အပိုင်း ၁၀
Viewers 23k

အချိန်ခဏတာမျှ စိတ်လှုပ်ရှား၍ ပြီးချိန်တွင်တော့ ဖန်များတဖြည်းဖြည်းနှင့်စိတ်တည်ငြိမ်လာကြလေပြီ။
"သဲအိမ်လေးရဲ့အကောင့်ကဟက်ခံလိုက်ရတာများလား...မဟုတ်ရင်ဘာလို့များရှင်းပြတာတွေမလုပ်ဘဲနဲ့ Like တစ်ချက်ပဲနှိပ်သွားတာလဲ..."
မည်သို့ဆိုစေ အကောင့်ကခိုးခံလိုက်ရခြင်းဖြစ်ဟန်မတူပေ။ အနည်းဆုံးတော့ သူlike လုပ်သွားသော weibo က ကြော်ငြာအကောင့်မဟုတ်ဘဲ Shazou Chronicle နှင့်အမှန်တကယ်ကိုသက်ဆိုင်နေသောအကောင့်တစ်ခုဖြစ်နေသည်။
"ဒါဆို Shazou Chronicle ကိုပြန်တင်ပေးကြမှာလား အပိုင်းသစ်ဆက်မှာများလား..."
update များမရှိသော်လည်း ခယ်မနှင့်ခိုးပြေးသွားသော လူယုတ်မာဘောစ့်ကအပြင်မှာမသေသွားဘဲ ပြန်ရောက်လာပြီဖြစ်ကြောင်းသက်သေပြနေလေပြီ။လူသာမသေဘူးဆိုလျှင် အရာရာတိုင်းအတွက်မျှော်လင့်ချက်ရှိသည်လေ။
တစ်ခဏမှာပင် ပရိသတ်အပေါင်းတို့မှာအလွန်စိတ်လှုပ်ရှားကုန်ကြပြီး သတင်းကိုစဖြန့်ကြတော့သည်။ Weibo, ဖိုရမ်တွေPost barတွေစသဖြင့်အားလုံးတို့မှာ Shazou Chronicle ၏Weibo အကောင့်နှင့်ပက်သက်သော သတင်းများ၊ အတိတ်ကိုတမ်းတသောပို့စ်များအား အဆုံးမရှိနိုင်တော့အောင်တင်နေကြတော့သည်။
ဤဇာတ်လမ်းနှင့်အထိအတွေ့မရှိသောသူများအတွက်မူ ထိုကဲ့သို့တရုတ်ပြည်အားလှိုင်းရိုက်ခတ်နိုင်လောက်သည်အထိဖြစ်စေသော ဇာတ်လမ်းမျိုးရှိမည်ဟုပင်မယုံနိုင်ကြပေ။
ပရိသတ်မျာ၏ စိတ်လှုပ်ရှားမှုက Shazou
Chronicle အား ရှာဖွေမှုစာရင်းတွင် အဆင့်၄၁ မှ ၂၉ ထိ၊ ထို့နောက်ထိပ်ဆုံး ၁၀ အတွင်း၊နောက်ဆုံးတွင်မူ ဒုတိယအမြင့်ဆုံးထိရောက်မှ ပင်ရပ်သွားစေတော့သည်။
ဒီနေ့၏ ရှာဖွေမှုအများဆုံး အဆင့် ၁ မှာ ချင်ကျောက် ထန်ဝမ်ဝမ်ဆီသို့ညဘက်အလည်သွားခြင်းဟူသောသတင်းပင်ဖြစ်သည်။
အချို့ ရုပ်ရှင်ထုတ်လုပ်သူများနှင့် ရုပ်ရှင်လောကထဲရှိလူသစ်များမှာ လွန်ခဲ့သည့် ၂ နှစ်ကမည်ကဲ့သို့ဖြစ်ခဲ့သည်ကို မသိဘဲ ShazouChronicle ကိုစိတ်ဝင်စားနေကြပြီး ရှာဖွေမှုအများဆုံးဒုတိယအဆင့်သို့ရောက်လာသည်ကြောင့် သူတို့ Shazou Chronicle ၏ မူပိုင်ခွင့်ကိုဝယ်ယူကာ ရုပ်ရှင်သို့မဟုတ်ဇာတ်လမ်းတွဲတစ်ခုအဖြစ်ပြောင်းလဲနိုင်လျှင် ငွေအများကြီးရှာနိုင်မည်ဟုတွေးနေကြလေသည်။
နှစ်အနည်းငယ်အတွင်း IP ဈေးကွက်မှာအလွန်ရေပန်းစားလာပြီး အချို့နာမည်ကြီးအွန်လိုင်းဝတ္ထုများမှာဤဈေးကွက်ထဲရှိလူများ၏ အကျိုးအမြတ်ရရန်ဝယ်ယူခြင်းများခံရပေသည်။ သို့သော်လည်း သူတို့ကဤသည်ကို လုံလောက်သည်မထင်သေးပေ။အနည်းဆုံးထိုသို့ရေပန်းစားသော စာအုပ်များမှာအနည်းငယ်သာရှိခဲ့သည်ကြောင့် ယခုIP ဈေးကွက်အတွင်းမှအသစ်အသစ်များကိုရှာဖွေနေကြလေသည်။
ထူးခြားသည့်ဇာတ်လမ်းဇာတ်ကွက်များနှင့် Shazou Chronicle မှာ အတွေ့အကြုံနှင့်အကျိုးအမြတ်အခွင့်အရေးများစွာရရှိနိုင်
သော ရင်းနှီးမှုတစ်ခုဖြစ်လာနိုင်ပေသည်။ဖုကျန်းမှာ အင်တာနက်ထဲရှိပရိသတ်များက သူ့လက်မချော်နှိပ်မိတာကြောင့်ယောက်ယက်ခတ်ကုန်ကြသည်ကိုမသိပေ။
ထုံးစံအတိုင်းမနက်စောစောထကာ ရေချိုးအဝတ်အစားလဲ၍ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ထွက်လာခဲ့လေသည်။မြူဆိုင်းနေသောကောင်းကင်ပေါ်မှစာကလေးအချို့က ဤဆောင်းတွက်ဖြစ်ခဲ့သော စိတ်ဝင်စားစရာကိစ္စများပြောနေကြသည့်အလား ပိကျိပိကျိဖြင့်ဖြတ်သန်းသွားလာကြသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်တော့ ကျန်းဟန်ရှူးတစ်ယောက် အစောကြီးရောက်နေပြီဖြစ်ပြီး
သူ၏အပြာရောင်ဝတ်စုံကိုဝတ်ဆင်ကာလုပ်ငန်းခွင်ထဲ၌ ထုံးတစ်ထုတ်ကိုသယ်၍
သံပတ်ပေးထားသောစက်အလား ပင်ပန်း
သည့်ပုံမရှိဘဲ ခပ်မြန်မြန်လမ်းလျှောက်၍ရှိနေ
လေသည်။
ဖုကျန်းသည် သူမနေ့နေ့လယ်ကတမင်တကာ
ထားခဲ့သော ကျန်းဟန်ရှူးမြင်မမြင်ကိုမသိပါ။
သို့သော်သူမြင်လျှင်တောင်မှ ထိုနေရာတွင်နေ
သောလူများက သာမညောင်ညများဟုတွေးကာ သူရွေးလိမ့်မည်မထင်ပါ။
နှာခေါင်းရှုံ့လိုက်ရင်း စုကျန်းတစ်ယောက်
လက်အိတ်များကိုဝတ်ဆင်ကာ နံရံဘက်ရှိ
လက်တွန်းလှည်းလေးကိုယူ၍ အလုပ်စတင်
ရန်ပြင်လိုက်သည်။ နေက သူ့အားဝန်းရံနေ
သော တိမ်စိုင်တိမ်လိပ်များကိုဖြတ်ကျော်
ကာ ကမ္ဘာပေါ်သို့ရောက်လာပြီး ဤမြို့
လေးပေါ်သို့နေရောင်ခြည်ဖြာကျ၍လာလေ
သည်။
မှောင်မိုက်နေသော မြို့လေး၏အုတ်နံရံများမှာ ကြည်လင်လာပြီး အလင်းစက်အလင်းပေါက်များကျရောက်နေလေပြီ။ကားများ၏ဟွန်းတီးသံက လမ်းဆုံဘက်မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်အထိပင်ရောက်လာပြီး အုတ်သယ်နေကြသော
အလုပ်သမားများမှာလည်း ရာသီဥတုက
အေးသထက်အေးလာကြောင်းပြောဆိုနေ
ကြသည်။
ဖုကျန်း၏ ဒဏ်ရာရထားသောခြေထောက်
မှာ ရာသီဥတုအပြောင်းအလဲဒဏ်ကိုအခံစားရဆုံးဖြစ်သည်။ချည်သားဘောင်းဘီ ၂ ထပ်
ဝတ်ဆင်ထားတာတောင်သူ၏ အရေပြားကို
ဖြတ်၍ အလွန်သေးငယ်လှသော အပေါက်
ကလေးများမှတစ်ဆင့် သူ၏အသွေးအသား
ထဲသို့ထိုးဖောက်ကာ အရိုးများထဲမှပင်နာကျင်
လာစေသည်။
ယခုနှစ်တွင် ယခင်ကထက်ပို၍ အလုပ်ကစော
ပြီး အနားယူရပေမည်။ထိုအရာများကိုတွေး၍ ဖုကျန်းခေါင်းကိုမော့ကာ မနီးမဝေးတွင်ရှိနေသော ကျန်းဟန်ရှူးကိုငေးကြည့်လိုက်ရင်း တွန့်ဆုတ်ဆုတ်ဖြစ်သွားသေးသည်။ ပြီးတော့ ယခုအချိန်တွင်သူ့ထံ၌ငွေကြေးလည်းအမှန်တကယ်ပင် များများစားစားမရှိသည်ကြောင့် ဒီဇင်ဘာလရောက်သည်အထိတော့ အလုပ်ကိုဆက်လုပ်ရပေဦးမည်။
နေ့လယ်နေ့ခင်းအနားယူချိန်၌ ကျန်းဟန်ရှူးထံသို့နောက်ထပ် ဖုန်းတစ်ကောဝင်လာပြန်ပြီး ထိုဖုန်းထဲမှလူနှင့် အချိန်အတန်ကြာစကားပြောနေလေသည်။ သူ၏အကြည့်ကအမှတ်တမဲ့ ဖုကျန်းဘက်သို့ရောက်ရှိလာပြီးနောက် ပြောလေသည်။
"တစ်နေရာတော့ရှိတယ် ငါစုံစမ်းကြည့်လိုက်
မယ်..."
ထို့နောက် သူတို့ဖုန်းချလိုက်သည်။
**
Custard bun သည် တက္ကသိုလ် ပထမနှစ်
တက်နေသော ကျောင်းသူတစ်ယောက်ဖြစ်
ပြီး Shazou Chronicle ၏ အမာခံပရိသတ်တစ်
ယောက်လည်းဖြစ်နေသည်။ လွန်ခဲ့သော ၂
နှစ်အတွင်း Shazou Chronicle ၏ကျော်ကြား
မှု တဖြည်းဖြည်းကျလာသည်ကို မြင်ခဲ့ရပြီး
ကြည့်ရှုသူလည်း လျော့သထက်လျော့လာကာ
custard cp မှာပင်အပိုင်းဟောင်းများပြန်ကြည့်
ရင်း အသက်ဆက်နေရလေသည်။
မည်သို့ပင်ဆိုစေကာမူ မနေ့ညကတော့ Shazou
Chronicle က တရားဝင်ပြန်ရှင်သန်လာပြီ
ဖြစ်သည်။ အံ့အားသင့်လောက်စရာ လက်မ
တစ်ချောင်းဖြင့် ရေပန်းစားမှုကိုပြန်လည်အရယူကာ နဂိုက custard cp များသာရှိသော်လည်း ယခုမူအလွန်ကြောက်စရာကောင်းအောင်ပင် ရေပန်းစားလာပြန်လေသည်။
နောက်နှစ်ရက်အကြာတွင် Shazou Chronicle ၏ CPတစ်တွဲချင်းဆီအတွက် ပြိုင်ပွဲတစ်ခုကို
ဟွာကျန်း၌ ကျင်းပမည်ဖြစ်သည်။ ပထမဆု
မှာ လူသိများလှသော ပုံဆွဲသူ စာရေးသူများ
ထံသို့ပေးအပ်ခံရမည်ဖြစ်သည်။
custard bun အနေဖြင့် သူ့ ပရိတ်သတ်အရေအတွက်ကို သူသိသည်ဖြစ်ရာ ပထမဆုရယူလိုခြင်းသည် မဖြစ်နိုင်သော အိပ်မက်တစ်ခုသာပင်။ သို့သော်သူနောက်ဆုံးနေရာမရောက်ဖို့အရေးကြိုးစားရပေဦးမည်။
Custard cp ၏ အစောဆုံးဖန်များထဲမှတစ်ယောက်ဖြစ်သည်ကြောင့် custard bun မှာအရေးကြီးသော တာဝန်တစ်ခုဖြစ်သောနောက်ဆုံးအဆင့်မဖြစ်ရေးကြိုးပမ်းရပေ
ပထမဆုံးအဆင့်မှာ အားကိုးရလောက်မည့်အာရုံစိုက်စရာပုံတစ်ပုံလိုအပ်သည်။
ထိုညက custard bun သည် weibo ထဲ၌ fan artများ
ချောင်ကြိုကြောင်ကြားမကျန်ရှာရှာနေရင်း
ပြီးနောက်တွင်တော့ ကျန်းဝမ်ဆိုသူ၏ ပုံကို
မြင်လိုက်လေသည်။ကျန်းဝမ်၏ profile မှာကြောင်တစ်ကောင်၏ပုံဖြစ်ပြီး ထိုပုံမှာလည်းအသေးစိတ်ကျသည့်ပုံမဟုတ်ပေ သို့သော်ထိုပုံလေးက ထူးဆန်းသောခံစားချက်တစ်ခုကိုရစေသည်။ သူ့အမြင်တွင်တော့ ထူးခြားပြီးအပြစ်ကင်းကာ ပေါ်ထင်နေသည်။
Custard bun ထို့နောက်တွင်တော့ ကျန်းဝမ်၏
weibo သို ဝင်သွားလေတော့သည်။ကျန်းဝမ် ၏ album အများစုမှာ ပုံကြမ်းများပါဝင်ပြီး မည်ကဲ့သို့ဖြစ်သည်မသိသော်လည်းသူ၏စိတ်ထဲ၌ ဤလူသည် Shazou Chronicleကိုဆွဲရန်သင့်တော်သည်ဟု ခံစားလာရသည်။
ကျန်းဝမ်က filter တချို့ခံသုံးထားသေးလားမသိသော်လည်း ထိုအကြမ်းပုံများထဲတွင်ဝိုးတဝါးဖြင့် ကျူးနိုင်ယိုး၏အရိပ်ကိုမြင်နေရသည်။ ထိုအရာကိုမြင်ပြီးနောက်တွင်ချက်ချင်းပင် စိတ်လှုပ်ရှားမှုကိုမထိန်းနိုင်တော့ဘဲ လက်ဖြင့်ဆွဲထားသော ပုံကြမ်းတချို့ကိုသာ နမူနာအနေဖြင့်တင်ပေးထားသော ကျန်းဝမ်အား အလုပ်အပ်လိုက်လေတော့သည်။
သူက လူမသိသူမသိ artist တစ်ယောက်ကို ကြော်ငြာရန်ပုံဆွဲခိုင်းသည့်အကြောင်းCustard cp အဖွဲ့ဝင်တခြားသူများကြားသောအခါတွင် သူ့ဦးနှောက်မှာ ပြဿနာဖြစ်နေပြီဟုပင် ခံစားမိကုန်ကြလေသည်။ယခုတွင် သူအလုပ်အပ်ရန်ဆုံးဖြတ်လိုက်ပြီးဖြစ်သည်ကြောင့် တခြားပိုကောင်းသည်ကိုလည်းရှာသင့်သည်လေ။ အဖွဲ့ဝင်များကိုသူပြသည့်ပုံမှာ ပုံသေးတစ်ပုံသာဖြစ်ပြီး
အရည်အသွေးလည်းစိတ်မချရပေ။
ဤcustard bunကတော့ ရူးနေတာမဖြစ်လျှင်သူ့မိသားစုက အလွန်ချမ်းသာ၍ဖြစ်ရမည်။ကြော်ငြာအတွက်ပုံလေးအတွက်ကို ယွမ်၁၅၀အကုန်ခံ၍ ဝယ်ရဲသည်ကြောင့်ပင်။အဖွဲ့ဝင်တစ်ယောက်က custard bun ကို ကျန်းဝမ်၏ အခြားဆွဲထားသော ပုံများသို့မဟုတ်ဗီဒီယိုများကို တောင်း၍ သူအလိမ်ခံရတာဟုတ်မဟုတ်စစ်ဆေးကြည့်စေရာ ကျန်းဝမ်၏weibo ကိုပြန်ကြည့်လိုက်သောအခါ၍ ထိုအကောင့်မှာ အကြမ်းဆွဲထားသော ပုံအချို့သာရှိသော အကောင့်သစ်တစ်ခုသာဖြစ်နေလေသည်။
ယခုသူ၏ အွန်လိုင်းပေါ်မှသူငယ်ချင်းများဆူပူခြင်းခံလိုက်ရပြီးနောက် သူသည် ကျန်းဝမ်အပေါ်တွင်ထားသော ယုံကြည်မှုပျောက်ဆုံးသွားပေပြီ။သူ စရံငွေပေးထားပြီးသားဖြစ်သည်ကို
ပင် အနည်းငယ်နောင်တရနေမိသည်။ယခင်ကလည်း ပုံအတွက်အလုပ်အပ်ဖူးသည်ကြောင့် ယွမ် ၁၅၀ ဆိုလျှင်လုံလောက်ပေသည်။သို့သော် ယခုတစ်ခေါက်တွင်သူက ထိုယွမ် ၁၅၀ ဖြင့်ပင် အရောင်ပါသော ပုံကို ၂ပုံတောင်းဆိုလိုက်သေးသည်။
သူညက ခေါင်းများထိသွားတာလား...
သူ စဉ်းစားလေလေ ပိုပြီးယုတ္တိမရှိလေလေဖြစ်လာသည်။ မနက် ၈ နာရီမှညနေ ၅ နာရီ
အတွင်း ကျန်းဝမ်မှာအွန်လိုင်းပေါ်သို့ပင်
တက်မလာချေ။ ဤသည်ကိုစဉ်းစားပြီး သူရင်ထဲ၌ပို၍ရှုပ်ထွေးသွားကာ အွန်လိုင်းပေါ်မှသူငယ်ချင်းများအားရင်ဖွင့်လေရာ သူတို့မှာလည်း ဖြေသိမ့်ပေးယုံမှအပမတတ်နိုင်ချေ။
မည်သို့ပင်ဖြစ်စေကာမူ ငွေပမာဏလည်းမ
များသည်ကြောင့် ထိုယွမ် ၁၅၀ ကိုသင်ခန်းစာအဖြစ်သာယူလိုက်ရန်ပြောလာကြလေသည်။
ယခုမှအသစ်လျှောက်ထားသော weibo အ
ကောင့်သစ်တစ်ခုကို သူငယ်ချင်းများနှင့်ပင်မတိုင်ပင် မဆွေးနွေးဘဲ ယုံကြည်လိုက်မိသည်က သူ့ ရူးမိုက်မှု သာဖြစ်သည်။
Custards bun ဖန်များမှာ ငွေမရှိသည်လည်း
မဟုတ်ဘဲ အဘယ်ကြောင့်များ ယွမ် ၁၅၀
လေးနှင့်ပုံကောင်းတစ်ပုံရရှိရန်သုံးပြီးအလိမ်ခံလိုက်ရသနည်း။အွန်လိုင်းမှသူငယ်ချင်းများ၏ ဆူပူမှုများကိုအဝခံပြီးနောက်တွင် သူ့အမှားကိုနက်နက်နဲနဲသိပြီဖြစ်၍ နောက်ဆိုလျှင်အလွယ်တကူအလိမ်မခံတော့ရန်နှင့် ပုံကြမ်းတစ်ပုံမြင်ယုံနှင့် အလွန်စိတ်မလှုပ်ရှားတော့ပါဟုကတိပေးလိုက်လေသည်။
ထို့နောက် ချက်ချင်းပင် လူသိများသော အခြား artistတစ်ယောက်ကိုရှာလိုက်ပြီး ၃ ရက်အတွင်းကြော်ငြာအတွက်ထုတ်ရန် နောက်ထပ်ပုံတစ်ပုံကို တောင်းဆိုလိုက်လေသည်။
သူငှားနေသောအိမ်လေးသို့ပြန်ရောက်ပြီးနောက်တွင် ဖုကျန်း ခေါက်ဆွဲခြောက်တစ်ပန်းကန်စာ အနည်းငယ်စားလိုက်ပြီးနောက် ပုံဆွဲခြင်းလုပ်ငန်းစတင်လိုက်သည်။ Wazlhan သို့ပင်ဝင်ပြီး custard cp ၏ဗီဒီယိုများကိုမှီငြမ်းရန်အတွက်ရှာလိုက်သေးသည်။
ထို cp ဖန်များ၏ အချိုကြိုက်မှုက သူ့အားအံ့အားသင့်စေသည်ဟုပင်ပြောရပေမည်။
ဗီဒီယို ၂ ခုကြည့်ပြီးနောက်တွင် ဖုကျန်းတစ်
ယောက် ကျူးနိုင်ယိုးနှင့်ဟွမ်ချဲ့တို့နှစ်
ယောက်မှာ မူရင်းဇာတ်လမ်းထဲတွင် အမှန်
တကယ်များပက်သက်မှုရှိနေလားဟုပင်
ဇဝေဇဝါဖြစ်သွားရလေသည်။
ထို့နောက် သူ ပုံဆွဲခြင်းလုပ်ငန်းကိုအမှန်တကယ်စတင်လိုက်သည်။ ညနေ ၅ နာရီ
မှ ည ၉ နာရီအထိ စုစုပေါင်း ၄ နာရီတိုင်တိုင်ကြာသွားလေ၏။ အကယ်၍များလွန်ခဲ့သည့်၂ နှစ်ကဆိုလျှင် သူသည် အရည်အသွေးမြင့်တစ်ကိုယ်လုံးဒေါင်လိုက်ပုံတစ်ပုံပင်အပြီးဆွဲနိုင်သော်လည်း ယနေ့တွင်မူသူသည် ပုံကြမ်းကိုပင်အရောင်မသွင်းသေးဘဲ ရပ်လိုက်ရသည်။
ဖုကျန်း weibo ကိုဖွင့်လိုက်ပြီး custard bun ကိုရှာ၍ သူပြင်ဆင်စရာရှိသည်များကိုပြင်ဖို့အတွက် ပြရန်လုပ်ချိန် သူ့ဖုန်းက လုပ်ဆောင်မှုရပ်သွားပြန်လေသည်။ သူအကောင့်မှားဝင်မိသည်ဟု ထင်လိုက်မိသေးသည်။
ဖုန်း ပုံမှန်ပြန်ဖြစ်သွားသောအခါ မက်ဆေ့ ထဲတွင် စာအစောင် ၂၀ မကဝင်နေပြီး တစ်ဝက်ခန့်မှာ custard bun ဆီမှပို့သောစာများဖြစ်၍
နောက်ဆုံးတစ်စောင်မှာ ညနေ ၆ နာရီခန့်ကပို့
ထားခြင်းဖြစ်လေသည်။
"ကျဲကျဲ ပုံကိုဘယ်အချိန်လောက်အပြီးဆွဲမှာလဲ..."
ဖုကျန်းက သူဆွဲပြီးထားသောပုံကြမ်းလေး
ကိုလှမ်းကြည့်လိုက်သည်။နောက်တစ်ဆင့်
အနေဖြင့် အရောင်သွင်းခြင်းက ယခင်က
ထက်အချိန်ပိုကြာနိုင်သည်ဖြစ်၍ အချိန်ကို
မှန်းကာ custard bun ကို ပြန်ဖြေလိုက်သည်။
"၅ ရက်အတွင်းပြီးပါတယ်..."
အရောင်ထည့်ခြင်းလုပ်ငန်းစဉ်မှာ အမှန်ပင် ၅ ရက်ခန့်ကြာမြင့်မည်ဖြစ်သည်။ Artistအများစုအတွက်တော့ ဤအချိန်နှုန်းမှာမများပေ သို့သော်သူက တခြား artist ကို ၃ ရက်အတွင်းနောက်တစ်ပုံဆွဲရန် အပ်ပြီးပြီဖြစ်၍ယှဉ်ကြည့်လိုက်သောအခါတွင် ကျန်းဝမ်၏ပုံမှာ မျှော်လင့်ချက် ကြယ်တစ်လုံးပြုတ်သွားပြန်လေသည်။
Custarb bun ခဏမျှတွေးလိုက်ပြီး ကြော်ငြာပုံမှာ လာမည့်ပြိုင်ပွဲတွင်သုံး၍ရပြီး ပရိသတ်များမှာလည်း ရလဒ်ကိုမြင်ရန်စိုင်းပြင်းနေကြပြီဖြစ်သည်။
"ကျဲ အရိုင်းဆန်လေပိုကောင်းလေပဲ..."
'..."
ဖုကျန်း ထိုကောင်မလေး၏စိတ်ထဲက အတွေးများကိုပင်ဝင်ကြည့်လိုက်ချင်သည်။ သူဆွဲထားသော ပုံကြမ်းကိုပြန်ကြည့်လိုက်မိသည်။ မနေ့က ထိုကလေးမ လိုချင်သောပုံကိုသတိထားမိခဲ့သောကြောင့် ယခုဆွဲထားသောပုံမှာ ထိုကလေးမ၏တောင်းဆိုချက်အတွက် ပြင်ဆင်ရန်လွယ်ကူပေသည်။
.....