အပိုင်း ၁၁၈ (Extra 4)
Viewers 14k

"ဒါပေါ့ဗျာ အံ့ဩသွားခဲ့တာပေါ့.... ယုံကြည်ချက်ရှိလားဆိုတော့...."
ဝမ်မင်ယီက ပြုံးလိုက်သည်။
"ကျွန်တော်က ရုပ်ရှင်လောကမှာ မျက်နှာသစ်လေးပဲရှိသေးတာလေ.... ဒီတော့ ကျွန်တော်အတွက်က ဆန်ခါတင်ဝင်တယ်ဆိုတာကိုက အတော်ကြီးကောင်းနေပါပြီ... ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ စိတ်ထဲအရမ်းမထားပါဘူး...."
"မင်မင်ရဲ့ စိတ်ထားလေးက အရမ်းကောင်းတာပဲ... အရင်ဝင်ပါနော်...."
အစီအစဉ်တင်ဆက်သူက ဘေးသို့တိမ်းပေးလိုက်ပြီး သူ့ကို ပွဲထဲဝင်ခိုင်းလိုက်သည်။
နာနီကားထဲတွင် ထိုင်နေသော စစ်ကျွင်းတောက်မှာ ထိုင်ခုံပေါ် မှီထိုင်လိုက်ပြီး တက်ဘလက်ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည်။ ဝမ်မင်ယီက မြင်ကွင်းထဲတွင်ပေါ်လာသည်ကို ကြည့်ပြီး ပွဲထဲဝင်သွားသည်အထိကြည့်လိုက်ပြီးနောက်တွင် တက်ဘလက်ကိုချကာ ဖုန်းကိုယူလ်ုက်ပြီး လင်းမူသူ့ကို ဝီချက်၌ပို့ထားသောစာကို ပြန်စာပို့လိုက်သည်။
ကျောက် ဝမ်ယွီက ပထမတန်း၏အလယ်တည့်တည့်တွင်ထိုင်ပြီး ဝမ်မင်ယီက ရိုက်ကူးရေးအဖွဲ့သားတစ်ယောက်အနေဖြင့် သူ့ဘေးတွင်ထိုင်ရသည်။ ဝမ်မင်ယီက ဤကဲ့သို့သော ထိုင်ခုံမျိုးတွင် ပထမဆုံးထိုင်ဖူး၍ မသင့်တော်လှဟု ခံစားနေရသည်။ သို့သော် ပွဲစီစဉ်သူမှာသူ့မည်ကို ခုံနောက်တွင် ကပ်လိုက်ပြီဖြစ်၍ ဝမ်မင်ယီက လိမ်လိမ်မာမာလေး ထိုင်နေလိုက်ရတော့သည်။
"ဘာမှမဖြစ်ပါဘူး...."
ကျောက် ဝမ်ယွီက သူ့ဒူးကိုပုတ်လိုက်သည်။
"ပွဲစီစဉ်သူထားပေးတဲ့နေရာမှာ ထိုင်တာပဲလေ... လူတိုင်းက ရိုက်ကူးရေးအဖွဲ့သားတွေချည်းပါပဲ... သား အဖေ့ဘေးမှာထိုင်တာ ဘာမှမဖြစ်ပါဘူး...."
ဝမ်မင်ယီက ခေါင်းသာငြိမ့်ပြလိုက်ပြီး ဆုပေးပွဲစတင်ရန် စောင့်နေတော့သည်။
၈နာရီ ၃၀မိနစ်တွင် ဆုပေးပွဲမှာ တရားဝင်ဖွင့်လှစ်လေတော့သည်။ စစ်ကျွင်းတောက်က တက်ဘလက်ကို ပြန်ယူလိုက်ပြီး အင်တာနက်အသုံးပြုသူများနည်းတူ ကြည့်လေသည်။
[ဒီနှစ် စတိတ်စင်က အရမ်းလှတာပဲ...]
[ငါပဲမှားတာလား.... ဝမ်မင်ယီရဲ့ ထိုင်ခုံကမှားနေတာလား.... အဲ့တာက section C က ပထမတန်းမှာလားလို့...]
[ပြသနာမရှိပါဘူး.... ဒီနှစ်ကို ရိုက်ကူးရေးအဖွဲ့သားတွေ အလိုက်စီစဉ်ပေးတာနေမှာပါ... ဒါရိုက်တာကျောက် က section Cမှာလေ... ဝမ်မင်ယီကလည်း သူ့ရုပ်ရှင်ရဲ့ အဓိကဇာတ်လိုက်ဆိုတော့ သူ့ဘေးမှာထိုင်တာ သဘာဝပါပဲ...]
[ဟုတ်တယ်... ပုံမှန်ပဲလေ..]
[ဒါရိုက်တာကျောက် ဒီနှစ်မှာရော ဆုရမှာလား သိချင်လိုက်တာ...]
[ဝမ်မင်ယီလည်း ဆုရမှာလား တကယ်သိချင်နေမိတယ်... သူက အချိန်တိုအတွင်း ဆန်ခါတင်နှစ်ခုတောင်ဝင်တာလေ... ဒီတော့ တစ်ခုတော့ရလောက်တယ်...]
[အကောင်းဆုံးမျက်နှာသစ်ဆုရရင်ကို ပြဿနာမရှိဘူး... သူသရုပ်ဆောင်တာ အရမ်းကောင်းတယ်... ငါသူ့လို အချိန်တိုအတွင်း နာမည်ကြီးသွားတဲ့လူတွေတွေ့ဖူးပါတယ်... ဒါပေမဲ့ သူတို့ရဲ့ သရုပ်ဆောင်အရည်အချင်းက သူ့လောက်မကောင်းဘူး....]
[ပုံမှန်လေးနေပြီး စိတ်ထားရိုးရိုးထားတာက ဆုရဖို့ အကောင်းဆုံးနည်းပဲ..]
အင်တာနက်အသုံးပြုသူများက ဆက်လက်ဆွေးနွေးနေကြသည်။
ဝမ်မင်ယီကခန်းမကြီးထဲတွင်ထိုင်ပြီး အခြားနာမည်ကြီး သရုပ်ဆောင်များ၏ တင်းမာနေမှုကိုခံစားမိရင်း စိတ်လှုပ်ရှားနေလေသည်။
"နောက်တစ်ဆုကတော့ အကောင်းဆုံးဓာတ်ပုံဆုဖြစ်ပါတယ်... ဆန်ကာတင်စာရင်းဝင်သူများကတော့...."
အစီအစဉ်တင်ဆက်သူကပြောသောအခါတွင် စခရင်အကြီးကြီးပေါ်၌ ဇာတ်ကားနာမည်နှင့် ဗွီဒီယိုအပိုင်းတိုလေးများကို ပြသလာသည်။
လူအုပ်ကြီးက နောက်တစ်ကြိမ်ဆွေးနွေးကြပြန်သည်။
[ငါကတော့ Flower Worldရသင့်တယ်ထင်တာပဲ.... ငါအကုန်လုံးကိုကြည့်ပြီးပေမဲ့ Flower Worldကို အကြိုက်ဆုံးပဲ...]
[ငါကတော့ Zeroကလည်း ကောင်းတယ်လို့ထင်တယ်... Zeroကိုဆုပေးလိုက်ပါ..]
[Flower World.... Flower World... Flower Worldပဲရသင့်တယ်...]
စစ်ကျွင်းတောက်က လူအုပ်ကြီးမှ Flower Worldနှင် Return to Zeroအကြောင်းဆွေးနွေးပြီး သူ့နည်းသူ့ဟန်ဖြင့် ထောက်ခံနေကြောင်း မြင်လိုက်ရပြီး မလွယ်ကူသလို ခံစားလိုက်ရသည်။ သူ Flower Worldဆုရရန် တိတ်တိတ်ကလေးမျှော်လင့်နေမိသည်။ လူတိုင်းက တစ်ကိုယ်ကောင်းဆန်သူများသာဖြစ်၍ ဝမ်မင်ယီကို အကောင်းဆုံးဆိုသော အရာများကိုသာ ရစေချင်သည်။
"နောက်ထပ်..... ဆုကြေငြာပေးမယ့် ဧည့်သည်ကို ကြိုဆိုပေးကြပါဦးရှင့်...."
အစီအစဉ်တင်ဆက်သူက ဆုကြေငြာမည့်ဧည့်သည်၏ နာမည်ကိုခေါ်ပြီးသည်နှင့် စတိတ်အနောက်ဘက်ကို ပြန်ဝင်သွားသည်။ ယခုတွင် လုပ်အုပ်ကြီးမှာ ပိုမို မငြိမ်မသက်ဖြစ်လာရသည်။
စစ်ကျွင်းတောက်နှင့်ဝမ်မင်ယီတို့ အသက်ပြင်းပြင်းရှူလိုက်မိသော်လည်း ကျောက်ဝမ်ယွီက ဆုရရ မရရဂရုမစိုက်ဘူးဟူသော ပုံဖြင့် အလွန်တည်ငြိမ်နေသည်။
ဆုကြေငြာပေးမည့်ဧည့်သည်က စကားအနည်းငယ်ပြောပြီး စာအိတ်ကိုဖွင့်လိုက်သည်။
"အိုး... တိုက်ဆိုက်တာတော့ မဟုတ်ဘူးဗျ...."
အမျိုးသားဧည့်သည်မှာ ပြုံးလိုက်သည်။
"နောက်ဆုံးတစ်ခေါက် ကျွန်တော်သူနဲ့ ပူးပေါင်းခဲ့သေးတုန်းကလည်း အကောင်းဆုံးရုပ်ရှင်ဆုကို ရခဲ့တယ်လေ... ဒီတစ်ကြိမ်လည်း သူ့ရဲ့ဇာတ်ကားက အကောင်းဆုံးရုပ်ရှင်ဖြစ်နေပြန်ပါပြီ.... ဒါရိုက်တာကျောက်... ကျွန်တော်တို့ နောက်ထပ် ဘယ်အချိန်မှာ ပူးပေါင်းဖြစ်ကြဦးမလဲဗျာ...."
"၂၆ကြိမ်မြောက် ရွှေသစ်ရွက်ဆုပေးပွဲရဲ့ အကောင်းဆုံးဓာတ်ပုံဆုကို Flower world ဇာတ်ကားမှ ထိုက်ထိုက်တန်တန်ရရှိသွားပါတယ် ခင်ဗျား...."
ဝမ်မင်ယီက စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်သည်။
စစ်ကျွင်းတောက် စိတ်သက်သာရာရသွားသည်။
ဝမ်မင်ယီ၏ ပရိတ်သတ်များကလည်း စိတ်လှုပ်ရှားနေကြပြီး အင်တာနက်ပေါ်တွင် ပွက်လောရိုက်နေကာ အချင်းချင်း စာအိတ်နီများပို့နေကြသည်။ ဘလော့အသေးစားလေးမှာ ဆူညံပွက်လောရိုက်နေလျက်ရှိသည်။
Flower Worldက အကောင်းဆုံးဓာတ်ပုံဆုကို ဆွတ်ခူးသွားပြီး ကျောက် ဝမ်ယွီက အကောင်းဆုံးဒါရိုက်တာဆုနှင့်လွဲချော်ခဲ့ရသည်။ ဝမ်မင်ယီက နှမျောသလိုခံစားရသော်လည်း ကျောက် ဝမ်ယွီကဂရုမစိုက်ဟန် တည်ငြိမ်နေသေးသည်။
ခဏအကြာတွင် အကောင်းဆုံးမျက်နှာသစ်ဆုအတွက် အချိန်ကျရောက်လာလေသည်။
ဝမ်မင်ယီ၏ ပရိတ်သတ်များက မကောင်းသည့်မှတ်ချက်များ ဖြစ်လာမည်စိုး၍ သူ့နာမည်ကို မခေါ်ကြသော်လည်း ဇာတ်ကားကြည့်ပြီးသွားသော ဖြတ်သွားဖြတ်လာများမှာ ထိုအရာများကို လျစ်လျူရှုပြီး သူ့နာမည်ကို အဆက်မပြတ်ခေါ်ဆိုနေကြသည်။
စစ်ကျွင်းတောက်က ဝမ်မင်ယီနာမည်ကို အဆက်မပြတ်ခေါ်ကာပြောနေကြသော လူအုပ်ကြီးကိုကြည့်ပြီး ဝမ်မင်ယီဆုရပါစေရန် ဆုတောင်းနေမိသည်။
ဝမ်မင်ယီက သူ့ကိုယ်သူ ဘယ်လိုခံစားနေရသလဲ မသိတော့ပေ။ သူဤနေရာကို မလာခင်က ဆုရရမရရ ကိစ္စမရှိဟုတွေးခဲ့သည်။ သူဇာတ်ကားရိုက်သည်မှာ ဆုရရန်မဟုတ်၍ ဆုရခြင်း မရခြင်းအပေါ် စိတ်မဝင်စားပေ။ သို့သော် ခန်းမကျယ်ကြီးထဲတွင်ထိုင်ပြီး လူတိုင်းက ဆုအကြောင်း သိချင်နေကြချိန်တွင် သူလည်း ထိုခံစားချက်များအသက်ရောက်ခံလိုက်ရပြီး သူအမှန်တကယ်ဆုရပါက ကောင်းမည်ဟု တွေးလာမိသည်။
ထိုအချိန်တွင် ဝမ်မင်ယီက ဆုရခြင်းက သူ၏ပန်းတိုင်ရော သူ၏မူလရည်ရွယ်ချက်ရော မဟုတ်ပါသော်လည်း သူ့ကို သရုပ်ဆောင်တစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်းကို ခံယူလိုသည်အတွက် ဆုရလိုကြောင်း သိလိုက်ရသည်။
သူစတိတ်စင်အောက်တွင် တိတ်တိတ်လေးထိုင်နေပြီး ဆုကြေငြာမည့်လူ ကြေငြာမည်ကို စောင့်နေသည်။
ထို့နောက်တွင် အမျိုးသားတစ်ယောက်၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။
"ဒီနှစ် ရွှေသစ်ရွက်ဆုပေးပွဲအတွက် အကောင်းဆုံးမျက်နှာသစ်ဆုကို ဆွတ်ခူးသွားတဲ့လူကတော့ ဝမ်မင်ယီဖြစ်ပါတယ်ခင်ဗျာ..."
နောက်ဆုံးတွင် စစ်ကျွင်းတောက် ရယ်မောနိုင်သွားသည်။
ဝမ်မင်ယီက ကျောက် ဝမ်ယွီကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ ကျောက် ဝမ်ယွီက ပြုံးပြလိုက်သည်။ သူ့ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး အတော်လေးပုံမှန်ဖြစ်နေသော အသံဖြင့် ပြောလိုက်သည်။
"သွားလေ... ဆုသွားယူချေ..."
သူဝမ်မင်ယီကို ဖက်လိုက်ပြီး လွှတ်ပေးလိုက်သည်။
ဝမ်မင်ယီက သူ့ကိုကြည့်လိုက်ပြီး လှုပ်ရှားသွားရသည်။
လိုက်ဖ်ကြည့်နေသည့် လူအုပ်ကြီးမှာ ဝမ်မင်ယီ၏နာမည်ကို တကြော်ကြော်ခေါ်ရင်း ကျောက် ဝမ်ယွီကိုပင် မေ့ထားကြလေသည်။
အင်တာနက်အသုံးပြုသူများက ပြောကြလေသည်။
[ဒါရိုက်တာကျောက် က ဝမ်မင်ယီကို တကယ်ကြိုက်တာပဲ... သူ အခြားသရုပ်ဆောင်တွေအပေါ် ဒီလိုနူးညံ့တာမျိုး မမြင်ဖူးဘူး....]
[သူဝမ်မင်ယီရဲ့ မျက်လုံးတွေကို ကြည့်နေတာ... အရမ်းအံ့ဩဖို့ကောင်းတာပဲ.. ဘုရားရေ ငါဖြင့်ဒါရိုက်တာကျောက် ကို ဝမ်မင်ယီရဲ့အဖေလို့ ယုံမိတော့မလို့.... အရမ်းကို တူတာပဲ...]
[ငါလည်း ဝမ်မင်ယီဖြစ်ချင်တယ်... အဲ့လိုဆိုအရမ်းကောင်းမှာပဲ...]
ဝမ်မင်ယီက သူ့ကိုယ်သူ နောက်ထပ်တစ်ကြိမ် မနာလိုအားကျခံနေရမှန်း မသိသေးပေ။ သူ တဒုန်းဒုန်းခုန်နေသော နှလုံးခုန်သံနှင့်အတူ ဆုဖလားကို လက်ခံရယူလိုက်သည်။ ထို့နောက်တွင် မိုက်ကရိုဖုန်းရှေ့တွင်ရပ်ပြီး သူကြိုတင်ရေးထားသော လက်ရေးစာမူထဲရှိ လူတိုင်းကို ကျေးဇူးတင်လိုက်သည်။ ထို့နောက်တွင် သူ၏ဆုဖလားကို ဂရုတစိုက်ကိုင်ပြီး စတိတ်ပေါ်မှဆင်းလာသည်။
သူအလွန်ပျော်နေပြီး မျက်နှာပေါ်တွင် ပျော်ရွှင်မှုတို့ မွှန်းထုံနေသည်။ သူစစ်ကျွင်းတောက်ဆီအပြေးသွားပြီး သွားပြောပြလိုက်ချင်ပါသော်လည်း ဆုပေးပွဲကမပြီးသေး၍ ဆက်ထိုင်နေရဦးမည်ဖြစ်သည်။ အကောင်းဆုံးသရုပ်ဆောင်ဆုမှာ ဆုပေးပွဲ၏နောက်ဆုံးတွင် ကြေငြာလေသည်။ ဆုကြေငြာမည့်ဧည့်သည်အဖြစ် ခန်းကျယ်ကို ဖိတ်ခေါ်လိုက်သည်။ ဝမ်မင်ယီက သူ့ကိုမြင်သည်နှင့် ပျော်ပျော်ကြီးလက်ခုပ်တီးလေသည်။
ထိုအချိန်တွင် သူကအတော်လေးစိတ်အခြေအနေကောင်းနေပြီး သူ့ကိုယ်သူ ဆုမရဘူးဟု အပိုင်တွက်၍ ဖရဲသီးစားသူသာလုပ်ပြီး သိချင်စိတ်အပြည့်ဖြင့်စောင့်နေလေသည်။
ခန်ကျယ်က စာအိတ်ကိုယူပြီး ဖြေးဖြေးချင်းဖွင့်ကာ နောက်ဆုံးတွင် ရယ်မောလိုက်လေသည်။
"အမှန်အတိုင်းပြောရရင် ကျွန်တော်ဒီကိုမလာခင်က သူဖြစ်နိုင်မလားဆိုပြီး တွေးကြည့်ခဲ့သေးတယ်... မဖြစ်နိုင်ဘူးဆိုပြီးတော့လည်း ပြန်တွေးခဲ့သေးတာ... သူက အရမ်းကိုငယ်လွန်းနေသေးတယ်လေ... ပြီးတော့ဒါက သူ့ရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်နေသေးတယ်.. ဒါကြောင့် သူကအရမ်းကိုကောင်းပေမဲ့ ဆုမရနိုင်ဘူးပဲထင်ခဲ့တာ.. ကျွန်တော်တို့ကအတူတူ အလုပ်တွဲလုပ်ဖူးသေးတယ်... အဲ့တုန်းက ယွီထောင်နဲ့ကျွန်တော်က သူ့အနာဂတ်က အတော်လေးကောင်းပြီးတောက်ပနေမယ်လို့တောင် ပြောခဲ့သေးတာ... ဒါပေမဲ့ ဒီလောက်မြန်မြန်ကြီးဖြစ်လာမယ်လို့ မထင်မိခဲ့ဘူး..."
ဝမ်မင်ယီ မှင်သက်သွားရသည်။ သူကခန်းကျယ်တစ်ယောက်သူ့အကြောင်းပြောနေသည်ဟု ခံစားနေရသည်။
ဝမ်မင်ယီသာမက ဝမ်မင်ယီပရိတ်သတ်များကလည်း ထင်နေကြသလို ဝမ်မင်ယီအပေါ်အမြင်ကောင်းရှိကြသူများကလည်း ခန်းကျယ်ပြောနေသူမှာ ဝမ်မင်ယီဟု ထင်နေမိကြသည်။
"၂၆ကြိမ်မြောက် ရွှေသစ်ရွက်ဆုပေးပွဲကြီးရဲ့အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ဆွတ်ခူးသွားသူကတော့.... ဝမ်မင်ယီဖြစ်ပါတယ်ခင်ဗျား...."
ဝမ်မင်ယီနှင့် သူ့ပရိတ်သတ်များအားလုံး အံ့အားသင့်သွားကြသည်။
ကျောက် ဝမ်ယွီက လက်ခုပ်တီးရင်း သူ့ကိုပြောလေသည်။
"ဘာတွေကြောင်နေတာလဲ... ဆုသွားယူလေ..."
ဝမ်မင်ယီက မဖြစ်နိုင်ဘူးဟု တွေးနေဆဲဖြစ်သည်။
သူကဘယ်လိုလုပ် နှစ်ထပ်ကွမ်းဆုရသွားရတာလဲ... ဒါကြီးက သိပ္ပံနည်းမကျဘူးနော်...
သူ စင်ပေါ်တက်သွားပြီး ခန်ကျယ်လက်ထဲရှိဆုကို မယုံနိုင်သေးသောပုံဖြင့် လက်ခံယူလေသည်။
မိုးခြိမ်းသံတမျှကျယ်လောင်သော လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။ ဝမ်မင်ယီက စတိတ်စင်အောက်မှလူများကိုကြည့်ပြီး ရုတ်တရက် အနည်းငယ်အံ့ဩသွားသည်။
ဝမ်မင်ယီ၏ပရိတ်တတ်များက နောက်ဆုံးတွင် သူတို့၏တိတိလေးမှာ ရုပ်ရှင်ဘုရင်ဆုကို ရသွားမှန်းအသိဝင်သွားခဲ့သည်။ သူတို့ပျော်ရွှင်စွာ အော်ဟစ်ကြပြီး လူအုပ်ကြီးမှာလည်း ချက်ချင်း ပေါက်ကွဲသွားလေသည်။
ဝမ်မင်ယီက မိုက်ကရိုဖုန်းရှေ့တွင်ရပ်ပြီး လက်တစ်ဖက်တွင်ဆုကိုကိုင်ထားသည်။ ခဏမျှတွေးပြီးနောက်တွင် ရယ်မောရင်းပြောလိုက်လေသည်။
"အမှန်အတိုင်းပြောရရင်... ကျွန်တော် ဒီဆုကိုရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး.... ဒီတော့ ကျွန်တော်က ကျေးဇူးတင်စကားပြောဖို့ကို မပြင်ခဲ့ဘူး..."
ပရိတ်သတ်များကလည်း ထိုစကားကိုကြားသည်နှင့် ရယ်မောလာကြသည်။
ဝမ်မင်ယီလည်း ရယ်မောနေပြီး အလွန်အမင်းချောမောက တောက်ပနေသည်။
"ကျွန်တော် သရုပ်ဆောင်တာ သိပ်မကြာသေးပေမဲ့ အတော်လေးကံကောင်းခဲ့တယ်ဗျ... ကျွန်တော့်ကိုဒီဆုကိုပေးတဲ့ စီနီယာခန်ကျယ် သရုပ်ဆောင်ငယ်လေးတွေဆိုရင် အရမ်းဂရုတစိုက်ရှိပေးတဲ့ စီနီယာယွီထောင်နဲ့ ကျွန်တော့်ရိုက်ကူးရေးလုပ်နေချိန်မှာ အရမ်းကိုစိတ်ရှည်သည်းခံပေးခဲ့တဲ့ ဒါရိုက်တာကျိုးတို့လို လူကောင်းတွေအများကြီးနဲ့တွေ့ခဲ့ရတယ်.... ကျွန်တော်သူတို့ရဲ့ အကူအညီတွေကြောင့် ရုပ်ရှင်ဆိုတာဘာလဲ သရုပ်ဆောင်တစ်ယောက်ဆိုတာ ဘာလဲဆိုတာ နားလည်ခဲ့ရတယ်... ကျွန်တော့်ဘဝရဲ့အရေးအကြီးဆုံးလူကိုလည်း ကျေးဇူးတင်ပါတယ်.... ကျွန်တော်ဘယ်လိုပဲဆုံးဖြတ်စေ ကျွန်တော့်ကိုအမြဲတမ်းထောက်ခံပေးပြီး ယုံကြည်ချက်တွေ သတ္တိတွေကို ပေးစွမ်းခဲ့တယ်... ရုပ်ရှင်လောကက အရမ်းကိုကောင်းမွန်ပြီး အရောင်စုံလှတယ်... ကျွန်တော်အခုလို ဒီမှာရပ်နေခွင့်ရတာကိုတင် အရမ်းကိုပျော်ရွှင်မိတယ်... အနာဂတ်မှာပိုမိုကောင်းမွန်အောင် ကြိုးစားပါ့မယ်လို့ပြောရင်း နိဂုံးချုပ်အပ်ပါတယ်..."
ဝမ်မင်ယီက နိဂုံးချုပ်လိုက်ပြီး စင်ပေါ်မှ ဆင်းလာလိုက်သည်။
ပရိတ်သတ်များ၏လက်ခုပ်သံအပြီးတွက် လူအုပ်ကြီးက အင်တာနက်ပေါ်တွင် အပူတပြင်းဆွေးနွေးတော့သည်။
[ဝမ်မင်ယီအတွက် အရေးအပါဆုံးလူက ဘယ်သူလဲ..]
[ငါလည်းမသိဘူးလေ... ငါက ဒါရိုက်တာကျောက် လို့ထင်တာ... ဒါပေမဲ့ သူက ဒါရိုက်တာကျောက် ကို ကျေးဇူးတင်ပြီးပြီလေ...]
ဆုပေးပွဲအပြီးတွင် ဝမ်မင်ယီက သတင်းထောက်များ၏ မေးခွန်းများကိုဖြေပြီးနောက်တွင် နာနီကားထဲဝင်၍ စစ်ကျွင်းတောက်ကို ဆုနှစ်ခုပေးလိုက်သည်။
"ဂုဏ်ယူပါတယ်..."
စစ်ကျွင်းတောက်က အပြုံးလေးဖြင့်ပြောလိုက်သည်။
"ကျွန်တော်လည်း ကိုယ့်ဘာသာကိုယ် အံ့ဩနေတာ...."
ဝမ်မင်ယီက ယခုအချိန်အထိ မယုံနိုင်သေးပေ။
"မယုံနိုင်စရာကြီး...."
စစ်ကျွင်းတောက်က သူ့ကိုဖက်လိုက်ချိန်တွင် ဝမ်မင်ယီဖုန်းကမြည်လာခဲ့သည်။
ဝမ်မင်ယီက ထုတ်ကြည့်လိုက်သောအချိန်တွင် သူ့အဖေဖြစ်နေသည်။
"ဘာဖြစ်လို့လဲ...."
"သားဘယ်မှာလဲ... အခုသားအတွက် ဂုဏ်ပြုပေးဖို့ဟိုတယ်မှာ လုပ်ပြီးပြီ... သားကိုလာခေါ်လှည့်မယ်...."
ဝမ်မင်ယီ "....."
ဝမ်မင်ယီကတွန့်ဆုတ်နေသည်။
"ကျွန်တော် ကောနဲ့အတူ ဂုဏ်ပြုချင်လို့...."
ကျောက် ဝမ်ယွီက ခဏမျှတွေးလိုက်သည်။
"ပြီးရောလေ... သားအိမ်ပြန်နေတာလား... ပါး သားနဲ့အတူဂုဏ်ပြုချင်လို့... ဟိုတယ်သွားမနေတော့ဘူး...."
"ဒါဆိုလည်း လာခဲ့လေ...."
ဝမ်မင်ယီက ဖုန်းချလိုက်ပြီး စစ်ကျွင်းတောက်ကိုပြောလိုက်သည်။
"ဒါရိုက်တာကျောက် က ကျွန်တော်တို့နဲ့ ဂုဏ်ပြုချင်လို့တဲ့..."
"ကောင်းတာပေါ့...."
စစ်ကျွင်းတောက်က သူတို့သားအဖဆက်ဆံရေး တိုးတက်လာ၍ပျော်နေသည်။
"သူ့ဇာတ်ကားအတွက် အကောင်းဆုံးဓာတ်ပုံဆုရတာကိုလည်း ဂုဏ်ပြုကြတာပေါ့...."
"သူအကောင်းဆုံးဒါရိုက်တာဆုမရတာ နှမျောစရာကြီး..."
"သူ့မှာ အကောင်းဆုံးဒါရိုက်တာဆုရထားတာတွေမှ ပုံလို့... ရ မရကို ဂရုမစိုက်လောက်ဘူး... သူဆုရတာထက် သူ့ကလေးဖြစ်တဲ့ မင်းဆုရတာကို ပိုပျော်နေလိမ့်မယ်..."
ဝမ်မင်ယီက ကျောက် ဝမ်ယွီ၏ အပြုအမူများကို ပြန်စဉ်းစားကြည့်လေသည်။
"ဖြစ်နိုင်လောက်တယ်...."
"ဖြစ်နိုင်လောက်တယ်မဟုတ်ဘူး... သေချာပေါက်ကိုဖြစ်နေတာ...."
စစ်ကျွင်းတောက်ကပေါလိုက်သည်။
"ဘာလို့လဲဆိုတော့ ကိုယ်လည်းသူ့နေရာမှာဆိုရင် မင်းဆုရတာကိုပဲ ပိုပျော်မိမှာ..."
ဝမ်မင်ယီက ပြုံးလိုက်သည်။
"အိုကေလေ...."
ခဏအကြာတွင် စစ်ကျွင်းတောင်နှင့် ဝမ်မင်ယီတို့အိမ်ပြန်ရောက်လာပြီး ကျိုးဝမ်ယွီလည်း ပြန်ရောက်လာသည်။ ကျောက် ဝမ်ယွီ၏ မျက်ခုံးတို့က မြောက်နေကာ မျက်လုံးတို့ကလည်း တောက်ပနေပြီး ပြုံးနေသည်။ သူဝမ်မင်ယီကို ချီလိုက်လုနီးနီးဖြစ်နေသည်။
ဝမ်မင်ယီက အနည်းငယ်ရှက်ရွံ့နေပြီး သူနှင့်အတူ ချန်ပိန်ခွက်ချင်းတိုက်လိုက်သည်။
"ချီးယား..."
လူသုံးယောက်မှာ တစ်ညလုံးဆူညံပွက်နေပြီး မနက်နှစ်နာရီထိုးချိန်တွင် ဝမ်မင်ယီမှာ အိပ်ငိုက်လာပြီဖြစ်၍ စစ်ကျွင်းတောက်က သူ့ကိုချီက အိပ်ခန်းထဲပို့ပေးလိုက်သည်။
ကျောက် ဝမ်ယွီက ဝိုင်သုံးမျိုးရောသောက်ပြီးပြီဖြစ်၍ မူးနေလေပြီ။ ထို့ကြောင့် သူ့အခန်းသူပြန်ကာ ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်ကို ဂရုပင်မစိုက်တော့ချေ။
စစ်ကျွင်းတောက်က ဝမ်မင်ယီကို ကိုယ်လက်သန့်စင်ပေးလိုက်ပြီး အိပ်ရာပေါ်တင်လိုက်သည်။ ဝမ်မင်ယီက သူ့ကိုအိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့်မေးလာသည်။
"ကျွန်တော်တို့ ဒီနေ့ဘာလုပ်ကြမှာလဲ...."
စစ်ကျွင်းတောက်က ပြုံးလိုက်သည်။ ဝမ်မင်ယီ၏မျက်လုံးများတောက်ပသွားသည်။
"အဲ့တာမလား..."
စစ်ကျွင်းတောက်က သူ့ကိုဖက်လိုက်ပြီး ငြင်သာစွာနမ်းလိုက်သည်။
"အွန်း...."
ဝမ်မင်ယီက ဝိုင်သောက်ထားပြီး သူ၏စိတ်နေစိတ်ထားမှာ လုံးဝပြောင်းလဲနေသည်။ စစ်ကျွင်းတောက်က သူနှင့်အတူ တစ်ကြိမ်လုပ်ခဲ့ပြီး သူက နောက်တစ်ကြိမ်လုပ်ချင်နေသေးသည်။ စစ်ကျွင်းတောင်ကလည်း နောက်ထပ်တစ်ကြိမ်လုပ်လိုက်ပြီး ဝမ်မင်ယီက တဖြေးဖြေးသက်တောင့်သက်သာရှိလာသည်။
"ဘာဖြစ်လို့လဲ...."
စစ်ကျွင်းတောက်က နူးညံစွာမေးလိုက်သည်။
ဝမ်မင်ယီကခေါင်းခါလိုက်သည်။ သူစစ်ကျွင်းတောက်၏ရင်ခွင်ထဲတိုးဝှေ့နေပြီး သာယာသလို နာကျင်နေသည့်ပုံလေးဖြစ်နေသည်။ သူစစ်ကျွင်းတောင်ကိုမော့ကြည့်လိုက်ချိန်တွင် စစ်ကျွင်းတောက်က သူ၏မျက်ခုံးတန်းလေးကိုနမ်းလာသည်။ သူက သူ့ရင်ခွင်ထဲရှိ ဝမ်မင်ယီ၏မေးခွန်းလေးကိုကြားလိုက်သည်။
"ကော ကျွန်တော့်ကို ဘယ်တော့လက်ထပ်မှာလဲ...."