အပိုင်း ၈
Viewers 23k

ဖုကျန်း အခန်းထဲမှ မီးကိုပိတ်ကာ အိပ်ရာ
ပေါ်၌လဲလျောင်း၍ သူ့ကိုယ်သူ စောင်ဖြင့်ဖုံးလိုက်သည်။ အိပ်မက်ထဲ၌ သူနှင့်ကျန်းဟန်ရှုတို့ ဘားတွင် တစ်ခေါက်ပြန်တွေ့ကြလေသည်။နှစ်ယောက် အကြည့်ချင်းဆုံလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းဟန်ရှုက အပြေးရောက်လာကာ သူ့အား မချီ၍ အခန်းနံပါတ် ၃၀၆ ၏ တံခါးကိုဖွင့်ဝင်လိုက်သည်။သူ့ကို အိပ်ရာထက်ပေါ်သို့ ပစ်ချပြီးနောက် ချက်ချင်းပင် ဖုကျန်း၏ ခန္ဓာကိုယ်အား အုပ်မိုးလိုက်ကာ...
ထို့နောက်တွင်တော့ ကမ္ဘာကြီး အဆုံးသတ်
သွားတော့မကဲ့သို့ပင် နှစ်ယောက်သား ရစ်ပတ်တွယ်နှောင်ကာနေတော့သည်။
ဖုကျန်း မနက်အာရုံတက်သည်အထိ မနိုးပေ။ဘေးခန်းတွင်နေသည့် အခန်းဖော်က ယနေ့အိမ်ပြောင်းမည်ဖြစ်၍ အိမ်ရှင်က လာရောက်ကာ အခန်းနှင့် ပရိဘောဂများ ထိခိုက်မှုရှိမရှိစစ်ဆေးလေသည်။ ခြစ်ရာအနည်းငယ်တွေ့မြင်သောကြောင့် နှစ်ယောက်သား စကားများနေကြ၏။
ယခင်ညက အိမ်ပြန်နောက်ကျသော အခန်းဖော် မိန်းကလေးက ပန်းရောင် အိမ်နေရင်းဝတ်စုံဖြင့် မျက်မှောင်ကြုတ်၍ ထွက်လာသည်။ သူတို့နှစ်ယောက်၏ စကားများနေသံက ကျယ်လောင်လွန်းသဖြင့် သူမ၏အနားယူနေခြင်းကို အနှောင့်အယှက်ပေးကြောင်း ပြောနေသည်။
ဖုကျန်းမှာမူ ထိုဆူညံပွက်လောရိုက်မှုအပြည့်နှင့် ကမ္ဘာကြီးထဲ၌ မျောနေသကဲ့သို့ပင်
မည်သည်ကိုမှလည်း ဂရုစိုက်ပုံမရပေ။ ကိုယ်လက်ဆေးကြောကာ ကုတ်အင်္ကျီကိုဝတ်ဆင်လိုက်ပြီး တံခါးကိုဖွင့်၍ အိမ်မှထွက်လာခဲ့လိုက်သည်။
အပြင်ဘက်ရှိလေထု အေးအေးက ရုတ်တရက်ဆန်စွာ တိုးဝင်လာမှုကြောင့် ဖုကျန်းတစ်ယောက် လည်ပင်းကို ကျုံ့လိုက်ကာလည်ပင်းထက်ရှိ မာဖလာကို ပို၍ မြင့်မြင့်သို့ဆွဲတင်လိုက်၏။
ကျန်းဟန်ရှု ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲသို့ စောစောရောက်လာခဲ့သည် သူ၏ ရှည်လျားသော အရပ်နှင့်အချိုးအစားညီညွတ်လှသော ခန္ဓာကိုယ်ကလျော့တိလျော့ရဲနှင့်အလုပ်မှ အဝတ်အစားများကိုတောင် အရည်အသွေးကောင်းလာစေသယောင်ပင်။
ဖုကျန်း တစ်မနက်ခင်းလုံး စိတ်က အခြားသို့ရောက်ကာ သတိလွတ်နေသော်လည်းသူ၏အလုပ်မှာမူ ရပ်ဆိုင်းသွားခြင်းမရှိခဲ့ပေ။ သဲများကို သဲပုံကြီးဆီသို့ တစ်ခေါက်ပြီးတစ်ခေါက် သယ်ပို့နေလေသည်။အခြားအလုပ်သမားများမှာ ထိုသဲများကို ဆန်ခါများပေါ်သို့ကော်၍ တင်
လျက် သဲများကိုစစ်ထုတ်ကာ အခြားပစ္စည်းများနှင့် ရောနှော၍ အဆောက်အအုံအတွက်ကွန်ကရစ်များ ပြုလုပ်လျက်ရှိသည်။
ဖုကျန်း သူ့ ခြေထောက်အောက်တွင်
ရှိနေသော ကျောက်တုံးအား သတိမမူမိပဲ
တွန်းလှည်းအား တွန်းလိုက်ရာ မြေကြီးပေါ်သို့ကျသွားလျက် သူ၏ရှေ့ရှိ လှည်းအားတိုက်မိကာ ကျယ်လောင်သောအသံ ထွက်လာလေသည်။
အလုပ်သမားများက အသံကိုကြား၍ခေါင်းများထောင်ကြည့်လာကြသည်။ ဖုကျန်းမြေကြီးပေါ်၌လဲနေသည်ကို တွေ့သောအခါ တစ်ယောက်မှစ၍ အားလုံးလိုက်ပာကာ ကျယ်လောင်စွာရယ်မောလေရပြီးနောက် သူတို့ခေါင်းများကို ပြန်ငုံ့၍ သူတို့အလုပ်ကို သူတို့ ပြန်လုပ်ကြလေသည်။
လူတိုင်းမှာ သူတို့အလုပ်နှင့် သူတို့ရှုပ်နေရာ
ခြေမသန်သောသူလေးအား 'နာသွားလား
အဆင်ပြေရဲ့လား' ဟုပင် တစ်ယောက်ကမှ
မေးဖော်မရကြချေ။ဖုကျန်းမှာလည်း ဤကဲ့သို့ဘဝမျိုးနှင့်အသားကျနေပြီဖြစ်ရာ မြေကြီးပေါ်မှ ခက်ခက်ခဲခဲနှင့်ထ၍ သူ၏တွန်းလှည်းလေးကိုပြန်ပြင်လိုက်သည်။ ယိုင်တိယိုင်တိုင်နှင့် သူ၏ဂေါ်ပြားကို
ရှာဖွေလျက် မြေကြီးပေါ်တွင် ပြန့်ကျဲနေသောသဲများအားလှည်းပေါ်သို့ ပြန်ကော်၍တင်လိုက်သည်။
အေးမြသော လေက စာကလေး
များ၏ အသံနှင့်အတူ သူ၏နားတစ်ဝိုက်မှ
ဖြတ်သွားလေသည်။ထိုအချိန်တွင် ကျန်းဟန်ရှုမှာ ပုခုံးပေါ်၌ သဲအိတ်ကိုသယ်လျက် လုပ်ငန်းခွင်ထဲတွင် လျှောက်နေလေသည်။ သူ၏အတွေးများက ထိုညက ဘား၌ ရေသူလေးနှင့် ရစ်ပတ်တွယ်နှောင်ကာ တစ်ဦးနှင့်တစ်ဦး ပူးကပ်ကာရှိနေခဲ့သောအချိန်ကို ပြန်မြင်ယောင်လျက်..ပြန်လည်တွေးရင်း ကျန်းဟန်ရှုတစ်ယောက်သက်ပြင်းပင်ချလိုက်မိသည်။
"သူ ဘာများဖြစ်သွားသေးလဲမသိဘူး ငါသူကို နာကျင်အောင်များလုပ်လိုက်မိသလား..ငါအရမ်းကြမ်းသွားတာလား ဒါမှမဟုတ် သူကျေနပ်မှုမရှိတာများလား...ကျေးဇူးပြုပြီး.....ဝမ်းမနည်းနေပါနဲ့ ဟုတ်ပြီလား....."
ကျန်းဟန်ရှု၏ အပြာရောင်ဖန်ဂေါ်လီလုံးများကဲ့သို့သော မျက်လုံးများပေါ်၌ ဆွေးမြည့်မှု၏ အငွေ့အသက်များဖြစ်တည်လာလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်သူ၏ရေသူလေးမှာ ပျောက်ကွယ်သွားချေပြီ။ထိုသူက ပူပေါင်းများအဖြစ်ပျောက်ကွယ်သွားခြင်းမဟုတ် ပင်လယ်ထဲသို့ပြန်သွားခြင်းသာပင်။
ကျန်းဟန်ရှု အသိစိတ်ပြန်ဝင်လာချိန်တွင်သဲအိတ်ကိုမြေပြင်ပေါ်သို့ ချလိုက်၏ သူမော့ကြည့်လိုက်သောအခါတွင် သိပ်မဝေးလှသော နေရာ၌ ဖုကျန်းတစ်ယောက် သဲများကို ဂေါ်ပြားနှင့် ခက်ခက်ခဲခဲသယ်နေသည်ကို မြင်လိုက်ရ၏။သူသည် စက်ရုပ်တစ်ရုပ်လိုပင် မြေပြင်ပေါ်မှသဲများကို ကော်၍ သူ၏တွန်းလှည်းပေါ်သို့ တင်နေသည်။
ဖုကျန်း သူ၏လှည်းပေါ်မှ လက်ကိုင်တန်းကို လက်နှစ်ဖက်လုံးဖြင့် ကိုင်လိုက်၏။ထိုလက်ကိုင်တန်းပေါ်တွင် ပတ်ထားသောသံပြားမှာ အကြိမ်ပေါင်းများစွာ အသုံးပြုထားမှုကြောင့် ချောင်ကာ လည်ထွက်နေလေသည်။ ဖုကျန်း စူးရှစွာနာကျင်မှုကြောင့်သူ၏လက်ကို လှန်၍ ကြည့်လိုက်မိသောအခါတွင် သူ၏လက်ကောက်ဝတ်နှင့် လက်ဖဝါးမှအရေပြားမှာ သွေးများထွက်ကာ သဲနှင့်ရော၍ခရမ်းရင့်ရောင်ပင် သန်းနေချေပြီ။
သူ သက်ပြင်းတိုးတိုးချ၍ သဲ
အပြည့်နှင့်လှည်းကို ဦးတည်ရာသို့ တွန်းသွားလိုက်ပြီးနောက် လုံခြုံရေးခန်းထဲသို့ဝင်လိုက်သည်။လုံခြုံရေးခန်းသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်မူ အသန့်ရှင်းဆုံးနေရာဟု ဆိုရပေမည်။
ဤအခန်းသည် ၂၀ စတုရန်းမီတာပတ်လည်လောက်ကျယ်လေ၏။ ကြားရက်များတွင် ဤနေရာ၏ လုံခြုံရေး အစောင့်ဖြစ်သူ အဖိုးကြီးဝမ် တစ်ယောက်တည်းနေထိုင်သောနေရာဖြစ်၏။ ဖုကျန်းကအဖိုးကြီးဝမ်ဆီမှ ဘေစင်နှင့် ရေအနည်းငယ်ကို ခဏငှား၍ ယူသုံးလိုက်သည်။
သေးငယ်သော ရေစီးကြောင်းလေးက ဖုကျန်း၏ လက်ဖဝါးပေါ်မှတစ်ဆင့် အသားထဲထိ နစ်ဝင်နေပြီဖြစ်သော သဲများကိုသယ်ဆောင်သွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြည်လင်နေသောရေမှာ ရွှံ့ရောင်သန်းသွားလေသည်။စိတ်ကောင်းစရာပင် ယနေ့သည် ကံမကောင်းသောနေ့ဖြစ်ရမည်။
အလုပ်ရှင်က လုပ်ငန်းခွင်သို့ စစ်ဆေးရန်ရောက်လာရာ ဖုကျန်းကို မမြင်၍ လိုက်ရှာကာ ဖုကျန်းလုံခြုံရေးအခန်းထဲမှ ထွက်လာသည်ကိုမြင်
သော် ချက်ချင်းပင် မျက်မှောင်ကြုံ့လျက် ဖုကျန်းအား လှမ်းအော်လိုက်သည်။
"မင်းဘာလို့ ဒီလောက်ရေသာခိုနေရတာလဲ ငါမင်းရဲ့ နေ့တစ်ဝက်စာ လုပ်အားခလျှော့လိုက်မယ်..."
ဖုကျန်းက ခေါင်းမော့၍ အသံလာရာဆီသို့
ကြည့်လိုက်သည်။ အလုပ်ရှင်၏ မျက်နှာမှာ
အမှန်ပင် ဒေါသထွက်နေသည့်ပုံနှင့် နောက်နေ
ဟန်မရပေ။သူက ဖုကျန်းဆီသို့ အမြန်လျှောက်သွားလိုက်ပြီး မေးလေသည်။
"မင်းအခု ဘာသွားလုပ်လာတာလဲ...
"ကျွန်တော် လက်ထိခိုက်မိသွားလို့ သွားဆေးလာတာပါ..."
ဖုကျန်းက ခေါင်းကိုငုံ့၍ ရှင်းပြလိုက်၏။အလုပ်ရှင်၏မျက်လုံးများက ဖုကျန်း၏လက်များပေါ်သို့ ရောက်သွားလေသည်။
"မင်း အလုပ်ရော လုပ်နိုင်သေးလား..."
ဖုကျန်းချက်ချင်းပင် ခေါင်းငြိမ့်လိုက်သည်။
"လုပ်နိုင်ပါတယ်..."
"မင်းရဲ့ခြေထောက်ကရော"
အလုပ်ရှင်ကမေးပြန်သည်။အလုပ်ရှင်ကမည်သည်ကို ဆိုလိုချင်သည်ကို နားလည်၍ ဖုကျန်းက ခေါင်းသာခါပြ၍မည်သည်ကိုမျှပြန်မပြောချေ။ တစ်ခါကသူ့၏ခြေထောက်မှ ဒဏ်ရာပြင်းလာ၍ ရက်အနည်းငယ်မျှ အလုပ်မလုပ်နိုင်တော့ကြောင်းပြောဖူး၍ဖြစ်သည်။
"ဒါဆို အလုပ်သွားလုပ်တော့..."
"ဒါပေမဲ့ လုပ်အားခကတော့ လျှော့ဦးမှာ
ပဲ လေးပုံတစ်ပုံလျှော့မယ်..."
အလုပ်ရှင်ကထပ်ပြောလေသည်။ဖုကျန်း၏ တစ်နေ့စာလုပ်အားခမှာ ယွမ်အနည်းငယ်သာဖြစ်ရာ လေးပုံတစ်ပုံလျှော့ခြင်းသည်များပြားလှသည်တော့မဟုတ်ပေ။ သို့သော်သူသည် နောက်လအနည်းငယ်အတွင်း ငွေလိုနေသည်ဖြစ်ရာ ဤလုပ်အားခလျှော့ခံရခြင်းသည် များလှပေသည်။
သူ၏ စားစရိတ်ကို နောက်တစ်ပတ်တွင် မြှင့်တင်စဉ်းစားထားသော်လည်း ယခုအခေါက်တွင်တော့ မဖြစ်နိုင်တော့ချေ။သူ ဘေးဘက်ဆီသို့ ပြန်လည်လျှောက်သွားလိုက်ရင်း အလုပ်ဆက်လုပ်ရန်တွန်းလှည်းကို သွားယူလိုက်သည်။
အလုပ်ရှင်က သူ၏ခြေထောက်များကို အချိန်အတော်ကြာမျှစိုက်ကြည့်ကာ သူ့လုပ်ငန်းခွင်ထဲ၌
နှောင့်နှေးစေမှု မရှိကြောင်းသေချာမှ ပြန်လှည့်၍ အခြားအလုပ်သမားများအားစစ်ဆေးရန် သွားလေတော့သည်။
ဖုကျန်း လှည်းကျိုးလေးအားတွန်း
လျက် ကျန်းဟန်ရှု၏ဘေးမှ ဖြည်းဖြည်းချင်းဖြတ်သွားလေသည်။ဖုကျန်း၏ နာကျင်မှုကြောင့် ရှုံ့တွနေသောမျက်နှာနှင့် ပြင်းထန်သော အသက်ရှူသံကိုကြားကာ ကျန်းဟန်ရှုမျက်မှောင်ကြုတ်လိုက်မိကာ အနည်းငယ်ပင် နာကျင်မှုကို ခံစားလိုက်ရသယောင်ပင်။
သူ့ ခြေလှမ်းများကိုဖုကျန်း၏အဝေးဆီသို့ အမြန်လှမ်းလိုက်ပြီးနောက် မကြာမီ ထိုပင့်သက်ရှိုက်သံများကြားမရတော့ပေ။
သို့သော်လည်း ကျန်းဟန်ရှု၏ နှလုံးသားတွင် အနည်းငယ် ခံစားရခက်နေသေးသည်။ကျန်းဟန်ရှုသည် ပုံမှန်တွင် စကားနည်းသူတစ်ယောက်ဖြစ်သည်။ ယနေ့နံနက်တွင်တောင်မှ သူ၏ အမူအရာက ယခင်အတိုင်းပင်မပြောင်းလဲဘဲရှိနေပြီး မည်သည်ကိုမျှလည်းဂရုစိုက်မနေပေ။
ဖုကျန်းတစ်ယောက် ထိုသူကမည်ကဲ့သို့ ဤဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲသို့ အလုပ်လုပ်ရန်ရောက်လာသည်ကို သိချင်နေပေသည်။ သူသေသေချာချာမှတ်မိနေသည်မှာ ထိုညက ဘားထဲ၌ မန်နေဂျာနှင့်သူဌေးကျန်းက ကျန်းဟန်ရှုနှင့် အလွန်ရင်းနှီးဟန်ရှိပြီး အနည်းငယ်ပင် လေးစားမှုရှိနေသယောင်ပင်ဖြစ်သည်လေ။ ကျန်းဟန်ရှုကလူချမ်းသာတစ်ယောက်ဟုပင် သူတွေးမိနေသေးသည်။
သို့သော် လူတိုင်းတွင် ကိုယ်စီလျှို့ဝှက်ချက်
ဟူသည် ရှိစမြဲပင်။နေ့လည်စာစားချိန်တွင် ဖုကျန်းက ကျန်းဟန်ရှုနှင့် မဝေးလွန်း မနီးလွန်းသော နေရာတစ်ခုကိုရှာတွေ့သွားပြီး နေ့လည်စာထမင်းဘူးကို ကိုင်၍ ကျန်းဟန်ရှုကိုတိတ်တဆိတ်ပင် ငေးကြည့်နေလိုက်သည်။
ကျန်းဟန်ရှု၏ တူကိုင်ထားသော လက်များရပ်သွားပြီး ရုတ်တရက် ခေါင်းမော့ကာ ဖုကျန်းရှိရာဘက်သို့ ကြည့်လာလေသည်။
သူကြည့်နေသည်ကို ထိုကဲ့သို့ မိသွားလိမ့်မည်ဟု မထင်ထားသော ဖုကျန်းတစ်ယောက် ရှက်ရွံ့စွာဖြင့်ခေါင်းကိုငုံ့လိုက်ကာ သူ့လက်ထဲရှိ ထမင်းဘူး
ကိုမ၍ မျက်နှာတစ်ခုလုံးနီးပါးကို ဖုံးကွယ်
ထားလိုက်သည်။
ဖုကျန်းက ကြောက်လန့်နေသော တောကောင်ငယ်လေးတစ်ကောင်ကဲ့သို့ လျင်မြန်စွာ အကြည့် ဖယ်သွားသည်ကို မြင်သောကြောင့် ကျန်းဟန်ရှုလည်း တည်ငြိမ်စွာပင်သူ၏အကြည့်ကိုပြန်ရုတ်သိမ်းလိုက်သည်။
မကြာမီမှာပင် သူ၏အိတ်ကပ်ထဲမှဖုန်းက မြည်လာသည်။ဖုန်းခေါ်နေသူမှာ ဝမ်ထုံဖြစ်ပြီး သူက ကျန်းဟန်ရှုအား မည်သည့်နေရာတွင် နေကြောင်းကို မေးလာသည်။သူက လတ်တလောလေးတင်ကမှ နိုင်ငံခြားမှ ပြန်လာသည်ဖြစ်ပြီး နေထိုင်ရန်နေရာအသစ်ကို ရှာမတွေ့သေးပေ။
ယခုရက်ပိုင်းတွင်ဟိုတယ်၌သာ နေထိုင်ဖြစ်နေသည်။ ကျန်းဟန်ရှုက ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့်နီးပြီးသူ၏ လက်ရှိအခြေအနေနှင့် ကိုက်ညီသောနေရာတစ်ခုကို ရှာဖွေနေလေသည်။
ကျန်းဟန်ရှု ဖုန်းချလိုက်သောအခါတွင် အနီးရှိ အလုပ်သမားတစ်ယောက်က သူပြောသည်ကိုကြားပြီး သူ့ပခုံးကိုပုတ်လျက် မေးလာသည်။
"နေဖို့ အိမ်ရှာနေတာလား..."
ကျန်းဟန်ရှု ခေါင်းငြိမ့်လိုက်သည်။အလုပ်သမားက ကျန်းဟန်ရှုကို ဖုန်းနံပါတ်တစ်ခုပေးပြီး ထိုသူကိုဖုန်းဆက်၍ အိမ်ငှားဖို့စုံစမ်းရန်ပြောလေသည်။
ထိုအချိန်၌ ဖုကျန်းက ခေါင်းငုံ့လျက် အဆီများလှသော ခရမ်းသီးဟင်းကို နေ့လည်စာ
အဖြစ် စားလိုက်သည်။ သူ၏ ရှည်လျားသောမျက်တောင်များက မျက်နှာပေါ်တွင်ပင် အရိပ်ထင်လျက်ရှိလေသည်။
လုပ်ဖော်ကိုင်ဘက်ဆီမှ ဖုန်းနံပါတ်ရပြီးနောက်
ကျန်းဟန်ရှု၏ မျက်လုံးများက မနီးမဝေးတွင်ရှိနေသော ဖုကျန်းဆီမှ ခွာ၍မရအောင်ပင် ဆွဲဆောင်ခံထားရလေသည်။ သူ၏မျက်နှာပေါ်၌ နူးညံ့သော အမွှေးရေးရေးလေးတစ်လွှာရှိနေပြီး လတ်လတ်ဆတ်ဆတ်မှည့်ထားသော မက်မွန်သီးလေးကဲ့သို့ပင် သူ၏ပန်းရောင်နှုတ်ခမ်းပါးလေးများက အဆီလွှာလေးတစ်လွှာဖြင့် ဖုံးထားလေသည်။
သူ၏အကြည့်ကို ရုတ်သိမ်းလိုက်ရင်း ရှေ့ရှိအလုပ်သမားကို ကျေးဇူးတင်လိုက်သည်။စားသောက် ပြီးသောအခါ ဖုကျန်း မျက်လုံးများကို မှိတ်ကာ သူ၏ခန္ဓာကိုယ်ကိုနောက်တွင်ရှိသော နံရံကိုမှီလျက် ခဏတာအနားယူလိုက်သည်။
ထို့နောက် မျက်လုံးများကိုပြန်ဖွင့်
ကာ မတ်တပ်ရပ်လိုက်သည်။ ထမင်းဘူးကို အမှိုက်ပုံးထဲသို့ ထည့်လိုက်ပြီးနောက် ပလာစတာ နှစ်ခုဝယ်၍ လက်မှပွန်းပဲ့ရာကို ကပ်လိုက်သည်။
ဖုကျန်းထွက်သွားပြီးနောက်တွင် ကျန်းဟန်
ရှုက ထိုသူထိုင်ခဲ့သောနေရာ၌ လိပ်စာကတ်တစ်ခု ကျန်ခဲ့သည်ကို တွေ့လိုက်ရသည်။အနည်းငယ် ဝါကျင့်ကျင့်ဖြစ်နေသော ကတ်လေးကို ကြည့်လိုက်ပြီးနောက် ခဏတာမျှမည်သည်ကို လုပ်ရမည်မသိဘဲဖြစ်ကာ အချိန်အတန်ကြာမျှ တိတ်ဆိတ်သွားလေသည်။
နောက်ဆုံး၌ ထိုကတ်လေးပေါ်၌တခြားသူ တက်မထိုင်ခင်မှာပင် ကောက်ယူလိုက်သည်။ ခပ်မြန်မြန်ပင် ထိုကတ်ပေါ်ရှိစာကိုဖတ်ကြည့်လိုက်ရာ အိမ်ငှားရန်အတွက်လိပ်စာကတ်ဖြစ်နေပြီး ထိုထဲရှိ အခြေအနေများမှာလည်း သူလိုအပ်နေသည်နှင့် အတော်လေးကိုက်ညီနေသည်ဖြစ်ရာ ထိုကတ်ကိုသူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်လေသည်။
ဖုကျန်းပြန်ရောက်လာသောအခါတွင် သူအုတ်ခဲပေါ်၌ထားခဲ့သော လိပ်စာကတ်မရှိတော့သည်ကို မြင်လိုက်ရ၍ ကျန်းဟန်ရှု ကိုခိုးကြည့်လိုက်ရာ ထိုသူ၏ မျက်နှာ၌ ထူးဆန်းသည့်အရိပ်အယောင် တစ်ခုပင် မတွေ့ရချေ။
ထိုညနေ အလုပ်ဆင်းချိန်၌ အလုပ်ရှင်တစ်ယောက်ထဲရှိနေသည်ကို ကျန်းဟန်ရှုတွေ့ လိုက်ရသည်။
"ဒီနေ့ ဖုကျန်းအဖြတ်ခံလိုက်ရတဲ့ လစာကို
ကျွန်တော့်လစာထဲက နှုတ်လိုက်ပါ..."
သူဌေးက မျက်မှောင်ကြုတ်လိုက်ပြီး
သူ၏ရှေ့ရှိ အရပ်ရှည်ရှည်နှင့်လူကို သေချာ
ကြည့်ကာ မေးလေသည်။
"မင်းနဲ့အဲဒီခြေကျိုးလေးနဲ့က ဘယ်လိုပတ်သက်တာလဲ..."
"အဲဒါက အရေးမကြီးပါဘူး..."
အလုပ်ရှင်က ကျန်းဟန်ရှုကို ပခုံးပုတ်ရင်းဖျောင်းဖျလေသည်။
"လူငယ်လေး...အရမ်းသနားတတ်ရင်လည်း မကောင်းဘူးနော်..."
ကျန်းဟန်ရှုက နှုတ်ခမ်းများကို စေ့စေ့ပိတ်ထားလျက် စကားပင် ပြန်မပြောချေ၊အလုပ်ရှင်က ခေါင်းငြိမ့်လိုက်ပြီး စာရင်းစာအုပ်ထဲတွင် အနည်းငယ်ရေးခြစ်၍ မှတ်လိုက်သည်။ မည်သို့ဖြစ်စေ ထိုငွေများမှာ သူပေးရခြင်း မဟုတ်ပေ။
ကျန်းဟန်ရှုက သူ၏လစာအားလုံးကို ဖုကျန်းအားပေးလိုက်လျင်တောင် သူ့ကိစ္စ မဟုတ်...။
သူက လှည့်၍ ထွက်သွားတော့မည်ပြုပြီး
နောက် ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိပုံဖြင့် ရပ်လိုက်ပြီး အလုပ်ရှင်ကို ပြန်ပြောလိုက်သည်။
"သူ့ကို ဒီကိစ္စ ပြန်မပြောပါနဲ့..."