အပိုင်း ၁၁၇ (Extra 3)
Viewers 12k

ဝမ်မင်ယီ၏ "Flower World"သည် အလွန်နောက်ကျပြီးမှ ပြသလာခဲ့ပြီး အောက်တိုဘာလအထိ မထုတ်လွှင့်ခဲ့သေးဘဲ 11th gear၏ အချိန်ဇယားနှင့်ပင် တိုက်ဆိုင်သွားသေးသည်။ ဝမ်မင်ယီက သူ၏စာသင်ချိန်ပြီးသည်နှင့် သူ့အလုပ်ကိုဆက်လုပ်ကာ ကျိုးဝမ်ယွီ၏နောက်လိုက်ကာ နယ်လှည့်ကြော်ငြာရေးဆင်းလေသည်။
ဇာတ်ကားအကြိုပြသချိန်တွင် သူကစတိတ်စင်အောက်တွင်ထိုင်ပြီး စခရင်ပေါ်ရှိသူ့ကိုသူပြန်ကြည့်ကာ အစစ်အမှန်မဟုတ်သလို ခံစားနေရသည်။
တရုတ်ပြည်၏ထိပ်တန်းဒါရိုက်တာများထဲမှတစ်ယောက်ဖြစ်သော ကျိုးဝမ်ယွီ၏မျက်လုံးများက ဇာတ်ကားကိုသာအာရုံစိုက်ထားသည်။ သူ့အပိုင်းသူအာရုံစိုက်သလို သရုပ်ဆောင်များ၏အပိုင်းကိုလည်း အာရုံစိုက်လေသည်။
"ဒါရိုက်တာကျောက်.... ဒီတစ်ကြိမ် အဓိကဇာတ်ဆောင်အဖြစ် ဝမ်မင်ယီကို ဘာလို့ရွေးလိုက်ရတာလဲ...."
"ဒါရိုက်တာကျောက် ဝမ်မင်ယီရဲ့သရုပ်ဆောင်မှုနဲ့ပတ်သတ်ပြီး ကျေနပ်ရဲ့လား... ရိုက်ကူးနေတုန်းမှာ ပြဿနာရှိခဲ့သေးလား...."
"ဒါရိုက်တာကျောက် နောက်တစ်ကြိမ် ဘယ်လိုဇာတ်ကားမျိုးရိုက်ဖို့ အစီအစဉ်ရှိလဲ...."
"ဒါရိုက်တာကျောက် box officeအတွက် လိုအပ်ချက်တစ်ခုခုရှိလား... ဒီဇာတ်ကားအတွက် box officeဘယ်လောက်ရမယ်လို့ မျှော်လင့်ထားလဲ...."
ကျောက်ဝမ်ယွီမှာ မေးခွန်းအများစုကိုစိတ်မဝင်စားပေ။ သူကဝမ်မင်ယီအကြောင်း မေးခွန်းများကိုသာ စိတ်ဝင်စား၍ ဝမ်မင်ယီနှင့် ပတ်သတ်သည်များကိုသာ ဖြေပေးလေသည်။
"ကျွန်တော်ဝမ်မင်ယီကိုရွေးတာ သူ့ကိုအရမ်းသဘောကျလို့ပါ... ဝမ်မင်ယီက အရမ်းတော်တဲ့ သရုပ်ဆောင်ငယ်လေးတစ်ယောက်လေ.. ပြီးတော့ သူကလူထုအမြင်မှာ ပုံရိပ်ကောင်းလည်းရှိတယ်... သရုပ်ဆောင်လည်းကောင်းတယ်... ဂုဏ်သတင်းလည်းကောင်းတယ်... အဲ့ဒါတွေက မျက်နှာသစ် သရုပ်ဆောင်မျိုးဆက်ကို ကောင်းကောင်း ကိုယ်စားပြုနိုင်နေတာတွေပဲ... ရုပ်ရှင်နယ်ပယ်မှာ သွေးသစ်လေးတွေလိုအပ်တယ်... သက်ကြီးပိုင်း မျိုးဆက်သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေက အသက်ကြီးလာကြမှာပဲ... ဒါကြောင့် ဒီနယ်ပယ်ကြီးကို ပိုမိုကျယ်ပြန့်စေဖို့အတွက် မျိုးဆက်သစ် သွေးသစ်တွေကို လိုအပ်တယ်... ဝမ်မင်ယီက တကယ်ကောင်းတဲ့မျိုးဆက်သစ်လေးမလို့ သူ့ကို ကျွန်တော့်ဇာတ်ကားအတွက် ရွေးခဲ့တာပါ.. အခြား သရုပ်ဆောင်ငယ်လေးတွေလည်း အလုပ်ကြိုးစားပြီး ကောင်းကောင်းသရုပ်ဆောင်နိုင်ကြဖို့ မျှော်လင့်မိတယ်...."
"သရုပ်ဆောင်ပိုင်းကလည်း မင်းတို့အားလုံး ဇာတ်ကားကိုကြည့်ပြီးကြပြီလေ အရမ်းကောင်းတယ်မလား... ကျွန်တော်က သူ့က်ု အရမ်းသဘောကျတယ်... အခုလက်ရှိ အင်တာနက်အသုံးပြုသူတွေပြောသလိုဆို ကျွန်တော်က မင်မင်ရဲ့ ပါပါးဖန်ပေါ့ဗျာ ဟားဟား...."
ဝမ်မင်ယီက ရယ်ကာပြုံးကာပြောလိုက်သည်။
ဘေးတွင်ရပ်နေသောဝမ်မင်ယီမှာ သူ့မျက်နှာသူအုပ်ထားပြီး ကိုးရိုးကားယားပြုံးနေလေသည်။
အင်တာဗျူးများစွာပြီးဆုံးပြီးနောက်တွင် သတင်းထောက်များက ကျောက်ဝမ်ယွီမှာ ဇာတ်ကားအကြောင်းနှင့် ဝမ်မင်ယီအကြောင်းသာပြောသွားပြီး ဝမ်မင်ယီအကြောင်း အများဆုံးပြောသွားကြောင်း တွေ့လိုက်ရသည်။
ဝမ်မင်ယီက သူ့ကိုတိုးတိုးတိတ်တိတ်သတိပေးလေသည်။
"ပါး ရယ် လူထုအမြင်ကိုလည်း ဂရုစိုက်ပါဦးဗျ... အဖေက ခေါင်းဆောင်တစ်ယောက်လေ... ကျွန်တော်ကို တစ်ချိန်လုံးချီးကျူးနေတာက ဘာလုပ်တာလဲ...."
ကျောက်ဝမ်ယွီကပြောလိုက်သည်။
"ငါ့သားကလည်း....ပါး ကဘာလို့ပြောလို့မရတာလဲ... သားသရုပ်ဆောင်နာ တကယ်ကောင်းလေ.... အနာဂတ်မှာ အိုင်ဒေါဒရာမာတွေအစား အဖေ့ရဲ့ရုပ်ရှင်တွေမှာပိုပြီး သရုပ်ဆောင်စမ်းပါ..."
ဝမ်မင်ယီက သူ့ကိုကြည့်ပြီးပြောလိုက်သည်။
"ဒါရိုက်တာကျောက်... ဒါရိုက်တာကျောက် က နှစ်နှစ် သုံးနှစ်နေမှ ဇာတ်ကားတစ်ကားရိုက်တာလေ... ဒါရိုက်တာကြီးရဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ရဖို့မျှော်နေရင်း အဆာလွန်ပြီးသေမှာ စိုးလှပါတယ်ဗျာ..."
"ပါး သားကို တခြားဒါရိုက်တာတွေဆီ ထောက်ခံပေးမယ်လေ... နောက်ရက်နည်းနည်းကြာရင် ပါး ပွဲတစ်ခုသွားရမှာ... သားအဖေနဲ့လိုက်ခဲ့လေ...."
ဝမ်မင်ယီက ချက်ချင်းငြင်းလိုက်သည်။
"မလိုပါဘူး.. ပါး ဘာသာသွားပါ...."
"သားမလိုက်ချင်ဘူးလား...."
ဝမ်မင်ယီက ခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကိုအခြားလူတွေကို မသိစေချင်သေးဘူး..."
ကျောက် ဝမ်ယွီက စိုးရိမိနေသည်။
"မင်မင်... သားဘယ်အချိန်ရောက်မှ ပါး တို့ရဲ့ဆက်ဆံရေးကို လူသိရှင်ကြားပြောမှာလဲ...."
"ကျွန်တော်ဆုရတဲ့အချိန်ပေါ့..."
ဝမ်မင်ယီက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
ကျောက် ဝမ်ယွီက မျှော်လင့်ချက်ရှိသေးသည်ဟု ခံစားလိုက်ရသည်။
"ပါး က ဒီဇာတ်ကားနဲ့ ရွှေသစ်ရွက်ဆုကို မျှော်မှန်းထားရုံတင်မကဘူး နိုင်ငံတရာရုပ်ရှင်ပွဲတော်ကြီးသုံးခုမှာလည်း ပြသမှာ... ဆုရဖို့က ပြဿနာမရှိဘူးလို့ ပါး ထင်တာပဲ... သားပြော ထားတာကို ကိုယ့်ဘာသာမှတ်မိနေပါစေနော်..."
ဝမ်မင်ယီ "...."
ဝမ်မင်ယီက သူ့အဖေသူ့ကို အထင်ကြီးလွန်းနေသည်ဟု တွေးလိုက်မိသည်။ သူ့အဖေလိုလူမျိုးအတွက် ရုပ်ရှင်ဆုရရန်မှာ ပြဿနာမရှိသော်လည်း သူ့လိုတက်သစ်စ သရုပ်ဆောင်လေးအတွက် ဆုရရန်မှာ မလွယ်ကူလှပေ။
ထို့ကြောင့် သူက ရေလိုက်ငါးလိုက်ခေါင်းငြိမ့်ပြလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်လေသည်။
ရုပ်ရှင်အကြိုပြပွဲအပြီးတွင် ဝမ်မင်ယီတွင် အိမ်ပြန်ဖို့အခွင့်အရေးရလာပြီး စစ်ကျွင်းတောက်ကို ရုပ်ရှင်ကြည့်ရန် ဖိတ်ခေါ်လိုက်သည်။
ေကျာက်ဝမ်ယွီ၏ ဇာတ်ကားများတွင် အလွန်လှပသော ရိုက်ချက်များရှိသည်။ သူက ဇာတ်ကောင်တစ်ယောက်ကို ပိုမိုအသက်ဝင်လာအောင် ရိုက်ကူးရာ၌တော်ပေသည်။ ဝမ်မင်ယီတွင် ချောမောသောမျက်နှာရှိသော်လည်း သူ၏ရိုက်ချက်များအောက်တွင် ပိုမိုချောမောခန့်ညားလာရသည်။ ရုပ်ရှင်ရုံထဲတွင်ထိုင်နေရင်း စစ်ကျွင်းတောက်က အမျိုးသမီးအများစု၏ "ချောလိုက်တာ... တကယ်ချောတာပဲ..."ဟူသော အော်သံများကို ကြားနေရသည်။
သူ့ဘေးရှိဝမ်မင်ယီကိုလှည့်ကြည့်လိုက်သည်။ ဝမ်မင်ယီက လည်စည်းပုဝါစည်းထားပြီး နေကာမျက်မှန်တပ်ထားသည်။ သူ၏လက်ရှိပုံစံမှာ နဂိုမူလပုံစံနှင့် ကွဲထွက်နေသည်။
"တကယ်ချောတာပဲ.."
စစ်ကျွင်းတောက်ကပြောလိုက်သည်။
"ဘာကိုလဲ...."
ဝမ်မင်ယီက သူ့ကိုကြည့်လိုက်သည်။
"မင်းကိုချောတယ်လို့ပြောတာ..."
စစ်ကျွင်းတောက်ကပြောလိုက်သည်။
ဝမ်မင်ယီက ပြုံးသွားလေသည်။
"ဒါပေါ့...."
စစ်ကျွင်းတောက်က ဝမ်မင်ယီလုံးဝရှက်မသွားမှန်းတွေ့၍ ချစ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။
ရုပ်ရှင်ကြည်ပြီးနောက်တွင် သူတို့နှစ်ယောက် ညစာသးစားကြသည်။ အစားအသောက်များက်ု စောင့်ဆိုင်းနေချိန်တွင် ဝမ်မင်ယီက ဖိုရမ်ထဲတွင် အင်တာနက်အသုံးပြုသူများက သူနှင့် "Flower world"အကြောင်း ဆွေးနွေးနေသည်ကို မြင်လိုက်ရသည်။
[မထင်ထားဘူး.... ဝမ်မင်ယီရဲ့ သရုပ်ဆောင်ချက်တွေကကောင်းတာပဲ... အတော်လေးလည်း ဇာတ်ကောင်ကိုပေါ်လွင်အောင် သရုပ်ဆောင်ထားတယ် အရမ်းမိုက်တယ်....]
[ဒါရိုက်တာကျိုးကလည်း ပုံမှန်အတိုင်း တည်ငြိမ်နေဆဲပဲ.. ဝမ်မင်ယီကို အားကျလိုက်တာ... သူ့ရဲ့ပထမဆုံးရုပ်ရှင်မှာတင် ဒီလောက်ကောင်းတဲ့ဒါရိုက်တာနဲ့တွေ့ခွင့်ရခဲ့တယ်....]
[ငါငိုနေပါပြီနော်... ရုပ်ရှင်က မငိုရပေမဲ့ ငါကငိုချင်နေတယ်... ဝမ်မင်ယီရဲ့ ဆွဲဆောင်မှုက အရမ်းပြင်းလွန်းတယ်... သူမငိုပေမဲ့ ငါငိုနေရပြီ...]
[အဲ့လိုပြောကြေးဆို ဝမ်မင်ယီက တကယ်ကံကောင်းတယ်နော်.... မူကြမ်းရေးတဲ့နေရာမှာ ပထမရပြီး TVမှာနာမည်ကြီးဖြစ်သွားတယ်... အခုတော့ ဒါရိုက်တာကျိုးနဲ့အတူ ရိုက်ကူးနေရတယ်... သူကောင်းကောင်းသရုပ်ဆောင်နိုင်လို့ ဒါရိုက်တာကျိုးကကျေနပ်ပြီး လူတိုငိးကလည်း ချီးကျူးကြတယ်... အရမ်းကံကောင်းတာပဲ...]
[ငါတော့ မနာလိုလွန်းလို့ သွားတွေပါကြိန်းနေပြီ.]
[ဒီဇာတ်ကားက ရွှေသစ်ရွက်ဆုအတွက် ရွေးတဲ့ထဲမှာပါတယ်မလား... တကယ်ဆုရမလားတော့မသိပေမဲ့ ငါကတော့ ရစေချင်နေတယ်...]
[ဇာတ်ကားကတော့ ပြဿနာမရှိဘူး... ဒါရိုက်တာေကျာက် က သူ့ဇာတ်ကားတိုင်းမှာဆုရတယ်လေ... ဒါပေမဲ့ ဝမ်မင်ယီကတော့ သူဆုရပါ့မလား ပြောမရဘူး... သူဆုတာလည်း မြင်ချင်မိတယ်..]
[ကံကောင်းရင်တော့ အကောင်းဆုံးမျက်နှာသစ်ဆုကိုရမယ်... ကံမကောင်းရင်တော့ မရနိုင်ဘူးပေါ့...]
[ဝမ်မင်ယီရဲ့ ကံတရားအရတော့ ကံကောင်းဖို့များတယ်...]
[ထားပါ နှစ်ကုန်တဲ့အထိစောင့်ကြတာပေါ့...]
ဝမ်မင်ယီက မကောင်းသောမှတ်ချက်များက်ုတွေ့သော်လည်း တည်ငြိမ်နေဆဲဖြစ်သည်။ သူက ဖျော်ဖြေရေးလောကထဲကို ဆုလိုချငိ၍ဝင်ခဲ့ခြင်းမဟုတ်သလို ကျိုးဝမ်ယွီနှင့်ရိုက်ကူးသည်မှာလည်း ဆုလိုချင်၍မဟုတ်ပေ။ ထို့ကြောင့် ဆုရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်၍ ကိစ္စမရှိပေ။
ရလျှင်လည်း ပျော်မည်ဖြစ်ပြီး မရလျှင်လည်း ပျော်မည်သာဖြစ်သည်။
မကြာမီတွင် စားပွဲထိုးကအစားအသောက်များ လာချပေးသည်။ ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်တို့က ညစာအတူစားပြီး အိမ်ပြန်လိုက်ကြသည်။
Flower world၏box officeမှာ အတော်လေးကောင်းမွန်လှသည်။ ကျိုးဝမ်ယွီကဲ့သို့ ဒါရိုက်တာတစ်ယောက်၏လက်ရာဖြစ်သလို ဇာတ်လမ်းကလည်း အစကတည်းကကောင်းသဖြင့် ပရိတ်သတ်များစွာက လက်မှတ်နှစ်စောင်မှ သုံးစောင်အထိ ဝယ်ကြလေသည်။
နောက်တစ်ကြိမ်ပြသ သည့်အချိန်တွင် ဇာတ်ကား၏ box officeမှာ ထိပ်တန်းငါးခုအတွင်းဝင်နိုင်ပေသည်။ ဝမ်မင်ယီရော ကျောက် ဝမ်ယွီပါ ထိုရလဒ်ကြောင့် အတော်လေးစိတ်ကျေနပ်ကာ သဘောကျကြလေသည်။
ဤဇာတ်ကားက အရင်တစ်ခေါက် PETစွန့်စားခန်းထက် ဝမ်မင်ယီအတွက် အကျိုးအမြတ်ပိုရစေပြီး သူ၏ကျော်ကြားမှုက မြင့်တက်လာခဲ့သည်။ အရည်အသွေးကောင်းသော ဇာတ်ကားနှင့် ကောင်းမွန်လှသော သရုပ်ဆောင်စွမ်းရည်က သူ့ကို ပိုမိုကျော်ကြားလာစေသည်။ လက်ရှိ တစ်ချိန်တည်း ပြသနေသော အခြားသောဇာတ်ကားများနှင့်ယှဉ်လျှင် အတော်လေးကောင်းမွန်နေလေသည်။
ထိုအချိန်တွင် ရိုက်ကားရေးအဖွဲ့သားများမှာ သူ့ကို စောင့်ကြည့်နေကြပြီး ဇာတ်ညွှန်းများ ကမ်းလှမ်းလာကြသည်။ ဝမ်မင်ယီက အကုန်လုံးကိုကြည့်လိုက်ပြီး စိတ်မဝင်စား၍ မယူလိုက်ရန်ဆုံးဖြတ်လိုက်ပါ အနားယူရန် စီစဉ်လေတော့သည်။
နှစ်ဆုံးပိုင်းတွင် ရွှေသစ်ရွက်ဆုပေးပွဲက ဆန်ခါတင်စာရင်းထုတ်ပြန်ကြေငြာလေသည်။ "Flower world"အတွက်လည်း ဆန်ခါတင်ငါးနေရာ ပါဝင်ပြီး အကောင်းဆုံးဓာတ်ပုံဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆု၊ အကောင်းဆုံးဒါရိုက်တာဆုနှင့် ဝမ်မင်ယီနှင့်သက်ဆိုင်သော အကောင်းဆုံးမျက်နှာသစ်ဆုနှင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတို့ ဖြစ်ကြသည်။
ဝမ်မင်ယီက သူ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်ဝင်ကြောင်းသိလိုက်ရ၍ အံ့ဩသွားခဲ့ရသည်။ သူ့ဖုန်းကို အောက်ချလိုက်ပြီး စစ်ကျွင်းတောက်ကိုကြည့်လိုက်သည်။
"ကျွန်တော်တကယ်ဆန်ခါတင်စာရင်းဝင်နေတာလား... အဲ့လိုဖြစ်လာမယ်လို့ တစ်ခါမှတောင် မတွေးမိဖူးဘူး...."
"ဒါက မင်းကအရမ်းတော်တယ်ဆိုတာ သက်သေပြတာပဲလေ... ရုပ်ရှင်နယ်ပယ်ကလူတွေက မင်းကိုမြင့်မြင့်မှန်းထားကြပါတယ်..."
ဝမ်မင်ယီအတော်လေးပျော်သွားရသည်။
"ကျွန်တော်သာ ဒီဆုရခဲ့ရင် အငယ်ဆုံး ရုပ်ရှင်ဘုရင်ဖြစ်လာမှာပဲ...."
"ပျော်လား...."
စစ်ကျွင်းတောက်က မေးလိုက်သည်။
ဝမ်မင်ယီက ခေါင်းငြိမ့်ပြပြီး ပြုံးရင်းပြောလိုက်သည်။
"ဒါပေမဲ့ မဖြစ်နိုင်ပါဘူးလေ... အကောင်းဆုံးမျက်နှာသစ်ဆုရရင်ကို ကျေနပ်ပါပြီ... တခြားဆုတွေမလိုပါဘူး... ကောရော ကျွန်တော်ဆန်ခါတင်ဝင်တဲ့ နှစ်ခုထဲက တစ်ခုတော့ဆုရမယ်ထင်လား..."
စစ်ကျွင်းတောက်က မဆိုင်းမတွဖြေလိုက်သည်။
"ဒါပေါ့...."
"ကျွန်တော်ဆုရရင် ကောက ဘာပေးမှာလဲ...."
"ဘာလိုချင်လဲ...."
စစ်ကျွင်းတောက်က မေးလိုက်သည်။
ဝမ်မင်ယီက သူ့ကိုကြည့်ပြီး ရုတ်ချည်းရယ်မောလာသည်။
"ကျွန်တော်နဲ့အတူ ကားမောင်းစေချင်တယ်...."
ဝမ်မင်ယီက သူ့လည်ပင်းကို ဖက်တွယ်လိုက်သည်။
"အိုကေလား... ကျွန်တော်တို့ တွဲနေတာဖြင့် နှစ်နှစ်ပြည့်တော့မယ်... ကျွန်တော့်ကို တစ်ခါမှမထိခဲ့ဖူးဘူး... ကျွန်တော်ဖြင့် ကိုယ့်ကိုကိုယ်ဆွဲဆောင်မှုမရှိဘူးလို့ကို သံသယဝင်နေမိပြီ...."
စစ်ကျွင်းတောက်က ရယ်မောရင်း သူ့ကိုဖက်လိုက်သည်။
"အခုထိသံသယဝင်နေတုန်းလား... မင်းက ကိုယ့်ကိုကိုယ် အမြဲယုံကြည်ချက်ရှိတာ မဟုတ်ဘူးလား...."
"ကောသဘောတူလား..."
စစ်ကျွင်းတောက်က ဝမ်မင်ယီ၏ "သဘောတူလိုက်ပါ..."ဟူသော စကားလုံးများပြည့်နေသော မျက်လုံးလေးများကိုကြည့်လေသည်။
ဝမ်မင်ယီမှာ သေချာတွေးကြည့်သော သူကိုယ်တိုင်လည်း အကြာကြီးမတောင့်ခံနိုင်တော့ကြောင်း သိလိုက်ရသည်။ အကယ်၍ စစ်ကျွင်းတောက်သာ သဘောတူမလာပါက ရှက်လွန်း၍ သေပေလိမ့်မည်။
"ကောင်းပြီလေ.. ဆုရရ မရရလုပ်ကြတာပေါ့..."
စစ်ကျွင်းတောက်ကပြောလိုက်သည်။
ဝမ်မင်ယီက ချက်ချင်းကိုပျော်သွားခဲ့သည်။
"တကယ်လား...."
စစ်ကျွင်းတောက်က သက်ပြင်းချလိုက်သည်။
"ဘေဘီသိလား... ကိုယ်ကလည်း ပုထုဇဉ်လူသားတစ်ယောက်ပါ.... ကိုယ်နေ့တိုင်း မင်းနဲ့အတူအိပ်ရပေမဲ့ နောက်ဆုံးအဆင့်ကို မသွားနိုင်သေးဘူး... ကိုယ်လည်း စိတ်ဓာတ်ကျရပါတယ်ကွာ...."
"ကောပဲ ယောက်ျားတစ်ယောက်ဖြစ်ချင်တာမဟုတ်ပါဘား... အကယ်၍ ကောဆက်မလုပ်ချင်ရင် ကျွန်တော်တားလို့ရတယ်လေ... ကျွန်တော် ကောလုပ်သမျှသဘောတူမှာပါ...."
စစ်ကျွင်းတောက်က သူ့ကိုပိုမိုတင်းကြပ်စွာဖက်ပြီး နှဖူးလေးကို ခပ်ဖွဖွနမ်းလိုက်သည်။
"ဒါပေမဲ့.. ကိုယ်က မထိန်းချုပ်နိုင်ဘူးလေ...."
သူဝမ်မင်ယီ၏နှဖူးလေးကိုပွတ်ပါ ထပ်နမ်းပြနိသည်။
"ကိုယ်က မင်းနည်းနည်းလောက် အရွယ်ရောက်အောင် စောင့်ချင်သေးတာ... ပေါ့ပေါ့ပါးပါးကြီး အတူမနေချင်ဘူး... ကိုယ်သည်းမခံနိုင်ဘူးလေ..."
ဝမ်မင်ယီက သူ့ကိုထိလိုက်ပြီး သူ့နှလုံးသားလေး နူးညံ့လာရသည်။
"ဒါဆို ကျွန်တော် အခုနည်းနည်းအသက်ကြီးပြီလေ..."
စစ်ကျွင်းတောက်က ခေါင်းငြိမ့်လိုက်သည်။
"ပြီးတော့ ကိုယ်တို့တွဲတာ နှစ်နှစ်တောင်ရှိခဲ့ပြီ..."
နှစ်နှစ်ဆိုသည်မှာ သမီးရီးစားများအတွက် အတော်လေး ကြာညောင်းသော်လည်း စစ်ကျွင်းတောက်အတွက် တိုတောင်းပေသည်။ လွန်ခဲ့သည့်နှစ်နှစ်အတွင်း သူနှင့်ဝမ်မင်ယီကြားမှ ဆက်ဆံရေးက ပြောင်းလဲခဲ့သော်လည်း အများကြီးပြောင်းလဲသွားခြင်းမရှိပေ။ ပိုပြီးသေချာလာသည်မှာ သူတို့နှစ်ယောက် ပိုမိုလိုက်ဖက်ညီလာခြင်းသာဖြစ်သည်။ စစ်ကျွင်းတောက်က ဝမ်မင်ယီကို နှစ်နှစ်ကြာစောင့်ခဲ့ပြီး ဝမ်မင်ယီအသက်နှစ်ဆယ်ကျော်သောအခါမှ သူ၏မထိန်းချုပ်နိုင်သော ဆန္ဒများကို တွေးရဲခြင်းဖြစ်သည်။
"ကံကောင်းပါစေ... မင်းဆုနှစ်ခုလုံးရဖို့ ကိုယ်မျှော်လင့်နေတယ်...."
ဝမ်မင်ယီက သူ့အပေါ်မှီလိုက်ပြီး ပြုံးရင်းပြောလိုက်သည်။
"တစ်ခုဆိုရပါပြီ... ကျွန်တော်က လောဘမကြီးပါဘူး..."
"ဒါပေမဲ့ ကိုယ်ကတော့ မင်းကိုအကုန်လုံးရစေချင်တယ်...မင်းက အကောင်းဆုံးဆိုတဲ့ အရာတွေအားလုံးနဲ့ ထိုက်တန်တယ်လေ...."
ဝမ်မင်ယီက ချိုမြမြလေးခံစားလိုက်ရပြီး စစ်ကျွင်းတောက်မျက်နှာကိုကိုင်ကာ နမ်းလေသည်။
"ကောရှိနေရင် လုံလောက်ပါပြီ.."
သူ့မျက်ခုံးများကွေးညွတ်သွားကာ ပြုံးလာခဲ့သည်။
"အဆုံးမှာတော့ ကျွန်တော်မရလည်း ကောကပေးမှာမလား...."
"ကောင်းပြီလေ....."
စစ်ကျွင်းတောကိက သူ့ကိုနမ်းလိုက်သည်။
ဇန်နဝါရီလအဆုံးတွင် ရွှေသစ်ရွက်ဆုပေးပွဲကို တရားဝင်ကျင်းပပြီး ဝမ်မင်ယီနှင့် ကျောက်ဝမ်ယွီတို့က အတူတူပွဲတက်လေသည်။
သူ့နာမည်ကို လက်မှတ်ထိုးပြီးနောက်တွင် အစီအစဉ်တင်ဆက်သူက မေးလာသည်။
"မင်မင်က ဒီတစ်ခေါက်မှာ ဆုနှစ်ခုအတွက် ဆန်ခါတင်တယ်နော်...ရုပ်ရှင်လောကရဲ့ မျက်နှာသစ်အနေနဲ့ အံ့ဩမိခဲ့သေးလား.. ဆုရဖို့ရော ယုံကြည်ချက်ရှိလား..."