အပိုင်း ၁၁
Viewers 23k

Custard bun ၏ စာပို့နှုန်းက အလွန်မြန်ဆန်နေလေရာ ဖုကျန်း၏ဖုန်းစုတ်လေးမှာ တုံ့ပြန်နိုင်စွမ်းပင်မရှိတော့ချေ။ သူ ထိုစာများကို ဖွင့်ရန်အချိန်အတော်လေးပင်ယူလိုက်ရလေသည်။
"အား... ကျဲရေ ငိုမိတော့မယ် ညီမ အခုလေးတင် ဖုန်းကို ၅ မိနစ်စာလောက် လျှာနဲ့လျက်လိုက်မိပြီ
တို့ရဲ့ custard ကတော့ ကယ်တင်မဲ့သူပေါ်လာပြီ ဒီကမေမေကတော့ ငိုမိတော့မှာပဲ..."
သူမ၏စကားများအား ဖုကျန်းရယ်ရမည်လား
ငိုရမည်လားပင်မသိတော့ပေ။
"ပြောင်းပေးဖို့လိုတာရှိသေးလား..."
"ရှိတော့ဘူး ကျဲ...အရမ်းချစ်တယ်..."
ဖုကျန်းပို့လိုက်သော ပုံကြမ်းမှာ သူမလွန်ခဲ့သည့်နှစ်များအတွင်းမြင်ခဲ့ဖူးသမျှပုံတွေထဲတွင် စိတ်ကျေနပ်စရာအကောင်းဆုံးပင်ဖြစ်လေသည်။သူပုံအပ်လိုက်သော artist တိုင်းမှာအချို့က Shazou Chronicle ကိုလုံးဝမကြည့်ဖူးသောသူများဖြစ်ပြီး ကြည့်သူဖြစ်လျှင်လည်း custard ၏ ပရိသတ်ဟုတ်မနေပေ။အချို့ artist များမှာမူ သူတို့ဘယ်လောက်အမြန်ပြီးပြီး သူတို့၏ပုံက အနည်းငယ်လိုအပ်ချက်များပါပြီး ပုံကောင်းဖြစ်မနေပေ။
သို့သော် ကျန်းဝမ်၏ပုံကတော့ ထူးခြားနေသည်။ ထိုပုံကိုကြည့်လျှင် ပရိတ်သတ်မှဆွဲထားသောပုံနှင့်ပင်မတူဘဲ မူရင်း artistကဆွဲထားသည့်အတိုင်းပင်။ Custard bunကပုံကြမ်းကိုကြည့်ကာ စိတ်လှုပ်ရှားလွန်းသဖြင့်အိပ်၍မပျော်နိုင်တော့ချေ။ ယခုသူမျှော်လင့်သည်ကသူ၏ကျဲကျဲတစ်ယောက် ပုံကြမ်းမှာကောင်းသလိုပင် အရောင်သွင်းရာ၌လည်း ကောင်းလာဖို့ပင်ဖြစ်လေတော့သည်။
ထိုအရာများကိုတွေးရင်း ကျန်းဝမ်၏ weibo ကိုမကြည့်ဘဲမနေနိုင်အောင်ဖြစ်လာပြီး ဝင်ကြည့်ရာ စိတ်အနည်းငယ်ပင်ပျက်သွားရသည်။ သူ၏album ထဲရှိပုံများမှာ အကြမ်းဆွဲထားသော ပုံများသာဖြစ်ပြီး တစ်ပုံတစ်လေမှပင် အရောင်သွင်းထားခြင်းမရှိပေ။
ဒီ ကျဲကျဲကအရောင်သွင်းခြင်းကို ယခုမှသင်ယူနေတုန်းဖြစ်နေများလား...။
မည်သို့ဖြစ်စေကာမူ သူကဝယ်ရမှာတန်သည်ဟုထင်နေဆဲပင်။ထိုကဲ့သို့သောပုံကြမ်းမျိုးလေးကပင် အလွန်ကောင်းနေပြီလေ။သူ ရုတ်တရက် နေ့လယ်ကသူ၏သူငယ်ချင်းများကသူ့ခေါင်းထဲ၌ရေများသာရှိသည်ဟုပြောထားကာ သူတို့ညွှန်းပေးသော artist ကိုသာကြော်ငြာပုံအတွက်သုံးရန်ပြောထားကြသည်ကို သတိရသွားလေသည်။ Custard bunက သူမ၏အွန်လိုင်းပေါ်မှသူငယ်ချင်းများဆီသို့ ပုံကြမ်းကိုပို့ပေးရန်ဆုံးဖြတ်လိုက်ပြီးနောက် သူတို့ထံမှပြန်လာသော အသံများကိုတိတ်တဆိတ်ပင်ထိုင်စောင့်နေလိုက်သည်။သို့သော် သူ့သူငယ်ချင်းများ၏ အထင်က
လမ်းလွဲသွားလေသည်။
"ချန်းဝေက တကယ်တော်တာပဲ..."
"Custard buns forever..."
"ဒီ ၂ ယောက်ကလွဲပြီး တခြား cp ပရိသတ်မရှိ
တော့ဘူး ဒါကြောင့်မို့လို့ ငါဒီနှစ်ရဲ့ပထမဆုက
custard bun တွေရမယ်လို့ပြောရဲတယ်..."
"အရင်က ချန်းဝေ့ဆွဲတဲ့ပုံနဲ့ကွာတယ်နော်ဒါပေမဲ့ အခုက မူရင်းပုံစံနဲ့တော်တော်နီးစပ်တယ် ချန်းဝေ့က တကယ်တော်တာပဲ..."
သူငယ်ချင်းများအားလုံးက ယခုပုံလေးမှာ ချန်းဝေ့ဆွဲထားသောပုံဟု သဘောတူညီနေကြရာ သူမရှေ့ထွက်ပြီး ရှင်းပြပေးရန်လိုအပ်သည်ဟုဆုံးဖြတ်လိုက်လေသည်။
"ဒီပုံက ကျန်းဝမ်ကျဲဆွဲထားတာ..."
ထို့နောက်တွင်တော့ သူငယ်ချင်းအားလုံးကမေးခွန်းတစ်ခုကိုသာမေးလာကြသည်။
"ကျန်းဝမ်ကဘယ်သူလဲ..."
သူငယ်ချင်းများအား ကျန်းဝမ်ဆိုသည်မှာသူအရင်တစ်ခေါက်ကပြောဖူးသော artistဖြစ်ကြောင်းရှင်းပြရပြန်သည်။ထို့ကြောင့် ခဏအကြာမှာတော့သူမ၏သူငယ်ချင်းများထံမှ ကျန်းဝမ်ကိုတအံ့တဩဖြစ်ကုန်ကြသော စာများပေါင်းစုံ group
chat ထဲတွင် ပေါ်လာပေတော့သည်။
ဤကဲ့သို့လူမသိသူမသိ artist လေးတစ်ယောက်ကယွမ် ၁၅၀ သာတောင်းပြီး ယွမ် ၁၅၀၀ တန်းမျှဝင်နိုင်သောပုံတစ်ပုံဆွဲနိုင်လိမ့်မည်ဟု မည်သူကမှ မထင်ခဲ့မိပေ။
ဖုကျန်းလုပ်ရန်ကျန်ရှိသော အလုပ်မှာ ပုံကြမ်းများကို ကွန်ပြူတာထဲသွင်းပြီးအရောင်သွင်းရန်သာဖြစ်သည်။
သူ ဤအလုပ်ကို ၂နှစ်ကျော်မျှမလုပ်ခဲ့ဖူးခြင်းကြောင့် အရောင်သွင်းခြင်းလုပ်ငန်းက ငါးရက်မျှကြာမည်ဟုCustard bun ကိုပြောခဲ့ခြင်းဖြစ်သည်။ပြင်ဆင်ချိန်ဆခြင်းအနည်းငယ်လုပ်ပြီးချိန်တွင် ညနက်နေပြီဖြစ်သောကြောင့် ဖုကျန်းကွန်ပြူတာကိုပိတ်လိုက်ပြီး ဖုန်းကိုပါချ၍ အိပ်ပျော်သွားလေသည်။
နောက်တစ်နေ့မနက်တွင် ဖုကျန်းအခန်းတံခါးကိုဖွင့်လိုက်ချိန်၌ ကျန်းဟန်ရှုတစ်ယောက်ဧည့်ခန်းတံခါးဝ၌ သူ၏ခရီးဆောင်အိတ်နှင့်အတူ ရပ်နေသည်ကိုတွေ့လိုက်ရသည်။သူက အနက်ရောင်ဂျာကင်ကိုဝတ်ဆင်ထားပြီး သူ၏လက်ထဲ၌ အနက်ရောင်အိတ်တစ်လုံးကိုကိုင်ဆောင်ထားကာ အလွန်ကြည့်၍ကောင်းနေလေသည်။
အပြင်ဘက်မှ လေအေးနှင့် နှင်းမြူတို့က ဖုကျန်းဆီသို့ဝင်လာကြသလိုပင်ထင်ရသည်။သူ၏နှလုံးခုန်သံက အပြင်ဘက်မှ တဝေါဝေါ
တိုက်နေသောလေထုအတွက် သံစဉ်ညီအောင်တီးပေးနေသော ဒရမ်တစ်လုံးကဲ့သို့ပင်ဖြစ်နေလေသည်။ ဖုကျန်းက သူအိပ်မက်မက်နေသည်ဟုပင် တွေးလိုက်မိသည်။ သူ မျက်လုံးများကိုပွတ်သပ်၍ မျက်တောင်ခတ်ပြီး ပြန်ကြည့်လိုက်ရာကျန်းဟန်ရှုသည်ထိုနေရာ၌ပင် အေးစက်စက်မျက်နှာထားကြီးနှင့် ရပ်၍ရှိနေသေးသည်ကိုမြင်လိုက်ရလေသည်။
ဖုကျန်း အလွန်စိတ်လှုပ်ရှားသွားကာသူ၏မျက်နှာအမူအရာက မည်ကဲ့သို့ဖြစ်သွားသည်ကိုပင် မသိတော့ချေ။ သူက ကျန်းဟန်ရှု ဒီအိမ်သို့ပြောင်းလာမည်ဟု လုံးဝမမျှော်လင့်
ထားသော်လည်း ယခုမူ သူအခန်းတံခါးဖွင့်ဖွင့်ချင်းတွင်မြင်လိုက်ရလေသည်။
အိမ်ကိုကြည့်ပြီးနောက်တွင် ကျန်းဟန်ရှုအိမ်ရှင်နှင့် ၃ လစာချုပ်ကိုချုပ်ဆိုလိုက်သော်လည်း သူသည် ဤအိမ်တွင်ထိုမျှကြာအောင်နေနိုင်မည်မဟုတ်ပေ။ ယခုတာဝန်ပြီးဆုံးသွားပြီဆိုလျှင် ကျန်းအိမ်တော်သို့ပြန်ကာ မိသားစုစီးပွားရေးကို အမွေဆက်ခံရတော့မည်ဖြစ်သည်။
ကျန်းဟန်ရှုက အိမ်ရှင်ထံမှ သော့ကိုယူလိုက်ပြီးနောက် အခန်းထဲတွင်သူ၏ ခရီးဆောင်အိတ်ကိုသွားထားလိုက်သည်။ သူအခန်းတံခါးပြန်ပိတ်လိုက်ချိန်တွင် ဖုကျန်းက ဧည့်ခန်းထဲ၌သူ့အားစောင့်နေသည်ကိုတွေ့လိုက်ရ၏။
ဖုကျန်း မျက်လုံးများပါတွန့်ကွေးသွားသည်အထိ ပြုံးလိုက်မိသည်။ သူကပျော်စရာကောင်းသောအဖြစ်အပျက်နှင့်ကြုံလာရသကဲ့သို့ခံစားနေမိသည်။ ထို့နောက်သူကျန်းဟန်ရှုအားမေးလိုက်သည်။
"အတူတူသွားကြမလား..."
ကျန်းဟန်ရှုက ခေါင်းငြိမ့်ပြလိုက်ပြီး ဖုကျန်းနှင့်အတူ အိမ်လေးမှထွက်လာခဲ့လိုက်လေသည်။ အိုမင်းနေသော လှေကားထစ်လေးပေါ်တွင် လူနှစ်ယောက်၏ ခြေရာများက ရှုပ်ထွေးကုန်ကြပြီး ခြေသံများကလည်း အပေါ်ပိုင်းရှိအထက်များကပင်ကြားရအောင် ပဲ့တင်ထပ်နေလေသည်။မနက်ပိုင်းတွင် စီးရသော ဘတ်စ်ကားမှာအလွန့်အလွန်ပင် လူများကြပ်ပိတ်သိပ်နေကာဖုကျန်း၏ ခန္ဓာကိုယ်မှာ ကျန်းဟန်ရှုကိုယ်ပေါ်သို့ မှီထားမတတ်ပင်ဖြစ်နေ၏။ ကျန်းဟန်ရှု၏ ညာဘက်လက်က လက်တန်းကိုကိုင်ထားပြီး ဘယ်ဘက်လက်မှာမူ အောက်နားရှိထိုင်ခုံနောက်နားသို့ကိုင်ထားလေသည်။
အဝေးမှလှမ်းကြည့်လိုက်လျှင် မြင်ရပုံမှာသူ၏ အကာအကွယ်လေးထဲ၌ ဖုကျန်းအားထည့်ကာ ကာကွယ်နေသကဲ့သို့ပင်။ဘတ်စ်ကားပေါ်၌ လူကများသထက်များလာကာ လေထုကမွန်းကြပ်လာသည်။ ခရီးသည်များ၏ ဆူညံသံများကိုလည်း ကြားနေရသည်။ ဖုကျန်းမှာ ဤကဲ့သို့ပင်သူ့ဘဝအားဖြတ်သန်းခဲ့သည်ဆိုသော်လည်း ယနေ့တွင်မူ
ဘတ်စ်ကားပြတင်းပေါက်မှနေ၍ ဝေးသထက်
ဝေးသွားသော အထပ်မြင့်အဆောက်အအုံ
များအားကြည့်နေကာ ပထမဦးဆုံးအကြိမ်အဖြစ် အေးချမ်းသွားသလို ခံစားလိုက်ရလေသည်။
ဘတ်စ်ကားက မှတ်တိုင်နောက်တစ်ခုကျော်သွားပြီးနောက်တွင် ကျန်းဟန်ရှုက ဖုကျန်း၏ပုခုံးကိုပုတ်ကာပြောလိုက်သည်။
"ဒီမှာထိုင်လိုက်..."
ဖုကျန်းခေါင်းလှည့်ကြည့်လိုက်ရာ ကျန်းဟန်ရှု၏ မျက်ဝန်းများက သူနဲ့ပထမဆုံးစတွေ့သည့်နေ့ကအတိုင်း ကြည်လင်ရှင်းသန့်နေသည်ကိုတွေ့လိုက်ရသည်။
မြို့ပြင်ဘက်၌ ရုပ်ရှင်ထွက်ရိုက်နေသော ထန်ဝမ်ဝမ်က ယနေ့တွင် ပင်းဟိုင်မြို့သို့ပြန်လာလေပြီ။ လေယာဉ်ပေါ်မှဆင်းဆင်းချင်း ဖုအိမ်တော်သို့အလောတကြီးပြန်သွားလေသည်။ထန်ဝမ်ဝမ် ယနေ့အိမ်ပြန်လာမည်ကိုသိသောကြောင့် ဖုတင်းက ကုမ္ပဏီမှစောစောပြန်လာခဲ့သည်။ သူအိမ်ပြန်ရောက်ချိန်တွင် ထန်ဝမ်ဝမ်မှာ အိမ်၌အချိန်အတော်ကြာရောက်နှင့်နေပြီဖြစ်ပြီး သူ့အားစောင့်မျှော်နေလေသည်။
ဖုတင်းပြန်လာသည်ကိုမြင်သည်နှင့် ထန်ဝမ်ဝမ်ကရှေ့ကိုထွက်လာကာ ဖုတင်း၏လက်မောင်းများကိုဆွဲခိုရင်းပြောလေ၏။
"ကိုကို အရမ်းလွမ်းနေတာ..."
ဖုတင်း၏မျက်လုံးများထဲမှ အပြုံးတစ်ခုကဖြတ်ပြေးသွားသည်။ သူ .ထန်ဝမ်ဝမ်၏လက်ဖမိုးလေးအား တယုတယပွတ်သပ်ပေးလိုက်သည်။
"ကိုကိုက ညီမလေးဒီလောက်အစောကြီးပြန်လာ
မယ်မထင်ထားဘူး..."
"ဝန်ထမ်းတွေက ဒီတစ်ခေါက်အလုပ်အရမ်းများနေကြတာနဲ့ အိမ်ပြန်ဖို့အခွင့်အရေးရလိုက်တာ..."
"အရမ်းပင်ပန်းအောင်အလုပ်တွေမလုပ်ပါနဲ့..."
ထန်ဝမ်ဝမ်က ချွဲပြစ်နေသော မျက်နှာထားနှင့်
ဖုတင်းအားတောင်းဆိုလေသည်။
"ကိုကို… ညီမလေး Shazou Chronicle ကိုရိုက်
ချင်တယ် လတ်တလောလေးကမှအင်တာနက်မှာ ရှာဖွေမှုများတဲ့စာရင်းထဲရောက်လာတဲ့တစ်ခုလေဒါပေမဲ့ Shazou Chronicle ရဲ့ဒါရိုက်တာက ဆက်သွယ်လို့မရဘူးဖြစ်နေတာကိုကိုကူညီပေးလို့ရမလား..."
လှုပ်ရှားမှုများရပ်တန့်သွားကာ ဖုတင်း၏ အမူအရာက ခဏတာမျှအနည်းငယ်ရှုပ်ထွေးနေသည့်ပုံပေါက်သွားကာ မကြာမီမှာပင် သူကပြန်မေးလေသည်။
"Shazou Chronicle ဟုတ်လား..."
"ဟုတ်တယ် အဲဒီတစ်ခု..."
ထန်ဝမ်ဝမ်က ခေါင်းငြိမ့်လိုက်လေသည်။သူမဤ anime ကိုတစ်ခါမှမကြည့်ဖူးပေ။သူမကအမြဲတမ်း animeဆိုသည်မှာ ကလေးများသာကြည့်သင့်သောအရာဟုထင်နေခဲ့သည်ဖြစ်သော်လည်း ဒီတစ်ခုက တရုတ်ပြည် anime လောက၏အလင်းရောင်ကဲ့သို့ဖြစ်လာမည်ဖြစ်သောကြောင့် အမြတ်အစွန်းလည်းအများကြီးရလာနိုင်ပေသည်။
ထို့အပြင် အခြားထုတ်လုပ်ရေးပေါင်းများစွာကလည်း လူသစ်များကို ထောက်ပံ့ပေးလိုသောကြောင့် ထို anime ၏မူပိုင်ခွင့်ကိုဝယ်ယူလိုနေကြသည်။ ထန်ဝမ်ဝမ်မှာ ဤကဲ့သို့သောအခွင့်အရေးကို အခြားသူများ၏ လက်ထဲသို့အရောက်မခံနိုင်သည်မှာ ပုံမှန်ပင်ဖြစ်လေသည်။
ထန်ဝမ်ဝမ်က Shazou Chronicle ၏မိတ်ဆက်ကိုကြည့်လိုက်ရာ ဂရုတစိုက်သာလုပ်နိုင်မည်ဆိုလျှင် ဤဇာတ်လမ်းထဲမှ အဓိကဇာတ်ဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ရမည်မှာ အလွန်ကောင်းသည့်ကိစ္စဖြစ်သည်။ သူမက ဤဇာတ်လမ်းကိုအသုံးချ၍ သူမ၏နေရာကိုထိန်းသိမ်းထားလိုပြီး လွန်ခဲ့သည့်နှစ်က မရရှိလိုက်သော ဆုပေါင်းများစွာကိုလည်း အရယူလိုသေးသည်။
ဖုတင်း၏ အမူအရာမှာ အနည်းငယ်ထူးဆန်းနေကာ သူက ထန်ဝမ်ဝမ်ကိုမေးပြန်သည်။
"ဒီတစ်ခုကို ရိုက်ရမှဖြစ်မှာလား...တခြားဇာတ်လမ်းရော ရိုက်လို့မရဘူးလား..."
ထန်ဝမ်ဝမ်က သူ၏ဝိုင်းစက်နေသောမျက်လုံးများနှင့်ကြည့်လိုက်လေရာ ဖုတင်း၏ငြင်းပယ်လိုသော ဆန္ဒမှာ လည်ပင်းထဲ၌ပင်တစ်၍ထွက်မလာနိုင်တော့ချေ။
"ကိုကိုက Shazou Chronicle ရဲ့ဒါရိုက်တာကို ရှာမတွေ့တာလည်းဖြစ်နိုင်တယ်..."
ဖုတင်း၏စကားကိုနားထောင်ပြီး ထန်ဝမ်ဝမ်တစ်ယောက် မပျော်မရွှင်နှင့် နှုတ်ခမ်းစူလိုက်သည်။
ခဏအကြာတွင် ဖုကျန်းချန်ပေါ်ထပ်မှဆင်းလာလေသည်။သူက ဒီနှစ်တွင်အသက် ၄၀ ကျော်နေပြီဖြစ်သော်လည်းသူ၏ခန္ဓာကိုယ်၌ အရေးအကြောင်းများမပေါ်သေးသလို ဆွဲဆောင်မှုလည်းအပြည့်ရှိနေသေးသည်။ သူအချစ်ရဆုံး သမီးလေးကိုကြည့်ကာ အပြုံးမျက်နှာဖြင့်ပင်မေးလိုက်သည်။
"ဘာဖြစ်လို့လဲသမီး… ဘယ်သူကများငါ့သမီး
လေးကို စိတ်တိုအောင်လုပ်လိုက်တာလဲ..."
ထန်ဝမ်ဝမ်က ဖုကျန်းချန်ဆင်းလာသည်ကိုမြင်သည်နှင့် ချက်ချင်းဖုတင်း၏လက်မောင်း
ကိုလွှတ်ကာ ဖုကျန်းချန်ရှိရာဘက်သို့အပြေးလေးသွား၍ တောင်းဆိုလိုက်သည်။
"ဖေဖေ သမီး Shazou Chronicle ကိုရုပ်ရှင်ရိုက်ချင်တာ မူပိုင်ခွင့်လေးဝယ်ဖို့ကူညီပေးပါလား..."
ဖုကျန်းချန်ကလည်း ဤနာမည်ကိုရင်းနှီးနေသည်ဟု စဉ်းစားလိုက်မိသည်။သို့သော်မည်သည့်နေရာမှကြားမိခဲ့သည်ကို မမှတ်မိဘဲသာမန်ကာလျှံကာပင်ပြောလိုက်သည်။
"သမီးအစ်ကိုကိုလုပ်ပေးခိုင်းလိုက်လေ..."
ထန်ဝမ်ဝမ် နှုတ်ခမ်းပြန်စူလာပြန်ပြီးပြောလိုက်ပြန်သည်။
"ကိုကိုပြောတာ သူက Shazou Chronicle ရဲ့ဒါရိုက်တာကိုရှာလို့မရဘူးတဲ့..."
"လူငှားပြီး ရှာခိုင်းလိုက်လေ..."
"ဖေဖေက အကောင်းဆုံးပဲ..."
ထန်ဝမ်ဝမ်က ခြေဖျားထောက်၍ ဖုကျန်းချန်၏ ဘယ်ဘက်ပါးကိုနမ်းလိုက်ပြီးရှက်ကိုးရှက်ကန်းနှင့်ပြောပြန်သည်။
"ဖေဖေ…ဟိုလေ ချင်ကျောက်က သမီးနဲ့ဒိတ်လုပ်ချင်လို့ခေါ်ထားတာမို့လို့လေ သမီးဒီညအိမ်ပြန်မလာတော့ဘူး..."
"သွားပါ အိမ်ကိုစောစောတော့ပြန်လာခဲ့..."
"သိပါပြီ..."
ထန်ဝမ်ဝမ်က လှေကားထစ်များကိုနင်းကာအပေါ်ထပ်မှသူ့အခန်းဆီသို့ပြေးသွားကာ ဒိတ်လုပ်ရန်ပြင်ဆင်လေတော့သည်။ထန်ဝမ်ဝမ်ထွက်သွားပြီးနောက်မှ ဖုကျန်းချန်ကထိုင်ချလိုက်ကာ ဖုတင်းအားပြောသည်။
"ဝမ်ဝမ်က ရိုက်ချင်တယ်ပြောနေတာကို မင်းကသွားပြီးသူ့အတွက် ကူညီပေးလိုက်လေ..."
"အဲဒီ Shazou Chronicle က...."
ဖုတင်းက သက်ပြင်းအရှည်ကြီးချလိုက်ပြီးမှဖခင်ဖြစ်သူကိုပြန်ဖြေလိုက်သည်။
"လွန်ခဲ့တဲ့ ၄ နှစ်ကကျွန်တော်တို့ ဖုကျန်းအတွက်စတူဒီယိုလေးထောင်ပေးခဲ့တာ သူကအဲဒီမှာ Shazou Chronicle လို့ခေါ်တဲ့ animeကိုထုတ်ခဲ့တာလေ..."
ဖုကျန်းချန် ခေတ္တမျှကြက်သေသေသွားလေသည်။သူသည်အဘယ်ကြောင့်မသိသော်လည်း ယခုရက်ပိုင်းများတွင် လွန်ခဲ့သည့်နှစ်များအတွင်းမှကိစ္စများကို ထူးထူးခြားခြားသတိရနေကာ ထိုအမှတ်တရများထဲမှ အများစုမှာဖုကျန်းနှင့်ပတ်သက်နေလေသည်။
ဘဲရုပ်အဝါရောင်လေးကိုကိုင်လျက်ရေကန်ထဲ၌ထိုင်နေသောဖုကျန်းက သူပြန်လာသည်ကိုမြင်သည်နှင့် ဘဲရုပ်လေးအားပစ်ချပြီးရေထဲမှလက်နှစ်ဖက်လုံးထောက်၍
အပြေးတက်သော်လည်း မတ်မတ်မရပ်နိုင်ဘဲ ပြန်လည်၍ရေထဲကျသွားသည်ဟုအိပ်မက်မက်သည်။
ထို့နောက်တွင်....
မူကြိုကျောင်းသွားမတက်ချင်သောကြောင့် မိဘများကိုလက်မလွှတ်ဘဲ ငို
ရှိုက်နေသည့် ချစ်စရာကောင်းလှသည့်ကလေး
လေးကို သူနှင့်ဖုတင်းနှစ်ယောက်သား ပျော်ရွှင်စွာကြည့်ရင်း ရယ်မောနေကြသည်ဟုအိပ်မက်မက်သည်။
ဖုကျန်း ငယ်ငယ်လေးတုန်းက သူနှင့်အတူအိပ်
ခဲ့သောနေ့ရက်များတွင် မနက်နိုးလာတိုင်း ဖခင်
ဖြစ်သူ၏ဗိုက်ပေါ်တက်၍ ညအိပ်ဝတ်စုံကိုဆွဲလှန်ကာ တစ်ခစ်ခစ်ရယ်မောပြီး ဖခင်ဖြစ်သူ၏ဗိုက်အားပွတ်သပ်နေသောကြောင့် ဖုကျန်းချန်နိုးလာပြီးသူ့အားပြန်စနောက်နေသည့်မြင်ကွင်းကိုလည်း အိပ်မက်မက်သေးသည်။
တစ်ခါတစ်လေတွင်မူ ထိုအိပ်မက်များ၏
အဆုံးသတ်၌ သူ၏သားငယ်လေးက သွေးကန်ထဲသို့ပြုတ်ကျသွားပြီး သူ့အားနာကျည်းသောအကြည့်များနှင့်ကြည့်နေလေသည်။ဖုကျန်းချန်၏ အသားအရည်မှာ သိပ်မကောင်းတော့ချေ။တစ်ယောက်ယောက်ကသူ၏ခေါင်းထဲ၌ သံတစ်ချောင်းရိုက်သွင်းထားကာ သူသတိလက်လွတ်ဖြစ်သည်နှင့် သွေးများထွက်ကျလာတော့မတတ်ပင် ခံစားနေရသည်။
အခန်းထဲ၌လည်း အပ်ကျသံပင်မကြားရလောက်အောင်တိတ်ဆိတ်နေကာ ခဏအကြာတွင်တော့ သူကဖုတင်းကို ခပ်တိုးတိုးပင်ပြောလိုက်၏။
"ဝမ်ဝမ်လေးက ရိုက်ချင်ပါတယ်ဆိုမှတော့လည်း မူပိုင်ခွင့်ကိုသူ့ဆီကဝယ်ဖို့တစ်ယောက်ယောက်ကိုရှာပြီးခိုင်းလိုက်ပါ..."