Chapter 96 Extra
Viewers 5k


Chapter 96

 • June 21 at 09:46 AM

👥️Chapter 96


ယန်ကျွယ့်နှင့်ချင်နွော်ရှီ




သူရုတ်တရက် ထွက်သွားပြီးနောက် တစ်စုံတစ်ယောက်က ချင်​နွော်ရှီကို အချက်လက်အမှားများဖြင့် အပုပ်ချရန် အခွင့်အရေးယူခဲ့သည်။ ချင်​နွော်ရှီ၏ဖုန်းကလည်း အချိန်တစ်ခုလောက်အထိ ခေါ်မရသဖြင့် ယန်ကျွယ့်မှာ စိုးရိမ်လွန်း၍ ရူးတော့မလိုပင်။တစ်ဖက်မှာ ဤကိစ္စကို အရေးတကြီးဖြေရှင်းရန် ​ပြည်သူ့ဆက်ဆံရေးဌာနကို စေခိုင်းပြီး တခြားတစ်ဖက်မှာ ယန်ကျွယ့် ချင်နွော်ရှီကို နေရာတိုင်းမှာ လိုက်ရှာနေခဲ့သည်။




အချက်အလက်များစွာကို စုံစမ်းပြီးနောက် ချင်နွော်ရှီ၏ဇာတိမြို့က Nမြို့တော်ဖြစ်ကြောင်းသိခဲ့ရသည်။ ယန်ကျွယ့် ညတွင်းချင်း မြို့စွန်ဆင်​ခြေဖုံးရပ်ကွက်တစ်ခုဆီ အပြေးအလွှား သွားပြီး ချင်နွော်ရှီ၏ အိမ်တံခါးကိုခေါက်ခဲ့သည်။




ယန်ကျွယ့်ရောက်လာသည်ကို တွေ့လိုက်ရသောအခါ ချင်နွော်ရှီ၏မျက်နှာက အံ့အားသင့်မှုများဖြင့်ပြည့်နေခဲ့ပြီး သူ့နှလုံးသားက ရှုပ်ထွေးမှုများ၊မ​သေချာမှုများဖြင့် ပြည့်နေ၏။အိမ်ရှိအဖေချင်က ပို၍ပင်ဒေါသထွက်သွားပြီး ယန်ကျွယ့်ကို ထွက်သွားရန် ဆက်လက်အော်ဟစ်​​မောင်းထုတ်​နေခဲ့သည်။ 




သို့ပေမဲ့ ယန်ကျွယ့်က ထွက်မသွားဘဲ ချင်နွော်ရှီတို့အိမ်နားမှာပဲ တဝဲလည်လည်လုပ်နေခဲ့သည်။




၎င်းကို့​မြင်လျှင် ချင်နွော်ရှီ အနည်းငယ်စိတ်ညစ်သွားသလို အလွန်အမင်းလည်း ရှုပ်ထွေးသွားခဲ့သည်။




"ဥက္ကဠယန် ဘာလို့ ဒီလိုမျိုးအလုပ်ရှုပ်ခံနေတာလဲ...ကျွန်တော်က အဆိုတော်လေးတစ်ယောက်တင်ပါ...ကျွန်တောနဲ့ စာချုပ်မချုပ်နိုင်ရင်တောင် နောင်ကျရင် လူသစ်တွေ ပေါ်လာမှာပဲလေ...ဒီအသိုင်းအဝိုင်းထဲမှာလည်း ကျွန်တော့်နေရာမှာ အစားဝင်လာတဲ့ ဆယ်ကျော်သက်အိုင်ဒေါတွေပိုတောင်များလာဦးမယ်... ကျွန်​တောင့်ထက် ပိုကောင်းအောင် သီချင်းဆိုနိုင်တဲ့ လူငယ်လေးတွေ ရှိချင်ရှိဦးမှာပါ"




"မင်းက သူတို့နဲ့ မတူဘူး"


ယန်ကျွယ့်က စူးရှသော မျက်လုံးများဖြင့် ပြတ်ပြတ်သားသားပြောလိုက်၏။


"ချင်နွော်ရှီ မကြောက်ပါနဲ့...ဒီအသိုင်းအဝိုင်းထဲမှာ ငါ ရှိနေသေးတယ်... မင်းကို သန့်သန့်ရှင်းရှင်း သီချင်းဆိုနိုင်အောင် ငါလုပ်ပေးမှာ" 




ခဏတွင်းချင်း ချင်နွောရှီ နှလုံးသား နွေးထွေးသွားသလို ခံစားလိုက်ရပေမဲ့ သူမ မရယ်ဘဲမနေနိုင်ပေ။


"ဒါက ဘယ်လိုလုပ်ဒီ​လောက် ရိုးရှင်းမှာလဲ...ယန်ကျွယ့် မင်းက တစ်ခါတလေ အရမ်း ကလေးဆန်တယ်"




"ငါလုပ်နိုင်တယ်"


ယန်ကျွယ့်က ထပ်ပြီးအလေးပေးပြောလိုက်၏။




 "ငါ့ကိုယုံပါ ဟုတ်​ပြီ​လား"




ချင်နွော်ရှီ: "...ကောင်းပြီ " 




နောက်ပိုင်းမှာ ချင်နွော်ရှီက ယန်အန်းယုကို ဖုန်းခေါ်လိုက်သည်။ယန်ကျွယ့်၏ ရက်အနည်းငယ်ကြာ ညှဉ်းပန်းနှိပ်စက်ခံရပြီးမောသွားသည့်နောက်မှာ အဖေချင်က နောက်ဆုံးတွင် တစ်လှမ်းပြန်ဆုတ်ရန်ဆန္ဒရှိခဲ့ပြီး ဤကိစ္စကို ယာယီဖြေရှင်းပြီးသွားခဲ့သည်။




ချင်နွော်ရှီ၏ ပွဲဦးထွက်အပြီးမှာ သူတို့နှစ်ယောက်၏ဆက်ဆံရေးက အထက်လူကြီးနှင့် လက်အောက်ငယ်သားဖြစ်သလို သူငယ်ချင်းများဖြစ်ကြလေသည်။ယန်ကျွယ့်နှင့် ရင်ဆိုင်ရသောအခါ ချင်နွော်ရှီ သူ၏ နှလုံးသားကို ရံဖန်ရံခါ မထိန်းနိုင်ဖြစ်တတ်လေသည်။




"ယန်ကျွယ့် ငါ့အပေါ် အရမ်းသဘောကောင်းမ​ပြနဲ့...မင်းက ဒီလိုလုပ်နေရင် ငါ မင်းကို အတွေးလွန်မိလိမ့်မယ်"




"ဒါဆိုလည်း နည်းနည်းလောက်အတွေးလွန်လိုက်စမ်ပါ"




"အမ် "


ချင်နွော်ရှီ အနည်းငယ်လန့်သွားသည်။




ယန်ကျွယ့်က ပြုံးပြီး စကားဆက်မပြောတော့​ပေ။ သူတို့ကြားက သူငယ်ချင်းဆက်ဆံရေးကဲ့သို့သော ပိုက်ကွန်က အချိန်အတော်ကြာသည့်တိုင် ဖောက်ထွက်၍လွယ်မည့်ပုံမရပေ။




အချိန်ကာလတစ်ခုကုန်ဆုံးသွားပြီးနောက် ယန်ကျွယ့် မဒမ်ယန်က စီစဥ်ပေးသော ဘလိုင်းဒိတ်ကိုသွားတွေ့ခဲ့ပြီး ရှန်းသုန်းဟောင့်ကလည်း ချင်နွော်ရှီနှင့် မရှင်းမရှင်းဖြစ်နေခဲ့သည်။၎င်းတို့နှစ်ယောက်ကြားက နားလည်မှုလွဲမှားမှုများနှင့် ကွဲလွဲမှုများ ပိုမိုပြင်းထန်လာကာ နောက်ဆုံးတွင် လွတ်ထွက်တော့မည့်အခြေအနေကို ရောက်လာခဲ့သည်။




ပိတ်ရက်အတွင်းမှာ နှစ်ယောက်သား ပြဇာတ်အတူသွားကြည့်ရန် ချိန်းဆိုထားခဲ့သည်။သို့​ပေမဲ့ ​ယန်ကျွယ့်က ပေါ်မလာခဲ့ပေ။




ယန်ကျွယ့်က တခြားမိန်းမတစ်ယောက်နှင့် အများကြီးသောက်​နေပြီး


ချင်​နွော်ရှီက သူ့ကို မိုးရေထဲမှာ စောင့်နေခဲ့သည်။ထိုအကြောင်းကို ယန်ကျွယ့်သိသွားပြီးနောက် ယန်ကျွယ့်က စိတ်မကောင်းဖြစ်ကာ ကိုယ့်ကိုကိုယ်အပြစ်တင်မိပြီး ချင်နွော်ရှီကို သူ့ဗီလာသို့ အတင်းဆွဲခေါ်လာခဲ့သည်။




သူတို့အိမ်သို့ရောက်သောအခါ ရန်ဖြစ်ရင်း ယန်ကျွယ့်က ချင်နွော်ရှီကို ထပ်မံနမ်းလိုက်ပြန်လေသည်။နမ်းလိုက်ပြီးနောက်တွင် ပူလောင်နေသောခန္ဓာကိုယ်နှစ်ခုက တစ်ဖန်ပြန်၍ ထိန်းချုပ်၍မရ ဖြစ်လာသည်။




"ယန်... ယန်ကျွယ့် မင်း... ငါဘယ်သူလဲဆိုတာ သိလား"




အိပ်ယာပေါ်မှာ၊ ချင်​နွော်ရှီ၏မျက်နှာက နီမြန်းနေပြီး မထိန်းနိုင်စွာ ပင့်သက်ရှိုက်ကာ ညည်းနေခဲ့သည်။




သူ့ရှေ့က အမျိုးသားမှာ မျက်လုံးတောက်တောက်များရှိပြီး သွယ်လျသော လည်ပင်းဖြူဖြူကို အ​နောက်လှန်ထားပြီး ချွေးပုတီးစေ့လေးများက သူ့ပါးပြင်ဆီကနေ စီးကျလာ​နေသည်။ သူက ဆွဲဆောင်မှုရှိပြီး သွေးဆောင်ဖြားယောင်းနိုင်မှုအပြည့်ရှိနေသဖြင့် ယန်ကျွယ့်၏အောက်ပိုင်းက ပိုဖောင်းလာပြီး ပို၍ ပြင်းပြင်းထန် ထန်ဆောင့်တော့သည်။




"သိတာပေါ့... မင်းက ချင်နွော်ရှီ ငါ... ငါ့ရဲ့..."




ကိစ္စများ ဖြစ်ပျက်လာသည့်အခါတိုင်း ပေါ့ပါ့ပါးပါးပြုံးနေတတ်သည် ချင်နွော်ရှီက နာကျင်မှုကို သည်းခံကာ ယန်ကျွယ့်၏ ရက်စက်မှုကို ခံနိုင်ရည်ရှိရန်အတွက် သူ၏ ငယ်ရွယ်နုနယ်သော ခန္ဓာကိုယ်ကို အသုံးပြုခဲ့သည်။မိန်း​မောရင်း ချင်နွော်ရှီ လွန်ခဲ့သော ရှစ်နှစ်က ယန်ကျွယ့်ကိုမြင်နေရသလိုပင်။




သူက အမြဲလိုလို လူအုပ်၏ နောက်ကွယ်မှာ မတ်တပ်ရပ်နေတတ်သည်။သူသီချင်းဆိုသည်ကို တိတ်တိတ်လေး နားထောင်ရင်း သူ့မျက်လုံးများထဲမှာ ရံဖန်ရံခါ ရှုပ်ထွေးမှုများရှိနေ၏။ချင်နွော်ရှီက တစ်စုံတစ်ခုကိူ အနံ့ရနေ၍ ယန်ကျွယ့်ကလည်း ဘဝကို သတိထားပြီးဖြတ်သန်းနေသည့် ဝမ်းနည်းပြီး အထီးကျန်ဆန်သောသူဖြစ်ကြောင်းသိလေသည်။




အရိုင်းဆန်သည့် ညတစ်ညအပြီးမှာ ယန်ကျွယ့် အရက်ကြောင့် ခေါင်းကိုက်ပြီးနိုးလာခဲ့သည်။နောက်ဆုံးမှာ သူ့ မျက်ခုံးများကြားအလယ်ကို နှိပ်ရင်း အကြာကြီး တိတ်ဆိတ်သွားသည်...




သူ သူ့ကို သန့်သန့်ရှင်းရှင်း သီချင်းဆိုနိုင်အောင်လုပ်ပေးမည်ဟု အသေအချာ ကတိပေးခဲ့သည်။ဒါပေမဲ့ သူ့ကို ညစ်ညမ်းစေခဲ့သူက သူဖြစ်နေသည်တဲ့လား...




သူ့တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ချင်နွော်ရှီ၏ နှလုံးသားက ရုတ်တရက် ​ဆောင့်ခုန်သွားသည်။သူ ယန်ကျွယ့် နောင်တရနေသည်ကို ခံစားမိလေသည်။သူ စိတ်သက်သာရာရစေမည့် အပြုံးကို ညှစ်ထုတ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။




"ငါက ယောက်ျားပါ...တကယ်တော့ ဘာမှမဟုတ်ပါဘူး"




"ယန်ကျွယ့် မင်းငါ့ကိုတာဝန်ယူစရာမလိုဘူး...အပြစ်ရှိတယ်လို့လည်းခံစားစရာမလိုဘူး"




ချင်နွော်ရှီက သူ့အဝတ်အစားများကို အမြန်ပြန်ဝတ်ပြီး ထွက်သွားတော့မည်ပြုချိန်မှာပဲ ယန်ကျွယ့်က သူ့လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဖမ်းဆွဲထားလိုက်လေ၏။




"ယန်ကျွယ့်...ငါက မင်းကို အမြင့်တက်ဖို့အသုံးချ​ပြီး နေ့တိုင်း မင်းနဲ့ အိပ်​နေတယ်လို့ ကောလဟာလတွေကပြောနေတယ်...အတိတ်တုန်းက​တော့ မမှန်ပေမဲ့ အခု..."




"ထားလိုက်ပါ...ကျွန်တော် ခင်ဗျားရဲ့ဂုဏ်သိက္ခာကို မဖျက်စီးနိုင်ဘူး မစ္စတာယန်...ခင်ဗျားအတွက် မဒမ်ယန်ကို ရှင်းပြဖို့က မလွယ်ဘူး "




ချင်နွော်ရှီက သူ၏ အတွေးအားလုံးကို ဖုံးကွယ်ပြီး ပေါ့ပေါ့ပါးပါး ​လျောချပစ်ခဲ့သည်။




"..." 




ယန်ကျွယ့်က ခေါင်းငုံ့ကာ စကားတစ်ခွန်းမှ မပြောသလို သူ့လက်ကိုလည်း လွှတ်ပေးရန်ဆန္ဒရှိမနေပေ။




ယန်ကျွယ့်၏ အတွင်းစိတ်ထဲက ရုန်းကန်မှုကို နားလည်ကာ ချင်နွော်ရှီလည်း သူ့ရင်ထဲတွင် နာကျင်မှုကိုခံစားခဲ့ရသည်။သို့ပေမဲ့ သူက သူ့ကိုယ်သူ မျိုသိပ်ထားဆဲဖြစ်၏။




"ယန်ကျွယ့် မင်းက မိန်းမတစ်ယောက်နဲ့ လက်ထပ်ဦးမှာမလား"




သူစကားမဆုံးခင်မှာ ယန်ကျွယ့်က​အေးခဲသွားပြီး သူ့လက်ကို ဖြေလျှော့လိုက်သည်။ချင်နွော်ရှီက သူ့လက်ကို ဆွဲထုတ်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်၏။




"ယန်ကျွယ့် ငါတို့နှစ်ယောက် အရင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် မသိခဲ့ကြသင့်တာနေမယ်"




"ဒါက ပထမဆုံးနဲ့ နောက်ဆုံး အကြိမ်ပဲ ယန်ကျွယ့် ရပ်လိုက်ကြရအောင်"




ချင်နွော်ရှီက ယန်ကျွယ့်၏ အဖြေကိုမစောင့်ဘဲ ထွက်သွားခဲ့သည်။




ထို့နောက်တွင်၊ သူတို့နှစ်ဦးစလုံးသည် ချင်နွော်ရှီ၏ဘဝအတွေ့အကြုံနှင့် လိင်တူအချစ်​ရေးနှင့်ပတ်သက်၍ အရှုပ်တော်ပုံမပေါ်မချင်း ၎င်းတို့၏အသက်​မွေးဝမ်းကြောင်းနှင့်အလုပ်များဖြင့် အလုပ်ရှုပ်နေကြသည်။




ပြင်ပကမ္ဘာမှ လူအများ၏ထင်မြင်ယူဆချက်များနှင့် အငြင်းပွားမှုများကသာမက၊သူ့အတိိတ်အကြောင်းအရာကပါ သူ့ကို တိုက်ခိုက်နေခဲ့သည်။ထိုအချိန်အ​တောအတွင်းတွင် ယန်အန်းယုက ကားမတော်တဆမှုတစ်ခုကြောင့် ကိုမာဝင်သွားခဲ့သည်။မယုံနိုင်လောက်အောင်နောင်တရနေသော ချင်နွော်ရှီတစ်ယောက် မမျှော်လင့်ထားသော ထိုးနှက်ချက်တစ်ခုကိုရရှိခဲ့ပြီး သူ့ရင်ဘတ်ထဲက ကျောက်တုံးကြီးက သူ့ကို အသက်မရှူနိုင်သည်အထိ ဖိအားပေးနေခဲ့သည်။




ထိုအချိန်တွင် ယန်ကျွယ့်ကလည်း သူ၏ ခံစားချက်အမှန်များကို သဘောပေါက်လာခဲ့သည်။သူက နာခံမှုရှိသော သား ဆက်မလုပ်တော့ဘဲ မဒမ်ယန်ကို တွန်းလှန်ရန် အစပြုကာ ချင်နွော်ရှီ ရှေ့တွင် ရဲရင့်စွာ ရပ်​​ပေးခဲ့သည်။




"မငိုပါနဲ့ နွော်ရှီ"




ယန်ကျွယ့်က ချင်နွော်ရှီ၏ မျက်ရည်များကို ညင်သာစွာ သုတ်​​ပေးလိုက်ပြီး ချင်​နွော်ရှီကို ပွေ့ဖက်လိုက်၏။




"ငါ...ငါတောင်းပန်ပါတယ်...မင်းငါ့ကို မသိသလို ဟန်မဆောင်ပါနဲ့​တော့...လွန်ခဲ့တဲ့ ရှစ်နှစ်ကအဲဒီလူက လုံးဝ မင်းပဲလေ"




နှစ်ပေါင်းများစွာက ခါးသီမှုများက ရုတ်တရက် ယိုဖိတ်ထွက်လာခဲ့သည်။ကချင်နွော်ရှီ ရှိုက်ရင်းပြောလိုက်၏။




 "မင်း... မင်းနောက်ကျတယ်"




ထိုအချိန်တွင် ချင်နွော်ရှီက ယန်ကျွယ့် နှင့် သူငယ်ချင်းဖြစ်လို၍ သူ့အတွက် သီချင်းတစ်ပုဒ်ရေးခဲ့သည်။ချင်နွော်ရှီက ယန်ကျွယ့်၏ နာမည်ကို သုံးရန် ရည်ရွယ်ထားသည့်အတွက် ထိုသီချင်းကိုနာမည်မပေးခဲ့ပေ။သို့ရာတွင် သူ့အသက် ဆယ့်ခုနစ်နှစ်တုန်းက ယန်ကျွယ့်၏နာမည်ကို မသိခဲ့ပေ။




အမေရိကန်ပြည်ထောင်စုမှ မထွက်ခွာမီတစ်ရက်အလိုတွင် ချင်နွော်ရှီ ယန်ကျွယ့်ကို အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သည်။ညဘက်မိုးရွာသည့်တိုင် သူစောင့်နေဆဲဖြစ်သော်လည်း ယန်ကျွယ်က လုံးဝ ပေါ်မလာပေ။




" ဟုတ်တယ် ငါရှစ်နှစ်နောက်ကျသွားတယ်... တောင်းပန်ပါတယ်"




"ယန်ကျွယ့် ဒီတစ်ခါ မင်းတကယ်စဉ်းစားပြီးပြီလား"




"အင်း ငါသေသေချာချာ​စဥ်းစား​ပြီးပြီ...ငါ ယောကျာ်း​တွေကိုသဘောမကျဘူး...ဒါပေမဲ့ ငါ အရမ်းကိုသေချာတာက..."




ယန်ကျွယ့်က ခေတ္တရပ်လိုက်ပြီး သူ၏အဖြူအမည်းမျက်လုံးများထဲမှာ ရိုးသားမှုတို့လက်နေခဲ့သည်။




"ငါမင်းကို ချစ်တယ် ချင်နွော်ရှီ" 




Sမြို့တော် တောင်ပိုင်း ခရိုင်မှာ ယန်ကျွယ့်က နောက်ထပ်အိမ်တစ်လုံးဝယ်ပြီး ချင်နွော်ရှီနှင့် အတူနေခဲ့သည်။




ညဘက်တွင် စိတ်အားထက်သန်စွာ လေ့ကျင့်ခန်းလုပ်ပြီးနောက် ယန်ကျွယ့်က ချင်နွော်ရှီ၏ခါးကို အနောက်မှ ပွေ့ဖက်ပြီး ချင်နွော်ရှီ၏ ချောမွတ်နေသော ကျောပြင်ကို နမ်းလိုက်ကာ နားရွက်ကို ညင်သာစွာ လျက်လိုက်သည်။




"​နွော်ရှီ ငါမင်းကို ထောက်ပံ့​ပေးချင်တယ်... မင်းတစ်​ယောက်တည်းကိုပဲ တစ်ဘဝစာလုံး ထောက်ပံ့ပေးမယ်"




👥️


သူတို့ဇာတ်လမ်းက အရှည်မပါလို့သာပေါ့


မဟုတ်ရင် ယန်ကျွယ့်ကိုဆဲရဦးမယ် 


ခုတောင် ဆဲမိနေပြီ...


 သွေးတက်လိုက်တာနော်