Chapter 94 Extra
Viewers 6k


Chapter 94

 â€˘ June 21 at 09:45 AM

👥️Chapter 94


အချပ်ပို၁




ယီချန်းယန်သည် ယန်အန်းယုကို မင်္ဂလာပွဲတစ်ပွဲအကြွေးတင်နေသည်ဟု အမြဲခံစားခဲ့ရ​သောကြောင့် ယနေ့ သူတို့ ဟော်လန်မှာရှိသည့် ရွာငယ်လေးတစ်ရွာကို ရောက်လာပြီး ထိုက နာမည်ကြီး ဘုရားကျောင်းလေးတစ်ခုမှာ လက်ထပ်ခဲ့ကြသည်။




ဤနေ့တွင် အတိတ်ကယန်အန်းယု မဟုတ်ဘဲ၊ယီချန်းယန်ရှေ့မှာ ရပ်နေသော ရှောင်ယုက သူ့နှလုံးသားထဲရှိ တစ်ဦးတည်းသောသူ​ဖြစ်​လေသည်။




မင်္ဂလာပွဲက ကြီးကျယ်ခမ်းနား​ခြင်းမရှိသလို ရှုပ်ထွေးသော လုပ်ငန်းစဉ်များလည်း မရှိပါချေ။ယန်အန်းယု နှင့် ယီချန်းယန် နှစ်ယောက်စလုံး ရင်းနှီးသောသူငယ်ချင်းအချို့ကို ဖိတ်ပြီး ဘုန်းတော်ကြီးနှင့် ချစ်ရသူရှေ့တွင် တစ်ယောက်ကိုတစ်ယောက် သစ္စာရှိစွာနှင့် တစ်သက်လုံးချစ်​မြတ်နိုးပါမည်ဟု လေးနက်စွာ ကတိသစ္စာပြုကြသည်။ လက်ထပ်လက်စွပ်လည်း လဲလှယ်ခဲ့ကြသည်။




နမ်းချိန်ရောက်သောအခါ မြင်ကွင်းက ဆူညံပွက်လောရိုက်လာ၏။ယန်အန်းယု အနည်းငယ်ရှက်သွားသော်လည်း ယီချန်းယန်က ပြုံးပြီး သူ့ကို တိုက်ရိုက်အနမ်း​ချွေလိုက်သည်။




ထိုနောက်မှာတော့ ပရိသတ်များ၏ လက်ခုပ်သံများ ထွက်ပေါ်လာခဲ့တော့သည်။




ထို့နောက် ဟိုတယ်တစ်ခုတွင် မင်္ဂလာညစားစားပွဲကျင်းပသည့်အခါတွင် formal suitကိုယ်စီ ဝတ်ဆင်ထားသော အကြင်လင်လင်နှစ်ယောက်သည် ဝိုင်ခွက်ပြိုင်တူမြှောက်၍ ဆုတောင်းမင်္ဂလာပြုရန်ဆွဲခေါ်ခြင်းခံခဲ့ရလေသည်။




အန်းယုနှင့် ယီချန်းယန်က မင်္ဂလာပွဲကို ရိုးရိုးရှင်းရှင်း ပြုလုပ်ချင်သောကြောင့်  ယနေ့ ဧည့်သည် များများစားစား မရှိခဲ့ပါ​ချေ။ ယန်မိသားစုကဆိုလျှင် ယန်ကျွယ့်ပဲရှိပြီး ချင်နွော်ရှီက သူ့ဘေးတွင် ရပ်နေသည်။




"ကော ကောနဲ့နွော်ရှီ အကောင်းဆုံးလုပ်ရမယ်နော်... ​​ကောတို့ရဲ့မင်္ဂလာညစာစားပွဲမှာ တတ်နိုင်သမျှအမြန်ဆုံးသောက်ရဖို့ ကျွန်​တော်မျှော်လင့်တယ်"


ယန်အန်းယုက ပြုံးကာပြောလိုက်၏။ 




ယန်ကျွယ့်က ခေါင်းအသာညိတ်လိုက်သည်။


"အင်း အချိန်တစ်ခုကြာရင်လာမှာပေါ့"




ယခုတွင်၊ သူက ရှန်းဟွမ်ရှိ  သူ၏ရာထူးကို ခိုင်မာအောင်ပြုလုပ်ရန် လိုအပ်နေသေးပြီး ချင်နွော်ရှီကလည်း သူ၏အသက်မွေးဝမ်းကြောင်းလုပ်ငန်း မြင့်တက်လာသည့်အဆင့်တွင်သာ ရှိနေသေးသည်။ ဤကိစ္စများက မတည်မငြိမ်ဖြစ်​နေခဲ့သည်။မည်သို့ပင်ဆိုစေ သူနှင့် ချင်နွော်ရှီက အတူတကွ နေထိုင်နေပြီဖြစ်​လေသည်။




ထို့အပြင် ယန်ကျွယ့်က ချင်နွော်ရှီကို ယန်မိသားစု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လုံးဝ တရားဝင် ဖြစ်လာစေရန် သူ့အ​မေ၏ခွင့်ပြုချက်ကို ရယူလိုခဲ့သည်။ ဤလုပ်ငန်းစဉ်က ခက်ခဲကြမ်းတမ်းသော်လည်း သူ့​​အ​မေ၏သဘောထားသည် တဖြည်းဖြည်းပြောင်းလဲနေပြီဖြစ်သည်ကို သူခံစားမိသည်။




"ဟားဟား ဒါပေမဲ့ ကျွန်​တော့်ကို အကြာကြီး မစောင့်ခိုင်းနဲ့နော်"




"ရှောင်ယု သူခေါင်းညိတ်ရုံက အသုံးမဝင်ဘူး...ငါက သဘောတူဖို့ မဆုံးဖြတ်ရသေးဘူး"




ထိုအချိန်တွင် ချင်နွော်ရှီ၏စကားများက သူတို့အား ထိတ်လန့်သွားစေသည်။ ယန်အန်းယုလည်း ချက်ချင်းပင် အံ့အားသင့်သွားပြီး ယန်ကျွယ့်ပင် သူ့ကို ထိတ်လန့်စွာကြည့်မိလိုက်သည်။




"ဥက္ကဋ္ဌယန် ခင်ဗျား ကျွန်​တော့်သီချင်းကို ကောင်းကောင်းဆိုတတ်မှ ဆက်ပြောရအောင်"




ချင်နွော်ရှီက မျက်ခုံးပင့်လိုက်ပြီး သူ့အပြုံးက အဓိပ္ပါယ်များစွာပါနေသည်။




ယန်ကျွယ့်က ခေတ္တတန့်​နေပြီးမှ ကူကယ်ရာမဲ့ ဆိုလေသည်။


"နားလည်ပါတယ်"




သီချင်းဆိုတာလား...ချင်နွော်ရှီက ကောကောတစ်ယောက်တည်းအတွက် သီချင်းရေးခဲ့တာများလား...ဒါပေမဲ့ ကောကောက သီချင်းမှမဆိုတတ်တာ...ဒါက...




ဖူး...ယန်အန်းယု သူ့စိတ်ထဲမှာ ကျိတ်ရယ်နေပေမဲ့ အများကြီးဆက်မမေးတော့ပေ။မည်သို့ပင်ဖြစ်စေ ဤသည်က သူတို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်သေးသေးလေးဖြစ်ပေသည်။




ယန်အန်းယုနှင့် ယီချန်းယန်တို့၏ မင်္ဂလာပွဲ အခမ်းအနားမှာ သူတို့၏ မန်နေဂျာများဖြစ်ကြသော လီယဲ့နှင့်ချီစန်းတို့ တက်ရောက်ခဲ့ကြပြီး ထန်း​ကော်ကလည်း သဘာဝအတိုင်း ပါလာခဲ့သည်။ သူတို့အပြင် တခြားသူများမှာ အနည်းနှင့်အများဖြစ်ပြီး ဖျော်ဖြေရေးနယ်ပယ်မှ နာမည်ကြီး အဆိုတော်များနှင့် သရုပ်ဆောင်များက ခပ်များများ​ဖြစ်လေသည်။




ဂီတလောက၏ ပထမတန်းစား အဆိုတော် ကျန်းကျီချမ်လည်း တက်ရောက်ခဲ့သည်။ကိစ္စများကဤအခြေအနေဖြစ်ပြီဖြစ်ရာ သူက သူ၏ယီချန်းယန်အပေါ်ထားသည့် အတွေးများကို ဖြတ်တောက်ပစ်လိုက်​ပြီ​ဖြစ်သည်။ယီချန်းယန်က သူ့ကို စကားမပြောဘဲ တစ်ချက်ပဲကြည့်လိုက်သည်။ထိုအစား သူက ယန်အန်းယုကို သူ့ဘေးသို့ဆွဲခေါ်လိုက်လေ၏။




"​ရှောင်ယု ဒီရေခဲတုံး ချန်းယန်က မင်းကြောင့် အရည်ပျော်သွားပြီမို့ မင်းတာဝန်ယူရမယ်နော်... အခုကစပြီး မင်းသူ့ကို ကောင်းကောင်းဂရုစိုက်ရမယ်"




ကျန်းကျီချမ်က ယန်အန်းယုကို ပုတ်ရင်း ရုတ်တရက် အဒေါ်​ကြီးတစ်ယောက်လို အကြိမ်ကြိမ် သတိပေးနေခဲ့သည်။




သူနှင့်ယီချန်းယန်တို့က သူငယ်ချင်းကောင်းများဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် နှစ်အတော်ကြာ သိကျွမ်းခဲ့ကြသည်။ နောက်ဆုံးတွင် တစ်ဖက်လူမှာ အိမ်ရှိလာပြီဖြစ်သည့်အခါ ထိုအိမ်က သူမဟုတ်ပေငြား စိတ်သက်သာရာရသွားဆဲပါပင်။




ယန်အန်းယုက ခေါင်းအတွင်တွင်ညိတ်သည်။


"အင်း ...စိတ်မပူပါနဲ့ Shawnကော"




ယန်အန်းယု နှင့် ယီချန်းယန်တို့ ကောလီရှု ဆီသို့ လျှောက်လာသောအခါတွင် သူ့လက်ထဲမှ ဝိုင်ဖန်ခွက်က အနည်းငယ်တုန်သွားကာ သူ့စိတ်ထဲတွင် အဆင်မပြေဖြစ်ပြီး ရှုပ်ထွေးနေဆဲဖြစ်သည်။




စင်စစ်အားဖြင့် ကောလီရှုခင်ဗျာ တချိန်လုံး သတင်းအမှောင်ချခံထားရပြီး ယန်အန်းယုက သူ့ကို ဖိတ်စာကတ်ကို ရုတ်တရက် ပေးလာခါမှသိလိုက်ရခြင်းဖြစ်လေသည်။




တကယ်​ကြီး သူ့ကို ယီချန်းယန် နဲ့ ယန်အန်းယုတို့ရဲ့ မင်္ဂလာဆောင်ကိုတက်ခိုင်းတာလား...


ကောလီရှု တုန်လှုပ်သွားပြီး ​သူ့​ဘဝ​ကြီးကိုပင် သံသယဝင်နေမိသည်။




သို့သော်၊ သူတို့ကြားရှိ ကြီးမားပြီး ရိုးသားသော ခင်မင်ရင်းနှီးမှုကြောင့် ကောလီရှု သူ့ခေါင်းထဲတွင် ရုန်းကန်မှုများစွာကို ဖြတ်သန်းပြီးနောက် ဤအဖြစ်မှန်ကို လက်ခံခဲ့သည်။




စုချင်ကျားက အပေါ်ယံ့တွင် ခပ်တန်းတန်းနေတတ်သည်ဟု ထင်ရသော်လည်း နှလုံးသားထဲတွင် သူမ အလွန်စိတ်လှုပ်ရှားနေပြီး ငိုတော့မလိုဖြစ်နေသည်။




သူမ၏ချစ်စရာကောင်းသော RPF CP လေးက တကယ်ကို အစစ်အမှန်လက်ထပ်ခဲ့ကြသည်။လူတစ်ယောက်က အသက်အရွယ်အတိုင်းအတာတစ်ခုရောက်လာသမျှ ကာလပတ်လုံး ဘယ်အရာကိုမဆိုမြင်နိုင်ပေသည်။


(T/N—Real Person Fiction လူအစစ်များကို fanficရေးခြင်း)




ကုရှင်းလည်း သဘာဝအတိုင်း ရောက်လာခဲ့သည်။သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ သူမတစ်ယောက်တည်းသာမဟုတ်ပါချေ။ သူမ၏အစ်ကိုဖြစ်သူ မစ္စတာကု နှင့် သူအစ်ကို၏ခင်ပွန်း ဥက္ကဋ္ဌလန်တို့လည်းပါလာခဲ့သည်။




"ရှောင်ယု မင်းဘက်က​နေငါ့ကိုဖိတ်လိမ့်မယ်လို့ မထင်ခဲ့မိဘူး...ငါတို့က မင်းကို ဒုက္ခမဖြစ်စေပါဘူးနော်"


မစ္စတာကုက ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်ပြီး စိတ်ထဲတွင်က အနည်းငယ် စိုးရိမ်နေဆဲဖြစ်သည်။




"မဖြစ်ပါဘူး"


ယန်အန်းယုက လက်ကိုဝှေ့ယမ်းပြီးပြောလိုက်၏။




"မစ္စတာကုက တစ်ချိန်က ကျွန်​တော့်ကို ကူညီပေးခဲ့တယ်...ပြီးတော့ ကျွန်တော့်ဖန်လည်းဖြစ်သေးတယ်... အများအားဖြင့် fanmeetingတွေမှာ ခင်​ဗျားကိုတွေ့ရခဲပေမဲ့ နောက်ကနေ တိတ်တိတ်လေး အားပေးနေတယ်ဆိုတာ ကျွန်​တော်သိပါတယ်...ကျေးဇူးတင်ပါတယ်ဗျ"




"ဒါက ဥက္ကဋ္ဌလန်လား" 


ယီချန်းယန် ၏အကြည့်က ပြောင်းသွားပြီး မစ္စတာကု အနားရှိ အရပ်ရှည်ရှည်လူကို ကြည့်လိုက်သည်။




ယန်အန်းယုလည်း လိုက်ကြည့်လိုက်ကာ သူ့ကို အကဲဖြတ်ကြည့်လိုက်သည်။မစ္စတာလန်က တကယ်ကို အရပ်ရှည်ပြီး ချီစန်းနှင့် အတူတူလောက်ဖြစ်၏။သူ၏ အရပ်က 190 cmကျော် ရှိပြီး သူ့မျက်နှာက လေးနက်ပြီး တင်းမာ၏။ သူကစကားပြောရသည်ကို မကြိုက်ပုံရလေသည်။




"အင်း သူက ဥက္ကဋ္ဌလန်"




ကုရှင်းက စ​နောက်လိုက်၏။ ယ​နေ့မူလက သူမနှင့်​အစ်ကိုကြီးပဲ လာရမှာ ဖြစ်​သင့်​​သော်​လည်း အိမ်​ရှိ ဇနီးချစ်​သရဲက သူ့ဇနီးအတွက်​ အလွန်​စိုးရိမ်​​နေပြီး အရှက်​မရှိ​နောက်​ကလိုက်လာသည်​။




"ငါ့​ကောက သူ့အိုင်ဒေါကို​တွေ့ဖို့လာခဲ့တာလေ...သူကတော့..."




"စိတ်ကူးစိတ်သန်းရှာဖို့"


မစ္စတာလန်က ရုတ်​တရက်​ထစကား​ပြောလိုက်သည်​။




ယီချန်းယန်၏ နှုတ်ခမ်းများသည် ချက်ချင်းပင် သိလေဟန်ဖြင့် ကွေးညွှတ်သွားကာ ယန်အန်းယုကမူ ခေါင်းရှုပ်သွား၏။ဘာစိတ်ကူးစိတ်သန်းလဲ... သူဘာလို့ နားမလည်တာလဲ...




"အိုး ရှောင်ယု ကျေးဇူးပြုပြီး သူ့စကားတွေကို စိတ်မဆိုးပါနဲ့" 


မစ္စတာကုလည်း အနည်းငယ်ရှက်သွားပြီး ခေါင်းစဉ်ကို အမြန်ပြောင်းလိုက်သည်။




"လန်ရန် ဒီလို မျက်နှာကြီးတင်းမထားနဲ့... နည်းနည်းလောက် ပြုံးဦး"




ထိုသို့ဖြင့် မစ္စတာကုက မစ္စတာလန်၏ နှုတ်ခမ်းထောင့်စွန်းကို ဆွဲဆန့်​ပေးလိုက်ပြီး စကားမပြော ပြုံးမပြတတ်သည့် မစ္စတာဥက္ကဋ္ဌကို ဖော်ရွေပြုံးလေးအနည်းငယ်ပြုံးပြနိုင်အောင် ကူညီပေးလိုက်​လေ၏။ 




ယန်အန်းယု: "..."




"ရှောင်ယု မင်းတို့ ပျော်ရွှင်​စရာဘဝ​လေး ပိုင်ဆိုင်နိုင်ပါစေ"


နောက်ဆုံးမှာ မစ္စတာကုက အပြုံးလေးနှင့် ပြောလိုက်၏။




သူစကားဆုံးသောအခါ မစ္စတာလန်က နောက်မှလိုက်ကာ ပြော၏။


"ပျော်ရွှင်​စရာဘဝလေး ဖြစ်ပါစေ"


(မစ္စတာလန်​ပြောတာက အထက်ကပျော်ရွှင်စရာဘဝလေး ပိုင်ဆိုင်နိုင်ပါစေနဲ့ အသံထွက်အတိအကျတူပေမဲ့ အက္ခရာက ပြောင်းသုံးထားပြီး ပျော်ရွှင်စရာ လိင်မှုဘဝလေး ပိုင်ဆိုင်နိုင်ပါစေဆိုတဲ့အဓိပ္ပါယ်ပါ)




"..." 




ယန်အန်းယု မှင်တက်သွားရပြန်သည်။ ဒီစကားက မစ္စတာလန်ရဲ့ပါးစပ်ကနေ ထွက်လာတော့ ထူးဆန်းနေတာ ဘာကြောင့်လဲ...




မင်္ဂလာ​​ဆောင်အကြို​နေ့တွင် ယန်အန်းယုနှင့် ယီချန်းယန် တို့သည် ချစ်ခင်ရသူများဆီက သာမက၊အခြားလူအနည်းငယ်ထံမှပါ ကောင်းချီးမင်္ဂလာများ ရရှိခဲ့ကြသည်။




နိုင်ငံခြားမှာနေထိုင်သည့် ဖန်ငယ်လေးခဲ့မုန့်အိုက်ကလည်း အသံမက်ဆေ့ချ်ပို့လိုက်လေသည်။သူမက ယန်အန်းယုကို သီချင်းတစ်ပုဒ်ဆိုပြပြီးရယ်ရယ်​မောမော​ပြောလေသည်။




"ရှောင်ယုကောကော ကောကောတို့ ကြင်စဦးမောင်နှံနှစ်ယောက်ပျော်ရွှင်ပါစေနော်"




"အိုး မှားလို့... ဖေဖေက ​ကော​ကောတို့လက်ထပ်ထားတာ တော်တော်ကြာနေပြီလို့ ပြောတယ်...ဒါဆို ဒီထက်မက ပိုပိုပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်"




"ကျေးဇူးတင်ပါတယ်...မင်းရောပဲ"


ယန်အန်းယုက ပြုံးလိုက်သည်။




ထိုနောက်မှာတော့ ယန်အန်းယု အံ့သြသွားရသည်က ကျန်းဟိုင်ကော်ပိုရေးရှင်းက ထန်းရှောင်အစား ဆုမွန်ကောင်းများနှင့် လက်ဆောင်တစ်ခု ပို့ပေးလိုက်ခြင်းပါပင်။




ဤနှစ်နှစ်တာကာလအတွင်း ထန်းရှောင်က သူ့ ရှောင်ကျို့၏ နီးနီးကပ်ကပ် အုပ်ချုပ်ခြင်းခံနေရပုံရသည်။ထန်းရှောင်က ဖျော်ဖြေရေးလောကထဲမှာ ဆက်လက် ဖွံ့ဖြိုးတိုးတက်နေသော်လည်း ၎င်းတို့နှင့်အတူ သရုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ခြင်း သို့မဟုတ် တူညီသောပွဲများတွင် ပါဝင်တက်​ရောက်ခြင်းမပြုရန် အတတ်နိုင်ဆုံးလုပ်ဆောင်ခဲ့သည်။ သူက သူ၊ချင်နွော်ရှီနှင့်ယီချန်းယန် တို့နှင့် အလွန်ဆက်ဆံခဲ​လေသည်။




အာ ဒီလို ရက်စက်တဲ့ရှောင်ကျို့ ရဲ့ 'ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှု' ကြောင့် ထန်းရှောင် မိုက်မဲတဲ့ လုပ်ရပ်တွေ ထပ်မလုပ်ဖြစ်တော့တာ ဖြစ်နိုင်တယ်...




တစ်ချိန်တည်းမှာပင်၊ ယီချန်းယန်၏ အင်အားကြီးပြိုင်ဘက်ဖြစ်သောအိမ်နီးချင်း ဟွားချန်အင်တာတိန်းမန့်မှ ရုပ်ရှင်ဧကရာဇ်ရှုက WeChat မက်​ဆေ့ချ်ပေးပို့ခဲ့သည်။




ရှုစစ်ယွမ်:[မင်းလို ဒီtsundereဧကရာဇ်က တကယ်လက်ထပ်သွားတာပဲ အာ_(:3)∠)_]




တစ်ဖက်လူက ပြိုလဲလုနီးပါး​ဖြစ်​နေပုံပေါ်သည်ကို ​​တွေ့လိုက်ရသောအခါ ယီချန်းယန်က ဓားတစ်ချောင်းထပ်ထည့်​ပေးလိုက်သည်။




[ငါက လက်ထပ်ပြီးတာကြာကြာပေါ့ ]




ရှုစစ်ယွမ်: [အရင်တစ်ခုက အဓိပ္ပါယ်မတူဘူးဆိုတာ ငါသိတယ်...အခု မင်းက တကယ်...]




[ငါ... ငါ လုံးဝ မနာလိုမ​ဖြစ်ဘူးနော်


 (>﹏<)]




ယီချန်းယန်: [ဪ အရမ်းကြီးမနာလိုဖြစ်မ​နေပါနဲ့]




ရှုစစ်ယွမ်:ဘိုင်][ဘိုင်][ဘိုင်




ယီချန်းယန်: [...ဒါပေမဲ့ မစ္စတာသုံးနှစ်သားရှုရေ မင်းမှာ သားတစ်ယောက်ရှိနေပြီဆိုတာ သိသာထင်ရှားပါတယ်နော်]




ရှုစစ်ယွမ်:[ဒါပေမဲ့ ငါ နေ့တိုင်း ပရိုပို့စ်လုပ်နေတာ နေ့တိုင်း အ​ငြင်းခံ​နေရတယ်QAQ]




အိမ်နီးနားချင်း ရုပ်ရှင်ဧကရာဇ်ရှုက စကားလုံးတိုင်းမှာ ဝမ်းနည်းကြေကွဲနေပြီး စာကြောင်းတိုင်းမှာ မျက်ရည်ကျ​နေသည်ကို တွေ့ရသောအခါ ယီချန်းယန် သူ့နှလုံးသားထဲတွင် တိတ်တဆိတ် ကျေနပ်သွားသလို ခံစားလိုက်ရကာ သူ့စိတ်အခြေအနေလည်း ပိုကောင်းလာသည်။




[သုံးနှစ်သားရှု အကောင်းဆုံးဆက်လုပ်ပါ]




မင်္ဂလာဆောင်ပြီးသည့်ညကို ရောက်​ပြန်သည့်အခါ၊ အချို့သောရှုထောင့်အရ၊ဤသည်ကို ယီချန်းယန်နှင့်ယန်အန်းယုတို့၏ မင်္ဂလာဦးညဟု ယူဆနိုင်လေသည်။




► NSFW




ယနေ့ညတွင် ယီချန်းယန် ယန်အန်းယု အတွက် ပါပီဆက်စီဝတ်စုံကို အထူးတလည် ပြင်ဆင်ထားသည်။ယန်အန်းယုက ခွေးနားရွက်ကို ၀တ်ထားရုံသာမက၊ ယခုတစ်ကြိမ်တွင် သူ့လည်ပင်းတစ်ဝိုက်တွင် ကော်လာတစ်ခုပါရှိပြီး၊ သူ၏တင်ပါးနောက်တွင် "အမြီး" ပင်ပါသည်။အနှီ အတော်လေးထူးခြားသောအသုံးအဆောင်ပစ္စည်းက ယန်အန်းယုကို မျက်ရည်များ ဆက်တိုက်လျှံကျပြီး အောက်ပိုင်းကိုယ်ထည်သည် စေးကပ်နေသည်အထိ အမှန်တကယ်ပင် နှိပ်စက်ခဲ့သည်။အဝတ်စတစ်ပိုင်းလေးက သူတို့နှစ်ယောက်၏အောက်က အိပ်ရာခင်းကို တွန့်ကျေ​ပြီး စိုရွှဲသွားစေခဲ့​လေသည်။




တိုက်ပွဲနောက်တစ်ချီတွင် ယီချန်းယန်က သူ၏လက်ချောင်းထိပ်များကို သုံးကာ ယန်အန်းယု​၏ ရင်ဘတ်ပေါ်ရှိ နူးညံ့သော အရာနှစ်ခုကို ဖိချေပေးပြီး ၎င်းတို့အား ပို၍စူထောင်ထောင်ဖြစ်လာစေသည်။ယန်အန်းယုက ပြိုင်ဘက်နှင့် ပူးပေါင်းရန် ခေါင်းကို မတ်မတ်ထားထားပြီး အထိန်းအကွပ်မဲ့စွာ ညည်းနေသည်။အသံက နှုတ်ခမ်းနှစ်စုံ အကြားမှ လွတ်မြောက်ထွက်ပြေးလာခြင်းဖြစ်လေသည်။




ထို့နောက် ယီချန်းယန်က ယန်အန်းယုကို ရင်ဘက်ကနေ ခါးဆီတလျှောက် ငုံ့ကာ လျက်လိုက် နမ်းလိုက်လုပ်ရင်း ဆင်းသွားသည်။တွန့်လိမ်နေရင်း ယန်အန်းယုက ဆွဲဆောင်မှုရှိသော ပင်သက်ရှိုက်သံလေးအား ထုတ်လွှတ်လိုက်သည်။အနက်ရှိုင်းဆုံးနေရာက စတင်ကာ ယားယံလာပြီး တစ်စုံတစ်ခုကို တောင့်တလာသည်။




ယီချန်းယန်က သူလိုချင်သည့်အရာကို သိသည့်အတွက် အနေအထားပြောင်းပြီး ယန်အန်းယုခါးကို ကိုင်ကာ အနောက်ကနေ တိုးဝင်လိုက်တော့သည်။သူ့ရှေ့က ဖြူဖွေးနူးညံ့သော အသားလုံးနှစ်လုံးကို ကြည့်ပြီး ယီချန်းယန် ထပ်ခါတလဲလဲ နက်နက်ရှိုင်းရှိုင်းထိုးသွင်းနေခဲ့သည်။ရိုက်ခတ်သံများက သူတို့၏ နားစည်များကို လှုံ့ဆော်ပေးနေ​လေသည်။ရုတ်တရတ် ယန်အန်းယု တုန်သွားပြီး အရှေ့ကနေ အနည်းငယ်ပို စိမ့်ထွက်လာခဲ့သည်။




ယီချန်းယန်က အထိမခံနိုင်သောနေရာကို သူတွေ့သွားမှန်းသိ၍ ရယ်မောကာ ထိုနေရာကို အင်အားအပြည့်ဖြင့် တိုက်ခိုက်ခဲ့သည်။




အာ့...ညည်းသံကလွဲ၍ ယန်အန်းယု ကျန်စကားလုံးများကို အပြည့်အဝမထွက်နိုင်တော့ပေ။သူ့ရင်ဘက်ထိ​ရောက်​အောင် ထိုးသွင်းခံရတော့မလို မျိုး သူ ခံစားရသည်... အလွန်ကို နက်လွန်းသည်။ သို့သော် ပျော်ရွှင်မှုက သူ့တစ်ကိုယ်လုံးပျံ့နှံ့သွားသည်။သူ့ဆံပင်မှ ခြေဖျားအထိ အရာအားလုံးက လျှပ်စစ်ဓာတ်စီးဆင်းနေပုံရပြီး ဆဲလ်တိုင်းက ထိန်းမနိုင်သိမ်းမရ တုန်ရီ​နေကြသည်။




နောက်ဆုံးမှာ မျက်နှာဆိုင်ဖြစ်အောင် ယီချန်းယန်က ယန်အန်းယုကို ​ပြန်လှည့်လိုက်သည်။သူ့မျက်နှာ နီမြန်း​နေသည်ကို မြင်သောအခါ ယီချန်းယန် သူ့ကို မနမ်းဘဲ မ​နေနိုင်တော့ပေ။ခဏအကြာတွင် သူလည်း သူ့ကို သူ၏ ပူကျစ်နေသော အရည်ပူပူများအားလုံးကို ​​​​​ကျွေးလိုက်​တော့​​လေသည်။




ထိုအချိန်တွင် ယီချန်းယန်က သူ့နားနားသို့ကပ်ကာ တီးတိုးပြောလိုက်၏။


"ပေါင်ပေ့ ရှောင်ယု ကိုယ်မင်းကို ချစ်တယ်"




ခဏအကြာတွင် ယန်အန်းယု၏မိန်း​မောနေသော မျက်လုံးများက တဖြည်းဖြည်း အသိစိတ်အချို့ပြန်လည်ရရှိလာသော်လည်း သူ့မျက်လုံးများက မြူဆိုင်းနေဆဲဖြစ်ပြီး ​သူ့အသံမှာပင် အားနည်းနေပြီး ခွန်အားအနည်းငယ်မှရှိမနေပေ။


"ချန်းယန် ကျွန်တော်...တစ်စစီ ပျက်စီးသွားတော့မလို ခံစားရတယ်..."




တစ်ယောက်သောရုပ်ရှင်ဧကရာဇ်ကြီးက အိပ်ရာပေါ်၌ လှည့်ကွက်မျိုးစုံကိုသုံး​ပြီး သူ့ကို 'အနိုင်ကျင့်' ရာတွင် ပိုပိုတော်လာနေသည်။




"စိတ်မပူပါနဲ့"


ယီချန်းယန်က မျက်ရည်ရွှဲလဲဖြစ်နေသော ယန်းအန်ယုကို နမ်းလိုက်သည်။ 




"ကိုယ် မင်းကို ချစ်ပေးနေ​တယ်လေ ရှောင်ယု"




ယန်အန်းယု: "..."




တစ်နေ့တွင် သူလည်း သူတို့မိသားစုက ဝမ်းနက်မည်း ရုပ်ရှင်ဧကရာဇ်ကြီးကို ကောင်းကောင်း 'ချစ်ပေး' နိုင်မည့် အခွင့်အရေးကို သေချာပေါက်ရှာတွေ့နိုင်ရမည်။




"ဒါနဲ့ ရှောင်ယု နောင်မှာလည်း ကိုယ်တို့ ဒီလိုမျိုး ဇာတ်ကွက်တွေ ထပ်လုပ်​ကြမယ်နော်"




"ခင်ဗျား... ခင်ဗျားမှာ ဇာတ်ညွှန်းရှိတယ်လား"




"မစ္စတာလီလို့ခေါ်တဲ့ စာရေးဆရာတစ်ယောက်ရှိတယ်...သူ့ဇာတ်လမ်းကို ကိုးကားလို့ရတယ်"




"..." 




ယန်အန်းယု ချက်ချင်း ငိုချင်လာသော်လည်း မျက်ရည်ကမကျ။ သူ့ရင်ဘတ်က တဖန်နာကျင်လာသည်။ နောင်တွင်၊ သူ ထိုဇာတ်ရှုပ်ပြီး အလွန်အမင်း ညစ်ညမ်းသော fanfic များကို ယီချန်းယန်ကို ဖတ်ခွင့်ပြု၍မရတော့ပေ။




အကြင်လင်လင်စုံတွဲသည် ၎င်းတို့၏ ဟန်းနီးမွန်းကာလကုန်ဆုံးပြီးနောက် နိုင်ငံသို့ လေယာဉ်ဖြင့် ပြန်လာခဲ့ကြသည်။




ယန်အန်းယုက သူ့လက်ချောင်းပေါ်ရှိ လက်ထပ်လက်စွပ်ကို စိုက်ကြည့်နေသည်။ဤလက်စွပ်က သူနှင့် ယီချန်းယန်တို့ အမှန်တကယ်သက်ဆိုင်သော လက်ထပ်လက်စွပ်ဖြစ်​ပေသည်။သို့ပေမဲ့ သူက ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။


"တကယ် ဒီအတိုင်း ဆက်ဝတ်ချင်လိုက်တာ အာ"




"အိုကေ... ဒါဆို ကိုယ်လည်း မင်းနဲ့အတူတူ လိုက်ဝတ်မယ်" 


ထိုသို့ပြောကာ ယီချန်းယန်က ယန်အန်းယု၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ရိုးရိုးသားသားပြောရလျှင် သူလည်း မချွတ်ချင်ပေ။




"ချန်းယန် ကျွန်တော်တို့...လူသိရှင်ကြား ချ​ပြတော့မလို့လား"


ယန်အန်းယု အံ့သြသွားသည်။




"အင်း"


ယီချန်းယန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။


"ရှောင်ယု ဆန္ဒရှိရင်..."




ယန်အန်းယုက ပြုံးလိုက်သည်။ 




"ကောင်းပြီ ဒါပေမဲ့ အချိန်က မကျသေးဘူးလေ... အဲဒီနေ့ရောက်ရင် ကျွန်တော် ချန်းယန်ကို အချစ်ဆုံးဆိုတာ တစ်ကမ္ဘာလုံးကို ပြော​ပြမယ်"




ယီချန်းယန်က ပြုံးပြီး သူ့ပါးကို ပွတ်သပ်လိုက်သည်။


"အင်း ကိုယ်ရောပဲလုပ်မယ်"




ယ​နေ့မှစ၍ ရှက်စိတ်များ စိတ်လိုက်မာန်ပါလုပ်မှုများ ကင်းစင်သော နေ့ရက်များတွင် ၎င်းတို့နှစ်ဦးသည် ပို၍ အံ့သြဖွယ်ကောင်းသော မီးပွားလေးများကို အချင်းချင်း ပွတ်တိုက်ပြီး ဖန်တီးကြတော့မှာ သေချာပေသည်။၎င်းတို့၏ဘဝမှာလည်း မတူညီသော ​ပျော်ရွှင်ဖွယ်  အံ့သြစရာများ ရှိလာပေလိမ့်မည်။




👥️