အပိုင်း ၁၂
Viewers 23k

ဖုတင်းသည် အရင်တစ်ခေါက်က ဖုကျန်းနှင့်တွေ့ခဲ့သည့်အချိန်ကိုသတိရနေသေးသည်။ အမှန်အတိုင်းဆိုရလျှင်သူ ဖုကျန်းအားမည်သည့်အကြောင်းပြချက်နှင့်မှပြန်မတွေ့လိုပေ။သို့ရာတွင် ယခုမူ ထန်ဝမ်ဝမ်ကိုယ်တိုင်ကတောင်းဆိုနေလေရာ သူ တစ်ညလုံနီးပါးစဉ်းစားပြီးနောက် ဤကိစ္စအား သူ့ အတွင်းရေးမှူးထံ လွှဲပေးလိုက်ရန်ဆုံးဖြတ်လိုက်လေသည်။
အတွင်းရေးမှူးက ဖုတင်း ဖုကျန်းကို
ရှာနေသည်ကိုကြားသောအခါ တစ်
ခဏမျှအံ့ဩသွားလေသည်။အကယ်၍ဖုတင်းကသာ ရုတ်တရက် ဤကိစ္စမပြောခဲ့လျှင်ဖုမိသားစုထဲ၌ ထိုသခင်လေးရှိခဲ့ဖူးသည်ကိုပင်မေ့နေပြီဖြစ်သည်။ ထို့အပြင်သူ၏သူဌေးဖြစ်သူကအဘယ်ကြောင့်ထိုသူအားရှာနေသည်ကိုမသိရပေ။ အတိတ်ကဖြစ်ခဲ့သည်များအတွက် နောင်တရ၍လည်းဖြစ်နိုင်ပေသည်။
အတွင်းရေးမှူးက ပြင်ပမှစုံထောက်တစ်ယောက်ကိုရှာပြီး ဤကိစ္စကို ပြန်လွှဲလိုက်သည်။ ၂ရက်အတွင်းတွင် ထိုသူကအကြောင်းပြန်လာလေသည်။ ထိုစုံထောက်ဘက်မှပို့လာသော ဓာတ်ပုံများကိုကြည့်ကာအတွင်းရေးမှူးမှာ သက်ပြင်းတိတ်တိတ်သာချနိုင်တော့လေသည်။ ဟိုအရင်အချိန်က ပျော်ရွှင်စွာနေတတ်လေသောသခင်လေးက ယခုတွင်မူဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင်အလုပ် လုပ်နေရလေသည်။
အတွင်းရေးမှူးက ဓာတ်ပုံများနှင့် လိပ်စာကိုဖုတင်းထံပို့ပေးလိုက်သည်။ထိုဓာတ်ပုံများကိုရရှိချိန်တွင် ဖုတင်း အစည်းအဝေးလုပ်နေတုန်းအချိန်ဖြစ်၏။ကုမ္ပဏီ၏ အမျိုးမျိုးသောဌာနများမှမန်နေဂျာများအားလုံးမှာ သူတို့သူဌေး သူကဖုန်းအားငုံ့ကြည့်ပြီးနောက် မျက်နှာတစ်ခုလုံးမှသွေးရောင် ပျောက်ကွယ်သွသည်ကို မြင်လိုက်ကြရလေသည်။
မည်သို့ဆိုစေကာမူ ဖုတင်းကိုယ်တိုင်ကသူ၏မျက်နှာမည်မျှလောက်ဖြူဆုတ်သွားသည်ကို သတိထားမိပုံမရချေ။ သူ၏ဖုန်းကိုပြန်ချလိုက်ပြီးနောက် ခေါင်းပြန်မော့လာပြီးစကားပြောလက်စဖြစ်သော မန်နေဂျာဝမ်ကို လေးနက်တည်ကြည်သောအသံဖြင့်ပြောလိုက်သည်။
"ဆက်ပြောပါ..."
မန်နေဂျာဝမ်၏အသံမှာ တစ်ဆို့နေပြီး သူဘာ ဆက်ပြောရမည်ကို သတိမရပဲ ထိုနေရာ၌ယောင်ချာချာ ရပ်နေမိပြီးမှ
ဆက်ပြောလေသည်။
ဖုတင်းက မန်နေဂျာဝမ်တင်ပြနေသည်များကိုနားစိုက်ထောင်နေသည်က ခုနကလေးတင်ဖြစ်သွားသောစိတ်အနှောင့်အယှက်ဖြစ်စရာလေးက ဘာမျှပင်မဟုတ်ဘဲအားလုံးကအမြင်မှားသွားသကဲ့သို့ပင်ရှိလေသည်။
အစည်းအဝေးပြီးသောနောက်တွင် ဖုတင်းဖုန်းကိုကောက်ယူလိုက်ပြီး အတွင်းရေးမှူးမှပို့လာသောပုံများကို ထပ်မံ၍စစ်ကြည့်ပြန်သည်။ ထိုပုံထဲတွင် ဖုကျန်းက လျော့တိလျော့ရဲအလုပ်သမားဝတ်စုံကိုဝတ်ဆင်ထားပြီး သဲအပြည့်သယ်ထားသောလက်တွန်းလှည်းအသေးလေးကိုတွန်းနေသည်။ တိုက်ခတ်လျက်ရှိသော လေအေးကသူ၏အဝတ်အစားများအား လှုပ်ယမ်းနေစေရာ သူ၏ပုံစံကလေအပြည့်ဖြည့်ထားသော မိုးပျံပူပေါင်းတစ်လုံးကဲ့သို့ပင်။ရှုပ်ပွနေသော သူ အကြိုက်ဆုံးဆံပင်များက ဂရုတစိုက်မထားသည်မှာအတန်ကြာနေပြီကြောင်း အတိအလင်းပြသလျက်ရှိလေ၏။
ဖုတင်း၏နှလုံးသားက တစ်စုံတစ်ရာကတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သလိုခံစားလိုက်ရသည်။ နာကျင်မှုကိုမခံစားရသော်လည်းသက်သောင့်သက်သာရှိမနေပေ။သူ ဖုန်းကိုစားပွဲပေါ်ပြန်တင်ထားလိုက်သည်။
ထို့နောက်တွင် ဖုတင်းက Shazou Chronicle၏ ရုပ်ရှင်မူပိုင်ခွင့်ကို ဖုကျန်းဆီမှဝယ်ယူရန်ကိစ္စကို သူ၏အတွင်းရေးမှုးထံသို့သာလွှဲလိုက်လေသည်။
သူဖုကျန်းနှင့်မတွေ့ချင်ပါ။အကယ်၍သူသာသူ၏နှလုံးသားကိုပြန်မြင်နိုင်လျှင် ထိုနှလုံးသား၏ဟိုးအနက်ဆုံးနေရာမှပင် ဖုကျန်းကိုမမြင်ချင်ပါ။
သူဖုကျန်းနှင့်တွေ့ရမည်ကိုကြောက်လှ သည်။
ဖုကျန်း တစ်ယောက်နောက်ဆုံး ပုံဆွဲခြင်းလုပ်ငန်းပြီးမြောက်သွားလေပြီ သူမှန်းထားသောအချိန်ထက်တော့ အနည်းငယ်ပိုမြန်ကာ လေးညသာကြာလိုက်သည်။ သို့သော်custard bun ကတစ်ဖက်မှလူနှင့် နောက်ဆုံးချိန်းထားသည်မှာ သူ့ထက်တစ်ရက်ပိုစောလေသည်။
Custard bun က ချန်းဝေ့ဆွဲသောပုံကို သိပ်သဘောမကျချေ။ ချန်းဝေ့၏ပုံကအလွန်ကောင်းကာ ယွမ် ၁၀၀၀ ၂၀၀၀ ပင်တန်နိုင်သည်ဖြစ်သော်လည်း သူလိုချင်သောခံစားချက်မျိုးကိုမပေးနိုင်ပေ။ သူ ထိုပုံမှ Shazou Chronicle နှင့် custard cp ၏အချစ်များနှင့်ခံစားချက်များကို မမြင်ရပေ။
Custard bun အနည်းငယ်ပျောက်ဆုံးသွားသလိုခံစားလိုက်ရလေသည်။ ဤသည်မှာသူ artist များထံ ပုံအပ်လိုက်လျှင်ဖြစ်နေကျပြဿနာပင်ဖြစ်သည်။ သူအစကထင်ထားသည် Shazou Chronicle ဖြင့်အောင်မြင်လာသော ချန်းဝေ့ကတော့ အခြားသူများနှင့်မတူဘဲခြားနားမည်ဟု သို့သော်လည်း သူမကတော့အားမရနိုင်သေးပေ။
နောက်တစ်ညတွင်တော့ ကျန်းဝမ်ကသူမအားပုံတစ်ပုံပို့လာသည်။ သူမကရေချိုးခန်းထဲမှာထွက်လာကာစဖြစ်ကာ သူမ၏ဆံပင်များပင်စိုနေသေးသည်။ဖုန်းကိုကောက်ကိုင်၍ တစ်ယောက်ယောက်ကများ သူမအား message
ပို့ထားလားသိချင်မိ၍ဖွင့်ကြည့်လိုက်ရာ သူမအားကျန်းဝမ်ပို့ထားသော ပုံလေးကိုမြင်လိုက်ရလေသည်။
ထိုအခိုက်အတန့်တွင် custard bun အလွန်ပင်စိတ်လှုပ်ရှားမိသွားကာ မျက်ရည်ပင်ကျတော့မတတ်ဖြစ်သွားရလေတော့သည်။
ဖုကျန်းဘက်မှပို့လာသောပုံလေးတွင်ထွန်းလင်းတောက်ပနေသောလမင်းကကောင်းကင်ယံထက်၌ရှိနေသည်။ ဝမ်ကျန်းမြစ်၏ကမ်းပါးစပ်၌ပေါက်ရောက်လျက်ရှိသော ကျူပင်များက ပိုးစုန်းကြူးငယ်များနှင့်အပြည့်ဖြစ်နေကာ ညနေခင်း၏လေပြည်
က မြစ်ကမ်း၏မျက်နှာပြင်ကိုလှိုင်းများထစေလျက်ရှိနေလေသည်။ထိုမြစ်အတွင်း၌ လှေငယ်လေးတစ်စင်းကလှော်ခပ်လျက်ရှိနေ၏။
အနည်းငယ်နီရဲနေသော ကျူးနိုင်ယိုး၏မျက်နှာ၊ သူ၏ဘယ်ဘက်လက်က လှေအပြင်ဘက်သို့ထုတ်ထားလျက်ညာဘက်လက်ကသေရည်အိုးကိုကိုင်ထားကာ သူ၏အဝတ်အစားများက တစ်ဝက်ခန့်ပြည်လျော့နေကာ ရင်အုပ်၏နေရာအတော်များများကိုထုတ်ဖော်ပြနေလေ၏။ ဟွမ်လဲ့မှာမူ သူ၏ဝမ်းဗိုက်အောက်နားလေး၌ထိုင်၍
ကျူးနိုင်ယိုးကို သံသယမျက်ဝန်းများဖြင့်
ငုံ၍ကြည့်နေလေသည်။ အစိမ်းရောင်ပိုးချည်စများက အောက်ဘက်သို့ပြည်လျော့ကျလျက် ကျူးနိုင်ယိုး၏ရင်ဘက်ပေါ်၌ ပြန့်ကျဲနေလေသည်။
Custard bun က screen ပေါ်မှထိုပုံအားစိုက်ကြည့်နေရင်း ကဗျာတစ်ပုဒ်ပင်ခေါင်းထဲ၌ပေါ်လာလေသည်။
"သေရည်မူးသွားပြီးနောက်ကောင်းကင်က ရေထဲ၌ရှိနေသည်ကိုမသိ ၊လှေထဲ၌ အိပ်မက်အပြည့်ရှိနေသည်ကိုမသိ"
ဟူသောကဗျာလေးပင်ဖြစ်သည်။ထိုလူနှစ်ယောက်အကြားရှိ ဆက်နွယ်မှုကို custard bun မှစိတ်ကူးသည်ဖြစ်ပြီးအသေးစိတ်အချက်အလက် နှင့်နောက်ခံမှာ ကျန်းဝမ်ကိုယ်တိုင်ကဖြည့်ပေးထားခြင်းဖြစ်သည်။ဤပုံမှာ custard bun လိုချင်သော အဝါရောင်မုန်တိုင်းအဆင့်ရောက်ရန်သာ အနည်းငယ်လိုတော့သည်။ ဤပုံတွင်ပြသထားသည်ကနောက်ပြောင်ကျီစယ်မှုသက်သက်သာဖြစ်ပြီး လိုချင်တပ်မက်မှုများမပါဝင်နေပေ။(အဝါရောင်မုန်တိုင်းကမပြောလဲသိကြမယ်ထင်ပါတယ်😛)
သို့သော်ကျန်းဝမ်ကပုံကိုပြီးသွားပြီဖြစ်၍ ထပ်ပြင်ဆင်ရန်မတောင်းဆိုတော့ပေ။
Custard bun က ကျန်းဝမ်၏ပုံကိုအလွန်ကြိုက်သည်။ပုံမှာမူရင်းဇာတ်လမ်းနှင့် စတိုင်ရော နောက်ခံပိုင်းမှာရောအံကိုက်ဖြစ်နေလေသည်။ ပုံအားတင်လိုက်ပြီးသည့်နောက်တွင်အချို့လူများကဤပုံအား မူရင်းဇာတ်လမ်းထုတ်လွှင့်စဉ်က screenshot ရိုက်ထားသောပုံကြီးဟုပြောလာမည်ကိုပင် သူမကြောက်လာမိသည်အထိပင်။
"အား!!!! custard cp is real!!!"
များမကြာမီပင် ယခင်ကအဖြစ်နှင့်တူသော scene တစ်ခုဖြစ်ပွားသွားပြန်၏။ ဖုကျန်း၏ဖုန်းစခရင် မှာ custard bun မှပို့လာသောစာများ အာမေဍိတ် များနှင့်အပြည့်ဖြစ်သွားပြန်လေသည်။ အိုမင်းနေသောဖုန်းအစုတ်လေးမှာ ဤကဲ့သို့နွေးထွေးစွာ ကြိုဆိုမှုမျိုးကို လက်မခံနိုင်ဘဲရှိရာ အလုပ်လုပ်ခြင်းရပ်ဆိုင်းသွားပြန်လေသည်။
custard bun ၏စိတ်အခြေအနေ အတော်လေး
တည်ငြိမ်သွားပြီးသောအခါမှ ဖုကျန်းကစာ
တစ်စောင်ပို့လိုက်သည်။
"ဒီလောက်ဆို အဆင်ပြေလား..."
"အဆင်ပြေတာပေါ့ အရမ်းကောင်းလွန်းတယ်..."
စိတ်လှုပ်ရှားမှုအပြည့်နှင့်ပင် custard bun ကဖုကျန်းအကောင့်ထဲသို့ ယွမ် ၅၀၀ ကိုတုန်ယင်နေသောလက်များနှင့်လွှဲပေးလိုက်လေသည်။
"မင်းပေးတာ အရမ်းများနေပြီ ငါပြန်လွှဲပေးလိုက်မယ်..."
"မလိုဘူးကျဲကျဲ ဒီပုံလေးကိုညီမတကယ်ကြိုက်တယ်..."
ဖုကျန်းက custard bun ကိုစာပြန်မနေတော့ဘဲ သူမ alipay မှတစ်ဆင့်လွှဲပေးသောငွေထဲမှ ပိုလွှဲလာသောငွေကိုချက်ချင်းပြန်လွှဲပေးလိုက်
သည်။သို့သော် မကြာမီပင် custard bun ကတစ်ဖန်ယွမ် ၄၀၀ ထပ်လွှဲလာပြန်သည်။ ဖုကျန်းကသူမထံမှ ငွေလက်ခံမည်မဟုတ်သည်ကိုသိနေ
သောကြောင့် သူကစာနောက်တစ်စောင်ထပ်ပို့
လိုက်သည်။
"ဒါဆိုကျဲကျဲ ညီမနောက်ထပ်ပုံထပ်အပ်မယ်..."
"ကောင်းပြီ..."
ပုံရရှိပြီးမကြာမီပင် custard bun က သူ၏ weibo တွင် post တင်လိုက်ပြီး ကျန်းဝမ်ကို tag တွဲလိုက်ရာ Shazou Chronicle နှင့် custard cp များကြားတွင်ရေပန်းစားမှုဖြစ်သွားလေသည်။
Shazou Chronicles ၏ဖန်များအနေဖြင့် ဤသို့သော မူရင်းဇာတ်လမ်းနှင့်အံကိုက်ဖြစ်သောFan art ကိုမမြင်ရသည်မှာ တကယ်ကိုပင်
ကြာမြင့်နေပြီဖြစ်ရာ အများစုမှာ ဤပုံကိုတန်ဖိုးမြှင့်ပေးရန် ကြိုးစားလာကြလေသည်။
"ဘုရားရေ ဒီကျဲကျဲကဘယ်လိုတောင်နတ်သမီးလေးလားပဲ ၁၅၀ ပဲပေးရပေမဲ့အရည်အသွေးကတကယ်ကို ၁၅ဝဝ တန်ပဲ..."
"ဈေးနည်းလွန်းတယ်..."
"ငါတော့ငိုပါပြီ ဒါဘာလို့ငါ့ရဲ့ ဟာမဟုတ်ရတာလဲ ..."
"ငါလည်းကျဲကျဲဆီမှာ ပုံအပ်ချင်တယ်လေ😭..."
ကျန်းဝမ်၏ ဖန်အရေအတွက် ဆယ်ဂဏန်းမှနေ၍
ညတွင်းချင်းပင် ဂဏန်းလေးလုံးအထိတိုးလာလေသည်။ ထို့နောက် Fan art အပ်ရန်စာများပို့လာကြလေရာ သူ၏ဖုန်းအိုလေးမှာတစ်ဖန်ရပ်ဆိုင်းသွားရပြန်လေသည်။ထိုညတွင် ဖုကျန်းသည် Shazou Chronicle ၏ရုပ်ရှင်မှုပိုင်ခွင့်ကိုလက်ဝယ်ရရှိရန်ဝယ်ယူလိုသော ဖုတင်း၏ အတွင်းရေးမှူးဆီမှ ဖုန်းအဝင်ကောတစ်ခုလက်ခံရရှိခဲ့သည်။
အကယ်၍ယခုအချိန်က ဖုကျန်းလွန်ခဲ့သည့် ၂ နှစ် စုအိမ်တော်မှမောင်းထုတ်ခံရခါစလက်ထဲ၌ငွေလိုနေချိန်သာဖြစ်မည်ဆိုလျှင် ...သူ စဉ်းစားတွေးတောခြင်းပင်ပြုမည်မဟုတ်ဘဲ ထိုမူပိုင်ခွင့်အားရောင်းလိုက်မည်ဖြစ်သည်။ သို့သော်ယခုမူ သူသည်ငွေလိုအပ်နေခြင်းလည်းမရှိ၊ တစ်နည်းပြောရလျှင်ငွေရှိလျှင်တောင်မှ အသုံးဝင်မည်မဟုတ်ပေ။
သူ၏ခြေထောက်က ကုသရန်အကောင်းဆုံးအချိန်ကိုလွန်သွားပြီဖြစ်ပြီး နောက်လာမည့်အနာဂတ်တွင်ထိုသို့သာဖြစ်နေတော့မည်လေ။(😞)
ဖုကျန်းက လိမ္မာပါးနပ်စွာပင် တစ်ဖက်လူကို ငြင်းပယ်လိုက်လေသည်။ထို့နောက်တွင်သူက weibo မှသီးသန့်စကားပြောသည့်နေရာကိုဖွင့်လိုက်ရာ ယွမ်၅၀၀ အရောင်ပါပုံ၊ ယွမ် ၂၀၀ တန် ဒေါင်လိုက်ပုံတစ်ပုံနှင့် custard bun မှတောင်းဆို
ထားသော အရောင်ပါပုံတစ်ပုံတို့ကို အလုပ်အပ်လက်ခံရရှိလေသည်။
သူ နောက်လတစ်ဝက်လောက်တော့ အလုပ်များနေတော့မည်။အတွင်းရေးမှူးက ဖုတင်းကို ငြင်းပယ်သည့်အကြောင်းသတင်းပို့ရာ ဖုတင်းကသူသိပြီဖြစ်ကြောင်းသာပြောပြီး ဖုန်းကိုချသွား၏။ထန်ဝမ်ဝမ်က ယခုညတွင် ချင်ကျောက်နှင့်ချိန်းတွေ့ရန်ထပ်၍ထွက်သွားပြန်လေရာ ဖုမိသားစုမှာ ယခင်ကကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်သွားပြန်လေသည်။
ဖုတင်းနှင့်ဖုကျန်းချန်တို့ ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင်ထိုင်နေကြရင်း တိတ်ဆိတ်စွာပင် အချိန်များကတစ်မိနစ်ချင်းကုန်လွန်နေကြသည်။ဖုတင်းက သူ့လက်ထဲမှစာရွက်စာတမ်းများကိုချလိုက်ပြီး အပေါ်ထပ်သို့အနားယူရန်တက်တော့မည်ပြင်လိုက်သည်။ထိုအချိန်မှ ဖုကျန်းချန်က ဖုတင်းအားရုတ်တရက်တားလေသည်။
"ဖုကျန်းက အခုဘယ်မှာရှိနေတယ်လို့မင်းထင်လဲ..."
ဖုတင်းက ဖခင်ဖြစ်သူအားလည်ပြန်လှည့်ကြည့်လိုက်ရာ ဖုကျန်းချန်၏မျက်နှာ၌ မည်သည့်အမူအရာမျိုးမှမတွေ့ရချေ။ သာမာန်ကိစ္စရပ်တစ်ခုကို မေးလိုက်သကဲ့သို့ပင်။
"ရှီလင်းမြို့နယ်က New World ရှော့ပင်းမောအနောက်ဘက်မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ..."
ဖုကျန်းချန်က သက်ပြင်းတစ်ချက်ချလိုက်ပြီးအတန်ကြာမှ ခေါင်းငြိမ့်ပြလေသည်။ဖုတင်းကပြန်လှည့်ပြီး အပေါ်ထပ်သို့တက်မည်လုပ်ရာ ဖုကျန်းချန်က ထပ်၍မေးလာပြန်သည်။
"သူကအဲဒီမှာဘာလုပ်နေတာလဲ..."
ဖုတင်းက အတန်ကြာတိတ်ဆိတ်နေပြီးမှ ပြန်ဖြေလာသည်။
"အုတ်သယ်တဲ့လူ လုပ်နေတာဖြစ်မယ်..."
ဖုကျန်းချန် စကားဆက်မပြောတော့ပဲ တိတ်ဆိတ်သွားလေသည်။သူ၏လက်ထဲတွင်ရှိနေသည်က ထန်ဝမ်ဝမ်၏နောက်ဆုံးသတင်းများပါဝင်သော
ဖျော်ဖြေရေးသတင်းစာ၊ သူကနှုတ်ခမ်းများတွန့်ကွေးလိုက်သော်လည်း မျက်လုံးများပေါ်၌မူ အပြုံးဟူသည်ကမမြင်ရချေ။
နောက်တစ်နေ့နေ့လယ်တွင် ဖုကျန်းချန်ကကုမ္ပဏီမှယခင်ကထက်စော၍ထွက်လာသည်။
"အိမ်ကိုမပြန်သေးနဲ့ဦး..."
ကားနောက်ခန်းတွင်ထိုင်နေသော ဖုကျန်းချန်က ရုတ်တရက်ဒရိုင်ဘာအားပြောလိုက်၏။
"ကျွန်တော်ဘယ်မောင်းပေးရမလဲ..."
"သွားမှာက..."
ဖုကျန်းချန် ခဏမျှတွန့်ဆုတ်နေပြီးမှဆက်ပြော၏။
"ရှီလင်းမြို့နယ်ဘက်ကို ခဏသွားကြည့်ကြ
မယ်..."
ဒရိုင်ဘာက ဖုကျန်းချန်ကို မြို့ငယ်လေးသို့ဖြတ်၍မောင်းပေးလေသည်။New Worldရှော့ပင်းမော အနောက်ဘက်ရှိဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုရောက်သည့်အခါတွင် သူကကားထဲထိုင်၍ပင်ကားပြတင်းပေါက်မှတဆင့် သံဖြင့်ခတ်ထားသောခြံစည်းရိုးကိုဖြတ်ကာသူ၏အိပ်မက်ထဲ၌မကြာခဏပေါ်ပေါ်လာထိုပုံရိပ်ကိုရှာကြည့်နေလေသည်။
သိုသော် သူရှာ၍မတွေ့ပါ။ကားထဲ၌စောင့်ဆိုင်းနေသည့်အချိန်မှာ ကြာလှပြီဖြစ်သည်။ အချိန်မည်မျှကုန်ဆုံးသွားသည်ကိုပင်မမှတ်မိတော့ပေ။နောက်ဆုံးမှဖုကျန်းချန်က ခပ်တိုးတိုးပြောလာသည်။
"သွားရအောင်..."
ဒရိုင်ဘာ၏ခေါင်းထဲ၌ရှုပ်ထွေးသွားလေသည်ဥက္ကဌကဘာလို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်
တစ်ခုကိုလာရတာများဖြစ်မည်နည်း...
သို့သော်လည်း ဤသည်ကဒရိုင်ဘာတစ်ယောက်အနေနှင့်စိတ်ပူရမည့်ကိစ္စမဟုတ်ပေ။ကားထဲ၌ သက်ပြင်းချသံတစ်ခုကြားလိုက်ရသလိုရှိပြီးနောက်မှ သူသိသည်ကထိုသက်ပြင်းချလိုက်သည်က သူဖြစ်နေသည်လေ။ ဖုကျန်းချန်ကသူ့ကိုအနောက်ဘက်မှမေးလာသည်။
"လောင်ဝူ မင်းငါနဲ့အလုပ်လုပ်လာတာနှစ်တွေဘယ်လောက်ကြာပြီလဲ..."
"ကျွန်တော်မှတ်ထားသလောက်တော့ ၁၂ နှစ်ရှိပြီ..."
၁၂ နှစ်ဟူသည့်အချိန်မှာ ကလေးတစ်ယောက် အတွက် ဆယ်ကျော်သက်အရွယ်သို့ကြီးပြင်း
လာရန်လုံလောက်လေသည်။လွန်ခဲ့သည့် ၁၂ နှစ်ကဆိုလျှင် ဖုကျန်းအသက်ဘယ်လောက်ရှိမည်နည်း... ဖုကျန်းချန်တစ်ယောက်သူ၏မှတ်ဉာဏ်များထဲမှာ ရှာဖွေကြည့်သော်လည်း သူမမှတ်မိနိုင်ချေ။သူသည် ထိုကလေးအား အိပ်မက်ထဲ၌သာ
တွေ့နိုင်လေသည်။
ဒရိုင်ဘာက ခေါင်းမော့ကြည့်လိုက်ရာနောက်ကြည့်မှန်မှတဆင့် ဖုကျန်းချန်၏ ဖြူ
လျော်နေသောမျက်နှာကို မြင်ပြီးစိုးရိမ်စွာပင်မေးလေ၏။
"ဥက္ကဌ ဘာဖြစ်လို့လဲ..."
"ဘာမှမဖြစ်ပါဘူး..."
ဖုကျန်းချန်က ပေါ့ပေါ့ပါးပါးပင်ပြန်ဖြေလေ
သည်။ကားထဲသို့တိတ်ဆိတ်မှုက ပြန်ဝင်ရောက်လာပြီးနောက်တွင် ဖုကျန်းချန်က လက်ကိုမြှောက်ကာသူ့နှဖူးအားနှိပ်နယ်လေသည်။ထိုအချိန်က သူဘာလို့များဖုကျန်းကို ဖုအိမ်တော်မှမောင်းချလိုက်မိသည်ဖြစ်သနည်း။
ဖြစ်နိုင်သည်က
သူ ဝမ်ဝမ်လေးကိုနာကျင်အောင်လုပ်လို့ သူက အပြစ်ပေးခံရသင့်တာဖြစ်ပေမည်...