အပိုင်း ၉
Viewers 23k

ဖုကျန်း သူ့ အခန်းကျဉ်းလေးထဲသို့ပြန်ရောက် ချိန်တွင် သူဝယ်ယူထားသော ကွန်ပြူတာနှင့်တက်ဘလက် မှာတစ်မြို့တည်းမှဖြစ်သောကြောင့်ခပ်မြန်မြန်ပင်ရောက်ရှိနေပြီဖြစ်သည်။
သူ mail box ထဲမှထုတ်ယူကာ ဂရုတစိုက်ပင်သူငှားနေရာ အိမ်ခန်းလေးထဲသို့ပြန်သယ်လာပြီးနောက် ထုပ်ပိုးထားသည်များကို ဖွင့်ဖောက်လိုက်လေသည်။ သူအချိန်အတော်ကြာမျှဤကဲ့သို့မပျော်ရွှင်ခဲ့ရသောကြာင့် Meituan ကိုကြည့်၍မောက်ချိုင်ဟင်းပွဲကို မှာစားရန်ပြင်လိုက်သည်။
သို့သော်လည်း သူလစာလျှော့ခံလိုက်ရသည်ကို သတိရသွားပြီးနောက် ချက်ချင်းပင်
စားချင်စိတ်များပျောက်သွားပြန်လေသည်။
(#crdtonin3teen *mcituan ဆိုတာကဒီမှာဆို Shopတို့ Foodpanda တို့လိုမျိုးပစ္စည်းတွေဝယ်အစားအသောက်တွေမှာလို့ရတဲ့ app မျိုးပါ
*မောက်ချိုင်ဟင်းပွဲဆိုတာကကျတော့ Mini hotpot လိုမျိုးပဲ)
ဖုကျန်း ဂရပ်ဖစ်တက်ဘလက် ကို ကွန်ပြူတာနှင့်ချိတ်
ပြီးနောက် function များစစ်ဆေးကြည့်ရာအားလုံးကအလုပ်ကောင်းကောင်းလုပ်သည်ကိုတွေ့ရ၏ ထို့နောက် နောက်တစ်ကြိမ် Hash အပိုင်းစစ်ဆေးကြည့်၍ ရလဒ်ကိုကြည့်ရာသိပ်တော့မလုံလောက်ပေ frame များလျှင်ကွန်ပြူတာကနိုင်မည်မထင်။
အချိန်အတန်ကြာစဉ်းစားပြီးနောက် သူ "Shazou Chronicle" ကိုတရားဝင်ပြန်မတင်ခင် ပထမဦးဆုံးအနေဖြင့်ပုံကြမ်းအနည်းငယ်စမ်းဆွဲကြည့်ရန်ကြံလိုက်သည်။နောက်မှ ယခုထက်ကောင်းသောကွန်ပြူတာနောက်တစ်လုံးဝယ်ရန်စဉ်းစားလိုက်သည်။
သူအလုပ်အပ်လက်ခံလိုလျှင် စိတ်ဝင်စားခံရဖို့လိုအပ်သည်။ ပုံမှန်ဆိုလျှင် အနုပညာသည်အသစ်များက နာမည်ကြီးနေသော ဝတ္ထု၊ဂိမ်းသို့မဟုတ် ရုပ်ရှင်နှင့်ဇာတ်လမ်းတွဲများထဲမှဇာတ်ကောင်များကို ပုံဆွဲ၍ ပရိသတ်များကိုဆွဲဆောင်ကြလေ၏။
ပရိသတ်အတန်အသင့်စုဆောင်းမိပြီဆိုသည်နှင့် တစ်ယောက်ယောက်က ပုံမှန်လိုပင်သူ့ဆီရောက်လာပြီးပုံဆွဲပေးရန် လာရောက်အလုပ်အပ်နှံလေမည်ဖြစ်သည်။ ထိုသို့ပရိသတ်စုဆောင်းရန် အချိန်အတော်လိုသည်ဖြစ်သော်လည်း တချို့ကိစ္စမျိုးတွင်မူ ပုံဆွဲသည့်သူ့ ထူးခြားပြီးသူ၏ပုံများကကောင်းနေလျှင်ပုံထွက်လာသည်နှင့် ထိုပုံကိုပရိသတ်များဝယ်နိုင်သည်ဖြစ်ပြီး တခြားပုံများကိုလည်း အခကြေးငွေပေး၍ တောင်းဆိုလာနိုင်သည်။
ဖုကျန်းအနေဖြင့် ပုံဆွဲခဲတံကို အတော်ကြာကြာမကိုင်ခဲ့ခြင်းဖြစ်နေသည်။
ယခုအချိန်သည် လွန်ခဲ့သည့် ၂ နှစ်
ကဖြစ်ခဲ့လျှင် သူသည်ဝက်ဝက်ကွဲအောင်မြင်ပြီး ဤလောကထဲ၌ ချက်ချင်းနာမည်ကြီးလာမည်ဟု ယုံကြည်ချက်ရှိနေမည်ဆိုသော်လည်း ယခုမူ ဒဏ်ရာ
ရ၍ အညိုအမဲစွဲကာ ခရမ်းရောင်သန်းနေသောလက်ကလေးကိုကြည့်၍ ခေါင်းကိုခါရမ်းကာ ခနဲ့တဲ့တဲ့အပြုံးတစ်ခုကိုသာလုပ်လိုက်မိသည်။
မည်သို့ပင်ဖြစ်စေကာမူ သူ စိတ်
ဆုံးဖြတ်ပြီးပြီဖြစ်လေရာ အကောင်းဆုံးလုပ်ကိုလုပ်ရမည်။ အချိန် ၂ နှစ်ကုန်လွန်သွားပြီဆိုသော်လည်း သူ့၏ပုံဆွဲသည့်အရည်အချင်းမှာ သိပ်လျော့မသွားပေ။ ယခုတင်ဆွဲပြီးသာပုံလေးအားကြည့်၍ ဖုကျန်းတစ်ယောက်ခေါင်းတစ်ဆတ်ဆတ်ငြိမ့်၍ ကျေနပ်နေလေသည်။
ယခုထက် အနည်းငယ်လေးသာပို၍ကြိုးစားလိုက်လျှင် လွန်ခဲ့သည့် ၂ နှစ်ကအနေအထားသို့ ၁ လ အတွင်းပင်ပြန်ရောက်နိုင်ပေသည်။ပုံဆွဲခဲတံကိုချကာ မတ်တပ်ရပ်လိုက်ပြီး သူ၏ပုခုံးများကိုပွတ်သပ်၍နှိပ်လိုက်သည်။ထို့နောက် weibo တွင်တင်ထားသော ပုံများကိုရှာ၍ သူယခုလေးတင်ဆွဲထားသောပုံကြမ်းများနှင့်ယှဉ်ကြည့်လိုက်သည်။ သူ၏ယခုအခြေအနေနှင့်ဆိုလျှင် ပိုပြီးဆွဲနိုင်သေးသည်။
"လုပ်လိုက်စမ်းပါ..."
ကိုယ့်ကိုယ်ကိုအားပေး၍ သူ ချက်ချင်း weibo အကောင့်အသစ်တစ်ခုလျှောက်လိုက်သည်။ အမည်ပြောင်ပေးရန်မေးလာသောအခါ ခဏမျှတွန့်ဆုတ်နေပြီးနောက် ဘာကြောင့်မှန်း
မသိ ကျန်းဟန်ရှု၏အမည်က စိတ်ထဲ၌
ရုတ်တရက်ပေါ်လာ၏။
"ကမ္ဘာကြီးကသာငါ့ရဲ့သံစဉ်တွေကိုမြင်နိုင်ရင် စာ သားကိုကြားတဲ့အခါ သူတို့လှောင်ရယ်ကြလိမ့်မယ်..."
ကျန်းဟန်ရှု ၏နာမည်က ဘယ်ကထွက်ပေါ်လာသည်ကို မသိသော်လည်း သူက လီပိုင်ရေးသားထားသော "ရုန်းယံ" ဟူသည်ကဗျာကိုပင် သတိရသွားသေးသည်။ နာမည်အကြီးဆုံးစာကြောင်းမှာ (သာ့ပန်သည် လေထုနှင့်အတူတစ်နေ့တည်း၌ နိုးထလာပြီး အမြင့်မိုင်ပေါင်း ၉ သောင်းအထိပျံသန်းသွားသည်ဟူသောစာကြောင်းပင်။)
ထိုနောက်တွင် ဖုကျန်းသည် input box မှာ
ရေးလိုက်ဖျက်လိုက်ဖြင့် အကြိမ်ကြိမ်လုပ်ပြီး နောက် ကျန်းဝန်ဆိုသော အမည်ပြောင်ကိုပေးရန်ဆုံးဖြတ်လိုက်သည်။သူက ကဗျာထဲမှ ဟန်နှင့်ရှုဆိုသော ၂ လုံးကိုယူ၍ အသံတူစာလုံးကွဲတစ်လုံးလုပ်၍ရေးလိုက်သည် အရမ်းမသိသာစေလိုသော ဆန္ဒနှင့်ဖြစ်သည်။
လွန်ခဲ့တဲ့ ၂ နှစ်ကဖုကျန်း၌ weibo အကောင့် ၂ ခုရှိသည်။တစ်ခုမှာသူ၏ ကိုယ်ပိုင်အကောင့်ဖြစ်ပြီး နောက်တစ်ခုမှာ "Shazou Chronicle"၏ တရားဝင်အကောင့်တစ်ခုဖြစ်သည်။သူ၏ကိုယ်ပိုင်အကောင့်မှာ ဖုအိမ်တော်မှမောင်းထုတ်ခံရပြီးနောက် ပိတ်ခံလိုက်ရပြီးဖြစ်သည်။ ထို့အပြင် Shazou
Chronicle” ၏တရားဝင်အကောင့်သုံး၍ အကြမ်းဆွဲထားသော ပုံကြမ်းများကြော်ငြာရန်ထတင်လျှင် သူအရယ်ခံရလိမ့်မည်ဖြစ်လေသည်။
ထို့ကြောင့် လတ်တလောတွင် သူထိုအကောင့်ကို မသုံးသင့်သေးပေ။
Weibo အကောင့်အသစ်လျှောက်ပြီး
နောက်တွင် ဖုကျန်းက သူလွန်ခဲ့သည့် ၂ နှစ်
အတွင်း ဆွဲခဲ့သော ပုံကြမ်းများကို ဓါတ်ပုံရိုက်လိုက်ပြီး album ထဲလုပ်၍ weiboမှာ ပို့စ်တင်လိုက်သည်။
"2D Artist ပြန်လည်ထူထောင်ခြင်း ဈေးနှုန်းသက်သာသည်...ပုံကြမ်းလက်ခံသည်..."
ကြော်ငြာကိုသာအရင်တင်ရန် လုပ်ခဲ့သော်လည်း အလုပ်အပ်လက်ခံရလျှင်အကောင်းဆုံးဖြစ်သည်။ သို့သော်လည်းအကယ်၍များမရခဲ့လျှင် ၂ ရက်မျှထပ်စောင့်ပြီး ပုံသစ်တစ်ပုံထပ်ဆွဲကာ weibo အကောင့်အသစ်တွင်တင်ကာ ပရိသတ်တစ်ယောက်နှစ်ယောက်မျှ ဆွဲဆောင်ရမည်။
မည်သို့ပဲဖြစ်စေ ယခုသူ၏အမြန်နှုန်းနှင့်ဆိုလျှင် လူတစ်ယောက်တည်းပုံကို ဒေါင်လိုက်အရောင်ပြည့်နှင့်ဆွဲနိုင်ဖို့ ၃ ၄ ရက်တော့လိုမည်ဖြစ်သည်။ Portrait ပုံသာဆွဲလျှင်ပိုလွယ်သွားမည်ဖြစ်ကာ အရောင်၊အလင်းအမှောင်၊အရိပ်များလည်း ပို၍ရိုးရှင်းသွားမည်ဖြစ်သည်။ ထို့အပြင် လူတစ်ကိုယ်လုံးကိုဆွဲသည်က အချိန်ပုပ်လှသည်။
ဖုကျန်း weibo မှထွက်လိုက်ပြီး Shazou Chronicle” ကိုဆက်ကြည့်၍ ပုံမရပ်မနားဆွဲကာ ညမိုးချုပ်သည်အထိလက်များကို အနားမပေးခဲ့ချေ။ပုံဆွဲခြင်းကိုရပ်ပြီးနောက်တွင် weibo အကောင့်ကို ပြန်ဖွင့်လိုက်ပြီး တစ်ခေါက်စစ်ကြည့်လိုက်ရာ ပို့စ်အား ကြည့်ရှုသူရော တုံ့ပြန်သူရောမရှိသေးပါ။
သူတင်ထားသော နမူနာပုံများကိုပြန်ကြည့်
ရာ အချို့ပုံအများစုမှာ အသေးစိတ်မကျပေ။ကြည့်ကြည့်ချင်းတွင် ဆွဲဆောင်မှုမျိုးကို ခံစားရမည်မဟုတ်။ ကွန်ပြူတာသာ ယခုထက်ပို၍မြန်ခဲ့လျှင်လက်ရှိဆွဲနေသောပုံများမှာ
သန်ဘက်ခါဆိုပြီးမည်ဖြစ်သည်။
မူလဖန်တီးသူက ယခုတွင်သူ၏ကိုယ်ပိုင်အနုပညာအတွက် fan art များဖန်တီးနေရ
သည်။စဉ်းစားကြည့်လျှင် သနားစရာပင်ကောင်းနေသေးသည်။သူဖုန်းကိုချ၍ အိပ်ရာဝင်တော့မည်ပြင်စဉ်တွင် ရုတ်တရက် message ပေါ်၌ အနီရောင်အစက်ကလေးကို သတိထားမိသွားသည်။
ထိုအနီရောင်အစက်လေးပေါ်သို့နှိပ်လိုက်ရင်း
နေ့ချင်းပင်သူ့အား အလုပ်အပ်မည့်သူရှိလာ
လိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ဒီ album ထဲကဟာတွေအကုန် ကျဲဆွဲထားတာလား ကျဲ digital ရောဆွဲနိုင်လား..."
ဖုကျန်းချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"ဟုတ် ရတာပေါ့..."
"ဒါဆို ဈေးနှုန်းလေးပြောပေးလို့ရမလား..."
"ဘာပုံလိုချင်တာလဲ Portrait လား Vertical
လား ဒါမှမဟုတ်အရောင်ထည့်ချင်လား..."
"အကုန်ဆိုရင်ရော ကျဲလုပ်ပေးနိုင်လား..."
"ဘယ် doujin လဲ..."
"Shazou Chronicle..."
ဖုကျန်းတစ်ခါမှ ဤကဲ့သို့တိုက်ဆိုင်မှုမျိုးရှိ
လာလိမ့်မည် မထင်ခဲ့မိပေ။သူ၏ပထမဆုံး
အလုပ်အပ်သူက “Shazou Chronicle” မူလဖန်တီးမှု၏ ပရိသတ်တဲ့လေ။သူက “Shazou Chronicle” ရဲ့ မူလဖန်တီးသူပါလို့ သူမည်သို့ပြောနိုင်ပါမည်နည်း။
လေ့ကျင့်ဖို့ကိုလစ်လျူရှုထားခဲ့ရသော်လည်း သူပုံဆက်ဆွဲနေချင်ပာသေးသည်။
ဖုကျန်းက သူ၏ကွန်ပြူတာပေါ်မှ တစ်ဝက်တစ်ပျက်ဆွဲထားသောပုံများကိုကြည့်ကာ ကျးဇူးတင်လိုက်ရင်း ပျော်ရွှင်စွာပင် ပြန်ဖြေလိုက်သည်။
"လက်ခံလိုက်ပြီနော် ဘယ်သူ့အတွက်လဲ..."
"ကျဲကျဲ ညီမရဲ့ နာမည်ပြောင်ကိုကြည့် Custard bun..."
ဖုကျန်းမျက်တောင်ခတ်၍ သူမှားနေတာ
မဟုတ်ကြောင်းသေချာအောင်ကြည့်လိုက်
သည်။ သူ “Shazou Chronicle” ၏ ပရိသတ်များနှင့်အဆက်အသွယ်မရှိသည်မှာကြာ
ပြီဆိုသော်လည်း သူအနည်းငယ်မှတ်မိသေးသည်မှာ custard p* ဆိုသည်မှာ မူလဇာတ်လမ်းထဲမှ ကျူးနိုင်ယိုး နှင့် ဟွမ်လဲ့တို့အတွဲကို ကိုယ်စားပြုခြင်းဖြစ်သည်။
ဇာတ်လမ်းထဲမှ သူတို့ ၂ ဦးမှာ ရည်းစားလုဖက်များဖြစ်ကြသည်။ သူက cp ပုံများဆွဲရလောက်သည်ဟုတွေးထားဖူးသော်လည်းတစ်ခါမှမတွေးဖူးသည်က သူ၏ပထမဆုံး ပုံမှာ ယောက်ျားလေး ၂ ယောက်အတွက်ဖြစ်နေမည်ဟုပင်။
"တစ်ကိုယ်လုံးအပြည့်နှစ်ယောက်ပုံ"
ဖုကျန်း စာ မပြန်နိုင်ခင်မှာပင် သူ့အားပုံလာအပ်သော ညီမလေးကနောက်ထပ် စာတစ်စောင်ထပ်ပို့လာပြန်သည်။
"နည်းနည်း အကြမ်းပတမ်းလေးဆိုပိုကောင်း
တယ် ကျေးဇူးပါကျဲကျဲ ..."
"...."
ဖုကျန်းသူ့နှဖူးကိုသူဖိနှိပ်လိုက်သည်။မည်သို့ပင်ဖြစ်စေ အလုပ်ကသူ၏အခန်းတံခါးရှေ့သို့ သူ့ဘာသာသူရောက်လာပြီဖြစ်ရာ ငြင်းပယ်ရန်လည်းမဖြစ်နိုင်တော့ချေ။ သို့သော်လည်း
“Shazou Chronicle” ၏မူလပုံဆွဲသူတစ်
ယောက်ဆိုသော အချက်ကို သေချာ
ဖုံးထားရမည်ဖြစ်သည်။လူသိခံ၍မဖြစ်နိုင်
ပေ။
"စတိုင်ကကျတော့ နဂိုအတိုင်းပဲမလား..."
"နဂိုအတိုင်းဆိုပိုကြိုက်တယ်..."
ဖုကျန်းခေါင်းငြိမ့်လိုက်သည် သူ၏ယခု
အနေအထားက online ပော်ရှိတခြား ပုံ
ဆွဲသူများထက် ပိုသာလေသည်။
သို့သော်လည်း သူ၏ပထမဆုံးအော်ဒါဖြစ်
လေရာ ဈေးအများကြီးလည်းမတောင်းဝံ့ပေ။
"ယွမ် ၂ဝဝ ဆိုရလား..."
ဤဈေးမှာ အမှန်ဆိုဟင်းရွက်ကန်စွန်းဈေး
လောက်သာရှိသည်။ ယခင်ကသူဆွဲသည့်အရောင်သွင်းထားသောပုံများဆို ထောင်ဂဏန်းတော့ရှိသည်လေ။သို့သော် Custard bun က ယဉ်ကျေးမှုပင်မရှိ။
"ဈေးထပ်လျှော့ပေးလို့ရဦးမလား.."
ဖုကျန်း သက်ပြင်းချမိသည်။ ဒီ custard bun ကသူ၏ပထမဦးဆုံးဝယ်သူဖြစ်သည် သူကဈေးလျှော့ဆိုတော့လည်း လျှော့ပေးရပေမည်။
"၁၅၀ ထပ်လျှော့လို့မရတော့ဘူး..."
"အိုခေ..."
Custard bun မှာဤဈေးနှင့်ရသည်ကိုအလွန်ပျော်သွားလေသည်။ နှစ်ယောက်သားဈေးညှိပြီးအသေးစိတ်များပြောပြီးနောက်တွင် custard bun ကချက်ချင်းဖုကျန်းထံသို့စရန်ငွေအနေနှင့် ယွမ် ၅ဝ ကို Alipay မှတစ်ဆင့်လွှဲပေးလာသည်။ ငွေဝင်သံကြားရသောအခါ ဖုကျန်းတစ်ယောက် တံတွေးပင်မျိုချမိသည်။
"ငါတကယ်ကြီးမောက်ချိုင် စားချင်နေတာ
ထားလိုက်ပါလေ စိတ်ကူးနေရတာပိုပျော်ဖို့ကောင်းပါတယ်..."
ပျော်ပျော်ရွှင်ရွှင်နှင့် အပေးအယူတည့်သွားပြီးနောက် ဖုကျန်းကောင်းကောင်းအိပ်လိုက်ပြီး မနက် ၄ နာရီတွင်ပြန်နိုးလာခဲ့သည်။
ခေါင်းအုံးဘေးမှ ဖုန်းကိုကောက်ကိုင်ကာ
အများကြီးမတွေးဘဲ အိပ်ချင်မူးတူးနှင့် Weiboကိုဖွင့်ကာ "Shazou Chronicle" ၏ တရားဝင် အကောင့်ထဲသို့ ဝင်လိုက်မိသည်။password အမှန်ကိုရိုက်၍ဝင်ပြီးနောက်ချက်ချင်းပင် ဖုန်းကလုပ်ဆောင်ချက်ပင်ရပ်မလိုဖြစ်သွားပေသည်။
ဖုကျန်းတစ်ယောက်လန့်ဖျပ်သွားကာယခုဆိုလျှင် လုံးဝနိုးသွားပြီဖြစ်သည်။ဖုန်းကိုပျက်သွားပြီထင်၍ ပိတ်ပြီးပြန်ဖွင့်ရန်လုပ်လိုက်စဉ်မှာပင်ဖုန်း screen ကပုံမှန်ပြန်ဖြစ်သွားလေ၏။
လွန်ခဲ့သည့် ၂ နှစ်အတွင်း သတင်းအများကြီးဝင်ထား၍ဖြစ်မည်။သူကဖုန်းကိုလည်းမလဲထားသည့်အပြင် weibo ကို
လည်း update မလုပ်သည်မှာအတော်ကြာပြီဖြစ်၍ ကြောင်သွားခြင်းဖြစ်ပေမည်။
တစ်ခဏအကြာ၌ ဖုန်းကအသားကျသွားလေသည်။လူပေါင်းများစွာက သူ့အား
နှုတ်ဆက်ထားကြသည်။ Message box ကိုနှိပ်
ကြည့်လိုက်ရာ ထောင်ပေါင်းများစွာသောစာများနှင့် မှတ်ချက်ပေါင်းခုနစ်သောင်းလောက်ရှိနေပြီး Like, mention များလည်းတွေ့လိုက်ရသည်။
ထို့ကြောင့်သူ့ဖုန်းကို ၂ မိနစ်လောက်
ကြောင်သွားစေခြင်းဖြစ်၏။သူ၏ weibo စာမျက်နှာပြင်ကိုဖွင့်ကာ သူတင်ခဲ့ဖူးသော posts ပေါင်းများစွာကိုပြန်ကြည့်လိုက်သည်။ သူပင်သတိမထားမိစွာ သူ့ မျက်နှာ၌ အပြုံး တစ်ခု ပေါ်လာသည်။
ဤထဲတွင်ရှိနေသော စကားလုံးတစ်လုံးချင်းစီကသူ၏သာယာပျော်ရွှင်စရာအမှတ်တရများကိုသတိရလာစေသည်လေ။
ထို့နောက် သူနောက်ဆုံးတင်ခဲ့သော
weibo ကိုနှိပ်ကြည့်လိုက်သည်။ ထိုအောက်တွင်မှတ်ချက်ပေါင်းများစွာရှိနေပြီး သူ
နောက်ဆုံးဝင်ခဲ့စဉ်ကမည်မျှရှိခဲ့သည်မမှတ်မိသော်လည်း ယခုမူ မှတ်ချက်ပေါင်း ၆၈၃၀၀၀ပင်ရှိနေပြီဖြစ်သည်။
ထိုအောက်မှ တချို့ပေါ်ပြူလာဖြစ်သော
မှတ်ချက်များမှာ - "တကယ်လို့များ ShazonChronicle သာပြန်တင်ဖြစ်ခဲ့မယ်ဆိုရင် သဲအိမ်ကပြန်ပေါ်လာသလိုပဲ ဒီကရှင်းနန်လေးကကောင်မလေးတွေအကုန်လှူပစ်ပြီး တစ်သက်လုံးစင်ဂယ်လေးလုပ်သွားမှာ" ကဲ့သို့သောမှတ်ချက်များပင်ဖြစ်လေသည်။
ဖုကျန်းမရယ်ဘဲမနေနိုင်တော့ပါပေ။
ထို့နောက် ဘေးအောက်သို့ဆက်ဆွဲချပြီးတခြားမှတ်ချက်များဖတ်ရန်ပြင်လိုက်သည်။အောက်သို့ဆွဲချနေစဉ်မှာပင်သူ့လက်ကမှတ်ချက်တစ်ခုကို မတော်တဆ လက်မသွားနှိပ်လိုက်မိလေသည်။
သို့သော်လည်း ဖုကျန်းမှာသိပ်တော့ဂရုမထားပေ။ လွန်ခဲ့သည့် ၂ နှစ်တုန်းကယခုတရားဝင်အကောင့်ကိုသုံးစဉ်ကလည်း သူမကြာခဏလက်ချော်ပြီးနှိပ်မိနေကြဖြစ်သည်လေ။မှတ်ချက်အနည်းငယ်ဖတ်ပြီးနောက်တွင် သူပြန်အိပ်ငိုက်လာသဖြင့် ဖုကျန်းကဖုန်းကိုဘေးချလိုက်ကာ တစ်ဖန် ပြန်အိပ်သွားလေတော့သည်။
သူ့အတွက် ထိုလက်မထောင်လိုက်မိတာလေးဘာမှမဟုတ်ဟုတွေးလိုက်သော်လည်း
Shazou Chronicle ၏ဖန်များအနေနှင့်မူ
မိုးခေါင်သောအရပ်သို့မိုးရွာချပေးလိုက်သလိုပင်ဖြစ်လေသည်။
Shazou Chronicle ၏ update များရပ်သွားပြီး မည်သည့်သတင်းကိုမျှမကြားရလေသောဖန်အပေါင်းတို့မှာ နေ့နေ့ညညရှင်းပြချက်ကိုတောင်းဆိုခဲ့ကြဖူးသည်။ ရလဒ်အနေဖြင့် ထိုသောင်ပြင်ပေါ်ကသဲရုပ်လေးက သေသွားသလိုမျိုး သူတို့ ရှင်းပြချက်ပင်မရဘဲနာကျင်ခံစားနေခဲ့ရလေသည်။
ထို့ကြောင့် ဖန်များက စတူဒီယိုပိတ်သွားပြီဟုပင်ထင်နေကြသည်။
တာဝန်မယူတတ်သောဘောစ့်က သူ့ခယ်မနဲ့ခိုးပြေးသွားတယ်ဆိုလျှင်တောင် စတူဒီယိုကတော့ အသက်ရှိနေသေးကြောင်း rap ရွတ်သလိုရှင်းပြသင့်သည်လေ။(🤧)