"မကြာခင်ပေါ့... နောက်နှစ်ရက်လောက်နေရင် ကိုယ်မင်းကို လာတွေ့မယ်လေ...."
စစ်ကျွင်းတောက်က ပြောလိုက်သည်။
ဝမ်မင်ယီက ဖုန်းအတော်ကြာပြောပြီးမှ နောက်ဆုံးတွင် ဖုန်းချလိုက်သည်။
ရိုက်ကူးက အစီအစဉ်တကျဆက်သွားနေပြီး ရက်အတန်ကြာလာသောအခါတွင် ဝမ်မင်ယီမှာ ကျောက်ဝမ်ယွီ၏ တင်းကြပ်မှုနှင့် တွေးခေါ်ပုံကို တဖြေးဖြေးလက်ခံနိုင်လာသည်။ ထို့နောက်တွင် သူကိုယ်တိုင် အစပျိုးပြီး ကျောက်ဝမ်ယွီဆီသွားကာ ဇာတ်ကောင်နှင့်ပတ်သတ်ပြီး ပြောင်းလဲစရာများကိုမေးခဲ့သည်။
ရိုက်ကူးရေးအဖွဲ့သားတစ်ခုလုံးက သူက နာမည်ကြီးသော်လည်း အလေးအနက်အလုပ်လုပ်ပြီး မာနမကြီးဘဲ ကြိုးစားနေသည်ကိုကြည့်ပြီး သူ့အပေါ် အထင်အမြင်ကောင်းတို့ရှိလာသည်။
တစ်နေ့ရောက်သောအခါတွင် ကျောက်ဝမ်ယွီမှာ ရိုက်ကူးရေးလုပ်နေချိန်တွင် အလွန်အမင်းစိတ်လှုပ်ရှားသွားပြီး ဝမ်မင်ယွီကို ချီးကျူးလာသည်။
"ကောင်းလိုက်တဲ့ သရုပ်ဆောင်ချက်... သားလေး မင်းအရမ်းတော်တယ်ကွာ..."
လူတိုင်းက ကျောက်ဝမ်ယွီကို ထိတ်လန့်တကြားကြည့်နေကြသည်။
ကျောက်ဝမ်ယွီမှာ သူပြောလိုက်သည်ကို ပြန်တွေးမိလိုက်သည်။ သူက ရှက်ရွံ့သွားရပြီး မည်ကဲ့သို့ ရှင်းပြရမလဲမသိဘဲဖြစ်နေချိန် ဝမ်မင်ယီပြောသည်ကို ကြားလိုက်ရသည်။
"ဒါရိုက်တာကျောက်က... ကျွန်တော့်ရဲ့ပါပါးဖန်ဆိုတဲ့ အထောက်အထားကို ပြောပြလိုက်လို့ အဆင်ပြေရဲ့လား...."
ကျောက်ဝမ်ယွီမှာ ချက်ချင်းအသိဝင်လာပြီးပြောလိုက်သည်။
"အာ... အဆင်ပြေပါတယ်... အဲ့တာ အင်တာနက်ပေါ်ကလူတိုင်း ပြောနေကြတဲ့အရာပဲလေ...."
ထိုအခါမှသာ အတော်လေးကြောက်လန့်သွားခဲ့ရသော လူများကစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ပါပါးဖန်တစ်ယောက်ဖြစ်သည်ဟု ထင်သွားခဲ့ကြသည်။
ရိုက်ကူးရေးပြီးသွားသည်နှင့် ကျောက်ဝမ်ယွီမှာ ဝမ်မင်ယွီနားချဉ်းကပ်လာပြီး မေးလိုက်သည်။
"ပား က ဘာလို့ သားရဲ့ ပါပါးဖန်အဖြစ် ဆက်နေရဦးမှာလဲ...."
ဝမ်မင်ယီက တည်ငြိမ်သွာပြောလိုက်သည်။
"ကျွန်တော်က ပားကို အသိအမှတ်မပြုချင်သေးလို့ပေါ့..."
ဒါရိုက်တာကျောက် အရမ်းဝမ်းနည်းသွားပြီ.... ဒါရိုက်တာကျောက်တော့ အရမ်းကိုဝမ်းနည်းသွားခဲ့ပြီနော်....
ဝမ်မင်ယွီက သူ့ကိုကြည့်လိုက်ပြီး အတော်လေးနာကျင်သွားသည့်ပုံပေါက်နေကြောင်း မြင်လိုက်၍ နှစ်သိမ့်ပေးလိုက်သည်။
"ပားရဲ့ အဆင့်က အရမ်းကိုမြင့်နေတယ်လေ... အကယ်၍ ကျွန်တော်က ပားရဲ့သားဖြစ်ကြောင်းပြောကြည့်ပါလား ကျွန်တော့်ကို ဝမ်မင်ယီလို့မသိကြတော့ဘဲ ကျောက်ဝမ်ယွီရဲ့သားလို့ပဲ သိကြတော့မှာ..."
ထိုအခါမှသာ ကျောက်ဝမ်ယွီတစ်ယောက် ဝမ်းနည်းနေရာမှ ပျော်ရွှင်သွားရသည်။
"ရပါတယ် သားက အရမ်းကိုကောင်းတဲ့ သရုပ်ဆောင်တစ်ယောက်ပဲလေ.. အနာဂတ်မှာ ဆုပါရလာဦးမှာ..."
"ဒါဆို ကျွန်တော်ဆုရတဲ့အချိန်အထိ စောင့်လေနော်... "
"ကောင်းပြီလေ...."
ကျောက်ဝမ်ယွီက ပြန်ဖြေလိုက်သည်။
စစ်ကျွင်းတောက်က အလုပ်ပြီး၍ရောက်လာချိန်တွင် ဝမ်မင်ယီက ကျောက်ဝမ်ယွီနှင့် အတူရှိနေသည်ကို မြင်လိုက်ရသည်။ သူက သူ့ရှေ့မှမြင်ကွင်းကိုကြည့်ပြီး ပြုံးရင်းပြောလိုက်သည်။
"ကြည့်ရတာ မင်းနဲ့မင်းအဖေက အတော်လေး အဆင်ပြေနေကြပုံပဲနော်..."
ဝမ်မင်ယီက လိမ်ညာမပြောခဲ့ပေ။
"အဆင်ပြေပါတယ်..."
စစ်ကျွင်းတောက်မှာ ကျောက်ဝမ်ယွီကို ကိုးယိုးကားယားကြည့်နေပြီး ဝမ်မင်ယီ၏ခေါင်းကို ခိုးထိလိုက်သည်။
စုန့်ဟယ်နှင့် ကျန်းဖုန်းတို့မှာ အလုပ်ပြီးသည်နှင့် ရိုက်ကူးရေးအလယ်တွင် ဝင်ရောက်လာခဲ့သည်။ ဝမ်မင်ယီမှာ ကျန်းဖုန်းရောက်လာသည်ကိုမြင်သည်နှင့် ပျော်ရွှင်စွာစကားလာပြောလေသည်။
"ယိုး... မတွေ့ရတာကြာပြီနော် ကျန်းဖုန်းရေ... ငါဖြင့် မင်းမလာတော့ဘူးထင်နေတာ.... အရင်တစ်ခေါက်က မင်းဘာပြောခဲ့လဲမှတ်မိသေးလား... ငါသာ လူရွေးပွဲအောင်ရင် ငါ့ကိုအဖေလို့ခေါ်မယ်ဆို.. လာစမ်းပါသားလေးရယ်... အဖေက ဒီနေ့ကို အကြာကြီးစောင့်နေခဲ့ရတာ..."
ကျန်းဖန်မှာ ပြောစရာစကားပင် ပျောက်ရှသွားခဲ့သည်။
"မင်းအရမ်းကြီး ရိုးသားနေတာကို ရပ်လို့ရမလား... မင်းက အခုဒါရိုက်တာကျောက်ရဲ့ နံပါတ်တစ်လူသားဖြစ်နေပြီလေ... အဲ့တာကို ဘာကိစ္စကြောင့် ဒီလောက်တောင် ရိုးသားနေရတာလဲ.."
"ကိုယ့်အဖေကိုယ်ဘာလို့ အဲ့လိုပြောရလား..."
ဝမ်မင်ယီမှာ အသည်းနှလုံးတို့ ကွဲအက်သွားရသည်။
"သားရယ်... မင်းက အရမ်းကိုမသိတတ်တာပဲ..."
ကျန်းဖုန်းက သူစာချုပ်ဖျက်၍ ထွက်သွားချင်နေသည်။ ဤရိုးရှင်းလှသော လူသားနှင့်ယှဉ်လျှင် သူက သာလွန်ခြင်းမရှိဟူသော အချက်ကိုလက်မခံနိုင်ပေ။
စုန့်ဟယ်က သူတို့နှစ်ယောက် ကတောက်ကဆဖြစ်နေကြောင်း မြင်သည်နှင့် ဝမ်မင်ယီကိုဘယ်ဘက်တွင်ထားကာ ကျန်းဖုန်းကို ညာဘက်တွင်ထားပြီး ဖြန်ဖြေပေးနေလေသည်။
ကျန်းဖုန်းနှင့် စုန့်ဟယ်တို့မှာ အများကြီး မပြောကြသော်လည်း ကျောက်ဝမ်ယွီ၏ အဆင့်နှင့်ဆိုလျှင် ဝမ်မင်ယီ၏ အကူအညီမပါပဲ သူတို့ ဤရိုက်ကူးရေးကို ပါဝင်ခွင့်ရမည်မဟုတ်ကြောင်း သိပေသည်။ ထို့ကြောင့် ဤအခွင့်အရေးကို အတော်လေးတန်ဖိုးထားသည်။ နေ့တိုင်းနေ့တိုင်း ကျောက်ဝမ်ယွီက အခြားသရုပ်ဆောင်များကို ပြောသမျှကို အသေအချာနားထောင်ပြီး မှတ်စုနှင့်ပါ မှတ်လေသည်။
ဝမ်မင်ယီမှာ သူတို့နှစ်ယောက်ကို အကြိမ်ရေအတော်များများ သွားစပြီး အကြံဉာဏ်များ ပေးခဲ့သည်။ ကျန်းဖုန်းက "မင်းငါတို့ကို လမ်းညွှန်နေတာလား..."ဟု ပြောလေသည်။
အမှုမဲ့အမှတ်မဲ့ဖြင့် နွေရာသီမှ ဆောင်းရာသီသို့ ကူးပြောင်းလာပြီး "Flower World"ရိုက်ကူးရေးမှာ နိုဝင်ဘာအစောပိုင်းတွင် တရားဝင်ပြီးဆုံးလေသည်။ ဝမ်မင်ယီမှာ ရိုက်ကူးရေးအဖွဲ့သားများနှင့်အတူ ဓာတ်ပုံရိုက်ကူးကာ ကျောက်ဝမ်ယွီနှင့် နှုတ်ဆက်ညစာစားလေသည်။
ကျောက်ဝမ်ယွီက သူ့အတွက် အမဲသားလှီးပေးရင်း မေးလိုက်သည်။
ဝမ်မင်ယွီက ခေါင်းငြိမ့်ပြလိုက်လေသည်။ ကျိုးဝမ်ယွီက သူ့ကိုကြည့်ပြီး ပြောလေသည်ဟ
"ဒါဆို ပါးမှာအချိန်ရှိရင် သားနဲ့ လာတွေ့ပါ့မယ်..."
ဝမ်မင်ယီက သူ့တွင် အချိန်ရှိလာမည်မှန်း မယုံ၍ ပြန်ပြောလိုက်သည်။
"မလုပ်ပါနဲ့.. ပားရဲ့ အချိန်တွေက အရမ်းကိုအဖိုးတန်ပါတယ်ဗျာ..."
ကျောက်ဝမ်ယွီ သူ့ကိုယ်သူလည်း အလွန်အလုပ်များမှန်းသိ၍ လေသံပြောင်း၍ပြောလိုက်သည်။
"ဒါဆိုလည်း ပါး နွေဦးပွဲတော်မှာ အိမ်ပြန်လာခဲ့မယ်..."
ကျောက်ဝမ်ယွီ သူ့ကို ထားခဲ့ရန် အနည်းငယ်တွန့်ဆုတ်နေသည်။
"ပါး တောင် သားနဲ့အတူတူမရှိဖြစ်တာ အတော်ကြာပြီပဲ...."
ဝမ်မင်ယီ ထိုခဏတွင် မှင်သက်သွားရသည်။
ကျောက်ဝမ်ယွီ သူ့ကို နွေးထွေးစွာကြည့်လိုက်သည်။
"ပား က မငယ်တော့ဘူးလေ... နောက်နှစ်နည်းနည်းကြာရင် အလုပ်မရှုပ်တော့ပါဘူး...ပါး အသက်ကြီးလာရင် အိမ်ပြန်လာပြီး သားနဲ့အတူတူနေပေးပါ့မယ်..."
ဝမ်မင်ယီမှာ သူ့နားထင်တွင် ရှိနေတာကြာပြီဖြစ်သော ဆံပင်ဖြူတို့ကိုကြည့်ကာ ပြောလိုက်သည်။
"အဆင်ပြေပါတယ်..... အရင်ဆုံး ပားမှာအချိန်ရှိမှ ဖုန်းခေါ်လိုက်ပါ..."
သူတို့ ဆိုင်ထဲမှအပြင်သို့ထွက်လာချိန်တွင် နှင်းများကျဆင်းနေပြီဖြစ်သည်။ ကျောက်ဝမ်ယွီမှာ နှင်းများကိုကြည့်ရင်း သူ့ကိုပြောလာသည်။
"သားငယ်ငယ်က နှင်းတွေကျလာရင် အရမ်းသဘောကျတာလေ... နှင်းကျတာနဲ့ နှင်းလူရုပ်လေးလုပ်ဖို့ အပြင်တန်းထွက်တာပဲ...."
ဝမ်မင်ယီက ပြုံးလိုက်မိသည်။
"တကယ်လား..."
"အွန်း...."
ကျောက်ဝမ်ယွီက ပြောလိုက်သည်။
"သားငယ်ငယ်တုန်းက အရမ်းဆော့တာလေ... အဲ့တုန်းက သားမား နဲ့ ပား က ပားတို့နှစ်ယောက်လုံးသားနားမှာရှိလို့ ကံကောင်းတယ်လို့တွေးမိခဲ့ကြတာ... မဟုတ်ရင် သားကို ထိန်းနိုင်တဲ့လူကမရှိဘူးလေ..."
ဝမ်မင်ယီက သူ့စကားကိုနားထောင်ပြီး သူ၏ငယ်ဘဝအမှတ်တရများကို သတိရသွားပြီး နှုတ်ခမ်းတောင့်တို့ ကွေးညွတ်လာတော့သည်။
အမှန်အတိုင်းပြောရလျှင် သူအသက်၁၂မတိုင်ခင်အထိ သူတို့တွင် အလွန်ကောင်းမွန်သော အမှတ်တရများရှိခဲ့သည်။ သူနှင့် သူ့မိဘများမှာ ထိုအချိန်က နွေးထွေးချိုမြိန်သော အချိန်လေးများရှိခဲ့သည်။
ဝမ်မင်ယီက သက်ပြင်းချလိုက်ပြီး ထိုအချိန်က သူပြောခဲ့ဖူးသော အပြစ်တင်စကားများမှာ ဘာမှအရေးမကြီးတော့ကြောင်း ခံစားလိုက်ရသည်။
သူက ကျောက်ဝမ်ယွီနှင့် ဝမ်ဝေ့ကို သူ့ကိုဂရုမစိုက်၍ အပြစ်တင်ခဲ့သည်။ သို့သော် သူတို့က သူ့ရှေ့တွင်ရပ်ပြီး သူ့ကို ကောင်းပေးလာစဉ်တွင် သူ့မိဘများ၏ချော့မြူလိုသော မျက်နှာများကိုကြည့်ပြီး ဘာမှမပြောနိုင်ခဲ့ပေ။
အဆုံးတွင် ကျောက်ဝမ်ယွီနှင့် ဝမ်ဝေ့တို့က သူ့ကို မွေးဖွားပေးခဲ့ပြီး သူလိုအပ်သည်မှန်သမျှကို အစားအသောက်ကအစ အဝတ်အထည်အထိ လိုလေးသေးမရှိအောင် ဂရုစိုက်ပေးခဲ့သည်။ ထို့အပြင် စစ်ကျွင်းတောက်နှင့် ငယ်ငယ်ကတည်းက အတူရှိလာအောင်ပင် လုပ်ပေးကြသေးသည်။
အကယ်၍ သူသာ ကျောက်ဝမ်ယွီနှင့် ဝမ်ဝေ့တို့၏ သားသာမဟုတ်ခဲ့ပါက စစ်ကျွင်းတောက်နှင့် အတူကြီးပြင်းကာ အတူတူရှိခွင့်ရမည်မဟုတ်ပေ။
ထိုသို့တွေးမိသည်နှင့် ဝမ်မင်ယီက တစ်ချိန်တည်းတွင် ကိစ္စများစွာကို ကိုင်ဆုပ်မထားသင့်တော့ကြောင်း တွေးလိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် စစ်ကျွင်းတောက်၏ တည်ရှိမှုကြောင့်နှင့် သူ့မိဘများက သူ့ကို ဤကဲ့သို့ ဆက်နွယ်မှုများကို ပေးခဲ့သဖြင့် သူတို့၏ ပေါ့ဆမှုများနှင့် ခွဲခွာမှုများကို လျစ်လျူရှုနိုင်ပြီး သူ၏သုံးနှစ်ကြာမျှဆိုးသွမ်းနေမှုကို ဂရုပင်မစိုက်တော့ပေ။
စာအုပ်များထဲတွင် ဇာတ်ကောင်များစွာ အသက်ရှင်ကြရပြီး အဓိကဇာတ်ဆောင်များသာမက အခြားလူများကလည်း လွယ်ကူကြသည်မဟုတ်ကြပေဟ
ဝမ်မင်ယီက ဟိုတယ်ကိုပြန်ကာ သူ၏ပစ္စည်းများကိုထုပ်ပိုးပြီး ထွက်သွားရန် အဆင်သင့်ဖြစ်နေလေပြီ။အပြန်ခရီးတွင် လေယာဉ်မှာတည်ငြိမ်စွာ ပျံသန်းခဲ့လေပြီး လေဆိပ်ရောက်သည်နှင့် ဝမ်မင်ယီက စစ်ကျွင်းတောက်၏ကားကို မြင်လိုက်ရသည်။ သူချန်လုကို နှုတ်ဆက်လိုက်ပြီး စစ်ကျွင်းတောက်၏ ကားထဲဝင်လိုက်ကာ သူ့ကိုနမ်းရှိုက်လိုက်သည်။
"အေးနေလား..."
စစ်ကျွင်းတောက်မှာ သူ့နားရွက်များ နီရဲနေကြောင်းတွေ့သည်နှင့် သူ့ကိုမေးလာသည်။
ဝမ်မင်ယီက ခေါင်းငြိမ့်ပြလိုက်သည်။
"ကျွန်တော်ထင်ထားတာထက် အေးတယ်ဗျ..."
စစ်ကျွင်းတောက်မှာ သူ့နားရွက်များကို လက်ဖြင့်အုပ်ကိုင်ပေးလိုက်သည်။ ဝမ်မင်ယီက ထိုအခွင့်အရေးကိုယူကာ သူ့ရင်ခွင်ထဲပစ်ဝင်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော် ချန်လုကို နှစ်ကုန်ခါနီးအထိ ခရီးတွေတိုင်းကို ရွေ့ခိုင်းထားလိုက်တယ်... ကျွန်တော် ကောနဲ့နောက်နှစ်လတောင် အေးအေးဆေးဆေးနေလို့ရသွားပြီ..."
စစ်ကျွင်းတောက် သူအလုပ်၌ဆုံးဖြတ်ချက်ချသည့် အရာတိုင်းကို ဘာမှဝင်ပြောလေ့မရှိပေ။ သူက ဝမ်မင်ယီပြောသည်ကိုကြားသည်နှင့် ပြုံး၍ပြန်ပြောလိုက်သည်။
"မင်းသာ နေချင်ရင်တော့ အကောင်းဆုံးပဲပေါ့ကွာ..."
အမျိုးသားနှစ်ယောက်သား ညစာစားပြီးသည်နှင့် အိမ်သို့ပြန်ကြလေသည်။ ဝမ်မင်ယီသည် သူနှင့်မတွေ့ရသည်မှာ ကြာလှပြီဖြစ်၍ ယခုတွင် အတော်လေးလုပ်ချင်နေပြီဖြစ်ရာ သူနှင့် အိပ်ရာပေါ်ရောက်အောင် ကြိုးစားလေသည်။ စစ်ကျွင်းတောက်မှာ သူ့ကိုဖက်ထားပြီး အချိန်အကြာကြီးနမ်းရှိုက်ကာ နောက်တစ်ကြိမ် စတင်လှုပ်ရှားပြီး ဝမ်မင်ယီကို ရေချိုးခန်းထဲခေါ်သွားခဲ့သည်။
"နောက်ဆုံးတော့ ကောက ကျွန်တော်နဲ့ရေချိုးဖို့ ဆန္ဒရှိလာပြီပေါ့လေ..."
ဝမ်မင်ယီကပြောလိုက်သည်။
စစ်ကျွင်းတောက်မှာ ရယ်ရုံရယ်လိုက်ပြီး သူ့ကိုငေးကြည့်ကာ ဘာမှပြန်မပြောပေ။
ဝမ်မင်ယီက ၎င်းကို ကြင်စဦးဇနီးမောင်နှံကာလကို ဖြတ်ကျော်သွားသည့် အချိန်ဟု ထင်ခဲ့သည်။ သူစစ်ကျွင်းတောက်၏လည်ပင်းကိုဖက်ကာ ပြောလိုက်သည်။
"ဒါဆို ကျွန်တော်တို့ နောက်တစ်ခါလောက်ဆက်လုပ်ကြမလား..."
"ရေအရင်ချိုးတာကောင်းမယ်ထင်တယ်နော်... လိမ္မာတဲ့ကောင်လေးရေ..."
ဝမ်မင်ယီက မလိမ္မာချင်ပေ။ ရေချိုးကန်ထဲရောက်သည်နှင့် စစ်ကျွင်းတောက်ကိုဖက်ကာ နမ်းလေတော့သည်။ စစ်ကျွင်းတောက်ကလည်း ရေထဲတွင်နောက်တစ်ကြိမ် ဦးဆောင်လေပြန်တော့သည်။
ဝမ်မင်ယီ ရိုက်ကူးရေးပြီးပြီဖြစ်၍ ကျောင်းပြန်သွားခဲ့သည်။ စာသင်ခန်းထဲမှ ကောင်မလေးများမှာ သူပြန်လာသည်ကိုမြင်ပြီး အံ့အားသင့်သွားကြသည်။ အခြားအခန်းမှ လူများကလည်း သူ့အခန်းဆီကိုလာပြီး သူ့ကိုတွေ့ရန် စုဝေးလာကြသည်။ အချို့မှာ သူ့ဆီပြေးလာပြီး လက်မှတ်ပင်တောင်းကြသေးသည်။
ထိုကဲ့သို့အခြေအနေမျိုးကို ရက်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီးနောက်တွင် ဝမ်မင်ယီမှာ အခြားကျောင်းသားများ၏စာလေ့လာမှုကို မနှောင့်ယှက်မိစေရန် အိမ်တွင်သာ စာလေ့လာရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ကျန်းဖုန်းမှာ သူပြောပြသည်ကိုနားထောင်ပြီးသည်နှင့် အချိန်အကြာကြီးရယ်မောပြီးမှသာ သူ၏နုတ်များကို ဓာတ်ပုံရိုက်ကာ နေ့တိုင်းပို့ပေးခဲ့သည်။
ဝမ်မင်ယီက စစ်ကျွင်းတောက်၏ ရုံးခန်းထဲတွင် ခြေချ၍သွားနေခဲ့သည်။ သူကစာအုပ်များကို ဖတ်နေပြီး တစ်ဖက်လူမှာလည်း သူ့အလုပ်သူလုပ်နေကာ အချင်းချင်းမနှောင့်ယှက်ကြပေ။ တစ်ခါတစ်ရံတွင်လည်း အချင်းချင်း ရင်းနှီးစွာထိတွေ့ကြသည်။
မီးပုံးနီနီတို့ လမ်းတစ်ခွင်တွင် ချိတ်ဆွဲလာကြသည်နှင့်အမျှ နှစ်သစ်ကူးရောက်လာလေပြန်သည်။
စစ်မိသားစု၏ မိဘနှစ်ပါးမှာ နွေဦးပွဲတော်မတိုင်ခင် ပြန်ရောက်လာကြသည်။ ဤတစ်ကြိမ်တွင် ဝမ်ဝေ့မှာသူတို့နှင့်အတူ အိမ်ပြန်မလာသော်လည်း နွေဦးပွဲတော်မတိုင်မီ သုံးရက်အလိုတွင် ကျိုးဝမ်ယွီနှင့်အတူ ပြန်ရောက်လာခဲ့သည်။
မိသားစုနှစ်စုမှာ ဆုံရန်ခက်ခဲလွန်းလှ၍ နှစ်သစ်ကူးပစ္စည်းများဝယ်ယူကြရင်း စကားများပြောကြကာ အိမ်ထဲတွင် ရယ်မောသံတို့ ပြည့်နှက်နေပေသည်။
သူတို့နေသည့်နေရာတွင် မီးရှူးမီးပန်းဖောက်၍ရသဖြင့် ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်တို့က မီးရှုးမီးပန်းတို့ကို ဝယ်ယူထားပြီး နွေဦးပွဲတော်နေ့တွင် ဖောက်ရန် ပြင်ထားကြသည်။
နှစ်သစ်ကူးနေ့တွင် မိသားစုနှစ်စုမှာ ခပ်စောစောနိုးနေကြသည်။ ဝမ်ဝေ့နှင့် ကျိစစ်ယောင်တို့မှာ ချက်ရင်းပြုတ်ရင်း အလုပ်ရှုပ်နေကြပြီး ကျိုးဝမ်ယွီနှင့် စစ်ချီတို့မှာ သူတို့ကို ကူညီပေးနေကြသည်။
ဝမ်မင်ယီက စစ်ကျွင်းတောက်ကိုမေးလိုက်သည်။
"ဒီညသူတို့ကို ကျွန်တော်တို့ကတွဲနေကြပါတယ်လို့ပြောရင် သင့်တော်တယ်ထင်လားဟင်..."
စစ်ကျွင်းတောက်က ၎င်းက မသင့်တော်ကြောင်းတွေးလိုက်မိသည်။
"ရက်နည်းနည်းတော့စောင့်ပါဦး... ပြီးတော့ ဒီနေ့ကိုယ်တို့ နွေဦးပွဲတော်ကိုပဲ အရင်ဆုံးကျင်းပကြရအောင်ပါ..."
ဝမ်မင်ယီမှာ ခဏမျှစဉ်းစားပြီး သဘောတူလိုက်သည်။
"ကောင်းပြီလေ... နေဦးပွဲတော်ကို အရင်ဆုံးကျင်းပကြတာပေါ့...."
လူကြီးလေးယောက်မှာ စားပွဲအပြည့်ဟင်းပွဲများကို ချက်ကြလေသည်။ ထို့နောက်တွင် ဟင်းပွဲများအေးအောင်စောင့်ပြီး တစ်ခုပြီးတစ်ခု စားပွဲပေါ်ချပြီး စကားပြောလိုက် စားလိုက်လုပ်ကြလေသည်။
ရုတ်တရက် ကျောက်ဝမ်ယွီက ဝိုင်ခွက်ကိုကောက်ကိုင်ပြီး ကျိစစ်ယောင်နှင့် စစ်ချီတို့ဘက်ကို မြှောက်ပြလိုက်သည်။
"ဒီနှစ်တွေမှာ ကျွန်တော်နဲ့ဝေ့ဝေ့တို့ အရမ်းအလုပ်များနေခဲ့ကြတယ်... မင်ယီကိုစောင့်ရှောင့်ပေးဖို့ အစ်ကိုတို့ကို ဒုဏ္ခပေးခဲ့မိတယ်... အတော်လေးရှက်မိတယ်ဆိုပေမဲ့ အစ်ကိုတို့ စောင့်ရှောင့်ပေးခဲ့မှုအတွက် ကျေးဇူးတင်ပါတယ်...."
စစ်ချီမှာ လက်ခါပြလိုက်သည်။
ကျိစစ်ယောင်မှာ ပြုံးပြီးပြောလိုက်သည်။
"ဘာတွေပြောနေတာလဲ.... သူက ကျွန်မရဲ့ သားလေးလိုပဲလေ.. သူ့ကိုစောင့်ရှောင့်ပေးရမှာပေါ့..."
ကျောက်ဝမ်ယွီက သူ့လက်ထဲမှ ဝိုင်ကိုအကုန်သောက်လိုက်ပြီး နောက်တစ်ခွက်ထပ်ထည့်ကာ စစ်ကျွင်းတောက်ကိုကြည့်လိုက်သည်။
"ကျွင်းကျွင်း.. သားရဲ့ခေါင်းကိုင်အမေနဲ့ အဖေက သားကိုကျေးဇူးအတင်ဆုံးပဲကွာ... သားရဲ့မိဘတွေက နိုင်ငံခြားကိုနှစ်နှစ်တောင်ထွက်သွားခဲ့ချိန်မှာ သားတစ်ယောက်တည်း ကုမ္ပဏီကိုဦးစီးရင်း မင်မင်ကိုစောင့်ရှောင့်ပေးရမှာ အရမ်းပင်ပန်းခဲ့မှာပဲ... သူ့မှာသားလို အစ်ကိုတစ်ယောက်ရှိတာ အရမ်းကံကောင်းတာပဲ... ခေါင်းကိုင်အဖေတော့ သားကိုအရမ်းကျေးဇူးတင်တယ်ကွာ...."
စစ်ကျွင်းတောက်က မလုံမလဲဖြစ်စွာပြောလိုက်သည်။
"ကျွန်တော့်ကိုမြှောက်နေပြန်ပါပြီ...."
ကျောက်ဝမ်ယွီမှာ သူ့လက်ထဲမှဝိုင်ကိုမော့သောက်ရင်း စစ်ကျွင်းတောက်ပခုံးပေါ် လက်တင်လိုက်ကာ ခံစားချက်အပြည့်ဖြင့်ပြောလေသည်။
"မင်မင်ရဲ့အဖေအနေနဲ့ ဦးလေးက သားကိုအကြွေးတင်သွားခဲ့ပြီ...."
စစ်ကျွင်းတောက်မှာ ပို၍မလုံမလဲဖြစ်လာရသည်။
ဝမ်မင်ယီက အောင်မြင်သွားသည်ကိုကြည့်ရင်း ခပ်နှေးနှေးပြောလာသည်။
"ဒါဆို ပားဒီနေ့ပြောတာတွေ မှတ်ထားနော်... အကယ်၍ ကောသာအနာဂတ်မှာ ပါး ဆီကတစ်ခုခုလိုချင်တာရှိရင် ငြင်းလို့မရဘူးနော်...."