အပိုင်း၁၇၂
Viewers 14k

Chapter 172


ကောဝမ့်ရှန်းက ခြောက်သွေ့သော နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်သည်။  ဆောင်းဦးပေါက်၏ နေမင်းကြီးက ခြောက်သွေ့ပြီး အပူ အားကောင်းနေသည်။ လေးကို ကိုင်ထားသော သူ့လက်သည် ချွေးစေးများထွက်နေသည်။ သူသည် မြှားကို ကောက်ကိုင်လိုက်ပြီး လေးကြိုးပေါ်တွင် တင်လိုက်သည်။ သူ့မျက်လုံးထဲသို့ ချွေးများ စီးကျလာရ၏။ 


 "အရှင့်သား" ရှဲ့ချီလင်းက ရုတ်တရက်ပြောသည်။ "ပန်းဟွာကျွင်းကျူးရဲ အသက်ကို သတ်တာက မသင့်တော်ဘူးမဟုတ်လား"


 "မသင့်တော်ဘူး ဟုတ်လား၊ မင်းက ဘာထင်နေတာလဲ၊ ငါတို့ကိုင်ထားတဲ့ ဓားမှာ မျက်လုံးတွေ မရှိဘူး၊ မဟုတ်လည်း သူမ စစ်တိုက်နေတာလေ၊ အနှေးနဲအမ်ြ သေမှာကသေမှာဘဲ၊ ဘာလဲ မင်းက မိန်းကလေးမို့လို့ ပိုကာကွယ်ပေးချင်တာလား"


ရှဲ့ချီလင်း ခေါင်းငုံ့ထားပြီး "အရှင့်သား  အထင်လွဲနေတာပါ၊ ကျွန်တော်က ပန်းဟွာကျွင်းကျူးအတွက် ဘာခံစားချက်မှ မရှိပါဘူး"


 "ငါက မင်း ခံစားချက်ရှိမရှိကို စိတ်မဝင်စားဘူး၊ မင်း ငါ့စကားနာခံပြီး ငါ့ဆုံးဖြတ်ချက်ကို မနှောင့်ယှက်ဘဲနေသရွေ့....ငါ မင်းကို မထိဘူး"


သူက ကောဝမ့်ရှန်းကို လှည့်ကြည်လိုက်သည်။


"မင်းဒီမှာ ဘာရပ်နေတာလဲ။ ဘာလို့မလုပ်တာလဲ"


ပန်းဟွာသည် သူမကို တိုက်ခိုက်ရန် ပြင်ဆင်နေသော မြင်းစီးသူရဲကို အမှတ်တမဲ့ လှမ်းကြည့်လိုက်သည်။  မြို့ရိုးပေါ်မှ မြှားတစ်စင်း သူမကို ချိန်ရွယ်ထားသည်ကို တွေ့လိုက်ရသည်။


 သူမ ရှောင်တိမ်းချင်သော်လည်း မြင်းစီးသူရဲ သုံးယောက်က ဘေးမှ ဝိုင်းရံထားကြသည်။ ရှောင်တိမ်းဖို့ဆိုတက မဖြစ်နိုင်သလောက်ပင်။ သူမ စိတ်ထဲမှ အားကနဲ အော်ဟစ်လိုက်မိ၏။ထိုအခါ မြှားက သူမ၏ လက်မောင်းကို ကျော်သွားသည်ကိုတွေ့လိုက်ရ၏။ 


 မြှားပစ်လွှတ်လိုက်သည်နှင့်ပင် ကောဝမ့်ရှန်းသည် တစ်စုံတစ်ဦးအား အမှားကျူးလွန်မိသလိုခံစားရကာ သူ့လက်က တုန်ခါပြီး မြှားတံလမ်းက အနည်းငယ် ကောက်သွားသည်။ထို့ကြောင့် ပစ်မှတ်နှင့်လွဲရခြင်းပင်ဖြစ်၏။


" ရှဲ့ချီလင်း မင်း ဘာလုပ်နေတာလဲ"


ရှဲ့ချီလင်းသည် ကောဝမ့်ရှန်း၏ လက်မှလေးနှင့်မြှားကိုယူကာ လေးနှင့်မြှားကို မြို့တံခါးအောက်သို့ ပစ်ချလိုက်သည်။ သူသည် မင်းသားချန်ချင်ဝမ်အား ဒေါသမျက်လုံးဖြင့် လှည့်ကြည့်ကာ လေးကို ကိုင်ထားရင်း "ပန်းဟွာကျွင်းကျူးက အငြိမ်းစားဧကရာဇ် အနှစ်သက်ဆုံး တူမတော်ပါ၊ ကျွန်တော် မင်းသားကို ဆုံးဖြတ်ချက်ချဖို့ ခွင့်မပြုပါဘူး"


မင်းသားချန်ချင်ဝမ်သည် အလွန်ဒေါသထွက်ကာ ရယ်မောလိုက်သည်။


 "ကောင်းတယ်၊ အရမ်းကောင်းတယ်၊ လာ၊ဒါဆို ရှဲ့ချီလင်းကို ကြိုးတုပ်ထားလိုက်၊ သူ့ကို ဧကရာဇ် ကြည့်လုပ်လိမ့်မာ်"


ဖောက်!


 မြှားတံသည် ပန်းဟွာ၏လက်မောင်းကိုဖြတ်၍ ပျံသန်းလာပြီး သူမဘေးရှိ မြင်းစီးသူရဲ၏ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားသည်။ဤမြင်းစီးသူရဲသည် အင်ပါယာတရားရုံးစစ်တပ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။မြေပြင်ပေါ်သို့ လဲကျသွားစဉ် သူ့မျက်လုံးများက ပြူးကျယ်သွားသည်။ သူ့မျက်နှာမှာ နုပျိုရိပ်များဖြင့် ပြည့်နှက်နေ၏။


 ထိုကဲ့သို့ ပြင်းထန်သော စွမ်းအားဖြင့်လာသော မြှားတံကသာ သူမ၏ ရင်ဘတ်ကို ဖောက်မိသွားခဲ့လျှင် သူမ အသက်ရှင်နေမှာ မဟုတ်ပေ။


ပန်းဟွာသည် သူ့အိပ်မက်ကို ရုတ်တရက် သတိရသွားသည်။  မြှားသည် သူမ၏ ရင်ဘတ်ကို အနောက်မှ ထိုးဖောက်သွားသည်။ သူမ မြှားကို  ရှောင်တိမ်းရန် အချိန်မရှိပေ။ဤမြှားလေး၏ ပုံစံက သူမ၏အိပ်မက်ထဲက မြှားနှင့်ဆင်တူသည်။သူမလည်း ယခုလိုပစ်သတ်ခံရခြင်းဖြစ်၏။ 


 "စစ်သူကြီး အဆင်ပြေရဲ့လား" 


ဒုဗိုလ်ချုပ်ခမျာ ကြောက်လွန်း၍ မျက်နှာပါ ဖြူလျော်သွားသည်။သူက ပန်းဟွာဘက်သို့ ရောက်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။


 "ကျွန်မ အဆင်ပြေပါတယ်" ပန်းဟွာက ခေါင်းခါကာ သွေးထွက်နေသော လက်ကိုကြည့်ရင်း 


"စစ်မြေပြင်မှာ အာရုံမပြောင်းပါနဲ့၊ ဒီမြှားမှာ အဆိပ် မပါဘူး၊ စိတ်မပူပါနဲ့"


အင်ပါယာတရားရုံးစစ်တပ်၏ စစ်သည်များ နည်းပါးလာသည်။ ရုံမိသားစုစစ်တပ်သည် အရူးအမူး စစ်တိုက်လျက်ရှိသည်။ စစ်သားများအား သတ်ကာာနံရံပေါ်ကို အတင်းတွယ်တက်ကြ၏။ ဝိုင်းရံထားသော မြင်းရထားများဖြင့် မြို့တံခါးကို တက်ကာ ဝင်တိုက်ကြသည်။သို့သော် မြို့တံခါးသည် မြင့်ပြီး ခိုင်ခံ့သည်။တခြားပြည်နယ်များ၏ မြို့တံခါးလို ဖြတ်ကျော်ရတာ မလွယ်ကူချေ။သို့သော်လည်း တံခါးက ဘယ်လောက်ပဲ ခိုင်ခံ့နေပါစေ ဂိတ်စောင့်လူများ ရှုံးနေသရွေ့တော့ နောက်ဆုံးတော့ ဖြတ်သွားနိုင်မည်ဖြစ်သည်။ အဆုံးတွင် တောင်ဘက်တံခါးသည် ကျိုးသွားခဲ့သည်။


 "စစ်သူကြီး" အရှေ့ဘက်တံခါးမှ စစ်သားတစ်ယောက်က စစ်သူကြီးကို ကြောက်လန့်တကြားကြည့်ရင်း "တောင်ဘက် တံခါးက ကျိုးသွားပြီ"


 "ဘယ်သူက တံခါးကိုချိုးဖျက်တာလဲ"


 "ပန်းဟွာကျွင်းကျူး"


စစ်သူကြီးဟောင်းက ဤစကားကိုကြားပြီး ရယ်မောလိုက်၏။


"သူမက စစ်သူကြီးပန်းရဲ့ မျိုးဆက်လေ၊  မိန်းကလေးဖြစ်နေရင်တောင်အရည်အချင်းက အားလုံးကို ကြီးစိုးနေတုန်းပဲ"  


သူသည် မြို့ရိုးဆီသို့ လျှောက်သွားပြီး ရုံမိသားစုစစ်တပ်ကို လှမ်းကြည့်လိုက်ရင်း နောက်ကွယ်က ဒုတိယဗိုလ်ချုပ်ကြီးများကို ပြောသည်။


"မာရှယ် ငါတို့ကို ဦးဆောင်တုန်းကလည်း ငါတို့ရဲ့ စစ်စည်းကမ်းက ဒီလို အရမ်းတင်းကျပ်တယ်၊ ဆယ်စုနှစ်တွေ ဆယ်စုနှစ်တွေကြာခဲ့ပြီ၊ ဒီအဘိုးကြီး ဒီနေ့ကို စောင့်ခဲ့ရတာ”


 “လာ၊ မြို့တံခါးဖွင့်ပြီး ရုံမိသားစုစစ်တပ်ကို ဝင်ခွင့်ပြုပါ”


 "စစ်သူကြီး"


စစ်သူကြီးသည် ခေါင်းယမ်းလိုက်ရာ သူ၏ဆံပင်ဖြူဖြူများက လေညင်းထဲတွင် ဖြည်းညှင်းစွာယိမ်းထိုးနေ၏


 "မင်း ငါ့နောက်ကို နှစ်ပေါင်းများစွာ လိုက်လာခဲ့တာ၊ မင်းကို ငါ မသေစေချင်ဘူး၊ ရုံမိသားစုစစ်တပ်က အင်အားအပြည့်နဲ့ ရောက်လာတာ၊ ငါတို့က သူတို့ရဲ့ ရန်သူမဟုတ်ဘူး"


စစ်သူကြီးတစ်ယောက်၏ အောင်မြင်မှုဟာ ထောင်ပေါင်းများစွာသော အရိုးများပေါ်မှာ တည်ဆောက်ခဲ့တာပင်။  စစ်သူကြီးတစ်ယောက်အနေနှင့် သူ့စစ်သားများကို သူ့လူမျိုးအချင်းချင်း၏ ဓားအောက်မှာ အသေခံဖို့ မဖြစ်နိုင်ပေ။


စစ်သူကြီးပန်းကို တော်ဝင်မိသားစုက ကြံစည်ခဲ့သောအခါ၊ ဤညီအစ်ကိုများသည် ဒေါသဖြစ်ပြီး ပုန်ကန်ရန်ပင် စိတ်ကူးရှိခဲ့ကြသည်။ နောက်ဆုံးတွင် သေလုမြောပါး အိပ်ရာပေါ်၌ လဲလျောင်းနေသော စစ်သူကြီးပန်းက သူတို့ကို တားဆီးသည်။


 "မင်းတို့အားလုံးက မိသားစုတွေပဲလေ၊ မင်းတို့ ငါ့အတွက်နဲ့ သွေးချောက်းစီးမှာမျိုး မလိုလားဘူး" 


 "ငါတို့ မြို့တော်ကို ပြန်ရောက်တဲ့အခါ မင်း နယ်စပ်ကို ကောင်းကောင်း စောင့်ရှောက်၊ ဧကရာဇ် မိသားစုကြောင့် ငါတို့က ဒီမှာ စောင့်နေတာ မဟုတ်ဘူး၊ ပြည်သူတွေအတွက်ပဲ လုပ်နေတာ"


 နောက်ပိုင်းတွင် စစ်သူကြီးပန်းသည် မြို့တော်သို့ ပြန်ရောက်သောအခါ ဤလူများကို သူနှင့် အဆက်အသွယ် မပြုတော့ပေ။ ဧကရာဇ်သည် သံသယရှိနေ၍ သူ့ညီအစ်ကိုများအား အသက်အသွယ်မလုပ်စေချင်သောကြောင့်ဖြစ်သည်။


 ဤအငြိုးသည် ဆယ်စုနှစ်များစွာ ကြာခဲ့သည်။ စစ်သူကြီးပန်း အဆိပ်ခတ်ခံရပြီး သေဆုံးသည့်အထိ သူတို့ အသံမထွက်ရဲကြ။အဘယ့်ကြောင့်ဆိုသော် သူ၏ သားစဉ်မြေးဆက်များကိုလည်း ပြန်ငဲ့ကြည့်ရမည်ဟု တပ်မှူးက ပြောထားသည်။ တကယ်တော့ သူတို့ကို ပြုစုစောင့်ရှောက်ဖို့ အလွန်အမင်း မလိုအပ်ပေ။ စစ်သူကြီးက သူတို့ကို စွန့်စားခွင့်မပေးခဲ့တာပင်။


ပန်းမိသားစု၏သားစဉ်မြေးဆက်များသည် မြို့တော်တွင် အသုံးမဝင်ဟု ဆိုသော ဂုဏ်သတင်းကို ဆယ်စုနှစ်များစွာ ခံခဲ့ကြရသည်။ ဤလက်အောက်ငယ်သားဟောင်းမျးလည်း ဘာမှလုပ်၍ မရချေ။အပြစ်ရှိသလို ခံစားရပြီး စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။


 ယနေ့တွင်၊ရုံရှားသည် ကျားသုံးကောင်တံဆိပ်ကိုယူကာ မြို့တံခါးတွင် ပေါ်လာသည်။မြို့တံခါးကိုဖွင့်ခြင်းသည် စစ်သူကြီးပန်းအတွက် သူလုပ်နိုင်သည့်တစ်ခုတည်းသော အရာဖြစ်သည်။


ရုံရှားသည် ပန်းဟွာကျွင်းကျူး ကိုလက်မလွှတ်ဘဲ လက်အောက်ငယ်သားများနှင့်အတူ ကမ္ဘာကြီးကိုအောင်နိုင်စေရန် အတူတိုက်ပွဲဝင်မည် ဖြစ်သည်။


 အရှေ့တံခါး ပွင့်သွားသည်။စစ်သံမမြူးဘဲ သပ်သပ်ရပ်ရပ်ဝတ်ထားသော စစ်သည်နှစ်တန်း ထွက်လာပြီး တံခါးနှစ်ဖက်တွင် ရပ်နေ၏။ဆံပင်ဖြူဖြူ၊ မုတ်ဆိတ်ဖြူနှင့် စစ်သူကြီးတစ်ဦး ထွက်လာသည်။သူ့ခြေလှမ်းတိုင်းက နှေးကွေးပြီး တည်ငြိမ်လျက်ရှိသည်။


ရုံရှား မြင်းပေါ်ကနေ ခုန်ဆင်းပြီး သူ့ကို နှုတ်ဆက်ဖို့ ရှေ့တိုးသွားသည်။


 "သခင်၊ ထောင်ချောက်တွေကို သတိထားပါ..."  ဗျူဟာမှူးတစ်ဦးသည် ရုံရှား ရှေ့မှာ စိုးရိမ်စွာ ပိတ်ဆို့ထားလိုက်သည်။


 "စိတ်မပူပါနဲ့" ရုံရှားက သူ့လက်ကို တွန်းဖယ်လိုက်ပြီး အဝေးက စစ်သူကြီးကို ဦးညွှတ်လိုက်သည်။ ထို့နောက် နှုတ်ဆက်ရန် ရှေ့သို့ လျှောက်သွားသည်။


 နှစ်ဘက်လုံးက စစ်သားများတိတ်ဆိတ်နေသည်။ စစ်သူကြီးတဖြည်းဖြည်း နီးကပ်လာပြီး အတူတူရပ်လိုက်ကြသည်ကို ကြည့်ကြသည်။


 "ကောကုန်းချမ်အမ်" 


စစ်သူကြီး၏ အသံသည် အနည်းငယ် ဩရှနေသည်။  သူက သူ့ခမောက်ကို ချွတ်လိုက်ပြီး "စစ်သူကြီးက ကောကုန်းချမ်အမ်ကို မြို့ထဲကို ကြိုဆိုဖို့ ဆန္ဒရှိတယ်၊ ဒါပေမယ့် ကောကုန်း၊ စစ်သူကြီးရဲ့ အမိန့်အရ စစ်သားတွေအတွက် အခက်အခဲတွေ မဖြစ်ပါစေနဲ့၊ သူတို့က အမိန့်အတိုင်းပဲ လုပ်နေကြတာပါ"


 "စစ်သူကြီး ကျေးဇူးပြုပြီး စိတ်မပူပါနဲ့၊ ကျွန်တော် ဘာမှ ခက်ခဲအောင်လုပ်မှာ မဟုတ်ပါဘူး"   ရုံရှား သည် နောက်ပြန်ဆုတ်ကာ စစ်သူကြီးအား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။


 "စစ်သူကြီးက ဖြောင့်မတ်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ဂါဝရကို   လက်ခံပါ"


 "ကောကုန်း၊ ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး၊ ကောကုန်းက ကျွန်တော်တို့ စစ်သူကြီးပန်း မိသားစုရဲ့ သားမက်ဖြစ်ပါတယ်၊ဂါဝရပြုတာကို လက်မခံနိုင်ပါဘူး"


ရုံရှား၏ နှလုံးခုန်သံမြန်သွားသည်။ စစ်သူကြီးဟောင်း ပြောသည့် စစ်သူကြီးပန်းက ဟွာဟွာ၏ အဘိုး ဖြစ်နိုင်သည်။


စစ်သူကြီးပန်း ကွယ်လွန်ပြီးနောက် ဤစစ်သားများက သူ့ကို လွမ်းဆွတ်နေမည်ဟု မမျှော်လင့်ခဲ့ပေ။ထိုသို့သော အနှိုင်းမဲ့ စစ်သူကြီးပန်း ဆုံးပါးသွားခဲ့သည်က တကယ့်ကို ဝမ်းနည်းကြေကွဲစရာပင်။ ကျန်းမိသားစုသည် ပန်းမိသားစုကို အလွန်အကြွေးတင်နေခဲ့သည်။


 "စစ်သူကြီး ကျေးဇူးပြုပြီး....လာပါ"


 အရှေ့တံခါးသည် သွေးတစ်စက်မျှပင်မကျရဘဲ ကျိုးကျသွားသည်။တယဲ့မင်းဆက်သည် များစွာသော အထောက်အပံ့ကို ရလျက်ရှိပေ၏။ 


 "စစ်သူကြီး၊ မင်းသားချန်ချင်ဝမ် လွတ်မြောက်သွားပြီ" 


လက်ယာဒုတိယဗိုလ်ချုပ်က အနည်းငယ် စိတ်ပျက်အားလျော့စွာ ပြော၏။


 "ဒီကောင် တကယ်ကို အရူးတစ်ယောက်လိုပဲ၊ အချိန်တိုင်း မြန်မြန်ဆန်ဆန် ပြေးထွက်သွားတတ်တယ်၊ ဒါပေမဲ့   လေးသမားနဲ့ တခြားသူတွေကိုကျတော့ အသေခံခိုင်းခဲ့သေးတယ်" 


ပန်းဟွာက မျက်နှာပေါ်ရှိ သွေးများကို သုတ်လိုက်ပြီး ကြည့်လိုက်ရာ ရှဲ့ချီလင်း နှင့် ပိန်ပိန်ပါးပါး လူတစ်ယောက်ကို တွေ့လိုက်ရသည်။


ရှဲ့ချီလင်းသည် သွေးစွန်းနေသော ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။သူက တည်ငြိမ်စွာဖြင့် ခေါင်းကိုမော့ပြီး ပန်းဟွာအား တစ်ချက်ကြည့်လိုက်ပြီးနောက် ခပ်မြန်မြန် လှမ်းကြည့်လိုက်သည်။ ယနေ့ သူ မျက်နှာဖုံးမတပ်လာတာကြောင့် မျက်လုံးတစ်ဖက်က ကြောက်စရာကြီးဖြစ်နေသည်။သူမက မြင်းကို လက်ဖြင့်ပုတ်ပြီး အနီးသို့ ရွေ့သွားလိုက်၏။


 "လေးသမားက ကျွန်မကို တိုက်ခိုက်တဲ့အခါ တစ်ယောက်ယောက် သူ့ကို တွန်းလိုက်တာလားလို့၊ ရှင် သူ့ကို တွန်းလိုက်တာလား"


ရှဲ့ချီလင်း ခေါင်းငုံ့ကာ စကားမပြော။ ပန်းဟွာက ဆက်မမေးတော့ဘဲ တစ်ဖက်သို့လှည့်ပြီး ကောဝမ့်ရှန်းကိုကြည့်ကာ "ဒီလူနှစ်ယောက်ကို သေချာစောင့်ကြည့်ပါ၊ ကျန်တဲ့သူတွေက ငါ့နောက်ကို လိုက်တိုက်ခိုက်ကြ"


 "ဟုတ်ကဲ့!"


 ဤစစ်သားများသည် ပန်းဟွာ၏အမိန့်ကို နားထောင်လေ့ရှိပြီးဖြစ်သည်။သို့ဖြစ်၍ အမျိုးသားများအနေနှင့် အမျိုးသမီးတစ်ယောက်ကို နာခံခြင်းသည် အမှားအယွင်းမရှိချေ။


ရှဲ့ချီလင်းသည် ခေါင်းမော့ကာ မြင်းပေါ်တက်ရင်း ထင်ရှားပေါ်လွင်နေသည့် အမျိုးသမီးကို ကြည့်ကာ စစ်သားတစ်စုကို အဝေးသို့ ပို့ဆောင်လိုက်သည်။သူကြည့်နေရင်း သူမကို မမြင်ရတော့မှ ခေါင်းငုံ့ကာ သွေးစွန်းနေသော ဘွတ်ဖိနပ်ကို ခါးသီးသော အပြုံးဖြင့် ကြည့်လိုက်သည်။


ပန်းဟွာ၏အသက်ကို ကယ်ဆယ်နိုင်ခဲ့သောကြောင့် သူ့ကို စောင့်ကြပ်နေသော စစ်သားများက သူ့ကို ဖိအားမပေးကြ။သူက အစောင့်တပ်သားအားလုံး ဒဏ်ရာရသွားသဖြင့် ပြောလိုက်၏။


 "တံခါးနားမှာ သစ်သားသေတ္တာလေးတွေ ရှိတယ်၊ဒဏ်ရာအတွက် ဆေးတွေထည့်ထားတယ်၊ သွားယူကြပါ"


ပန်းဟွာက ပြောသည်။


 "ကျွန်မတို့အရူးဖြစ် ခံလိမ့်မယ်မထင်နဲ့၊ မြေပြင်ပေါ်မှာတင်ထားတဲ့ အစားအစာနဲ့ ဆေးဝါးတွေကို ပေါ့ပေါ့ဆဆ မထိရဘူး....အဆိပ်သင့်ရင် ဘယ်လိုလုပ်မလဲ"


ရှဲ့ချီလင်း "……"


 ဒီပန်းဟွာက စောစောက မိန်းကလေးတော့ ဟုတ်ရဲ့လား...


စစ်သားများလည်း သူမ စကားကို အတော်အလေးအနက်ထားသည်။စစ်တပ်တွင် သူမကို အလွန်လေးစားကြောင်း ထင်ရှားသည်။ ဤသည်ကို တွေးပြီး သူ့ကိုယ်သူ ကံကောင်းသည်ဟုပင် တွေးမိရ၏။ သူမကို လက်မထပ်ခဲ့၍ တော်သေးသည်။သူမနှင့်သာ လက်ထပ်လျှင် သူ့အရည်အချင်းများ မြုပ်သွားလိမ့်မည်။


 “သခင်မလေး...." အစေခံမိန်းကလေးက လီရှောင်ရူ၏ အခန်းထဲကို ပြေးသွားပြီး ပြောသည်။


“သူပုန်စစ်တပ်က မြို့ထဲကို ဝင်လာပါပြီ”


လီရှောင်ရူ ရုတ်​တရက်​ ထရပ်​လိုက်​ပြီး "မြို့တံခါး ကျိုးသွားသလား"


 “အရှေ့တံခါးနဲ့ တောင်တံခါး ကျိုးသွားတယ်လို့တော့ ကြားပါတယ်” ပြီးလျှင် အစေခံမိန်းကလေး၏ မျက်လုံးများက ရုတ်တရက် အနည်းငယ် ထူးဆန်းသွားသလိုမျိုး ဖြစ်သွားကာ “တောင်တံခါးမှာ ဦးစီးတဲ့ သူဆိုတာကလည်း ပန်းဟွာလို့ ကြားတယ်"


 "တကယ်ပဲ သူမလား"  လီရှောင်ရူ သည် ဘဝတွင် အရာရာ၌ ထူးချွန်သော ပန်းဟွာကျွင်းကျူးသည် စစ်စခန်းတွင်း အခက်အခဲများကို မည်သို့ ကြံ့ကြံ့ခံ ခံနိုင်ရည်ရှိကာ စစ်သားများကို တိုက်ခိုက်ရန် ဦးဆောင်နေဆဲဖြစ်သည်ကို သူမ စိတ်ကူးပင်မယဉ်နိုင်ပေ။


 "အပြင်ထွက်ပြီး သတင်းမမေးနဲ့ဦး၊ အပြင်မှာ အရမ်းအန္တရာယ်များတယ်၊ ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ"


လီရှောင်ရူ စိတ်ရှုပ်သွားပြီး နောက်ထပ် စကား ဆက်မပြောတော့ပေ။


 "စိတ်မပူပါနဲ့၊ သူပုန်စစ်တပ်က အရမ်းနာခံတယ်၊မြို့ထဲကို ဝင်ပြီးကတည်းက လူတွေကို မနှောင့်ယှက်ဘူး၊ ဒါပေမယ့် အပြင် ဆိုင်တွေ မဖွင့်လို့ ကျွန်မကိုဝယ်ခိုင်းတဲ့ဟာတွေ မရခဲ့ပါဘူး"


 "မတွေ့ရင်လည်း ရတယ်၊ ဒီနေ့ ရုံစစ်တပ်က မြို့ကို တိုက်ခိုက်မယ်ဆိုတာ ငါသိရင် နင့်ကို အပြင်ကို ခွင့်ပြုမှာမဟုတ်ဘူး၊နောက်ထပ် လူနည်းနည်းခေါ်ပြီး မောင်လေးကို သွားခေါ်လိုက်၊သူ မကြောက်အောင်လည်း လုပ်ဦး" 


 အစေခံမိန်းကလေး ထွက်သွားပြီးနောက် လီရှောင်ရူ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုဟန်ပန်များ အနည်းငယ် ပေါ်လာသည်။


 နောက်ဆုံး…….. နောက်ဆုံးတော့ အာဏာရှင်ကို ဖြုတ်ချဖို့ တစ်ယောက်ယောက် ရောက်လာလေပြီ။


 သူမ၏အဖေ အိပ်ယာပေါ်မှာ လဲလျောင်းနေပြီး မလှုပ်မယှက်နိုင်ဖြစ်နေသည်ကို တွေးကာ လီရှောင်ရူ မျက်ရည်သုတ်လိုက်ပြီး မင်းသားချန်ချင်ဝမ်ကို အာဏာရှင်ကို မကြာခင် ဖြုတ်ချပြီး ကျန်းလောကိုလည်း လက်စားချေဖို့ တိတ်တဆိတ် ဆုတောင်းလိုက်မိသည်။



xxxxxxx