အပိုင်း ၇
Viewers 23k

ဖုကျန်းအနေဖြင့် သူ ယခင်က လိင်တူစိတ်ဝင်စားသူဖြစ်ကြောင်း သူ့ကိုယ်သူမသိခဲ့ပေ။ကျန်းဟန်ရှု၏ ဆွဲဆောင်မှုကြောင့်လားမသိသော်လည်း ယခုမှ လုံးလုံးလျားလျား ကွေးသွားခဲ့ခြင်းဖြစ်သည်။
ကျန်းဟန်ရှု၏ လက်ရှိအနေအထားကို သိ
ချင်သော်လည်း ထိုသူနှင့် မျက်နှာချင်းဆိုင်
လိုက်မိသည်နှင့် မည်သည့်စကား
ကို မည်သို့စ၍ပြောရမည် မသိတော့သလို သူ့ကိုယ်သူလည်း အလွန်သိမ်ငယ်စွာ ခံစားလိုက်ရသည်။ အမှန်တကယ်ပင် သူ့
တစ်ကိုယ်လုံး၌ ကောင်းသည့်အရာဟူသည်နတ္ထိ အထူးသဖြင့် မသန်စွမ်းဖြစ်နေသော
ခန္ဓာကိုယ်သည်သာ သူပိုင်ဆိုင်သည်ပင်။
ထိုအချိန်၌ ကျန်းဟန်ရှု၏ဖုန်းက မြည်လာ
လေသည်။သူ ထမင်းဘူးကိုဘေးသို့ချရင်း အင်္ကျီအိတ်ထဲမှ တစ်ရှူး ၂ ရွက်လောက်ထုတ်ကာ လက်
သုတ်လိုက်ပြီးနောက် ဖုန်းဖြေရန် ထ၍အပြင်ဘက်သို့ထွက်သွားလေသည်။ သူက အပျင်း
တစ်ယောက်လိုမျိုး နံရံသို့မှီလိုက်၏ သူ
ဝတ်ထားသော မိုးပြာရောင် အပြင်ဝတ်ရုံကတစ်ဝက်ခန့်ပွင့်နေရာ အတွင်းရှိ အနက်ရောင်ဆွယ်တာအင်္ကျီကိုမြင်နေရသည်။
နေရောင်ခြည်က သူ၏ ဆံပင်များထက်သို့
ရွှေမှုန်များကျဲချလိုက်သကဲ့သို့ ဖြာကျနေ
ကာ ထိုသူသည် ကာတွန်းစာအုပ်များထဲမှ
မင်းသားတစ်ယောက် အပြင်လောကသို့
ထွက်လာသကဲ့သို့ပင် ကြည့်၍အလွန်ကောင်းနေလေသည်။သူက ဖုန်းကိုင်လိုက်ပြီးနောက် ရုတ်တရက် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ကျွန်တော် ဒီနေ့အိမ်ပြန်မလာဘူး..."
သို့သော် တစ်ဖက်မှ နူးညံ့လှသော အမျိုးသမီး
တစ်ယောက်၏ အသံကိုကြားလိုက်ရ
သောအခါ ကျန်းဟန်ရှု၏ မျက်ခုံးများ
က ပြေလျော့သွားကာ သူ၏မျက်နှာနှင့်
နှုတ်ခမ်း၏ထောင့်၌ ရှားပါးလှသော အပြုံး
တစ်ခု ဆင်မြန်းလာလေ၏။
ဖုကျန်းက အဝေး၌ရှိနေရာ တစ်ဖက်လူ
မှပြောနေသံများကို မကြားရပေ။သို့သော်
ကျန်းဟန်ရှုကို ကြည့်လျှင်ပင် တစ်ဖက်လူ
သည် ထိုသူအတွက် အလွန်ပင်အရေးကြီးလှ
သူ ဖြစ်မည်ကို အတပ်ပြောနိုင်သည်။
သူ့အကြည့်များကို ရုတ်လိုက်ရင်း ထမင်းဘူးကိုဖွင့်ကြည့်လိုက်သည်။
ယနေ့၏ နေ့လည်စာသည် ယခင်နေ့များ
အတိုင်းပင် အဆီများလွန်းလှသော အာလူး
နှင့် ခရမ်းသီးများပင် ဖြစ်လေသည်။ သူက တူကိုကောက်ကိုင်ကာ မျက်နှာအနေအထားတစ်
ချက်မပြောင်းလဲဘဲ စားလိုက်သည်။သူဆိုသည်မှာ သားရဲတွင်းထဲ၌သာနေထိုင်နိုင်သောမကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်။
ကျန်းဟန်ရှုက လိင်တူစိတ်ဝင်စားသူဖြစ်နေခဲ့လျင်တောင်သူ၏ပုံပျက်ပန်းပျက်သဏ္ဍာန်ကို လက်ခံနိုင်စရာအကြောင်းမရှိပေ။ သူ့ကဲ့သို့သောလူမျိုးသည် တစ်ယောက်ထဲ သေ၍ ပုပ်သိုးသွားသင့်သော လူမျိုးပင်။ သေးငယ်သော ပန်းလေးတစ်ပွင့်လောက်ကသာသူ၏ အုတ်ဂူ
ထက်၌ ပွင့်လန်းကာ သူ၏ ဘဝအကြောင်းကို
နွေဦး၏လေထဲ၌ ပြောကြပေလိမ့်မည်။
တွေးနေရင်းဖြင့် ဖုကျန်းတစ်ယောက်
အားမလိုအားမရဖြစ်ပြီး သူ၏ဘဝကိုစိတ်ပျက်လာမိကာ သူ၏တူကိုင်ထားသော
ညာဘက်လက်က လေထဲ၌ ရပ်တန့်သွားကာ
မည်သည်ကိုမျှ ပါးစပ်ထဲသို့ မထည့်နိုင်တော့ပေ။
ပြောင်လက်နေသော ငံပြာရည်အနည်းငယ်
က ထမင်းဘူးအတွင်းမှ သူ၏လက်ပေါ်သို့စီး
ကျလာရာ မျက်မှောင်ကြုတ်လိုက်ပြီး လက်ထဲ
မှတူကို ဘေးသို့ပို့လိုက်သည်။
ထိုအခိုက်တွင် ကျန်းဟန်ရှုက ဖုန်းပြောပြီးနောက်ဘက်သို့လှည့်ကြည့်လိုက်ရာ ဖု
ကျန်းတစ်ယောက် လက်သုတ်ရန် တစ်ခုခုရှာနေသည်ကိုမြင်လိုက်သည်။ သူ့အိတ်အတွင်းမှ တစ်ရှူးကိုထုတ်ကာ ဖုကျန်းဘက်သို့ ငုံ့ပြီး ပေးလာသည်။
ဖုကျန်း ခေါင်းမော့ကြည့်လိုက်သောအခါ
တွင် ဆောင်းနေက နွေးထွေးနူးညံ့စွာ ထို
သူ၏ ရေနှင့်တူသော မျက်ဝန်းပြာပြာများထဲမှ ပုံရိပ်ထင်နေကာ သူ၏ ထူထဲပြီး အပေါ်သို့ ကော့တက်နေသော မျက်တောင်မွှေးများက အရိပ်တစ်ခုပင်ဖြစ်ပေါ်နေသည်။
ဖုကျန်း အချိန်အတော်ကြာ စိုက်ကြည့်နေပြီးသူကိုယ်တိုင်၏ပုံသဏ္ဍာန်ကိုလည်း ထိုသူ၏မျက်ဝန်းများထဲတွင်မြင်လိုက်လေသည်။လေပြည်တစ်ချက်သူ၏မျက်နှာသို့ဖြတ်တိုက်သွားသည်။ သူ၏ နှလုံးခုန်သံကိုသူကြားနေရသော ဖုကျန်းသည် အနည်းငယ် ကြောင်အနေပြီးမှ ထိုသူကမ်းပေးလာသော တစ်ရှူးကို
လှမ်းယူလိုက်ကာ အသံတိုးတိုးနှင့်ပင် ပြောလိုက်သည်။
"ကျေးဇူးပါပဲ..."
ကျန်းဟန်ရှုက မည်သည်ကိုမျှပြန်မပြောဘဲ
တစ်ဖက်သို့လှည့်ကာ သူ၏ဘေး၌ ဝင်ထိုင်
လိုက်သည်။ရုတ်ခြည်းပင် ဖုကျန်းတစ်ယောက် သူ၏ချစ်ရသူကို ဆွဲဆောင်ရန် ယုံကြည်မှု အနည်းငယ်မျှပင် မရှိတော့ချေ။
ကျန်းဟန်ရှုသည်အလွန်ကောင်းသူဖြစ်သည်။ထိုလူသည်
ကောင်းမွန်သောဘဝ၌ ပျော်ရွှင်စွာနေသွား
ရမည့်လူဖြစ်ကာ ဖုကျန်းသည် ပျော်ရွှင်မှုအါးထိုသူထံပေးနိုင်မည်မဟုတ်ပေ။
ဖုကျန်း တစ်ရှူးအနည်းငယ်ယူပြီးနောက်
ကျန်ရှိသော အထုပ်ကို ကျန်းဟန်ရှုထံသို့ ပြန်
ပေးလိုက်ပြီး ထမင်းဘူးကို အိတ်ထဲသို့ပြန်
ထည့်ကာ ထရပ်၍ အမှိုက်ပုံးဆီသို့လျှောက်သွားလိုက်သည်။
ကျန်းဟန်ရှု ခေါင်းမော့ကြည့်လိုက်
ပြီး ဖုကျန်း၏ လမ်းလျှောက်ပုံကိုမြင်
သောအခါ၌ ထူးဆန်းသော အလင်းတစ်ချက်သူ၏မျက်လုံးများမှ ဖြစ်ပေါ်လာသည်။
ဆောင်းနေရောင်ခြည်သည် နွေရာသီတွင်သာသောနေကဲ့သို့ နွေးထွေးမှုကိုမပေးနိုင်ချေ။ ဖုကျန်း လက်တွန်းလှည်းကို တွန်းရန် ရုန်းကန်လှုပ်ရှားနေရင်းဖြင့်ပင် လှည်းထဲရှိ သဲများကအပြင်သို့ ထွက်ကျကုန်သည်။ သူ၏ ဘယ်ခြေထောက်မှာ အားမသုံးနိုင်သည်ဖြစ်ရာ ညာခြေထောက်ကိုသာအမှီပြုရင်း ဟန်ချက်ညီအောင် ကြိုးစားနေရသည်။
အပေါ်သို့တက်သောအခါများတွင်လည်း သူ၏နှဖူးကြောများက တင်းကျပ်စွာရှုံ့နေပြီး နှုတ်ခမ်းများကို တင်းနေအောင်စေ့ကာ ကြိုးစား၍တက်ရပြီး လေ့ကျင့်ခန်းမလုပ်ခဲ့ဖူးသောကြောင့်ဖြူဝင်းနေသောအသားအရေရှိရာ ယခုမူ သူ၏မျက်နှာမှာ အားအလွန်စိုက်ထားရသောကြောင့် နီရဲ၍ ချွေးသီးချွေးပေါက်များက ပါးများထက်မှ တွဲလွဲခိုကာကျနေပြီးနေရောင်ထဲ၌ အရောင်လက်ကာနေကြသည်။
ဖုကျန်းတွင် နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ဖြူဝင်းသော အသားအရည်ရှိကာ ကြည့်ကောင်းသူတစ်ယောက်ဖြစ်သည်။ နေပူထဲ၌ ၂ နှစ်တာမျှ စုတ်ခြာ
သော အပြင်ဝတ်ရုံကို ဝတ်ဆင်ကာ အလုပ်
လုပ်နေရသော်ငြား သူ၏ ပုံစံမှာ အလိုလိုက်ခံကာ ကြီးပြင်းလာခဲ့သော သခင်လေးတစ်ပါး၏ သဏ္ဍာန်ရှိနေသေးသည်။
အလုပ်ရှင်က ဖုကျန်း၏
အသက်အရွယ်နှင့် အိမ်ကိုမထောက်ပံ့ရသည်ကို အံ့ဩနေသည်။ထို့ပြင် သူ၏အနေအထား
နှင့် ယခုအလုပ်ထက် အနည်းငယ်သက်သာ
သော အလုပ်ကိုရှာရခက်နေသည်ကိုလည်း
စဉ်းစား၍မရဖြစ်နေ၏။
ဖုကျန်းသည်လည်း ထိုကဲ့သို့တွေးခဲ့ဖူးသည်။တက္ကသိုလ်မှ ဘွဲ့မရခဲ့သော်လည်း သူ၏
အစွမ်းအစနှင့် အလုပ်တစ်ခုရှာရန်မခက်ခဲ
သင့်ပေ ။ အကြောင်းအရင်းလည်းမသိခဲ့ရ
ဘဲ သူ၏အလုပ်လျှောက်လွှာများမှာ အမြဲလိုပင် မအောင်မြင်ခဲ့ပေ။ သူက လက်မလျှော့ဘဲ အလုပ်လျှောက်လွှာများကို ဆက်၍ ပို့နေခဲ့သေးသည်။နောက်ဆုံး၌ ကုမ္ပဏီတစ်
ခုမှ အင်တာဗျူးဖြေရန် ခေါ်ခံခဲ့ရသည်။
သို့ရာတွင် ထိုအင်တာဗျူး ပြီးပြီးချင်းတွင်
ပင် ထိုကုမ္ပဏီမှ မန်နေဂျာဖြစ်သူက ပြော
လာသည်။အကယ်၍များ သူတို့ကုမ္ပဏီမှ ဖုကျန်းအားလက်ခံခဲ့လျှင် သူတို့အား ချက်ချင်းမွဲပြာကျအောင်လုပ်မည်ဟူ၍ ဖုလူကြီးမင်းကသတိပေးလာခဲ့သည်ဟုပင်။
ထိုအချိန်တွင်ပင် ဖုကျန်းသည် ဖုမိသားစုမှ
နှင်ထုတ်ခံလိုက်ရသော ထိုနေ့မှစ၍ သူ၏ဘဝ
သည် အောက်ဆုံးသို့ကျသွားပြီ ဖြစ်ကာ
ထိုသူများက သူ့အားအောင်မြင်မှုရရှိရန်
အခွင့်အလမ်းအနည်းငယ်ပင် ပေးရန်စိတ်ကူး
မရှိကြသည်ကို နားလည်လိုက်လေသည်။
ယခုကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ၌ လုပ်ရသော အလုပ်မျိုးက သူ၏မှတ်ပုံတင်ကတ်ပြားယူရန်မလိုဘဲအလုပ်လုပ်နိုင်သည်ဖြစ်သည်။ ထိုမှသာ ဖုကျန်းချန်နှင့် အခြားလူများက သူအဘယ်၌ရှိနေသည်ကိုမသိရဘဲ သူ့အားနှင်ထုတ်ရန် လူလွှတ်ခြင်းမျိုးမလုပ်နိုင်ပေ ။
ထိုသူများကနောက်ဆုံးအနေနှင့် သူ့အားသက်ညှာပေးကာလွှတ်ထားပေးခြင်းလည်းဖြစ်နိုင်လေသည်။
ဖုကျန်းက နေ့ခင်းပိုင်းတွင် အချိန်တစ်ဝက်စာသာ အလုပ်လုပ်နိုင်သည်။ သူ အပေါ်ဝတ်ရုံကို ချွတ်ကာ အလုပ်ခွင်မှ စောစောထွက်လာခဲ့သည်။
ဖုကျန်းထွက်သွားချိန်တွင် အခြားအလုပ်သမားများမှာ ခေတ္တအနားယူနေကြသည်။
ကျန်းဟန်ရှု ရေသောက်နေရင်းမှ ဖုကျန်းထွက်သွားသည်ကိုသူမြင်လိုက်ရသည်။ တစ်ဖက်လမ်းပေါ်မှ ကျယ်လောင်သောလေချွန်သံနှင့် လှောင်ပြောင်သရော်ကာ ဖုကျန်းအား အခြားအလုပ်သမားများက စနောက်နေကြသည်ကိုပာ တစ်ဆက်တည်းမြင်လိုက်ရရာ သူ အကြောင်းအရင်းမသိ ဒေါသထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။
ထို့ကြောင့် သူ၏အဝတ်အစားများပေါ်ရှိ ဖုန်မှုန့်များကို ခါထုတ်လိုက်ရင်း သဲအိတ်ကိုကောက်မကာ အလုပ်ပြန်စလုပ်တော့သည်။အလုပ်ရှင်ရောက်လာပြီး ကျန်းဟန်ရှုက နားနေသော အခြားအလုပ်သမားများနှင့်ယှဉ်လျှင် အလုပ်ပိုကြိုးစားနေသည်ကို မြင်လိုက်ရသောအခါ ခေါင်းတငြိမ့်ငြိမ့်နှင့် ပိုပေးလိုက်ရတဲ့ယွမ် ၃ဝ ကအလကားမဖြစ်သွားဘူးပဲ ဟုတွေးလိုက်လေသည်။
ဖုကျန်း အိမ်ပြန်ရောက်သောအခါ ညနေ ၄နာရီပင်မထိုးသေးပေ။ ရေမိုးချိုးလိုက်ပြီးနောက်အခန်းထဲသို့ပြန်လာကာ သူ၏ဖုန်းကိုဖွင့်လိုက်ပြီးနောက် သူ၏အကောင့်ထဲရှိ ငွေပမာဏကိုကြည့်၍ အတန်ငယ် တွန့်ဆုတ်နေပြီးမှ နောက်ဆုံးတွင် သူဝယ်ယူမည့်ကွန်ပြူတာကို ဈေးဝယ်ခြင်းထဲသို့ ထည့်လိုက်သည်။
ပြီးခဲ့သော ၂ နှစ်အတွင်းတွင် သူသည် ပုံ
အများကြီးမဆွဲဖြစ်ခဲ့ပေ။သူ၏ခြေထောက်များက အလွန်အမင်းနာကျင်၍ အလုပ်မသွား
နိုင်သော အခါများတွင်သာ သူ၏ စာအုပ်ကိုထုတ်၍ ပုံအနည်းငယ်ကို ဆွဲနိုင်ခဲ့လေသည်။
ဖုမိသားစုမှ နှင်ထုတ်ခံလိုက်ရခါစအချိန်များတွင် သူသည် ခေါင်းမာကာသူ၏အရည်အချင်းနှင့် ကမ္ဘာကိုထိုးဖောက်နိုင်လိမ့်မည်ဟု တွေးနေခဲ့လေသည်။ သို့သော်အမှန်တရားက သူ့အား ဇတ်ပိုးအနာနာအုပ်၍ ခေါင်းငုံစေခဲ့ကာ သူ၏ အိပ်မက်ကိုစွန့်လွှတ်ပြီး မသန်စွမ်းသော ခန္ဓာကိုယ်နှင့်
အလုပ်များကိုလုပ်စေခဲ့သည်။
သူဝယ်ယူထားသော ကွန်ပြူတာနှင့်တစ်ပတ်ရစ် တက်ဘလက် ကိုရလျှင် အချိန်အနည်းငယ်ယူ၍ "Shazou Chronicles" ၏ဇာတ်ကောင်များနှင့် ဇာတ်ကြောင်းကိုစဉ်းစားရပေမည်။ အချိန်အတော်ကြာပြီဖြစ်ရာ မူလဇာတ်ကြောင်းကို အနည်းငယ်သာမှတ်မိတော့သည်။
ခုတင်ပေါ်၌ ခဲတံတစ်ချောင်းနှင့် စာရွက်တစ်ရွက်ကိုပြင်ဆင်လိုက်ကာ အိမ်မပြန်ခင် သူအကြိုက်ဆုံး လမ်းဘေးစားသောက်ဆိုင်ငယ်လေးမှ ဝိုင်ဖိုင် ယူသုံးကာ Download ဆွဲထား
သော Video ကိုဖွင့်ကြည့်လိုက်သည်။
Shazou Chronicles သည် လွန်ခဲ့သော ၄ နှစ်က
စတင်ခဲ့သော ဇာတ်လမ်းဖြစ်သောကြောင့် ယခုအခါတွင် ပြင်ဆင်မွမ်းမံရန် အများအပြားလိုအပ်နေပြီဖြစ်သည်။ ယခုမှ ပြန်လည်၍ စတင်မည်ဆိုလျှင် ပရိသတ်များ စိတ်ရှုပ်ထွေးမသွားစေရန်လည်း အထူးဂရုစိုက်ရပေမည်။
ထိုအရာများကိုတွေးရင်းဖြင့်ပင်
သူ၏လက်များကိုစတင်လှုပ်ရှားလိုက်သည်နှင့် အဖြူရောင်စာရွက်ပေါ်တွင်ခဲခြစ်သံများညံသွားလေသည်။
Video ကိုကြည့်လိုက် ပုံဆွဲကာ ဇာတ်လမ်းရေး
လိုက်နှင့် ၃ နာရီကျော်မျှကြာပြီးနောက် သူ
အပြီးသတ်တော့မည့်အချိန်တွင် ည ၈ နာရီပင်
ကျော်နေလေပြီ။ အခန်းထဲရှိလေထုမှာ ပိတ်
လှောင်နေသလိုဖြစ်၍ သူ ခုတင်ပေါ်
မှခုန်ဆင်းလိုက်ကာ ဖုန်းကိုအားသွင်းလိုက်
သည်။ပြီးနောက် ပြတင်းပေါက်ဘက်သို့လျှောက်သွားလိုက်ကာ တံခါးဖွင့်လိုက်သည်။
ပွင့်သွားသောတံခါးပေါက်မှ အေးစိမ့်လှသော လေများတိုးဝင်လာသည်ကြောင့် သူ ချမ်းအေးမှုကိုခံစားလိုက်ရပြီး တံခါးကိုချက်ချင်းပြန်ပိတ်လိုက်သည်။ မှန်ပြတင်းမှတစ်ဆင့်အပြင်ဘက်ရှိ ကြယ်များမှထွက်လာသောအလင်းရောင်များနှင့် အဆုံးမရှိသော ယာဉ်
တန်းကြီးကိုလည်းမြင်လိုက်ရလေသည်။
ဖုကျန်း နှဖူးကြောကိုနှိပ်လိုက်ရင်း သူ
ရေးဆွဲထားသည်များကို ယူကာ စစ်ကြည့်
လိုက်ပြန်သည်။Shazou Chronicles ၏ ဇာတ်ကြောင်းသည်ယွမ်မင်းဆက်တွင် ဇာတ်အိမ်တည်ထားခြင်းဖြစ်သည်။
ဇာတ်လမ်းမှာ Shazou တွင်ရှိသော ဂိုဏ်းကြီးများ၏ နာကြည်းချက်များနှင့် အမုန်းတရားများအကြောင်းဖြစ်ကာဇာတ်ဆောင် မိန်းကလေးသည် သုတ်သင်ခံလိုက်ရသော ကျူးမိသားစု၏ တစ်ဦးတည်းသော မျိုးဆက်ဖြစ်သည်။ သူမသည် အမည်ပြောင်းကာ ဇာတ်မြုပ်၍ ပြန်လာခဲ့သည်။
သူမ၏ အနေအထားကိုပြောင်းလဲကာ Shazou သို့ပြန်လာပြီးနောက်တွင် သူမ၏ အလှအပနှင့်
ဉာဏ်ပညာကိုသာ အသုံးပြု၍ အခြားသူများ
နှင့် အဆင်ပြေပြေနေခဲ့သည်။ ထိုနှစ်ကဖြစ်ခဲ့သော သုတ်သင်မှုကြီး၏ အမှန်တရားကိုရှာကာ ကျူးမိသားစုဝင် ၁၃၂ ယောက်အတွက်လက်စားခြေပေးရန် ကတိပြုထားခဲ့သည်။
Shazou Chronicles ၏ ဇာတ်ကြောင်းမှာ
ရှေးဟောင်း Shazou မြို့တွင် ဇာတ်အိမ်
တည်ထားခဲ့သော်လည်း ဇာတ်အိမ်တစ်ခုလုံးမှာ ယုတ္တိရှိရှိနှင့် ဇာတ်ကောင်များအားလုံးသာမက ဇာတ်ကြောင်းတစ်ခုခြင်းဆီတိုင်းမှာလည်း ထိုမြို့လေးအတွင်း၌ အပြိုင်ပင်ကောင်းမွန်လှကာ ရင်သပ်ရှုမောဖွယ်ပင်ဖြစ်နေလေသည်။
Shazou Chronicles က အထွဋ်အထိပ်သို့
ရောက်ရှိကာ ရေပန်းအစားဆုံးဖြစ်နေချိန်
တွင် ဝေဖန်သူများက ဤဇာတ်လမ်းသည်
တရုတ်နိုင်ငံ၏ animation လောကအတွက်
အလင်းရောင်တစ်ပါးဟု တင်စားကြပြီး
နိုင်ငံခြား Video website များကလည်း Shazou
Chronicles ၏ ထုတ်လွှင့်မှု မူပိုင်ခွင့်ကို ရရှိရန်
အပြိုင်ပင်ဝယ်နေခဲ့ကြလေသည်။
သို့သော် ဖုကျန်းတစ်ယောက် မည်သည်ကိုမျှ ပြန်မဖြေနိုင်ခင်မှာပင် ဖုမိသားစုမှ မောင်းထုတ်ခံခဲ့ရ
လေသည်။ထို့နောက်တွင်မူ ထိုမူပိုင်ခွင့်ဝယ်ယူလိုသည်ဆိုသူများမှာလည်း ကြက်ပျောက်ငှက်ပျောက်ပင် ပျောက်ကုန်ကြကာ မည်သည့်သတင်းမျှမကြားရတော့ပေ။
ထိုအချိန်တုန်းက ဖုကျန်းသည် စတူဒီယိုရှိ
အခြားသူများနှင့်အတူ သင်ယူမှုပေါင်းများ
စွာလုပ်ခဲ့သည်.. သို့သော် သူသည် animation
ထုတ်လုပ်ခြင်းပိုင်းတွင် ကျွမ်းကျင်မှုမရှိခဲ့
ပေ။
ယခုတွင်သူသည် အသံအစားထိုးခြင်းနှင့်
သီချင်းပိုင်းကိုလည်း မလုပ်နိုင်ပေ ယွမ် ၂၀၀၀
လောက်နှင့်လည်း ကွန်ပြူတာကောင်းကောင်း
တစ်လုံးမဝယ်နိုင်သည်မို့ Shazou Chronicles
ကို ယခုအချိန်တွင် ပြန်စတင်ရန် အလွန်ခက်ခဲ
မည်ဖြစ်လေသည်။
ကံကောင်းသည်မှာ Shazou Chronicles၏ ဇာတ်ကြောင်းအစအဆုံးမှာ ဖုကျန်းတစ်ယောက်တည်းက အများဆုံးလုပ်ခဲ့သည်
ဖြစ်ပြီး မူရင်းပုံများအများစုကိုလည်း သူ
ကိုယ်တိုင်က ဆွဲခဲ့သည်ဖြစ်ရာ 2D Animation
လောက်ကိုတော့ သူလုပ်မည်ဆိုလျှင်ဖြစ်
နိုင်ပေသည်။ သို့သော် ထိုအရာက Shazou
Chronicles ၏ ဇာတ်လမ်း အသစ်ထွက်ရန်စောင့်ဆိုင်းနေကြသော ပရိတ်သတ်များကိုစိတ်ပျက်စေလိမ့်မည်ဖြစ်သည်။
ဖုကျန်း ဖုန်းကိုပိတ်လိုက်ပြီးနောက်
အိပ်ရာပေါ်၌လဲလျောင်းလိုက်သည်။ နောက် ၁ဝ ရက်ဆိုလျင် နှစ်သစ်ကူးနေ့ကျ
ရောက်မည်ဖြစ်၏. ဤ နှစ်သည်လည်း ဒီ
အတိုင်းဖြတ်ကျော်သွားမည်ဖြစ်လေသည်။လွန်ခဲ့သောနှစ်အတွင်းဖြစ်ပျက်ခဲ့သမျှကိုရေတွက်ကြည့်နေရင်း ဖုကျန်း၏စိတ်ထဲ၌ ကျန်းဟန်ရှု၏ ပုံရိပ်တစ်ခုသည်သာ ကျန်ခဲ့လေသည်။
မတော်တဆဖြစ်ခဲ့မှုကြောင့် ထိုညက ဘား
တွင် မျဉ်းပြိုင်အဖြစ် ရှိနေသင့်ခဲ့သော လူနှစ်ယောက်၏ ဘဝနှစ်ခုက ဆုံဆည်းခဲ့ကြသည်။မှိန်ပြပြအလင်းရောင်အောက်တွင် ကျန်းဟန်ရှု၏ ပါးပေါ်မှ ချွေးစက်များက ဖုကျန်း၏ရင်ဘတ်ပေါ်သို့ကျဆင်းခဲ့သည်။
အံ့အားသင့်စရါကေါင်းစွါပင် ဖုကျန်းတစ်ယောက်ထိုအချိန်တွင်တွေးခဲ့မိသည်က ကျန်းဟန်ရှုသည် အလွန် Sexyကျသည်ဟုတွေးကာ မကောင်းဆိုးဝါးဝင်ပူးခံ
ရသကဲ့သို့ သူသည်လက်များကို မြှောက်ကာကျန်းဟန်ရှု၏ လည်တိုင်ကို ဖက်တွယ်လိုက်မိလေသည်။
တရွရွဖြစ်သော နာကျင်မှုအပြင် ဖော်ပြ၍ မရ
နိုင်သော ဖြည့်တင်းမှုတစ်ခုလည်းရှိနေခဲ့သည်။ထိုခံစားချက်များက ဖုကျန်းအား ငိုမိတော့မလိုပင်ဖြစ်စေခဲ့သည်။ဖုအိမ်မှနှင်ထုတ်ခံရပြီးသည့်နောက်တွင် ဖုကျန်းသည်တစ်စုံတစ်ယောက်က သူ့အားချစ်ခင်နှစ်သက်ပေးလာမည်ကို အလွန်ပင်မျှော်လင့်ခဲ့သည်ဖြစ်ရာ ကျန်းဟန်ရှုနှင့်တစ်သားတည်းဖြစ်နေခဲ့သော ထိုအချိန်၌ သူသည် မိသားစုတစ်ခု ရရှိလာသည်ဟုပင် တွေးမြင်နေခဲ့သည်။
သို့သော် ထိုအတွေးမှာ သူ၏စိတ်ကူးသက်သက်သာပင်.ကျန်းဟန်ရှုသည် တစ်နေ့တွင် သူ၏ ကိုယ်ပိုင်မိသားစုလေးနှင့် နေသွားမည်ပင်..။