CHAPTER 4
သူက ဧကရီ၏ တစ်ဦးတည်းသော တရားဝင်သားတော်ဖြစ်သည်။ ကျွင်းဟွိုင်လန်နှင့် ခြောက်ယောက်မြောက်မင်းသားတို့က အသက်အရွယ်အားဖြင့် သိပ်မကွာပဲ အလွန်ရင်းနှီးကြသည်။ ဧကရီနှင့် ရှန်းရှီတို့က အမျိုးသမီးများကြား၌ ရင်းနှီးသော သူငယ်ချင်းများဖြစ်သည်။ ရှန်းရှီက နန်းတော်ထဲသို့ မကြာခဏဝင်လေ့ရှိသဖြင့် ကျွင်းဟွိုင်လန်နှင့်ရွှယ်ယွင်ဟွမ်က ငယ်စဉ်ကတည်းက အတူကစားခဲ့ကြသည်။
ဧကရီတွင် နူးညံ့သိမ်မွေ့သော စိတ်ထားရှိသည်။ နန်းတော်မှ အစေခံများက ရွှယ်ယွင်ဟွမ်အား အနည်းငယ်အနိုင်ကျင့်တတ်သူဟု မှတ်ယူကြပြီး မည်သူကမှ သူ့ကို မဆွဲရဲကြပေ။ သို့သော်လည်း ကျွင်းဟွိုင်လန်ကတော့ ထိုကလေးမှာ အလွန်တုံးအကြောင်း သိလေသည်။ အထူးသဖြင့် သူက သစ္စာရှိသူ တစ်ဦးပင်။
သူ့ယခင်ဘဝတွင် ဧကရာဇ်မှ လင်ဟွမ်အား နန်းတော်ထဲဝင်ရန် အမိန့်ပေးသည့်အခါတ်ိင် ရွှယ်ယွင်ဟွမ်က သူ့ညီမကို သေချာပေါက် ကာကွယ်ပေးမည်ဟူ၍ ကျိန်ဆိုခဲ့သည်။ သို့သော်လည်း လအနည်းငယ်အကြာတွင် သူ့အား ရွှယ်ယန်မှ သတ်လိုက်သည့်သတင်းကို ကြားခဲ့ရသည်။
ရွှယ်ယန်နှင့် သူ့ကြားရှိ မကျေနပ်ချက်များမှာ တွက်ချက်၍ပင် မရပါချေ။
ထိုအချိန်တွင် ရွှယ်ယွင်ဟွမ်က ပြေးလာနေနှင့်ပြီ ဖြစ်သည်။သူက ပြုံးရွှင်နေကာ သူ၏လက်များကိုကွေး၍ ကျွင်းချန့်ယွမ်နှင့် ရှန်းရှီတို့ကို အရင်ဦးညွတ်လိုက်ပြီးမင်္ဂလာပါဟူ၍ နှုတ်ဆက်လိုက်သည်။ ထိုနှစ်ဦးကလည်း သူ့ကို ပြန်နှုတ်ဆက်လိုက်သောအခါ သူ့လက်များက ကျွင်းလင်ဟွမ်၏ ဘန်းကိတ်ပုံစံဆံထုံးဆီ လျှင်မြန်စွာရောက်ရှိသွားပြီး ဖွဖွပုတ်လိုက်သည်။
''ညီမလေး ဟွမ်အာ ငါ့ကိုလွမ်းနေရဲ့လား''
ရှုပ်ထွေးသော ခေါင်းဆောင်းက ကျွင်းလင်ဟွမ်၏ ဆံပင်အား ဆွဲဖွခံထားရသလိုဖြစ်နေစေသည်။
ရွှယ်ယွင်ဟွမ်က ပုန်းနေရင်း ကျွင်းဟွိုင်လန်ကို ပြုံးဖြဲဖြဲလုပ်ပြလိုက်သည်။
''ငါဒီနေရာမှာ မင်းကိုစောင့်နေရတာ အကြာကြီးပဲ၊ လွဲသွားမှာကြောက်လို့ စောင့်ကြည့်နေရတာ ငါ့မျက်လုံးတောင် ကန်းလုနီးနီးပဲ"
ကျွင်းဟွိုင်လန်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်ကာ ကျွင်းဟွမ်လင်၏ ဆံပင်များကို သပ်ရပ်အောင် ပြုပြင်ပေးလိုက်ပြီး ပြောလိုက်သည်
"မင်းနဲ့ပွဲတော်မှာ ခဏနေရင် တွေ့ကြမှာပဲကို၊ ဘာလို့စောင့်နေတာလဲ''
" ဟေးး ပွဲတော်ရောက်မှ တွေ့ကြမယ်ဆို နောက်ကျလွန်းနေပြီလေ''
ရွှယ်ယွင်ဟွမ်က ပြောလိုက်သည်။
" ငါ လွန်ခဲ့တဲ့ရက်နည်းနည်းလောက်က တာ့ဝန်မြင်းတစ်ကောင် ရခဲ့တယ်၊ အဲ့ဒီမြင်းရဲ့ ဂုဏ်သတင်းက ကောင်းကင်မှာ နံပါတ်တစ်ပဲ၊ ငါမင်းကိုပြဖို့ စောင့်နေတာ''
ကျွင်းဟွိုင်လန်က မူလကငြင်းချင်ခဲ့သော်လည်း သူမသေခင်တုန်းက တစ်ခါမှမမြင်ဖူးခဲ့သော တစ်လက်လက်တောက်နေသည့်မျက်ဝန်းများကို တွေ့သောအခါ စိတ်ပျော့သွားခဲ့သည်။
သူ မငြင်းတာကို မြင်သောအခါ ရွှယ်ဟွမ်လင်က ချက်ချင်းဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည်။သူက ကျွင်းဟွိုင်လန်၏ အင်္ကျီလက်ကို ဆွဲကာ သူမိဘများအား နှုတ်ဆက်လိုက်သည်။
"အန်တီရှန်း ဖိုးဖိုးကော် ကောင်းကောင်းအနားယူကြပါ၊ ဟွိုင်လန်ကိုကျွန်တော်နဲ့ စိတ်ချထားလိုက်နော်၊ ကျွန်တော်တို့ မကြာခင်ပြန်လာခဲ့မယ်''
ကျွင်းချန့်ယွမ်နှင့်ရှန်းရျီက သဘဝကျကျပင် သူ ပြောတာကို မငြင်းနိုင်သောကြောင့် လမ်းတစ်လျှောက်ဂရုစိုက်ဖို့သာ မှာလိုက်ကြသည်။
ရွှယ်ယွင်ဟွမ်က ကျွင်းဟွိုင်လန်ကို ဆွဲခေါ်သွားသည်။
နန်းတော်ထဲတွင် ဘုရင်မင်းမြတ်နှင့် ဧကရီမှလွဲ၍ မည့်သူ့ကိုမှ ဝေါယာဥ်စီးခွင့် မပြုသောကြောင့် သူတို့က တစ်လမ်းလုံး ခြေလျင်လျှောက်လာကြသည်။တော်ဝင်မြင်းစောင်းက အတော်အတန်ဝေးပြီး သူတို့နှစ်ဦး လမ်းလျှောက်လာလေလေ ပတ်ဝန်းကျင်က ပို၍ တိတ်ဆိတ်လာလေဖြစ်သည်။
တော်ဝင်မြို့တော်တွင် ထောင်ပေါင်းများစွာသော နန်းဆောင်များက အလွန်ကျယ်ပြန့်သော ဧရိယာကို သိမ်းပိုက်ထားသည်။အလွန်ဝေးလံကာ လူမနေတာကြာသောကြောင့် ပျက်စီးနေသည့် နန်းဆောင်များလည်းရှိသည်။ သို့သော်လည်း ရွယ်ယွင်ဟွမ်က သူ့မြင်းကို အလွန်သွက်လက်ကြောင်း တစ်လျှောက်လုံး အမွှမ်းးတင်လာခဲ့သည်။
ထိုအချိန် သူတို့ရှေ့မှ လမ်းကြားအချိုးအကွေ့လေးတွင် ပဋိပက္ခဖြစ်နေကြသည်ကို ကြားလိုက်ရသည်။
"မင်းလက်ထဲမှာ ဘာပါသေးလဲ၊ အဲဒါကို လွှဲပေးပြီး ငါတို့ ညီအစ်ကိုတွေကို စစ်ဆေးခွင့်ပေးစမ်း!"
"မင်းကိုပြောနေတာ မကြားဘူးလား"
အသံကိုနားထောင်ရသလောက်တော့ မိန်းမစိုး အငယ်လေးများ ဖြစ်ပုံရသည်။ဆူညံသံများက အသနားခံနေသံများနှင့် အနည်းငယ်ရောထွေးနေပြီး လက်ဆောင်အားတောင်းယူနေသံများလည်း မရေမရာကြားလိုက်ရသည်။ သူ့အားသွားခွင့်ပေးဖို့တောင်းဆိုနေသည်ကိုလည်း ကြားလိုက်ရသည်။
ကျွင်းဟွိုင်လန်က ဝင်မကူသော်လည်း ရပ်ကာလှမ်းကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
နှလုံးသားထဲတွင် သူ၏အကောင်းစားမြင်းတစ်ကောင်သာ ရှိသော ရွှယ်ယွင်ဟွမ်က ထိုလှုပ်ရှားမှုများအား သတိမထားမိခဲ့ပေ။ကျွင်းဟွိုင်လန် ရပ်သွားတာမြင်၍ သူလည်းလိုက်ရပ်လိုက်သည်။
စိမ်းလန်းသော သစ်ပင်များအကျော်တွင် လူတစ်စုက မိန်းမစိုးငယ်လေး၏ လက်ထဲမှ ပစ္စည်းကို ဆွဲယူဆုပ်ကိုင်ထားကြသည်ကို တွေ့လိုက်ရသည်။ မိန်းမစိုးငယ်လေးသည် အလွန်ကြောက်လန့်ကာ ငိုလုမတတ်ဖြစ်နေပြီး သူ့လက်ထဲရှိပစ္စည်းကို ဝှက်ထားသည်။
"တော်ဝင်ပဏ္ဍာကို ပြန်ပေးစမ်း၊ မင်းပဲ ဆရာပေးတဲ့ တော်ဝင်ပဏ္ဍာကို ရနိုင်တယ်ထင်နေလား၊ မင်းဘာမှမသိဘူးမလား"
လူစုက ရယ်မောပြီး ပစ္စည်းများကို ဆွဲထုတ်ကြသည်။
မိန်းမစိုးငယ်လေးက သူပြောတာကို အရေးစိုက်မခံလိုက်ရပဲ ရုတ်တရက် ထိုအရာက မြေပြင်ပေါ်ပြုတ်ကျကာ ကျောက်စိမ်းကွဲကြေသံထွက်ပေါ်လာသည်။
ရုတ်တရက်ပင် လူစုကလည်း နောက်ထပ်မရယ်နိုင်တော့ဘဲ အားလုံးအေးခဲသွားကြတော့သည်။ မိန်းမစိုးငယ်လေးက ကျောက်စိမ်းမြှားကို စိုက်ကြည့်ရင်း တုန်တုန်ယင်ယင်ဖြစ်ကာ သူ့နှုတ်ခမ်းများက ဖြူဖျော့နေသည်။
သိပ်မကြာခင်မှာပဲ ထိုထဲမှတစ်ယောက်က ကျယ်လောင်စွာပြောလိုက်သည်။
" ဒါ.. ဒါငါတို့ညီအစ်ကိုတွေနဲ့ မဆိုင်ဘူးနော်၊ တော်ဝင်မိသားစုက အပ်နှင်းတဲ့ ကျောက်စိမ်းမြှားက မင်းလုပ်လို့ ကျိုးသွားတာ၊ မင်းပဲ ခေါင်းကိုအဆုံးရှုံးခံရမှာ"
ကျန်မိန်းမစိုးများကလည်း အသိပြန်ဝင်လာပုံပေါ်ပြီးသူတို့အားလုံးက ထောက်ခံလိုက်ကြသည်။
ကျွင်းဟွိုင်လန်က မျက်မှောင်ကြုံ့လိုက်သည်။
ထိုလူစုက မိန်းမစိုးငယ်လေး၏လက်တွင် ဘာကိုင်ထားလဲဆိုတာ ရှင်းရှင်းလင်းလင်းသိနေကြသောကြောင့် အပြစ်ရှာရန် တမင်ကြိုးစားကြတာ ဖြစ်နိုင်သည်။တော်ဝင်လက်ဆောင်ကို ဖျက်ဆီးခြင်းသည် ကြီးလေးသောပြစ်မှုဖြစ်ပြီး ခေါင်းဖြတ်ခံရမည်ဖြစ်သည်။ ယနေ့ မည်သူမျှသာ မမြင်လိုက်ပါ ဤမိန်းမစိုးငယ်လေး၏ ဦးခေါင်းအား ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။
သူက လက်ကိုမြှောက်၍ လမ်းပိတ်နေသော သစ်ကိုင်းများအားဖယ်လိုက်ကာ ရှေ့သို့ လျှောက်သွားလိုက်သည်။
သစ်ပင်များ၏အရိပ်မှထွက်ကာ ကျွင်းဟွိုင်လန်က တစ်ခုခုပြောရန်ပြုစဥ် အခြားလူများ၏ အာရုံများအား ဖမ်းစားလိုက်သည်။
သူက မိန်းမစိုးငယ်လေး၏ဘေးတွင် ရပ်ကာ သူ့ရှေ့ရှိအရာအားလုံးအား အေးစက်စွာကြည့်လိုက်သည်။ သူက တောင်ပသောအဝတ်အစားများအား သပ်ဂရပ်စွာာဝတ်ဆင်ထားသော်လည်း မိန်းမစိုးများက သိပ်အလေးမထားကြပေ။သူတို့က မိန်းမစိုးငယ်လေးအား တွန်းလိုက်ပြီး တံတောင်ဆစ်များဖြင့် တမင်တကာ ထုထောင်းလိုက်ကြသည်။
ကျွင်းဝွိုင်လန်က နက်ရှိုင်းသော ရေကန်ကဲ့သို့ ပယင်းရောင် မျက်လုံးများကို တွေ့လိုက်ရသည်။
ရွှယ်ယန်။
4.2
ကျွင်းဝွိုင်လန်၏ မျက်လုံးများက ကျဥ်းမြောင်းလာပြီး သူ့အမူအယာက ရုတ်တရက်အေးစက်သွားသည်။သို့သော် မုန်းတီးစွာစောင့်ကြည့်နေသည့်အကြားမှ ထူးဆန်းသောခံစားချက်တစ်ခု ရနေခဲ့သည်။
ရွှယ်ယန်နှင့် ရုတ်တရက်တွေ့ဆုံလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။နောက်ထပ် သူ မမျှော်လင့်ထားသည့် အရာကား ယခုအချိန်တွင် ရွှယ်ယန်က သူမှတ်မိသည့် ရက်စက်ကြမ်းကြုတ်သော လူယုတ်မာနှင့် လုံးဝ မတူပေ။
သူကထိုနေရာတွင် တစ်ယောက်တည်းရပ်နေပြီး မိန်းမစိုးများ၏ ရှေ့တိုးနောက်ငင်တွန်းဆွဲရိုက်နှက်ခံနေရသည်ကို မည်သည့်စကားမျှမဆိုပဲ ရပ်ကြည့်နေသည်။ထိုသူ၏ မျက်လုံးများက မော့ကြည့်လာသောအခါ သူ၏ ပယင်းရောင်မျက်လုံးများသည် ပျောက်ဆုံးသွားသော ဝံပုလွေသားပေါက်လေးကဲ့သို့ လူငယ်လေးတစ်ယောက်ရှိသင့်သည့် တက်ကြွမှုအနည်းငယ်မျှမရှိဘဲ နက်ရှိုင်းသောရေခဲကန်တစ်ခုလို ဖြစ်နေသည်။
ကျွင်းဟွိုင်လန် ယင်းကို မြင်လိုက်ရတော့ အနည်းငယ် သနားသွားသည်။
သို့သော် ခဏအကြာတွင် ကျွင်းဟွိုင်လန် အသိစိတ်ပြန်ဝင်လာသည်။
ယခင်ကတည်းက သူသည် မတရားခံရကာ အကြွေးများတင်နေခဲ့ပြီး အလွန်သနားစရာကောင်းခဲ့သည်။ ကျွင်းမိသားစုနှင့် ကျွင်းလင်ဟွမ်က သူ့ကိုမည်သည့်အခါမှ ရန်မစခဲ့ဖူးပေ။ သူကသနားစရာကောင်းသည့်တိုင် ရန်သူမှာ ရန်သူပင်ဖြစ်သည်။အဘယ်ကြောင့် အပြစ်မဲ့သူကို ထိုကဲ့သို့ စော်ကားအနိုင်ကျင့်ရသည်လဲ။
ကျွင်းဟွိုင်လန်က အတိတ်မှ အကြောင်းအရာများကို တွေးမိသွားပြီး အံကိုတင်းတင်းကြိတ်လိုက်သည်။
တစ်ဖက်တွင် ရွှယ်ယွင်ဟွမ်က ကျွင်းဟွိုင်လန်၏ ကိူယ်နှင့်မဆိုင်ပဲ ဝင်ပါတတ်မှုအား ကျင့်သားရနေပြီဖြစ်သည်။ သူက ကျွင်းဟွိုင်လန် မည်သည့်စကားမှ မပြောသည်ကို မြင်ပြီး အရှေ့တွင် သူပြစ်မှားမရသည့် တစ်စုံတစ်ယောက်ရှိနေသည်ဟု ထင်လိုက်ကာ ရှေ့သို့လျှောက်၍ ကျွင်းဟွိုင်လန်၏လက်မောင်းကိုဆွဲပြီး သူ့နောက်သို့ပို့လိုက်သည်။
"ဘယ်သူက ဒီမှာ လာရှုပ်ရဲတာလဲ၊ ဒီမင်းသားက အကုန်လုံးကို မြင်ပြီးသွားပြီ ဒီအကြောင်းကိုစဥ်းတောင်မစဥ်းစားနဲ့"
မိန်းမစိုးအုပ်စုက အလွန်ထိတ်လန့်သွားပြီး ဒူးထောက်ချလိုက်ကြသော်လည်း ကျွင်းဟွိုင်လန်က ရုတ်တရက် ဖြတ်ပြောလိုက်သည်။
"ဒီကိုလာ"
"...အာ..."
ရွှယ်ယွင်ဟွမ်မှာ မတုန့်ပြန်နိုင်ပေ။
ကျွင်းဟွိုင်လန်က ထိုနေရာကို အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရပြီးနောက် သူ့အသံကထွက်လာပြန်သည်။
"မင်းနဲ့မဆိုင်တာတွေအတွက် စိတ်အနှောင့်အယှက် အဖြစ်မခံနဲ့ သွားကြစို့"
ပြောပြီးသည်နှင့် သူက လှည့်ထွက်သွားသည်။
ရွှယ်ယွင်ဟွမ်က သူကြည့်နေခဲ့သူကို သတိပြုမိသွားသည်။
"ရွှယ်ယန်လား"
ရွှယ်ယွင်ဟွမ်က ကျွင်းဟွိုင်လန်နောက်သို့ ချက်ချင်းပြေးလိုက်သွားသည်။
"မင်းလည်း ဒီနတ်ဆိုးကြယ် အကြောင်းသိတာလား ၊ တကယ်ပဲ သူ့ကိုဂရုမစိုက်ပေးသင့်ဘူး၊ သူက သူ့အမေနဲ့ ယန်ဘုရင်ကိုတောင် သတ်ပစ်ခဲ့တယ်လို့ပြောကြတာကို ကြားဖူးတယ်၊ ယန်တိုင်းပြည်ကလည်း သူ့ကြောင့်ပျက်စီးသွားတာ ၊ မင်းသူ့ကိစ္စကိုဝင်ကူလိုက်ရင် မင်းကိုနတ်ဘုရားတွေက အပြစ်ပေးလိမ့်...၊ ဟေး ငါ့ကိုစောင့်ဦး"
ရွှယ်ယွင်ဟွမ်၏ အသံသည် နီးရာမှအဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ဒူးထောက်ပြီး အသနားခံနေကြသော မိန်းမစိုးများက အစပိုင်းတွင် မြင့်မြတ်သည့်မင်းသားမှ သူတို့ကိုရှင်းပစ်မည်ကို စိုးရိမ်နေကြသော်ငြား မမျှော်လင့်ထားစွာပင် မင်းသားက ရွှယ်ယန်ကို တစ်ချက်သာကြည့်ပြီး ထွက်သွားခဲ့သည်။
သေချာပေါက်ကို ဆရာပြောတာမှန်သည်။ ဤသိူ့သော နန်းတော်ထဲမှ အခြားမြင့်မြတ်သူများနှင့် မတူသည့် မြင့်မြတ်သူမှာ သူကနဂါး၏သားတော်ဖြစ်နေလျှင်ပင် အစေခံများထံမှ တက်နင်းခံရပေလိမ့်မည်။
မိန်းမစိုးများက ပြန်ထလိုက်ကြပြီး ရွှယ်ယန်ကို ကြည့်၍ မထီမဲ့မြင် ပြုံးကာ ထွက်သွားကြသည်။
မထွက်သွားမှီ မိန်းမစိုးတစ်ယောက်က ရွှယ်ယန်အား ပြင်းထန်စွာဆောင့်ကန်ခဲ့သေးသည်။
ခဏအကြာတွင် မြေပြင်ပေါ်တွင် လဲလျောင်းနေသော မိန်းမစိုးငယ်လေး၏ ငိုသံမှလွဲ၍ ထိုနေရာသည် တဖန်တိတ်ဆိတ်သွားတော့သည်။
"မင်းအခု စကားနည်းနည်းပဲပြောရမယ်!၊ ဧကရာဇ် အပ်နှင်းထားတဲ့ ပစ္စည်းက ဒီအစေခံကြောင့် ကျိုးပျက်သွားပါတယ်ဆိုပြီးတော့ပေါ့၊ ဒီအစေခံရဲ့ ခေါင်းဆယ်လုံးဆိုရင်တောင် ဒီအတွက် လျော်ကြေးပေးဖို့ မလုံလောက်ပါဘူး၊ ဘယ်မကောင်းဆိုးဝါးက ဒီအစေခံကို..."
"ဆူလိုက်တာ"
ရွှယ်ယန်က ရုတ်တရက်ပြောလိုက်သည်။
သူ့အသံက အေးစက်ပြီး အက်ကွဲနေသည်။ သူ့လေသံက သိမ်မွေ့သော်လည်း ရှင်းမပြနိုင်လောက်အောင် ကြောက်မက်ဖွယ်ဖြစ်နေသည်။
မိန်းမစိုးငယ်လေးက အလွန်ထိတ်လန့်သွားပြီး ငိုတာရပ်တန့်သွားကာ ရွှယ်ယန်ကိုကြည့်လိုက်သည်။
ရွှယ်ယန်က မြင့်မြတ်အနွယ်ဝင်နှစ်ဦး ပျောက်ကွယ်သွားသည့် ဦးတည်ရာကို မပြောင်းလဲသည့်အမူအယာဖြင့် ကြည့်နေတာကို တွေ့လိုက်ရသည်။ ခဏအကြာတွင် သူ၏ ကျဥ်းမြောင်းသောမျက်လုံးများဖြင့် မြေပြင်ပေါ်ရှိ ကျောက်စိမ်းတုံးအပိုင်းအစများအား ကြည့်လိုက်ကာ သူ၏မျက်လုံးက အေးစက်သွားချေ၏။
သူက ပြောပြီးသည်နှင့် ကျိုးနေသော ကျောက်စိမ်းတုံးပေါ် တက်နင်းကာ ရှေ့တည့်တည့်သို့ လျှောက်သွားသည်။
ဖြောင့်တန်းနေကာ သူ၏ခြေလှမ်းများလည်း တည်ငြိမ်နေပြီး ရှက်ရွံ့သိမ်ငယ်မှုတို့ ရှိမနေပေ ။ထိုအစား လူများ၏ မသိစိတ်က သူ့ခြေဖဝါးအောက်တွင် အညံ့ခံချင်လာကြမည့်ပုံပေါက်နေသည်။
ရွှယ်ယန်က လမ်းဆုံကိုဖြတ်သွားရင်း သူ့လက်ကို မြှောက်လိုက်ပြီး လမ်းရှိ သစ်ကိုင်းတစ်ကိုင်းကို ချိုးဖျက်ကာ သူ့ခြေရင်းသို့ ပစ်ချလိုက်သည်။
လှုပ်ရှားမှုသည် လွယ်ကူပုံရသော်ငြား နက်ရှိူင်းသည့် သတ်ဖြတ်လိုစိတ်တို့ ရှိနေသည်။
ယင်းတို့မှာ သိပ်မကြာခင်က ကျွင်းဟွိုင်လန် ဘေးကိုဖယ်ထုတ်လိုက်သည့် သစ်ကိုင်းများပင်ဖြစ်ချေတော့၏။
Xxxxxxx