Chapter 88
Viewers 5k


Chapter 88

 â€˘ June 19 at 07:58 AM

👥️Chapter 88




ကျန်းကျီချမ်က ထိုအကြောင်းကို စဉ်းစားပြီး နောက်ဆုံးမှာပြောရန်ရွေးချယ်လိုက်၏။




"သူက ယီချန်းယန်ပွဲဦးထွက်တုန်းက သူရဲ့ မန်နေဂျာဖြစ်ခဲ့ဖူးတယ်"




ယန်အန်းယု ချက်​ချင်း ထိတ်​လန့်​သွားသည်​။




"မစ္စတာကျန်း မင်း...' 


လီယဲ့က မျက်မှောင်ကြုတ်လိုက်သည်။




"ရှောင်ယုဆီက လျှို့ဝှက်ထားစရာ မလိုဘူးလို့ ငါခံစားရတယ်...ချန်းယန်နဲ့သူ့ရဲ့ လက်ရှိဆက်ဆံရေးအရ သူ ဒါကို သိပိုင်ခွင့်ရှိတယ်...အခု ငါတို့ ဘာမှ မပြောရင်တောင် ရှောင်ယုက အရမ်း ထက်မြက်တယ် သူသေချာပေါက် အနှေးနဲ့အမြန် သိသွားလိမ့်မယ်"




၎င်းကိုကြားသောအခါ လီယဲ့က အကူအညီမဲ့စွာ သက်ပြင်းချလိုက်လေ၏။


"ထားလိုက်ပါ​တော့...မင်းတို့တွေ အပြင်ထွက်ပြီး ပြောကြပါ"




အခန်းထဲမှ ထွက်လာပြီးနောက် ကျန်းကျီချမ်က ဖြည်းညှင်းစွာပြောလေသည်။




"ရှောင်ယု ချန်းယန်က အဆိုတော်တစ်ယောက်အနေနဲ့ ပွဲဦးထွက်ခဲ့တာ မင်းသိတယ်မဟုတ်လား"




"အင်း"


ယန်အန်းယုက ခေါင်းညိတ်သည်။




"လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က သူ့လည်ချောင်းက ဒဏ်ရာရပြီး အချိန်တစ်ခုလောက် သီချင်းမဆိုနိုင်တော့ဘူး...အခွင့်အလမ်းတွေလည်း လွတ်သွားတယ်...အဲဒီအချိန်မှာ သူ့အမေ ရုတ်တရက် နေမကောင်းဖြစ်ပြီး ဆုံးသွားတယ်...ချန်းယန်က တစ်ချက်မှားလိုက်တာနဲ့ ပျက်စီးလုနီးပါး ဖြစ်နေပြီ... ဖျော်ဖြေရေးလောကကနေ နုတ်ထွက်တော့မလိုဖြစ်ခဲ့တယ်"




ယန်အန်းယုက ခေါင်းညိတ်လိုက်သည်။ ကံကောင်းစွာနှင့် ချန်းယန်က နောက်ပိုင်းမှာ ယန်ဖန်းနှင့်တွေ့ပြီး ရှန်းဟွမ်ကို ဝင်လာခဲ့၏။




"ဒါပေမဲ့ အကြောင်းရင်းအမှန်က တကယ်တော့ ပိုရှုပ်ထွေးတယ်... အဲဒီအချိန်တုန်းက ချန်းယန်က သီချင်းဆိုလေ့ကျင့်လွန်ပြီး လည်ချောင်းကို ထိခိုက်သွားရုံမဟုတ်ဘူး...antiဖန်ပေးတဲ့ ​အဆိပ်ပါတဲ့ အချိုရည်ကိုလည်း သောက်မိခဲ့တယ်"




"ဗျာ"


ယန်အန်းယု အံ့သြသွားသည်။




ကျန်းကျီချမ်၏ မျက်နှာက စိတ်မကောင်းဖြစ်မှုတို့ပြည့်နေသည်။




"ကံမကောင်းစွာပဲ ဒီအကြောင်းကို ငါ နောက်မှသိလိုက်ရတယ်...ချန်းယန် မတော်တဆမှုဖြစ်တုန်းက ငါနိုင်ငံခြားမှာနေပြီး အသက်မွေးဝမ်းကြောင်းအတွက် စိတ်နှစ်ပြီး အလုပ်ကြိုးစား​နေခဲ့တာ...ကိုယ့်နိုင်ငံ့အတွင်းကအခြေအနေကို လုံးဝမသိခဲ့ဘူး...အဲဒီတုန်းက သူ့ကို အကြိမ်အနည်းငယ်ပဲတွေ့ဖူးတာ သူနဲ့သူငယ်ချင်းကောင်းတွေလို့သတ်မှတ်လို့မရသေးဘူး... သူနဲ့အမြဲတွဲနေတဲ့သူက ခဲ့ချင်း... သူကပဲ ချန်းယန်ကို အစာအိမ်​ဆေးဖို့ ဆေးရုံကို ချက်ချင်းပို့​ပေးခဲ့တာ...မဟုတ်ရင် အကျိုးဆက်တွေက တကယ်ကို မတွေးရဲစရာပဲ"




"ခဲ့ချင်း... ဒီနာမည်ကို တစ်နေရာရာက ကြားဖူးသလိုပဲ"




ယန်အန်းယု ဤကမ္ဘာ​ခြားသို့ ပထမဆုံးရောက်ရှိလာစဥ်က ယီချန်းယန် နှင့်ပတ်သက်သည့် အချက်အလက်များကို စစ်ဆေးကြည့်သောအခါတွင် 'ခဲ့ချင်း' ဟူသောအမည်ကို မြင်ပြီး မှတ်မှတ်ထင်ထင်ရှိသွားပုံရသည်။




"ခဲ့ချင်းက ယီချန်းယန်နဲ့ ပွဲဦးထွက်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်...လွန်ခဲ့တဲ့ ရှစ်နှစ်က သူက အရမ်းနာမည်ကြီးတဲ့ အဆိုတော်တစ်ယောက်ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အိုင်း..."




ကျန်းကျီချမ်က သက်ပြင်းချလိုက်လေသည်။


"သူ့ကို အွန်လိုင်းမှာရှာကြည့်တဲ့အခါ မင်းသိပါလိမ့်မယ်"




"ရှောင်ယု ဒီနှစ်တွေအတွင်းမှာ ချန်းယန်က ငါ့ကို လူတစ်ယောက်အကြောင်းကို ပြောခွင့်မပြုဘူး...အဲဒီသူက ခဲ့ချင်းပဲ"




"ဘာလို့လဲ" 


ယန်အန်းယု ပဟေဠိဖြစ်စွာဖြင့် မျက်တောင်ခတ်လိုက်၏။




သို့​သော် ကျန်းကျီချမ်က ခေါင်းခါလေသည်။


"ဒါကို ငါ မရှင်းလင်းဘူး...ချန်းယန်က သူ့အပေါ် ဘာလို့ ဒီလောက် ရက်စက်ရတာလဲ ဆိုတာကို ငါ တစ်ခါမှ နားမလည်ခဲ့ဘူး..."




နောက်ပိုင်းတွင် ယန်အန်းယု လူနာဆောင်ထဲသို့ ပြန်ရောက်ပြီးနောက် လီယဲ့က သူ၏ လေးလေးနက်နက် စိတ်ပူနေသော မျက်နှာကိုမြင်ပြီး မနေနိုင်ဘဲ အနည်းထပ်ပြောပြလိုက်မိသည်။




"သခင်လေးယန် မစ္စတာကျန်းက တချို့အရာတွေကို သိပေမဲ့ အသေးစိတ်တော့ သူလည်းမသိဘူး"




လီယဲ့ သူ့စကားမဆုံးသေးခင်မှာ


ယန်အန်းယု၏မျက်လုံးများ ပြောင်းလဲသွား၏။




"လွန်ခဲ့တဲ့ ရှစ်နှစ်က ခဲ့ချင်းအပြင်ကို ချန်းယန်ကို ဟိုးအရင်ကတည်းက အဖော်ပြုပေးခဲ့တဲ့သူ ရှိသေးတယ်"




"ဘယ်သူလဲ"


ယန်အန်းယုက လီယဲ့ကို ကြောင်တက်တက် ကြည့်လိုက်သည်။




"​နဥ်ရှင်းဝေ သူ(မ)က ယီချန်းယန်ရဲ့ အမျိုးသမီး လက်ထောက်နှစ်နှစ်ဖြစ်ခဲ့တယ်... ဒါပေမဲ့ ဝူရှောက်နဲ့ မတူတာက သူတို့က ချန်းယန် ပွဲဦးမထွက်ခင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် သိကြတာ...ချန်းယန် ရှန်းဟွမ်ကို ရောက်တဲ့အခါ နှုတ်ထွက်ပြီး နိုင်ငံခြားကို ထွက်သွားခဲ့တယ်"




ယန်အန်းယုက ခါးသက်သက်ပြုံးလိုက်၏။


"မစ္စတာလီ ခင်ဗျားက ကျွန်တော့်ကို သူ့အကြောင်းထည့်ပြောလာမှတော့ သူကလည်း တစ်ချိန်တုန်းက ချန်းယန်အတွက် အရမ်းအရေးကြီးခဲ့လောက်တယ်ဟုတ်တယ်မလား"




"ချန်းယန် ရှန်းဟွမ်ကို မရောက်ခင်မှာ သူနဲ့ အဆက်အသွယ်ရှိတဲ့ လူတွေအကြောင်း ကျွန်​တော် ဘာမှမသိခဲ့ရပေမဲ့ နောက်ပိုင်းမှာ သူ့အတိတ်ကို စုံစမ်းဖို့ သွားခဲ့တယ်...ချန်းယန်က ငယ်ငယ်တုန်းက နဥ်ရှင်း​ဝေရဲ့ အိမ်နဲ့ အရမ်းနီးနီးကက်ကပ် နေထိုင်ခဲ့ဖူးတယ်...ပြီးတော့ သူ(မ)ကို သူ့ရဲ့အိမ်နီးနားချင်းကျဲကျဲနဲ့ ဆွေမျိုးရင်းချာအဖြစ် သတ်မှတ်လို့ရတယ်"




"ဒါဆို ချန်းယန်မှာ ဘာ​ဆွေမျိုးမှမရှိတာမျိုးမဟုတ်ဘူးလို့ ဆိုလိုတာပေါ့"


ယန်အန်းယု ရုတ်တရတ် ဝမ်းသာသွားသည်။




အကြောင်းမှာ ယန်အန်းယု တစ်ခါတစ်ရံမှာ ယခုလိုတွေးမိသောကြောင့်ဖြစ်၏။ယီချန်းယန်၏ မိဘများက ကွယ်လွန်သွားပြီဖြစ်ကာ သူ့အနားတွင် ဘာဆွေမျိုးမှမရှိပေ။ပြီးလျှင် သူ့စရိုက်က အလွန်ကို သီးခြားဆန်သည်။ အိမ်တွင် သူနှင့် Coco မရှိလျှင် အလွန်အထီးကျန်နေလိမ့်မည်။




"နဥ်ရှင်းဝေ နှုတ်ထွက်သွားပြီးတဲ့နောက် ချန်းယန်က သူနဲ့ အဆက်အသွယ်ဖြတ်ခဲ့ပြီး သူ့ကို ရှာမဲ့ရည်ရွယ်ချက် တစ်ခါမှ မပြခဲ့ဘူး...ကျွန်​တော် ချန်းယန်ကို တစ်ခါက အကြံပြုခဲ့ပေမဲ့ သူက လုံးဝမတုံ့ပြန်ခဲ့ဘူး"




လီယဲ့က စိတ်မကောင်းဖြစ်စွာ ပြောလေသည်။ 




"သခင်​လေးယန် ကျွန်တော်က ချန်းယန်နောက်ကို  နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီး သူ့ရဲ့ အကျင့်စရိုက်ကို ကောင်းကောင်းသိတယ်... သူတကယ်သာ သူ့ရဲ့စိတ်ပူစရာတွေကို ဖုံးကွယ်ချင်ရင် ဘယ်သူ့ကိုမှ လုံးဝမပြောပြဘူး"




"ဒါပေမဲ့..."


လီယဲ့က ရုတ်တရက် ခေါင်းစဉ်ပြောင်းသွားသည်။


"မင်းကတော့ ခြွင်းချက်နေမယ်"




"အင်း...ကျွန်​တော့်ကိုအများ​ကြီးပြောပြပေးလို့ ကျေးဇူးတင်ပါတယ် မစ္စတာလီ...ကျွန်တော်နားလည်ပါပြီ"




ညဘက်တွင် ယန်အန်းယု ယီချန်းယန်၏ကုတင်ဘေးတွင် ထိုင်ရင်း 'ခဲ့ချင်း' ဟုခေါ်သော ထိုလူနှင့်ပတ်သက်သော သတင်းအချက်အလက်များကို ရှာဖွေခဲ့သည်။




ခဲ့ချင်း၏ ဓာတ်ပုံကို မြင်လိုက်သည်နှင့် ချက်ချင်းပင် ယန်အန်းယု မျက်လုံးများပြူးကျယ်လာခဲ့၏။ဒါက...အသိသာကြီးကို မစ္စတာKeith ...




ချက်ချင်းပင်၊ယန်အန်းယု ကိစ္စများစွာကို ရှာဖွေတွေ့ရှိခဲ့သည်။




လွန်ခဲ့သော ရှစ်နှစ်က ခဲ့ချင်း  ပြန်ပေးဆွဲခံရပြီး ခြေထောက်များ ဒဏ်ရာရသွားခဲ့သည်။၎င်းနောက်မှာ သူက ဖျော်ဖြေရေးလောကထဲက နှုတ်ထွက်သွားခဲ့သည်။ခဲ့ချင်းပြန်ပေးဆွဲခံရသည့်နေ့တွင် ယီချန်းယန်လည်း ပျောက်ကွယ်​နေခဲ့သည်။သို့ပေမဲ့ သူ့အပြင် သူ့မန်နေဂျာလီကပင် ဤကိစ္စကို ဖုံးကွယ်ထားခဲ့သည်။နောက်ပိုင်းမှာ ဤကိစ္စနှင့် ပတ်သက်ပြီး မရှင်းလင်းသော ပြင်ပကမ္ဘာက သက်ဆိုင်ရာ သတင်းများကို မထုတ်ပြန်နိုင်ခဲ့ပါချေ။




ယန်အန်းယု ကျန်းကျီချမ်၏ စကားများကို ပြန်တွေးတော​နေမိသည်။


ဒါဆို ခဲ့ချင်းရဲ့ခြေထောက်ဒဏ်ရာက ယီချန်းယန်နဲ့ဆက်စပ်နေတယ်လို့ သူကယူဆတာလား...သူ့ကြောင့်ဖြစ်ခဲ့တာလား...




ထို့အပြင် ခဲ့ချင်းနှင့် ပတ်သက်သည့် ကိစ္စအချို့က ကွဲလွဲနေပြီး အချက်အလက်များစွာ ပျောက်ဆုံးနေသည်။​ရံဖန်ရံခါတွင် အသေးစိတ်အချက်အလက်များကိုပင် ပေါင်းစပ်၍မရနိုင်ပေ။




 á€á€…်စုလတစ်ယ္ဏက်က နောက်ကွယ်က​နေ ကိစ္စများကို ကြိုးကိုင်နေပြီး သူ့ကိစ္စနှင့်ပတ်သက်သည့် အရာအားလုံးကို တမင်တကာ ဖိနှိပ်ထားသည်ဟု ယန်အန်းယုသံသယဖြစ်မိသည်။




ယခုဆိုလျှင် နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီး လူများက သူ့ကို တဖြည်းဖြည်း မေ့လျော့လာကြသည်။




ယီချန်းယန်၏ ငြိမ်းချမ်းစွာ အိပ်မောကျနေသော မျက်နှာကို မြင်လိုက်ရသောအခါ ယန်အန်းယု သူ၏ ထိခိုက်ဒဏ်ရာမရှိသောညာဖက်လက်ကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်ပြီး ရေရွတ်လိုက်၏။




"ချန်းယန် ခင်ဗျားကတကယ်ပဲ ခင်ဗျားနှလုံးသားထဲမှာ အရာတွေ အများကြီးကို သိုဝှက်ထားတာဖြစ်ရမယ်...အများကြီးဆိုတော့ အရမ်းလေးနေမှာပဲ"




ယန်အန်းယုက ခေါင်းငုံ့ပြီး သူ့လက်ဖမိုးပေါ်မှာ နူးညံ့သော အနမ်းတစ်ပွင့် ချန်ထားခဲ့လိုက်၏။




"ချန်းယန် အရမ်းစိတ်မသက်မသာဖြစ်ပြီး အရမ်းပင်ပန်းနေမှာပဲနော်...ဒါပေမဲ့ ရပါတယ် အခု ချန်းယန်မှာ ကျွန်တော်ရှိနေပြီလေ"




*****




"အဟွတ် အဟွတ်"




ညသန်းခေါင်ယံမှာ အိပ်မက်မက်နေသည့် ယီချန်းယန်က  ရုတ်တရက်ထချောင်းဆိုးလာပြီး သူ့ဘေးတွင်ရှိ​နေသော ယန်အန်းယုကို လန့်နိုးသွား​စေခဲ့သည်။




ယန်အန်းယု၏ အိပ်ချင်စိတ်များချက်ချင်း ပျောက်ကွယ်သွားပြီး ယီချန်းယန်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။သူ၏တင်းတင်းကျုံ့ထားသောမျက်ခုံးများနှင့် နဖူးပေါ်မှ ချွေးများအရ ထိုလူ အိပ်မက်ဆိုးထဲတွင် နစ်မြုပ်နေပြီး အလွန်အမင်းပြင်းထန်စွာ နာကျင်ခံစားနေရပုံရသည်။ယန်အန်းယု တကယ်ကို အထိတ်ထိတ်အပျာပျာဖြစ်သွားသလို စိတ်လည်းပူသွား၏။




"ချန်းယန်"




"ချန်းယန် မကြောက်နဲ့နော်...ကျွန်တော်ရှိတယ်"




ယန်အန်းယုက ယီချန်းယန်၏ချွေးများကို သုတ်ပေးရင်း သ့နားထဲကို ညင်သာစွာ တိုးတိုး​လေးချော့စကားဆိုလိုက်သည်။




"ကျွန်တော်က ခင်ဗျားရဲ့ ရှောင်ယုပါ...တခြားသူတွေလို လုံးဝမဟုတ်ပါဘူး...ဘာပဲဖြစ်လာဖြစ်လာ ချန်းယန်နောက်ကို အမြဲလိုက်နေမှာ"




တဖြည်းဖြည်းနှင့် ယီချန်းယန်၏ မျက်ခုံးများသည် ဖြည်းညှင်းစွာ ပြေလျော့သွားပြီး သူ့မျက်နှာပေါ်ရှိ အမူအရာမှာ လွန်ခဲ့သည့်အခိုက်အတန့်ကကဲ့သို့ မနာကျင်တော့ပေ။




ယန်အန်းယုက ပြုံးပြီး ဆိုလိုက်သည်။


"ချန်းယန် ကျွန်တော် ခင်ဗျားကို သဘောကျတယ်...ခင်ဗျား တစ်ယောက်တည်းကိုပဲ"




ဒီကမ္ဘာ​ပေါ်မှာ ခင်ဗျားကို ဘယ်သူနဲ့မှ အစားမထိုးနိုင်ဘူး... ခင်ဗျားရဲ့ ကောင်းတဲ့ ဘက်​ခြမ်းတွေကိုပဲ သဘောကျတာမဟုတ်ပါဘူး... ခင်ဗျားရဲ့ ဆိုးတဲ့ဘက်​ခြမ်းတွေကိုလည်း နားလည်ခွင့်လွှတ်​ပေးဖို့ ဆန္ဒရှိပါတယ်...




****




ဆေးရုံခန်းထဲ၌....


 á€”á€žá€œá€Żá€śá€¸á€žá€Źá€¸á€‘á€˛á€›á€žá€­ လေးလံလွန်း​သောအတိတ်များစွာအတူနှင့် ယီချန်းယန် မျက်မှောင်ကြုတ်သွားပြီး အိပ်မက်ဆိုးထဲ နစ်မြုပ်သွားခဲ့သည်...




အဆက်အစပ်မရှိ​သောအတိတ်​အပိုင်းအစများက အစီအစဥ်မကျစွာ သူ့စိတ်​ထဲတွင်​ ​ပေါ်​လာသည်​။ယီချန်းယန် အချစ်ကို စစ်မှန်စွာ တွေကြုံမခံစားနိုင်ချိန်မှာ ဆွေမျိုးရင်းချာများ၊ သူငယ်ချင်းများ၊​မိသားစုနှင့် လေးစားရသော လူကြီးသူမများက သူ့ကို ကတိများစွာ ပေးခဲ့ကြသည်။




"ချန်းယန် မင်းက အရမ်းထူးချွန်တယ်... မင်းကို အကောင်းဆုံး အဆိုတော်ဖြစ်လာအောင် ငါကူညီပေးမယ်"


ဝူရှောက်က သူနှင့် ပထမဆုံးတွေ့ဆုံချိန်မှာ သူ့ပခုံးကို ပုတ်ပြီး လေးနက်စွာ ကတိပေးခဲ့သည်။




သို့သော် ထိုမတော်တဆမှု ရောက်ရှိလာချိန်တွင် ယီချန်းယန်၏လည်ချောင်း ဒဏ်ရာရသွားခဲ့သည်။ အဆိပ်ခတ်ခံရ၍ သီချင်းမဆိုနိုင်သောကြောင့် အိပ်ရာပေါ်၌ လဲလျောင်းနေချိန်တွင် ဝူရှောက်က သူ၏အခြားမျက်နှာကို ထုတ်​ပြလာခဲ့သည်။




"စိတ်မကောင်းပါဘူး ယီချန်းယန်...မင်းက လုံးဝ အသုံးမဝင်တော့ဘူး"




လည်ချောင်းထဲက ပူလောင်သော ဝေဒနာကြောင့် သူ့အသံက ကွဲအက်အက်သာ ထွက်လာနိုင်သည်။ယီချန်းယန် ဆေးရုံကုတင်ပေါ်မှ ဆင်းကာ ခေါင်းကို အဆက်မပြတ်ခါယမ်းနေသော်လည်း သူက စွန့်ပစ်ခံ​လိုက်ရဆဲဖြစ်သည်။




....




လွန်ခဲ့သော ရှစ်နှစ်က သူ တလိမ့်​ကောက်​ကွေး​ပြုတ်ကျသွားပြီး အဆိုတော်စင်မြင့်နှင့် တဖြည်းဖြည်း ဝေးကွာလာပေမဲ့ ထိုလူက ထိုအခွင့်အရေးကို အသုံးချပြီး အမြင့်ကို တက်ရန် ကြိုးစားခဲ့သည်။




"ချန်းယန် ဘာပဲဖြစ်ဖြစ် ငါတို့က ညီအစ်ကိုကောင်းတွေဖြစ်နေမှာ"




ပွဲဦးမထွက်ခင်မှာ ခဲ့ချင်းနှင့်ယီချန်းယန် တို့က သူငယ်ချင်းများဖြစ်နေ​ကြပြီဖြစ်သည်။သူတို့နှစ်ယောက်လုံးက မိမစုံဖမစုံမိသားစုက လာခဲ့ကြသည်။ယီချန်းယန်၏မိသားစုသည် အကြွေးပိနေချိန်မှာ နာမည်​ကြီးဖြစ်ရန် အမြဲအိပ်မက်မက်ခဲ့သော ခဲ့ချင်းက ယီချန်းယန်ကိုလည်း သူ့နောက်လိုက်ကာ ဖျော်ဖြေရေးလောကတွင် ပွဲဦးထွက်ရန် အကြံပြုခဲ့သည်။




ထို့ကြောင့် ၎င်းတို့သည် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုအောက်တွင် စာချုပ်ချုပ်ခဲ့ကြသည်။ ကုမ္ပဏီက လူသိမများသည့်အတွက် သူတို့နှစ်ယောက် ပွဲဦးထွက်ချိန်မှာ အခက်အခဲမျိုးစုံရှိပေမဲ့ သူတို့ နှစ်သက်သဘောကျရသော သီချင်းများ သီဆိုရင်း တစ်ယောက်ကို တစ်ယောက် အားပေးနေခဲ့ကြတုန်းပါပင်။




တဖြည်းဖြည်းနှင်း သူတို့ကြားမှာ ကွာဟချက်များ ပေါ်လာသည်။ ဂီတပါရမီ အစစ်အမှန် အားကောင်းသည့် ယီချန်းယန်က ပို၍နာမည်ကြီးလာကာ တဖြည်းဖြည်းနှင့် လူတိုင်းလိုလို သိလာပြီး လူတိုင်း၏ သဘောကျ​ခြင်းကို ခံရလာသော်လည်း ခဲ့ချင်းက ကံမကောင်းခဲ့ပေ။




"ဘယ်လိုပဲဖြစ်ဖြစ် မင်းကသီချင်းမဆိုနိုင်တော့ဘူးလေ... တခြားလူတွေကို အခွင့်ကောင်းမယူနိုင်တော့ဘူး...ဒီလိုဆိုမှ​တော့ ချန်းယန် မင်းရဲ့နေရာကို ငါယူပါရစေ..."




ယီချန်းယန် မတော်တဆမှုဖြစ်ပွားသောအခါ ခဲ့ချင်းက အခြားလူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး သူစိမ်းတစ်ယောက်လို ဖြစ်လာခဲ့သည်။




"ဆောရီး ချန်းယန်...မင်းရဲ့အရာအားလုံးကို ငါတကယ်လိုချင်တယ်...မင်း​ပျောက်ကွယ်သွားရင် ကောင်းမယ်..." 




ပြုံးနေပေမဲ့ သူ့အပြုံးမှာ နွေးထွေးမှု အရိပ်အယောင် တစ်စက်မှ မတွေ့ရပေ။မဲ့ရွဲ့ကာ အေးစက်နေပြီး သူ့မျက်လုံးများတွင် မုန်းတီးမှုများပင် ရှိနေခဲ့သည်။




ယီချန်းယန် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများကိုမှိတ်ထားလိုက်သည်။ ​တော်လောက်ပြီ၊ ဒါတွေအားလုံး တော်လိုက်ပါတော့...




"ယီချန်းယန် စိတ်မပူပါနဲ့...ငါ နင့်ရဲ့ ရှင်းဝေကျဲ အမြဲဖြစ်နေမှာ...နင့်ကို အမြဲတမ်း ဂရုစိုက်နေမှာသိလား" အနီးကပ်လက်ထောက်တစ်ဦးအနေဖြင့် နဥ်ရှင်းဝေက ယီချန်း အနားတွင် အမြဲလိုလို ပြုံးလျက် အားပေးလေ့ရှိသည်။




သို့ပေမဲ့ ထိုသို့သော စကားမျိုးများပြောရင်း ပြုံးနေတတ်သည့် နဥ်ရှင်းဝေက နောက်ပိုင်းမှာ သူ့ကို အထပ်ထပ်အခါခါ လိမ်ညာခဲ့ပြီး အကြိမ်ကြိမ်အသုံးချခဲ့သည်။




ယခုအချိန်အထိ၊ ယီချန်းယန် အိမ်နီးချင်းကျဲကျဲ၏ မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်းနှင့် ပိုပိုလျော့ပါးလာသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေဆဲ​ဖြစ်သည်။ နောက်ဆုံးတွင် ဗိုက်တစ်လုံးနှင့် မျက်ရည်များ ဖုံးလွှမ်းနေသော မျက်နှာဖြင့် သူ့ရှေ့တွင် ဒူးထောက်ကာ ရှိုက်ကြီးတငင် ငိုယိုလျက်ပြောခဲ့လေသည်။




"ချန်းယန် ငါ... ငါ နင့်ကို တောင်းပန်နေတာပါ... ​​သူ့ကို လွှတ်ပေးပါ ငါတောင်းဆိုပါတယ်....ငါ့ဗိုက်... ကလေးက သူ့ ...သူ့ကလေး..."




"ငါ ဒီကလေးကို...အဖေမရှိဘဲ မမွေးချင်ဘူး...ငါ နင့်ကို တောင်းပန်နေတာပါဟာ"




ချက်ချင်းပင် ယီချန်းယန်၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။ ဘာလုပ်ရမလဲ; သူဘာတတ်နိုင်မှာလဲ...




​ပြီး​တော့ သူ့အမေ။ သူမ၏ အဆုံးသတ်သို့ ချဉ်းကပ်လာသောအခါ သူမ၏ မျက်နှာက သွေးရောင်ကင်းမဲ့နေပြီး မှိုင်းညှို့ကာ အသက်မဲ့နေသော မျက်လုံးများက နောင်တများဖြင့် ပြည့်နေခဲ့သည်။




"တောင်းပန်ပါတယ် ချန်းယန်...အမေတို့ သဘောတူထားကြပေမဲ့ ... အမေ... သားနားမှာ ဆက်မနေနိုင်​တော့ဘူး"




ယီချန်းယန် တစ်ချိန်က အလွန်လေးစားခဲ့ဖူးသော ယန်ဖန်းအတွက်မူ အဆုံးတွင် သူပေးခဲ့သော တန်ဖိုးထားမှုနှင့် အကူအညီပေးမှုအားလုံးသည် သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ အပြစ်ရှိစိတ်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်နေသည်။




"မှန်ပါတယ် ယီချန်းယန်...မင်းအဖေကို ငါ သတ်လိုက်တာ ဟားဟား..." 




ယန်ဖန်းက ဟက်ဟက်ပက်ပက် ရယ်နေပေမဲ့ သူ့မျက်နှာက ရှုံ့မဲ့နေပြီး သူ့တစ်ကိုယ်လုံး မထိန်းနိုင်အောင် တုန်နေသည်။ ငိုသည်ထက် ပိုနာကျင်နေပုံရ​လေ၏။




"ငါက...ငါက တကယ်​လူလိမ်​တစ်ယောက်ပါ"




"ယန်... ယန်ဖန်း ယန်ဖန်း"




ယီချန်းယန်က စိုးရိမ်တကြီး အော်ဟစ်နေသော်လည်း နှလုံးမော်နီတာက မျဉ်းဖြောင့်တစ်ခုအဖြစ် ပြောင်းလဲသွားဆဲဖြစ်သည်။ယန်ဖန်းက ဤကဲ့သို့ ရုတ်တရက် ထွက်ခွာသွားပြီး ကျန်ရစ်သူ၏ကျန်နေ​သေးသောစကားများကို မကြားနိုင်တော့ပေ။




နောက်ဆုံးတွင် ကတိတစ်ခုကဲ့သို့သော တစ်စုံတစ်ရာသည် အချိန်နှင့်လူသားတို့၏ပြောင်းလဲလွယ်​သော နှလုံးသားကို ရှုံးနိမ့်သွားခဲ့သည်။ အများကြီး တွေ့ကြုံခဲ့ရပြီးနောက် ယီချန်းယန်လည်း ဖြည်းဖြည်းချင်း သူ့ကိုယ်သူ တသီးတသန့်​နေ​ပြီး ဘယ်အရာကိုမှ လွယ်လွယ်မယုံကြည်တော့ပေ။




သို့ပေမဲ့ သူ၏ရှောင်ယု ပေါ်လာခဲ့သည်။




"ချန်းယန်"


ယန်အန်းယုက သူ့နာမည်ကို ခေါ်ပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ 




"ချန်းယန် မကြောက်ပါနဲ့ ကျွန်တော်ရှိတယ်နော်"




ယန်အန်းယုက သူ့နဖူးမှ ချွေးများကို ညင်သာစွာ သုတ်​ပေးလိုက်ပြီး အသာအယာ ပြုံးလိုက်သည်။


"ချန်းယန် ကျွန်တော် ခင်ဗျားကို သဘောကျတယ်...ခင်ဗျားတစ်ယောက်တည်းကိုပဲ"




ယန်အန်းယု၏ အသံကို နားထောင်ရင်း ယီချန်းယန်၏ မျက်ခုံးများ တဖြည်းဖြည်း ပြေလျော့လာသည်။ ရှောင်ယု၏လက်ဖဝါးမှ ထွက်ပေါ်လာသော နွေးထွေးမှုကလည်း သူ့အားစိတ်အေးလက်အေးဖြစ်စေပြီး သူ့စိတ်ကို သက်တောင့်သက်သာ ဖြစ်စေသည်။ 




ထို့ကြောင့် နံနက်စောစောတွင် ယီချန်းယန် ဖြည်းညှင်းစွာနိုးလာလေသည်။




👥️