Chapter 166
ထို့နောက် ပန်းဟွာသည် သူ့ကို မြက်ခင်းပြင်မှ အနည်းငယ်ဝေးဝေးသို့ ရွှေ့ထားလိုက်သည်။
"မီးလောင်နေတယ်၊ စပါးကျီ မီးလောင်နေတယ်"
ဤအတိုင်းအော်ပြီး ပန်းဟွာက သူမဘေးမှ တဲနောက်မှာ အမြန်ပုန်းနေလိုက်သည်။ထိုအခါ တဲအတွင်းမှ အခြားစစ်သားများ ပြေးထွက်လာပြီးနောက် သူမလည်း လူစုထဲသို့ အလျင်စလို တိုးဝင်လာခဲ့သည်။
"မီးကို အမြန်ငြိမ်းသတ်လိုက်ပါ၊ စစ်စခန်းပတ်ဝန်းကျင်ကို စောင့်ကြည့်ပါ၊ သံသယဖြစ်စရာလူတွေကို မလွတ်စေနဲ့"
စပါးကျီ မီးလောင်နေကြောင်း ကြားလိုက်ရသောအခါ ရှစ်ကျင်း လုံးဝမအံ့သြပေ။ သူ တဲထဲက ထွက်လာသော် စပါးကျီမှာ မီးအမြန်ငြိမ်းသွားသည်ကို သူမြင်လိုက်ရ၏။ သူက ပတ်ပတ်လည်ကို လှမ်းကြည့်ရင်း “သံသယရှိတဲ့လူတွေကို ဖမ်းမိလိုက်သလား"
ထိုအချိန်တွင် စစ်သားတစ်ဦးသည် ချောမောသော လူငယ်တစ်ဦးနှင့် စကားပြောခဲ့ရကြောင်း သတင်းပို့သည်။
ချောမောတဲ့ လူငယ်တစ်ယောက်....
ရှစ်ကျင်း အံသြသွားရသည်။ ပန်းဟွာ ကိုယ်တိုင်ကိုယ်ကျ လုပ်ခဲ့တာလား...
မီးငြှိမ်းသတ်ပြီးနောက် မီးတောက်ငယ်အချို့သည် အပြာရောင်အလင်းတန်းများ လင်းထိန်နေသေးသည်ကို တွေ့ရှိရသည်။
"အဲဒါက ဖော့စဖောရပ်စ်မှုန့်လား"
ဖော့စဖောရပ်စ်အမှုန့်သည် ပြဇာတ်အနုပညာရှင်များသုံးနိုင်သည့်အရာဖြစ်သည်။ သို့သော် ဤအရည်အချင်းများကို ယေဘုယျအားဖြင့် ပြင်ပလူများအား သင်ကြားခြင်းမပြုပေ။ မိသားစုထဲမှာ အနုပညာရှင်များ ရှိမှသာလျှင် သိနိုင်မှာပင်။သို့ဖြစ်၍ ဤသည်က ပန်းဟွာလုပ်ခြင်းဖြစ်မည်။ပန်းမိသားစုတွင် အနုပညာရှင်များစွာရှိသည်ကို မြို့တော်ရှိလူတိုင်းသိသည်။
ဒါပေမယ့် သူမ ဘာလိုချင်တာလဲ။ ဒီမီးသေးသေးလေးက စပါးကျီကို လုံးဝ မလောင်နိုင်ပါဘူး။ ဒါက မီးလောင်လွယ်တဲ့ စက္ကူပုံတစ်ပုံမဟုတ်ဘဲ အစားအသောက်ထားတဲ့ နေရာလေ။
သူ ပဟေဠိဖြစ်သွားသည်။စစ်သည်များ ပင်ပန်း၍ အနားယူရန် တဲများသို့ ပြန်သွားပြီးနောက် သူလည်း ပင်မတဲသို့ ပြန်သွားခဲ့သည်။သူ ဆိုဖာပေါ်ထိုင်လိုက်သည်နှင့် အေးစက်သောဓားတစ်ချောင်း လည်ပင်းတွင် ပေါ်လာသည်။
"ကျွင်းကျူး မလာသင့်ဘူး" သူက မျက်စိမှိတ်ထားရင်း "ကျွန်တော် အခု အသံထွက်ရင် ကျွင်းကျူး ဒီတဲထဲက အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး"
ပန်းဟွာက သူ့မျက်နှာကို လှည့်ကြည့်ပြီး "မဖြစ်နိုင်ဘူး၊ လူတော်တော်များများ အိပ်နေပြီထင်တယ်၊ ရှင် ဗုံတီးပြီးသီချင်းဆိုနေရင်တောင် သူတို့ မထနိုင်တော့ဘူး"
စပါးကျီထဲသို့ သူမ ခုနက ပစ်ချလိုက်သော အရာသည် မီးလောင်လွယ်သော ဖော့စဖောရပ်မှုန့်သာမက စိတ်ညှို့ဓာတ်ပါသော အမှုန့်လည်းပါသည်။ သို့ဖြစ်၍ မီးခိုးငွေ့ကို ရှူမိသူတိုင်း မသိစိတ်က အိပ်ငိုက်လာပါလိမ့်မည်။
"ဒါ မင်းရဲ့ အဓိကရည်ရွယ်ချက်လား"
ပန်းဟွာက ပြုံးပြသော်လည်း ဘာမှပြန်မပြော။ ရှစ်ကျင်းသည် စစ်သားအဖြစ် ဝတ်ဆင်ထားသည့် သူမကို ကြည့်လိုက်သည်။ မီးရောင် မှိန်ဖျော့ဖျော့အောက်တွင် သူမ၏မျက်နှာသည် အနည်းငယ်ပန်းဆီရောင်သန်နေကာ မျက်လုံးများကလည်း ကြယ်များကဲ့သို့ တောက်ပနေသည်။
"ကျွင်းကျူးလောက် ကျွန်တော် မတော်ပါဘူး"
"ရှင်လည်း မြို့ထဲကို ခိုးဝင်ဖို့ သူလျှိုတွေ စေလွှတ်ခဲ့တာ မဟုတ်လား၊အတူတူပဲလေ"
"မင်း လှုပ်ရှားချင်ရင် မြန်မြန်လုပ်" သူ ခဏတာ တုံ့ဆိုင်းသွားသည်။ "ပြီးရင် အနောက်တံခါးကနေ ထွက်သွားလိုက်ပါ၊ ကာကွယ်ရေးက အားနည်းနေတော့ မင်းအတွက် ပိုအကျိုးရှိတယ်"
"ကျွန်မက ရှင့်ကို သတ်ချင်နေပေမယ့် ကျွန်မ လွတ်လမ်းရှာဖို့ ကူညီနေတာလား...ရှင် တကယ်စိတ်ဝင်စားဖို့ကောင်းတယ်"
သူမက ရှစ်ကျင်း၏ မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။
"ရှင်က အရမ်းချောလို့ ကျွန်မ ဘာမှမလုပ်တော့ဘူး"
ပြောပြီးနောက် သူမသည် ဓားကိုရုတ်တရက်ပြန်ဆွဲထုတ်ကာ ရှစ်ကျင်း၏ခေါင်းနောက်ဘက်သို့ ပြင်းထန်စွာရိုက်လိုက်သည်။ ရှစ်ကျင်း ဗိုင်းကနဲမြေပြင်ပေါ်သို့ လဲကျသွားသည်။
"ကျွင်းကျူး..." ထိုစဉ် စစ်သားတစ်ယောက် ဝင်လာသည်။ သူက အင်ပါယာစစ်တပ်၏ ခေါင်းဆောင်ပင်။ "သွားကြရအောင်" ထိုသို့ပြောပြီးနောက် သူနှင့် မထင်ရှားသော အခြားစစ်သားတစ်ဦးသည် ရှစ်ကျင်းကို အနက်ရောင်အ၀တ်အိတ်ထဲသို့ ထည့်ကာ တဲထဲမှ သယ်ထုတ်သွားခဲ့သည်။
အင်ပါယာစစ်တပ်၏ တဲသည် တိတ်ဆိတ်နေပြီး ဆက်တိုက်ဟောက်သံကိုသာ ကြားနေရသည်။ပန်းဟွာက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးပြောသည်။ “ဒီနေရာကို ဝိုင်းပြီး သိမ်းနိုင်တဲ့ လက်နက်အားလုံးကို ယူသွားပါ”
သူမသည် လူကြီးလူကောင်း ပီသသူလည်း မဟုတ်၊ ကျော်ကြားသော ဗိုလ်ချုပ်လည်း မဟုတ်ပေ။ လှည့်ကွက်အချို့ဖြင့် အလွယ်တကူအနိုင်ရနည်းကို သူမ သိခြင်းသာဖြစ်သည်။ဤခေါင်းဆောင်သည် ပန်းမိသားစု၏ စစ်သူကြီးဟောင်းတစ်ဦး၏ မြေးဖြစ်သည်။ အပြင်ပန်းမှာ သူက ပန်းမိသားစုနှင့် ဘာမှမဆိုင်သော်လည်း တကယ်တမ်းတွင် သူသည် စစ်တပ်တွင် ပန်းမိသားစု၏ "အဆက်အသွယ်" များထဲမှ တစ်ဦးဖြစ်သည်။ အစားအသောက်ထဲမှာ ဆေးထည့်ဖို့ထက် သူ့ထက် ဘယ်သူကမှ မသင့်တော်ပေ။ထို့အပြင် အစားအသောက်က မှိုတက်နေပြီဖြစ်၏။ အစားအသောက်စားပြီး တစ်ခုဖြစ်လျှင်တောင် တခြားကို အပြစ်မမြင်ဘဲ မဟုတ်ဘဲ အစားအသောက်မှာသာ တစ်ခုခုမှားနေသည်ဟု ထင်ကြလိမ့်မည်။ ခေါင်းဆောင်၏ ဆေးများနှင့် စပါးကျီတွင် ပစ်ထည့်ခဲ့သော ပစ္စည်းများသည် ဤလူများ ကောင်းစွာ အိပ်ပျော်စေရန် လုံလောက်သည်။
မနက်ဖြန် အိပ်ရာက နိုးလာသည့်အခါ အဝတ်ဗလာများဖြစ်ကာ၊ လက်နက်များ အသိမ်းခံရသည်ကို သိပါက၊ သူတို့ မတုန်လှုပ်ဖို့သာ သူမ မျှော်လင့်မိ၏။ စစ်စခန်းမှထွက်ပြီးနောက် ဘန်ဟန်သည် သူမ၏ အစောင့်များနှင့်အတူ ချင်စုန့်နယ်မြေသို့ပြန်လာသည်။ သို့သော် မြို့တံခါးသို့မဝင်မီတွင် တစ်ခုခုမှားနေပြီဟု သူမ ချက်ချင်းခံစားလိုက်ရသည်။ သူမသည် လူတိုင်းကို ရပ်တန့်ရန် လက်ကို အလျင်အမြန် မြှောက်လိုက်သည်။
"မီးတုတ်ကို ငြိမ်းလိုက်၊မြို့တံခါးမှာ တစ်ခုခုဖြစ်နေပြီ"
အစောင့်များသည် သူတို့၏မီးရှူးတိုင်များကို ငြိမ်းပြီး မြင်းများပေါ်မှ ခုန်ဆင်းကာ မြို့တံခါးရှိ လေးပစ်သမားများ စောင့်နေသော နေရာမှ မြှားပစ်လာမည်စိုး၍ ရှောင်ထွက်သွားကြသည်။ သို့သော် မြို့တံခါးထက်မှ မြှားမိုးမရွာလာဘဲ တစ်စုံတစ်ယောက်က မီးထွန်းညှိပြီး မြို့တံခါးထိပ်မှာ ရပ်လိုက်၏။
"အောက်ကလူက ကျွင်းကျူးလား"
ဘန်ဟန်သည် ဤအသံကို ရင်းနှီးသည်ဟု ခံစားမိသည်။ ကျောက်ကျုံး ဖြစ်ပုံရ၏။
သူမ ဘေးနားရှိ ကိုယ်ရေးကိုယ်တာအစောင့်များကို တစ်ချက်ကြည့်လိုက်ပြီး မလှုပ်ရှားရန် အချက်ပြခဲ့သည်။ "ဟုတ်တယ်၊ ကျွန်မပဲ"
"ဟွာဟွာ" ရုံရှားသည် မြို့တံခါးထိပ်မှ ရုတ်တရက် မီးရှူးတိုင်ဘေးမှာ ပေါ်လာပြီး “မင်းကို ကိုယ် ဆင်းပြီးလာခေါ်မယ်"
ပန်းဟွာသည် မြို့တံခါးထိပ်ရှိ ရုံရှားကို စိုက်ကြည့်နေသည်။ မကြာမီ မြို့တံခါးပွင့်လာသည်။ရုံရှားသည် မြင်းဖြူစီးပြီး ရွှေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ထားသည်။ အနီရောင် မီးရှူးတိုင်က သူ့ပါးပြင်များကို လင်းထိန်သွားပြီး သူ ပျော်နေမှန်း သိသာစေ၏။ ဘန်ဟန်သည် မြေပြင်မှထကာ မီးရှူးမီးကိုင်ထားသည့် ရုံရှားကို လှမ်းကြည့်ရင်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ "ကျွန်မ ဒီမှာပါ!"
ရုံရှားးည် မြင်းပေါ်မှ ခုန်ဆင်းပြီး သူမထံသို့ မီးရှူးတိုင်ကိုင်ကာ အမြန်လျှောက်သွားခဲ့သည်။ထို့နောက် သူမ၏ အေးစက်နေသည့် လက်ကို ကိုင်လိုက်ပြီး "လာ၊ ဝင်ကြရအောင်"
ပန်းဟွာကလည်း သူ့လက်ကို ကိုင်ထားလိုက်ပြီး "ရှင် ဘာလို့ အတင်း ထွက်လာတာလဲ၊ သေချင်နေတာလား၊ တစ်ယောက်ယောက်က ကျွန်မကို ပြန်ပေးဆွဲပြီး ရှင့်ကို တမင်တကာ ဖြားယောင်းသွေးဆောင်ရင် ဘယ်လိုလုပ်မလဲ"
"သူတို့က မင်းကို ပြန်ပေးဆွဲရင် ကိုယ်သေရင်သေပါစေ၊မင်းကိုကာကွယ်မယ်၊ မင်းနဲ့အတူသေပြီး အချစ်ငှက်ကလေးတစ်စုံဖြစ်ရင်လည်း ကောင်းမှာပဲ"
ပန်းဟွာက သူ့ခမောက်ကို ခေါက်လိုက်ရင်း "လာ၊ ခေါင်းခါကြည့်၊ ဦးနှောက်ထဲမှာ ရေတွေများဝင်နေပြီလားလို့"
မြို့ထဲသို့ဝင်ပြီးနောက် ရုံရှား သည် အနက်ရောင်အိတ်ကြီးတစ်လုံးကို ကိုင်ဆောင်လာသည့် စစ်သားနှစ်ဦးကို တွေ့ရှိခဲ့သည်။
"အထဲမှာ ဘာရှိလဲ"
လူဖြစ်ပုံရတယ်...
"အိုး၊ ကျွန်မက သူတို့ ဗိုလ်မှူးကို ပြန်ပေးဆွဲခဲ့တာ"
ရုံရှား အံ့ဩသွားသည်။ ဗိုလ်ချုပ်…ရှစ်ကျင်း...
ရုံရှားက ရက်စက်စွာပြောသည်။
"သူ့ကို ပြန်ပေးဆွဲတာ ဘာအသုံးကျလို့လဲ၊ သူ့ကို ပြန်ခိုင်းလိုက်၊ မဟုတ်လည်း သူက တော်ဝင်တရားရုံးမှာ အသုံးမဝင်ပါဘူး"
ပန်းဟွာက ရိုးသားစွာပြောလိုက်သည်။
"ဧကရာဇ်တရားရုံးအတွက် အသုံးမဝင်ပေမယ့် ရှင့်အတွက် အသုံးဝင်တယ်မလား၊ သူက အရည်အချင်းရှိတယ်၊ရှင် သူ့ကို ခေါ်ထားလို့ရပါတယ်"
"မလိုပါဘူး!"
ပန်းဟွာ ကြောင်စီစီပင်ဖြစ်သွား၏။ သူဘာဖြစ်နေတာလဲ။
ကံကောင်းထောက်မစွာ၊ လင်မယားနှစ်ယောက်သား ရှစ်ကျင်းကြောင့် ရန်မဖြစ်ကြရပေ။ ပန်းဟွာ နှင့် ရုံရှား တို့သည် ယာယီနေထိုင်ရာသို့ ပြန်ခဲ့ကြသည်။ပန်းဟွာသည် သူမ၏ ချပ်ဝတ်တန်ဆာကို ချွတ်ကာ သမ်းဝေလိုင်ရင် ကုတင်ပေါ်တွင် လှဲနေသည်။ "ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ"
သူမက ချင်စုန့်နယ်မြေကို ရောက်စဉ်မှာ သူက ယုံကျိုးကို တိုက်ခိုက်ဖို့ဆိုတာ မူလအစီအစဉ် မဟုတ်ဘူးလား။
"အစီအစဥ်ပြောင်းသွားပြီ"
ရုံရှားသည် သူမ၏မျက်လုံးအောက်ခြေမှ အညိုဝိုင်းကို မြင်လိုက်၍ သူမအတွက် စိတ်မကောင်းဖြစ်ပြီး မျက်လုံးကို ထိလိုက်သည်။ "ဒီရက်ပိုင်း ကောင်းကောင်းမအိပ်ရဘူးလား"
"အဲဒီဗျူဟာစာအုပ်တွေနဲ့ မြေပုံတွေကို ကြည့်ပြီး ခေါင်းကိုက်လို့ အိပ်မပျော်ဘူး"
ပန်းဟွာ ဖိနပ်များကို ကန်ထုတ်လိုက်၏။ ခြေအိတ်ကိုပင် ချွတ်ဖို့ မကြိုးစားပေ။ "ရှင် ဒီမှာရှိလို့ စိတ်သက်သာရာရလိုက်တာ" ထို့နောက် သူမသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
သူမ ပင်ပန်းလွန်းနေသည်ကို ရုံရှား မြင်လိုက်ရသည်။သူက သူမ ခြေအိတ်ကို ချွတ်ပြီး ခြေထောက်ကို ရေနွေးနှင့် သုတ်လိုက်သည်။ထိုအခါ ဖြူဖွေးနုပျိုသော ခြေဖဝါးပေါ်တွင် အရည်ကြည်ဖုလေးနှစ်ဖုကို သူတွေ့ရှိခဲ့သည်။ ထို့နောက် စပျစ်ဝိုင်နှင့် ပိုးသတ်ထားသည့် ငွေအပ်တစ်ချောင်းကို တွေ့ပြီး အရည်ကြည်ဖုများအား ညင်သာစွာ ထိုးဖောက်ကာ ဆေးအချို့ကို လိမ်းပြီးနောက် သူမကို စောင်ခြုံပေး၏။
မနက်မိုးလင်းသော် တံခါးအပြင်ဘက်က လှုပ်ရှားသံများကို ရုံရှား ကြားလိုက်ရသည်။သူ ဖိနပ်စီးကာ အပေါ်ထပ်ဝတ်ပြီး ထွက်သွား၏။
"ဘာကိစ္စရှိလို့လဲ"
ကျောက်ကျုံးသည် အိပ်ချင်မူးတူးနှင့် ရင်ဘတ်ဟပြဲဖြစ်နေသော ရုံရှားကိုမြင်ကာ လန့်သွားမိရ၏။
"သခင်၊ ရှကျင်း နိုးလာပါပြီ"
"ငါသူ့ကိုချက်ချင်းသွားတွေ့မယ်"
ရုံရှား နိုးလာသောအခါတွင် စောင်ခြုံထားပြီး သန့်ရှင်းသော အခန်းထဲတွင် သူ လဲလျောင်းနေသည်ကို တွေ့ရသည်။သူသည် သူပုန်စစ်တပ်၏ သိမ်းပိုက်ခြင်းကို ခံရကြောင်း ချက်ချင်းသိလိုက်ရသည်။
သူ ကုတင်ပေါ်တွင် ထထိုင်လိုက်သည်။ သူထမထိုင်ခင်မှာ စစ်သားတစ်ယောက်က တံခါးတွန်းဖွင့်ပြီး ဝင်လာတာကို တွေ့လိုက်ရသည်။စစ်သားက သူ့ကိုကြည့်ပြီး အမြန်ထွက်သွား၏။
သိပ်မကြာခင်မှာပင် တံခါးအပြင်ဘက်က ခြေသံကြားလိုက်ရပြီး ရုံရှား တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။ရုံရှားကိုမြင်သော် သူက လှောင်ပြောင်ပြောဆိုလိုက်ပြီး "ကောကုန်းချမ်အမ်က တကယ်ကို အရည်အချင်းရှိတာပဲ၊ မင်းဘယ်သူမှ မသိဘဲ ချင်စုန့်နယ်မြေကို တကယ်ရောက်လာတာကိုး၊ ဒါပေမယ့် ကောကုန်းရဲ့ အကြီးမားဆုံးစွမ်းရည်က မင်းသားချန်ချင်ဝမ် မမြင်အောင် လှုပ်ရှားဖို့ မဟုတ်ဘဲ၊ အမျိုးသမီးတစ်ယောက်က ကောကုန်းအတွက် အသက်စွန့်အောင် လုပ်တတ်တာပဲ"
ကျောက်ကျုံး သည် ထိုစကားကိုကြားသောအခါ ရုံရှား အား ရှင်းပြဟန်ပြင်သည်။ သို့သော် ရုံရှားက
"ဒီအတွက် ကျွန်တော်ကိုယ်တိုင်လည်း ချီးကျူးပါတယ်၊ သခင်လေးရှစ် မကြိုက်ရင် ကျွန်တော့်ကို ခွင့်လွှတ်ပါလို့သာ တောင်းပန်နိုင်ပါတယ်၊ ကျွန်တော့်မိန်းမက ကျွန်တော့်အပေါ် အရမ်းကောင်းတာကိုတော့ ငြင်းမရပါဘူး"
"ခင်ဗျားက ယောက်ျားလို့ ခေါ်ထိုက်သေးလား"
ရှစ်ကျင်းသည် ရုံရှား၏ ကျေနပ်နေသော သဘောထားကြောင့် ရွံရှာသွားသည်။
"ရုံရှား၊ မင်းက ယောက်ျားဆိုရင် မင်း သူမကို ကောင်းကောင်း အကာအကွယ် ပေးသင့်တယ်၊ သူမကို ဒီလို အန္တရာယ်တွေ မပေးပါနဲ့"
"သခင်လေးရှစ်၊ ငါတို့ကြားထဲက ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဘာလို့ စွက်ဖက်တာလဲ... မင်းနဲ့ငါက မတူညီတဲ့ အဆင့်အတန်းတွေ အသီးသီးရှိကြတယ်၊ငါတို့မိသားစုချင်းလည်း ဆက်ဆံရေး သိပ်မရှိဘူး၊ သခင်လေးရှစ် မင်း စည်းကျော်နေတယ်လို့ မထင်ဘူးလား"
ရှစ်ကျင်း၏ မျက်နှာအမူအရာသည် အတော်လေး ပျက်ယွင်းနေသည်။ ရုံရှား၏ စကားလုံးများက သူ့ကို စကားမပြောနိုင်အောင် ဖြစ်ခဲ့ရသည်။
"သခင်လေးရှစ်၊ နောင်လည်း မင်းရဲ့အပြောအဆိုနဲ့ အပြုအမူတွေကို သတိထားပါ၊ တခြားသူတွေရဲ့အလုပ်ကို မစွက်ဖက်ပါနဲ့"
ဟွာဟွာသည် သူ့စကားကို နာခံမှုမရှိဘဲ သူမ၏အသက်ကို စတေးခြင်းဖြစ်သည်။သူမ နိုးလာသည့်အခါ သင်ခန်းစာကောင်းကောင်း သင်ပေးရပေမည်။
xxxxxx