အပိုင်း၁၇၃
Viewers 14k

Chapter 173


   "အရှင်မင်းကြီး"


ကျန်းလော၏ မိန်းမစိုးက ကျန်းလော ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်သည်။  သူ့အမူအရာက ထိတ်လန့်တုန်လှုပ်နေပြီး မျက်လုံးများကလည်း နာကျင်မှုများဖြင့် ပြည့်နေသည်။သူသည် အချိန်မရွေး သူ့သခင်နောက်သို့ သစ္စာခံလိုက်ပါသော အစေခံတစ်ဦးပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိလူတိုင်း ကျန်းလောကို စွန့်ပစ်ခဲ့လျှင်တောင် သူ ထွက်သွားမှာ မဟုတ်ပေ။ 


ကျန်းလော မြေပြင်ပေါ်တွင် ထိုင်လိုက်သည်။ ပင်မခန်းမတစ်ခုလုံး ဗလာကျင်းနေသည်။ တနေ့လုံး သူ့အပေါ် သစ္စာစောင့်သိသည့် အရာရှိများလည်း မလာကြတော့။ မရေမတွက်နိုင်သောလူများ ဒူးထောက်အလေးပြုခဲ့သော ဤနေရာ၌ မိန်းမစိုးတစ်ဦးသာ ကျန်တော့သည် ။


 ဤမိန်းမစိုး၏နာမည်က ကိုးလေးဟုခေါ်သည်ကို သူမှတ်မိသည်။ဤနာမည်က အရင်တုန်းက မွေးမြူခဲ့သည့် ခွေးနှင့်အတိအကျတူနေတာကြောင့် သူ့ကို ပိုဂရုစိုက်ပြီး သူ့အနားမှာတောင် ကျွေးမွေးထားခဲ့သည်။


 "မင်း ငါ့အနားမှာနေတာ ဘယ်နှစ်နှစ်ရှိပြီလဲ"


 “အရှင်မင်းကြီး၊ လေးနှစ် အမှုထမ်းပြီးပါပြီ"


ကျန်းလော ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ ဒီမိန်းမစိုးကို သူ ဘယ်တုန်းက အာရုံစိုက်ခဲ့ဖူးလဲ။ယခုအချိန်အထိ သူ့ဘေးမှာ ရှိနေနိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်က မိန်းမစိုးပင်။သို့သော် သူကတော့ သတိထားမိတာပင်မကြာသေး။ရယ်စရာကောင်းပြီး ဝမ်းနည်းစရာကောင်းလိုက်တာ။


ထိုစဉ် ခြေသံများ ကြားနေရသည်။ ကျောက်စိမ်းကြမ်းပြင်ပေါ် နင်းလျှောက်လာသည့် အမျိုးသမီးတစ်ယောက်၏ ခြေသံပင်။ အသံသည် အဝေးကတည်းက ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ခန်းမရှေ့တွင် ရပ်တန့်သွားသည်။


ရှဲ့ဝမ်ယွီသည် အနီရောင် နန်းတော် ၀တ်စုံနှင့် ဖီးနစ်ငှက်ဆံထိုးကို ၀တ်ထားသည်။ သူမသည် မင်္ဂလာဆောင်သည့် နေ့ကလိုပင် လှပနေပြီး ခန်းမအဝင်ဝတွင် ရပ်နေကာ ခန္ဓာကိုယ်ပေါ်ကိုလည် နေရောင်က ထွန်းလင်းနေသည်။ သူမ၏ရှည်လျားသောအရိပ်သည် ခန်းမထဲတွင် ထင်ဟပ်နေကာ  ရုပ်တုတစ်ခုလို တိတ်ဆိတ်နေ၏။


 "ရှဲ့ဝမ်ယွီ.."  ကျန်းလော ကြမ်းပြင်​မှ ထရပ်​လိုက်​သည်​။  


"မင်းဒီမှာဘာလာလုပ်တာလဲ၊ဒီနေရာကမင်းလိုမိန်းမအတွက်မဟုတ်ဘူး"


 "ကဲ ဒီနေရာကို ငါ့လို မိန်းမကလွဲရင် တခြားဘယ်သူတွေ လာကြည့်မှာလဲ"  


ရှဲ့ဝမ်ယွီ က ရယ်လိုက်ပြီး နေဝင်ချိန်ကို လှည့်ကြည့်လိုက်သည်။ 


 "ဒီနေကို ကြည့်လိုက်စမ်း၊ကျန်းမင်းဆက်ကြီးနဲ့  တူတယ် မဟုတ်လား၊ နေက အနောက်ဘက်မှာ ရောက်နေပြီး၊ အမှောင်ထုကလည်း တဖြည်းဖြည်း ချဉ်းကပ်လာနေတယ်"


 "ပါးစပ်ပိတ်ထား!"


ရှဲ့ဝမ်ယွီ ရယ်မောလိုက်သည်။  


"ရှင့်ကိုယ်ရှင် တယဲ့မင်းဆက်ရဲ့ ဧကရာဇ်လို့ ထင်နေသေးတာလား၊ ဒီကမ္ဘာကြီးက လူတိုင်း ရှင့်ရဲ့အမိန့်ကို နားထောင်ရမှာလား!  ဒီ​နေ့​ရောက်​လာ​မယ်​ဆိုတာ ရှင် သိ​သင့်​တယ်"


 "ရှေးခေတ်ကတည်းက မင်းသားတွေက အိမ်ရှေ့စံကို ဖြုတ်ချပြီး ဧကရာဇ်အဖြစ်နန်းတက်ကြတာပဲ၊ မင်းသားဘယ်နှစ်ယောက်လောက် ရှိကြသလဲ၊ရေလို့တောင်မရဘူး၊ ခေတ်အဆက်ဆက်ကလုပ်လာတာ ငါက ဘာကြောင့် မလုပ်နိုင်ရမှာလဲ"


 "ဘာလို့လဲဆိုတော့ သူတို့က ပြည်သူကို ဂရုစိုက်တဲ့ ကြင်နာတတ်တဲ့ အုပ်စိုးရှင်တွေ၊ သူတို့ဟာ သိပ်ဖြောင့်မတ်သလို၊လူတိုင်းက သူတို့ကို ကျေးဇူးသိတတ်ပြီး ချီးကျူးနေကြတာလေ"


ရှဲ့ဝမ်ယွီသည် ကျန်းလောကို လက်ညှိုးထိုးပြီး လှောင်ပြောင်သော မျက်လုံးများဖြင့်ကြည့်နေ၏။


 "ဒါပေမယ့် ရှင့်လို သစ္စာမရှိ၊ ယုတ်မာတဲ့သူက တန်လို့လား၊ရှင့်မှာ အရည်အချင်းရှိရင် ဘာလို့ အပြင်ထွက်ပြီး ရှင့်ကို ကျိန်ဆဲနေတဲ့ ကမ္ဘာကြီးက အသံတွေကို နားမထောင်တာလဲ"


 "တိတ်စမ်း"


ရှဲ့ဝမ်ယွီသည် သူမ၏ ပါးပြင်များကို ပွတ်သပ်ပြီး ကျန်းလော ကို မုန်းတီးမှုအပြည့်ဖြင့် ကြည့်နေသည်။  "ကျန်းလော၊ ရှင့်လိုလူ​တွေက အသက်​ရှင်​သင့်​တတယ်၊သူများ​တွေရဲ့ အနိုင်​ကျင့်​မှုဒဏ်​ကို ရှင် ခံစားပြီး အသက်​ရှည်​​အောင်​​နေပါ"


 "ဒိုင်း!"  


တယဲ့ ဧကရာဇ်နန်းတော်၏တံခါးများကို ရုံမိသားစုစစ်တပ်မှဖြိုခွဲခဲ့သည်။ စစ်သားများသည် နေရာပေါင်းစုံမှ ပြေးဝင်လာကြသည်။ရှဲ့ဝမ်ယွီသည် မြင့်မားသော ကြမ်းပြင်မြင့်တစ်ခုပေါ်တွင် ရပ်ကာ ရုံမိသားစု စစ်တပ် ချဉ်းကပ်လာသည်ကို အဝေးမှ ကြည့်နေသည်။နောက်ဆုံးတွင် သူတို့သည် ရှိ အမြင့်မြတ်ဆုံးနှင့် ဇိမ်ကျကျဆုံးသော နန်းတော်ကို ဝိုင်းရံထားကြပြီဖြစ်သည်။ သူမသည် အဖြူရောင် စကျင်ကျောက်တိုင်အနီးတွင် ရပ်နေ၏။သူမ၏ သွေးနီရောင် နန်းတော်ဝတ်စုံသည် နေရောင်အောက်တွင် ပွင့်လန်းနေသော မီးတောက်တစ်ခုလိုပင်။


 "ပန်းဟွာ..."


ရှဲ့ဝမ်ယွီက ရုံရှား နှင့် ဘေးချင်းကပ်လျှောက်နေသော အမျိုးသမီးကို ကြည့်လိုက်၏။ သူမသည် လှပသောအဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများကို ၀တ်ဆင်ထားသည်။ အခြားအဖွဲ့တို့သည်လည်း သွေးစွန်းနေသော ငွေရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။ သူမသည် မြင့်မားသော ပလက်ဖောင်းပေါ်တွင် ရပ်နေပြီး တစ်ဖက်က နန်းတော်တံခါးဝတွင် မြင်းစီးလာနေသည်။သို့သော် သူမကိုယ်သူ သူတို့ထက်သာလွန်သည်ဟု မခံစားရပေ။ တကယ်တော့၊ တစ်ဖက်၏ အရောင်အဝါနှင့်ယှဉ်လိုက်လျှင် သူမသည် မိတ်ကပ်အထူကြီးလိမ်းထားသော လူရွှင်တော်တစ်ယောက်လိုပင်။


ပန်းဟွာက သူမကို ဦးညွတ်ပြီး ပြောသည်။


"မတွေ့တာကြာပြီ၊ဘယ်လိုနေလဲ"


 ရှဲ့ဝမ်ယွီက ရယ်လိုက်ပြီး


 " ကောင်းပါတယ်၊ နောက်ဆုံးတော့ရောက်လာပြီပဲ"


ပန်းဟွာသည် ရှဲ့ဝမ်ယွီကို သနားစိတ်ဖြင့် ကြည့်နေကာ တခြားဘာမှ မပြော။


"ဝုန်း...ခွမ်း..." 


ကျန်းလော နန်းတော်မှ ပြေးထွက်လာခဲ့သည်။ သူသည် ရှဲ့ဝမ်ယွီကို ဘေးသို့ တွန်းလိုက်ပြီး သူပုန်တပ်ကို ကြည့်ကာ ဒေါသတကြီး ကျိန်ဆဲ၏။


 "ရုံရှား ၊ မင်း သူပုန်တပ်ကို တော်ဝင်နန်းတော်ဆီ ခေါ်လာတယ်ပေါ့၊ ကျန်းမိသားစုနဲ့ ကောင်းကင်ဘုံက မင်းကို စောင့်ကြည့်နေတယ်"


ရုံရှားက ကျန်းလောကို ဘာမှ မပြောပေ။သို့သော်လည်း ရုံရှား၏ တိတ်ဆိတ်မှုက ကျန်းလောကို ဒေါသထွက်စေခဲ့သည်။ သူသည် လက်ရန်းကို မှီကာ ပြင်းထန်စွာ ကျိန်ဆဲလိုက်သည်။ သူ၏ ကျိန်ဆဲသံများသည် ဧကရာဇ် နန်းတော်တစ်ခုလုံးကိုပင် ပဲ့တင်ထပ်သွားသည်။


 ဒေါင်ဒေါင်ဒေါင်...


 မောင်းသံများနှင့် ဗုံသံများ ထွက်ပေါ်လာသည်။


 "အငြိမ်းစားဧကရာဇ် အသည်းအသန်ဖြစ်နေပါပြီ" 


 "ဧကရာဇ်က အငြိမ်းစားဧကရာဇ်ကို အဆိပ်ခတ်ဖို့ လူတွေကို စေလွှတ်လိုက်တယ်၊ တော်ဝင်သမားတော်ကြီးကို အမြန်ခေါ်လိုက်ပါ!"


 "အငြိမ်းစားဧကရာဇ်" ဟူသော စကားကို ကြားသောအခါ ပန်းဟွာ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ရုံရှားသည် သူမ၏ မျက်နှာအမူအရာကို သတိပြုမိပြီး သူ့လူများဘက်သို့ လှည့်ကာ "လာ၊ကျန်းလောကို ဖမ်းပါ၊ အငြိမ်းစား ဧကရာဇ်ကို သွားတွေ့မယ်"


 "ဟုတ်ကဲ့"


ရုံမိသားစုစစ်တပ်မှ စစ်သားများသည် နန်းတော်ထဲသို့ ပြေးဝင်ကာ ကျန်းလောအား ကြိုးဖြင့်ချည်လိုက်သည်။



ကျန်းလောသည် ရုန်းကန်ချင်နေသေးသော်လည်း အစောင့်တစ်ယောက်၏ ရက်စက်စွာ ပါးရိုက်ခြင်းကို ခံခဲ့ရသည်။  သူ့ခေါင်းပေါ်ရှိ ရွှေသရဖူကလည်း ကျောက်စိမ်းလှေကားထစ်များတစ်လျှောက် တရွတ်တိုက် ပါသွားရာ နေဝင်ချိန်၌ ထွန်းလင်းလျက်ရှိသော ရွှေသရဖူပေါ်မှ ရွှေရောင်အလင်းတန်း အနည်းငယ်ကိုသာ မြင်နိုင်သည်။ ကျန်းလော တခြားဘာမှ မမြင်နိုင်တော့။


ကျန်းလောသည် မဟာရွှေလမင်းနန်းတော်သို့ ပြောင်းရွှေ့ပြီးနောက် ဧကရာဇ်ယွင်ချင်ကို ရှို့နင်းနန်းတော်သို့ ပြောင်းရွှေ့ခဲ့သည်။  သို့သော်လည်း မယ်တော်ဧကရီသည် ယခင်နန်းတော်တွင် နေထိုင်ဆဲဖြစ်သည်။


ပန်းဟွာသည် ရှို့နင်းနန်းတော်တံခါး ရှေ့မှာ ရပ်ပြီး မြင်းပေါ်ကဆင်းသည်။ ထိုမှသာ ရှို့နင်းနန်းတော်၏အမည်ကို ငြိမ်းချမ်းသောဘဝ နန်းတော်ဟူ၍ အမည်ပြောင်းလဲထားကြောင်း သူမတွေ့ရှိခဲ့သည်။သူမသည် ဤအသေးအဖွဲကိစ္စများကို ဂရုစိုက်ရန် စိတ်မ၀င်စားဘဲ တိုက်ရိုက်ပြေးဝင်လာခဲ့သည်။


 နန်းတော်ထဲသို့ ဝင်ပြီးနောက်  နန်းတော်မှာအလွန် ဆိတ်သုဉ်းသွားသည်ကို တွေ့လိုက်ရသည်။ နန်းတော်အပြင်ဘက်ရှိ ပန်းခင်းထဲတွင် မရေတွက်နိုင်သော ပေါင်းပင်များနှင့် ပြည့်နေသည်။  ခြောက်သွေ့သော အဝါရောင်ပေါင်းပင်များသည် အမည်မသိပန်းပွင့်များစွာဖြင့် ပြည့်ကျပ်နေသည်။ 


 သူမ ပတ်ပတ်လည်ကို ကြည့်လိုက်ရ အစေခံနှင့်မိန်းမစိုး တော်တော်များများ ထောင့်မှာ ဒူးထောက်နေသာ်ကိုတွေ့လိုက်ရ၏။  


“ဧကရာဇ် ဘယ်မှာလဲ” 


 အပြာရောင်ဝတ် မိန်းမစိုးက တုန်ရီနေသော လက်ဖြင့် ညာဘက်ထောင့်ကို ညွှန်ပြသည်။ပန်းဟွာသည် သူညွှန်ပြနေသည့် လမ်းကြောင်းဆီသို့ လျှောက်သွားသည်။ တံခါးအတွင်းကို ဝင်လိုက်သည်နှင့် ချဉ်စော်နံသော အနံ့အသက်ကြောင့် အနည်းငယ် မူးဝေသွားရသည်။


အစေခံနှင့် မိန်းမစိုးနှစ်ယောက်က အိပ်ရာရှေ့မှာ ဒူးထောက်ကာ ငိုနေသည်။ သူမ ဝင်လာသည်ကို သူတို့ သတိမထားမိခဲ့ကြသော်ငြား ကုတင်ပေါ်မှာ လဲလျောင်းနေသည့် ဧကရာဇ်ယွင်ချင်က သူမကို သတိထားမိခဲ့၏။


ပန်းဟွာသည် ကုတင်ဘေးသို့ လျှောက်သွားပြီး ကုတင်ပေါ်ရှိ အိုမင်းပြီး ပိန်လှီသော အဘိုးအိုကို ကြည့်လိုက်ကာ အနည်းငယ်စိတ်ပျက်နေခဲ့သည်။တစ်ချိန်က တန်ခိုးကြီးသော ဧကရာဇ်ယွင်ချင်သည် ဤကဲ့သို့ ဖြစ်လာခဲ့သည် ။


 ဧကရာဇ်ယွင်ချင်၏နှုတ်ခမ်းများသည် ပြာဟောက်နေပြီး မျက်လုံးများကလည်း မည်းနက်နေသည်။  နားနှင့် နှာခေါင်းတို့မှ သွေးများ ထွက်ကျလာသည်။သေချာသည်ကတော့ သူသည် ပြင်းထန်စွာ အဆိပ်သင့်ခဲ့ခြင်းဖြစ်သည်။


 "အရှင်မင်းကြီး"  ပန်းဟွာသည် ဧကရာဇ် ယွင်ချင်ကို ဦးညွှတ်သည်။


 ဧကရာဇ်ယွင်ချင်သည် စောင်ထဲမှ တုန်ယင်နေသော လက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်သည် ခြောက်သွေ့ပြီး မည်းနက်နေကာ အသက်သေသွားသော သစ်ပင်တစ်ပင်ကဲ့သို့ပင်။သူမ ငယ်ငယ်ကကြားခဲ့ဖူးသည့် တစ္ဆေပုံပြင်များထဲက သရဲအတိုင်းပင်။ ပန်းဟွာ သက်ပြင်းချကာ သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။


 လက်က ကြမ်းတမ်းကွဲရှနေ၏။တသက်လုံး ဇိမ်ကျကျနေထိုင်ခဲ့ရသော  လူတစ်ယောက်နှင့် သက်ဆိုင်သည်ဟု ဘယ်သူမှ မထင်ထားမိနိုင်ချေ။


 "မင်း ပြန်လာပြီပဲ"  ဧကရာဇ် ယွင်ချင် သည် အချိန်အတော်ကြာ အားယူပြီးမှ နောက်ဆုံးတွင် ပြီးပြည့်စုံသော စကားတစ်ခွန်းကို ပြောလိုက်နိုင်၏


"သမီးလေး ငါသေပြီးရင် တခြားမိန်းမတွေကို ငါ့အနားမှာ မမြှုပ်စေနဲ့၊ ငါက ဧကရီပဲလိုအပ်တယ်"


“အရှင်မင်းကြီး…” ဘန်ဟန်၏ လည်ချောင်းမှာ အနည်းငယ် အဆင်မပြေ။  "သမားတော် မကြာခင် လာတော့မယ်လေ၊အရှင်မင်းကြီး နေကောင်းလာမှာပါနော်"


 ဧကရာဇ် ယွင်ချင် သည် ခေါင်းကို ခါယမ်းလိုက်လျှင် သူ့ပါးစပ်မှ သွေးများ ထွက်ကျသွားသည်။


  "ဟွာဟွာ၊ ဒါ ငါ လက်စားချေခံလိုက်ရတာပဲ"


 ပန်းဟွာ၏ နှုတ်ခမ်းများ လှုပ်သွားသော်လည်း သူမ ဘာမှ မပြောပေ။


 "ငါ တောင်းပန်ပါတယ်"  ဧကရာဇ် ယွင်ချင်၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားသည်။  


"စိတ်မကောင်းပါဘူး …"


သူ၏ ကျယ်ဝန်းသော မျက်လုံးများသည် ရုတ်တရက် တောက်ပလာပြီး တစ်ဖန် မှိန်သွားသည်။


 ဖြောက်...


ဧကရာဇ်၏လက်ပေါ်၌ မျက်ရည်တစ်စက် ကျလာသည်။ က သူ့လက်ကို ကုတင်ပေါ်ပြန်တင်ပြီး ကုတင်​​ရှေ့မှာ ဒူး​ထောက်၍ သုံးကြိမ်ဂါဝရပြုလိုက်၏။


 "ကျွင်းကျူး"  


ဝမ်ကုန်းကုန်းသည် ကန့်လန့်ကာနောက်ကွယ်မှ ထွက်ကာ သူမအနားမှာပင် ဒူးထောက်လိုက်သည်။ ပန်းဟွာက မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်ရင်း အသက်ပြင်းပြင်းရှူပြီး ဝမ်ကုန်းကုန်းကို ပြော၏။


"အရှင်မင်းကြီးကို ဂါဝရပြုလိုက်ပါ"


ဝမ်ကုန်းကုန်းက ခြေတစ်လှမ်းဆုတ်ပြီး လေးလေးစားစား ပြောလိုက်သည်။ "ဟုတ်ကဲ့" 


ပန်းဟွာသည် ခေါင်းငုံ့ထားရင်း လက်သုံးချောင်း ပျောက်နေသော ဝမ်ကုန်းကုန်း၏လက်ကို တွေ့လိုက်ရသည်။


 ဒေါင်ဒေါင်ဒေါင်။


 အရေးပေါ်ခေါင်းလောင်းသည် အသံမြည်လာသည်။ ရုပ်တုရှေ့တွင် ဒူးထောက်ထိုင်နေသော ဧကရီက ထိတ်လန့်တကြား ထရပ်လိုက်သည်။  "အသံက ဘယ်ကလာတာလဲ"


 "အဲဒါ... အဲဒါ ရှို့နင်းနန်းတော်ကပါ"


 ဧကရီ မူးလဲလုမတတ်ဖြစ်ကာ သူမဘေးနားရှိ အစေခံ၏လက်ကို ကိုင်လိုက်ပြီး "ရှို့နင်းနန်းတော်"


 ထိုစဉ် မိန်းမစိုးတစ်ယေက် သူမဆီ  ပြေးဝင်လာသည်။ "မယ်တော်ဧကရီ ... အငြိမ်းစားဧကရာဇ်ကို အဆိပ်ခတ်လိုက်ကြပါတယ်၊အခု အငြိမ်းစားဧကရာဇ် ကွယ်လွန်သွားပါပြီ"


 ဧကရီသည် သူမ၏လည်ချောင်းထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။ သူမ ပါးစပ်ကို အကြာကြီးဖွင့်ကာ အသက်ပြန်မရှုနိုင်တော့ပေ။  "နင်းဝမ်မင်းသား ဘယ်မှာလဲ"


 "သူပုန်တပ်က ဖြိုခွင်းလာလို့ အရှင်မင်းကြီးကို ဖမ်းလိုက်ကြပါပြီ" 


ထိုစကားကိုကြားသော် ဧကရီ၏ ပါးစပ်ထဲမှ သွေးများ ထွက်လာ၏။ အရှေ့နန်းတော်တွင် အကျဉ်းချခံထားရသော အိမ်ရှေ့စံသည် လူရုပ်မပေါ်သည်အထိ နှိပ်စက်ခံခဲ့ရသည်။သူသည် စုတ်ပြတ်နေသော ၀တ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း ချည်ကြိုးဖြင့် သာ ပြေလျော့လျော့ ချည်ထားသည်။ သက်မဲ့ရုပ်သေးရုပ်ကဲ့သို့ ကုတင်အစွန်းတွင် ထိုင်နေ၏။အသုဘ ခေါင်းလောင်း ထိုးသံကြားသောအခါ၊ သူသည် ကြောင်တက်တက်ဖြင့် ခေါင်းကိုလှည့်ကာ အသံ ဘယ်ကလာသည်ကို ရှာဖွေရန် ကြိုးစားသည်။


ကျန်းလော နန်းတက်ပြီးနောက် အရှေ့နန်းတော်တစ်ခုလုံးကို အစောင့်များထူးထပ်စွာ ဝိုင်းရံထားသည်။  မိန်းမစိုးနှင့် အစေခံအားလုံးနီးပါးကို ဖယ်ရှားခဲ့သည်။ အရှေ့နန်းတော်သို့ နေ့တိုင်းပို့သော အစားအစာနှင့် သောက်စရာများမှာ ဖြစ်သလိုလုပ်ထားကာ သာမာန်လူများပင် မစားနိုင်လောက်ပေ။အိမ်ရှေ့စံ၏ အသက်ကို မသေစေရုံတမည် ကျွေးထားခြင်းပင်ဖြစ်ပေ၏။


 သောက်ရေအလုံအလောက်မရှိသည့်အတွက် ရေချိုး၊အဝတ်လျှော်ဖို့လည်း ရေရမည်မထင်ပေ။ယခုနှစ်မှာတော့  အရှေ့နန်းတော်က လူတများသည် အမှောင်အမည်းကြီးမှာသာ နေထိုင်ခဲ့ကြရ၏။ အိမ်ရှေ့စံ၏သမီးတော်သည် အစာရေစာ ငတ်မွတ်နေ၏။  နောက်ပိုင်းတွင် ဧကရီသည် သူမအသက်ကို ကယ်တင်ခဲ့သည်။


အခန်းလွတ်တွင် ထိုင်ရင်း အိမ်ရှေ့စံသည် ရုတ်တရက် မျက်နှာကိုအုပ်ကာ ငိုရှိုက်လာသည်။ သူ့အဖေဆုံးသွားမှန်း သူသိသည်။ သူသည် အရည်အချင်းမပြည့်မီသော၊ သူရဲဘောကြောင်သော သားဖြစ်သည်။  သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းမရှိသလို ဇနီးနှင့်သမီးကိုလည်း ကာကွယ်ပေးနိုင်စွမ်းလည်း မရှိခဲ့ချေ။


 "ဟွာဟွာ" ရုံရှားသည် နန်းတော်အပြင်ဘက်တွင် ရပ်နေပြီး မဝင်ခဲ့ပေ။ပန်းဟွာ ထွက်လာသည်ကို မြင်တော့ သူမ ရှေ့ကိုလာပြီး လက်ကို ဆုပ်ကိုင်လိုက်သည်။ 


 "မင်း အဆင်ပြေရဲ့လား"


 "အဆင်ပြေပါတယ်" ပန်းဟွာ ခေါင်းခါလိုက်ပြီး ရုံရှားကိုကြည့်လိုက်သည်။  "ဝမ်ကုန်းကုန်းက ရှင့်လူတွေထဲက တစ်ယောက်လား"


 "ဟုတ်တယ်"


 "မဆန်းပါဘူး…"


အံဩစရာမဟုတ်ပေ။သူမ၏အိပ်မက်ထဲတွင်လည်း ဝမ်ကုန်းကုန်းနှင့် ဧကရာဇ်အသစ်သည် ကျန်းလောကို လူမိုက်ဟု ခေါ်ကြသည်။ ပထမတော့ ကျန်းလောက ဝမ်ကုန်းကုန်းကို  တစ်ခုခုလုပ်ခဲ့သည်ဟု ထင်ခဲ့တာပင်။ ယခုဆိုလျှင် ဝမ်ကုန်းကုန်း သည် ရုံရှား၏လူများထဲမှ တစ်ယောက်ဖြစ်ပုံရသည်။


ဝမ်ကုန်းကုန်းက ဧကရာဇ်ယွင်ချင်ဆီမှာ ဘယ်လောက်ကြာကြာ အမှုထမ်းခဲ့တာလဲ၊ ရှစ်နှစ်...  ဆယ်နှစ်၊ ဒါမှမဟုတ် ဒီ့ထက်ပိုကြာသလား။


ဝမ်ကုန်းကုန်းသည် ငယ်စဉ်ကပင် ဧကရာဇ် ယွင်ချင်ထံ အမှုထမ်းခဲ့သည်ကို သူမ သတိရမိသည်။ ရုံရှား သည် တော်ဝင်နန်းတော်၏ အကြီးအကဲ မိန်းမစိုးကို မည်သည့်နည်းလမ်းကိုသုံး၍ ပူးပေါင်းထားမှန်းမသိပေ။


ရုံရှားက ပြုံးပြရင်း


 "တစ်ချိန်က သူက ကိုယ့်အဖေဆီက အကူအညီတချို့ရထားတယ်လေ၊ဒါကြောင့် ကိုယ့်ကို သူက အကျိုးပြုတာပါ" 


 ပန်းဟွာက ဘယ်လိုမျက်နှာသာရမှန်း မမေးပေ။ဤအရာများကို သူမ သိပ်စိတ်မဝင်စား‌ချေ။ဘဝမှာ ကျေနပ်စရာများစွာရှိသည်။တစ်ချို့က ဝတ္ထုထဲက ဇာတ်လမ်းတွေထက်တောင် ပိုစိတ်လှုပ်ရှားစရာကောင်းသည်။သိာ့ဖြစ်၍ ဤအဖြေလေးကို သူမ အားရုံမစိုက်မိပါချေ။


 “သခင်၊နန်းတော်က အရာရှိတွေကိုလည်း ဖမ်းထားပြီးပါပြီ၊ အခု ကျွန်တော်တို့ ဘာလုပ်သင့်သလဲ"


ရုံရှား၏လက်ထောက်များသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် လာပြောကြ၏။ ရုံရှား နန်းတက်ပြီး ဧကရာဇ်ဖြစ်လာသည်ကို သူတို့မြင်လိုက်ရသလိုပင်။ သူတို့သည် ဧကရာဇ်အသစ်အား ထောက်ပံ့ကူညီသည့်အတွက် ဂုဏ်ယူစိတ်များ ခံစားနေရတော့၏။


 "ငါနဲ့အတူ အရှေ့နန်းတော်ကိုသွားပြီး အိမ်ရှေ့စံကို နန်းတက်ဖို့ ဖိတ်ခေါ်ကြရမယ်"




xxxxxxx