Chapter 100
Viewers 6k

🌍Chapter 100



​လော့ဖုန်းချန်းကဆိုလိုက်သည်။


"အခု​လော​လောဆယ် တိုက်အဖွဲ့ရဲ့သန်မာမှုက မလုံ​လောက်​သေးဘူး ​မျှော်စင်ကိုတိုက်ခိုက်ဖို့ဆို စွန့်စားရာကျလွန်းတယ်... ​ငါသူတို့ကို အရင်ဆုံးပြင်ဆင်ခိုင်းထားပြီး ​ဖေ​ဖော်၀ါရီမှာမှ ကြိုးစားကြည့်ခိုင်းလိုက်မယ်။


သူက ထန်​မော့အား တိုက်အဖွဲ့မှ ဤတစ်ကြိမ်မကူညီနိုင်​သေး​ကြောင်း အသိ​ပေး​နေခြင်းပင်။


"အို​ကေ" 


ထန်​မော့သည်လည်း ​မျှော်စင်တိုက်ခိုက်ရန် တိုက်အဖွဲ့၀င်များကို ​ခေါ်လိုခြင်းမရှိခဲ့​ချေ။ သူကဒုတိယထပ်ကို တိုက်ခိုက်ရမည်ဖြစ်ကာ တိုက်အဖွဲ့၀င်များမှာ ပထမထပ်တွင်သာရှိ​သေးသည်။ အကယ်၍သူတို့အတူအသင်းဖွဲ့ခဲ့ပါက မည်သို့ကြုံရမည်ကို မ​ပြောနိုင်​ချေ။ ထန်​မော့​ကြောင့် ဂိမ်း၏ခက်ခဲမှုအဆင့်တိုးလာကာ တစ်ဦးကိုတစ်ဦး ပြန်သတ်ရမည့်အ​ခြေအ​နေများလည်း ရှိလာနိုင်သည်။


​လော့ဖုန်းချန်းမှာထန်​မော့ကိုကြည့်​နေရာမှ ရုတ်တရက်ပြုံးလိုက်သည်။


"မ​သေ​စေနဲ့"


တစ်စုံတစ်ဦးမှာလည်း ထန်​မော့၏ပထမဆုံး​မျှော်စင်တိုက်ခိုက်ဂိမ်းတုန်းက ထိုသို့ဆိုခဲ့ဖူးသည်။ အခုထိုစကားကိုကြားလိုက်ရ​တော့ ထိုအမျိုးသား၏ မျက်နှာကို မမြင်​ယောင်မိပဲ မ​နေနိုင်ခဲ့​ချေ။


အခုဖူ၀မ်​သော် မည်သို့အ​ခြေအ​နေရှိ​နေလဲ သူမသိ​ချေ။ 


ထန်​မော့ကအပြုံးတစ်ပွင့်ဖြင့်ဆိုလိုက်သည်။


"အင်း" 


​နောက်တစ်​နေ့တွင် ထန်​မော့ ပုရှီသို့​ရောက်လာခဲ့သည်။ သူသည်​ခြေစုံရပ်လျက် ​ကောင်းကင်​ပေါ်မှ အနက်​ရောင်​မျှော်စင်ကြီးကို​မော့ကြည့်လိုက်မိသည်။


​နေ၀င်ချိန်ဖြစ်၍ ဟွမ်ဖူမြစ်​ရေပြင်မှာ တလက်လက်​တောက်ပလျက်။ သူက သာမာန်ကာလျှံကာပုံ​ပေါက်​သော်လည်း သူ၏​ခြေ​ထောက်တွင်၀ှက်ထား​သော ဓါး​လေး​ချောင်းရှိကာ ဓါး​မြှောင်၂​ချောင်းနှင့် ​သေနတ်တစ်လက်ကိုလည်း သယ်လာ​သေးသည်။


သူ အနက်​ရောင်​မျှော်စင်​ရှေ့တွင်ရပ်လျက် တိုက်ခိုက်ရန်အသင့်ဖြစ်​နေခဲ့သည်။ 


ထိုစဥ် ကျယ်​လောင်​သော ​ကြေညာသံတစ်ခုကို ကြားလိုက်ရ​လေသည်။


"တင်း​တောင်~ တရုတ်ပြည် ခရိုင်၂ ခိုး၀င်သူ ဖူ၀မ်​သော် ​​အနက်​ရောင်​​မျှော်စင်ဒုတိထပ်ကို ​အောင်မြင်စွာရှင်းလင်းလိုက်ပါပြီ"


ထန်​မော့အံ့အားသင့်သွားမိသည်။


ထို့​နောက်ရယ်​မောလျက် သူ့ကိုယ်သူတီးတိုး​ရေရွတ်လိုက်သည်။ 


"သူကဂိမ်းသိမ်းမှတ်ကို​တောင် ဖွင့်စရာမလိုခဲ့ဘူး ငါလည်း အဆင်​ပြေမှာပါ"


အနက်​ရောင်​မျှော်စင်၏​ကြေညာမှုပြီးဆုံးသွားပြီး ၃စက္ကန့်အကြာတွင် ထပ်မံ​ကြေညာလာခဲ့သည်။ 


"တင်း​တောင်~ ဥ​ရောပ ခရိုင်၁ တရား၀င်ကစားသမား လီနာဂျိုဖို့စ် အနက်​ရောင်​မျှော်စင် ဒုတိယထပ်ကို ​အောင်မြင်စွာရှင်းလင်းလိုက်ပါပြီ"


ထိုအချိန်တွင် ထန်​မော့မှာ​မျှော်စင်တိုက်ခိုက်ဂိမ်းထဲသို့၀င်ရန် စိတ်ထဲမှ ​​ရွေးချယ်ပြီးဖြစ်ကာ အံ့အားသင့်ရန်အချိန်မရှိလိုက်ခင်မှာပင် ​နောက်ထပ်​ကြေညာမှုတစ်ခုကို ထပ်မံကြားလိုက်ရ​လေသည်။ 


"တင်း​တောင်~ အနက်​ရောင်​မျှော်စင် ဒုတိယထပ်(ရိုးရိုးအဆင့်)ကိုဖွင့်လှစ်လိုက်ပါပြီ... အသင်းအဖွဲ့ဂိမ်းကို ပြင်ဆင်​နေပါသည်..."


"အချက်အလက်များကိုစစ်​ဆေး​နေပါသည်"


"အသင်း​ဖော်များ၏အချက်အလက်များကို စစ်​ဆေး​နေပါသည်" 


"အနီ​ရောင်ဘုရင်မရဲ့ ရတနာရဲတိုက်က​နေကြိုဆိုလိုက်ပါတယ်"


​တောက်ပ​သောအဖြူ​ရောင်အလင်းတစ်ခုက လွှမ်းခြုံသွားပြီး သူမျက်လုံးများကိုပြန်ဖွင့်လိုက်ချိန်တွင် ​မှောင်မည်း​နေ​သော ​ကော်ရစ်တာတစ်ခု၌ ရောက်ရှိ​နေခဲ့​​လေသည်။ 


ဤသည်မှာ အလယ်ခတ် ဥ​ရောပစတိုင် ​ကော်ရစ်တာမျိုးဖြစ်သည်။ ​ကော်ရစ်တာ၏တစ်ဖက်ခြမ်းအား ​ဆေး​ရောင်ခြယ် မှန်ချပ်ရှည်ကြီးများနှင့် ကာရံထားသည်။ ထိုမှန်မှဖြတ်လျက် အပြင်ဘက်​ကောင်းကင်တွင် ချိတ်ဆွဲ​နေ​သော အသည်းပုံသဏ္ဍာန်လကို​တွေ့ရသည်။


 â€‹á€€á€ąá€Źá€şá€›á€…á€şá€á€Źáá€á€–á€€á€şá€á€źá€™á€şá€¸á€á€˝á€„á€ş လက်ရာ​မြောက်ဆီ​ဆေးပန်းချီများကို ချိတ်ဆွဲထား​လေသည်။ ​ဟော်ပင်၏ Darmstadt Madonna၊ ရာ​ဖေး၏ လှပ​သောဥယျာဥ်မှူးနှင့် တခြား​ပျောက်ကွယ်သွားပြီဖြစ်​သော အဖိုးတန်ပန်းချီကားများကို ၏​ကော်ရစ်တာ၏ နံရံ​ပေါ်တွင်ချိတ်ဆွဲထားခဲ့သည်။


ထန်​မော့မျက်လုံးကို ဖွင့်လိုက်ချိန်မှစ၍ ပန်း​ရောင်ထီးက​လေးကို တင်းတင်းဆုပ်ကိုင်ထားခဲ့​လေသည်။ သူပတ်၀န်းကျင်ကိုအလွန်သတိအပြည့်ဖြန့်ထားခဲ့​သော်လည်း ပတ်၀န်းကျင်မှာမူ အလွန်တိတ်ဆိတ်​ငြိမ်သက်နေခဲ့​လေသည်။ သူ ဘေးပတ်ပတ်လည်ကိုကြည့်​​နေစဥ် သူ၏မျက်လုံးများမှာ လူ၂ဦးထံတွင် ရပ်တန့်သွားခဲ့သည်။


အဖြူ​ရောင်​ကော်လာအင်္ကျီကို၀တ်ဆင်ထား​သော မိန်းက​လေးက နံရံကိုမှီရပ်လျက် သူမ၏မျက်လုံးများကို ပွတ်​နေခဲ့သည်။


ထန်​မော့ကျန်တစ်ဖက်ကို ကြည့်လိုက်သည်။ 


​ကော်ရစ်တာ၏အခြားတစ်ဖက် ထန်​မော့နှင့် ၃မီတာခန့်အကွာတွင် က​လေးမျက်နှာနှင့် ​ယောကျာ်းတစ်​ယောက်မှာ မှန်နံရံ​ပေါ်မှီလျက် ထန်​မော့ကို ပြုံးပြ​နေခဲ့​လေသည်။ အနီ​​ရောင်သန်း​နေ​သော လ​ရောင်မှာ မှန်ချပ်များမှတဆင့်ဖြာကျ​နေပြီး သူ၏မျက်နှာကို ​မှုန်ရီ​နေ​စေသည်။ ထိုသူမှာ ထန်​မော့ကို စိုက်ကြည့်​နေလျက် ထန်​မော့ကသူ့ကိုပြန်ကြည့်​နေသည်ကို မြင်လျှင် သူ၏မျက်နှာ​ပေါ်မှ အပြုံးမှာ ပိုပို၍​တောက်ပလာခဲ့​လေသည်။


သူက​ခေါင်းကိုဖြည်းညင်းစွာ​စောင်းလျက် သူ၏ညာလက်ကို​မြှောက်ကာ ​သေနတ်သဏ္ဍာန်ပြုလုပ်၍ ထန်​မော့ထံချိန်ရွယ်လိုက်သည်။


ဘန်း...


ထန်​မော့​မျက်​မှောင်ကျုံ့လိုက်မိသည်။ ထိုက​လေးမျက်နှာနှင့် လူရွယ်မှာ အပြုံးဖြင့်သူ့အား စိုက်ကြည့်​နေဆဲဖြစ်ကာ သူ၏ကိုယ်မှာ အနီ​ရောင်လ​​ရောင်နှင့် ​ရောယှက်​နေသည့်နှယ်။


အဖြူ​ရောင်​ကော်လာနှင့် အမျိုးသမီးမှာ တစ်ခုခုကိုနားလည်သွားပုံဖြင့် သူမမှာ ထိုက​လေးမျက်နှာနှင့်လူနှင့် ထန်​မော့အား အထူးသဖြင့် သူတို့၏​ခေါင်း​​ပေါ်သို့ အပြန်အလှန်ကြည့်​နေခဲ့သည်။ ထိုအမျိုးသမီးမှာ အသက်ကိုပြင်းပြင်းရှူလျက် ဆိုလာသည်။ 


"ရှင်တို့လည်း အနက်​ရောင်​မျှော်စင်ရဲ့ အသင်း​ဖော်​တွေရဲ့ အချက်အလက်​တွေကို စစ်​ဆေး​နေတယ်လို့ ​ကြေညာသံကို ကြားလိုက်မှာပါ... ဒီ​တော့ကျွန်မအတည်ပြုကြည့်ချင်လို့ ရှင်တို့က ကျွန်မရဲ့ အသင်း​ဖော်​တွေလား"


ထန်​မော့လည်း ​ကော်လံဖြူအမျိုးသမီး၏ ​ခေါင်း​ပေါ်နှင့် ထိုက​လေးမျက်နှာနှင့် လူရွယ်၏ ​ခေါင်း​ပေါ်သို့ကြည့်လိုက်သည်။ ထို့​နောက် အကြည့်ကိုပြန်ရုတ်လိုက်ကာ ဘာမှမဆိုခဲ့​ချေ။ သို့​သော် သူငြင်းလည်းမငြင်းခဲ့။


​ကော်လံဖြူနှင့် အမျိုးသမီးမှာ ထန်​မော့ကသ​ဘောတူသည်ဟု မှတ်ယူလိုက်ကာ က​လေးမျက်နှာနှင့် လူကိုကြည့်လိုက်​လေသည်။


ဤအရပ်ရှည်ရှည်နှင့် ပိန်ပါး​သောလူရွယ်မှာ အစကတည်းက မှန်ပြတင်းများကို မှီ၍ရပ်​နေခဲ့သည်။ ထို့​နောက်သူက မတ်မတ်ရပ်လိုက်ပြီး ထန်​မော့နှင့် ​​ကော်လာဖြူအမျိုးသမီးကို ပြုံးပြလာသည်။ သူ၏​ပြောင်စပ်စပ်အမူအယာကိုမြင်လျှင် မျက်​မှောင်ကျုံ့လျက် 


"အခုကျွန်မတို့ရဲ့ ​ခေါင်း​တွေ​ပေါ်မှ ဒီသင်္ကေတ​တွေရှိ​နေတယ်...တခြားပြဿနာမရှိသ၍ ကျွန်မတို့က အသင်း​ဖော်​တွေဖြစ်ရမယ်... ရှင်​ရောသိလား"


ထန်​မော့ထို​ကော်လာဖြူအမျိုးသမီးကို ကြည့်လိုက်မိသည်။


ထို့​နောက် သူမကလက်ဦးမှုရယူလျက် မိတ်ဆက်လာခဲ့သည်။ 


"ကျွန်မမျိုးရိုးနာမည်က ၀မ်" 


ထို့​နောက် ထန်​မော့ကို ကြည့်လာခဲ့သည်။


ကမ္ဘာကြီးအွန်လိုင်း​ပေါ်တက်လာပြီး​နောက် ထန်​မော့ကြုံခဲ့ရသမျှ အများဂိမ်းထဲတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်နားလည်မှုရယူ​ရေးအတွက် မိတ်ဆက်ကြ​လေ့ရှိသည်။ စု​ပေါင်းဂိမ်းမျိုးတွင် အချင်းချင်းပူး​ပေါင်းလုပ်​ဆောင်ရန်လိုအပ်သည့်အတွက် ရင်းနှီးရန်လိုအပ်​လေသည်။ အစပိုင်းတွင် ကစားသမားများမှာ မိမိအ​ကြောင်းကိုထုတ်​ဖော်ခံရမည်ကို မစိုးရိမ်ကြပဲ အ​ကြောင်းစုံ​ပြောပြတတ်ကြသည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ထန်​မော့ကြုံရသမျှ ကစားသမားများမှာ ပိုပို၍ သံသယများထားတတ်လာကြသည်။ မိမိ​အ​ကြောင်းကို သိပ်မ​ဖော်ပြကြ​တော့​ချေ။ ၄င်းမှာ မျိုးရိုးအမည်ပဲ ဖြစ်​စေကာမူ သူ့အ​နေနှင့် ဤအမျိုးသမီးမှာ သူမ၏အမည်ကို မိတ်ဆက်လာမည်ဟုအမှန်တကယ် ​မ​​မျှော်လင့်ထားခဲ့​ချေ။


ဤသည်မှာ ​မျှော်စင်၏ ပထမထပ်ကစားသမားဖြစ်နိုင်သည်။


ထန်​မော့​တွေး​တောလျက် မူလက သူ၏မျိုးရိုးအမည်မှာ ​​မော့ဖြစ်​ကြောင်း မိတ်ဆက်လိုခဲ့သည်။ ထိုစဥ် ​မျှော်စင်ပထမထပ်ကို ​ကျော်လွန်ပြီး​သော ကစားသမားများမှာ ​ပထမထပ်၏ခက်ခဲမှုအဆင့်ကိုရှင်းသွား​သော မော့​မော့ဟူ​သော အမည်ကို ကြားဖူးသည်ဟူ​သော စကားကို သတိရသွားမိသည်။


ထန်​မော့ခတ္တတန့်သွားပြီး​နောက်ဆိုလိုက်သည်။ 


"မျိုးရိုးနာမည်​က ​ကျောက်" 


သူသည်ဖက်တီး​လေး၏အမည်အား ယူလျက် အတုအ​ယောင်သရုပ်တစ်ခုကို ဖန်တီးလိုက်သည်။


​ကော်လာဖြူအမျိုးသမီးမှာ ​​ခေါင်းညိတ်လိုက်ပြီး က​လေးမျက်နှာနှင့် လူကိုကြည့်လိုက်သည်။


တိတ်ဆိတ်​နေ​သော ​ကော်ရစ်တာတွင် လူ၃​ယောက်မှာ ပို၍နီးကပ်စွာ ရပ်​နေခဲ့ကြသည်။ ၄င်းမှာ တြိဂံပုံစံအ​နေအထားပင်။ 


ထန်​မော့က ​ကော်ရစ်တာ၏ အလယ်တွင်ရပ်​နေခဲ့ပြီး အမျိုးသမီးမှာ​တော့ ပန်းချီကားများအနီးတွင်ရပ်​နေကာ က​လေးမျက်နှာနှင့်လူက​တော့ မှန်ပြတင်းများအနီးတွင် ရပ်​နေခဲ့သည်။


လူ၂ဦးက သူ့ကိုကြည့်​နေသည်အားမြင်လျှင် ထိုလူကမျက်လုံးပင့်လျက်  အပြုံးဖြင့်ဆိုလာသည်။


"ဘရုစ်"


​ကော်လာဖြူအမျိုးသမီးမှာ အံ့အားသင့်သွားလျက်


"ရှင်က နိုင်ငံခြားသားလား"


တရုတ်ပြည်တွင် နိုင်ငံခြားသားများ အများအပြားရှိ​လေသည်။ တိုက်အဖွဲ့အစည်းတွင် ဂျက်နှင့် လစ်ဇ်တို့၂ဦးရှိသည်။ ထိုနိုင်ငံခြားသားများမှာ ဂိမ်းစတင်ချိန်တွင် တရုတ်ပြည်တွင်ရှိ​နေခဲ့သည်။ ထို့​နောက် မိမိတို့၏​မွေးရပ်​မြေကို အလွယ်တကူမပြန်နိုင်​တော့​ချေ။ တရုတ်ပြည်တွင်သာ ဂိမ်းကို​ဆက်၍ ပါ၀င်ရသည်။


သို့​သော် က​လေးမျက်နှာနှင့် လူမှာ နိုင်ငံခြားသားနှင့် တူမ​နေခြင်းဖြစ်ကာ သူ၏မန်ဒရင်းစကားမှာ အလွန်​ပြောင်​မြောက်​နေခဲ့သည်။


က​လေးမျက်နှာနှင့်လူက ​ကော်လာဖြူအမျိုးသမီးအား ထူးဆန်း​သော အပြုံးမျိုးပြုံးပြလိုက်ပြီး ပြန်မ​ဖြေခဲ့​ချေ။ သူ၏အကြည့်ဦးတည်ရာကို လိုက်ကြည့်လိုက်လျှင် ထိုပန်းချီကားများချိတ်ဆွဲထား​သော ​ကော်ရစ်တာဖက်၏ မျက်နှာကျက်တွင် သုံးဖက်မြင် ပန်းပုတစ်ခုကို ​တွေ့လိုက်ရ​လေသည်။ ၄င်းမှာ အလွန်လက်ရာ​မြောက်​သော အနက်​ရောင်လင်းနို့ပန်းပုတစ်ခုဖြစ်ကာ သူ၏ပါးလှပ်လှပ်အ​တောင်​လေးများကို ဖြန့်လျက် မျက်နှာကျက်တွင် တွဲလွဲခို​နေခဲ့သည်။


ထိုလင်းနို့​လေးမှာ လက်တစ်၀ါးစာခန့်သာဖြစ်ပြီး ထို​နေရာတွင် တိတ်ဆိတ်စွာ တွဲလွဲခိုလျက်။ ထန်​​မော့၄င်းကိုကြည့်မိလျှင် ​ခေါင်းအစ​ခြေအဆုံး ကြက်သီးများ ထသွားမိသည်။ 


၀ှစ်...


ထိုလင်းနို့​လေး၏အနက်​ရောင်မျက်လုံး​လေးများမှာ ရုတ်ချည်း ထန်​မော့ကို ကြည့်လိုက်သည့်နှယ်။ ထန်​မော့ချက်ချင်း၄င်းကို ပြန်ကြည့်လိုက်လျှင် ၄င်းမှာ သူစိတ်ထင်​နေခြင်းသာဖြစ်ပုံရကာ အသက်မရှိ​​သော ​ကျောက်ပန်းပုတစ်ခုနှယ် ငြိမ်သက်​နေဆဲပင်။


၄င်းကို ခတ္တမျှကြည့်ရှု​နေပြီး​နောက် ထန်​မော့ က​​လေးမျက်နှာနှင့် လူထံအကြည့်လွှဲလိုက်ကာ ​မေးလိုက်သည်။


"Bruce Wayne လား" (batman မင်းသား)


က​လေးမျက်နှာနှင့်လူမှာ အံ့အားသင့်​ယောင်​ဆောင်လျက် ​မေးလာသည်။


"ကျွန်​တော့်ကိုသိတာလား" 


၄င်း၏သရုပ်​ဆောင်မှုမှာ သံဖိနပ်ချုပ်သမားကြီးထက်ပင် ဆိုးရွားလှသည်။ ၄င်းမှာ သူ၏မျက်နှာ​ပေါ်တွင် 'ဟိုင်း ငါသရုပ်​ဆောင်​နေတာရယ်' ဟုချိတ်ဆွဲထားသည့်အလား။


​ကော်လာဖြူအမျိုးသမီးမှာ ဤရင်းနှီး​နေ​သော အမည်ကို မည်သို့မျှမတုန့်ပြန်လာ​ချေ။ သူမ၏အကြည့်များမှာ ထန်​မော့နှင့် က​လေးမျက်နှာနှင့်လူထံ အပြန်အလှန်ကြည့်လိုက်သည်။


"ရှင်သူ့ကို သိတာလား" 


လူ၃​ယောက်အဖွဲ့တွင် ၂​ယောက်က တစ်​ယောက်ကို တစ်​ယောက်သိ​နေသည်ဆိုပါက သူမအတွက်ပိုသတိထားရန်လိုအပ်​လေသည်။ ထိုလူ၂ဦးမှာ ပူး​ပေါင်းပြီး သူမကို အချိန်မ​ရွေး ရှင်းထုတ်ပစ်နိုင်သည်။


ထန်​မော့မှာမူ က​လေးမျက်နှာနှင့်လူကို​အေးစက်စွာ ကြည့်လျက်


"လင်းနို့လူသား​ပေါ့​လေ"


က​လေးမျက်နှာနှင့်လူမှာရယ်လိုက်သည်။


"မင်းက ငါ့ရဲ့နာမည်​ပြောင်ကို​တောင်သိ​နေတာပဲလား"


သူကအမည်အစစ်ကိုမ​ပြောလိုလျှင်​တောင် လင်းနို့လူသားအမည်ကိုသုံးလျက် လာ​ပြောင်​နေသည်က အလွန် ရူး​ကြောင်​ကြောင်နိုင်လှသည်။


​ကော်လာဖြူအမျိုးသမီးမှာလည်း ၄င်းကို သတိထားမိကာ လှည့်စားခံလိုက်ရသဖြင့် မ​ပျော်ရွှင်​သောအမူအယာမျိုးပြုလုပ်လာခဲ့သည်။ 


သူမကထိုက​လေးမျက်နှာနှင့်လူကို ​အေးစက်စွာကြည့်လိုက်သည်။


"ကျွန်မတို့​သူငယ်ချင်းဖြစ်စရာမလိုရင်​​တောင်မှ ​လော​လောဆယ် အသင်း​​ဖော်​တွေဖြစ်​နေတုန်းပဲ"


သူမကလူတိုင်း၏ ​ခေါင်းပေါ်ကို ညွှန်ပြလိုက်သည်။ သူတို့၏​​ခေါင်း​ပေါ်မှ ၃စင်တီမီတာခန့်တွင် ​သေးငယ်​သော အစိမ်း​ရောင်ပုံစံ​လေးတစ်ခုရှိ​နေခဲ့သည်။


၄င်းမှာ လူ​သေး​သေးမှ လက်နှစ်ဖက်ကိုဖွင့်ကာ ဖက်ရန်ဖိတ်​ခေါ်​နေ​သော ပုံစံပင်။ ၄င်းမှာ ကမ္ဘာကြီးအွန်လိုင်း​ပေါ်မတက်ခင်ကပင် အသုံးများ​သော မိတ်ဖွဲ့ အီမိုဂျီဖြစ်သည်။ ထန်​မော့သည်လည်း ၄င်းကို အကြိမ်​ပေါင်းများစွာ သုံးဖူး​လေသည်။ ၄င်းအပြင် အနက်​ရောင်​မျှော်စင်၏​ကြေညာချက်ဖြစ်​သော ကစားသမားအချက်အလက်ကို စီစစ်​နေပါသည်ဟူ​သော စာ​ကြောင်းလည်းရှိ​လေသည်။ သို့နှင့် ဤလူ၃ဦးမှာ အသင်း​ဖော်ဖြစ်နိုင်​ချေ အင်မတန်များ​လေလေသည်။


​ကော်လာဖြူအမျိုးသမီးမှာ သူမ၏လက်ကို ပြန်ချလိုက်ပြီး 


"ဘယ်သူမှ တစ်​ယောက်ကိုတစ်​​​ယောက် မသိချင်မှ​တော့ ဂိမ်းကိုပဲတိုက်ရိုက်​​ဆော့ကြတာ​​ပေါ့"


ထန်​မော့ ထိုအကြံ​ပေးချက်ကို မငြင်းဆန်ခဲ့​ချေ။ က​​လေးမျက်နှာနှင့် ဘရုစ်ဆိုသူကသူတို့ကိုသာ အပြုံးဖြင့်ကြည့်​နေခဲ့သည်။ တစ်ခွန်းမှ၀င်မ​ပြော​ချေ။


'ငါရဲ့အရည်လဲ့​နေတဲ့ မျက်လုံး၀ိုင်းကြီး​တွေကိုကြည့်စမ်း စွမ်းရည်​ကြောင့်လားမဆိုနိုင် အမျိုးသမီးမှာ ထန်​မော့အား ထူးခြား​နေတာဘာမှမရှိဟုမြင်​နေခဲ့သည်။ လူ၃​ယောက်သည် အချိန်ထပ်၍မဖြုန်းချင်ကြ​တော့​ချေ။ ​ကော်လာဖြူအမျိုးသမီးကဆိုလာသည်။ 


"​လော​လောဆယ် အနက်​ရောင်​မျှော်စင်ကကျွန်မတို့ကို မစ်ရှင်​ပေးမလာ​သေး​ပေမယ့် ဒီတိုင်းထိုင်​နေလို့မဖြစ်ဘူး...ဒီ​ကော်ရစ်တာကအရင်ထွက်သွားရ​အောင်... ထွက်လမ်း ၃လမ်းရှိတယ်"


သူမက ဘယ်ဘက်ကိုညွှန်ပြလိုက်သည်။


"အဲဒီမှာ တံခါးတစ်ချပ်" 


ထို့​နောက်ညာဘက်ကိုထိုးပြလျက်...


"​နောက်တံခါးတစ်ချပ်"


​နောက်ဆုံး က​လေးမျက်နှာနှင့်လူကို ကြည့်လိုက်ကာ... 


"ဒါမှမဟုတ် အဲဒီပြတင်း​ပေါက်က​နေခွဲပြီး ထွက်သွားလို့လည်းရတယ် ဒါ​ပေါ့ နံရံကို ​ဖောက်ထွက်သွားလို့ရရင်လည်း ရတာပဲ​​ပေါ့...ဒါ​ပေမယ့်ကျွန်မက​တော့ ဒီတံခါးနှစ်ချပ်ကို အရင်ဖွင့်လို့ရမရ ကြည့်ကြည့်ပြီးမှ ဆုံးဖြတ်ချင်တယ်...ဘယ်လိုလဲ"


 á€™á€Šá€şá€žá€­á€Żá€ˇá€•á€„်​တွ္း​တွ္း ​ကော်ရစ်တာမှ ထွက်ခွာသွားခြင်းက အသင့်​တော်ဆုံးပင်။ မှန်ပြတင်းကိုဖြစ်​စေ နံရံကို​ဖောက်ထွက်သွားလျှင် ရလဒ်သိပ်​ကောင်းမည်မထင်​ချေ။ ထန်​မော့က​ခေါင်းညိတ်လိုက်သည်။ 


"ဒါဆို တံခါးကို အရင်စစ်ကြည့်ကြတာ​ပေါ့"


အန္တရာယ်များ​သော ​မျှော်စင်တိုက်ခိုက်ခြင်းဂိမ်းထဲတွင် မည်သည့်ကစားသမားကမှ တစ်ဦးတည်း မလှုပ်ရှားလိုကြ​ချေ။ တစ်​ယောက်တည်းလှုပ်ရှားခြင်းက သရဲကားထဲတွင် အရင်​သေသည့်လူဖြစ်သည်။ တံခါးကိုဖွင့်လိုက်သည်နှင့် ​ကြောက်စရာ​ကောင်း​သော မွန်းစတားတစ်​​ကောင်ထွက်လာမှာလည်း ဖြစ်နိုင်​လေသည်။


​ကော်လာဖြူအမျိုးသမီးမှာ က​လေးမျက်နှာနှင့်လူကို ကြည့်လိုက်သည်။


"မဆိုးပါဘူး" 


က​​လေးမျက်နှာနှင့်လူကဆိုလာသည်။


​ကော်လာဖြူအမျိုးသမီးမှာ ​ခေါင်းညိတ်လျက် ဘယ်ဘက်ကို​လျှောက်သွားလိုက်ကာ 


"ဒါဆို ဘယ်ဘက်တံခါးကို အရင်ကြည့်ရ​အောင်"


ဘန်း...


အသံကျယ်ကြီးတစ်ခုကိုကြားလိုက်ရပြီး ​ကော်ရစ်တာတစ်ခုလုံးလှုပ်ခါသွားခဲ့သည်။ ​ကော်လာဖြူအမျိုးသမီးမှာ တုန်လှုပ်သွားပြီး သူမ၏စကားကို အပြီးမသတ်နိုင်လိုက်​ချေ။ သူမက​ဘေးပတ်ပတ်လည်ကို ​ကြောက်ရွံ့စွာ ကြည့်လိုက်သည်။ ထန်​မော့သည်လည်း တုန်လှုပ်သွားလျက် က​လေးမျက်နှာနှင့်လူကို ကြည့်လိုက်မိ​​လေသည်။ ဤတစ်ကြိမ်တွင် သူကပြင်ဆင်မထားမိပဲ ထိုက​လေးမျက်နှာနှင့်လူ၏လုပ်ရပ်​ကြောင့် ထိတ်လန့်သွားခဲ့ရသည်။


🪩