျူရှုထားခဲ့ပြီး စစ်ကျွင်းတောက်ကိုဖုန်းခေါ်က တိုင်တန်းလေတြောသည်။
"သူရူးနေတာလားမသိဘူး... ကျွန်တော့်ကို တံခါးကနေဖြတ်တဲ့အခန်းကို သုံးခါသရုပ်ဆောင်ခိုင်းတယ်... ပုံစံသံမျိုးနဲ့သရုပ်ဆောင်ခိုင်းတာနော်... ကျွန်တော်က နဂါးဂိတ်တံခါးကိုဖြတ်ကျော်နေတဲ့ ငါးကြင်းလည်း မဟုတ်ရပါဘူး..."
စစ်ကျွင်းတောက်က သူ့ကိုနှစ်သိမ့်ပေးလေသည်။
"ဒေါသမထွက်ပါနဲ့...မင်းရဲ့အဖေက ကိုယ့်ကိုဖုန်းခေါ်လာတယ်... မင်းသူ့ကိုတစ်နေ့လုံး လျစ်လျူရှုထားလို့ သူဘာလုပ်ရမလဲတဲ့..."
"သူနဲ့ထိုက်တန်တာပဲလေ..."
ဝမ်မင်ယီက ပြန်ပြောလိုက်သည်။
"သူ့ရဲ့အရင်က သရုပ်ဆောင်တွေက ဘယ်လိုလုပ်သည်းခံနိုင်လဲမသိဘူး... သူက တမင်တကာကို ရစ်နေတာ..."
"အဲ့ဒါကလည်း သူအောင်မြင်ရတဲ့ အကြောင်းပြချက်နေမှာပေါ့... ဘာပဲဖြစ်ဖြစ် သူက တံခါးကနေဝင်လာတဲ့ ဇာတ်ကွက်လေးကိုတောင် အသေအချာလုပ်နေမှတော့... ဇာတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုပါ အသေအချာစမ်းစစ်နေပြီး... အတော်ကြီးကောင်းမွန်ပြီး လေးနက်တဲ့ ဇာတ်ကားရိုက်မလို့နေမှာ.."
စစ်ကျွင်းတောက်က ပြောလိုက်သည်။
ဝမ်မင်ယီက ဒေါသထွက်နေပါသော်လည်း ကျိုးဝမ်ယွီက သူ့ကိုတမင်ဦးတည်၍ လုပ်နေခြင်းမဟုတ်ကြောင်း ကိုနားလည်ပါသည်။ သူက ပိုမိုကောင်းမွန်အောင်လုပ်နေခြင်းဖြစ်ပေသည်။ သို့သော် သူကလည်း စစ်ကျွင်းတောက်ကို ညည်းညူတိုင်တန်းရုံသာဖြစ်သည်။
"ဘယ်အချိန်လောက်အလုပ်ပြီးမလဲ..."
ဝမ်မင်ယီကပြောလိုက်သည်။
"ကျွန်တော် ကောနဲ့တွေ့ချင်နေပြီ..."