Chapter 72
Viewers 5k

👥️Chapter 72




ကျန်းချီချမ်နှင့် ယီချန်းယန်တို့သည် ၎င်းတို့၏ လတ်တလော အဖြစ်အပျက်များအကြောင်း စကားစမြည်ပြောကြသည်။


ယီချန်းယန်က အာရုံပျံ့နေပြီး သူ့ဖုန်းကို အမြဲတမ်း ​ကြည့်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ကျန်းချီချမ် ခိုးကြည့်လိုက်ရာ ယီချန်းယန်က သူ့အရန်အကောင့်ကို သုံးပြီး ယန်အန်းယု၏ဖိုရမ် ပင်မစာမျက်နှာကို ဆွဲကြည့်နေမှန်း သိလိုက်ရသည်။


ကျန်းချီချမ် မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ 


"ချန်းယန်...ရှောင်ယုက မင်းလိုရေခဲတောင်ကို ပူပြင်းတဲ့ မီးတောင်ဖြစ်အောင် အရည်ပျော်အောင်လုပ်လိုက်လိုက်ပုံပဲ...  မင်းကအေးစက်တယ် ငါထင်ခဲ့ဖူးပေမဲ့ တကယ်တမ်းမှာ မင်းကို နွေးထွေး​အောင်လုပ်နိုင်တဲ့သူက ငါမဟုတ်တာကြောင့် နေမယ်"


ယီချန်းယန်က တိုက်ရိုက်ပဲအင်းဟု တုံ့ပြန်လိုက်သည်။


"မင်း တကယ်​ဒီလိုမျိုးဝန်​ခံလိုက်​တာပဲ... အိုင်း ငါ့နှလုံးသားကို အရမ်းနာကျင်​​စေတယ်​ အာ့" 


ကျန်းချီချမ်က ချက်ချင်းပင် သူ့ရင်ဘက်ကို အုပ်လိုက်သည်။


ယီချန်းယန်က ပြုံးရုံသာပြုံးလိုက်၏။


ကျန်းချီချမ်ကို နှစ်အတော်ကြာအောင် သိခဲ့ပြီနောက် သူ၏ ပင်ကိုယ်စရိုက်ကို သူနားလည်​ပေသည်။ သူ့အား အနည်းငယ်သော မျှော်လင့်ချက်ကို ပေးသရွေ့ သူ့မှာ အခြားအ​တွေးများ ရှိလာပေလိမ့်မည်။


"ချန်းယန် တစ်ခါတလေ မင်းငါ့ကို တကယ်ပဲ သူငယ်ချင်းတစ်ယောက်လိုတွေးရဲ့လားလို့ ငါတွေးမိတယ်"


ရုတ်​တရက်​ ကျန်းချီချမ်၏စိတ်အ​ခြေအနေက အနည်းငယ်​အဆင်မပြေဖြစ်လာလေသည်။


ယီချန်းယန် အနည်းငယ် ကြောင်သွားပြီး နားမလည်ပေ။


"မင်း ငါ့ဆီကနေ ဖုံးကွယ်ထားတဲ့ အရာတွေ အများကြီးရှိတယ်...မင်း ငါ့ကို ပြောဖို့ ဆန္ဒမရှိဘူး"

ကျန်းချီချမ်က ယီချန်းယန်၏ မျက်လုံးများကို တည့်တည့်ကြည့်ကာဆိုသည်။


"အများကြီးသိတာ မကောင်းဘူး"


"မင်း ငါ့ကို ကာကွယ်ဖို့ လုပ်နေတာလား"

ကျန်းချီချမ်က ခါးသက်သက် ရယ်မောလိုက်သည်။ 


"ဒီနှစ်က ငါတို့ပွဲဦးထွက်တာ ဆယ်နှစ်ပြည့်ပြီ...ငါ့ရဲ့​ဖြူစင်မှုကို ဆုံးရှုံးခဲ့တာကြာပါပြီကွာ...ချန်းယန် တကယ်တော့ ငါ တစ်ခါမှ နားမလည်ခဲ့ဘူး... အဲဒီနှစ်တုန်းက ခဲ့ချင်းအပေါ်မှာ မင်းဘာလို့ အဲဒီလောက် အကြင်နာတရားမဲ့ နှလုံးသားမဲ့ရတာလဲ ...ဒီကိစ္စထဲမှာ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်တွေရှိ​နေတာလား"


"မဟုတ်ဘူး"

ယီချန်းယန်၏ မျက်နှာက ချက်ချင်း အေးစက်သွားသည်။


"ချီချမ်...ငါဒါကိုနောက်ဆုံးအကြိမ်ပြောမယ်... ငါ့ရှေ့မှာ သူ့အကြောင်းကိုထည့်မပြောနဲ့"


"တောင်းပန်ပါတယ်..." 

ကျန်းချီချမ်က မျက်လွှာချလိုက်ပြီး သူ့ရင်ထဲက နာကျင်မှုများက တိုးလာခဲ့လေသည်။


သူ၏စိတ်ပျက်အားငယ်မှုကို သတိပြုမိလိုက်သ​ဖြင့် ယန်အန်းယု၏ အသံက ပို၍ နူးညံ့လာသည်။


"ချီချမ် မင်း ပျော်ပျော်ရွှင်ရွှင် သီချင်းဆိုနိုင်ပြီး မင်းရဲ့အချစ်နဲ့ထိုက်တန်တဲ့သူကို ရှာတွေ့နိုင်မယ်လို့ ငါမျှော်လင့်ပါတယ်"


မှန်တယ်...အရာအာလုံးကို ဘေးချိတ်ထားရမည့်အချိန် ဖြစ်ကောင်းဖြစ်နိုင်၏။ကျန်းချီချမ်က ပြုံးလိုက်၏။

"ကောင်းပြီ ငါလုပ်မှာပါ"


သူ့အသံသည် တိတ်သွားချိန်မှာပဲ ယန်အန်းယု၏ဖုန်းကမြည်လာ၏။အမှန်တွင် ထန်းကော်က ခေါ်ခြင်းဖြစ်နေသည်။


"ထန်းကော် တစ်ခုခုဖြစ်လို့လား"

ယီချန်းယန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဖုန်းခေါ်သူမှာ ထန်းကော်ဖြစ်သောကြောင့် ယန်အန်းယု တစ်ခုခုဖြစ်သွားခြင်း ဖြစ်နိုင်သည်။


"တကယ်တော့... သခင်လေး မစ္စတာယီကို မပြောဖို့ တားမြစ်ထားတာ—" 


ထန်းကော်က ပြတ်တောင်း ပြတ်တောင်းဆို၏။

"—ဒါပေမဲ့..."


"ပြော... တစ်ခုခုဖြစ်ရင် ငါတာဝန်ယူမယ်"


"မစ္စတာယီ သခင်လေး လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ဖျားနေတာ...အဖျားက တကယ်​ပြင်းတယ်"


*****


Sမြို့တော် အနောက်ပိုင်းခရိုင် ဝမ်ရှင်းကျင်းယွမ်


လွန်ခဲ့သည့် ရက်အနည်းငယ်က ရေကန်ထဲတွင် ရိုက်ကူးခဲ့ခြင်းကြောင့်နှင့် အခုတလော တုပ်ကွေးရောဂါ ပိုမိုပြင်းထန်လာခြင်းကြောင့် ယန်အန်းယု ကံမကောင်းစွာဖြင့် ကူးစက်ခံခဲ့ရသည်။


ကြီးကြီးမားမားမဟုတ်ဟု ထင်ကာ သူ အစတွင် ဖုံးကွယ်ထားခဲ့သည်။ နောက်ပိုင်းတွင် သူ့ကို ထန်းကော်က ရှာတွေ့သွားခဲ့သေးသော်လည်း ယန်အန်းယု ယီချန်းယန် နှင့် သူ၏အစ်ကို ယန်ကျွယ့် စိတ်ပူမည်ကို စိုးရိမ်သဖြင့် ထန်းကော်ကို အကြောင်းကို မပြောရန်တားခဲ့သလို ဆေးရုံတက်ရန်လည်း ငြင်းဆိုခဲ့သည်။


စိုးရိမ်နေသော ချီစန်း နှင့် ထန်းကော်က နောက်ဆုံးမှာ မိသားစုဆရာဝန်ကို ခေါ်ခဲ့​ကြသည်။ ကြီးကြီးမားမားပြဿနာမရှိဟု ဆရာဝန်က အတည်ပြုပြီးနောက်တွင် သူက ယန်အန်းယုကို ၎င်း၏ဆေးကို နာနာခံခံသောက်ကာ အိမ်တွင် နှစ်ရက် အနားယူခိုင်းခဲ့သည်။


သည်ကနေ့က ဆရာဝန်က သူ့ကို ပြန်စစ်ဆေးမည့် အချိန်ရောက်ပြီဖြစ်သည်။


ထိုအချိန်တွင် ယန်အန်းယုက အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး ယီချန်းယန်၏ တစ်ကိုယ်လုံးပုံခေါင်းအုံးကို ပွေ့ဖက်ထားသည်။ မျက်လုံးများပင် မပွင့်ဘဲ အိပ်ပျော်နေပုံရသည်။


၎င်းကိုမြင်သောအခါ အမျိုးသားဆရာဝန်က သူအနှောက်အယှက်မဖြစ်အောင် အသံမပေးခဲ့ပေ။အနားသို့ တိတ်တဆိတ်ပဲ လျှောက်လာကာ ယန်အန်းယု၏ နှလုံးခုန်နှုန်းနှင့် ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာပြီးနောက်  ငုံ့ကာ ယန်အန်းယုကို တိတ်တိတ်​လေး ခိုး​နမ်းလိုက်၏။


ယန်အန်းယု၏ မျက်တောင်များ တဖျပ်ဖျပ်ခတ်ပြီး မျက်လုံးပွင့်လာလေသည်။


"အိပ်ချင်ယောင်ဆောင်နေတာပေါ့" 'ဒေါက်တာ'ယီချန်းယန်က ယန်အန်းယု၏နှာခေါင်းကို တို့လိုက်သည်။


"ချန်းယန် ဘာလို့ ဆရာဝန်ယောင်ဆောင်နေတာလဲ"


ယန်အန်းယုက မေးသည်။ သူ့နှာခေါင်းဖျားက နီရဲနေပြီး ယခု အဖျားကြောင့် အနည်းငယ် နှာသံပါနေပေမဲ့ သူ့စိတ်အခြေအနေက အရင်ကနှင့် ယှဉ်လျှင် သိသိသာသာ ပိုကောင်း​နေ​လေသည်။


"ကိုယ်မှန်း မင်းကခန့်မှန်းမိတယ်လား" 

ယီချန်းယန်က ပြောရင်း ယန်းအန်းယုကို ထူပေးလိုက်သည်။


ယန်အန်းယုက မျက်ခုံးပင့်ကာ ပိုင်စိုးပိုင်နင်းဆိုလေသည်။

"ဒါပေါ့...ကျွန်တော်က ငတုံးမှမဟုတ်တာ... သာမန်လူတစ်ယောက်က ကျွန်​တော့်တို့ဟူးကို မစားနိုင်ဘူး"


ယီချန်းယန်က ကျိတ်ပြုံးလိုက်သည်။သည်စကားက သူက ယန်အန်းယုဆီကနေတုန်နေအောင် ချစ်ခံရသည့်အတိုင်းပင်။


"ဘာလို့ ရုတ်တရက်ကြီးဖျားတာလဲ... ဒါရိုက်တာကြောင့်လား၊ ဒါမှမဟုတ် တခြားအကြောင်းပြချက်ရှိလား" 

၎င်းကိုပြောနေချိန်မှာ ယီချန်းယန်၏မျက်လုံးများက မည်းမှောင်၍သွား၏။ သူ့စကားများထဲမှာ ပိုလေးနက်သော အဓိပ္ပါယ်ရှိနေမှန်း အထင်းသားဖြစ်လေသည်။


ယန်အန်းယုလည်း သဘာဝအတိုင်း သတိထားမိသည်။မည်သို့ပင်ဖြစ်စေ'ဝါး' ရိုက်ကူး​ရေးတွင် ထန်းရှောင် ပါဝင်​နေသည်။ယီချန်းယန်က ထန်းရှောင်က သူ့အပေါ် ညစ်ပတ်သည့်လှည့်ကွက်တစ်ခုခု သုံးမှာကြောက်နေသည်။သို့ပေမဲ့ ယန်အန်းယုက ခေါင်းခါပြီး ပြုံးကာဆိုလိုက်၏။ 


"ဘာမှမဟုတ်ပါဘူး ချန်းယန်...ကျွန်တော် သတိလက်လွတ်ဖြစ်ပြီး ရုပ်ရှင်ထဲတအားနစ်ဝင်သွားလို့ပါ"


"မင်းက မင်းရဲ့အလုပ်ထဲကို ဒီလောက်ထိစိတ်နှစ်ထားတယ်ပေါ့"


"ဟားဟား ဟုတ်တယ်..ဘယ်လိုပဲဖြစ်ဖြစ် ကျွန်​တော့်ရဲ့အိုင်ဒေါက ချန်းယန်လေ...ချန်းယန်ဆီကနေ သင်ယူရမယ်မဟုတ်လားလေဗျာ"


ယခုအချိန်တွင် ယန်အန်းယုက အပြောချိုချိုနှင့်လုံးဝ ကျလောက်အောင်ပြောတတ်လာသည်။ယီချန်းယန်က ကူကယ်ရာမဲ့ ပြုံးလိုက်သည်။

"မင်းပါးစပ်လေးကတော့နော်...ချစ်စကားတွေ အများကြီးပြောရတာကို  မင်းမကြိုက်ဘူးမဟုတ်လား"


"ဟုတ်တယ် မကြိုက်ဘူးလေ" 

ယန်အန်းယုက နှိုင်းယှ၍မရသော ခိုင်မာမှုတို့ဖြင့် ယီချန်းယန်ကို စွဲစွဲမြဲမြဲ စိုက်ကြည့်နေသည်


 "ချစ်စကားတချို့တလေက ဖန်တရာထေနေပြီဆိုရင်တောင် အရေးမကြီးပါဘူး...ဘာပဲဖြစ်ဖြစ်၊ တစ်ကမ္ဘာလုံးမှာ ချန်းယန် တစ်ယောက်တည်းပဲကို ကျွန်​တော်ပြောမှာလေ"


ယီချန်းယန်၏ နှလုံးသား နွေးထွေးသွားသည်။ အချိန်အတော်ကြာသည့်တိုင် ယန်အန်းယုကို ဘယ်လိုတုံ့ပြန်ရမှန်းကို မသိ​သောကြောင့် ကုန်းပြီး နမ်းလိုက်​တော့၏။


သူတို့နှုတ်ခမ်းများက အချင်းချင်း ဖိကပ်ထားပြီး လျှာများက တရင်းတနှီး ရောယှက်၍နေသည်။ယန်အန်းယုက ရုန်းကန်မှုအချို့ဖြင့် ယီချန်းယန်ကို တွန်းထုတ်လိုက်သည်။


"အမ်း ချန်းယန်... ချန်းယန် ကျွန်​တော်က ဖျားနေတာ...ဒီလိုလုပ်နေတာ ချန်းယန်ကို  အဖျားကူးနိုင်တယ်"


ခွေး​ပေါက်လေးတစ်ကောင်လို၊တောက်ပပြီး ဖြူစင်သော မျက်လုံးများက ယီချန်းယန်၏ နှလုံးသားကို ယားယံသွားစေခဲ့သည်။ သူက ခပ်ဟဟရယ်လိုက်သည်။

"အဆင်ပြေပါတယ်... မင်းကိုဖျားနေတဲ့အချိန်မှာတောင် ဒီလိုချိုမြိန်နေဖို့ ဘယ်သူပြောလို့လဲ"


ပူနွေးကာ ဖရိုဖရဲဖြစ်နေသော အသက်ရှုသံများက တစ်ယောက်၏မျက်နှာကို တစ်ယောက် ရိုက်ခတ်သွားကြ​လေသည်။ ခါတိုင်းနှင့်မတူဘဲ၊ ဤအနမ်းသည် အထူးသဖြင့် ရမ္မက်ပြင်းပြင်းနှင့် ဗိုလ်ကျခြယ်လှယ်လွန်းမနေဘဲ ယင်းအစား အလွန်နူးညံ့ပြီး တယုတယု တမြတ်တနိုးနှင့် ဖြစ်၏။


ယီချန်းယန်၏ ရှည်လျားသော လျှာက ယန်အန်းယု၏ ပါးစပ်ထဲသို့ ထိုးသွင်းပြီး မွှေကာ စုပ်ယူလိုက်သည်။ ကျေနပ်အားရစရာ ခွန်အားကို သယ်ဆောင်လာသလိုမျိုး ယန်အန်းယုအား ပူလောင်လာမှုရော ချိုမြိန်မှုကိုပါ ခံစားရစေ၏။သူ့နှုတ်ခမ်းနှင့် လျှာဆီက တဆတ်ဆတ်တုန်ယင်နေသည့် အားရကျေနပ်ဖွယ်ရာ ခံစားမှုက ပိုပို​ပြင်းထန်လာ၏။


နမ်းပြီးနောက်တွင်၊ အထူးသဖြင့် ဤအတွက် အထူးတလည် ဆရာဝန်တစ်ဦးအဖြစ် ဟန်ဆောင်ခဲ့သော တစ်ယောက်သော ရုပ်ရှင်ဧကရာဇ်ကြီးက စိတ်ကျေနပ်မှုရသွားပြီး ယန်အန်းယုအား ပြန်အိပ်ရန် ကူညီပေးလိုက်သည်။

"အဖျားက မ​ပျောက်သေးဘူး...ဒါကြောင့် နည်းနည်းကြာအောင် အိပ်လိုက်ဦး"


"အင်း"

ယန်အန်းယုက ခေါင်းညိတ်ပြီး ကုတင်ပေါ်က ဖက်လုံးရှည်ကို ပြန်ဖက်မည်ပြုပေမဲ့ ယီချန်းယန်က သူ့ကို တားလိုက်၏။


သူ့ပုံကို ပုံနှိပ်ထားပြီး ယန်အန်းယု အထူးတလည်စိတ်ကြိုက် မှာယူထားသည့် ဖက်လုံးရှည်ပင် ဖြစ်နေသည့် ထိုဖက်လုံးကိုကြည့်ပြီး ယီချန်းယန် ငိုရမလားရယ်ရမလားမသိတော့ပေ။


သူက ဤပစ္စည်းကို ခဏဘေးပို့ထားပြီး ယန်အန်းယု၏ဘေးမှာ သူ့ဘာသူဝင်လှဲလိုက်လေသည်။


"ရှောင်ယု...ကိုယ်အစစ် မင်းရဲ့ရှေ့တည့်တည့်မှာ ရှိနေတာကို အဲဒီဟာကို ဖက်ပါနဲ့တော့ကွာ" 

၎င်းကိုပြောပြီးနောက် ယီချန်းယန်က မျက်လုံးပင်မှိတ်​ပြလိုက်​သေးသည်။


ဝေါင်း ဝေါင်း ဝေါင်း... ရေခဲတုံးရုပ်ရှင်ဧကရာဇ်ကြီးဘက်ကနေ ရှားရှားပါးပါး သွေးဆောင်ဖြားယောင်းနေခြင်းဖြစ်၏။Megadareလေးယန်အန်းယုခဗျာ ဤသွေးဆောင်ဖြားယောင်းမှုက သဘာဝအတိုင်း ခံနိုင်ရည်မရှိဖြစ်ပြီးချက်ချင်းပဲ သူ့ကိုယ်သူပစ်ဝင်ကာ ယီချန်းယန်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်​တော့သည်။


ထို့ကြောင့် လူသားဖက်လုံးဖြစ်ရသည်အား လုံးဝပျော်ရွှင်နေသော ရုပ်ရှင်ဧကရာဇ်ယီက နာခံမှုရှိရှိဖြင့် သူနှင့်အတူ 'အိပ်'ပေးခဲ့သည်။


ညအချိန်၌ ချီစန်း နှင့် ထန်းကော် ပြန်လာသောအခါတွင် အဝတ်အစားသပ်သပ်ရပ်ရပ် ဝတ်ထားသော ဤလင်လင်စုံတွဲက ခန္ဓာကိုယ်ချင်း ပူးကပ်လျက် နှစ်ယောက်စလုံး အိပ်မက်ကမ္ဘာထဲတွင် ​ရောက်နေသည်ကို တွေ့လိုက်ရသည်။


ထန်းကော် ချက်ချင်းပင် နှလုံးဖောက်ချင်သွားသည်။


မစ္စတာယီက သခင်လေးဆီ ခဏပဲ လာလည်ပြီးပြန်မယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တာ မလား...သူနဲ့ ချီကောလည်း ဒီနှစ်ယောက် ပွတ်သီးပွတ်သပ်လုပ်လို့ရအောင် လုံလောက်တာထက်ပိုတဲ့အချိန်ပေးခဲ့ပြီးပြီလေ...နေ့ခင်းကြောင်တောင်ကြီး သခင်လေးကလည်း ဖျားနေသေးတဲ့အချိန်မှာ ဘာလို့ နှစ်ယောက်သား ဒီလိုပုံစံနဲ့အိပ်နေကြတာလဲ...


"ချီ...ချီ​ကော မစ္စတာယီဒီမှာ ရှိနေဦးမယ်လို့ မထင်ထားဘူး...သူတို့ကို ဆက်ရှောင်​ပေးရအောင်" 

ထန်းရှောင်က ကိုးရိုးကားယား ပြောလိုက်လေသည်။ 


"အင်း...ဒါ​ပေမဲ့ အဲဒီမတိုင်ခင် လီယဲ့ကို အရင်​ဆက်​သွယ်​ပြီး မစ္စတာယီဒီမှာ တစ်​ညအိပ်​​နေမယ်​လို့ သူ့ကို​ပြောလိုက်ဦး"


"ချီကောက စွမ်းပေ့ ပညာရှိပါပေ့ဗျာ" 

ထန်းကော်၏ မျက်လုံးများ တောက်ပလာသည်။


ချီစန်း: "..."


နောက်တစ်နေ့မှာတော့ ယန်အန်းယု၏ အဖျားက လုံးဝ သက်သာသွားပြီး သူ့ကျန်းမာရေးက ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။သေချာသည်က အချစ်၏နှစ်သိမ့်မှုရသည်က လုံးဝကွဲပြားခြားနားသည်။ 


"ချန်းယန် ဒီနေ့ နောက်တစ်ရက် အနားယူရအောင်...မနက်ဖြန်မှ ရုပ်ရှင်ရိုက်ဖို့အတွက် ရိုက်ကွင်းကို အပြေးအလွှား ပြန်သွားလိုက်မယ်"


ယီချန်းယန်က ယန်အန်းယုကိုအလုပ်ကို အလွန်ကြီး ကြိုးစားပမ်းစားမလုပ်​စေချင်သော်လည်း နားလည်းလည်ပြီး သူ့ဆုံးဖြတ်ချက်ကိုလည်း လေးစားသောကြောင့် ခေါင်းအသာညိတ်လိုက်သည်။ 


"အင်း..ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ မမေ့နဲ့နော်..နေမကောင်း​ထပ်ဖြစ်ရင် ကိုယ်..."


"ဘာလုပ်မှာလဲ"


"မင်းကို အိပ်ယာထဲမှာ သင်ခန်းစာပေးမှာ" 

တစ်ယောက်သော ရုပ်ရှင်ဧကရာဇ်ကြီးက '​​ကြင်ကြင်နာနာ' ပြုံးလိုက်လေသည်။


ယန်အန်းယု: "..."


သူတို့မိသားစုက ရုပ်ရှင်ဧကရာဇ်ကြီး သူ့ရဲ့ ဝမ်းတွင်းမည်းစရိုက်ကို အသက်သွင်းလိုက်တာနဲ့ နည်းနည်း ကြောက်စရာကောင်းသွားတယ် အာ...


ရုတ်တရက် ယန်အန်းယု၏ခေါင်းက နာကျင်လာသဖြင့် သူ နားထင်များကိုဖိလိုက်မိ၏။


"ရှောင်ယု ဘာဖြစ်နေတာလဲ" 

ယီချန်းယန်၏ အမူအရာ ပြောင်းသွားပြီး အလျင်အမြန် သူ့နားထင်များကို ကူနှိပ်ပေးလေသည်။

"ခေါင်းကိုက်နေပြန်ပြီလား"


ယခင်တုန်းက ယန်အန်းယု ရုတ်တရက် မူးလဲပြီး ဆေးရုံတင်လိုက်ရသည်။ ထိုအချိန်တုန်းက မူးဝေ ခေါင်းကိုက်ခြင်း လက္ခဏာများ အကြိမ်ကြိမ် ခံစားရတတ်သည်။အစက အနားယူပြီး ကုသမှုခံမှုပြီးနောက် ယန်အန်းယုအပြည့်အဝပြန်လည်ကောင်းမွန်နေပြီဟု သူထင်ခဲ့သည်။ယခုအချိန်ထိ သူ ဖြစ်နေဦးမည်ဟု သူမထင်ထားခဲ့ပေ။


ယန်အန်းယုက ခေါင်းခါပြီး ပြုံးပြလိုက်သည်။

"အဆင်ပြေပါတယ်...ဘာမှမဖြစ်ဘူး... စိတ်မပူပါနဲ့ ချန်းယန်"


ယခုနက နာကျင်မှုက ယန်အန်းယုကို တစ်ခုခုကို သတိရသွားစေသည်။ သူ၏အမူအရာသည် တဖြည်းဖြည်း ပိုပို၍ လေးနက်လာသည်။


"အိုး ဟုတ်တယ်...ချန်းယန် ကျွန်​တော်အမြဲမေးချင်​နေတာ..."


သူချီတုံချတုံဖြစ်​နေပြီး မသေချာ​နေသည်ကိုမြင်ရသောအခါ ယီအန်းယန် အနည်းငယ် စိတ်မသက်မသာဖြစ်မိ​လေသည်။

"ဘာမေးချင်တာလဲ"


"ဒီမေးခွန်းက အမှန်တော့ 'နှလုံးသား၌ထုဆစ်လေသော' ရိုက်ကူးတုန်းက Z မြို့တော် ဟိုတယ်မှာ ချန်းယန်ကို မေးဖူးတယ်"


ယီချန်းယန် ရင်ထိတ်သွားပြီး သူ့နှလုံးသားထဲက အဆင်မပြေမှုကပို၍တိုးလာလေသည်။



👥️