အပိုင်း ၆
Viewers 23k

အရာအားလုံးသည် မူလနေရာသို့ ပြန်သွားရန် လိုအပ်၍ ဤသို့သောအရာများဖြစ်လာခဲ့ခြင်းဟု ဖုကျန်းတွေးထင်မိသည်။အကယ်၍ သူ့အား ဖုတင်းကသာ ဖုအိမ်ပေါ်သို့ ခေါ်မလာခဲ့လျှင် သူသည် ယခုအချိန်တွင် ဤကဲ့သို့သော ဘဝမျိုးဖြင့်သာ နေနေလိမ့်မည်ဖြစ်ရာ ကျိုးသွားသော ခြေထောက်တစ်ချောင်းက သူပျော်ရွှင်ချမ်းသာစွာနေခဲ့ရသော နှစ်နှစ်ဆယ်အတွက် အလျော်အစားတစ်ခုပေးလိုက်ရသည်ဟုသာ ထားလိုက်ပေတော့မည်။
ဆောင်းရာသီတွင် ဖြာကျနေသောနေရောင်ခြည်က နူးညံ့ညင်သာပြီးနွေးထွေးကာနေ၏. ထိုနေရောင်ထဲတွင်
ရေတွက်မရနိုင်သော ဖုန်မှုန့်များ မျောပာနေလေသည်။
အပြာရောင်ဝတ်စုံနှင့် အဝါရောင်လုံခြုံရေးဦးထုပ် ကိုဝတ်ဆင်ထားသော ကျန်းဟန်ရှုက သဲအိတ်ကိုထမ်းလျှက် ဖုန်ထူလှသော ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ၌
ခေါက်တုံ့ခေါက်ပြန်သွားလာနေ၏၊ သူ၏
လှုပ်ရှားမှုများက သပ်ရပ်သန့်ရှင်းလျက်အလုပ်ရှင်က သူ့အားအဝေးမှလှမ်းကြည့်ရင်း
ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေလေသည်။
ထိုအခြင်းအရာကို မြင်နေရသော ဝမ်ထုံက လက်ကိုမြှောက်လိုက်ရင်း မျက်စိများကိုပွတ်သပ်လိုက်လေသည်။ သူမြင်လိုက်ရသောအရာကို မယုံနိုင်သောကြောင့်ပင်။ဝမ်ထုံက အလွန်အမင်း ချဲ့ကားပြီးပြောသောလေသံနှင့် အံ့အားသင့်စွာပြောလေ၏။
"ဘုရားရေ..."
သူက ကျန်းဟန်ရှု၏ နောက်ဘက်မှကပ်၍
လိုက်သွားရင်း ကျန်းဟန်ရှု၏ ပုခုံးအားပုတ်လျက်မေးလိုက်သည်။
"လောင်တ တကယ်ကြီး ဒီမှာ အုတ်သယ်တဲ့
အလုပ်လာလုပ်နေတာပဲ..."
ကျန်းဟန်ရှုက မျက်နှာသေဖြင့် ပြန်မေးလိုက်သည်။
"အဲ့ဒာ ဘာဖြစ်လို့လဲ..."
ဝမ်ထုံက ကျန်းဟန်ရှု အား ခွန်းတုံ့ပြန်ရန်
ပါးစပ်ဟလိုက်တော့မည့်ဆဲဆဲတွင် အလုပ်ရှင်ရောက်လာပြီး အလွန်ခင်မင်ရင်းနှီးနေဟန်ဖြင့် ခေါ်လိုက်သည်။
"ရှောင်ကျန်းလေး..."
ကျန်းဟန်ရှုက လက်ထဲမှ သဲအိတ်ကို အောက်ချလိုက်ပြီး သူ့လက်ဖဝါးပေါ်တွင်ပေနေသောသဲမှုန့်ဖုန်မှုန့်များကိုခါချလိုက်ရင်း အလုပ်ရှင်ကိုမေးလိုက်သည်။
"ဥက္ကဌပေါင်… ဘာကိစ္စရှိလို့လဲ”
ဝမ်ထုံအားကြည့်ရင်း ဥက္ကဌပေါင်က
"သူက သူငယ်ချင်းလား..."
ကျန်းဟန်ရှု ခေါင်းငြိမ့်ပြလိုက်သည်။
ဥက္ကဌပေါင်က ခေါင်းတစ်ချက်ဆက်ပြလိုက်သော်လည်း သူ၏မျက်လုံးများက ဝမ်ထုံ၏လက်ပတ်နာရီပေါ်မှ အချိန်အတန်ကြာမျှ ခွာမသွားချေ။ထို့နောက်တွင်မှ သူ့အကြည့်ကိုရုတ်သိမ်းလိုက်ရင်း ကျန်းဟန်ရှုဘက်သို့လှည့်ကာ အပြုံးမျက်နှာနှင့်ပြောလာ၏။
"New World Mall ဘက်မှာ လူလိုနေလို့
မနက်ဖြန်ကျ အဲ့ဘက်မှာ အလုပ်သွားလုပ်ပေး
ရမယ် ဒါဆိုငါမင်းရဲ့လစာထဲမှာ တစ်ရက်ကိုယွမ် ၃ဝ တိုးပေးမယ်..."
ကျန်းဟန်ရှု: "ကောင်းပါပြီ ဥက္ကဌ..."
ဥက္ကဌပေါင်က ခေါင်းငြိမ့်လိုက်ပြီး သူ့
ပုခုံးကို ပုတ်ကာ ကောင်းကောင်းလုပ်ဟု
အားပေးလိုက်ပြီး နောက်ထပ်အလုပ်သမားတစ်ယောက်ကိုရှာရန် လှည့်ထွက်သွားလေသည်။
ဥက္ကဌပေါင် ထွက်သွားပြီးနောက် ကျန်း
ဟန်ရှုမြေပြင်ပေါ်ရှိ သဲအိတ်များကို မ
လိုက်ကာ အနောက်ဘက်ရှိ ကွန်ကရစ်ဖျော်ထားသောအပုံဆီသို့ ခြေလှမ်းများကို ဦးတည်လိုက်သည်။ဝမ်ထုံမှာ ကျန်းဟန်ရှုနောက်ကတစ်ကောက်ကောက်လိုက်ကာ တရစပ်လေပောနေရင်းမှနားမလည်တော့ဟန်ဖြင့်မေးလိုက်၏။
"လောင်တ တကယ်ပဲဘာတွေတွေးနေတာ
လဲ..."
"အုတ်သယ်ပြီးပိုက်ဆံရှာနေတာ..."
ကျန်းဟန်ရှုက မျက်မှောင်တစ်ချက်သာ ကြုတ်လိုက်ပြီး သူ့အနား၌ ယင်ကောင်များ တဝီဝီ
ပျံသန်းနေသည်ဟု သဘောထားလိုက်ကာ
မည်သည့်စကားကိုမျှပြန်မပြောချေ။သို့သော်လည်း ဝမ်ထုံက လက်မလျှော့ဘဲတရစပ်ပင် ဆက်ပြောနေရာ နားမခံသာတော့သဖြင့် သူ ဟန်ဆောင်နေသည့်ဟန်မပါဘဲ တည်ငြိမ်စွာ ပြောလိုက်၏။
"ငါ့ဘဝရဲ့ ကျန်တဲ့သက်တမ်းတစ်လျှောက်ကို
ဂုဏ်သိက္ခာရှိရှိဖြတ်သန်းတော့မလို့..."
ဝမ်ထုံ : "အုတ်သယ်ပြီးတော့လား..."
ကျန်းဟန်ရှုက ခေါင်းငြိမ့်ပြလိုက်သည်။သက်ပြင်းအရှည်ကြီးချလိုက်ပြီးနောက် ဝမ်ထုံက ဆက်ပြော၏။
"လောင်တရာ တကယ်ပဲ တစ်နေရာရာမှာ
များ ခေါင်းထိမိလာလား... ထိပ်တန်း ကြေးစားစစ်သား တစ်ယောက်က ခုဘာတွေလုပ်နေတာလဲ.. အုတ်သယ်နေတာလား..."
ကျန်းဟန်ရှုက ဝမ်ထုံဘက်သို့ ခေါင်းလှည့်
တာကြည့်လိုက်ရင်း မေးလေသည်။
"ဒါဆို ငါက ခုဘာလုပ်နေသင့်တာလဲပြော..."
" ကမ္ဘာကြီးကို ကယ်တင်နေသင့်တာ
ပေါ့..."
ဝမ်ထုံက သူ့လက်မောင်းအား ထိုးလိုက်ရင်းအသံကိုနှိမ့်ကာ မေးလေသည်။
"လောင်တရဲ့ ရေသူလေးကို မရှာတော့ဘူး
လား..."
ကျန်းဟန်ရှုက သဲအိတ်ကို နံရံဘက်သို့မှီ
ကာချလိုက်ပြီး လက်မှလက်အိတ်ကိုချွတ်
လိုက်ကာ သူ့လက်ပေါ်က ဖုန်မှုန့်များကို ခါ
ထုတ်ရင်း ပြောလိုက်သည်။
"မရှာတော့ဘူး..."
ရေသူလေးမှာလည်း သူ၏ဘဝနှင့်သူရှိနေ
လောက်မည်ဖြစ်ပြီး ထိုသူနှင့်လည်း ယခုထက်
ပို၍ မပတ်သက်ချင်တော့ပေ။ထိုနေ့ညက
အဖြစ်အပျက်သည်လည်း မတော်တဆမှုတစ်ခုသာလျှင်ဖြစ်သည်။
ထိုကဲ့သို့ တစ်ညတာ အဖြစ်အပျက်မျိုးသည် ယနေ့ခေတ် လူ့အသိုင်းအဝိုင်းတွင်မူ သာမန်ကိစ္စတစ်ရပ်သာ ဖြစ်သည်။ယခုကာလတွင် သူ၏အိပ်မက်ထဲ၌ သူနှင့်ထိစပ်ရောထွေးနေသော ပုံရိပ်တစ်ရိပ်ကိုရံဖန်ရံခါ ကြုံတွေ့နေရကာ အကြိမ်တိုင်းတွင်အိပ်ရာမှနိုးလာတိုင်းသူ၏ ပေါင်ခြံကြား၌စိုစွတ်နေတတ်သည် ဖြစ်သော်ငြား ထိုသူ၏ဘဝကို အနှောင့်အယှက်လည်းမပေးလိုတော့ချေ။
ဝမ်ထုံက သက်ပြင်းချလိုက်သည်။ကျောက်ပန်းပင်အပွင့်ပွင့်လာသည်ကို မြင်လိုက်ရသည့်အလား တစ်ယောက်တည်း အထီးကျန်စွာရှိ
နေသည့်ဟန်ဖြင့် နေလေ၏။
"မင်းသွားတော့ .. ငါ့အလုပ်ကိုနှောင့်ယှက်မနေနဲ့..."
"လောင်တ တကယ်ကြီး ခေါင်းကိုခပ်ပြင်း
ပြင်း ထိထားတဲ့ပုံပဲ..."
ကျန်းဟန်ရှုက သူ့အား လစ်လျူရှုလိုက်ပြီးနောက် သဲအိတ်များကို သယ်ကာကျောက်စရစ်ပုံဆီသို့ သွားလိုက်သည်။
ဝမ်ထုံက ကျန်းဟန်ရှု အထူးတာဝန်တစ်ခုယူထားသည်ဟု သံသယဖြစ်၍ တစ်နေကုန်နီးပါး သူအလုပ်လုပ်သည်ကို စောင့်ကြည့်လျှက်ရှိရာ ထိုသူမှာ အမှန်တကယ်ကြီးကိုပင် ထိုအလုပ်၌ ပျော်မွေ့နေဟန်ဖြင့် အပတ်တကုတ်ကြိုးကြိုးစားစား လုပ်နေကာ အခြားသံသယဖြစ်ဖွယ်မရှိသည်ကို သိရှိလာရသည်။ဝမ်ထုံက သူ့မျက်နှာသူရိုက်လိုက်သည်။
"နာတယ်ဟ.. ဒါ အိပ်မက်မဟုတ်ဘူးပဲ..
လောင်တ.. သူ.. ဘာမှမဖြစ်လောက်ပါ
ဘူးနော်...ကြောက်စရာကြီး အရမ်းကြောက်စရာကောင်းတယ် … တစ်နေရာရာရှာပြီး အိပ်မက်က နိုးထမှဖြစ်မယ်..."
****
ဆောင်းညများသည် နွေညများထက် ညတာပိုရှည်လေသည်။
ဖုကျန်း သူ့လက်ထဲ
တွင် ပါလာသော လက်ကမ်းစာများ အကုန်ဝေပြီးချိန်တွင် ကောင်းကင်မှာ အမှောင်အတိဖြစ်လို့နေပေပြီ။ သူ သူဌေး
ဆီမှ ကျန်ခဲ့သည့်ရက်များအတွင်း လက်ကမ်းစာဝေထားရသည့် လုပ်အားခကို ယူလိုက်ကာ ကျေးဇူးစကားဆိုလိုက်၏။
ထိုယွမ်၃ဝဝ ကို အိတ်ထဲသို့ထည့်လိုက်ရင်း အိမ်သို့ဘတ်စ်ကားစီးကာ ပြန်လာခဲ့လေသည်။
အိမ်ရှိ ကျန်သော အိမ်ငှားများမှာ ဧည့်ခန်း
ထဲ၌ စုဝေးကာ ပိုကာဆော့နေကြသည်။တံခါးဖွင့်သံကြား၍ ခေါင်းများလှည့်ကာ ကြည့်ကြလေရာ ပြန်လာသော ဖုကျန်းကို မြင်သွားကြသည်နှင့် စိတ်ပျက်လက်ပျက်ဖြင့် အကြည့်များပြန်လွှဲ၍ ပိုကာဆက်ဆော့ကြလေသည်။
ဖုကျန်းနှင့် ကျန်သော အိမ်ငှားများ၏
ဆက်ဆံရေးမှာ အလွန်ပင် သာမန်ကာလျှံကာ
ဖြစ်သည်။ လွန်ခဲ့သော လများ၌ ဖုကျန်းသည်
အလုပ်များဖြင့် ရှုပ်ယှက်လျက်ရှိလေရာ တစ်နေ့
တွင် အိမ်၌ ငါးနာရီပင်ပြည့်အောင် မနေနိုင်
သည့်အပြင် ထိုအနက်မှ အချိန်တော်တော်
များများတွင်လဲ သူ၏ကိုယ်ပိုင် အခန်းထဲ၌
အိပ်ပျော်နေသည်ဖြစ်သည်။
သို့ဖြစ်ရာ ထိုအိမ်ငှားများနှင့် တစ်လတွင်တစ်ခါပြည့်အောင် မတွေ့နိုင်သည်မှာ ပုံမှန်ပင်ဖြစ်သည်။ထိုအိမ်ငှားများ၏ မျက်လုံးထဲတွင်မူ ဖုကျန်းသည် အလွန်ပင် ထူးဆန်းသောလူဖြစ်နေပေလိမ့်မည်။ သူက ဆွေမျိုးများလဲ
မရှိ၊ သူငယ်ချင်းလဲမရှိဘဲ အမြဲတစေပင်
တစ်ယောက်တည်းဖြစ်နေပြီး တစ်နေ့တွင်
အလုပ်ပေါင်းများစွာလုပ်နေသော်လည်း ဤအိမ်သေးသေးလေးထဲ၌ သူတို့နှင့် အတူတကွလာနေနေသေးသည်။
သူဘာအလုပ်လုပ်သည်လည်းမသိသကဲ့သို့ သူရှာထားသမျှငွေအားလုံးသည်လည်း မည်သည့်နေရာသို့ပျောက်ကွယ်သွားသည် မသိကြချေ။
ဖုကျန်း ရေချိုးခန်းသို့သွား၍ လက်ဆေး
လိုက်ပြီးနောက် အခန်းထဲသို့ ပြန်လာခဲ့၏
သူ့ဖုန်းကိုထုတ်လိုက်ကာ ကွဲအက်နေသော
Screen အားစိုက်ကြည့်ကာ အချိန်အတော်ကြာ
မျှ တွန့်ဆုတ်နေပြီးမှ နောက်ဆုံးတွင် Icon တစ်
ခုပေါ်သို့ နှိပ်ချလိုက်လေသည်။
ဟွာကျန်း Website သည် တရုတ်တွင် အလွန်ပင်နာမည်ကြီးသော Streaming site တစ်ခုဖြစ်သည်။ လွန်ခဲ့သော ၄ နှစ်၊ ဖုကျန်း အသက်၁၈ နှစ်အရွယ်က စိတ်အားထက်သန်စွာပင်Account တစ်ခုဖွင့်ကာ အဖေနှင့်အကိုတို့၏ အထောက်အကူဖြင့် ပုဂ္ဂလိက စတူဒီယိုတစ်ခု
ဖွင့်၍ သူ၏ ပထမဦးဆုံးသော Anime ဖြစ်
သော "Shazhou Chronicle" ကိုစတင်ထုတ်လွှင့်ခဲ့၏။
ထိုအချိန်တွင်မူ "Shazhou Chronicle" သည်ရုတ်တရက် ထုတ်လွှင့်မှုရပ်ဆိုင်းသွားကာနောင် ၂ နှစ်အထိ ဆက်လက် ထုတ်လွှင့်နိုင်လိမ့်မည်ဟု မည်သူကမျှ မတွေးမိခဲ့ပေ။
သူ ဖုအိမ်တော်မှ နှင်ထုတ်ခံလိုက်
ရပြီးသောနေ့မှစ၍ ထို account ထဲသို့ လုံး
ဝပင် ဝင်မကြည့်ခဲ့ပေ။ ယခုမူ သူ၏ရှေ့
ရှိ ပန်းရောင် Page စာမျက်နှာပေါ်၌ ပရိသတ်များ၏ comment များကိုမြင်ရသောအခါ၌အမြင်မှားနေသကဲ့သို့ပင်။
ယခုလ၏ လစာရပြီးလျှင် သူ ကွန်
ပြူတာတစ်လုံးနှင့် တစ်ပတ်ရစ် Tablet
တစ်ခုဝယ်ကာ "Shazhou Chronicle" ကို
ဆက်လက်၍ ထုတ်လွှင့်နိုင်အောင် ကြိုးစား
ရမည်။ ယခင် စတူဒီယို၌ လုပ်ခဲ့သလိုမျိုး
မြန်မြန်နှင့် Quality ကောင်းကောင်းမဖြစ်နိုင်တော့သော်ငြား အနည်းဆုံး သူ၏ဝါသနာကိုဆက်၍လုပ်နိုင်မည်ဖြစ်ကာ သူ၏ဇာတ်လမ်းကိုကြိုက်ကာ အားပေးခဲ့ကြသော ပရိတ်သတ်များဆီသို့ ချပြနိုင်ပေမည်။
ဖုကျန်း ဖုန်းကိုချလိုက်ပြီးနောက် ခုတင်ကို
မှီ၍လှဲလိုက်ပြီး မျက်လုံးများမှိတ်လိုက်သည်။ မကြာမီ အိပ်မက်ကမ္ဘာသို့ ရောက်ရှိသွားတော့သည်။အိပ်မက်ထဲ၌ ကြည်လင်နေသော ပင်းဟိုင်းမြို့လေး၏ ကောင်းကင်ပြာ၏အောက်ရှိဘတ်စ်ကားမှတ်တိုင်ရှေ့တွင် လူတစ်ယောက် ရပ်နေကာ သူ့အားပြုံးပြနေသည်။ ထိုသူ၏အပြုံးက ဆောင်းရာသီတစ်ခုလုံးကို
နေရောင်ခြည်ဖြင့် အနွေးဓာတ်ပေးနေသကဲ့သို့ပင်။
နောက်တစ်နေ့နံနက်၌
ယခင်ရက်များကဲ့သို့ပင် အလုပ်ယူနီဖောင်းကို ဝတ်ဆင်ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆီသို့ လာခဲ့လေသည်။ သူမထင်ထားခဲ့မိသည်က သူ၏အိပ်မက်များထဲမှ ထိုလူကို ပြန်တွေ့ခဲ့ရမည်ဟုပင်။
အမြင်များမှားသည်ဟုထင်မိပြီး မျက်လုံးများ
ကို အကြိမ်ကြိမ်ပွတ်သပ်ကာ ကြည့်ပြီးနောက်တွင်မူ သေချာသွားလေပြီ။
"တကယ်ကြီး သူပါလား..."
ဖုကျန်း မည်ကဲ့သို့ပင်တုံ့ပြန်ရတော့မည်မသိတော့ချေ..
ကျန်းဟန်ရှုက ထိုညအကြောင်းကို မှတ်မိနေမည်လား သူမသိ မဟုတ်လျှင်လည်း သူ့တွင်ချစ်သူသို့မဟုတ် မိသားစုတစ်ခုပင် ရှိနေလောက်မည်လား...ထိုအခြင်းအရာများကို တွေးမိသောအခါ
ထိုညတွင်ဖြစ်ခဲ့သည်များကို နောင်တရချင်
သလိုပင် ဖြစ်လာသည်။
ထိုအချိန်က သူသည် အမှန်တကယ်ပင် မူးနေခဲ့သည်ဖြစ်ပြီး အကယ်၍များ သူ့၌ ဆုံးဖြတ်နိုင်စွမ်းအနည်းငယ်လေးသာ ကျန်သေးခဲ့လျှင် ထို
မတော်တဆမှုသည် ဖြစ်ပွါးခဲ့မည်မဟုတ်ပေ။
ကျန်းဟန်ရှု အလုပ်ရှင်မှ အလုပ်အသစ်
ကြောင်း ရှင်းပြနေသည်ကို နားထောင်နေ
ပြီးနောက် ခေါင်းငြိမ့်ပြလိုက်ရင်း နားလည်
ကြောင်းပြောလိုက်သည်။
အလုပ်ရှင်က ကျန်းဟန်ရှုကဲ့သို့သော ငယ်ရွယ်ဖြတ်လတ်နေသူများကို သဘောကျသည်။ သူ၏ ပုခုံး၊နောက်ကျောနှင့် ပေါင်များက အားအင်ပြည့်ဝနေကာ ဖုကျန်းကဲ့သို့သော မသန်စွမ်းလေးနှင့်
ယှဉ်လျှင် လုံးလုံးလျားလျားပင် ကွာခြားလှပေသည်။
ထိုခြေကျိုးလေးအား ပေးရသောလုပ်အား
ခမှာနည်းပါးပြီး ထိုကောင်လေး၏ အလုပ်
ကြိုးစားခြင်းများကြောင့်သာ မဟုတ်လျှင်
သူ့အား အလုပ်ဖြုတ်လိုက်သည်မှာ ကြာပြီ
ဖြစ်သည်။
အလုပ်ရှင်က ကျန်းဟန်ရှု၏
ကျောပြင်ကို ကြည့်လျက် ကျေနပ်အားရစွာခေါင်းတဆတ်ဆတ်ငြိမ့်လိုက်ပြီးနောက် ဖုကျန်းဘက်သို့ ကြည့်၍ ဟောက်လိုက်သည်။
"ဖုကျန်း မင်းဘာကြည့်နေတာလဲ အလုပ်
လုပ်စမ်း..."
ဖုကျန်း သူ့အကြည့်များကို အလျင်အမြန်ရုတ်သိမ်းလိုက်ပြီး လက်တွန်းလှည်းလေးအား တွန်းလျက် ထော့နဲ့ထော့နဲ့ဖြင့်လျှောက်သွားလေသည်။
အလုပ်ရှင်က နှာခေါင်းရှုံ့လိုက်ကာ သူ့ဘေးရှိစာရွက်အထပ်လိုက်ကြီးအားမလျက် အခြားဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ သွားလေတော့သည်။
ဖုကျန်းမှာ လက်တွန်းလှည်းသေးသေးလေးကို တွန်းလျှက် အလုပ်ရှုပ်နေကာ သူ၏စိတ်ထဲတွင်လည်း အတွေးပေါင်းများစွာဖြင့် ရှုပ်ထွေးနေပေသည်။သူနှင့်ကျန်းဟန်ရှုကြားရှိအကွာအဝေးကိုကြည့်ရင်း သူ စိတ်များလှုပ်ရှားလာ၏။
သို့သော် ကျန်းဟန်ရှုသည်သူ့ဘေးမှ အကြိမ်များစွာဖြတ်သွားသော်ငြားသူ့အားသတိပင်မထားမိပေ။ သူ့ကို မမှတ်မိတော့ခြင်း ဖြစ်မည်။ဖုကျန်း အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားသော်လည်း ချက်ချင်းပင် အားအင်များ ပြည့်လာပြန်သည်။ ထိုသူ မည်သူမှန်းမသိ၊ အဘယ်၌နေသည်မှန်းမသိခဲ့ရသော ယခင်အချိန်များနှင့် ယှဉ်လျင် ယခုအနေအထားကသာလွန်နေပေပြီ။
သူ တစ်မနက်လုံး ကျန်းဟန်ရှုနှင့်
စကားပြောနိုင်မည့်အခွင့်အလမ်းရှာသော်လည်းအခွင့်မသာခဲ့ပေ။နေ့လည်ပိုင်းတွင်မူ အလုပ်ရှင်က နေ့လည်စာအထုပ်ကြီးနှင့် ပြန်ရောက်လာသည်။ကျန်းဟန်ရှုက သူ၏ဝေစု တစ်ဘူးကိုယူလိုက်ပြီးနောက် နံရံအိုဟောင်းအောက်သို့သွားကာ ထိုင်ချလိုက်လေသည်။
အခြားအလုပ်သမားများကလည်း သူတို့အုပ်စုနှင့်သူတို့ဖွဲ့ကာထိုင်၍စကားစမြည်ပြောရင်း နေ့လည်စာစားနေကြလေသည်။ ဖုကျန်းသည် အနည်းငယ်တွန့်ဆုတ်နေသော်လည်း ကျန်းဟန်ရှုအနီးသို့လျှောက်သွားလိုက်၏။
ထိုသူကို သူအမှန်တကယ်ပင် သဘောကျ၏သူငယ်စဉ်အချိန်က စိတ်ဝင်စားစရာကောင်းပြီး လှပသည့်အရာများကိုမြင်တိုင်း ဖုကျန်းချန်ကိုပူဆာကာ အိမ်အပါယူသွားစဉ်ကဲ့သို့ပင်။
သို့သော် သူကြီးပြင်းလာပြီးနောက်ပိုင်းတွင်တော့ လောကကြီးက သူတစ်ယောက်တည်းအတွက် လည်ပတ်နေသည်မဟုတ်ကြောင်းနားလည်လာပြီဖြစ်သည်။ လောက၌ သူမရနိုင်သောအရာများလည်းရှိနေနိုင်ပြီး သူ့အားကူညီ
ကာယူပေးမည့် ဖခင်ဖြစ်သူသည်လည်း သူ့
အနား၌မရှိနိုင်တော့ပေ။
အကယ်၍ ကျန်းဟန်ရှုသာ ချစ်သူရှိ
နေသည် သို့မဟုတ် အဖြောင့် တစ်
ယောက် ဖြစ်နေခဲ့သည်ဆိုလျင် ဖုကျန်းသူ့အား လွှတ်ပေးလိုက်ရမည်သာဖြစ်သည်။