အပိုင်း ၂
Viewers 15k

မိုးရေထဲ၌ ကျွင်းလင်ဟွမ်သည် နန်းတော်၏အနီရောင်နံရံများနှင့် အစိမ်းရောင် တိုင်လုံးများကိုသာ မြင်ရ၏။
သူမ၏မျက်လုံးတို့တွင် အားငယ်ခြင်းများဖြင့်ပြည်ြနေပြီး မျက်ရည်တွေက အဆက်မပြတ် ကျဆင်းနေသည်။
ကျွင်းဟွိုင်လန်၏ အေးစက်သည့်လက်ချောင်းထိပ်များမှာ ဒေါသကြောင့် တုန်ယင်လာကာ ထိုစာမျက်နှာအား ချေမွပစ်လိုက်မိသည်။
သူကမည်မျှပင် အာဏာရှိနေပါစေ သူ့ညီမက ယခုအချိန်တွင် ဧကရီတစ်ပါးဆိုသည်ကလည်း အမှန်ပင်ဖြစ်သည်။ ရွှယ်ယန်အနေဖြင့် သူမအား မယ်တော်ကြီးဟူ၍ ခေါ်သင့်၏။ သူ့မိသားစုက သေဆုံးပြီးလေပြီ။ ရွှယ်ယန်အနေဖြင့် ကျွင်းမိသားစုကို အလွန် မုန်းတီးနေတယ်ဆိုလျှင်ပင် ဤအချက်ကို ပယ်ချလိုက်သင့်သည်။ အဘယ်ကြောင့် သူမအား အနိုင်ကျင့်နေရသေးသနည်း။ အာဏာမရှိသည့် မိန်းမငယ်လေးက မျက်ကန်းကြက်တစ်ကောင်မျှသာ။
ဤရွှယ်ယန်မှာ လုံးလုံးပင် လူမဟုတ်တော့ချေ။
ကျွင်းဟွိုင်လန်က ငယ်စဥ်ကတည်းက နူးညံ့ပြီးယဥ်ကျေးဖို့ သွန်သင်ခံခဲ့ရသည်။ ဤအချိန်တွင် အံ့ကြိတ်ကာဖြင့် ရွှယ်ယန်ကို သူသိသမျှရိုင်းစိုင်းသည့်စကားလုံးတို့ဖြင့် မကျိန်ဆဲပဲ မနေနိုင်တော့။
လူမဟုတ်ဘူး၊ လူမဟုတ်ဘူး!
ပြီးနောက် ချက်ချင်းပင် သူ့ကို မဆဲနိုင်တော့ချေ။
ရှုပ်ထွေးသည့်ခံစားချက်ကြီးဖြင့်သာ စောင့်ကြည့်နေရတော့သည်။
ဤရွှယ်ယန်မှာ ကျင့်ဝတ်တို့အား လုံးလုံးဂရုမစိုက်ပေ။ သူမကို ညောင်စောင်းပေါ်ဖိချပြီး ရန်လိုမှုအပြည့်ဖြင့်ကြမ်းကြုတ်စွာ သူမကို ရွှမ်ဝူတံခါးထံ ဖိအားပေးပြီး ကြည့်ရှုစေခဲ့သည်။
သူမအား ရန်မူနေစဥ် သူက အေးတိအေးစက်ဖြင့် မယ်တော်ကြီးဟု ခေါ်လိုက်လေသည်။
ကျွင်းဟွိုင်လန်၏ လက်သည်းများက ထိုစာမျက်နှာထဲသို့ နက်ရှိုင်းစွာ မြှုပ်ဝင်သွား၏။
စာအုပ်ထဲ၌ ရွှယ်ယန်တွင် သူ့ညီမအပေါ် မရှင်းလင်းသည့် ပုဂ္ဂိုလ်ရေး မကျေနပ်ချက်အချို့ ရှိနေပုံရသည်။ သူက သူမကို နောက်လိုက်ခွေးတစ်ကောင်ပမာ မသနားသင့်ကြောင်းနှင့် သူ့ကိုမလှည့်စားသင့်ကြောင်း ပြောနေ၏။
သူက စာအုပ်အထူကြီးကို လှန်လိုက်သည်။ စာမျက်နှာအများစုတွင် ထိုသားရဲကြီးရွှယ်ယန်က သူ့ညီမကို အရှက်ရစေသည့်အကြောင်းများသာ။ ကျွင်းဟွိုင်လန်၏မျက်လုံးများက နီရဲနေခဲ့သည်။ ချက်ချင်းပင် တစ္ဆေဖြစ်သွားပြီး ထိုသားရဲကောင်အား သတ်ပစ်ဖို့ရာ ဆုတောင်းမိသည်။ စာအုပ်၏ သုံးပုံနှစ်ပုံအထိ ရောက်သည့်အခါ သူ့ ပို၍ပင် စိတ်ပျက်စေခဲ့သည်။ သူ့ညီမသည် သားရဲကောင်နှင့် အမှန်တကယ်ပင် တွယ်တာသွားသည်။ သူ့ကို မုန်းပြီး ကြောက်သည့်တိုင် သူမရှိဘဲ မနေနိုင်ချေ။
နောက်ဆုံးတွင် ရွှယ်ယန်က သူမကိုဧကရီအဖြစ် လက်ထပ်လိုက်ပြီး လူတွေမှ အပြောအဆိုနှင့်ရယ်မောခြင်းကို ခံစေခဲ့သည်။ သူ၏ညီမအား သမိုင်းစာအုပ်တွင် နှစ်ထောင်ချီအောင် နာမည်ပျက်တွင်စေရန်ပင်။
ကျွင်းဟွိုင်လန်၏လက်နှင့်မေးများ တုန်ရီလာခဲ့သည်။
ကျွင်းဟွိုင်လန်မှာ သူ့လက်ကို မထိန်းနိုင်တော့ပေ။ သူက လေးလံသည့်ဖိအားကို ပြင်းပြင်းထန်ထန်ပင် ဖြိုခွဲလိုက်သည်။
သားရဲကောင်၊ အဲဒီ့သားရဲကောင်တော့...
ငါသူ့ကို ယုံဟယ်နန်းဆောင်ရဲ့ စင်္ကြန်မှာတွေ့တော့ ဓားထုတ်ပြီး သေအောင်ထိုးပစ်လိုက်သင့်တာ!
ထိုအခိုက်တွင် တိတ်ဆိတ်နေရာမှ အသံတစ်ခု ထွက်လာသည်။
"ဟမျ ဘာအသံလဲ"
နတ်ဘုရား၏အသံက ကျွင်းဟွိုင်လန်၏ခေါင်းထက်မှ ပေါ်လာခြင်းပေ။
"ဟေးပိုင်ဝူချန်၊ မင်းတို့ဘာလို့ ဒီလောက်တောင် ဂရုမထားရတာလဲ၊ ဘာလို့သေပြီးဝိဥာဥ်တစ်ခုက နေ့လည်ဘက်ကြီး ဒီမှာရှိနေရတာလဲ"
[ဟေးပိုင်ဝူချန် : ဟန်ရိုးရာ နတ်ဘုရားနှစ်ဦး၊ သေဆုံးပြီးဝိဥာဥ်တွေကို မြေအောက်ကမ္ဘာသို့ ပို့ဆောင်ပေးသူများ]
"ဖုကျွင်း၊ ဒေါသမထွက်ပါနဲ့၊ ချီရှားကြယ်က ကမ္ဘာကိုလာနေတာအမှန်ပါပဲ၊ ဒီအချိန်မှာ သေဆုံးဝိဥာဥ်တွေအရမ်းများပါတယ်၊ ကျွန်တော်မျိုးတို့နှစ်ဦး တကယ်ကိုအလုပ်ရှုပ်နေခဲ့ပြီး တစ်ခုကိုလွတ်သွားခဲ့တာပါ"
[ချီရှားကြယ် : မရဏကြယ်စင်၇လုံးရှိ ခြောက်လုံးမြောက်ကြယ်(E-transကိုက သူလည်းသေချာမသိဘူးလို့ရေးထားပါတယ်... )]
ရုတ်တရက် မမြင်ရသည့်အင်အားတစ်ခုက ကျွင်းဟွိုင်လန်၏ဝိဥာဥ်အား အပြင်ကို ဆွဲထုတ်လိုက်သည်။
သူက ယင်းကို ဂရုမစိုက်ပေ။ သူကမြေပေါ်ရှိစာအုပ်ကိုသာ စိုက်ကြည့်နေမိသည်။
ရွှယ်ယန်.. ရွှယ်ယန်၊ ငါကျွင်းဟွိုင်လန် အသက်ရှူနေသရွေ့ မင်းလုပ်ခဲ့တာရဲ့ အဆတစ်ရာ ပြန်ပေးဆပ်စေရမယ်
ကျွင်းဟွိုင်လန်က အားဖြင့်ဆွဲခေါ်ခံရပြီး ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားတော့သည်။
ပြီးနောက်တွင် ဖုကျွင်းဟုသိရသည့်နတ်ဘုရားက ဖြည်းညှင်းစွာ လျှောက်လာပြီး ပတ်ပတ်လည်ကို စစ်ဆေးလေသည်။
"ဟမ်?"
သူကရှုပ်ထွေးနေသည့်အသံကို ပြုလိုက်သည်။
သူကစာအုပ်ကို ကောက်ယူလိုက်၏။
"ဘာဖြစ်တာလဲ၊ မင်းဘာလို့ ကောရှင်းကျွင်းရေးချင်ရာရေးထားတဲ့ ပုံပြင်စာအုပ်ကို ထားခဲ့ရတာလဲ"
တစ်ဖက်တွင် ဟေးပိုင်ဝူချန်က အခြားပရမ်းပတာအသံတို့ကို ပြုလုပ်လျက်ရှိသည်။
"ဟေး မှားကုန်ပြီ၊ မင်းဝိဥာဥ်ကို ဦးတည်ရာအမှားကြီး ပြောင်းလိုက်ပြီ!"
ဆောင်းဦးလေက မိုးပေါက်များနှင့်အတူ ပြတင်းပေါက်ကို တိုက်ခတ်နေကာ အဝါရောင်ဝါးရွက်အနည်းငယ်အား ဝဲပျံသွားစေပြီး နာနတ်သီးသစ်စားပွဲထက်၌ ချန်ရစ်ခဲ့သည်။
အေးစက်သည့်မိုးက ကျွင်းဟွိုင်လန်၏မျက်နှာထက် ကျရောက်လာပြီး လန့်ကာနိုးလာခဲ့သည်။
သူမြင်လိုက်ရသည့် သူ့ရှေ့ရှိနေရာမှာ သူနှင့်အနှစ်၂၀နီးပါး ကျွမ်းဝင်နေသည့်နေရာပင်။ သူ့ရှေ့ရှိ သစ်သားပြတင်းပေါက်က ဖွင့်ဟထားပြီး သူခြံဝန်းထဲရှိ ကြာကန်ကို တွေ့နေရသည်။ ဒါဇင်ပေါင်းများစွာသော ဝါးပင်များသည် ပြတင်းပေါက်ဘေးတွင် ပေါက်နေကာ သူတို့ကိူယ်ပိုင်မြင်ကွင်းကိုပင် ဖန်တီးနိုင်လောက်အောင် ထူထဲနေသည်။
သူက စားပွဲ၌ထိုင်ကာ သူ၏လက်မောင်းထက်၌ ငိုက်မျဥ်းနေသည်။ စာရွက်လိပ်များစွာက စားပွဲထက်တွင်ရှိနေပြီး သူ့ရှေ့ရှိစာအုပ်အမည်မှာ "ရှန်းရှု"ဟူ၏။ စားပွဲထောင့်ရှိ ရူယောင်စုတ်တံဆေးသည့်ပစ္စည့်းမှာ လွန်ခဲ့သည့်တစ်နှစ်က သူ့ဖခင် ဟုကျိုးမှ ဝယ်လာခဲ့ခြင်းပင်။
[ရူယောင်စုတ်တံဆေးသည့်ပစ္စည်း- စုန်းမင်းဆက်ရှိ နာမည်ကြီး ကြွေထည်ငါးမျိုးထဲမှ တစ်ခု]
စားပွဲဘေးရှိကုချင်းမှာ သူငယ်စဥ်ကတည်းက အသုံးပြုလာခဲ့သည့်အရာပင်။ ပြတင်းပေါက်အောက်ရှိ ထိုင်ခုံပေါ်မှ ကျောက်စိမ်းကားကွက်သည်လည်း သူမဖြေရှင်းရသေးသည့် ကျားကွက်ဖြစ်၏။
သူက ထိုအရာကိုလေ့လာဖို့ နှစ်ပေါင်း၂၀ကျော် အသုံးပြုခဲ့ပြီး ယင်းမှာ ရင်းနှီးကာအေးချမ်းနေသော်ငြား လက်တွေ့မကျသည့်ခံစားချက်တစ်ခုပင်။
သူ သေသွားပြီမဟုတ်လား
သူ့မိဘတွေသေဆုံးသွားခဲ့ပြီ။ ဒုတိယအစ်ကိုသည်လည်း မြို့တော်မှာ သေဆုံးသွားပြီးပြီ။ ဘုရင့်မိသားစုက ဖျက်ဆီးခံလိုက်ရပြီဖြစ်ကာ ရွှမ်ဝူတံခါး၌ အေးစက်သည့်မိုးနှင့် အာဏာပါးကွက်သား၏ဓားကိုလည်း ကြုံတွေ့ခဲ့ရသည်။ အငယ်ဆုံးညီမလေးကလည်း သိမ်ငယ်နေရပြီပင်။
တိတ်ဆိတ်စွာဖြင့် မည်သည်မှမဖြစ်ခဲ့ဖူးသလိုပင်။
သူ့လက်သူ ငုံမကြည့်ပဲ မနေနိုင်တော့ချေ။
သူ၏လက်ထဲတွင် ကြေမွနေ သည့် စာရွက်အပိုင်းတစ်ခုကို ကိုင်ထား၏။
ကျွင်းဟွိုင်လန်၏သူငယ်အိမ်များ ရုတ်တရက် ကြုံ့သွားပြီး စာရွက်ကို အမြန်ဖြေလိုက်သည်။
ယင်းက စာမျက်နှာ၏ထောင့်စွန်းတစ်ခုဖြစ်သည်။ ထိုအရာပေါ်ရှိဇာတ်ကောင်များက အလွန်ထူးဆန်းသည်။ သူတိူ့ကတရုတ်ဇာတ်ကောင်ဆိုတာ သေချာသော်ငြား အချို့စုတ်ချက်တွေက ပျောက်နေသည်။ စာရွက်ကို မသိစိတ်ဖြင့် ဆုပ်ကိုင်ထားမိသည်မှာသေချာပြီး မိုးရေတို့ဖြင့်လည်း စိုစွတ်နေသည်။
သူဖတ်လိုက်သည့်အခါ ထိုသို့ဖြစ်သည်။ ရွှယ်ယန်၏ နှုတ်ခမ်းများက အေးတိအေးစက် ကော့တက်သွားကာ သူမ ၏မေးစေ့ကို ဆွဲညှစ်လိုက်သည်ဟူ၏။
ကျွင်းဟွိုင်လန်၏မျက်လုံးတွေ ကျဥ်းမြောင်းသွားရသည်။
အိမ်မက်မဟုတ်ပေ။
သူသတိရနေသည်တို့က အစစ်အမှန်ဖြစ်ကာ ယခုသူက မြေအောက်ကမ္ဘာမှာ ရောက်နေသလားဆိုသည်ကိုပင် မသိတော့ချေ။ သို့မဟုတ်လျှင်လည်း...
ထိုအချိန်တွင် တစ်စုံတစ်ယောက်က တံခါးကိုတွန်းဖွင့်ကာ ဝင်လာခဲ့သည်။
ကျွင်းဟွိုင်လန်က သူ့လက်ချောင်းတွေကို အမြန်လှုပ်ရှားကာ စာရွက်ပိုင်းလေးကိူ လက်ဖဝါးထဲ၌ ဝှက်လိုက်လေသည်။ သူ လှမ်းကြည့်လိုက်တော့ ပိတ်သားကိုဝတ်ထားသည့် အသက်ဆယ့်လေးငါးနှစ်အရွယ် ကောင်လေးတစ်ယောက်က အပြုံးတစ်ခုဖြင့် လမ်းလျှောက်လာတာကို တွေ့လိုက်ရသည်။
"သခင်လေး၊ သခင်လေးပြောထားတဲ့ ဟွေ့မိုကို ယူလာပါပြီ"
သူကပြောလာ၏။
"သားမွှေးအထည်တွေလား"
ကျွင်းဟွိုင်လန် ပြန်၍အသိကပ်လာခဲ့သည်။
ဖုယီက သူ့ထက်တစ်နှစ်မျှသာငယ်သော စာကြည့်ဖော်လေးဖြစ်ပြီး သူနှင့်အတူကြီးပြင်းလာခဲ့သည်။ ယုန်နင်အိမ်တော်အား ဝင်ရောက်စီးနင်းပြီး ကျွင်းဟွိုင်လန်ကို ခေါ်ဆောင်သွားသည့်နေ့တွင် သူ့အား ကာကွယ်ရန်အတွက် ကျင်းယီဝေ့က အိမ်တော်၌ပင် သေဆုံးသွားခဲ့သည်။
အဘယ်ကြောင့် ဖုယီမှာ အခုအသက်ရှင်နေဆဲဖြစ်ကာ ကောင်ငယ်လေးဖြစ်နေရဆဲဖြစ်သနည်း။
ဖုယီ၏မျက်လုံးများတွင် ထိတ်လန့်မှုနှင့် သံသယတို့အား လုံးဝ မတွေ့ရပေ။ သူက စားပွဲပေါ်မှမှင်တုံးတစ်ခုကို ယူကာ သူ့အတွက် ကျွမ်းကျင်စွာ သွေးပေးလေသည်။
"ခြံထဲက မှင်တွေကုန်တော့မယ်၊ ဒါကြောင့် ဒီအစေခံက သခင်လေးစာလုပ်ဖို့ သွားယူလာတာပါ၊ ဒါကသခင်လေးသုံးနေကျတော့မဟုတ်ဘူး၊ ပြီးတော့ သခင်လေးဒါကို သုံးချင်ပါ့မလားတော့မသိဘူး..."
ကျွင်းဟွိုင်လန်၏စိတ်ထဲတွင် အလင်းရောင်တစ်စ ဖျတ်ခနဲလက်သွားသည်။
သူစာအုပ်ကိုဖတ်ပြီးနောက် နတ်ဘုရားတွေက ဟင်းလင်းပြင်ထဲရောက်လာပြီး သူ့ကိုထိုနေရာမှ ဆွဲခေါ်သွားသည်။ နတ်ဘုရားတို့၏စကားအရဆိုပါက သူကအခွင့်အရေးမရှိသည့်နေရာကို သွားရမည်ပင်။
သူ့အသိစိတ် ပျောက်ကွယ်မသွားခင်၌ သူ့ဝိညာဉ်အား နေရာမှားယွင်း ပို့လိုက်မိပြီဟူ၍ နတ်ဘုရားတစ်ပါး ပြောသည်ကို ယောင်ဝါးဝါးကြားလိုက်ရသေးသည်။
ယင်းကအမှန်ဆိုလျှင် သူ့ဘဝ၏အဆုံးသတ်ကိုရောက်ပြီး မရဏကမ္ဘာမှာ လူပြန်ဝင်စားမှာဖြစ်သော်လည်း လွန်ခဲ့သည့်နှစ်အနည်းငယ်ကို လွဲမှားစွာပြန်ပို့ခံခဲ့ရခြင်းပေလား။
ကျွင်းဟွိုင်လန်က သူ့လက်ထဲမှ စာရွက်ပိုင်းလေးကိုကြည့်ကာ သူ့ခန့်မှန်းချက် မှန်နေသည်မှာ ပို၍ သေချာလာတော့သည်။
ဒီတော့ ဘာမှမဖြစ်သေးဘူးပေါ့။ သူ့မိဘတွေကလည်းမသေသေးသလို သူကလည်း အသက်ရှင်နေဆဲပဲ။ သူ့ညီမလေးကလည်း....
ယင်းအားတွေးပြီးနောက် သူ့မျက်လုံးတွေ အေးစက်သွားရသည်။
ရွှယ်ယန်...
သားရဲကောင်ကြီးက အခုဆို သားရဲလေးပဲဖြစ်နေဦးမှာပေါ့။
ကံကောင်းစွာဖြင့် နတ်ဘုရားများက သူ့ကိုမျက်နှာသာပေးပြီးသူ၏ရန်ငြိုးဟောင်းများနှင့် ရန်သူများကို ဖြေရှင်းရန် အခွင့်အရေးပေးခဲ့လေသည်။
စားပွဲဘေးမှ ဖုယီက ယင်းကို သတိမထားမိသေးချေ။ သူက စကားအများကြီးပြောနေကာ ဆက်တိုက်မှင်သွေးနေခဲ့ပြီး စကားပြောသည်ကိုလည်း မရပ်ချေ။
"အခုပဲ ဒီအစေခံက သခင်မလေးအခန်းက အစေခံနဲ့တွေ့လာပါတယ်၊ သူပြောတာတော့ သခင်မ လေး မွေးထားတဲ့ငှက်ကို တောကြောင်က သတ်လိုက်တယ်တဲ့လေ၊ သူမကအကြာကြီးငိုနေတာ၊ တကယ်လို့ သခင်မလေးရဲ့မျက်လုံးတွေ ယောင်နေရင် ကျွန်တော်ဘာလုပ်ရပါ့မလဲ"
ငှက်။
ကျွင်းဟွိုင်လန် ရပ်တန့်သွားပြီး အရင်ဘဝမှအချိန်တို့အား တွက်ဆကြည့်လေသည်။
ကျွင်းဟွိုင်လန်က သူ၏ယခင်ဘဝတွင် အဝါရောင်ငှက်ငယ်တစ်ကောင်ကို တစ်နှစ်ကျော်ကြာအောင် မွေးမြူခဲ့ဖူးသည်။ ယင်းက အလွန်တန်ဖိုးကြီး၏။ ဤနှစ်မှာတော့ တောကြောင်တစ်ကောင်မှ ငှက်ကို ကိုက်လိုက်လေသည်။ ကျွင်းဟွိုင်လန်က အလွန်ဝမ်းနည်းသွားပြီး သူမကိုလည်း အချိန်အတော်ကြာအောင် ချော့ပေးခဲ့သည်။
ထိုအချိန်မှစ၍ ကျွင်းဟွိုင်လန်အနေဖြင့် ငှက်များအား ဘယ်တော့မှ မမွေးမြူတော့ပေ။
သူမှတ်မိတာမှန်လျှင် ယခုနှစ်တွင် ချင်းဖင်က ၁၈နှစ်ဖြစ်ကာ သူတော့၁၆နှစ်အတိဖြစ်၏။ သူ့အရင်ဘဝယနေ့တွင် လေအေးတွေတိုက်နေသည့် ပြတင်းပေါက်ရှေ့၌ အိပ်ပျော်သွားခဲ့သည်။ ထို့ကြောင့်လည်း သူက အဖျားကြီးပြီး နန်းတွင်းပွဲသို့ မသွားဖြစ်ချေ။
ကျွင်းဟွိုင်လန်၏အကြည့်တို့ နက်မှောင်သွား၏။
စာအုပ်ထဲတွင် ရွှယ်ယန်က ငှက်တစ်ကောင်ကို ကျွင်းလင်ဟွမ်ထံ ပို့ပေးခဲ့သည်ကို သူ မှတ်မိ၏။ ငှက်ကလေး၏ ခြေထောက်၌ ရွှေခြေကျင်းခတ်ထားပြီး ရတနာများဖြင့်လုပ်ထားသော ရွှေလှောင်အိမ်ထဲတွင် သော့ခတ်ထားသည်။ ကျွင်းလင်ဟွမ်က ဖြစ်နိုင်သည့်နည်းလမ်းတိုင်းဖြင့် ငြင်းပယ်ခဲ့ပြီး ရွှယ်ယန်ကို အာရုံနောက်အောင် လုပ်ခဲ့သည်။ သားရဲကောင်၏ ထူးဆန်းသည့်အကျင့်တို့က မည်သည့်နေရာကပေါ်လာမှန်းမသိပဲ သူ့ညီမ၏ ခြေကျင်းဝတ်ကိုလည်း တူညီသော သံကြိုးဖြင့် သော့ခတ်လိုက်သည်။
ယင်းကိုတွေးရုံမျှဖြင့် ကျွင်းဟွိုင်လန်၏သွားများက ဒေါသကြောင့် ယားယံလာရသည်။