Chapter 3
ကျွင်းလင်ဟွမ်မှာ ယခင်က နန်းတော်သို့ သိပ်မရောက်ဖူးချေ။ သူမအနေနှင့် ထိုသားရဲကောင်နှင့် ဘယ်အချိန်က ရန်သူဖြစ်သွားသလဲဆိုသည်ကို မသိပေ။ ဤဘဝတွင်တော့ သူ့ညီမကို ကောင်းကောင်း ဂရုစိုက်ပေးမှာဖြစ်ပြီး ဘယ်တော့မှ အမှားတွေ ထပ်မလုပ်စေတော့ပေ။
ဤသည်ကိုတွေးပြီးသည်နှင့် ကျွင်းဟွိုင်လန်က စာရွက်ကို ဖယ်ထုတ်လိုက်ပြီး မျက်လုံးကိုပင့်ကြည့်ကာ ဖုယီအားပြောလိုက်သည်။
"မှင်သွေးဖို့မလိုတော့ဘူး၊ ငါတို့နန်းတော်ထဲမဝင်တာ ဘယ်လောက်ကြာပြီလဲ၊ အထုပ်အပိုးပြင်တော့၊ ငါလင်ဟွမ်ကိုသွားကြည့်မယ်"
ဖုယီက အသံတစ်ခုပြုကာ အစေခံကိုအမြန်ပြင်ဆင်ခိုင်းလိုက်လေသည်။
စားပွဲခုံမှာ တစ်ယောက်တည်းထိုင်နေရင်း ကျွင်းဟွိုင်လန်သည် လက်ရှိအဖြစ်မှန်တို့ကို တဖြည်းဖြည်း နားလည်သွားပြီး သူ့အတွေးတွေကို ရှင်းပစ်လိုက်သည်။
ကျွင်းမိသားစုက ရာစုနှစ်တစ်ခုနီးပါးရှိနေသည့် မျိုးနွယ်စုဖြစ်ပြီး ဧကရာဇ်နှင့် အလွန်နီးကပ်လေသည်။ တစ်နှစ်အတွင်း တက်ရောက်ရသည့် နန်းတော်၌ ကျင်းပသော ပွဲကြီးပွဲငယ် အရေအတွက်ကို မရေတွက်နိုင်ပေ။ ထို့ကြောင့် ကျွင်းဟွိုင်လန်၏ ခြံဝင်းအတွင်းရှိ အစေခံမိန်းကလေးက သူနန်းတွင်းဝင်လျှင်ဝတ်ရမည့်အဝတ်အစားတို့ကို အလွန်ကျွမ်းကျင်စွာဖြင့် မကြာမီမှာပင် ပြင်ဆင်ခဲ့သည်။
ချန်အန်း၏ ဆောင်းဦးနံနက်ခင်းက အေးလေသည်။ ကျွင်းဟွိုင်လန်က နက်ပြာရောင်ပိုးဝတ်ရုံကို အစေခံမိန်းကလေးနှစ်ယောက်၏ကူညီမှုနှင့်အတူ ဘရိုကိတ်ဝတ်စုံသို့ပြောင်းလဲဝတ်ဆင်လိုက်ကာ နက်ပြာရောင်ဝတ်ရုံကို အပေါ်မှထပ်ကာ ချာ်နှောင်လိုက်သည်။
သူက ကြေးမှုန်ရှေ့၌ရပ်ကာ ကြည့်နေသည်။ မှန်ထဲမှ လူငယ်လေးက နုနယ်ဆဲဖြစ်ကာ ပိန်ပါးနေ၏။
အိပ်မက်နှင့် လက်တွေ့ကို မခွဲခြားနိုင်သော ကျွမ်းရှန်ကဲ့သို့ပင် အခြားမတရားသလိုခံစားရမှုသည် ကျွင်းဟွိုင်လန်၏နှလုံးသားကို လွှမ်းခြုံသွားသည်။
သူ့ဘေးရှိ အစေခံက ပြုံးပြီးပြောလာသည်။
"သခင်လေးက ကြည့်ကောင်းလိုက်တာ၊ အစေခံတွေက အကြီးဆုံးသခင်လေးကို နေ့တိုင်းမြင်နေရပေမယ့် သခင်လေးက သူတို့စိတ်တွေကို ကိုင်လှုပ်နိုင်တုန်းပဲ"
ဘေးမှ အစေခံများက နူးည့စွာရယ်လိုက်ကြသည်။
သူမက ချဲ့ကားပြောနေခြင်းမဟုတ်ပေ။ ကျွင်းမိသားစု၏ သခင်ငယ်လေးက ချန်အန်း၌ နာမည်ကြီးသည်။ သူ့မျက်နှာက ကျောက်စိမ်းလေးလိုပင်၊၊ သူ့မျက်ခုံးမွှေးတွေက ထက်ရှနေပြီး သူ၏မက်မွန်ပွင့်မျက်လုံးတို့က ရိုမန်တစ်ဆန်ပြီး ချစ်ဖို့ကောင်းပုံရသည့်တိုင် သူ၏ မြင့်မြတ်ကာတည်ကြည်သည့် စိတ်နေစိတ်ထားကြောင့် အထူးအေးစက်နေသည်။ သူ၏ကြော့ရှင်းသည့် အမူအယာနှင့် တင့်တယ်သည့် အသွင်အပြင်မှာ သဟဇာတဖြစ်လှသည်။
ကျွင်းဟွိုင်လန်က သူ့အသွင်အပြင်ကို ကျင့်သားရနေပြီဖြစ်သည်။ သူက ကြေးမှုန်မှန်ကို ကြည့်ကာ မထူးခြားစွာပြုံးလိုက်လေသည်။
"အသွင်အပြင်ဆိုတာ အပေါ်ယံအရေပြားပါပဲ"
ပိုအရေးကြီးသည်ကား အရေပြားအောက်မှ ဝိညာဉ်က ပြောင်းလဲသွားခြင်းပင်။
—
ကျွင်းဟွိုင်လန်က အချိန်ဆွဲမနေဘဲ ကျွင်းလင်ဟွမ်၏ ခြံဝင်းဆီသို့ သွားခဲ့သည်။ ခြံဝန်းမှာ သေးငယ်သိမ်မွေ့ပြီး ရာသီတိုင်းပွင့်တတ်သည့် ပန်းပင်များစွာရှိသည်။ ပင်မစံအိမ်၏ တံစက်မြိတ်တွင် ချိတ်ဆွဲထားသော ခေါင်းလောင်းငယ်များ ရှိနေပြီး လေတိုက်သည့်အခါတွင် ညင်သာသည့်အသံလေးများ မြည်လာသည်။
ဖုယီက ကျွင်းဟွိုင်လန်အတွက် ထီးတစ်လက်ကို ကိုင်ထားပြီး ကျွင်းဟွိုင်လန်က ကျွင်းလင်ဟွမ်၏ အိမ်ထဲဝင်သွားည့်တစ်လျှောက်လုံး နောက်မှလိုက်သွားသည်။
တံခါးကိုစောင့်နေသည့် အစေခံက သူ့ကိုမြင်သည့်အခါ ပြုံးပြလာပြီး အမြန်နှုတ်ဆက်၏။
"သခင်မလေး၊ အကြီးဆုံး သခင်ငယ်လေး ဒီမှာရောက်နေပါတယ်!"
ကျွင်းဟွိုင်လန် ဝင်လာသည့်အချိန်၌ အဝတ်အစားဝတ်ဆင်ရန် ကူညီပေးနေသည့် အစေခံများကြားတွင် ထိုင်နေသော ကျွင်းလင်ဟွမ်ကို တွေ့လိုက်ရသည်။
ကျောက်စိမ်းထွင်းထားသည့် ပန်းရောင်အဝတ်လေးဖြင့် မိန်းမငယ်လေးက နီရဲနေသည့်မျက်လုံးများဖြင့် တီးတိုးရှိုက်နေခဲ့သည်။ သူ သူမကိုတွေ့ချိန်၌ သည်သူမဝမ်းနည်းနေဆဲပင်။ သူမငယ်စဉ်ကတည်းက မိသားစု၏ အလိုလိုက်ခြင်းကို ခံခဲ့ရသော်လည်း သူမသည် အလွန်နာခံတတ်သူဖြစ်သည်။ ယခုအချိန်တွင် သူမကမငိုပဲ မနေနိုင်သော်ငြား ပြဿနာမရှာဘဲ အစေခံမိန်းကလေးကို နာခံစွာဖြင့် ဆံပင်ဖြီးပေးခွင့်ပြုထားသည်။
"အကိုကြီး၊ နင်ဒီကိုရောက်နေတာလား"
သူမက နူးညံ့ချိုသာသော အသံဖြင့် ငိုကြွေးလာခဲ့သည်။
ဤသည်မှာ ၈နှစ်အရွယ် ကျွင်းလင်ဟွမ်လေးပင်။
တစ်ချက်ကြည့်ရုံမျှဖြင့် ကျွင်းဟွိုင်လန်၏နှလုံးသားလေး အရည်ပျော်သွားရသည်။
ဒီလိုနာကျင်နေတဲ့ကလေးမလေးကို.. ရွှယ်ယန်ဆိုတဲ့သားရဲကောင်က ဘယ်လိုလုပ်လုပ်ရက်ရတာလဲ။
ထိုနေရာရှိ ကျွင်းလင်ဟွမ်၏ ဆံပင်ကို ဖြီးပေးနေသည့် အစေခံမိန်းကလေလေးက သူမအတွက် ဆံညှပ်ကိုသုံးကာ ဆံပင်အား ဖြောင့်ပေးသည်။ သူမက ရပ်ကာ ပြုံးပြီးဆိုလိုက်၏။
"နောက်ဆုံးတော့ သခင်လေးရောက်လာပြီပဲ၊ သခင်မလေးငိုနေတော့ ကျွန်မတို့လည်း မချော့တတ်တော့ဘူး၊ သခင်လေးကိုပဲ အားကိုးရတော့မယ်"
သူမဆံပင်ကို ဖြီးပြီးသွားသည်ကို မြင်လိုက်ရပြီးနောက် ကျွင်းလင်ဟွမ်က ထိုင်ခုံပေါ်မှ ခုန်ဆင်းပြီး ကျွင်းဟွိုင်လန်ထံ ပြေးသွားခဲ့သည်။
ကျွင်းဟွိုင်လန်က သူမကိုငုံ့ကာ ကောက်ချီလိုက်သည်။
အရမ်းကောင်းတယ်။ သူ့ကိုယ်သူ တွေးလိုက်သည်။ မည်သည့်ဆိုးရွားမှုမျိုးမှမဖြစ်သေးချေ။ သူ့ညီမသည်လည်း သားရဲကောင်၏ တိုက်ခိုက်မှုအား မခံရသေးပေ။
ကျွင်းလင်ဟွမ်က ကျွင်းဟွိုင်လန်၏လည်ပင်းကို သိုင်းဖက်ထားပြီး တိုးတိုးလေး တိုင်လိုက်သည်။
"အစ်ကိုကြီး၊ ငါ့ငှက်ကလေးကို ကြောင်တစ်ကောင်က သတ်သွားတယ်"
ကျွင်းဟွိုင်လန်က သူ့နောက်ကျောကို ပွတ်သပ်ပြီး နွေးထွေးစွာ ချော့မော့လိုက်သည်။
"အစ်ကိုကြီး သိပါတယ်၊ ငှက်ကလေးက အခုဆို ကောင်းကင်ကို ပျံသွားပြီ၊ မင်း ပြန်လာတာနဲ့ အစ်ကိုကြီးက မင်းအတွက် နောက်ထပ် အကောင်သေးသေးလေးတစ်ကောင်ကို ရှာပြီး မင်းကို အစားထိုး ပြန်ပေးမယ်၊ ဟုတ်ပြီလား"
ကျွင်းလင်ဟွမ်က သူမလက်ကို မြှောက်လိုက်ကာ မျက်လုံးများကို သုတ်လိုက်ပြီး နာခံစွာ ခေါင်းညိတ်လိုက်သည်။
"ဒါဆို ကြောင်ကိုလည်း မကိုက်စေရဘူး"
သူမက ဆက်ပြောသည်။
ကျွင်းဟွိုင်လန်က ပြုံးကာခေါင်းညိမ့်ပြပြီး သူမကိုစားပြီးပြီလားဟု မေးလိုက်သည်။ နန်းတော်ရှိပွဲတော်တွင် ကျင့်ဝတ်များက ခက်ခဲသည်။ သူမ ဗိုက်ဆာလာမှာကို သူစိုးရိမ်မိ၏။
ကျွင်းလင်ဟွမ်က နာနာခံခံပင် စားလိုက်သည်။ သူမမွန်းတည့်ချိန်တိုင်း စားလေ့ရှိသည့် မွှေးကြိုင်သည့်ကွေ့ဟွားကိတ်ကိုပင် ကျွင်းဟွိုင်လန်အား ရက်ရက်ရောရော ပေးလိုက်သေးသည်။ (ကွေ့ဟွား - ပင်လုံးကြိုင်ပန်း)
ကျွင်းဟွိုင်လန်က သူမအကြိုက်ဆုံး မုန့်အရသာအပေါ်တုန့်ပြန်မှုအတွက် သူ့အား မျှော်လင့်တကြီး စိုက်ကြည့်နေသည့် ကလေးမလေးကို ကြည့်ပြီး သူ့နှလုံးသားက အနည်းငယ် ကျဉ်းကျပ်သွားသလို ခံစားလိုက်ရသည်။
သူ့အရင်ဘဝက...သူမကို ဒီလိုရာဇ၀တ်မှုမျိုး ဘယ်လိုလုပ်ပြီး တွေ့ကြုံခွင့် ပေးမိရတာလဲ။
ကျွင်းလင်ဟွမ်က သူ့ရှေ့တွင် ရပ်နေပြီး သူက ကိတ်မုန့်ကိုင်ထားသော်လည်း မစားသည်ကို တွေ့လိုက်ရသည်။ ခဏမျှ သူမက ဝမ်းနည်းနေသည်ကိုပင် မေ့သွား၏။
3.2
"အစ်ကိုကြီး၊ မစားချင်ဘူးလား..."
သူမကမေးသည်။
ကျွင်းဟွိုင်လန် အသိပြန်ကပ်သွား၏။
သူက ခဏရပ်သွားပြီး ကျွင်းလင်ဟွမ်ကို နှစ်သိမ့်သလို ပြုံးပြလိုက်သည်။ သူက လက်ကို မြှောက်ကာ သူမလေး၏ နူးညံ့သည့် ဆံပင်များကို ပွတ်လိုက်သည်။ သူ၏ ကြည်လင်ပြတ်သားသော အသံတွင် အခြားသူများ မသိနိုင်သော ခိုင်မာမှုနှင့် လေးနက်မှုရှိနေကာ ပြောလိုက်သည်။
"အစ်ကိုကြီးက မင်းကိုကာကွယ်ပေးမယ်"
ရွှယ်ယန်အား နောက်ထပ် အောင်မြင်သွားစေရန် အခွင့်အရေး မပေးတော့ပေ။
_____
ယုံနင်ကုန်းဖု၏လှည်းက တံခါးတွင်စောင့်နေပြီဖြစ်သည်။
ကျွင်းဟွိုင်လန်က ကျွင်းလင်ဟွမ်ကို အိမ်တော်ရှေ့ကို ခေါ်သွားချိန်တွင် တံခါးနားမှ အစေခံက မင်းသားနှင့်သူ့ဇနီးမှာ ရထားပေါ် ရောက်နေပြီ ဟူ၍ အပြုံးတစ်ခုဖြင့် ဆိုလာသည်။
အစေခံငယ်လေးက သူတို့အတွက် ခြေတင်ခုံကို ချထားပေးပြီး ဘရိုကိတ် ကန့်လန့်ကာကို မြှင့်တင်လိုက်သည်။ ကျွင်းဟွိုင်လန်က ကျွင်းလင်ဟွမ်ကို ရထားပေါ်သို့ ဦးစွာ တင်ပေးပြီးမှ ကိုယ်တိုင်ဝင်လိုက်သည်။
"ဟွိုင်လန်က ဟွမ်အာနဲ့အတူထွက်လာတာလား"
သူ့ကိုမြင်တော့ ရထားလုံးထဲမှ ရှန်းရှီကရယ်လေသည်။
ကျွင်းဟွိုင်လန် သူ့ခေါင်းကိုမော့လိုက်တော့ ရထားထဲတွင်ထိုင်နေသည့် သူ့မိဘနှစ်ဦးကို တွေ့လိုက်ရသည်။ သူ့အမေက ပြုံးနေပြီး သူ့အဖေကျွင်းချန့်ယွမ်ကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ တိတ်တိတ်ဆိတ်ဆိတ်ရှိနေကာ သူမှတ်မိနေသည့် သူ့မိဘများ၏ ပုံဂိပ်များဖြင့် ထပ်တူကျနေသည်။
သုံးနှစ်ရှိပြီပင်။ သူသူ့မိဘတွေကို မတွေ့ရသည်မှာ သုံးနှစ်ရှိပြီဖြစ်၏။ သူ့ဖခင်က သူ့အသက် ၂၁ နှစ်တွင် ပြစ်ဒဏ်ချခံရာကာ သူ့မိဘနှစ်ပါးစလုံး ဆုံးပါးသွားခဲ့ပြီး ထိုအချိန်ကတည်းက မတွေ့ရတော့ပေ။
သူ့ဖခင်မှာ အမြဲ ရိုးသားခဲ့သည့်အရာရှိတစ်ဦးဖြစ်ကာ အကျင့်ပျက်ခြစားမှုတွေမရှိသလို မည်သည့်အဖွဲ့ကိုမှလည်း မပါဝင်ချေ။ သူ၏ယခင်ဘဝတွင် သူ့ဖခင်သည် ငွေအလွဲသုံးစားလုပ်မှုဖြင့် အကြီးအကျယ် ဖမ်းဆီးခံခဲ့ရပြီး ဥပဒေနှင့်အညီ ခေါင်းဖြတ်ခံခဲ့ရသည်။
ယင်းတွင် လျှို့ဝှက်ချက်တစ်ခုရှိနေမည်ကို ကျွင်းဟွိုင်လန်သိ၏။
အရင်ဘဝက သူရှာမတွေ့သည့် သဲလွန်စများကို.. ဤဘဝတွင်တော့ သေချာပေါက် ရှာတွေ့စေရမည်။
သူ့အသိတွေ ပြန်ကပ်သွားသည့်အခါ ကျွင်းဟွိုင်လန်က ပြုံးကာဖြင့် ရှန်းရှီအား ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်က လင်ဟွမ်ကို တစ်ချက်သွားကြည့်တာ၊ ကျွန်တော်ရောက်သွားတော့ လင်ဟွမ်က သူ့ငှက်ကလေးသေသွားလို့ ဝမ်းနည်းနေတာလေ"
ထို့နောက် သူ့ဘေးတွင်ထိုင်နေသော ကောင်လေးထံ လှည့်ကာ ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်သည်။
ထိုကောင်လေးက သူ့ဦးလေး၏သား ကျွင်းအန်းကျယ်ဖြစ်ပြီး သူ့ကျွင်းဟွိုင်လန်နှင့် အသက်တူရွယ်တူဖြစ်သည်။ သူ့ဦးလေးမှာ လင်နန်ကို ပြည်နှင်ဒဏ်ပေးခံခဲ့ရသည်။ သူ၏ တရားဝင်သားကို ဒုက္ခမတွေ့စေချင်တော့ဘဲ ယုံနင်ကုန်းဖုအား ကျွင်းအန်းကျယ်ကို မွေးစားစေခဲ့သည်။
ကျွင်းဟွိုင်လန်နှင့် ကျွင်းအန်းကျယ်ကြားမှာ ဆက်ဆံရေးက အရင်ဘဝကကဲ့သို့ပင် သိမ်မကွာခြားပါချေ။ ကျွင်းအန်းကျယ်မှာ နန်းတော်ရှိ ဒုတိယမင်းသား၏ အဖော်ဖြစ်သည်။။ ဒုတိယမင်းသားတစ်ပါးတည်း၏ ဦးဆောင်မှုနောက်ကိုသာ လိုက်ခဲ့ပြီး ယုံနင်ကုန်းဖု၏ အခြားကလေးများကို အာရုံမစိုက်ခဲ့ပေ။
ကျွင်းဟွိုင်လန် သူ့နှလုံးသားထဲမှ မနေနိုင်ပဲ နှာခေါင်းရှုံ့လိုက်သည်။
ယခုက ကံကြမ္မာကို ပြောင်းလဲရန်အချိန်ပင်ဖြစ်သည်။ သင်သာ မင်းသားတစ်ပါးကို မှားယွင်းရွေးချယ်မိလျှင် အသင်းသည်လည်း မှားယွင်းသွားပေလိမ့်မည်။
ကျွင်းအန်းကျယ်က ယင်းအား သူ့ကိုယ်သူ သေချာနားမလည်သလို ကျွင်းဟွိုင်လန်ကလည်း သူနှင့်စကားပြောဖို့ရာ စိတ်မဝင်စားချေ။
ထိုနေရာတွင် ကျွင်းလင်ဟွမ်က ရထားပေါ်တက်ပြီးသည်နှင့် ကျွင်းချန့်ယွမ်၏လက်ထဲကို တိုးဝင်သွားသည်။ ကျွင်းချမ့်ယွမ်မှာ အမြဲတမ်း လေးနက်စွာဖြင့် သီးသန့်နေတတ်ကာ မိသားစုထဲတွင် သူ့ကို ဆက်လက်နှောင့်ယှက်ရဲသူမှာ ကျွင်းလင်ဟွမ် တစ်ဦးတည်းသာရှိသည်။
ကျွင်းချန့်ယွမ်၏မျက်နှာထက်တွင် ရှားရှားပါးပါး အပြုံးတစ်ခုရှိနေကာ သူက ကျွင်းလင်ဟွမ်ကို သူ့လက်နှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည်။ သူမ၏ ဆံပင်များကို သပ်ရပ်အောင် ပြုပြင်ပေးဖို့ရန်ပင် သူ့လက်ကို မြှောက်လိုက်သေးသည်။
ရထားလုံးက နန်းမြို့ထံ ဦးတည်သွားလေသည်။
ထောင့်မှ ကျွင်းအန်းကျယ်က သူ့ကိုကြည့်နေသည်ကိုတော့ ကျွင်းဟွိုင်လန် သတိမပြုမိပါချေ။
ကျွင်းဟွိုင်လန်က အလယ်တွင်ထိုင်နေပြီး သူ့မျက်ခုံးတွေက တောက်ပနေကာ သာမန်လူတို့ဖြင့် တကယ်ပင်မတူပါချေ။
ကျွင်းအန်းကျယ်က အဝေးကို အကြည့်လွှဲလိုက်သည်။
ဘာတွေများကြီးကျယ်လို့လဲ။ ဒုတိယမင်းသားပြောတာတော့ အဲလိုလူတွေက အလကား လေပေါ်မြောက်နေတာတဲ့။
—
ရထားလုံးမှာ နန်းတော်အနောက်ဘက်ရှိ ကျူးချွယ်တံခါးရှေ့တွင် ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။
ကျူးချွယ်တံခါးရှေ့တွင် နန်းတော်ရှိ ပွဲတော်သို့ လာရောက်ကြသည့် အရာရှိများနှင့် မြင့်မြတ်အနွယ်ဝင်များ ပိုင်ဆိုင်သော ရထားလုံးများနှင့်မြင်းများစွာ ရှိနေသည်။ လူအနည်းငယ်က ရထားလုံးပေါ်မှဆင်းလာပြီး တစ်စုံတစ်ယောက်ကလည်း ရထားလုံးပေါ်မှ ဆင်းရန်ကူညီခဲ့သည်။အစေခံတစ်ဦးက ဝီရိယအပြည့်ဖြင့် ပြေးကာ ပွဲကျင်းပရာ ယုန်လဲ့ခန်းမထံသို့ ပို့ဆောင်ခဲ့သည်။
သူ ဒုတိယတံခါးကို ဖြတ်ကျော်ပြီးသည်နှင့် တစ်စုံတစ်ယောက်က သူ့နာမည်အား အော်ခေါ်သည်ကို ကြားလိုက်ရသည်။
"ဟွိုင်လန်!၊ ဟွိုင်လန်ရေ!"
ကျွင်းဟွိုင်လန် မော့ကြည့်လိုက်စဥ် မိန်းမစုတစ်စု ဝိုင်းရံခံထားရသည့် အကောင်းစားဇိမ်ခံအဝတ်အထည်တို့အား ဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ကောင်လေး၏ ဘရိုကိတ်ဝတ်စုံမှာ ရွှေဖြင့်ပြုလုပ်ထားပြီး ရွှေနီရော်ကော်လာက သူ့လည်ပင်းတစ်ဝိုက်တွင်ရှိနေကာ ရွှေရောင်လိုင်းတစ်ခုကို အဖြူရောင်ကျောက်စိမ်းဖြင့် ထွင်းထားလေသည်။
ထိုလူမှာ ခြောက်ယောက်မြောက်မင်းသား ရွှယ်ယွင်ဟွမ်ပင်။
Xxxxxxxx