အပိုင်း ၁၂၄ ( The President 24 - extra 2 )
Viewers 10k

Money 


ယန်ကျင်းဇီသည် ချီရှန်းကို အမှန်တကယ်ပင် မလိုချင်ပေ။ သူ့တွင် သုံးစွဲရန် ပိုက်ဆံအလုံအလောက် ရှိပြီး ကုန်အောင်ပင် မသုံးနိုင်ချေ။ ထပ်ရှာရင်ရော ဘာထူးမှာလဲ?


တကယ်တော့ သူသည် မိသားစုစီးပွားရေးကို ဆက်ခံရန် ယန်မျိုးရိုးနာမည်နှင့် ကလေးတစ်ဦးကို လို‌ချင်သည်ဟု အဖေယန်က အခိုင်အမာ ပြောဆိုနေသော အကြောင်းအရင်းကို နားမလည်‌ပါပေ။


သို့သော် သူသည် သူ့အဖေနှင့် သူ့အမေ၏ အတွေးများကို မပြောင်းလဲနိုင်ချေ။


ယခုအခါတွင် သူ့အဖေက သူ့အစ်မကို ကုမ္ပဏီပေးပြီး သူသည် ၎င်းကို စိတ်မဝင်စားပေ။ သူသည် ကျန်းယွင်ရှိူ့ကိုသာ အဖော်ပြုပေးချင်သည်။


မကြာသေးမီက ကျန်းယွင်ရှိူ့သည် အခွေအသစ် ထွက်ရှိထားပြီး သူသည် ၎င်းကို ပရိုမိုရှင်းဆင်းကူပေးရန် အလုပ်ကြိုးစားနေသည်။


ဥပမာအားဖြင့် ဤအခိုက်အတန့်၌ သူသည် မွေးနေ့ပွဲတွင် စန္ဒရားတီးခတ်နေသော ကျန်းယွင်ရှိူ့၏ ပုံကို ပို့စ်တင်လိုက်သည်။


ခြွင်းချက်မရှိဘဲ ဟစ်အော်သံများ ရောက်ရှိလာ၏ : “ယွင်ရှိူ့က ပိုပိုပြီး ချောလာတယ်!”


“မစ္စတာယန်၊ မင်းရဲ့ ပုံရိုက်စကေးက လုံးဝ တိုးတက်မလာဘူး!”


“ကျေးဇူးတင်ပါတယ် မစ္စတာယန်! ယွင်ရှိူ့ရဲ့ စီးပွားရေးကို ကူညီပေးပြန်ပြီ!”


…...


လူအများဟာ “မင်းက တစ်ခွန်း၊ ငါက တစ်ခွန်း” ဖြင့် စကားပြောနေကြသည်။ ကျန်းယွင်ရှိူ့က ယန်ကောချီ၏ မွေးနေ့ပွဲတွင် ပါဝင်ဆင်နွှဲသည့်အပြင် ယန်မိသားစုနှင့်လည်း အတူတကွ ထိုင်နေသော ကိစ္စရပ်ဟာ hot search တွင် ရောက်ရှိသွားသည်။


“ယန်အိမ်က ကျန်းယွင်ရှိူ့ကို တကယ် လက်ခံမယ်လို့ ငါ မထင်ထားခဲ့ဘူး...”


“ယန်ကျင်းဇီရဲ့အမေက ကျန်းယွင်ရှိူ့ကို လက်ခံမှန်း အရင်ကတည်းက ငါ သိခဲ့ပေမယ့် ယန်ကျင်းဇီရဲ့အဖေကတောင် သူ့ကို အခု လက်ခံလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...”


“ကျန်းယွင်ရှိူ့က တကယ့်ကို အံ့သြစရာပဲ!”


“တကယ်တော့ ကျန်းယွင်ရှိူ့က ကောင်းတာ မဟုတ်ဘူး။ ဒါပေမယ့် ယန်ကျင်းဇီက သန်မာတယ်။ ငါ ကြားတာတော့ ယန်ကျင်းဇီက ကျန်းယွင်ရှိူ့ကို အရမ်းတင်းတင်းကြပ်ကြပ် ကာကွယ်ထားလို့ ယန်ကောချီက ရွေးစရာမရှိပဲနဲ့ သဘောတူလိုက်ရတယ်တဲ့။”


“ပြီးတော့ ယန်ကျင်းဇီလို သားမျိုးကို လက်မလွှတ်နိုင်ဘူးလေ...”


“ငါ့ယောက်ျားက ယန်ကျင်းဇီနဲ့ ဘယ်လိုမှ မယှဉ်နိုင်ဘူး!”




ကျန်းယွင်ရှိူ့၏ အခွေအသစ်သည် ခြွင်းချက်မရှိ အလွန်ရောင်းကောင်းသည်။


သို့သော် ကျန်းယွင်ရှိူ့သည် ရှယ်ယာကို ရသောအခါတွင် ထုံးစံအတိုင်း သုံးပိုင်းခွဲလိုက်သည်။


75% ကို ယန်ကျင်းဇီထံသို့ ပေးပြီး 5% ကို online shopping သို့မဟုတ် ရံဖန်ရံခါ ယန်ကျင်းဇီကို လက်ဆောင်များ ဝယ်ပေးရန်တို့အတွက် သူ့ကိုယ်ပိုင်အကောင့်ထဲသို့ ထည့်သွင်းသည်။ ကျန် 20% ကို ကျန်းယွင်ရှိူ့က အခြားအကောင့်တွင် ထည့်ထားသည်။


“ ယွင်ရှိူ့၊ မင်း ကိုယ့်ကို ပိုက်ဆံတွေ အကုန်ပေးရင် ကိုယ် ပိုက်ဆံတွေ ယူပြီး ထွက်ပြေးသွားမှာကို မကြောက်ဘူးလား? ” ယန်ကျင်းဇီက မေးသည်။


“ မင်း မလုပ်ဘူး။ ” ကျန်းယွင်ရှိူ့က သေချာသည်။


ယန်ကျင်းဇီသည် မူလက “ကိုယ် ထွက်ပြေးသွားရင်ရော” ဟု ဆက်လက်မေးမြန်းချင်ခဲ့သော်လည်း ကျန်းယွင်ရှိူ့၏ လေးနက်သော မျက်ဝန်းများကို တွေ့သော် သူသည် ထပ်မမေးရဲတော့ပေ။ 


သူသာ တကယ် ထွက်သွားလျှင် ကျန်းယွင်ရှိူ့က သေချာပေါက် ခံစားနိုင်မည်မဟုတ်ချေ။


ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့၏ မျက်လုံးများကို နမ်းလိုက်သည် : “ အင်း၊ ကိုယ် မလုပ်ဘူး။ မင်း မရှိဘဲ ကိုယ် မနေနိုင်ဘူး! ”


ကျန်းယွင်ရှိူ့က ပြုံးပြီး ခေါင်းညိတ်ပြသည် : “ ငါရောပဲ။ ”


ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ကို ပွေ့ဖက်လိုက်ပြီး သူ့ကိုယ်ထဲတွင် တစ်စုံတစ်ယောက်ကို သိမ်းဆည်းထားချင်နေသည်။


သို့သော် ဤတစ်ကြိမ်တွင် ကျန်းယွင်ရှိူ့က ရုန်းကန်နေသည် : “ နေဦး! ” သူ့မှာ လုပ်စရာရှိသေးတယ်!


ယန်ကျင်းဇီက မေးသည် : “ ဘာဖြစ်လို့လဲ? ”


“ ငါ လုံလုံလောက်လောက် ပိုက်ဆံစုပြီးပြီ။ ငါ ကျန်းမိသားစုကို ပြန်ပေးချင်တယ်။ ” ကျန်းယွင်ရှိူ့က ပြန်ဖြေသည်။


ကျန်းယွင်ရှိူ့သည် နိုင်ငံရပ်ခြားသို့ ရောက်ပြီးကတည်းက ကျန်းမိသားစုက သူ့အတွက် သုံးခဲ့သော ပိုက်ဆံအားလုံးကို မှတ်သားထားသည်။ သူသည် ကလေးအရွယ်တွင် သုံးခဲ့သော ပိုက်ဆံအပိုကိုလည်း ရေတွက်ပြီး မှတ်တမ်းတင်ထား၏။ 


သူသည် ကျန်းမိသားစုကို သုံးဆတိုး၍ ပိုက်ဆံပြန်ပေးရန် ရည်ရွယ်သည် – သူသည် အတိုးကို တွက်ချက်နည်း မသိသောကြောင့် သုံးဆသာ တိုးလိုက်သည်။


သူ့တွင် ယခင်က ပိုက်ဆံသိပ်မရှိ‌ခဲ့ချေ။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင် သူ့၌ ပိုက်ဆံရှိခဲ့သော်ငြား သူသည် ယန်ကျင်းဇီကို အမြဲတမ်း ပိုက်ဆံပိုပေးချင်ခဲ့သဖြင့် ယခုမှသာ လုံလုံလောက်လောက် ပိုက်ဆံစုနိုင်ခဲ့သည်။


ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့ ငွေစုနေကြောင်းကို သိရှိထားသည်။ ယခု ကျန်းယွင်ရှိူ့က ထိုသို့ပြောသောအခါ သူက ခဏတာ ကြောင်သွားပြီးမှ ပြောသည် : “ မနက်ဖြန် ပိုက်ဆံပြန်ပေးဖို့ ကိုယ် မင်းကို လိုက်ပို့ပေးမယ်။ ”


ကျန်းယွင်ရှိူ့သည် အဘိုးကျန်း၏ အကောင့်နံပါတ်ကို သိသော်လည်း အဘိုးကျန်း ဆုံးပါးသွားပြီမှာ ကြာပြီဖြစ်သည်။ ပိုက်ဆံပြန်ပေးရန်အတွက် သူသည် အထူးတလည် သွားရောက်လည်ပတ်ရမည်ဖြစ်သည်။


ပြောရမည်ဆိုလျှင် မကြာသေးမီနှစ်များအတွင်း ယန်ကျင်းဇီသည် ကျန်းယွင်ရှိူ့၏ဖခင်နှင့်လည်း တွေ့ဆုံခဲ့ရသည်။


ကျန်းယွင်ရှိူ့၏ မိခင်သည် ကျန်းယွင်ရှိူ့ကို မွေးဖွားစဉ် သေဆုံးခဲ့သည်။ နှစ်နှစ်အကြာတွင် ကျန်းယွင်ရှိူ့၏ ဖခင်သည် နောက်အိမ်ထောင်ပြုခဲ့ပြီး သားတစ်ယောက်နှင့် သမီးတစ်ယောက် မွေးဖွားခဲ့သည်။ ၎င်းကြောင့် သူက ကျန်းယွင်ရှိူ့ကို လျစ်လျူရှုနိုင်ခြင်းဖြစ်သည်။


ယန်ကျင်းဇီသည် အချင်းချင်း လျစ်လျူရှုထားခြင်းဟာ နှစ်ဖက်စလုံးအတွက် ကောင်းမွန်သည်ဟု ခံစားရသည်။ သို့ရာတွင် သူသည် ကျန်းချီရှန်ကို အကြိမ်အနည်းငယ် မြင်တွေ့ရသောအခါ ကျန်းချီရှန်က သူ့ကို အဆင်မပြေဖြစ်နေခဲ့သည်။ သူက အမှန်တကယ် ပိုက်ဆံရှာနိုင်မှန်း လူမသိသေးသည့်အချိန်တွင် ကျန်းချီရှန်က သူ့ကို အပြစ်ပင် လာပြေးတင်သွားခဲ့ဖူးသည်။


ယန်ကျင်းဇီသည် ရယ်စရာဟု ထင်ပြီး သူ့ကို လျစ်လျူရှုလိုက်သည်။ ထို့နောက် ကျန်းချီရှန်က ပို၍ပင် စိတ်တိုသွားသည်...


ဤတစ်ခါတွင်တော့ ကျန်းအိမ်သို့ ပိုက်ဆံပြန်ပေးရန် သွားရမည်ဖြစ်သဖြင့် ယန်ကျင်းဇီသည် တစ်စုံတစ်ဦးကို အရင်ဆက်သွယ်ကာ အချိန်ဆုံးဖြတ်ပြီးမှ ထွက်ခွာသည်။


အစောပိုင်းနှစ်များတွင် ဆေးဝါးစက်ရုံများသည် အမြတ်အစွန်းများစွာ ရရှိခဲ့သော်လည်း ယခုအခါတွင် ဆေးဝါးအမျိုးမျိုး၏ စျေးနှုန်းများသည် တဖြည်းဖြည်းနှင့် ပိုမိုပွင့်လင်းမြင်သာလာသည်။ ဆေးဝါးကုမ္ပဏီများကို စတင်လုပ်ဆောင်သူများ ပိုများလာကာ ဆေးဝါးများမှ ရရှိငွေဟာ သိပ်မများတော့ချေ။ ယခုအချိန်တွင် ကျန်းမိသားစုသည် ယခင်ကကဲ့သို့ မကျော်ကြားတော့ပေ။


ဒါပေါ့၊ ကျန်းမိသားစုက ချမ်းသာနေဆဲပင်။


ကျန်းမိသားစုသည်လည်း ဗီလာတစ်ခုတွင် နေထိုင်သည်။ ယန်ကျင်းဇီနှင့် ကျန်းယွင်ရှိူ့တို့သည် ကားပေါ်မှဆင်းပြီး ဂရုတစိုက်ဖြင့် လူကိုယ်တိုင် ခြယ်သထားသော ဥယျာဉ်ကို တွေ့လိုက်ရသည်။ တံခါးဝတွင် စောင့်နေသော လူငယ်တစ်ဦးလည်း ရှိသည်။


သူတို့ကို တွေ့သော် လူငယ်လေးက သိသိသာသာကို အနည်းငယ် မပျော်မရွှင်ဖြစ်သွားသော်ငြား သူ့မျက်နှာတွင် အပြုံးတစ်ခု ရှိနေဆဲဖြစ်သည်။ ယန်ကျင်းဇီနှင့် ကျန်းယွင်ရှိူ့တို့ကို အထဲဝင်ရန် ဖိတ်ကြားပြီး ကျန်းယွင်ရှိူ့ကိုလည်း နှုတ်ဆက်သည် : “ အစ်ကို၊ မင်းက နှစ်တွေအကြာကြီး ပြန်မလာခဲ့ဘူး။ အဖေက မင်းအကြောင်း စဉ်းစားနေခဲ့တာ။ ”


ကျန်းယွင်ရှိူ့က စကားမပြောသော်လည်း ယန်ကျင်းဇီ၏လက်ကို ဆုပ်ကိုင်လာသည်။


“ လက်ကိုင်ထားတယ်၊ ဘယ်လိုပုံဖြစ်နေတာလဲ? ” ကျန်းချီရှန်သည် အိမ်ထဲမှ ထွက်လာပြီး လက်တွဲထားသော ကျန်းယွင်ရှိူ့နှင့် ယန်ကျင်းဇီတို့ကို မျက်မှောင်ကြုံ့ကြည့်လျက် မကျေမနပ် ပြောသည်။


“ ဒီပုံစံက အတော်လေး ကောင်းမွန်သင့်တော်တယ်လို့ ထင်တာပဲ။ ” ယန်ကျင်းဇီက ဆိုသည်။


ကျန်းချီရှန်တွင် မုတ်ဆိတ်မွေး မရှိချေ။ မဟုတ်လျှင် သူသည် သူ့မုတ်ဆိတ်မွေးကို မှုတ်ပြီး စိုက်ကြည့်နေပေလိမ့်မည်။


ယန်ကျင်းဇီသည် ကျန်းချီရှန်ကို ကြည့်ပြီးနောက် ကျန်းချီရှန်နောက်မှ လူများကို တွေ့သွားသည်။ သူသည် ကျန်းမိသားစု၏ အတွေးများကို ခန့်မှန်းနိုင်သည်။


ကျန်းချီရှန်သည် သူ့သားကို အသိအမှတ်ပြုချင်သေးသည်ဟု ခန့်မှန်းရသည်။ မဟုတ်လျှင် သူ့ရှေ့တွင် လူကြီးတစ်ယောက်ကဲ့သို့ ပြုမူမည်မဟုတ်ချေ။ အခြားသူများကမူ သူတို့က သူ့ကို ကြည့်သောအခါ အလွန်စိတ်အားထက်သန်ကြသော်လည်း ကျန်းယွင်ရှိူ့ကို မကြိုဆိုကြမှန်းတော့ သိသာသည်။


ဤသည်ကလည်း ပုံမှန်ပင်။ ပြန်လာပြီး မိသားစု၏ ပိုင်ဆိုင်မှုကို ခွဲဝေမယ့် နောက်လူအပိုတစ်ယောက်ကို မည်သူက လိုချင်ပါ့မည်နည်း။


“ ဒါက မင်း မင်းရဲ့လူကြီးတွေနဲ့ စကားပြောတဲ့ပုံလား? ” ကျန်းချီရှန်သည် ယန်ကျင်းဇီကို ဒေါသတကြီး ကြည့်သည်။ ယန်ကျင်းဇီ၏ နာမည်အထောက်အထားက သူ့ကို သတိထားစေသော အချက်ကြောင့်သာ မဟုတ်လျှင် သူသည် ယန်ကျင်းဇီကို မိသားစုသင်ကြားရေး မရှိဟု အပြစ်တင်မိလိမ့်မည်ဖြစ်သည်။


“ လူကြီး မဟုတ်ဘူး။ ” ကျန်းယွင်ရှိူ့က ရုတ်တရက် ပြောသည် : ” ခင်ဗျားက ယန်ကျင်းဇီရဲ့ လူကြီးတစ်ယောက် မဟုတ်ဘူး။ ”


ကျန်းချီရှန် အံ့အားသင့်သွားသည် : “ မင်း ဘာကိုဆိုလိုတာလဲ? ”


“ ကျွန်တော်က ငွေပြန်ဆပ်ဖို့ ဒီကိုလာတာ။ ခင်ဗျားရဲ့ မိသားစု ကျွန်တော့်ကို ပေးခဲ့ဖူးတဲ့ အထောက်အပံ့တွေ အကုန်လုံးကို ကျွန်တော် စာရင်းမှတ်ထားတယ်။ ခင်ဗျားကို သုံးဆပြန်ပေးမယ်။ ” ကျန်းယွင်ရှိူ့က ဆိုသည်။ သူသည် အကောင့်စာအုပ်တစ်အုပ်နှင့် ချက်လက်မှတ်တစ်စောင်ကို ထုတ်ယူလိုက်ပြီး ကျန်းချီရှန်ကို ပေးလိုက်သည် : “ ဒီပိုက်ဆံကို ခင်ဗျားစီ ပေးပြီးပြီ။ အနာဂတ်မှာ ကျွန်တော်တို့က ဘာမှမသက်ဆိုင်တော့ဘူး။ ”


“ ငါတို့မှာ ဆက်ဆံရေးမရှိတော့ဘူး ဆိုတာ မင်း ဘာပြောတာလဲ? ငါက မင်းအဖေ! ” ကျန်းချီရှန် ဒေါသထွက်သွားသည်။


ကျန်းယွင်ရှိူ့သည် မျက်နှာအမူအရာ လုံးဝ မရှိဘဲ သူ့ကို ကြည့်နေသည်။


သူသည် ငယ်ငယ်လေးကတည်းက ဖခင်မေတ္တာကို တစ်ခါမှ မခံစားခဲ့ဖူးသည့်အပြင် သူ့အဖေနှင့် အတူပင် မနေဖူးဘဲ သူ့အဘိုးအဘွားများနှင့်သာ နေဖူးသည်။ သို့သော် အဘိုးအဘွားများက အလုပ်လုပ်နေဆဲဖြစ်ပြီး အိမ်အဟောင်းသို့ သိပ်မပြန်လာကြသဖြင့် သူတို့က သူ့ကို ဂရုမစိုက်ခဲ့ကြချေ။


တစ်ခါတစ်လေတွင်တော့ လူတိုင်းဟာ အိမ်အဟောင်းသို့ ပြန်လာကြပြီး သူ့အဖေလည်း ပြန်လာတတ်သည်... ဤလူက သူ့မိထွေး၏ ကလေးနှစ်ယောက်နှင့် အမြဲတစေ နီးနီးကပ်ကပ် နေလေ့ရှိသော်ငြား သူ တက်နေသော အတန်းကိုပင် မပြောနိုင်ခဲ့။


သို့သော် သူသည် ထိုအချိန်တွင် ပြဿနာရှိသည်ဟု မထင်ခဲ့ပေ။ ထိုအချိန်တွင် သူတို့သည် ‌သူ့ကို ငွေကြေးဆိုင်ရာအရ အလွန်ရက်ရောပြီး သူက အိမ်အဟောင်းတွင် နေထိုင်သောကြောင့် အပြင်၌ မည်သူကမျှ သူ့ကို အထင်မသေးရဲခဲ့ကြချေ။


နောက်ပိုင်းတွင် သူ၏ လိင်စိတ်တိမ်းညွတ်မှုကို သူ့မိသားစုက သိရှိသွားပြီး သူ့အဖေက သူ့ကို လျှပ်စစ်ရှော့ခ်ကုသမှု ခံယူရန် တန်းပို့လိုက်သည်။


ထိုအချိန်တွင် သူသည် သေလုနီးပါးဖြစ်ခဲ့သည်။


နောက်ပိုင်း သူ့အဘိုးက သူ့ကို နိုင်ငံခြားသို့ ပို့သောအခါတွင် သူ့အဖေက သူနှင့် အဆက်အသွယ်ဖြတ်တော့မည်ဟုလည်း ပြောခဲ့သည်။ သူတို့က သူနှင့် ဘာမှမသက်ဆိုင်တော့ဟု ဆိုကြသည်။


ထို့နောက်တွင်တော့ သူ့အဖေက သူ့ကို ထပ်ပြီး မဆက်သွယ်တော့ချေ။


သို့ရာတွင် သူသည် ဆက်ဆံရေးကို ဖြတ်တောက်ချင်လေရာ ငွေပြန်ဆပ်ရမည်ဟု ခံစားခဲ့ရသည် : “ ကျွန်တော်နဲ့ ဆက်ဆံရေးကို ဖြတ်တောက်ချင်တယ်လို့ ခင်ဗျား အရင်က ပြောခဲ့တယ်... ဒါပေမယ့် ကျွန်တော် ခင်ဗျားရဲ့ ပိုက်ဆံကို အလကား မသုံးနိုင်ဘူး။ ”


“ ဒီကနေ ထွက်သွားစမ်း! ” ကျန်းချီရှန်က ဒေါသများ ပေါက်ကွဲသွားသည်။


ကျန်းယွင်ရှိူ့သည် သူ့သဘောထားကို လုံးဝ ဂရုမစိုက်ပေ : “ ဒါဆို ထွက်သွားတော့မယ်။ ”


သူသည် လမ်းလျှောက်သွားပြီး တံခါးဝသို့ ရောက်သောအခါ ကျန်းချီရှန် လက်မခံသော ချက်နှင့် အကောင့်စာအုပ်တို့ကို အဆင့်ဗီရိုပေါ်တွင် တင်ထားလိုက်သည်။


ဤပစ္စည်းနှစ်ခုကို ချလိုက်ပြီးနောက် သူသည် စိတ်သက်သာရာရစွာ သက်ပြင်းချကာ ယန်ကျင်းဇီကို ကြည့်၍ ပြုံးပြသည်။


ယန်ကျင်းဇီကလည်း ပြုံးပြသည်။ သူသည် ကျန်းယွင်ရှိူ့ကို ဆွဲ၍ ကားထဲသို့ ဝင်သည် : “ မြန်မြန်သွားရအောင်! ”


မဟုတ်ရင် တစ်ခုခုထပ်ဖြစ်နေဦးမယ်!


ယန်ကျင်းဇီနှင့် ကျန်းယွင်ရှိူ့တို့သည် အမြန်ထွက်သွားသည်။


သူတို့နောက်တွင် ကျန်းချီရှန်သည် ဘေလ်များနှင့် ချက်လက်မှတ်များကို ကြည့်ပြီး သူ့ဇနီးကို ဒေါသတကြီး ကြည့်လိုက်သည် : “ မင်း ဒီနှစ်တွေမှာ ယွင်ရှိူ့ကို ပိုက်ဆံမပေးခဲ့ဘူးလား? အဖေက ယွင်ရှိူ့ကို အိမ်နဲ့ ပိုက်ဆံချန်ခဲ့တယ်မလား? မင်း သူ့ကို အဲ့ဒါတွေကိုပါ မပေးခဲ့ဘူးလား? ”


“ ကျွန်မ သူနဲ့ အဆက်အသွယ်မရဘူး။ ရှင်ရယ်၊ အဖေရယ်က သူ့ကို မပေးပေမယ့် ကျွန်မက ပေးရမှာလား? ”


“ အဲ့ဒီ့အချိန်တုန်းက သူ စာသင်နေတုန်းပဲ! အဖေနဲ့ ရင်းနှီးတဲ့ တစ်ယောက်ယောက်စီက သူ့အကောင့်နံပါတ်ကို မေးပြီး သူ့ကို ပိုက်ဆံပေးလို့ရတာ မင်း မသိဘူးလား? ”


“ ဘာလို့ ရှင်ကိုယ်တိုင် သွားမမေးတာလဲ? ”


…...


ယန်ကျင်းဇီသည် ဤအငြင်းပွားမှုများကို မသိပေ။


ကျန်းမိသားစုတွင် ဖြစ်ပျက်သမျှဟာ အနာဂတ်မှာ သူတို့နှင့် ဘာမှမသက်ဆိုင်တော့ချေ။


ကျန်းယွင်ရှိူ့က သူတို့ကို မလိုအပ်ဘူး၊ သူ ရှိနေရင် လုံလောက်ပြီ!


“ ယန်ကျင်းဇီ၊ အခုကစပြီး ငါ မင်းကို ငါ့ပိုက်ဆံတွေ အကုန်ပေးမယ်။ ” ကျန်းယွင်ရှိူ့က ယန်ကျင်းဇီကို လေးနက်စွာ ကြည့်ပြီး တစ်ခုခုတွေးမိသွားသည် : “ ခဏ၊ ငါ ပိုက်ဆံထပ်စုဦးမယ်... ဒါမှ ငါ မင်းကို လက်ဆောင်ဝယ်ပေးနိုင်မှာ။ ”


“ အိုကေ။ ” ယန်ကျင်းဇီက ပြုံးပြီး သဘောတူသည်။ သူ၏ ပိုင်ဆိုင်မှု အများအပြားဟာ ကျန်းယွင်ရှိူ့၏ နာမည်ဖြင့် ရှိနေသော ဖြစ်ရပ်ကိုတော့ ကျန်းယွင်ရှိူ့အား မပြောပြလိုက်ပေ။


သူတို့က အတူတူ အိုမင်းသွားကြမယ်။ သူတို့နှစ်ယောက်ကြားထဲမှာ ဘာတွေခွဲခြားနေမှာလဲ?


ယန်ကျင်းဇီနှင့် ကျန်းယွင်ရှိူ့တို့သည် အလွန်ပျော်ရွှင်စွာ နေထိုင်ကြပြီး သူသည် သုံ့ချင်းလင်ကို လုံးဝ မေ့လျော့သွားလေသည်။ တစ်စုံတစ်ဦးကို မေးမြန်းရန် ရုတ်တရက် သတိရချိန်တွင်တော့ သူသည် သုံ့ချင်းလင်က တကယ်ရူးနေကြောင်းကို သိလိုက်ရသည်။


တကယ်တော့ အစပိုင်းတွင် သုံ့ချင်းလင်က စိတ်အခြေအနေ မကောင်းသော်ငြား တကယ် မရူးသေးချေ။ တစ်နေ့တွင်မူ သူသည် လေယာဉ်ပျံတစ်စင်း ပျက်ကျသလားဟု တခြားသူများကို ရုတ်တရက် မေးသည်။


တခြားသူများက သူ့ကို ထိုကဲ့သို့ကိစ္စမျိုး မရှိကြောင်း ပြောပြကြသောအခါ သူက မယုံကြည်ပေ။ နောက်ပိုင်းတွင် သူတို့သည် ဘာဖြစ်မှန်း မသိလိုက်ဘဲ သူက တကယ်ပင် ရူးသွပ်သွားသည်။


ယန်ကျင်းဇီသည် ဘာပြောရမှန်း မသိတော့ပေ။


သို့သော် ဤလူသည် ရက်စက်လွန်းသည်ဟု ဝန်ခံရမည်။


မူလဇာတ်ကြောင်း၌ မူလပိုင်ရှင်နှင့် ကျန်းယွင်ရှိူ့တို့သည် တူညီသော လေယာဉ်ပျံပေါ်တွင် ရှိနေခဲ့ကြသည်။ ဒါကို သုံ့ချင်းလင် စီစဉ်ထားတာလား? 


သုံ့ချင်းလင်သည် လေယာဉ်ပျံ ပျက်ကျမည်ကို သူ့ယခင်ဘဝတွင် သိခဲ့သောကြောင့် မူလပိုင်ရှင်နှင့် ကျန်းယွင်ရှိူ့တို့ကို လေယာဉ်ပျံပေါ်သို့ တက်ရန် ကြိုးစားလှည့်ဖြားခဲ့သည်...သူက မူလပိုင်ရှင်၏ လက်မှတ်ကိုတောင် ဝယ်ပေးခဲ့သည်။



ယခုမူ အရာရာဟာ ပြောင်းလဲသွားပေပြီ။


သူ့သတိပေးချက်အရ လေယာဉ်ပျံကို ကြိုတင်စစ်ဆေးခဲ့ကြသည်။


သူနှင့် ကျန်းယွင်ရှိူ့တို့သည်လည်း အသက်ကြီးသည်အထိ ဘဝတစ်လျှောက်လုံး အတူတကွ လက်တွဲသွားကြပေလိမ့်မည်။