Chapter 174
လက်ထောက်များသည် ရုံရှားကို အံ့သြစွာကြည့်ကြသည်။ တိုင်းပြည်အတွက် တိုက်ပွဲဝင်ဖို့ဆိုသည်မှာ မလွယ်ပေ။ဒါကို သူက တခြားတစ်ယောက်ယောက်ကို ဘယ်လို ပေးရက်တာလဲ။ သူတို့ စိတ်ထဲက ဘဝင်မကျသော်လည်း ရုံရှား၏ ဆုံးဖြတ်ချက်ကို မမေးမြန်းဝံ့ကြပေ။ သူတို့သည် ရုံရှား နောက်မှနေ၍ အရှေ့ဘက်နန်းတော်တံခါးဆီသို့ တုံ့ဆိုင်းစွာဖြင့်သာ လိုက်သွားကြရသည်။
ထိုအချိန်တွင် အရှေ့နန်းတော်တံခါးအပြင်ဘက်၌ ရုံမိသားစုစစ်တပ်မှ အစောင့်များသာမက ရုံရှား အထူးဖိတ်ကြားထားသည့် နန်းတွင်းမှ အရာရှိများလည်း ရှိသည်။အမှန်တော့၊ သူတို့သည် ကျန်းလော အုပ်ချုပ်စဉ်က လုပ်ခဲ့သော အရာရှိများမဟုတ်၊ ဧကရာဇ် ယွင်ချင် နန်းတက်ချိန်တွင် ခန့်အပ်ထားသော အရာရှိများဖြစ်သည်။
ရုံရှား ပေါ်လာသည်ကိုမြင်လျှင်အရာရှိများအားလုံး နောက်ပြန်ဆုတ်ပြီး ဦးညွှတ်ကြသည်။ရုံရှားက သူတို့အား လျစ်လျူရှုကာ
"အာဏာရှင်ကို ဖမ်းလိုက်ပါပြီ၊ အားလုံးပဲ ကျွန်တော်နဲ့လိုက်ပြီး ဧကရာဇ်ကို နန်းတက်ဖို့ဖိတ်ကြရအောင်"
တာဝန်ရှိသူများက ရုံရှား တွေးနေသည်ကို ဂရုမစိုက်ပေ။ ဘာပဲဖြစ်ဖြစ် ရုံရှား ပြောသမျှကို သူတို့လုပ်မှာပင်။ အရှေ့နန်းတော်ထဲကို လူများအားလုံး လျှောက်သွားသည့်အခါ ထူးဆန်းဖွယ်ရာကို တွေ့လိုက်ရ၏။ ပန်းတွေ၊ အပင်တွေ ဘယ်မှာလဲ။ အစေခံတွေ ဘယ်မှာလဲ။
'အပြင်မှာလည်း ဖုံတွေ အညစ်အကြေးတွေက စောင်လိုမျိုစ ဖြစ်နေတာပဲ'
ခြံဝင်းသည် သစ်ရွက်ခြောက်များဖြင့် ဖုံးလွှမ်းနေပြီး ပြတင်းပေါက်များကလည်း ဖုန်အလိမ်းလိမ်း ကပ်နေသည်။သန့်စင်ထားတာ ဘယ်လောက်ကြာပြီလဲ။ အရှေ့နန်းတော်သို့ ရောက်ဖူးသူများ ဤသည်ကိုကြည့်ရင်း နာကျင်ခံစားခဲ့ရသည်။ ယခင်က အရှေ့နန်းတော်သည် ယခုနှင့်မတူဘဲ အညစ်အကြေးကင်းပြီး လက်ရာမြောက်လှသည်။
အရှေ့နန်းတော်၏ ပင်မတံခါးကို ကျယ်ကျယ် ဖွင့်ထားသည်။ အိမ်ရှေ့စံနှင့် အိမ်ရှေ့စံမင်းသမီးတို့သည် ခန်းမထဲတွင် ထိုင်နေကြသည်။ အခန်းက မှောင်နေ၍ တံခါးအပြင်ဘက်မှကြည့်ပါက၊အထဲမှလူများ၏ မျက်နှာထားကိုမမြင်ရပေ။
"ဒီအရာရှိက အိမ်ရှေ့စံကို နန်းတက်ဖို့ ကြိုဆိုပါတယ်"
နေဝင်ရီတရောအချိန်နီးကပ်လာပြီဖြစ်၏။ ရုံရှားသည် လှေကားထစ်များ၏အောက်ခြေတွင် တလေးတစားရပ်နေသည်။
အိမ်ရှေ့စံ မင်းသမီး၏ မျက်နှာ အမူအရာမှာ စိတ်လှုပ်ရှားနေပသည်။ ခန်းမထဲတွင် ဖယောင်းတိုင်များမရှိ၍ သူမ၏ မျက်နှာအမူအရာကို မည်သူမျှမမြင်နိုင်သော်လည်း သူမက အိမ်ရှေ့စံကို မျှော်တလင့်လင့်ဖြင့် ကြည့်နေပေ၏။
အိမ်ရှေ့စံ နန်းတက်ပါက၊သူမသည် ကမ္ဘာပေါ်ရှိ အမြင့်မြတ်ဆုံးသော အမျိုးသမီး ဧကရီ ဖြစ်လာမည်ဖြစ်သည်။ သို့သော်လည်း သူမ ဘယ်လောက်ပဲ စိတ်လှုပ်ရှားနေပါစေ အိမ်ရှေ့စံက ဘယ်လိုမှ တုံ့ပြန်မှု မရှိခဲ့ပေ။ သူက ခန်းမအပြင်ဘက်က လူတွေကို အမူအရာကင်းမဲ့စွာ ကြည့်လိုက်ပြီး ရုတ်တရက်
"ငါ့ရဲ့ အရည်အချင်းတွေက မပြည့်စုံလို့ ကမ္ဘာကြီးရဲ့ တာဝန်ကို ငါမယူနိုင်ဘူး၊ ကောကုန်းချမ်အမ် ကျေးဇူးပြုပြီး ပြန်လာပါ"
"အိမ်ရှေ့စံက ဘုရင်မင်းမြတ်ရဲ့ တရားဝင်သားပါ၊ အရှင့်သား ထီးနန်းဆက်ခံတာက သဘာဝကျပါတယ်၊အရှင့်သား ကိုယ့်ကိုယ်ကို မနှိမ့်ချပါနဲ့" ရုံရှား လေးလေးနက်နက် ဦးညွှတ်လိုက်ပြန်သည်။
"ဒီအရာရှိက နန်းတက်ဖို့ အရှင့်သားကို ကြိုဆိုပါတယ်"
“ကောင်းကင်ဘုံရဲ့အလိုကို လိုက်စမ်းပါ…” အိမ်ရှေ့စံက ရုတ်တရက် ပြုံးလိုက်၏။
"ကျန်းမင်းဆက်သေဆုံးဖို့ ကောင်းကင်ဘုံရဲ့အလိုတော်က ရည်မှန်းထားတာကို ငါက ဘာလို့ အတင်းအကြပ်လုပ်ရမှာလဲ"
"အရှင့်သား!"
အိမ်ရှေ့စံမင်းသမီးသည် အိမ်ရှေ့စံကို ထိတ်လန့်စွာ ကြည့်နေသည်။ နန်းတက်ရန် ငြင်းဆိုမည်ကို သူမ မယုံနိုင်သေး။
ရုံရှား သည် မှောင်မိုက်နေသည့် အခန်းကို ကြည့်ကာ ရုတ်တရက် မေးလိုက်၏။
"အရှင့်သား ဘာလို့ ဖယောင်းတိုင်မထွန်းတာလဲ"
"ကောကုန်း၊ ကျွန်တော်တို့ရဲ့ အရှေ့ဘက်နန်းတော်မှာ ဖယောင်းတိုင်တွေ မရှိဘူး၊ ညဘက်မှာ မီးထွန်းစရာမရှိပါဘူး"
မျက်နှာကလည်း ဖြူဖျော့ပြီး ပိန်ပိန်ပါးပါး မိန်းမစိုးက ရုံရှား ရှေ့မှာ ဒူးထောက်ထိုင်လိုက်ပြီး သူ့ပခုံးများကလည်း တဆတ်ဆတ်တုန်နေသည်။
" ဖယောင်းတိုင်တွေတောင် မပေးဘူးပေါ့၊ ကျန်းလော မှာ လူသားဆန်စိတ် ရှိနေသေးလား"
ပန်းဟွာက ကျိန်ဆဲလိုက်ကာ အရှေ့နန်းတော်မှာ မီးထွန်းဖို့ လူများကို အမိန့်ပေးသည်။ မကြာမီတွင် အရှေ့နန်းတော်စင်္ကြံတွင် မီးပုံးများအားလုံး ချိတ်ဆွဲကြရာ ခန်းမကြီးသည် နေ့ကဲ့သို့ တောက်ပနေ၏။
အိမ်ရှေ့စံနှင့် အိမ်ရှေ့စံမင်းသမီး၏ လက်ရှိအသွင်အပြင်ကို လူတိုင်းမြင်သောအခါတွင် သက်ပြင်းကိုယ်စီ ချမိကြ၏။ ဘယ်လိုများ ဒီလောက်ပိန်သွားတာလဲ။ ပြီးတော့ သူတို့ဝတ်ထားတဲ့အဝတ်အစားတွေကလည်း ဘာလို့ ဒီလောက်ထိ စုတ်ပြတ်နေတာလဲ၊၊ ဖုန်းနင်းဧကရာဇ်က ဘာလို့ သူ့အဖေကို အဆိပ်ခတ်ပြီး သူ့အစ်ကိုနဲ့ မရီးကို နှိပ်စက်ကလူပြုရက်တာလဲ"
ရောက်လာကြသော အရာရှိအများစုသည် အိမ်ရှေ့စံ သို့မဟုတ် နင်းဝမ်မင်းသားကို မထောက်ခံသော ကြားနေပါတီများဖြစ်ကြသော်လည်း အိမ်ရှေ့စံကို ဤကဲ့သို့မြင်သောအခါ တုန်လှုပ်မိကြသညါ။
အိမ်ရှေ့စံက မတ်တပ်ရပ်ပြီး အခန်းထဲက ထွက်သွားသည်။ သို့သော် တံခါးဝသို့ရောက်သောအခါ ခြေလှမ်းရပ်တန့်သွားသည်။ သူ ရေမချိုးရသည်မှာ တစ်နှစ်ခွဲကျော်ပြီဖြစ်၍ သူ၏ စိတ်ပျက်စရာကောင်းသောအခြေအနေအား အရာရှိများကို မသိစေချင်ပေ။
"ကျွန်တော့်မှာ ကမ္ဘာကြီးကို အုပ်ချုပ်နိုင်စွမ်းမရှိဘူးဆိုတာကို ကျွန်တော် ဝန်ခံပါတယ်၊ခမည်းတော်ဧကရာဇ် သက်ရှိထင်ရှားရှိစဉ်တုန်းက ကောကုန်းချမ်အမ်ရဲ့ အရည်အချင်းကို မကြာခဏ ချီးကျူးခဲ့ပါတယ်"
အိမ်ရှေ့စံ၏အကြည့်သည် ရုံရှား ဆီသို့ရောက်သွားသည်။
"ကောကုန်းချမ်အမ်ဟာကြင်နာတတ်သူ၊ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းရှိပြီး ကမ္ဘာကြီးကို အုပ်စိုးနိုင်ပါတယ်၊ကျွန်တော် မနေ့က တိမ်တိုက်ပေါ်မှာပျံသန်းနေတဲ့ မသေမျိုးတစ်ယောက်ကို အိပ်မက်မက်ခဲ့ပါတယ်၊သူက သူ့ကိုယ်သူ ဖီးနစ်ငှက်ပြာလို့ ခေါ်တယ်၊နာမည်အရင်းက ကောကုန်းချမ်အမ်ဆိုပြီး ပြောခဲ့ပါတယ်၊ပြည်သူတွေကိုလည်း ကယ်တင်မယ့်သူပါတဲ့"
"ဒါကြောင့် ကောကုန်းချမ်အမ်သာ ပြည်သူတွေရဲ့အကျိုးအတွက် နန်းတက်ပါစေ"
ယခင်က အိမ်ရှေ့စံသည် စိတ်၏ စွမ်းအားကို နားမလည်ခဲ့ချေ။အခုတော့ သူနားလည်သွားပြီ။
"ကောကုန်းချမ်အမ်၊ နန်းတက်ပါ!"
အရှေ့နန်းတော်စောင့်တပ်သားများက လည်း တခဲနက်အော်ဟစ်ကာ ရုံရှား ၏ဦးတည်ရာဘက်ကိုလှည့်၍ ဒူးထောက်လိုက်ကြသည်။
" ဘုရားရဲ့အမိန့်တော်ကို နာခံပြီး ဘုရားအလိုတော်နဲ့အညီ ကောကုန်းချမ်အမ် နန်းတက်ပါ" တတိယအဆင့် အရာရှိတစ်ဦးကလည်းပြောသည်။
ပန်းဟွာ ထိုလူကို ကြည့်လိုက်သည်။ ဤပုဂ္ဂိုလ်မှာ တရားရုံးချုပ် ဒု-ဝန်ကြီး လျှိုပန်းရှန် ဖြစ်သည်။
"ကောကုန်းချမ်အမ်၊ နန်းတက်ပါစေ"
ယခုတစ်ကြိမ်တွင် အထင်ရှားဆုံး တောင်းဆိုသူမှာ ယောင်ဖေးကျီ နှင့် ကျိုးပင်းအန် တို့ဖြစ်သည်။
"ကောကုန်းချမ်အမ် ၊ နန်းတက်ပါ"
ပန်းဟွာ သူတို့ထဲက တချို့ကို သိသော်လည်း မသိသူများလည်းရှိသည်။
"ဧကရာဇ် မျိုးရိုးနာမည်က ကျန်းပါ၊ကျွန်တော့်လို နိမ့်ကျတဲ့သူက ဘယ်လိုလုပ် အရှက်ကွဲအောင် လုပ်နိုင်မှာလဲ ၊ ကျွန်တော် မလုပ်နိုင်ဘူး ... "
ရုံရှား ထပ်ခါထပ်ခါ ငြင်းလိုက်သည်။အမှန်တကယ်ပင် သူက ရာဇပလ္လင်ကို တောင့်တမှု အနည်းငယ်မျှ မရှိပုံပင်။ သို့သော် သူသည် ဧကရာဇ်မဖြစ်ချင်သော်လည်း အခြားသူများကမူ ငြင်းဆိုခွင့်မပြုပေ။တစ်စုံတစ်ယောက်သည် နဂါး၀တ်ရုံကို ယူဆောင်လာကာ ရုံရှား၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာကို ချွတ်ပြီး နဂါးဝတ်ရုံကို ခြုံထားလိုက်သည်။
"ကျွန်တော်တို့ အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်"
"အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ"
မင်းမှုထမ်းများက တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ထိုင်ကြသည်။ထိုလူများထဲတွင် စိတ်ပါလက်ပါ ထောက်ခံသူများ ရှိသလို မခုခံဝံ့သူများလည်း ရှိသည်။တချို့က အများယောင်၍ လိုက်ယောင်ကြသူများ ဖြစ်ကြ၏။
“ကျွန်တော်ကလည်း…”
အိမ်ရှေ့စံက စုတ်ပြဲနေသော အဝတ်အစားများကို မြှောက်လိုက်ပြီး ဖြည်းညှင်းစွာ ဒူးထောက်လိုက်သည်။
"ကျွန်တော်လည်း အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်၊အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"
တကယ်တော့ သူလည်း သူ့ရာထူးကို ရုံရှားဆီ ဘယ်ပေးချင်မှာလဲ...သို့သော် ယခုအချိန်မှာတော့ ပြည်သူများက ကျန်းမင်းဆက်ကို မယုံကြည်တော့။ နန်းတွင်းအရာရှိများကတောင် ရုံရှားကို သစ္စာခံဖို့ လုပ်ကြပြီ ဖြစ်သည်။သူသာ ရုံရှား ၏စကားကို အမှန်တကယ်လိုက်နာပြီး ထီးနန်းတက်မည်ဆိုပါက၊ သူ ရုတ်တရက် နာမကျန်းဖြစ်ကာ မသေခင်အထိ စည်းစိမ်ခံစားရမည်ပင်။သူ့ပတ်ဝန်းကျင်ရှိလူတိုင်းကိုပါ သူ ဒုက္ခတွင်းထဲဆွဲခေါ်မိသလိုဖြစ်ပေမည်။
ကျန်းလော၏ တစ်နှစ်နီးပါး နှိပ်စက်ညှဉ်းပန်းမှုကြောင့် အဖက်ဖက်ယိုင်နဲ့နေသော အိမ်ရှေ့စံသည် သတ္တိကိုပါ ကြာရှည်စွာ ဆုံးရှုံးခဲ့ရပြီဖြစ်သည်။ ယခုဆိုလျှင်၊ ရုံရှား သည် သူ့ဝမ်းကွဲညီမ အပေါ်သစ္စာရှိကာ သူ့ကိုလည်း ကျန်ရှိသော ဘဝတစ်လျှောက်လုံး ငြိမ်းချမ်းစွာ နေထိုင်ခွင့်ပေးမည်ဟု မျှော်လင့်ထားသည်။
အိမ်ရှေ့စံမင်းသမီးသည် တံခါးအပြင်ဘက်တွင် ဒူးထောက်ကာ ခေါင်းကို အရူးအမူး ခါယမ်းလိုက်သည်။ သူ့ယောက်ျားက အိမ်ရှေ့စံပင်။ ဧကရာဇ်ရှေ့တွင်ပင် အိမ်ရှေ့စံသည် ဒူးထောက်ရန် မလိုအပ်ပေ။ တရားရုံးရှေ့မှာလည်း သူ ဒူးထောက်ဖို့မလိုအပ်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ....
နောက်ဆုံးတွင်၊ ရုံရှားအား နဂါးဝတ်ရုံ ၀တ်ဆင်ရန် နန်းတွင်းအရာရှိများက ခိုင်းစေကာ ချင်ကျန်းခန်းမသို့ ခေါ်ဆောင်သွားခဲ့သည်။
ပန်းဟွာ မလိုက်ဘဲ အရှေ့နန်းတော်တံခါးရှေ့တွင် ရပ်ကာ မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သော အိမ်ရှေ့စံကို ကြည့်လိုက်သည်။ သူမသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ အိမ်ရှေ့စံရှေ့တွင် ထိုင်ချလိုက်သည်။ "အစ်ကိုဝမ်းကွဲ ကျေးဇူးပြုပြီး ထပါ"
"ဟွာဟွာ"
စောစောက လူများနေ၍ အိမ်ရှေ့စံက ပန်းဟွာကို လုံးဝသတိမထားမိခဲ့။ယခုမှ ပန်းဟွာသည် သွေးများရွှဲနစ်နေသော ဖိနပ်ကိုစီးခားကာ၊ သံချပ်ကာ ၀တ်ထားသည်ကို သူမြင်လိုက်ရသည်။
"ဘာလို့ ဒီကို ရောက်နေတာလဲ"
"အစ်ကိုတော် မတ်တပ်ရပ်ဖို့ စောင့်နေတာ"
အိမ်ရှေ့စံက သူမကို ကြောင်စီစီကြည့်ကာ ခဏကြာလျှင်၊ သူ့ခမည်းတော်အား ညီတော်က အဆိပ်ခတ်ပြီး သတ်ခဲ့တာလားဟုမေးသည်။
ပန်းဟွာသည် ဧကရာဇ် ယွင်ချင် မသေဆုံးမီ ပြောခဲ့သော စကားအနည်းငယ်ကို ပြန်လည်တွေးတောမိခဲ့သည်။
"ကျန်းလောက နန်းတော်မှာ အစကတည်းက အဆိပ်ကိုပြင်ဆင်ထားတာပါတဲ့"
"ဒါအားလုံး ငါ့အမှားပဲ၊ ဒါ ငါ့အပြစ်ပဲ"
အိမ်ရှေ့စံသည် မြေပြင်မှ တဆတ်ဆတ်တုန်နေရင်း ပြန်ထလာသည်။
"တကယ်လို့ ငါ့သာ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ခဲ့ရင် ဒီနေ့လို ဘယ်ဖြစ်မလဲ"
သူ ရုတ်တရက် ခေါင်းမော့ပြီး မျက်ရည်များထွက်သည်အထိ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ပန်းဟွာသည် အိမ်ရှေ့စံအား ဦးညွှတ်ကာ "အစ်ကိုဝမ်းကွဲ အိမ်ရှေ့စံ၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ၊ ကျွန်မ သွားတော့မယ်"
အရှေ့နန်းတော်မှ လမ်းလျှောက်ထွက်ရင်း၊ သူမသည် ချင်ကျန်းခန်းမဆီသို့ လှမ်းကြည့်ကာ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ ညချမ်းလေက သူမ မျက်နှာကိုပါ တိုက်ပြီး နန်းတော်တွင်းက သွေးနံ့များအား သယ်ဆောင်လာသည်။ယခုလို နန်းတော်တိတ်ဆိတ်နေသည်ကို သူမ မမြင်ဖူးချေ။
ချင်ကျန်းခန်းမတွင် ရုံရှားကို အားလုံးက ဒူးထောက်နေကြသည်။လူတိုင်းက အောင်ပွဲအတွက် စိတ်လှုပ်ရှားပြီး အားပေးကြသည်။ သူ့မျက်လုံးများက ခန်းမကို ဖြတ်ကာ ရှာကြည့်သော်လည်း ပန်းဟွာကို ရှာမတွေ့ချေ။
ဟွာဟွာ ဘယ်မှာလဲ...
သူ နဂါးပလ္လင်မှ ရုတ်တရက် ထရပ်လိုက်သည်။သူ့မျက်လုံးများက ပျော်ရွှင်နေသော မျက်နှာများကို ကျော်ကာ ကြည့်နေသော်လည်း သူရှာနေသောသူကို ရှာမတွေ့သေးပေ။
"အရှင်မင်းကြီး ဘယ်သွားမလို့လဲ"
ကျောက်ကျုံးသည် ရုံရှား ကျောက်စိမ်းလှေကားမှဆင်းလာသည်ကို သတိပြုမိပြီး သူ့ကိုတားရန် လက်ဆွဲလိုက်သည်။ ရုံရှားက သူ့ကို လျစ်လျူရှုလိုက်၏။ထိုအခါ အရာရှိအားလုံးက သူ့ကို ငေးကြည့်ရင်း "အရှင်မင်းကြီး"
အရာရှိများက သူ့နောက်ကို လိုက်လာပြီး ခန်းမအဝင်ဝမှာ လူစည်ကားနေတော့သည်။ ချင်ကျန်းခန်းမအပြင်ဘက် လှေကားအောက်မှာ ကျယ်ပြောလှသည့် နေရာလွတ် ရှိနေသည်။ ဤနေရာမှာလည်း မှူးမတ်များနှင့် အရာရှိများဖြင့် ပြည့်နှက်နေသည်။ အထူးသဖြင့် ယခုလို ဧကရာဇ်သစ် နန်းတက်ပွဲ အခမ်းအနားတွင် ခန်းမတစ်ခုလုံး၌ လူများ ဒူးထောက်ကာ ပြည့်နှက်နေမည်ဖြစ်သည်။
ညကောင်းကင်အောက်တွင် လူတစ်ယောက်သည် ရွှေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည်ကို တာဝန်ရှိသူများက မြင်နိုင်သော်လည်း သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ချင်ကျန်းခန်းမ အပြင်ဘက်တွင် ထိုလူသည် သတ္တိရှိရှိ လမ်းလျှောက်ထွက်နေသည်ဟု တွေးနေခိုက် ရုံရှား သူမကို တွေ့သွားသည်။သူ မဆိုင်းမတွဘဲ ကျောက်စိမ်းလှေကားထစ်ကို ပြေးဆင်းခဲ့သည်။ အရာရှိတို့ကို လှည့်တောင်မကြည့်ပေ။
"သူက ဘယ်သူလဲ" ယောင်ဖေးကျီက တုကျိုးကို လှည့်ကြည့်ရင်း မေးလိုက်သည်။
တုကျိုးက လေးလေးစားစား ဦးညွှတ်ပြီး ဘာမှ မပြောချေ။တုကျိုးက ပြန်မဖြေ၍ ယောင်ဖေးကျီ သက်မရှိက်မိ၏။ရုံရှား၏ လက်အောက်ငယ်သားကလည်း သခင်ဖြစ်သူလိုပင် ဒေါသမောဟကင်းမဲ့လှပေ၏။သူလည်း မေးမနေတော့ဘဲ ရုံရှားကို ပြေးသွားသည်အထိ ဖြစ်စေသူအား လှည့်ကြည့်လိုက်၏။
သူက ရုံရှား အယုံကြည်ရဆုံးလူလား.. ဒါမှမဟုတ် တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အရည်အချင်းရှိသူလား။
ပန်းဟွာသည် ကျောက်စိမ်းလှေကားအောက်ခြေတွင် ရပ်နေသည်။သူမ မော့ကြည့်လိုက်လျှင် ရုံရှားက သူမဆီ ပြေးလာသည်ကို တွေ့လိုက်ရသည်။ သူမ ကောင်းကင်ကို မော့ကြည့်လိုက်ရာ ကောင်းကင်မှာ ပြည့်ဝန်းနေသော လမင်းကြီးကို တွေ့လိုက်ရ၏။ သူမ သဘောကျစွာ တခစ်ခစ်ရယ်မောလိုက်ပြီး ကျောက်စိမ်းလှေကားထစ်များပေါ်သို့ တက်လိုက်သည်။ သူမက ဖြည်းဖြည်းသာ လျှောက်လာသော်လည်း ရုံရှားကမူ အလွန်လျင်မြန်စွာ လျှောက်လှမ်းလာခဲ့သည်။သူမ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်၊ ရုံရှားသည် သူမရှေ့သို့ရောက်နေပြီဖြစ်သည်။
"ဘာလို့ပြေးလာတာလဲ" ပန်းဟွာက ရုံရှားကို ပြုံးပြုံးကြီးကြည့်သည်။
"အဲဒီ အရာရှိတွေကို ပြန်ကြည့်၊ ရှင် ရူးနေပြီထင်တယ်"
"ကိုယ် ရူးနေတယ်ထင်တာက အရေးမကြီးဘူး၊ မင်းကိုဆုံးရှုံးရမှာ ကိုယ်ကြောက်တယ်" ရုံရှားသည် ပန်းဟွာ၏လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ သူ့လက်ဖဝါးက အနည်းငယ်အေးသော်လည်း ချွေးစေးများထွက်နေသည်။
သူဘာကိုကြောက်တာလဲ...သူဘာကြောင့် ချွေးတွေထွက်နေတာလဲ...
ပန်းဟွာ သူ့လက်ချောင်းကိုပြန်ချိတ်ထားလိုက်ရင်း "သွားစို့"
"အတူတူတက်ရအောင်"
"အင်း...." ပြုံးနေသည့် သူမ၏ မျက်လုံးများသည် လခြမ်းများအဖြစ်သို့ ပြောင်းလဲသွားလေသည်။
“အဲဒါ…”
ကျိုးပင်းအန်က ရုံရှားနှင့် သံချပ်ကာ ဝတ်စစ်သူကြီးတစ်ဦး လက်တွဲပြီး ချင်ကျန်းခန်းမဆီသို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။နီးကပ်လာသောအခါတွင် ရုံရှားဘေးမှလူ၏မျက်နှာကို သူမြင်လိုက်ရသည်။
"အဲ့ဒါ ပန်းဟွာကျွင်းကျူးလား"
ရုံရှား ရှာနေတဲ့သူက ပန်းဟွာကျွင်းကျူးလား...
xxxx