အပိုင်း ၁၁၅ (Extra 1)
Viewers 12k

(Extra 1)
ကျိစစ်ယောင်နှင့် စစ်ချီတို့ ထွက်သွားပြီးနောက်တွင် စစ်ကျွင်းတောက်က ထပ်မံ၍ အလုပ်များလာပြန်သည်။ ဝမ်မင်ယီက ချန်းလုကို့ သူ့အတွက်နောက်ထပ် လှုပ်ရှားမှုများ မရွေးခိုင်းတော့ပေ။ သူက သူ့သူငယ်ချင်းကောင်းများကိုခေါ်၍ အပြင်ထွက်ပြီးကစားလေသည်။
အချိန်ကောင်းများပိုင်ဆိုင်ခဲ့ပြီး ဝမ်မင်ယီက သူတို့ဘာသာ ကိုယ်တိုင်ကားမောင်းရင်း ခရီးပတ်သွားရန် အကြံတစ်ခုကို တွေးနေခဲ့သည်။ သူက လုယွင်ဖေးပြောသည်ကို ကြားလိုက်သည်။
"သဘက်ခါက မကောင်းဘူးလား... သဘက်ခါက ဗယ်လင်တိုင်းနေ့လေ... ငါ ပြန့်ပြန့်နဲ အချိန်ဖြုန်းပေးရမှာ...."
ဝမ်မင်ယီလည်း ဗယ်လင်တိုင်းနေ့ရောက်တော့မည်မှန်း မှတ်မိသွားခဲ့သည်။
လုယွင်ဖေးက သူ့ကိုမေးလာသည်။
"မင်းက စီနီယာနဲ့နေတာမဟုတ်ဘူးလား..."
"ဟုတ်တယ်လေ... သူနဲ့အတူနေတာ..."
"မင်းတို့ ဘာလုပ်ကြဖို့ပြင်ဆင်ထားလဲ..."
လုယွင်ဖေးက သိချင်နေသည်။
"မင်းတို့ရော ဘာလုပ်ကြမှာလဲ..."
ဝမ်မင်ယီကမေးလိုက်သညိ။
"နှင်းလျောစီးမလို့..."
လုယွင်ဖေးက ပြောလိုက်သည်။
"မင်းတို့ရော ငါတို့နဲ့လိုက်ချင်လား.."
"ဟင့်အင်း ငါနှင်းလျောစီးတာ ဝါသနာမပါဘူး..."
ဝမ်မင်ယီက ငြင်းဆိုလိုက်သည်။ ထိုသို့တွေးပြီးသောအခါတွင် စစ်ကျွင်းတောက်ပြန်လာချိန်၌ ထိုအကြောင်း မေးရန် စဉ်းစားလိုက်သည်။ မည်သို့ပင်ဆိုစေ စစ်ကျွင်းတောက်က သူ့ထက် အလုပ်များပေသည်။ အကယ်၍ စစ်ကျွင်းတောင်တွင် အချိန်မရှိလည်း ကိစ္စတော့မရှိပေ။ ဗယ်လင်တိုင်းနေ့ကိုစစ်ကျွင်းတောက် ရုံးခန်းထဲသွားနေပြီး အချိန်ဖြုန်းရုံသာရှိသည်။
ဝမ်မင်ယီက ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ အဝတ်အစားလဲ၍ စစ်ကျွင်းတောက်ထံကားမောင်း၍ပြေးတော့သည်။ သူက စစ်ကျွင်းတောက်ကို ဗယ်လင်တိုင်းနေ့အတွက် အစီအစဉ်များကိုမေးပြီး အလုပ်မှတစ်ခါတည်း ကြိုလိုက်ရန်ဖြစ်သည်။
စစ်ကျွင်းတောက်က သူ့လက်ထဲရှိ ကတ်ကလေးကိုကြည့်လိုက်သည်။ ထိုကတ်က အသည်းပုံလေးဖြစ်သည်။ ၎င်းပေါ်တွင် အဖြူအမဲဖြင့်ရေးသားထားသည်မှာ :
ဗယ်လင်တိုင်းနေ့ရောက်တော့ပါမယ်... မစ္စတာစစ်နဲ့ မစ္စတာဝမ်တို့ ပျော်ရွှင်စရာဗယ်လင်တိုင်းနေ့လေး ရပါစေလို့ ဆုတောင်းပေးပါတယ်....
ထိုကတ်နှင့်အတူ နှင်းဆီပန်းတစ်သေတ္တာလည်း ရှိနေသည်။
ဝမ်မင်ယီက ထိုပန်းဆိုင်မှ နှင်းဆီပန်းတို့ကို မှာယူသည်မှာ တစ်နှစ်မျှရှိနေလေပြီ။ သူက နှင်းဆီပန်းများကို မကြာခဏမှာလေ့ရှိသည်။ သူက သုံးလေးရက်တစ်ခါတိုင်း လက်တစ်ဆုပ်စာပန်းစည်းကို မှာလေ့ရှိ၍ ထိုဆိုင်တွင် VIPဖြစ်လာခဲ့သညိ။ ဗယ်လင်တိုင်းနေ့နီးလာပြီဖြစ်၍ ပန်းဆိုင်မှာ သူ၏VIPဖောက်သည်ကို ကျေးဇူးတင်ရန် နှင်းဆီပန်းတစ်သေတ္တာပို့ပေးပြီး သူတို့၏အချစ် ထာဝရတည်မြဲရန်ဆုတောင်းပေးလေသည်။
စစ်ကျွင်းတောက်က စာကတ်ကိုကြည့်ရင်း ဗယ်လင်တိုင်းနေ့ လာတော့မည်မှန်း သိလိုက်ရသည်။ သူနှင့် ဝမ်မင်ယီတို့ ဗယ်လင်တိုင်းနေ့ကို အတူတူမဖြတ်သန်းရလောက်ပေ။
သူတို့က ဗယ်လင်တိုင်းနေ့ကို အတူတူမဖြတ်သန်းရရုံမျှမက ပုံမှန်နေ့များလို ဖြတ်ကျော်ရမည့်ပုံပင်။ ၎င်းက အတော်လေးရင်းနှီးကျွမ်းဝင်လာ၍ ဖြစ်လာသည့် ကိစ္စမျိုးပင်။ စစ်ကျွင်းတောက်က သူတို့နှစ်ယောက်၏ခံစားချက်များမှာ အလွန်တရာရင်းနှီးကျွမ်းဝင်နေပြီဖြစ်၍ အပြင်ထွက်လည်ပြီး အချိန်ကောင်းလေးများ အတူတူဖြုန်းကြခြင်းဟူသည်ကိုပင် သိပ်မမျှော်လင့်မိကြတော့ပေ။
စစ်ကျွင်းတောက်က သူ့ပြက္ခဒိန်ပေါ်တွင် ဆယ့်လေးရက်နေ့ကို ဝိုင်းလိုက်ပြီး လင်းမူကိုပြောလိုက်သည်။
"ငါ ၁၄ရက်နေ့မှာ နားမယ်... အဲ့နေ့အတွက် အချိန်ဇယားတွေ ဖယ်ပေးဦး..."
လင်းမူက ဖေဖော်ဝါရီ၁၄ရက်နေ့တွင် နားမည်ဟူသော စကားကြောင့် ထိတ်လန့်သွားရသည်။
ဘော့စ်က နှင်းဆီပန်းမိန်းကလေးနဲ့ ဒိတ်လုပ်မလို့များလား...
"ဟုတ်ကဲ့..."
သူမပြောလိုက်သည်။
"ကျွန်မစီစဉ်လိုက်ပါ့မယ်..."
"ကောင်းပြီလေ...."
၎င်းက အတော်လေးစိတ်ဝင်စားစရာပင်။ လင်းမူက ဖုန်းချပြီးသည်နှင့် သူမဘော့စ်သဘောကျသူေလးမှာ နူးညံ့ငြင်သာကာ ကျက်သရေရှိပြီး သူနှင့်လိုက်ဖက်ညီမည့် အမျိုးသမီးတစ်ယောက်ဖြစ်မည်ဟု စိတ်ကူးယဉ်နေမိသည်။
ဝမ်မင်ယီက လျှင်မြန်စွာရောက်ရှိလာခဲ့သည်။ သူက လင်းမူကိုပြုံးပြလိုက်ပြီး စစ်ကျွင်းတောက်၏ရုံးခန်းထဲဝင်သွားလိုက်သည်။ ရလဒ်အနေဖြင့် သူတံခါးတွန်းဖွင့်လိုက်သည်နှင့် စားပွဲပေါ်တွင် နှင်းဆီပန်းတစ်သေတ္တာကို တွေ့လိုက်ရသည်။ ဝမ်မင်ယီက အတော်လေးအံ့ဩသွားပြီး အထဲသို့လျှင်မြန်စွာ ဝင်လိုက်သည်။
"ဘာလာလုပ်ရတာလဲ...."
စစ်ကျွင်းတောက်က သူ့ကိုမြင်သည်နှင့် ရယ်လိုက်လေသည်။
"ကိုယ့်ကို အလုပ်လာကြိုတာလား..."
ဝမ်မင်ယီက နှာမှုတ်လိုက်သည်။ ထို့နောက်တွင် သူ့စားပွဲပေါ်ရှိ နှင်းဆီပန်းများကို လက်ထိပ်ဖြင့်ထိလိုက်သည်။ ထို့နောက် တစ်လုံးချင်းဆီပြောလာသည်။
"သစ္စာဖောက်ကိုလာဖမ်းတာ...."
"ကျွန်တော့်မမြင်ကွယ်ရာမှာ တခြားလူရဲ့ နှင်းဆီပန်းကိုယူရဲတယ်ပေါ့... စစ်ကျွင်းတောက်... ခင်ဗျားတော်တော်လေး သတ္တိရှိတာပဲ... ဟမ့်..."
ဝမ်မင်ယီက သူ့ခေါင်းကိုငုံ့လိုက်ပြီး သေတ္တာကိုဖွင့်လိုက်သည်။
စစ်ကျွင်းတောက်က လျှာတောက်လိုက်ပြီး ကတ်ကိုထုတ်ကာသူ့ကိုပေးလိုက်သည်။
ဝမ်မင်ယီက အံ့အားသင့်သွားခဲ့သည်။
"ကတ်ကိုတောင် ဖွက်ထားရဲသေးတယ်...."
"ကိုယ်က ဖွက်ရုံတင်မဘူး.. အဲ့လူနဲ့ ဒိတ်ဦးမှာ...."
ဝမ်မင်ယီက မျက်ခုံးပင့်လိုက်သည်။ သူက ၎င်းကိုမယုံပါချေ။ ကမ္ဘာပေါ်ရှိ အခြားသောယောက်ျားများက ဖောက်ပြန်နိုင်ပါသော်လည်း စစ်ကျွင်းတောက်က ဖောက်ပြန်နိုင်မည်မဟုတ်ပေ။
သူ ကတ်ကိုယူကာ ကြည့်လိုက်သည်။ ထိုအထဲတွင် ရေးထားသည်မှာ-
"ဗယ်လင်တိုင်းနေ့ရောက်တော့ပါမယ်... မစ္စတာစစ်နဲ့ မစ္စတာဝမ်တို့ ပျော်ရွှင်စရာဗယ်လင်တိုင်းနေ့လေး ရပါစေလို့ ဆုတောင်းပေးပါတယ်..."
ဝမ်မင်ယီ "...."
ဝမ်မင်ယီက ထိုကတ်ကိုသူ့အိတ်ကပ်ထဲ အမြန်ထည့်လိုက်သည်။
"ကျွန်တော် ကောကို အလုပ်ကနေ လာကြိုတာ..."
"ခုဏလေးတင် သစ္စာဖောက်ကို ဖမ်းဖို့လာတာလို့ မပြောဘူးလား..."
စစ်ကျွင်းတောက်က တမင်တကာပြောလိုက်သည်။
ဝမ်မင်ယီက ကိုးယိုးကားယားပြုံးလိုက်သော်လည်း ရုတ်တရက် တစ်ခုခုကိုတွေးမိသွားပြီး မေးလိုက်သည်။
"ကော ကျွန်တော်နဲ့ ဒိတ်မယ်လို့ ပြောခဲ့လားလို့..."
စစ်ကျွင်းတောက်က ပြန်မဖြေပေ။
ဝမ်မင်ယီက အံ့အားတကြီးပြောလိုက်သည်။
"ကောက ကျွန်တော်နဲ့ ဗယ်လင်တိုင်းနေ့မှာ အချိန်ဖြုန်းပေးမလို့လား.."
"ပြောပါဦး မင်းလေးမှာရော အချိန်ရှိရဲ့လား...."
"ရှိတာပေါ့လို့...."
ဝမ်မင်ယီက စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"ကျွန်တော်လည်း အဲ့တာကြောင့် ဒီကိုလာခဲ့တာလေ... ကျွန်တော် ကောနဲ့အတူ ဗယ်လင်တိုင်းနေ့မှာ အချိန်အတူတူဖြုန်းချင်လို့..."
စစ်ကျွင်းတောက်က သူ၏ပြာယာခတ်နေသော ပုံစံကိုကြည့်ပြီး နှုတ်ခမ်းထောင့်တို့ မြင့်တက်သွားသည်။
"ကောင်းပြီလေ.... ဒါဆို အဲ့နေ့တစ်ရက် နားကြတာပေါ့...."
"ကောင်းတာပေါ့..."
၎င်းက သူတို့၏ ပထမဦးဆုံးသော ချိန်းတွေ့မှုကလေးပင်။ ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်တို့မှာ အချိန်အတော်ကြာ အတူရှိနေခဲ့ကြပြီးဖြစ်၍ သာမန်အတွဲများလိုမည်သို့ ချိန်းတွေ့ရမလဲ မသိကြချေ။ သူက ဝီချက်တွင်လုယွင်ဖေးကို မေးလိုက်သည်။ လုယွင်ဖေးက အတော်လေးအလုပ်များနေပုံပေါ်ပြီး သူ့ကို စာပြန်မလာပေ။
သူ လီယွမ်ချင်းကိုသာသွားမေးလိုက်သည်။
:ချစ်သူရည်းစားတွေက ချိန်းတွေ့တဲ့အခါ ဘာလုပ်ကြလဲ...
ထိုအချိန်တွင် လီယွမ်ချင်းမှာ စုန့်ရှုဟန်နှင့် စကားပြောနေလေသည်။
သူတို့၏ကျောင်းနှင့် စုန့်ရှုဟန်၏ကျောင်းမှာ ညီအစ်ကိုကျောင်းများအဖြစ် လက်မှတ်ရေးထိုးထားသည်။ နှစ်တိုင်း ကျောင်းသားအချင်းချင်းဖလှယ်ကာ စာလေ့လာခိုင်းလေ့ရှိသည်။ စုန့်ရှုဟန်မှာ ယခင်စာသင်နှစ်၏ ကျောင်းသားဖြစ်သည်။ သူက ကျောင်း၏ ရေမြေဒေသတို့ဖြင့် ကျွမ်းဝင်ခြင်းမရှိပဲ အတန်းခေါင်းဆောင်၏ ဝန်ခံမှုကိုပင် ငြင်းဆိုလိုက်သည်။ တစ်ခန်းလုံးက သူ့ကို အချိန်အတော်အကြာဂရုပင်မစိုက်ခဲ့ကြပဲ တစ်နေ့တွင် လီယွမ်ချင်းနှင့် ထပ်မံတွေ့ဆုံခဲ့သည်။
လီယွမ်ချင်းက ကျောင်းထဲတွင် ထိုသို့ပြင်းထန်လှသော အနိုင်ကျင့်မှုမျိုးရှိနေမည်ဟုမထင်ခဲ့ပေ။ ထို့ကြောင့် အတန်းခေါင်းဆောင်ကို တိုက်ရိုက်သာ ရိုက်ပစ်ခဲ့သည်။ ထို့နောက်တွင် အဖွဲ့ခေါင်းဆောင်မှာ စုန့်ရှုဟန်ကို ပြဿနာရှာမည်စိုး၍ သူ့အနားခေါ်ထားလိုက်သည်။ တဖြေးဖြေးနှင့် သူက စုန့်ရှုဟန်အပေါ် တစ်မျိုးတစ်မည်သော ခံစားချက်တစ်ခု ပေါက်ဖွားလာခဲ့သည်။
ယခုတွင် ဗယ်လင်တိုင်းနေ့ ရောက်လာတော့မည်ဖြစ်ပြီး စုန့်ရှုဟန်က ဆောင်းရာသီပိတ်ရက်အတွက် အိမ်ကို ပြန်သွားခဲ့သည်။ လီယွမ်ချင်းက အခြားလူများကို စကားပြောရန်ပြင်နေချိန်တွင် ဝမ်မင်ယီက ဝီချက်မှမက်ဆေ့ပို့လာခြင်းဖြစ်သည်။
လီယွမ်ချင်း : သမီးရည်းစားတွေ ချိန်းတွေ့ရင် ဘာများလုပ်နိုင်မှာလဲ... တစ်ခုခုစားသောက်တာ ရုပ်ရှင်သွားကြည့်တာမျိုး မဟုတ်ဘူးလား... အကယ်၍ မင်းက ရုပ်ရှင်ကြည့်ရတာ မကြိုက်ရင် မင်းကြိုက်တဲ့ စိတ်အပန်းဖြေတာတစ်ခုခုလုပ်လို့ရတယ်လေ...
ဝမ်မင်ယီ : တကယ်လား... အဲ့ဒါ သမီးရည်းစားတွေချိန်းတွေ့တာမျိုးပေါ့လေ... အဲ့တာ ငါနဲ့ကောနဲ့ လုပ်နေကြမျိုးတွေမဟုတ်ဘူးလား....
လီယွမ်ချင်း : ....
လီယွမ်ချင်းက မျက်နှာကြီးမဲမှောင်သွားရသည်။
လီယွမ်ချင်း : ငါကလူမဟုတ်ဘူးဆိုပေမဲ့ မင်းကတော့ တကယ်ခွေးကောင်ပဲ... ငါက အခုထိ စင်ကယ်ခွေးလေးဖြစ်နေသေးတာကို ကျေးဇူးပြုပြီး ထောက်ထားငဲ့ညှာပေးလို့ရမလား.... မင်းတို့ရဲ့အချစ်တွေကို ပြချင်တိုင်းပြတာမျိုးက သင့်လျော်တယ်ထင်လို့လား...
ဝမ်မင်ယီမှာ သူပြောလိုက်သည်က သူ၏အချစ်များကို ပြသသည်ဟုမထင်သော်လည်း လီယွမ်ချင်းမှာ ယခုအချိန်အထိ သနားစရာစင်ကယ်ခွေးလေးတစ်ယောက် ဖြစ်နေသေး၍ သူ့သူငယ်ချင်းကို ဗယ်လင်တိုင်းနေ့တွင် မျက်စိမကန်းစေရန် အကြံပြုလိုက်သည်။
ဝမ်မင်ယီ : မြန်မြန်လေး ချစ်ကြိုက်ပြီး ရည်းစားထားစမ်းပါ ဘရိုရဲ့... မဟုတ်ရင် မင်းပဲနောက်ကောက်ကျပြီး ကျန်နေခဲ့မယ်နော်...
လီယွမ်ချင်းက သူမထိန်းချုပ်နိုင်ကြောင်း ပြောပြခဲ့သည်။ ၎င်းက အခြားမိန်းကလေးများအပေါ်တွင် မူတည်နေလေသည်။ သူထိုအကြောင်းတွေးပြီး ဝမ်မင်ယီနှင့် ရန်ဖြစ်ရန် စိတ်မပါတော့ချေ။ ဝမ်မင်ယီနှင့် စကားအနည်းငယ်ဆက်ပြောပြီးနောက်တွင် စုန့်ရှုဟန်နှင့်သာ စကားသွားပြောတော့သည်။
ဝမ်မင်ယီက အဖြေသိသွားပြီဖြစ်သည်။ ၎င်းက သူလိုချင်သည့်အဖြေမဟုတ်သော်လည်း ဘာမှမသိတာထက်စာရင် ကောင်းပါသေးသည်။ ထိုအကြောင်းကိုတွေးပြီးနောက်တွင် သူနှင့် သူ့ကောမှာ နေ့တိုင်းနီးပါးဒိတ်လုပ်နေရကြောင်း သိလိုက်၍ အတော်လေးသဘောခွေ့သွားသည်။
သူက သူ၏ဆုံးဖြတ်ချက်ကို စစ်ကျွင်းတောက်ကိုပြောပြသောအခါတွင် အချိန်အတော်ကြာ ရယ်မောပြီး စားပွဲပေါ်ရှိ နှင်းဆီပန်းကို သူ့လက်ထဲပွေ့လိုက်သည်။
"သွားကြရအောင်... အလုပ်ဆင်းကြစို့..."
"ဒါဆို ဒီဟာကရော..."
ဝမ်မင်ယီက သူ့လက်ထဲက နှင်းဆီပန်းကို မျက်စပစ်ပြလိုက်သည်။
"အိမ်ကိုယူသွားကြတာပေါ့... ရုံးခန်းထဲမှာ အလှဆင်ပြီးသားတွေရှိတယ်လေ... ဒါကို အိမ်ယူသွားတာပိုကောင်းတယ်..."
ဝမ်မင်ယီက ခေါင်းငြိမ့်လိုက်သည်။
"အိုကေလေ..."
စစ်ကျွင်းတောက်က သူ့ကို ပုံမှန်မျက်နှာထားဖြင့် ကြည့်နေပြီး ရုတ်တရက် သူ့ဘက်က ဝမ်မင်ယီကို ပန်းများမပို့ပေးဖူးကြောင်း သတိရသွားသည်။
ဤနှစ်တွင် ဝမ်မင်ယီက အချိန်တိုင်းနီးပါး သူ့ကို ပန်းများပို့ပေးသော်လည်း သူက ဝမ်မင်ယီကို တစ်ခါမှ မပေးဖူးပေ။ ယခုတွင် ၎င်းက မသင့်တော်သလိုဖြစ်လာခဲ့သည်။
စစ်ကျွင်းတောက်က ထိုအကြောင်းတွေးလိုက်ပြီး ဗယ်လင်တိုင်းနေ့တွင် ဝမ်မင်ယီအတွက် ပန်းစည်းတစ်စည်းပို့ပေးရန် ဆုံးဖြတ်လိုက်သည်။
လူနှစ်ယောက်က အိမ်ကို ကားမောင်းပြီး ပြန်လာကြသည်။ အန်းတီကျန်းမှာ အစားအသောက်များ ချက်ပြုတ်ပြီးပြီဖြစ်သည်။ ဝမ်မင်ယီက စားသောက်ရန် အလျှင်မလိုပေ။ သူက ပထမဆုံးပန်းအိုးစ်အိုးရှာပြီး နှင်းဆီပန်းများထည့်ကာ စစ်ကျွင်းတောက်၏ စာကြည့်ခန်းထဲထည့်ပေးပြီးမှ အောက်ထပ်သို့ဆင်းကာ ထမင်းစားလေသည်။
"ကော ဗယ်လင်တိုင်းနေ့မှာ ဘာလုပ်ချင်လဲ..."
ဝမ်မင်ယီက မေးလိုက်သည်။
"စားသောက်ပြီး ရုပ်ရှင်ကြည့်မှာလား..."
စစ်ကျွင်းတောက်ကလည်း ပြန်မေးလိုက်သည်။
"မင်းကရော..."
ဝမ်မင်ယီက ဘာဖြေရမလဲမသိပေ။ ခဏမျှတွေးပြီးနောက်တွင် ပြန်ဖြေလိုက်သည်။
"အပြင်ထွက်ပြီး ကစားချင်တယ်..."
"တစ်နေ့တည်းနဲ့ မလောက်လို့လား...."
ဝမ်မင်ယီက သူ့တူသူကိုက်ထားပြီး ထပ်တွေးပြန်သည်။
"ဗယ်လင်တိုင်းနေ့မှာ ညစာအတူစားပြီး ရုပ်ရှင်ကြည့်မယ်.... ကောမှာအချိန်ရှိရင်တော့ ကျွန်တော်နဲ့ လျှောက်လည်ကြတာပေါ့..."
"ကောင်းပြီလေ..."
နှစ်ယောက်စလုံးမှာ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ပြီး ဗယ်လင်တိုင်းနေ့ကို စောင့်နေကြသည်။
ဗယ်လင်တိုင်းနေ့တွင် ဝမ်မင်ယီက အိမ်ရာစောစောထခဲ့သည်။ စစ်ကျွင်းတောက်က သူနှင့်အတူ မျက်နှာသစ်ပြီး အောက်ထပ်ကိုဆင်း၍ မနက်စာလုပ်လေသည်။
သူတို့ မနက်စာစားနေချိန်တွင် လူခေါ်ခေါင်းလောင်းက မြည်လာခဲ့သည်။
"သွားကြည့်လိုက်..."
စစ်ကျွင်းတောက်က ပြောလိုက်သည်။
ဝမ်မင်ယီက "အိုး..."ဟု အသံပြုကာ မတ်တပ်ရပ်ပြီး အဆက်မပြတ်မြည်နေသော လူခေါ်ခေါင်းလောင်းရှိရာ တံခါးကိုတွန်းဖွင့်လိုက်သည်။
သူလက်တလောတွင် ဘာမှမဝယ်ခဲ့ပေ။ ဝမ်မင်ယီက အခုထိနားမလည်သေးပါချေ။
"အမြန်အချောပို့ကလား..."
"ဟုတ်ပါတယ်... ဒီမှာ ခင်ဗျားရဲ့ ပန်းတွေပါ... ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါဦး..."
"ကျွန်တော်လား...."
ဝမ်မင်ယီအံ့ဩသွားသည်။
"ကျွန်တော့်ကို ဘယ်သူက ပန်းပို့တာလဲ..."
အမြန်အချောပို့လူမှာ တစ်ချက်ကြည့်ပေးလေသည်။
"မျိုးရိုးနာမည် စစ်ပါ..."
ဝမ်မင်ယီနားလည်သွားလေပြီ။ ပုံမှန်ဆိုလျှင် လူခေါ်ခေါင်းလောင်းမြည်လာတိုင်း တံခါးသွားဖွင့်သူမှာ စစ်ကျွင်းတောက်သာဖြစ်ပြီး ယနေ့တွင် သူ့ကိုသွားဖွင့်ခိုင်းခဲ့သည်။ ၎င်းမှာ ဤသို့အံ့အားသင့်စရာတစ်ခုဖြစ်နေခဲ့သည်။
သူ ပန်းများကိုယူပြီးပြောလိုက်သည်။
"ကျေးဇူးပါ..."
"ရပါတယ်..."
ထို့သို့ပြောပြီးနောက်တွင် အမြန်ချောပို့မှလူမှာ ထွက်သွားတော့သည်။
ဝမ်မင်ယီက သူ့လက်ထဲရှိ ပန်းသေတ္တာကိုကြည့်လိုက်သည်။ စစ်ကျွင်းတောက် သူ့ကိုပန်းများပို့သည်မှာ ရှားပါးလှပြီး အတော်လေးကို ရှားပါးပေသည်။
သူ သေတ္တာကိုယူပြီးဝင်လာပြီး စစ်ကျွင်းတောက်ကို ပြုံးပြလိုက်သည်။
စစ်ကျွင်းတောက်ကလည်း ပြုံးပြီးပြောလာသည်။
"ဖွင့်ပြီး ကြည့်ကြည့်လိုက်..."
ဝမ်မင်ယီက လက်ဖက်ရည်စားပွဲပေါ်တင်ပြီး ဖွင့်ကြည့်လိုက်သည်။ အထဲတွင် နှင်းဆီပန်း ၂၁ပွင့်ရှိနေသည်။
"ပျော်ရွှင်စရာဗယ်လင်တိုင်းနေ့လေးပါ..."
စစ်ကျွင်းတောက်ပြောလိုက်သည်။
ဝမ်မင်ယီက အားပါးတရပြုံးလိုက်သည်။ ထို့နောက်တွင် ပန်းအိုးတစ်အိုးရှာကာ ပန်းများကို ထည့်လိုက်သည်။
မနက်စာစားပြီးနောက်တွင် သူတို့က ရုပ်ရှင်ရုံသွားရန် အဆင်သင့်ဖြစ်နေလေပြီ။
ဝမ်မင်ယီမှာ စတားတစ်ယောက်ဖြစ်သည်။ စစ်ကျွင်းတောက်က အခြားလူများ မှတ်မိသွားကြမည်ကို စိုးရိမ်၍ ကိုယ်ပိုင်ရုပ်ရှင်ရုံကိုသာ ခေါ်သွားခဲ့သည်။
"ဒါ အရင်တစ်ခေါက်က ကောသူငယ်ချင်းရဲ့ဟာလား..."
"မဟုတ်ဘူး..."
စစ်ကျွင်းတောက်က ပြောလိုက်သည်။
"သူက သူ့မွေးရပ်မြေကိုသူ့ကောင်မလေးနဲပြန်သွားတယ်လေ... ဒါက အခုထိမဖွင့်သေးဘူး... နောက်တစ်ခုပဲသွားကြတာပေါ့..."
ဝမ်မင်ယီ ခေါင်းငြိမ့်လိုက်သည်။
ကိုယ်ပိုင်ရုပ်ရှင်ရုံထဲဝင်ပြီးနောက်တွင် သူတို့ကို လမ်းပြပေးမည့် အမျိုးသမီးမှာ "ကြိုဆိုပါတယ်..."ဟု ပြောခါနီးတွင် ဝမ်မင်ယီကိုမြင်ပြီး မေ့လဲလုမတတ်ဖြစ်သွားသည်။
"ညာနေတာမလား... ငါထင်ယောင်ထင်မှားများဖြစ်နေတာလား..."
သူမ မျက်လုံးပွတ်လိုက်သည်။
"ရှိနေသေးတယ်... ဒါ အစစ်အမှန်ကြီးပေါ့... အစ်ကိုက ဝမ်မင်ယီမလား... TVပေါ်မှာထက် အပြင်မှာ ပိုချောတာပဲ..."
ဝမ်မင်ယီ "....."
ဝမ်မင်ယီက သူ့ကောကိုလှည့်ကြည့်လိုက်သည်။
စစ်ကျွင်းတောက်က ချောင်းဟန့်လိုက်သည်။
လမ်းပြအမျိုးသမီးမှာ သူ့ဘက်ကိုလှည့်ကြည့်လာခဲ့သည်။ ထို့နောက်တွင် သူ၏စိတ်လှုပ်ရှားမှုများကို ဘေးပစ်ကာ ပြုံးရင်းပြောလိုက်သည်။
"ကျောင်းသားကောင်းလေးပဲ..."
"ပြောထားသလို အခန်းချန်ထားပေးလား..."
"ချန်ထားပေးပါတယ်... အကြီးဆုံးအခန်းပါ..."
ချန်းမန်က ပြောလိုက်သည်။
"ဒါဆို ခေါ်သွားပေးပါဦး..."
"အိုး..."
ချန်းမန်က စားပွဲခုံမှထလာပြီး ရုတ်တရက် စစ်ကျွင်းတောက်နှင့် ဝမ်မင်ယီကိုကြည့်ကာ တစ်ခုခုသိသွားသည့်ပုံဖြင့် မေးလိုက်သည်။
"စီနီယာနဲ့ မင်မင်က..."
"ငါ့ညီလေးလေ..."
စစ်ကျွင်းတောက်က ဖြတ်ပြောလိုက်သည်။
ဝမ်မင်ယီ : တကယ်ကြီးလား
ဝမ်မင်ယီက စစ်ကျွင်းတောက်လက်ကိုကိုင်လိုက်သည်
"ကျွန်တော်ကကောအတွက်ဘာလဲ..."
xxxxxxxxx